သွေး အိမ်က ပြန်လာပြီး အဆောင် မပြန်ပဲ စျေးထဲကိုလာခဲ့လိုက်တယ်...........
ရွှေဆိုင်ရှေ့ရောက်တော့ မ ရဲ့ လက်လေးကို မျက်လုံးနဲ့ မြင်ယောင်ကြည့်ပြီး( မ ရဲ့လက်နဲ့ ငါ့လက်က အတူတူပဲနေမှာပါ) ဟု တွေး ပြီး ရွှေဆိုင်ထဲ ဝင်ခဲ့လိုက်တယ် အရာရာ ဟာ သွေး စဥ်းစားသမျှ က မ အတွက်ကြီးပါပဲ
ဆိုင်ဝန်ထမ်းမှ
" ညီမလေး ဘာလိုချင်လဲ ရှင့်"
" လက်စွပ် ပါ အမ "
" ဘယ်လောက် ထဲ က လိုချင်လဲ မသိဘူး "
" ၇ သိန်းဝန်ကျင် လောက် ထဲက ပြပါပေးပါ အမ "
ဝန်ထမ်းကောင်မလေး က လက်စွပ် ပုံစံမျိုးစုံထုတ်ပြလာတယ်
သွေး လဲ ကြည့်ပြီး " ဒါလေး တွက်ပေးကြည့်ပါ အမ "
" ဟုတ်...ခဏနော် ညီမလေး "
သွေး လဲ စောင့်နေလိုက်သည် ခဏလောက်ကြာတော့
" ဒါလေး က 790000 ကျပါတယ် ညီမလေး "
" ယူမယ် အမ ပြီးတော့ ဒါလေးကို ကတ္တီပါ ဘူးလေး နဲ့ ထည့်ပေးနော် "
" ဟုတ်ကဲ့ပါ ရှင့် "
ဘောင်ချာ ဖြတ်ပြီးနောက် သွေး လဲ ပိုက်ဆံရှင်းကာ ထွက်လာခဲ့လိုက်တယ် ဆွဲကြိုးလေးပါ လုပ်ပေးချင်ပေမယ့် မ က လက်မခံမှာလဲ ကြောက်ရတယ်
သွေး လဲ အဆောင်ကို တန်းပြန်ခဲ့လိုက်တယ်
================
(ဟူး...ကလေးထွက်သွားတာ တော်တော်ကြာနေပြီ အခုထိ ပြန်မလာသေးဘူး တစ်ခုခုများဖြစ်နေလား) ဖုန်းဆက်ကြည့်ဖို့ တွေးပေမယ့် ကလေးက သူ့ အဖေ နဲ့ ရှိနေရင် ပြဿနာ ဖြစ်မှာစိုးလို့ မဆက်ရဲဘူး.....
(ပြန်လာပါတော့ ကလေးရယ် စိတ်ပူရတယ် ကွယ် )
ဒေါက်....ဒေါက်
တံခါးခေါက်သံ ကြားတော့ သဇင် အပြေးထ ဖွင့်မိတယ်
သဇင် မျော်နေတဲ့ ကောင်မလေးပေါ့
" ကြာလိုက်တာ ခလေးရယ် မ က ဘာများဖြစ်နေမလဲ စိတ်ပူနေရတာ"
"ကြာသွားရင် တောင်းပန်ပါတယ် မ ရယ် သွေးက လမ်းလျောက်သွားတာမို့ပါ"
" ကလေး ရယ် ခဏလေးတောင် မ ဒီလောက် လွမ်းနေရတာ ဝေးသာဝေးရရင်......"
သဇင့်စကားမဆုံးလိုက်ခင်မှာပဲ သွေး က သဇင့် ရဲ့ နှုတ်ခမ်းလေးကို သူလက်လေးနဲ့ အသာယာလာပိတ်ရှာတယ်
"ဝေးရမယ် ဆိုတဲ့စကားကို မပြောပါနဲ့ မ ရယ် စကားလုံးတောင် သွေး မကြားချင်လို့ပါ "
" အင်းပါ ခလေး ရယ် မ နောက်တစ်ခါ မပြောတော့ပါဘူး ဒါနဲ့ အခု အိမ်သွားတာ အဆင်ပြေရဲ့လား"
" ဟုတ် ပြေပါတယ် မ " ပြောပြီး သွေး က သဇင့် ရှေ့မှာ ဒူးထောက်ချလိုက်ကာ
" မ သွေး ကို လက်ထပ်ခွင့်ပေးပါလားဟင် "
" ဟင် သွေး ဘာလုပ်တာလဲ ထ ပါ "
" သွေး ကို လက်ထပ်ခွင့်ပေးပါ " သွေး က ဒူးထောက်နေရာကနေ မထ ပဲ ဆက်ပြောလာတယ်
" သွေး ရယ်.... မ တို့ က အခုမှ " သဇင့်စကားက ရှေ့ဆက်မလာ
" တွေ့ခဲ့ကြတာ မကြာသေးဘူးဆိုတာ လဲမှန်ပါတယ် ချစ်ခဲ့ကြတာ မကြာသေးဘူးဆိုတာလဲ သွေး သိပါတယ် ဒါပေမယ့် သွေး မ ကို အဆုံးရှုံးမခံနိုင်လို့ပါ "
" ..........."
" အင်းပါ မ ဘက်က သွေး ကို လက်ထပ်ဖို့မဖြစ်နိုင်သေးဘူးဆိုလဲ သွေး ရဲ့ ကံပေါ့ သွေး တို့လို လိင်တူ စိတ်ဝင်စားမိတဲ့သူတွေက
ကိုယ့်ရဲ့ပါတနာ သာ ကိုယ့်ဘက်မှာ မရှိရင် ဘာမှ လုပ်လို့မရတဲ့ အခြေနေတွေလေ " ပြောရင်း သွေး က မျက်ရည်ဝဲကာ မတ်တပ်ရပ်လာပြီး လက်စွပ်ဗူးလေး ကို ပြန်သိမ်းလိုက်တယ်
" မ လက်ခံပါတယ် " ဒီကလေး မျက်နှာပျက်သွားတာကို သဇင် မမြင်ချင်ဘူး ဒီကလေး ဝမ်းနည်းနေမှာကိုလဲ သဇင် မလိုလာဘူးလေ
" ဟာ မ တကယ်ပြောတာနော် "
" အွန်း တကယ်ပေါ့ " ပြောရင်း မ က ချစ်စဖွယ် အပြုံးလေးနဲ့ သွေး ရှေ့ကို လက်သူကြွယ်လေး ထိုးပေးလာတယ်
" ဝမ်းသာလိုက်တာ မ ရယ် " သွေး လဲ ကျလာတဲ့ မျက်ရည်တွေကို သုတ်ရင်း လက်စွပ်လေးထုတ်ကာ မ ရဲ့ လက်မှာ ဝတ်ပေးလိုက်တယ် လက်မှန်းနဲ့ဝယ်လာပေမယ့် သွေး ရဲ့ အချစ် က စစ်မှန်လို့ထင်ပါရဲ့ လက်နဲ့က ကွက်တိပဲ (ဟိ ကိုယ့်ဘက်ကိုယ်ရပ်တာ)
" ဝမ်းသာတယ်လဲ ပြောသေး ဘာလို့ မျက်ရည်ကျတာလဲ ခလေးရဲ့ "
" မျက်ရည်က အခုဏ ကျချင်နေတာလေ မ က လက်ခံတယ်ဆိုတော့ ဝမ်းသာတာရော ဝမ်းနည်းတာရော ပေါင်းပြီးကျလာတာ"
" ဟုတ်ပါပြီ " သဇင် က ကလေးငယ်ရဲ့ပါးလေးကို အသည်းယားစွာ ဖျစ်ညစ်လိုက်ပြီး ပြောလိုက်တယ်
" ချစ်တယ်.... မ ရယ် "
" အို....." ပြောရင်း နဲ့ သွေး က သဇင့်ရဲ့ နှုတ်ခမ်းလေးတွေကို နူးညံ့စွာ နမ်းရှိုက်လာတယ်
သဇင် လဲ မရုန်းမိတဲ့ အပြင် သွေး ရဲ့ အနမ်းလေးတွေ ကို တုန့်ပြန်နေမိတယ်
တဖြည်းဖြည်း နဲ့ သွေး ရဲ့ အနမ်းတွေက တပ်မက်မှုတွေ ပါလာတော့
" ကလေး တော်ပြီကွာ.... " ဟု ပြောပြီး သဇင် က လူချင်းခွာလိုက်တယ်
" စိတ်ချပါ မ မကြည်ဖြူပဲ သွေး မ အပေါ် ဘာမှ မလုပ်ပါဘူး"
" အဲ့လို မဟုတ်ပါဘူး ကလေး ရယ် "
" ရပါတယ် မ ရဲ့ သွေး ဘာမှ မဖြစ်ပါဘူး မ သွေးကို ချစ်ပေးနေယုံနဲ့တင် သွေး က ကျေနပ်နေပါပြီ " သဇင် လဲ ကလေးငယ်ရဲ့ ပြောစကားအဆုံးမှာ
" မ ခွင့်ပြုပါတယ် " ဟု ပြောပြီး သွေး ရဲ့ နှုတ်ခမ်းလေးကို သဇင့် ဘက် အစပြုပြီး နမ်းလိုက်တယ်
ပထမ တော့ ကလေးငယ် က အံသြသွားလို့ ထင်ပါရဲ့ အနမ်းတွေကို တုန့်ပြန်မလာခဲ့ဘူး ခဏကြာတော့ သွေး က သဇင် ရဲ့ နှုတ်ခမ်းတွေကို ငုံစားတော့မတက် ပြန်နမ်းလာတယ်
" မ တကယ် ခွင့်ပြုလားဟင် " သဇင် လဲ ခေါင်းညိမ့်ပြလိုက်မိတယ် ဒီကလေး စိတ်ချမ်းသာ ဖို့ က အဓိက မို့ပါ
သွေး က အင်္ကျီကြယ်သီးလေးတွေ ကို ဖြုတ်လာတယ် သဇင် သိပေမယ့် မရုန်းမိသလို မငြင်းဆန်မိပါဘူး ကလေးငယ် ခေါ်ဆောင်ရာ နောက် ကို သဇင့်လိုက်သွားဖို့ ဆုံးဖြတ်ပြီးသားပါ
" ချစ်တယ် မ ရယ် "
ကလေးငယ်က နှုတ်ခမ်းက နေ သဇင့်ရဲ့လည်တိုင်ဆီသို့ အနမ်းတွေ ချွေချနေပြန်တယ် လက်လေးတစ်ဖက်က သဇင့်ရဲ့ ရင်ဘက်ပေါ် ပြေးလွှားဆော့ကစားလို့နေလေတယ်
" သွေး တောင်းပန်ပါတယ် မ ရယ် သွေး စိတ်ကို လွှတ်လိုက်ချင်ပြီ "
" အင်း....." သဇင် ရှက်ရှက် နဲ့ ခေါင်းပဲ ညိမ့်ပြမိလိုက်တယ်
နောက်ဆုံးတော့ သွေး ဟာ သူလိုချင်တဲ့ point ဆီကို သဇင့်ကို နူးညံ့ညင်သာ စွာ ခေါ်ဆောင်သွားလေတော့တယ်
=============
" မ ပင်ပန်းနေလားဟင် "
" သွေး နော် ဘာတွေလာမေးနေတာလဲ သွား "
" သိချင်လို့ပါ...မ ရဲ့ "
" သွေး ရယ် အကျင့်မပုပ်နဲ့ကွာ "
" ဘယ်က သာ အကျင့်ပုပ်ရမှာ ချစ်တက်တာပါ "
" ဟွန်း အဲ့အပြောတွေနဲ့ပဲ လူကို ကြွေကျအောင် ခြွေနေသိလား"
မ ရဲ့ စကားကြောင့် သွေး လဲ ရယ်လိုက်ရင်း မ ရဲ့ နဖူးလေးကို နမ်းလိုက်တယ်
" မ...."
" ဟင်"
" သွေး အပြင်မှာ ဖုန်းသွားပြောလိုက်ဦးမယ် မ အဝတ်တွေ ပြန်ဝတ်လိုက်ဦး"
သွေး ပြောမှ သတိယ တယ်
" သွား...လူဆိုး ရှင်လေ ဒီမှာ...." ပြောပြီး ရှက်ရှက်နဲ့ မျက်စောင်းထိုးလိုက်မိတယ်
သွေး ထွက်သွားတော့ သဇင် လဲ အင်္ကျီတွေ ပြန်ဝတ်ရင်း လက်က လက်စွပ်လေးကို ကြည်နူးစွာကြည့်မိရင်း အခုဏ အဖြစ်ကိုသတိယသွားကာ
( ဒီကလေး ယောကျာ်းလေးသာဆို တကယ်မလွယ်ဘူး)ကိုယ့်အတွေး နဲ့ကိုယ် ပြုံးလိုက်မိတယ်
=============
မ ကို မသိစေချင်တာကြောင့် အခန်းပြင်ထွက်လိုက်ပြီး
မယု ဆီ ဖုန်းခေါ်လိုက်တယ်
" ဟဲလို သွေး ပြော "
" မယု မ က လေ အလုပ်ဆင်းမယ်ဆို လစာ တစ်လ ကိုဘယ်လောက် ရမှာလဲ "
" အဲ့တာတော့ မယု လဲ သေချာမသိဘူး ဒီလိုလုပ်သွေး မနက်ဖြန် သဇင့် ကို အလုပ်သွားပြီးလျောက်ခိုင်းလိုက်"
" ဟာ...မ အလုပ်မလုပ်ရပါဘူးဆို "
" အဲ့တာပြောတာ မဟုတ်ဘူး သွေး ရဲ့ ကိုလင်းကို ပြောလို့ရအောင် အလုပ်ကြောင်းလေးတော့ သိမှ ရမှာလေ "
" သွားလျောက်လိုက်လို့ မ က လုပ်ချင်ပါတယ်ဆိုရင်ရော "
" အမယ်လေး ဒေါ်သွေးဟေမာန် ရယ် ရှင့် ရဲ့ မ, လား ရှင့်ကို လွန်ဆန်ပြီး အလုပ်သွားဆင်းမှာ "
" ဟီး....." သွေး ရယ်လိုက်မိတော့
" ရယ်မနေနဲ့ မနက်ဖြန် မယု လာခေါ်မယ် သဇင့်ကိုလဲ ပြောထားလိုက် သွေး လဲ လိုက်ချင်လိုက်ခဲ့လေ"
" လိုက်မှာပေါ့ "
" သိပါတယ် အခန်းတံခါးသော့ခတ်ပြီးထားခဲ့ရင်တောင် မရဘူးဆိုတာ "
" ဟီး...မယု က လဲ ဒါပဲနော် "
သွေး ဖုန်းချပြီး အခန်းထဲ ပြန်ဝင်လာတော့ မ က အဝတ်စားတွေ ပြန်ဝတ်ပြီးနေပြီ
" ဟာ မ က လဲ မြန်လိုက်တာ သွေး က ကြည့်ချင်သေးလို့ဟာကို" သွေး လဲ မ ကို စလိုက်တယ်
" သွေးနော် " မ က ရှက်သွားတဲ့မျက်နှာလေးနဲ့ သွေးကို မျက်စောင်းထိုးတယ် ( ချစ်လိုက်တာ မ ရယ် ဒီကောင် ရူးတော့မယ်ကြာရင်)
" မ "
" ဟင် "
" သွေး ပြောစရာရှိလို့ "
" အင်းပြောလေ သွေး "
" မယု က ပြောတယ် မ ရဲ့ ကိုလေးကို ပြောဖို့ အလုပ်ကြောင်းသိရအောင် မနက်ဖြန် အလုပ်သွားလျောက်လိုက်တဲ့ "
" အင်း "
" မ က အလုပ်ရရင် ဆင်းမှာလားဟင် "
" ကလေး က ဆင်းစေချင်ရင် ဆင်းမှာပေါ့"
" ဟာ မဆင်းရပါဘူး မ နော် "
" စတာပါ ကလေးရယ် " သဇင် က သွေး ရဲ့နဖူးလေးကို နမ်းလိုက်တယ် (မြတ်နိုးတွယ်တာရပါတယ် ကလေး ရယ်)
" ဒါဆို မနက်အလုပ်သွားလျောက်လိုက်မယ်နော် သွေး လဲ လိုက်ခဲ့မယ် "
" အင်း ကလေး သဘော "
ဘာပဲ ပြောပြော ကလေးသဘောပြောတက်တဲ့ မ ကို သွေး ချစ်မဝဖြစ်နေရပြီ အရာရာ သွေး ကို ပဲ ဦးစားပေးတက်တဲ့ မ ကို ဒီတစ်သက်တာ လုံး အတွက် သွေး ခွဲနိုင်တော့မည် မထင်
မ ရဲ့ ကိုယ်လုံးလေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့ မ က အလိုက်သင့်လေးပါလာတယ်
" ချစ်တယ် မ ရယ် " ဒီစကားလေး က ဘယ်နှစ်ကြိမ်ပြောပြော ရိုးသွားနိုင်မည် မထင်
" မ လဲ အတူတူ ပါပဲ ကလေး ရယ် ဒါနဲ့ လက်က သက်သာရဲ့လား"
" ဟီး အခုဏ. အရှိန်ကြောင့်တူတယ် လက် က ကိုက်နေတယ် "
" နှာဘူးလေး လက်နာနေတောင် မပြောလိုက်ချင်ဘူး "
"ဟီး"
" လာ မ ဆေးပြန်ဆည်းပေးမယ်"
သဇင် က သွေး ရဲ့ လက်က ပတ်တီးလေးကို ဖြည်လိုက်ပြီး ဆေးပြန်လိမ်းကာ အဆင်သင့်ရှိနေတဲ့ ပတ်တီးအသစ်လေးနဲ့ ပြန်စည်းပေးလိုက်တယ်
သေချာနေပါပြီ ဒီကလေး ဟာ သူ့မ ရဲ့ ဘဝ ဆိုတာကို
ကိုလေး လက်ခံသည် ဖြစ်စေ လက်မခံသည်ဖြစ်စေ ကလေးရဲ့ လက်ကို ဘယ်တော့မှ လွှတ်မချဘူးဟုလဲ သဇင်ဆုံးဖြတ်လိုက်တယ်
(ခေတ်သဇင်လှိုင် တို့ များ အချစ်က ပေးတဲ့ အားအင်တွေပြည့်လို့)
အပိုင်း ၁၈ မျော်
စာသားများရိုင်းသွားခဲ့ရင် တောင်းပန်ပါတယ်နော် 🙏🙏🙏