အမုန်း၏ အခြား တဖတ် ၌

By Htetwunyan

18.4K 552 2

မိသားစု ပြဿနာ တွေ ကြောင့် ဂျစ်ကန်ကန် ဆိုး နေတဲ့ ကောင်းမလေး နဲ့ အပြုံး မပျက် သည်းခံနိုင် တဲ့ မမ More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
ဇာတ်သိမ်းပိုင်း

အပိုင်း (၁၄)

789 24 0
By Htetwunyan

မျက်နှာသစ်ပြီးလို့ ရေချိုးခန်းက နေ ထွက်လာတဲ့ သွေး က

" မ ဘာစားချင်လဲ "

" မီးပျက်နေလို့ သွေး ရဲ့ မီးလာမှ ပဲ ထမင်းချက်ပြီး အဆင်ပြေသလိုစားလိုက်တော့မယ် "

" Breakfast ကို မေးတာပါ သွေး သွားဝယ်မလို့"

" သဇင် တော့........အို" သဇင် ရဲ့ နှုတ်ခမ်းပေါ်ကို နူးညံ့လှတဲ့ သွေး ရဲ့ နှုတ်ခမ်းက ထပ်တူကျသွားတယ်

" သွေး ဘာလုပ်တာလဲ "

" နောက်တစ်ခါ မ လို့ မသုံးပဲ သဇင်လို့ သုံးရင် တစ်ခါပြော တစ်ခါနမ်းမယ် "

" သွေး ရယ် အာ့လိုတွေ မလုပ်ပါနဲ့ "

" လုပ်တော့ရော ဘာဖြစ်လဲ"

" သွေး အခုလို လုပ်နေတာတွေက ဟိုညက ကိစ္စတွေအတွက် အားနာလို့လား "

" မ....ဘာပြောလိုက်တယ် " သွေး အသံက အတော်လေးပင် ကျယ်လောင်သွားတယ်

" တကယ်ပြောတာပါ သွေး ရင်ထဲက မပါတာကို သဇင် ဘာမှ မလိုချင်ဘူး "

" မ... တော်လိုက်တော့ ဆက်မပြောနဲ့ သွေးကို မစော်ကားနဲ့"

နှစ်ယောက်ကြား ခဏတာ မျှ တိတ်ဆိတ်သွားပြီးနောက်

" မ " တိတ်ဆိတ်ခြင်းကို သွေး က အရင်ဖြိုခွင်းလိုက်တယ်

" ......" သဇင် က တော့ ဆက်လတ်တိတ်ဆိတ်နေမိသည်
သဇင် နဲ့ သွေး က လုံးဝ မဖြစ်နိုင်ဘူး ကိုလေး နဲ့ ကြီးမြ က လဲ လက်ခံနိုင်မှာ မဟုတ်ဘူး

" မ သွေး ခေါ်နေတယ် လေ "

" သဇင် အခန်းပြောင်းတော့မယ် " ရုတ်တရတ်ထပြောလိုက်တဲ့သဇင်ကြောင့် သွေး စိတ်အရမ်းတိုသွားပြီ

" ခင်ဗျား ဗျာ ဒီကောင် ဖာသီဖာသာ နေတုန်းက ခင်ဗျားပဲ ကျုပ် ရင်ထဲ တိုးဝင်ခဲ့တာဗျ အခု ကျုပ်ရင်ထဲကို ထည့်လိုက်မိပြီးမှ ခင်ဗျား က ဒီစကားလုံးသုံးလာတာ ကျုပ်ကို သက်သက် လှည့်စားတာလား ဟင် ပြောစမ်းပါ ကျုပ်ကို" ဒေါသတကြီးပြောရင်း မျက်ရည်တွေ ကျလာတဲ့ သွေးကို စိတ်ပူသွားပေမယ့် ရှေ့ဆက်ဖို့ကလဲ အဆင်မှမပြေနိုင်တာ

" ဟာကွာ " သွေး က စိတ်လွတ်သွားပြီး နံရံ ကို အဆက်မပြတ် ထိုးချလိုက်တော့တယ် မနေ့က ဒဏ်ရာက မပျောက်သေးတာကြောင့် နာကြင်မှုက မချိမဆန့်ပင် ဒါပေမယ့် လက်က ဒဏ်ရာ သွေး ရင်ထဲက နာကြင်မှုကိုတော့ မမှီ

" သွေး မလုပ်ပါနဲ့ " သဇင်တားပေမယ့် မရ

" သွေး မလုပ်ပါနဲ့လို့ ပြောနေတယ်လေ သွေး ကိုယ့်အသားကို နာအောင်မလုပ်ပါနဲ့ " စီးကျလာတဲ့ သွေး ရဲ့လက်က သွေးက သဇင် ရင်ကို မီးနဲ့တို့နေသလိုပင်

တားမရတဲ့ အဆုံးတော့

" သွေး ရယ် မ တောင်းပန်ပါတယ်နော် မလုပ်ပါနဲ့တော့ "
" ဟင်" သွေး က လှည့်ကြည့်လာပြီး

" ဘယ်လို မ ပြန်ပြောပါဦး မရယ် "

" သွေး ရယ် မ တောင်းပန်ပါတယ် နောက်ကို သွေး အသားနာကို နာကြင်အောင် မလုပ်ပါနဲ့နော် " သွေး ရဲ့ လက်လေးကို ကိုင်ပြီး
သဇင် ငိုချလိုက်မိတယ်

" မငိုပါနဲ့ မ ရယ် နောက်မလုပ်တော့ဘူးနော် မ သာ သွေး နားကနေ ထွက်သွားမယ် ဆိုတဲ့ စကားလုံးနောက်ထပ်မသုံးပါနဲ့နော် "

သဇင် လဲ ခေါင်းညိမ့်ပြလိုက်မိတယ် ဒီကလေးအပေါ် သဇင် တကယ် ၅၂၈ ထက် ကျော်ပြီး ညှိတွယ်သွားမိပြီလား

သွေး က သဇင် ခေါင်းလေး ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလာတော့ သဇင် လဲ အလိုက်သင့်လေးပဲ နေလိုက်မိတယ်

ခဏကြာတော့
" သွေး "

" ဗျာ မ "

" လက်ကို ဆေးစည်းရအောင်လေ "

" မ စည်းပေးမှာလား " မခို့တယို့လေး ရယ်ရင်း သွေး က မေးလိုက်တော့ သဇင် လဲ ခေါင်းညိမ့်ပြလိုက်တယ်

ထိုအချိန်မှာပဲ သဇင် ရဲ့ ဖုန်းက Ring မြည်လာတယ် ကြည့်လိုက်တော့ ကိုလေး ဆက်တာ
" ခဏနော် သွေး...." သဇင် လဲ သွေးကိုပြောပြီး ဖုန်းကိုကိုင်လိုက်တယ်

" ဟဲလို ကိုလေး "

" ညီမလေး ဒီနေ့ အလုပ်သွားလျောက်ဖြစ်လား"

" မလျောက်ဖြစ်ဘူး ကိုလေး "

" ဘာဖြစ်လို့လဲ " သဇင် လဲ သွေးကို လှည့်ကြည့်ပြီး

" နေရာ ပြောင်းလို့ထင်တယ် သဇင် ဖျားချင်သလိုမျိုးဖြစ်နေလို့ မသွားဖြစ်လိုက်တာ "

" အော် အင်းပါ ကျန်းမာရေး ဂရုစိုက်ဦး အလုပ်လျောက်ပြီးရင်လဲ အဆင်ပြေမပြေ ကိုလေး ကို ပြန်ပြောဦး "

" ဟုတ်ကဲ့ပါ ကိုလေး "

" အလုပ်အဆင်မပြေရင်တော့ ရွာကိုပဲ ပြန်ခဲ့လိုက် ရွာမှာ ကိုင်းသီး ခူးဖို့ အချိန်ကလဲ နီးနေပြီ "

" ဟုတ်ကဲ့ပါ ကိုလေး အလုပ်က အဆင်ပြေမှာပါ "

" ကြီးမြ နဲ့ ဖုန်းပြောဦးမလား" သဇင် လဲ ကြီးမြ နဲ့ ဖုန်းပြောချင်ပေမယ့် ခလေးရဲ့ လက်ကို ဆေးထည့်ပေးရဦးမှာမို့

" သဇင် နေမကောင်းနေတာ ကြီးမြ ကို မသိစေချင်ဘူး နောက်မှ ပဲ ဆက်လိုက်တော့မယ် ကိုလေး "

" အေး...အေး အဲ့တာဆို ဒါပဲနော် "

"ဟုတ်... " ကိုလေး ဖုန်းချသွားတော့ သွေး လာလေ လက်ကို ဆေးစည်းရအောင်
သဇင် ခေါ်လိုက် သွေး က သဇင့်အနားကို ရောက်လာတယ်

" လက်ပေး " သဇင်လဲ သွေး လက်လေးကိုကြည့်ပြီး

(ယောင်ကိုင်းနေတာပဲ အထဲက အရိုးတွေဘာတွေများထိ သွားလားမသိဘူး) တွေးပြီး မျက်ရည်က သွေးလက်ပေါ်ကျသွားတော့တယ်

" ဟာ...မ ဘာလို့ငိုနေတာလဲ "

" နောက်ကို သွေး အသားကို ဘာအတွက်နဲ့မှ နာအောင်မလုပ်ပါဘူး လို့ ကတိပေးပါလားဟင် "

" ပေးပါတယ် မ သာ သွေး အပေါ် မစိမ်းကားရင်ပေါ့"

" အင်းပါ သွေး ရယ် အခုဆေးခန်းသွားမလားဟင်"

" မသွားပါဘူး မ ရှိနေရင် သွေး အတွက် ဆေးမလိုဘူး "

" တော်တော်တက်နေ " ငိုရင်း နဲ့ သဇင် သွေးကို မျက်စောင်းထိုးလိုက်မိတယ်

" ချစ်တာကို "

သွေးရင်ထဲက အမှန်တရားကို သဇင် မြင်လိုက်ရတာကြောင့် ပြောခဲ့မိတာအတွက် သဇင့်ကို သဇင်လဲ မကျေနပ်ဖြစ်မိတယ်

ဘာကြောင့်များဒီကလေးကို နာကြင်စေခဲ့ရတာလဲ
( တောင်းပန်ပါတယ် သွေးရယ် )

" မ "

" ဟင် သွေး ဖုန်းခဏ သွားပြောလိုက်ဦးမယ်နော် "

" အင်းပါ သွေး "
ဗိုက်ကဆာနေပေမယ့် Breakfast စားဖို့ အစီစဥ်လဲ ပျက်သွားခဲ့ရတယ်

================
သွေး လဲ ဖုန်းကိုယူ ကာ အခန်းပြင်သို့ထွက်လိုက်ပြီး သရဖီ့ ဆီသို့ ဖုန်းခေါ်လိုက်တယ်

" ဟဲလို သရဖီ"

" အေး သွေး မနက်က ပြောနေရင်း ဘာလို့ဖုန်းချသွားတာ အခုလာခေါ်ရမှာလား"

" ဟင့်အင်း မခေါ်နဲ့ ငါဘယ်မှမသွားတော့ဘူး ငါနင့်ကိုပြောစရာရှိလို့"

" အေး သွေး ပြောလေ ဘာပြောမလို့လဲ"

" ငါ လူတစ်ယောက်ကို ထပ်ချစ်မိသွားပြန်ပြီ "

" ဟင်.... သွေး " မထင်မှတ်ထားတာကြောင့် သရဖီ အံသြသွားတာဖြစ်နိုင်ပါတယ် ဒေါ်မိုးမြင့်သူဇာ နဲ့ ပတ်သတ်ပြီးထဲက သွေးက အချစ်ဆိုတာကို အတော်လန့်သွားခဲ့တာလေ

" ဟုတ်တယ် သရဖီ အဲ့ဒိသူက ဟိုညက ငါ Rape လုပ်မိခဲ့တဲ့သူပဲ"

" နေပါဦး ပြောတော့ နင် မသိရသေးဘူးဆို"

" ငါပြောရမှာရှက်လို့ ညာလိုက်တာ သူက အခြားသူမဟုတ်ဘူး ဟိုနေ့က နင်တို့ကိုပြောပြတဲ့ ငါ့ အခန်းကိုရောက်လာတဲ့ တစ်ယောက် သူ့နာမည်က ခေတ်သဇင်လှိုင်တဲ့"

" ဟင် နင်ပြောတော့ သူ့ကို ကြည့်မရပါဘူး ဆို ဟုတ်ကောဟုတ်ရဲ့လား သွေးရယ် နင် သူ့အပေါ်ကျူးလွန်ခဲ့တာအတွက် နင် အားနာနေတာ ပဲ ဖြစ်မှာပါ"

" မဟုတ်ဘူး သရဖီ ငါသူ့ကိုတကယ်ချစ်မိသွားတာ ငါလဲ အခုလေးတင်ပဲ သိလိုက်ရတာ မြင်ထဲက ချစ်မိတာကို ငါ့ကိုငါ မဝေခွဲနိုင်တာဖြစ်မှာ"

" အေးပါ အခု သူကရော နင့်အပေါ်ဘယ်လိုအခြေနေရှိလဲ ဟိုကိစ္စ အတွက် နင့်ကိုဘာမှ မလုပ်ဘူးလား"

" ဟင့်အင်း ဘာမှမလုပ်ဘူး ငါ့ဆီက အရက်နဲ့ဆေးလိပ် နောက်မသောက်ပါဘူးဆိုတဲ့ ကတိပဲ တောင်းသွားတာ"

"ဟယ်....ငါ ယုံတောင် မယုံနိုင်ဘူး"

" နောက်တော့ ယုံလာမှာပါ ငါ ဖုန်းချလိုက်တော့မယ် "

" အေး...အေး " သရဖီ နဲ့ ဖုန်းပြောပြီး အခန်းထဲဝင်လာတော့ ကုတင်ပေါ်မှာ ထိုင်ငိုနေတဲ့ သဇင်ကြောင့်

" မ ရယ် မငိုပါနဲ့တော့ သွေး တောင်းပန်ပါတယ် မ မျက်ရည်ကျ တာ သွေး မခံစားနိုင်ဘူး"

" ကလေးရယ် " ပြောပြီး သဇင် က သွေး ရဲ့ ရင်ခွင် ထဲ တိုးဝင်လာတယ်

" ကလေး "

" ဗျာ မ "

" မ တို့ ရှေ့ဆက်ဖို့ ဖြစ်နိုင်ပါ့မလားဟင် မ ကြောက်တယ်"

" မ က သွေး ကို မယုံဘူးလား"

" ယုံပါတယ် " အချစ်က အစစအရာရာကို ယုံကြည်မိစေတယ်နဲ့ထင်ပါတယ်

" အာ့ဆို သွေးကို ပဲ အားကိုးလိုက် စိတ်ချ ဘယ်လို အခက်ခဲ ပဲ ရှိရှိ သွေး ရင်ဆိုင်မယ် မ သာ သွေးကို မထားခဲ့နဲ့"

" အင်းပါ "

(ချစ်တယ် ကလေးရယ် ရှေ့ဆက်ဘာဖြစ်လာမလဲဆိုတာ မတွေးချင်တော့ဘူး) သေချာတာကတော့ ကိုလေးကတော့ဘယ်လို လက်ခံနိုင်မည်မထင်

အပိုင်း ၁၅ မျော်

Continue Reading

You'll Also Like

1.5K 67 13
"ခါနွေဦးဆိုတဲ့ကျွန်မက နွေဦးမှာမွေးဖွားလာတဲ့ကံကော်ရိပ်ဆိုတဲ့အမျိုးသမီးကိုသိပ်ကိုချစ်ပါရဲ့ရှင်" ခါနွေဦးဆိုတဲ့အမျိုးသမီးနဲ့ကံကော်ရိပ်ဆိုတဲ့အမျိုးသမီး...
57.7K 2.5K 29
"ကျောက်​မြတ်တွေတောင်အရှုံးပေးရတဲ့ထိလှတဲ့ မောင့်ရဲ့ရတနာသူ"
517K 33.1K 41
Let's see how different personalities mends with each other to form a beautifull bond together. Where the Eldest is calm and cold, Second is aggress...
2.9K 120 12
Y/n, the young lady of the ducal family of the duchy of glacera. The only lady in the whole empire who inherited the fortune of her family being the...