အမုန်း၏ အခြား တဖတ် ၌

By Htetwunyan

26K 650 2

မိသားစု ပြဿနာ တွေ ကြောင့် ဂျစ်ကန်ကန် ဆိုး နေတဲ့ ကောင်းမလေး နဲ့ အပြုံး မပျက် သည်းခံနိုင် တဲ့ မမ More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၂၀)
ဇာတ်သိမ်းပိုင်း

အပိုင်း (၁၉)

1K 22 0
By Htetwunyan

သဇင့် ရဲ့ ဖုန်းလေး မြည်လာလို့ကြည့်လိုက်တော့ မယု ဆက်တာ

"ဟဲလို မယု"

" သဇင်ရယ် ကိုလင်းကို ဘာတွေ ပြောလိုက်တာလဲ စိတ်ညစ်လိုက်တာ "

" ပြောသင့်တယ် ထင်လို့ပါ မယုရယ် "

" အေး အဲ့တာ အရေးမကြီးဘူး မနက်ဖြန်လိုက်လာမှာ ဘယ်လိုလုပ်ကြမလဲ "

" ဖြစ်လာသမျှ ရင်ဆိုင်ရမှာပေါ့ "

" အေးအေး....သဇင် ဘာပဲ ပြောပြော အားတင်းထားနော် မယု ရှိတယ် "

" ဟုတ်...ကျေးဇူးပါ မယု"

" အင်း....အင်း အိပ်ပျော်အောင် အိပ်ကြနော် "

" ဟုတ်ကဲ့ပါ...မယု "

သဇင် လဲ ဖုန်းချ လိုက်ပြီး

" သွေး....."

" ဗျာ...မ "

" ဘာမွ စိတ်မပူနဲ့နော် သွေး ဘက်မှာ မ ရှိတယ် ဘာအကြောင်းနဲ့ မွ သွေးကို မ,  မထားခဲ့ဘူး ယုံတယ်မို့လား"

" ယုံပါတယ် မ ရယ် " ဒီတစ်ခါတော့ သွေး က သဇင့်ရင်ခွင်ထဲကို တိုးဝင်လာတယ်

(စိတ်ချပါကလေးရယ်) သဇင် ...သွေး ရဲ့ခေါင်းလေးကို ပွတ်ပေးနေမိတယ် ဒီကေလး အားငယ်နေမယ်ဆိုတာ သွေး သိတာပေါ့

သွေး က သဇင့် ရင်ခွင်ထဲမှာ အိပ်ပျော်သွားပေမယ့်
သဇင် က တော့ မနက်ဖြန် ကိုလေး ရောက်ရင် ဘယ်လိုအခြေနေထိ ဖြစ်သွားမလဲ ဆိုတာ သဇင် ကိုယ်တိုင် တွေးပြီး ရင်မောနေရတယ်

ကေလးကို ငုံ့ကြည့်လိုက်တော့ အိပ်မောကျနေလေ ရဲ့ (ချစ်တယ် ကလေးရယ်)  သွေး ရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်မိတယ်

ဒီလိုနဲ့ မိုးသာလင်းသွားတယ် သဇင် တစ်ရေးမှ မအိပ်လိုက်ရ

" ကေလး ထ တော့လေ မျက်နှာသစ်ရအောင်"

" ဒီလိုလေးနေချင်လို့ပါ မ ရယ် သွေးကို မနှိုးပါနဲ့" ဟင်ဒါဆို ကေလး က နိုးနေတာပေါ့

" တစ်ညလုံးလဲ နေပြီးပြီကို ထ တော့ မျက်နှာသစ်ပြီး တစ်ခုခုလေးစားရအောင်လေ"

" သွေး မအိပ်ရသေးဘူး မ ခေါင်းတွေ အရမ်းမူးနေတယ် "

" အမယ် တစ္ညလုံး အိပ်နေပြီးများ မ သာ မအိပ်ရသေးတာပါနော် "

" မအိပ်ပါဘူး မ ရယ် မ သွေးကို ခိုးခိုးနမ်းနေတာ သိသားပဲ "

" ဟာ.... လူဆိုးလေး သိရဲ့နဲ့ ငြိမ်နေတာကြည့်စမ်း"

" မ ရှက်သွားမှာ စိုးလို့ပါ "

" ကဲ အခုတော့ ထ လိုက်ဦး ကိုလေး က ဘယ်ချိန်လာမလဲ မသိဘူး"

ထိုအချိန်မှာ

" ဒေါက်    ဒေါက် "

" တံခါးခေါက်နေတယ် ဘယ်သူဘဲ မသိဘူး ခဏဖယ်ဦး ကလေး"

တံခါးခေါက်သံကြားတော့ သွေး က မျက်နှာလေး ညိုးသွားရှာတယ် သဇင် လဲ သွေး ရဲ့ လက္ကို စုပ်ကိုင်လိုက်ပြီး

" စိတ်မပူနဲ့နော် မ က သွေးရဲ့ဘက်မှာရှိတယ် နော် " ဒီအချိန်နဲ့တော့ ကိုလေး မရောက်လောက်သေးဘူး ဘယ်သူများပါလိမ့်

တွေးပြီး တံခါးဖွင့်လိုက်တော့ မယု ဖြစ်နေတယ်

" အမယ်လေး အေ တံခါးဖွင့်တာကြာလိုက် နိုးများမနိုးသေးဘူးလားလို့ " ...

" နိုးနေပါပြီ မယု "

" အေး ကိုလင်း က ထွက်လာပြီတဲ့ ဖုန်းဆက်တယ် "

" ဟုတ်...."

" ဘယ်လိုဆက်လုပ်မယ်လို့ စဉ်းစားထားလဲ " မယု အမေးကြောင့် သဇင် လဲ သွေးကို ကြည့်လိုက်တော့ အရမ်းတွေစိတ်ပူနေတယ် ထင်ပါရဲ့ ခေါင်းလေးငုံ့ထားတယ်

" ဒီလိုပဲ ရင်ဆိုင်ရမှာပေါ့ မယု ရယ်"

" ကိုလင်း ပုံကေတာ့ အရမ်းဒေါသ ထွက်နေပြီး သဇင့်ကို မရရအောင် ပြန်ခေါ်မယ့်ပုံပဲ"

" ခေါ်လို့မရပါဘူး" သွေး က မယုစကားအဆုံးမွာ ထပြောပြီး သဇင့် အနားကို လျောက်လာကာ သဇင့်ရဲ့လက်စွပ်ဝတ်ထားတဲ့ လက်လေးကို မြှောက်ပြပြီး

" မ က သွေး အပိုင် ဖြစ်သွားပြီ"

" အဲ့လို ပြောလို့မရဘူးလေ သွေး ရဲ့ အခု က တရားမဝင်ဘူးလေ "

" မ သာ သွေး ဘက်က ရပ်တည်ပေးရင် ရပြီ "

" ဟူး....ရင်မောတယ် သွေးရယ် " မယု က သက်ပြင်းချပြီး ညည်းရှာတယ်

" စိတ္ခ်ပါ မယု ရယ် သဇင် တို့ အကောင်းဆုံးကျော်ဖြတ်နိုင်မှာပါ"

" အင်းပါ သဇင် ရယ် ကိုလင်းဖုန်းဆက်တာကို မယုလာပြောတာ အခြေနေလဲ သိချင်လို့ ရောက်ရင်သွားခေါ်ရမှာဆိုတော့ မယု ရေပြန်ချိုးလိုက်ဦးမယ်နော် "

" ဟုတ်...မယု "  မယု ပြန်သွားတော့ မျက်နှာထားတင်းမာနေတဲ့ သွေး ကို... ကြည့်လိုက်ပြီး

" ကလေး ဘာဖြစ်နေတာလဲ "

" မယု က ဘာလို့ တရားမဝင်ဘူးပြောတာလဲ "

" ကဲပါ ကြာ မယု က သူသိတဲ့အတိုင်းပြောတာပါ မြန်မာနိုင်ငံမှာက လိင်တူ လက်ထပ်တာကို ခွင့်မပြုထားလို့ ပြောတာ နေမှာပါ"

" ဒါပေမယ့် မ..ရယ် " သွေး က မျက်ရည်လေးဝဲလာရှာတယ်

" ကေလး က မ ကို မယုံဘူးလား မ တစ်ဘဝ လုံး ကလေးကို ပေးထားတာလေ မ က ကလေးကိုမှ မယူရင် ဘယ်သူ့ကို ယူရမွာလဲ "

" မ ရဲ့ ကိုလေးက အတင်းပြန်ခေါ်ရင်ကော "

" စိတ်ချ ကလေး ကို ဘယ်တော့မှ မထားခဲ့ဘူးဟုတ်ပြီးလား"

" ဟုတ် ယုံပါတယ် မရယ် " ကလေး ပြောပြီး သဇင့်ရဲ့ ခန္ဓာကိုယ်လေးကို တင်းကြပ်စွာ ဖက်လာရှာတယ်

" ကလေး "

" ဗျာ "

" မ ကို တစ်ခုတော့ ကတိပေး "

" ဘာလဲဟင် မ "

" ကိုလေး ရောက်လာရင် တစ်ဇွတ်ထိုးတွေ မပြောပါဘူးလို့ "

" မ သာ သွေး ကို ထားသွားဖို့ မရွေးချယ်ဘူးဆိုရင် သွေး မပြောပါဘူး စိတ်ချပါ "

" ချစ်လိုက်တာ ကလေး ရယ် " သဇင် လဲ သွေး ရင်ခွင်ထဲနေပြီး ကလေးရဲ့ မေးဖျားလေးကို နမ်းလိုက်တယ်

" သွေး က ပိုချစ်ပါတယ် မ ရယ် " လို့ပြောပြီး သဇင့် နှုတ်ခမ်းလေးကို သွေး ရဲ့ နှုတ်ခမ်းလေးနဲ့ မိတ်ဆက်လာတယ် သဇင် လဲ ငြိမ်နေလိုက်တယ်

တဖြည်းဖြည်း နဲ့ သွေး ရဲ့ အနမ်းတွေက ရှည်ကြာလာပြီး မွတ်သိမ့်မှု ဘက်ကို ရောက်လာရှာတယ်  သဇင် လဲ သွေး ကို ပြန်ဖက်ထားပြီး သွေး ရဲ့ အနမ်းတွေခေါ်ရာနောက်ကို တုန့်ပြန်ရင်းလိုက်ခဲ့မိတယ်

" မ " နမ်းနေတာကိုရပ်ပြီး သွေး က ခေါ်တော့

" ရှင် " .....

" မ ခွင့်ပြုမှာလားဟင် " သဇင်လဲ ရှက်သွားပြီး

" ကလေး နော် စောစောစီးစီး"

" ခဏေန ပြဿနာ ရင်ဆိုင်ရတော့မှာမို့ အားဆေးလိုချင်လို့ပါ "

" သွား...တော်တော်စကားတက်နေ " သဇင် က ပြောပြီး သွေးကို မျက်စောင်းထိုးလိုက်တယ်

" ခွင့်ပြုမယ်မို့လားဟင်.... မ " ကလေးရဲ့ တောင်းဆိုမှုကို သဇင် မငြင်းဆန်ရက် တော့ ခေါင်းလေး ညိမ့်ပြလိုက်တယ်

" ချစ်လိုက်တာ မ ရယ် " သွေး ရဲ့ ငတ်မွတ်နေသလို အနမ်းတွေက သဇင့်ရဲ့ ကိုယ်ခန္ဓာ တစ်ခုလုံးပေါ် က် ရောက်လာပြီး သာယာမှု ပန်းတိုင်ဆီကို နှစ်ယောက် အတူ တက်ညီလက်ညီ ခရီးဆက်လိုက်မိတယ်

လိုချင်တာ ရသွားလို့ သွေး က ကျေနပ်နေတဲ့ အပြုံးမျိုးနဲ့

" မ ပင်ပန်းသွားပြီလား "

" ရှင်လေးနော် မေးပြန်ပြီ "

" မောနေရင် ရေတိုက်မလို့ပါ.. မ... ရယ် " သွေး က ရယ်ကြဲကြဲလေး နှင့် စ နေသည်

" ကလေး ပျော်ရွှင်ဖို့ဆို အရာရာ က မ အတွက် မပင်ပန်းပါဘူး "

" ချစ်ဖို့ကောင်းလိုက်တာ မ ရယ် မ သာ သွေး အနားက ထွက်သွားရင် သွေး သေ မှာ " 

" မပြောကောင်းတာတွေ မပြောပါနဲ့ မ က သွေးကိုဘာလို့ ထားခဲ့ရမှာ လဲ "

" မ ကို ယုံပါတယ် ကံကြမ္မာကို မယုံတာ "

"  မ တို့ နှစ်ယောက် အချစ် က စစ်မှန်တဲ့ အတွက် ဘယ်ကံကြမ္မာ က မှ မခွဲနိုင်ဘူး ဟုတ်ပြီလား "

" ဟုတ်...." သွေး က ခေါင်းငြိမ့်ပြလာရှာတယ်

" ကဲ ထ တော့ ကလေး မျက်နှာသစ်ပြီး မနက်ဆာ စားရအောင် "

" ဟုတ် "

ဒီလိုနဲ့ မျက်နှာသစ်ပြီး နှစ်ယောက်သား အဆောင် အပြင်က အသုပ်ဆိုင်လေးမှာ ထွက်စားလိုက်တယ် သွေး က သူဌေး သမီးဆိုပေမယ့် ဂျီးမများရှာဘူး

စားပြီးတော့ အဆောင်ကို ပြန်လာပြီး ကိုလေး နဲ့ မယု အလာကို နှစ်ယောက် စိုးရိမ်စွာ နဲ့ ထိုင်စောင့်နေလိုက်တယ်

သဇင် နာရီ ကြည့်လိုက်တော့ ၁၁ နာရီ ထိုးနေပြီမို့ သိပ်မကြာခင် ကိုလေးရောက်လာမှာကို သိလိုက်တယ် သွေး ကို ကြည့်လိုက်တော့ စိုးရိမ်နေတဲ့ မျက်နှာလေးနဲ့ သဇင့်ကိုသာထိုင်ကြည့်နေရှာတယ်

သဇင် လဲ သွေး လက်လေးကို ကိုင်လိုက်ပြီး အားပေးတဲ့ အနေ နဲ့ ပြုံးပြလိုက်တယ်

ခဏကြာတော့ " ဒေါက်....ဒေါက် "

တံခါးခေါက်သံကြားတော့ ကိုလေးရောက်လာပြီဆိုတာကို သိလိုက်ပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်တယ် ပြီးတော့ ပြိုင်တူ ထ လိုက်ပြီး နှစ်ယောက်သား လက်တွဲ မဖြုတ်ပဲ တံခါးဆီ လျောက်လာပြီး ဖွင့်ပေးလိုက်တယ်

ကိုလေး မျက်နှာက ဒေါသ တွေကြောင့် တင်းမာနေတယ်
သဇင် တို့ တွဲထားတဲ့လက်ကို ကြည့်ပြီး ပိုပြီးဒေါသ ထွက်သွားတယ်ထင်ပါရဲ့

" ညည်း အခုချက်ချင်း ပြန်လိုက်ခဲ့ "...... ကိုလေးအသံက အတော်ကို တင်းမာနေသည် မယု က လဲ မျက်နှာငယ်လေးနဲ့ ကြည့်နေရှာတယ်

အပိုင်း ၂၀ မျော်

နောက်တစ်ပိုင်းဇာတ်သိမ်းပြီးနော် Happy Ending လား Sad Ending လား စောင့်မျော်ပေးဦးနော်

Continue Reading

You'll Also Like

91.8M 2.9M 134
He was so close, his breath hit my lips. His eyes darted from my eyes to my lips. I stared intently, awaiting his next move. His lips fell near my ea...
6.6M 180K 55
⭐️ ᴛʜᴇ ᴍᴏꜱᴛ ʀᴇᴀᴅ ꜱᴛᴀʀ ᴡᴀʀꜱ ꜰᴀɴꜰɪᴄᴛɪᴏɴ ᴏɴ ᴡᴀᴛᴛᴘᴀᴅ ⭐️ ʜɪɢʜᴇꜱᴛ ʀᴀɴᴋɪɴɢꜱ ꜱᴏ ꜰᴀʀ: #1 ɪɴ ꜱᴛᴀʀ ᴡᴀʀꜱ (2017) #1 ɪɴ ᴋʏʟᴏ (2021) #1 IN KYLOREN (2015-2022) #13...
16.4M 546K 35
Down-on-her-luck Aubrey gets the job offer of a lifetime, with one catch: her ex-husband is her new boss. *** Aubrey...
4M 161K 69
Highest rank: #1 in Teen-Fiction and sci-fi romance, #1 mindreader, #2 humor Aaron's special power might just be the coolest- or scariest- thing ever...