အမုန်း၏ အခြား တဖတ် ၌

By Htetwunyan

18.4K 552 2

မိသားစု ပြဿနာ တွေ ကြောင့် ဂျစ်ကန်ကန် ဆိုး နေတဲ့ ကောင်းမလေး နဲ့ အပြုံး မပျက် သည်းခံနိုင် တဲ့ မမ More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
ဇာတ်သိမ်းပိုင်း

အပိုင်း (၁၅)

819 23 0
By Htetwunyan

သွေး ရဲ့ ရင်ခွင်ထဲ မှေးစက်နေရင်း က နေ

" သွေး " သဇင် က ခေါ်လိုက်တော့

" ဗျာ.... မ "

" မ ကို ဘာလို့ ချစ်တာလဲဟင် အဲ့တာလေးတော့ မ သိချင်တယ်"

" သွေး လဲ မသိဘူး အရင်က သွေးခြေထောက်ကိုတက်နင်းလို့ အမြင်မကြည်ခဲ့ဘူးဆိုတာ မှန်တယ် အမှန်တိုင်းပြောရရင် သွေးဘက်က ရင့်ရင့်သီးသီးတွေပြောနေတာတောင် မ က တစ်ချက်လေး မျက်နှာမပျက်ပဲ သွေး ကို ဂရုစိုက်ပေးခဲ့တာကြောင့်ဖြစ်မယ်"

"  မ က သွေးကိုဘာတွေ များ ဂရုစိုက်မိလို့လဲ "

" သွေး အပြင်မှာ ဆေးလိပ်သောက်နေတဲ့ ညကလေ မ ရဲ့ အင်္ကျီလေး လာခြုံပေးတာ မှတ်မိသေးလား"  သဇင်လဲ ပြုံးလိုက်ပြီး

" မှတ်မိတာပေါ့ အဲ့ အင်္ကျီလေး က မ အနှစ်သက်ဆုံး အင်္ကျီလေးလေ"

" အဲ့ညက ဆို မ က ဖက်ထားပေးသလိုပဲ တကယ်ကိုနွေးနေတာ"

" အမယ် စကားတွေ တက်နေတာ "

" ချစ်တက်သွားလို့နဲ့ တူပါတယ် " သွေး က ရယ်ကျဲကျဲနှင့်ပြောလာတော့ သဇင် လဲ မော့ကြည့်လိုက်ရင်း အသည်းယားလာကာ
သွေး ရဲ့ မေးဖျားလေးကို နမ်းလိုက်မိတယ်

" ဟာ....မ " သွေး က ဝမ်းသာအားရ ထ ခေါ်တော့
သဇင် လဲ ရှက်ပြီး ခေါင်းပြန်ငုံလိုက်တယ်

" မ ရယ် ခေါင်းလေးမော့ပါဦး မျက်နှာလေး မြင်ချင်လို့"

" တော်ပြီကွာ အပြင်သွားရအောင် ဗိုက်ဆာနေပြီ မီးကလဲလာဦးမှာ မဟုတ်ဘူး တစ်ခုခု သွားဝယ်ရအောင် " သဇင် တမင် ရှောင်ထွက်လိုက်တာ ဖြစ်သည်။ နှစ်ယောက်သားရင်ခုန်သံတွေ မြန်နေတော့ တစ်ခုခုထပ်ဖြစ်လာနိုင်တာကို တွေးမိသွားလို့လေ

" မ က သွေး ရှိနေတာကို ဗိုက်ဆာနေသေးတယ်ပေါ့ "

" သွေးရယ်ကွာ မဆိုးနဲ့ မနက်ထဲက ဘာမှမစားရသေးတာ မ ဆေးသောက်ဖို့လဲ ရှိတယ်လေ "

" ဟုတ်ပါပြီဗျာ လာ သွားရအောင် "  သွေး က သဇင့်လက်လေးကို ဆွဲ ပြီး သဇင့်ရဲ့ဖုန်းနဲ့ သူ့ဖုန်းကို နှစ်လုံးထပ်ကိုင်ပြီး ထွက်လာလိုက်တယ်

ကားလမ်းပေါ်ရောက်တော့

" မ "

" သွေး ရဲ့ လက်ကို ဘယ်တော့မှ မဖြုတ်ဘူးမို့လားဟင်"

" မ သွေးကို ချစ်ပါတယ် ဒါပေမယ့်......."

" ဒါပေမယ့် ဘာဖြစ်လဲ ပြောလေ မ"

" မ ရဲ့ ကိုလေး က လက်ခံမှာ မဟုတ်ဘူး သွေးရယ်"
သွေး လဲ မျက်နှာပျက်သွားပြီး

" မ က သွေး အတူ ရင်ဆိုင်ရဲတဲ့ သတ္တိ မရှိဘူးလားဟင်"

" ကဲပါ သွေး ရယ် မ တို့ အခု တစ်ခုခု စားရအောင်နော် "

"ဟုတ် " သွေး လဲ ဘာမှ ဆက်မပြောတော့ပဲ မ ရဲ့ လက်လေးကို ကိုင်ပြီး ထမင်းဆိုင် ဘက် ထွက်လာလိုက်တယ်

" သမီး သွေးဟေမာန် "
ဒီအသံ ကို သွေး သိတယ် သွေးရဲ့ ဖခင် ဆိုတာကို

" ဘာကိစ္စ ရှိလို့ ကျုပ်ကို ခေါ်တာလဲ "
ဖေဖေ က သွေး ဆုပ်ကိုင်ထားတဲ့ မ ရဲ့ လက်ကိုသာ ကြည့်နေရင်း

" သူ....က "

" ဒါ ကျုပ် ချစ်သူ ကျုပ် တစ်ဘဝ လုံးအတွက် ရည်ရွယ်ထားတဲ့ ကျုပ် ချစ်သူ ဘာဖြစ်လို့လဲ " သွေး ရဲ့ ပုံစံကို ကြည့်ပြီး သွေးရဲ့ ဖခင်ဖြစ်နိုင်တာကို သဇင် ရိပ်မိလိုက်တယ်

သဇင် လဲ သွေး ရဲ့ လက်ကို ဖြုတ်ချ ဖို့ ကြိုးစားပေမယ့် သွေး က လွှတ်မပေး

" သမီး ဘယ်အချိန်မှ မိန်းကလေး ပီသ မှာ သမီးက မိန်းကလေးဆိုတာကို မမေ့နဲ့ "

" ဒါ ကျုပ် ကိစ္စ ပါ ဘာဆိုင်လို့ လာရှုပ်နေတာလဲ ကျုပ်ကိစ္စ တွေ ကိုရော ဝင်ပြောပိုင်ခွင့် ရှိလို့လား " သွေး ရဲ့ ဖခင် က သွေးကို ပြောမရတော့ သဇင့် ဘက် လှည့်လာပြီး

" မင်း က ရော မိန်းကလေးချင်ကြိုက်တာကို ဘာတွေ ဂုဏ်ယူနေတာ လဲ မရှက်တက်ဘူးလား"

" ရှင်" မထင်မှတ်ထားတဲ့ စကားကြောင့် သဇင် အတော်လေးကို ရှက်သွားတယ် ဘေး က ဖြတ်သွားနေတဲ့ လူတွေက လဲ ကွက်ကြည့်ကွက်ကြည့်နဲ့

" ဒီမှာ ဦးဟံသာ ခင်ဗျား ကျုပ်ချစ်သူကို ဘာမှ ပြောစရာမလိုဘူး ကျုပ်တောင် အဲ့ပုံစံနဲ့ မပြောနဲ့ လေသံမာမာတောင် မပြောရက်ဘူး  ခင်ဗျား မှာ ဘာမှ ပြောခွင့် မရှိဘူး နောက်တစ်ခါ ဆို ကျုပ် အဆိုးမဆိုးနဲ့ ကျုပ် နဲ့ ဝေးဝေးမှာနေပါ "

" သွေးဟေမာန်... နင်....နင် ငါ့ နင့်အဖေ ဆိုတာ သတိယဦး"

" အိမ်ထောင်ရေးသစ္စာ မရှိတဲ့ မကောင်းတဲ့လူကို ကျုပ် အဖေ အဖြစ် တစ်သက်လုံး မသတ်မှတ်ဘူး....." ပြောပြီးတာနဲ့ သွေး က

" လာ မ သွားရအောင် " သဇင့် လက်ကို ဆွဲပြီး ထွက်လာလိုက်တယ် ဦးဟံသာ တစ်ယောက်ဘယ်လိုကျန်ခဲ့မလဲဆိုတာလဲ သွေး သိတယ်

ဒီလို ထမင်း နဲ့ ဟင်း ဝယ်ပြီး အဆောင်ကို ရောက်တဲအထိ မ က သွေး ကို ဘာတစ်ခွန်း မှ မပြော

" မ " သွေး ခေါ်ပေမယ့် မထူး

" မ " လက်မောင်းလေးကို လှုပ်ပြီးခေါ်လိုက်မှ

" ဟင့်......" သဇင် က ငိုချလိုက်တော့တယ်  သွေး လဲ မ ရဲ့ ခန္ဓာကိုယ်လေးကို ဆွဲဖက်လိုက်ပြီး

" သွေး တောင်းပန်ပါတယ် မ ရယ် သွေးကြောင့် မ အပြောခံရတာ ရုတ်တရတ်ဆိုတော့ သွေး မကာကွယ်လိုက်နိုင်ဘူး မ ရယ် "

" ........."

" မ သွေးကို စကားမပြောပဲတော့ မနေပါနဲ့ဗျာ မ စိတ်ထဲ ရှိသလို သွေးကို အပြစ်ပေးပါနော်" သွေး လဲ မ လက်ဖဝါးလေးကို ယူပြီး
ပါးပြင်ပေါ် တင်ပေလိုက်တယ်

သဇင် လဲ သွေးရဲ့ပါးလေးကို လက်နဲ့ ပွတ်လိုက်ပြီး

" ရပါတယ် သွေး ရယ် သွေး အပြစ်မှ မဟုတ်တာ သွေးကို ချစ်မိပြီ ဆိုမှတော့ ပတ်ဝန်းကျင် ရဲ့ ရိုက်ခတ်မှုတွေကို မ ကြိုပြီးတွက်ထားပြီးသားပါ အခုကလဲ ရုတ်တရတ်ဆိုတော့ မ အရမ်းရှက်သွားလို့ပါ"

" တောင်းပန်ပါတယ် မ ရယ် "
ပြောရင်း လွှတ်ထွက်သွားမှာ စိုးသည့်အလား သွေး မ ကို တင်းကြပ်စွာဖက်ထားမိတယ်

အချိန်အတော်ကြာသွားသည်ထင်ပါရဲ့

" သွေး မ ကို လွှတ်ပေးဦး မ အသက်ရှုကြပ်နေပြီ " မ ရဲ့ အသံလေးကြားတော့ သွေး လဲ ဖက်ထားတာကို လွှတ်ပေးလိုက်တယ်

" ထမင်းစားရအောင်လေ သွေး "

" မခွံ့ကျွေးလေ သွေး လက်က မမြှောက်နိုင်ဘူး" သွေး က သူရဲ့လက်လေးကို ထိုးပြ ပြီး သဇင့်ကို ချွဲလာတယ်

" လုပ်ပြီ " သဇင် က မျက်စောင်းထိုးပြီးပြောလိုက်တော့

" ဘာလဲ မ က မကျွေးချင်ဘူးလား"

" မဟုတ်ပါဘူးကွာ "

" အဲ့တာဆို ခွံ့ပါနော် မ "

" ဟုတ်ပါပြီ ကလေးရယ် " သဇင် လဲ ဒီကလေးရှေ့မှာ အကြိမ်ကြိမ်ကို ဒူးထောက်မိလျက်သား ကျရှုံးနေရတယ်

လူကြားထဲမှာ ရစရာမရှိအောင် အပြောခံခဲ့ရတာတောင် သွေး ကို စိတ်မနာနိုင်(အချစ်ရဲ့တန်ခိုးက တယ်လဲ ကြီးမားလှတာကို)

နှစ်ယောက်သား ထမင်းစားပြီးတော့ စကားတွေပြောကြရင်း ညနေ စောင်းမှန်းမသိစောင်းသွားတယ်

တစ်နေကုန်လဲ သွေး က သဇင့်ပါးလေးကိုနမ်းလိုက် သဇင်က လဲ သွေးရဲ့ မေးဖျားလေးကို ပြန်နမ်းလိုက်နဲ့ ထိန်းသိမ်းမှု ရပ်ဝန်းတစ်စုံမှာ အချိန်တွေ ကုန်မှန်းမသိကုန်ခဲ့ရတယ်

" ေဒါက် .....ဒေါက်" တံခါးခေါက်သံကြားတော့ မယုမှန်း သိလိုက်တာမို့ နှစ်ယောက်သား လူချင်းခွာလိုက်ပြီး သွေး က တံခါးကို ထ ဖွင့်ပေးလိုက်တယ်

" မယု လာလေ "

" အမယ် ထူးထူးဆန်းဆန်းပါရော သွေးက အိမ်ကပ်နေလို့ "

" ဟာ...မယု က လဲ " သွေး က ပြောရင်း ဂုတ်လေးသပ်လိုက်တယ်

" ဟင် ဒါနဲ့ သွေး လက်က ယောင်ကိုင်းနေပါရော မယု ကို ပြစမ်း အတော်လေးဆိုးနေလား မနေ့က မယုတွေ့တာ ဒီလောက်မဆိုးပါဘူး" မယု အပြောကြောင့် နှစ်ယောက်သားမျက်လုံးချင် စုံသွားတယ်

" သွေးအေးသွားတော့ ယောင်လာတာနေမှာ ဒါ နဲ့ မယု ဘာပြောစရာ ရှိလို့လဲဟင် " သွေး က မေးလိုက်တာဖြစ်သည်

" သဇင် နေမကောင်းဘူးဆိုလို့လာကြည့်တာ မနက် အလုပ်လိုက်လျောက်နိုင်မှာလားမေးရင်းနဲ့ပေါ့"

" မယု က သွေး ကို တမင်ပြောလိုက်ခြင်းဖြစ်သည်" သွေး က မျက်နှာပျက်သွားပေမယ့် ဘာမှ မပြောပဲ သဇင့် မျက်နှာကိုသားငေးကြည့်နေတယ်

" မယု ရယ် သဇင် ပြောပြီးပြီလေ "

" ပြောပြီးတာက ဟုတ်တယ်လေ သဇင်ရယ် ရေရှည်ကျတော့ မယု ကိုလင်းကို ဘယ်လို ပြောရမလဲ "
သဇင် က လဲ သွေးကိုလှမ်းကြည့်လာတယ် ဘယ်လိုလုပ်ရမလဲလို့ မေးနေသယောင်ယောင်ပင်

" မယု သွေး မ ကိုချစ်တယ် အာ့ကြောင့် မ ပင်ပန်းတာကို မလိုလာဘူး "

" မဟုတ်သေးဘူးလေ သွေး ရယ် သဇင်က အလုပ်လုပ်ဖို့ လာတာ လေ မယု အနေနဲ့ကရော ကိုလင်းကို ဘယ်လို ပြောရမလဲ"

" အလုပ်ရလို့ဆင်းနေပြီလို့ ပြောလိုက်တော့ "

" သွေး ပြောတော့ လွယ်တယ်လေ ကွယ် သဇင့် အိမ်က လစာတွေဘာတွေတောင်းရင်ရော ဘယ်လိုလုပ်မလဲ "

" ရတယ် မယု... သွေး  .... မ အတွက် အကုန်တာဝန်ယူတယ် မ သာ သွေးဘေးနားမှာနေဖို့ပဲ လိုတာ "

" ဟူး....ညည်းတို့နှစ်ယောက်အတွက် ရင်မောတယ်အေ

ကိုလင်းက လုံးဝကိုလက်ခံမှာ မဟုတ်ဘူး"

" နောက်ခါလာ နောက်ခါ ရှင်းမယ် မယု အခုလောလောဆယ် မ နဲ့ မဝေးဖို့ပဲ လိုတယ်  မ အိမ်က သဘောမတူရင် သွေး မ ကို မရရအောင် ခိုးပြီး အဝေးကြီးကို ထွက်သွားမှာ"

မယု က သွေး စိတ်ကို သိနေတော့ ထိတ်လန့်တကြားနဲ့
" အာ့လိုတော့ လုပ်လို့မရဘူးလေ သွေး" နှစ်ယောက်သားပြောဆိုနေကြတာကို သဇင်က ထိုင်သာကြည့်နေမိတယ်

နောက်ဆုံးတော့ မယု လဲ အလျော့ပေးပြီး ပြန်ဖို့ လုပ်ရင်း

" နှစ်ယောက်သား အစစအရာရာတော့ ဂရုစိုက်ပေါ့ကွယ် သဇင် က ကြုံလာမယ့် အခက်ခဲတွေအတွက်ကြိုတင်ပြင်ဆင်ထား ခံနိုင်ရည်ရှိအောင် လို့ "

" ဟုတ်ကဲ့ပါမယု" နှစ်ယောက်လုံး ဖြေလိုက်မိတယ်

အပိုင်း ၁၆ မျော်

👆

သဇင့် ရဲ့ အကိုက သဇင် နဲ့ သွေးကို လက်ခံနိုင်ပါ့မလား
ကိုလင်းမောင် သိသွားပြီး ဘာဆက်ဖြစ်မကြမလဲပေါ့နော်

Continue Reading

You'll Also Like

7.4K 354 25
သူကလေ တစ်လျှောက်လုံး ကျွန်မကို လိမ်ညာခဲ့တဲ့အပြင် ကတိတစ်ခုတောင်မတည်ဘဲ အမြဲ ရှောင်ပြေးနေတဲ့ မိန်းမမျိုး ကျွန်မ အမုန်းဆုံးဘဲ
313K 22.7K 27
Avantika Aadish Rajawat Aadi, with his fiery nature, adds intensity and excitement to their relationship, igniting a spark in Avni. Avni, like the ca...
32.4K 1.1K 38
"ဘယ်လောက်ပဲ ငိုရ ငိုရ နှလုံးသားက မငယ် မှ မငယ်" *သွန်းရတီဦး* "မင်း ဘယ်လောက်ပဲ ဆိုး" အချိန်တန် တို့ ဆီကို ပြန်လာမှာမလား" *မီမီဇော်* "နင်ကို စတွေ့ကတည်းက...
2.9K 120 12
Y/n, the young lady of the ducal family of the duchy of glacera. The only lady in the whole empire who inherited the fortune of her family being the...