အမုန်း၏ အခြား တဖတ် ၌

By Htetwunyan

18.4K 551 2

မိသားစု ပြဿနာ တွေ ကြောင့် ဂျစ်ကန်ကန် ဆိုး နေတဲ့ ကောင်းမလေး နဲ့ အပြုံး မပျက် သည်းခံနိုင် တဲ့ မမ More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
ဇာတ်သိမ်းပိုင်း

အပိုင်း (၁၆)

756 23 0
By Htetwunyan

ဒီလိုနဲ့ နှစ်ဦးသား အချစ်ပင်လယ်မှာ ဖြူစင်မှုတွေ ချစ်သူခရီးလက်ပြစ်ကူးခဲ့တာ ရက်တွေ တွေ ရက်သတ္တပတ် ၂ ပတ် မျှ ကြာခဲ့ပြီ
အချစ်တွေက လဲ နှစ်ဦးသား ကြားမှာ ပိုပိုပြီး ခိုင်မြဲလာခဲ့တယ်

" မ "

" ရှင့် " သဇင် ထူးလိုက်တော့

" ချစ်လား....ဟင် " မရိုးနိုင်တဲ့မေးခွန်းလေး မေးလာတိုင်းလဲ

" ချစ်တာပေါ့ ကလေး ရယ် "

" ဘယ်လောက်ထိ ချစ်လဲ "

" ပြောမပြတက်အောင် ချစ်တာ ကလေးနဲ့ ဝေးသွားရမယ်ဆိုတာကို အတွေးနဲ့ထိ ရူးသွပ်လောက်တဲ့ ချစ်တာ "

" အမယ် စကားတော်တော် တက် " သွေးက ပြောပြီးလား သဇင့် ရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်ကာ

" စကားတက်လို့ ဆုချသွားတာ " ဒီကလေးဆီက အနမ်းကို အကြိမ်ပေါင်းမနည်းရဘူးပေမယ့် နမ်းလိုက်တဲ့ အခါတိုင်းမှာ ရင်ခုန်သံတွေ က လတ်ဆက်နေတုန်း

သဇင့် ရဲ့ ဖုန်းလေးက Ring မြည်လာလို့ ကြည့်လိုက်တော့ ကိုလေး ဆက်တာ

" ဟဲလို "

" အေး မိသဇင် ညည်းဘာတွေ လုပ်နေတာလဲ "

" ရှင်...."

" မရှင် နဲ့ ယုယ ပြောလို့ ငါ အကုန်သိပြီးပြီ" သဇင် ထိတ်လန့်တကြားသွေး ကို လှမ်းကိုကြည့်မိတယ် သွေး က ဟန်ပန်လေးနဲ့ Fighting လုပ်ပြရှာတယ်

" ညည်း အခုချက်ချင်း ရွာပြန်လာခဲ့ ညည်းကို အလုပ်လုပ်ဖို့ လွှတ်လိုက်တာ အခုထိ အလုပ်က သွားတောင် မလျောက်ရသေးဘူးဆို ရွာသာ ချက်ချင်းပြန်လာခဲ့တော့ " တော်ပါသေးရဲ့ ကိုလေး သိတာ အလုပ်မဆင်းဘူးဆိုတာပဲ သိလို့ ဟု တွေးရင်း

" သဇင် အလုပ်ဆင်းဖို့ နည်းနည်းကြောက်နေလို့ပါ ကိုလေး သဇင် ရွာတော့ပြန်မလာချင်ဘူး ဘာမှ မဖြစ်ပဲ ပြန်လာရမှာ ရှက်လို့ မနက်ဖြန်အလုပ်သွားလျောက်ဖြစ်အောင် လျောက်လိုက်ပါ့မယ်"

" အေး ညည်းကို ဒီတစ်ခါတော့ လျော့ပေးလိုက်မယ် မနက်ဖြန်မှ အလုပ်လျောက်ဖို့ ညည်းမလုပ်သေးဘူးဆိုရင် ညည်းပြန်မလာရင် ငါကိုယ်တိုင်လာလိုက်ခေါ်မယ် "

" ဟုတ်.....ကိုလေး " ကိုလေးဖုန်းချသွားတော့ သဇင် လဲ သွေးဘက်ကို လှည့်ပြီး

" ဘယ်လို လုပ်ရမလဲဟင် ကလေး အလုပ်က ဆင်းမှရတော့မှာ"

" မ အလုပ်ဆင်းမယ်ဆို သွေးက ဘယ်လိုနေရမှာလဲ " ဟုတ်တော့လဲဟုတ်ပါတယ် မနက်အစောကြီးအလုပ်သွား ညမိုးချုပ်မှ ပြန်ရောက်မို့ သဇင် လဲ တစ်နေကုန် ကလေးကို မခွဲနိုင်တာ အမှန်ပင်
(ရက်ပိုင်းအတွင်းမှာ သံယောဇဥ် က ဒီလောက်တောင် ငြိသွားရတယ်လား ကလေးရယ်)

သွေး က သူ့ဖုန်းကို ယူပြီး မယု ဆီ ဖုန်းဆက်ရှာတယ် မျက်နှာတော့ မကောင်းပေ

" ဟဲလို မယု "

" အင်း သွေး ပြော "

" မ ရဲ့ ကိုလေးကိုလေ မ အလုပ်ဆင်းနေပြီလို့ ပြောပေးလို့မရဘူးလားဟင် သွေးကိုကူညီပါ မယု ရယ် နော်"

" ဒါပေမယ့် သွေးရယ် အလုပ်မဆင်းပဲနဲ့ ဆင်းတယ်ပြောထားပြီး အိမ်ကိုလစာပို့ဖို့ကျ အခက်တွေ့မှာလေ "

" ဘာမှ မခက်ဘူး မယု သွေး ပေးမယ် "

" သဇင့် ကို ဖုန်းပေးလိုက်ပါလား သွေး "

" ရော့ မ "

" ဟဲလို မယု "

" သဇင် က အလုပ်မဆင်းချင်တာလား "

" အလုပ်မဆင်းချင်တာ မဟုတ်ပါဘူး မယု သွေး က အရမ်းဂျီကျ နေလို့ပါ ပြီးတော့....  "

" ပြီးတော့ ဘာဖြစ်လဲ သဇင် "

" သဇင် လဲ သွေးကို တစ်နေကုန်ထားခဲ့ ပြီး သွားရမှာ မထားခဲ့နိုင်ဘူး"

" အမယ်လေးအေ ဖြစ်နေလိုက်ကြတာ ဒါနဲ့ သဇင် က ရော သွေးပြောသလို လက်ခံမှာလား ကြာလာရင်ပြောစရာ ဖြစ်ကုန်မှာကို မယု မလိုလားဘူး" ထိုးစကားကို ကြားတော့ သွေးကို ဖုန်းကိုယူပြီး

" စိတ်မပူပါနဲ့ မယု အဲ့လိုမျိုးဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး မယုသာ မ ရဲ့ အကို အလုပ်ဆင်းနေပြီလို့ပြောပေးနော်"

" အေးပါ မယု ကြည့်ပြောလိုက်ပါ့မယ်"

ဖုန်းချပြီး မ ကို ပြုံးပြီး သွေးက လှည့်ကြည့်လိုက်တယ်

" အိုခေ သွားပြီ Baby စိတ်မပူနဲ့တော့ "

" လူကိုများ ဘေဘီ တဲ့ "

" ချစ်လို့ဟာကို " သွေး က ရယ်နေသည်။

" သွေး...."

" ဗျာ...မ "

" မ လေ သွေးကိုမခွဲနိုင်လို့သာ လက်ခံလိုက်ရတာ ဒါပေမယ့် မ မလိုချင်ဘူး မ သွေးကို ချစ်တာ ဘာမှ မမျော်လင့်ဘူး သွေး ဆီ က အချစ် က လွဲရင်ပေါ့ "

" အဲ့တာတွေ မတွေးပါနဲ့  မ နဲ့ မခွဲရဖို့အတွက်ဆို သွေး ဘာမဆို လုပ်မှာ အခုက လဲ ဘာမှ မပြောပါ့လောက်ပါဘူး သွေး ကို ချစ်တယ် ဆို အဲ့တာတွေ မတွေးနဲ့ "

" အင်းပါကွယ် "  ရှေ့ဆက်ဘာတွေဖြစ်လာမလဲ ဆိုတာ သဇင် မတွေးချင်တော့ ရောက်ရှိနေတဲ့ အချိန်ကာလလေးမှာပဲ
သဇင် ချစ်ရတဲ့ ကလေး နဲ့ အတူ အပျော်ဆုံးနေထိုင်ဖို့ ပဲ ဆုံးဖြတ်လိုက်တယ်

" မ "

" ဟင် ပြောလေသွေး "

" သွေး မ ကို အပိုင်လိုချင်တယ် "

" အခုက ကော သွေး က မရလို့လား တစ်ကိုယ်လုံး သူ့ရင်ခွင်ထဲ ရောက်နေတာတောင် မှ ပဲ "

" အဲ့လို ပြောတာ မဟုတ်ဘူးလေ မ ရဲ့ ဟိုညက လိုလေ "

" ဟာ သွေး နော် " သဇင့် မျက်နှာလေး ရဲ တက်လာတယ်

" နော့လို့ နော် မ "

" အဲ့တာ အဲ့ညက ရပြီးပြီမို့လား သွေး က လဲ "

"ဟာ အဲ့ညက သွေး မှ မသိလိုက်တာ ပြီးတော့ မ က လဲ မကြည်ဖြူဘူးလေ ဟုတ်တယ် မို့လား "

" မကြည်ဖြူခဲ့ပဲနဲ့ ရှင်လေး ရမယ် ထင်နေလား "

" ဟာ....ဒါဆို မ က " သွေး က မေးလိုက်တော

" သွေး တော်ပြီကွာ အကျင့်မပုပ် နဲ့ "

" ဟုတ်ပါပြီဗျာ သွေး က စတာပါ မ ကို သွေး မယူရသေးပဲ အဲ့ကိစ္စတွေ ကို ဘာမှ မလုပ်ဖူးဟုတ်ပြီလား "

" အင်း....." သဇင် ခေါင်းညိမ့်ပြလိုက်မိတယ်

===================

ချစ်ဖို့ကောင်းတဲ့ အမျိုးသမီးလေးကို သွေး လုံးဝ မစွန့်လွှတ်နိုင်တာ သေချာသွားပြီမို့

" မ"

" ဟင် ခေါ်ပြန်ပြီ "

"ဘာလဲ မခေါ်ရဘူးလား "

" ဟုတ်ပါဘူး မ က သွေး နှလုံးခုန်သံလေးကို နားထောင်နေတာလေ Feel ပျက် ပျက် သွားလို့ "

" အာ ကြွေပြီလို့ " ပြောပြီး သွေး က မရဲ့ နှုတ်ခမ်းဖူးဖူးလေးကို ငုံ့နမ်းလိုက်တယ်

" မ သွေး အပြင်ခဏသွားလိုက်ဦးလေ နော် "

" ဘယ်သွားမလို့ လဲ "

" အိမ် ကို ပါ ..မ လဲ လိုက်ချင်လိုက်ခဲ့လေ"

" ဟင့်အင်းမလိုက်တော့ပါဘူး မြန်မြန်ပြန်ခဲ့နော်" ပြောပြီး မ က ရင်ခွင်ထဲက နေ ဖယ်လိုက်ကာ သွေးရဲ့ပါးနှစ်ဖက်ကို လက်ကလေးနှစ်ဖက် နဲ့ ညှပ်ကိုင်လိုက်ပြီး

" ကလေး မ ကို တစ်ခုတော့ ကတိပေး"

" ပြောလေ မ "

" သွေး ရဲ့ ဖေဖေ ကို ရိုင်းရိုင်းစိုင်းစိုင်း တွေ မပြောပါဘူး လို့"
သွေး မျက်နှာပျက်သွားပေမယ့်

" စိတ်ချပါ မ ဒီကောင် က မရဲ့စကားဆို မြေဝယ်မကျနားထောင်ပြီးသားပါ"

" လိမ္မာလိုက်တဲ့ မ ရဲ့ ကလေးလေး " ပြောပြီး နဖူးလေးကို တယုတယ နမ်းလာတယ်

" ဒါဆို မ သွေး သွားတော့မယ် နော် "

" အင်း လမ်းကူးရင်လဲ ဂရုစိုက်ကူးဦး"

" ဟုတ်".....ပြောပြီးထွက်သွားတဲ့ သွေး ရဲ့ ကြောပြင်ကို ကြည့်ပြီး သွေး ဘာသွားလုပ်တယ် ဆိုတာ မသိပေမယ့် အဆင်ပြေပါစေလို့ပဲ ဆုတောင်းမိတယ်

==============

မေမေ မရှိထဲက ဒီ အိမ်အရိပ်ကိုဘယ်တော့မှ ခြေပြန်မချဖြစ်ခဲ့တဲ့သွေး တစ်နှစ်တောင်ကျော်ခဲ့ ပြီလေ အိမ်ရှေ့ရောက်တော့ ဘဲလ် ကို တီးလိုက်တယ် သိပ်မကြာခင်မှာပဲ အိမ်အကူကောင်မလေး ထွက်လာပြီး

" ဟင် မမ  လာတယ် " ဆိုပြီး ခြံတံခါးကို ပြေးဖွင့်ပေးရှာတယ်

" အထဲမှာ ဘယ်သူတွေ ရှိလဲ "

" ဘယ်သူမှ မရှိဘူး မမ လေးလေး က ဆိုင်သွားတယ် "

" အင်း" ပြောပြီး သွေး အိမ်ထဲဝင်လာကာ သွေး ရဲ့ အခန်းသို့တက်လာခဲ့လိုက်တယ်

အခန်းထဲရောက်တော့ သွေး ရဲ့ အခန်းက သွေးနေတုန်းက အတိုင်းပဲ အရာအားလုံးသပ်သပ်ရပ်ရပ် စီစီရီရီ ဖြစ်နေရှာတယ်

သွေး လဲ အခန်းတစ်ချက် ဝေ့ ကြည့်လိုက်ပြီး (တစ်နေ့တော့ မ နဲ့ အတူ ဒီ အိမ်မှာ ပြန်လာနေမယ်) လို့တွေးလိုက်တယ်

သွေး လဲ ဗီဒိုသော့ကို ဖွင့်လိုက်ပြီး အထဲက မေမေ့ အခန်းသော့ကို ယူလိုက်တယ် ပြီးနောက် မေမေ့ အခန်းဘက် ကူးလာပြီး တံခါးဖွင့်ကာ အထဲကိုဝင်လိုက်တယ်

ဒီအခန်းဟာ မေမေ တို့လင်မယား နှစ်ယောက် အခန်းဆိုပေမယ့် မေမေ မရှိထဲက ဒီအခန်းကို ဘယ်သူမှ အဝင်မခံ ပဲ သော့ကို သွေး သိမ်းထားခဲ့မိတာ

တစ်နှစ်လောက်ရှိနေပြီ ဆိုပေမယ့် သန့်ရှင်းရေးဝင်မလုပ်ကြတာတောင် အခန်က ဖုန်မှုန့် တစ်စက်လေးတောင် မရှိဘူး

(သတိယ တယ် မေမေ ရယ် ဘယ်အချိန်များမှ သွေး ဆီ ပြန်လာမှာလဲ)  သွေး ဝမ်းနည်းလာကာ ငိုချလိုက်မိတယ်

ခဏကြာအောင် ငိုလိုက်မိပြီးနောက် မ တစ်ယောက်ထဲ ကျန်ခဲ့တာကို သတိယ သွားပြီး မေမေ့ ဗီဒို ထဲကနေ သွေးကိုယ်တိုင် ဘယ်သူမှ ယူသုံးခွင့်မပေးခဲ့ ပိုက်ဆံ တွေကို ယူထုတ်လိုက်တယ်

မ အတွက် မ နဲ့ ရှေ့ဆက်ဖို့ အတွက် လိုအပ်လာပြီလေ ဒီပိုက်ဆံ တွေက သွေး သုံးဖို့ မေမေ ထားခဲ့တာ

သွေး လဲ အကုန်လုံးမယူပဲ ၅ ထောင်တန် အုပ်ကြီး နှစ်အုပ်လောက်ယူထုတ်လိုက်တယ်  ပြီးနောက် အခန်းကို သေချာပြန်ပိတ်ပြီး သွေး အခန်းထဲဝင်ကာ မေမေ့ အခန်းသော့ကို ပြန်သိမ်းပြီး
အောက်ကိုဆင်းလာလိုက်တယ်

" မမ ပြန်တော့ မလို့လား "

" အေး ငါလာတာ ဘယ်သူမှ ပြောစရာမလိုဘူးနော် "

" ဟုတ်ကဲ့ပါ...မမ က ပြန်လာမနေသေးဘူးလားဟင်" အိမ်အကူကောင်မလေးရဲ့ အမေး ကို ပြုံးလိုက်ပြီး

" အချိန်တစ်ခုရောက်ရင်တော့ ပြန်လာဖြစ်မှာပါ ကဲ သွားပြီနော် "

အပိုင်း ၁၇ မျော်

သွေး က သူ့အိမ်ကိုပြန်ပြီး ပိုက်ဆံသွားယူ တာ ဘာအတွက်ဖြစ်နိုင်မယ် ထင်ကြလဲဟင်

Continue Reading

You'll Also Like

5K 200 14
သိပ်ချစ်လို့မဝေးပါရစေနဲ့ချယ်ရယ်..
7.4K 350 19
လင်းလွန်းမောင်ဆိုတဲ့ ကောင်မလေးနဲ့ အမရာခေတ်ဆိုသော ကောင်မလေးတို့ နှစ်ယောက်ကြား မမြင်နိုင်သော နှောင်ကြိုးလေးတစ်ချောင်း ရစ်ပတ်မိသောအခါဝယ် ပထမဦးဆုံးအရေး...
395K 13.3K 53
Anhay Sharma:- Cold business tycoon who is only sweet for his family. He is handsome as hell but loves to stay away from love life. His female employ...
Alina By ihidethisapp

General Fiction

1.6M 40.5K 80
The Lombardi family is the most notorious group in the crime world. They rule both the American and Italian mafias and have many others bowing at the...