အမုန်း၏ အခြား တဖတ် ၌

By Htetwunyan

26K 650 2

မိသားစု ပြဿနာ တွေ ကြောင့် ဂျစ်ကန်ကန် ဆိုး နေတဲ့ ကောင်းမလေး နဲ့ အပြုံး မပျက် သည်းခံနိုင် တဲ့ မမ More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
ဇာတ်သိမ်းပိုင်း

အပိုင်း (၁၃)

1K 25 0
By Htetwunyan

ဖုန်းမြည်လာလို့
သဇင် အိပ်ယာကနေနိုးလာခဲ့တယ်

ကြည့်တော့ Contant ထဲ ပြန်မမှတ်ရသေးတဲ့ နာပါတ်တစ်ခု
မယု ပဲ ဖြစ်မှာပါ

" ဟဲလို....."

" အင်း သဇင် နိုးပြီလား" ထင်တဲ့အတိုင်း မယု ဖြစ်နေတယ်

" ဟုတ် နိုးပြီ မယု"

" သက်သာလား "

"ဟုတ် သက်သာပါတယ် "

" အင်း သဇင် လမ်းလျောက်နိုင်တယ် ဆို ဒီနေ့ အလုပ်သွားလျောက်ဖို့ မယု လာခေါ်မလို့ " ဟုတ်သားပဲ ဒီနေ့ လကုန်ပြီး ၁ ရက်နေ့ ဖြစ်နေပြီ

" ဟုတ်...သဇင် သက်သာပါတယ် ရေချိုးပြီး သဇင် စောင့်နေမယ်နော် "

" အေး...အေး သဇင် " ဖုန်းချပြီးနောက် သဇင် လဲ ရေချိုးမလို့ ဆိုပြီး ထ ထိုင်လိုက်တယ်

" မ ဘယ်သွား မလို့လဲ " ဘယ်တုန်းထဲက နိုးနေမှန်းမသိတဲ့ သွေး က သဇင့်ကို မေးလာတယ်

" ဒီနေ့ စက်ရုံ အလုပ်သွားလျောက်မလို့လေ မယုလာခေါ်မယ်ဆိုလို့ "

" မ က တကယ်အလုပ်ဆင်းမလို့လား "

" ဟင်.....သဇင် က ဒီကို အလုပ်လုပ်ဖို့တက်လာတာလေ အဲ့တော့ အလုပ်ဆင်းရမှာပေါ့ "

" မဆင်းလို့ မရဘူးလား "

" မရဘူးလေ သွေး ရဲ့ အလုပ်မဆင်းတော့ သဇင် က ရွာပြန်ဖို့ပဲ ရှိတယ်လေ "
သဇင့် ရဲ့ အဖြေကြောင့် သွေး က မျက်နှာမကောင်း

" သွေး မ ကို ကျွေးနိုင်ပါတယ် "

" အဲ့လို မဟုတ်ဘူးလေ သွေး ရဲ့ သဇင် က ရွာမှာ ကြီးမြ ကျန်ခဲ့သေးတယ် လေ "

" တော်ပြီဗျာ မ သဘော လုပ်ချင်တာလုပ်တော့ "

သွေး က ပြောပြီး ဖုန်းကို ယူကာ တစ်ယောက်ယောက်ကို ခေါ်လိုက်တာ သဇင် မြင်လိုက်တယ်

" ဟဲလို သရဖီ "

speaker ပိတ်ထားတော့ သဇင် ဘာမှ မကြားရ

" အေးငါ့ကို လာခေါ် ဒီနေ့ နင်ရဲ့လိုက်အိပ်မလို့ "

" သွေး " သဇင် လဲ အော်ပြီး သွေး ဖုန်းကို ယူကာ ချပြစ်လိုက်တယ်

" ဘာလုပ်တာလဲ ကျွန်မ ဖုန်းကို ပိုင်စိုးပိုင်နင်း နဲ့ "

" မင်း တို့ကို ဘာကတိပေးထားလဲ "

" ဘာဖြစ်လဲ မ တောင် သွေး စကားကို နားထောင်နေလို့လား
သွေး က ရော မ ရဲ့စကားကို နားထောင်ဖို့လိုသေးလို့လား"

သွေး ရဲ့ ဖုန်း က Ring မြည်လာလို့ သဇင် ကြည့်လိုက်တော့

သရဖီ ဆီက ပြန်ဆက်တာ ဖြစ်နေတယ်

သဇင် လဲ ချက်ချင်း ဖုန်းကို ပြန်ချပြစ်လိုက်တယ်

" မသွားပါနဲ့ သွေး ရယ် နော် သွေး က လိမ္မာပါတယ်"

" ဟင့်အင်း သွေး က မလိမ္မာဘူး အစထဲက ဆိုးတယ်
မ အလုပ်သွားလျောက်ရင်တော့ သွေး လဲ တကယ်သွားမှာ"

" ခက်တယ်ကွာ "

" မခက်ဘူး လွယ်လွယ် လေး မယု ကို ဖုန်းဆက်ပြီး မလျောက်တော့ဘူး ပြောလိုက်ရင် ရနေပြီ "

" အလုပ်မဆင်း ရင် သဇင့်ကို ကိုလေးက ပြန်ခေါ်နေမှာလေ"

" ခေါ်လို့မရပါဘူး မ က သွေး ရဲ့ မိန်းမ ဖြစ်နေပြီ"

" ဟာ သွေး ဘာတွေပြောနေတာလဲ "

" မဟုတ်လို့လား.... အခု မယု ဆီ ဖုန်းဆက်ပါကွာနော် မ လို့"

" ဟူး ဒီကလေးနဲ့တော့ ခက်တယ်ကွယ် "

နောက်ဆုံး တော့ သွေး ကို လိမ္မာစေချင်တဲ့ သဇင် က ပဲ
အလျော့ပေးလိုက်ရတော့တယ် မယုဆီကို ဖုန်းပြန်ဆက်ပြီး

" ဟဲလို မယု "

" အေး သဇင် ပြော ရေချိုးပြီးပြီလား "

" သဇင် ကိုယ်လက်တွေ အရမ်းကိုက်ခဲနေလို့ ဒီနေ့ တော့ မသွားနိုင်လောက်ဘူး "

" ဟုတ်လား မသက်သာဘူးလား မယု လာခဲ့ရမလား"

" ရပါတယ် မယု.... " သဇင် လဲ သွေးကြားမှာစိုးလို့ အပြင်ထွက်ခဲ့တယ်

" မယု...."

" ဟေ"

" ကိုလေး ကို မပြောပါနဲ့နော်  သဇင် ပြောစရာရှိလို့"

" ဘာပြောမလို့လဲ ပြောလေ သဇင် "

" သဇင် အလုပ်ဆင်းဖို့ကို သွေး သောင်းကျန်းနေလို့"

" ဟင်.....သူက ဘာဆိုင်လို့ သောင်းကျန်းတာလဲ"

" မသိပါဘူး မယု ရယ် သဇင် သွားတာနဲ့ သူ့သူငယ်ချင်းကို လာခေါ်ခိုင်းပြီး အပြင်ထွက်မလို့လုပ်နေတယ်"

" သွားပါလေ့ စေလေ "

" ဟင့်အင်း သွေး အာ့လိုတွေ စည်းပျက်ကမ်းပျက်တွေ သဇင် မဖြစ်စေချင်ဘူး"

" သဇင် ညီမလေးလေးရဲ့ စိတ်ကို ပြန်သုံးသပ်ဖို့လိုနေပြီနော် သွေး အပေါ် ဘာဖြစ်နေပြီလဲဆိုတာ "

" ဟုတ်...စိတ်ချပါ သဇင် သွေး အပေါ်ကို ညီမလေးတစ်ယောက်လိုပဲ ချစ်တာပါ"

" အေး...အေး အလုပ်မဆင်းလို့တော့ မရဘူးနော် သဇင် ကိုလင်းသိရင် ပြန်ခေါ်နေလိမ့်မယ် "

"  ဟုတ်...မယု"
သဇင် ဖုန်းချပြီး အိမ်ထဲ ပြန်ဝင်လာတော့ သွေးကမေးငေါ့ပြတယ် ဘယ်လိုလဲ ဆိုတဲ့ သဘော

" မသွားတော့ဘူး...ဟုတ်ပြီလား အပြင်ထွက်ဖို့စိတ်ကူးမနေနဲ့တော့ "

" ဟီး မ က ဒီလိုကြတော့လဲ ချစ်စရာလေး"

(အို ဒီခလေး)  ချစ်စရာလေးဆိုတဲ့စကားကို သဇင့် အနေနဲ့ ကြိမ်ဖန်များစွာ ကြားဖူးပေမယ့် သွေး ရဲ့ ချစ်စရာလေးဆိုတဲ့စကားကို အသားညိုတဲ့ သဇင် မျက်နှာလေးရဲတက်လာတဲ့အထိ ရှက်သွားမိတယ်

( ရင်တွေလဲ ခုန်လိုက်တာပြောမနေနဲ့)

==========================

မ အလုပ်ဆင်းမယ် ပြောလိုက်တော့ သွေး စိတ်ထဲမှာ အမည်မဖော်နိုင် တဲ့ ခံစားချက်က သွေး ကို ကြီးစိုးနေတယ်

ဘာဖြစ်တာလဲ စဥ်းစားမရပေမယ့် မ ကို အလုပ်မဆင်းစေချင်တာတော့ သွေး သိတယ်

အစထဲကတော့ အလုပ်မြန်မြန်ရသွားပါစေ ဆုတောင်း မိပေမယ့်
အခုကျ အဲ့ဆုတောင်းတွေကို သွေး အနေနဲ့ မပြည့်ချင်တော့

( ငါ မ ကိုများချစ်မိနေတာလား မ က ရောဘာလို့ သွေးစကားဆို ခေါင်းညိမ့်နေရတာလဲ)

သွေး လဲ မ ဘေးနားသို့ သွားပြီး

" မ ..."

" ဟင်...."

" သွေး ကို စိတ်ဆိုးနေတာလား "

" အမ် သဇင့် ပုံက စိတ်ဆိုးနေတဲ့ပုံပေါက်နေလို့လား"

" မ...နဲ့ မခွဲချင်လို့"

" ဟင် ပြောတော့ ကျွန်မ ကို မုန်းတယ်ဆို "

" မသိဘူးကွာ အဲ့အကြောင်းက ပြီးခဲ့ပြီ မပြောနဲ့တော့ အခုမမုန်းတော့ဘူး"

" တက်လဲ တက်နိုင်တယ်နော် "
အဟိ သဇင်စကားကြောင့် သွေးက ရယ်ကျဲကျဲလေး လုပ်နေပြီး

" တစ်ညတာကြောင့် ချစ်မိသွားတာ နေမယ် "

" ဟာ သွေးနော် တော်ပြီသွား မျက်နှာသွားသစ်တော့"

" မ က ရော မသစ်သေးဘူးလား "

" သွေး သစ်ပြီးမှ သစ်တော့မယ် "

" မရဘူး လာအတူတူ သစ်မယ် "
ပြောပြီး သဇင့်ကို မရမက ဆွဲကာ ရေချိုးခန်းထဲ ဆွဲခေါ်နေတဲ့သွေးကြောင့် သဇင့် ရဲ့စိတ်ကို ကြည်နူးသွားစေတယ်

(ဒီကလေး တကယ် ဇွတ်ပဲ ကွာ)
ရင်တွေခုန်မိပါတယ် ကလေး ရယ် မင်းရဲ့ အပြုအမှုတွေကြောင့် ရူးသွားနိုင်တယ်ကွယ်
=================================

ချစ်မိနေပြီ ထင်ပါတယ် မ ရယ် အမုန်းရဲ့ အခြားတစ်ဖက်ကို သွေး ရောက်သွားပြီထင်တယ် (ငါမုန်းတယ်ဆိုကရော ဟုတ်ရောဟုတ်ရဲ့လား)

" ရော့ သွေး "

သဇင် က သွားတိုက်တံလေးပေါ် သွားတိုက်ဆေးညစ်ပြီး သွေး ကို လှမ်းပေးတယ်

" အမယ် ကိုယ့် ယောကျာ်းကို ပြုစုတယ်ပေါ့"

" သွေး နော် ပေါက်ကရပြောမနေနဲ့ မျက်နှာမြန်မြန်သစ် ဗိုက်ဆာနေပြီ "

" ရွှတ် " ရုတ်တရတ် သဇင့် ပါးပြင်ပေါ်သို့ အနမ်းတစ်ခုက ကျရောက်လာတယ်

" ဟာ သွေး ဘာလုပ်တာလဲ "

" ချစ်လို့ "

" မြန်မြန်သစ်တော့ " ပြောပြီး သဇင် လဲ မျက်နှာအမြန်သစ်ကာ ထွက်ခဲ့လိုက်တော့တယ်

ဒီခလေး က သဇင့်အပေါ် အားနာစိတ်တွေကြောင့် အခုလိုပြုမှုနေတာများလား

(ခလေး ရယ် မင်းရင်ထဲက မပါပဲနဲ့တော့ သဇင့်ကို မပြုစားပါနဲ့)

အပိုင်း ၁၄ မျော်

Continue Reading

You'll Also Like

194M 4.6M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
4.9M 258K 34
Those who were taken... They never came back, dragged beneath the waves never to return. Their haunting screams were a symbol of their horrific death...
10.1M 506K 199
In the future, everyone who's bitten by a zombie turns into one... until Diane doesn't. Seven days later, she's facing consequences she never imagine...
29.1M 921K 49
[BOOK ONE] [Completed] [Voted #1 Best Action Story in the 2019 Fiction Awards] Liam Luciano is one of the most feared men in all the world. At the yo...