အမုန်း၏ အခြား တဖတ် ၌

By Htetwunyan

26K 650 2

မိသားစု ပြဿနာ တွေ ကြောင့် ဂျစ်ကန်ကန် ဆိုး နေတဲ့ ကောင်းမလေး နဲ့ အပြုံး မပျက် သည်းခံနိုင် တဲ့ မမ More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
ဇာတ်သိမ်းပိုင်း

အပိုင်း (၁၂)

1.1K 28 0
By Htetwunyan

သွေး ရေချိုးခန်းထဲ ဝင်သွားပြီးတော့ သဇင် လဲ ကိုလေးဆီကို ဖုန်းဆက်ဦးမှ လို့ တွေးပြီး

ဖုန်း Contant ထဲဝင်လိုက်တော့ သွေး နာပါတ်က လွဲရင် ကျန်တာမတွေ့ ဟုတ်သား ဖုန်းက အခုမှလဲထားတာ ပြန်မှမရသေးတာ

သဇင် လဲ ကိုလေး နာပါတ်က အလွတ်ရနေတော့ နာပါတ်နှိမ့်ပြီး ခေါ်လိုက်တယ်

ဖုန်းဝင်ဝင်ချင်းမှာပဲ ကိုလေး က ဖုန်းကိုင်လာတယ်

" ဟဲလို သဇင် ညီမလေး ပြော"

" သတိယလို့ဆက်လိုက်တာ ကိုလေး နေကောင်းတယ်မဟုတ်လား"

" အင်းပါတယ် ညီမလေး ရော နေကောင်းရဲ့လား "

" ဟုတ်.... ကိုလေး " မညာစဖူးညာလိုက်ပြီး (ဟူး တော်ပါသေးရဲ့ မယု မပြောထားလို့"

"ကြီးမြ ရော နေကောင်းလား ကိုလေး "
" ကောင်းပါ့ ဒေါင်ဒေါင်မြည်ပဲ ညီမလေးအကြောင်းတော့မေးတယ်"

" ဟုတ်.. ကိုလေး "

" ဒါနဲ့ လကုန်မှ အလုပ်လျောက်ရမှာဆို အခုရော နေရတာ အဆင်ပြေရဲ့လား "

" ပြေပါတယ် ကိုလေး "

" အေး...အေး အဲ့တာဆို ဒါပဲလေ လိမ်လိမ်မာမာနေ ကြားလား"

" ဟုတ်....ကိုလေး"

ကိုလေး ဖုန်းချသွားတော့ ကိုလေးနာပါတ်ကို contant ထဲ ပြန်မှတ်လိုက်တယ်

ရေချိုးခန်းထဲက သွေး ထွက်လာတော့

" ခေါင်းလျော်တာ လား "

" ဟုတ်...."

"ညနေစောင်းကြီးခေါင်း မလျော်ရဘူးလေ သွေး ရဲ့ နေထိုင်မကောင်းဖြစ်နေမယ် လက်က လဲ အနာနဲ့ကို"
မိစုံဖစုံ က ညနေပိုင်းခေါင်းမလျော်ရဘူးလေ လို့ ပြောချင်ပေမယ့် အဲ့စကားကို သွေးကြိုက်မှာ မဟုတ်လို့ လွှဲပြောလိုက်ရတယ်

" လာ ဒီကိုလာ.....သဘက်ယူလာခဲ့ "

" ဟုတ် " ဖြေပြီး သွေး က သဇင့် အနားမှာ လာထိုင်တယ်

သဇင် က သဘက်လေးကိုယူလိုက်ပြီး သွေး ရဲ့ ဆံပင် ကို ရေခြောက်အောင် သုတ်ပေးလိုက်တယ်

" မ သက်သာလားဟင်"

" အင်း အခုတော့ သက်သာနေပါပြီ "

" မ ဒီညနေ ဘာစားချင်လဲ "

" စားချင်တာရယ်လို့တော့ ထွေးထွေးထူးထူးမရှိပါဘူး အဆင်ပြေတာကို စားလိုက်တာပဲ "

" မ သစ်သီး ထဲ မှာ ဘယ်လိုအသီးတွေကြိုက်လဲ "

" အွန်း...သဇင် က စပျစ်သီး နဲ့ ပန်းသစ်တော်သီးကြိုက်တာ "

" အော်....!"

" ဘာလို့ မေးတာလဲ သွေး "

" ဒီတိုင်း သိချင်လို့ မေးတာပါ" သဇင်လဲ ဘာမှ ဆက်မပြောတော့ပဲ ခေါင်းကို ရေသုတ်ပေးနေလိုက်တယ်

" မ " သွေး ဆီ က အသံ ထပ်ထွက်လာတော့
" အင်း ပြောလေ သွေး "
သဇင် က ပြောဆိုပေမယ့် သွေး က ဘာမှ ထပ်မပြော

သဇင် လဲ ငြိမ်နေလိုက်တယ် ခဏကြာတော့

" မ "
" ဟင် ခေါ်ပြန်ပြီ ပြီးရင် ဘာမှ လဲ ပြောတာ မဟုတ်ပဲနဲ့ "

" မေးသင့်မမေးသင့်စဥ်းစားနေတာ "

" အမယ် အခုမှ လူကြီးလာဆန်ပြနေတယ် ဘာမေးမလို့လဲ မေး"

" မ ကို ဒီလောက်ပြောဆိုလုပ်ထားပြီး ညက လဲ မ ကို အနိုင်ကျင့်ထားတာ ပြောမယ်ဆို Rape လုပ်ထားတာ ဒါတောင် ဘာလို့ သွေးကို မမုန်းတာလဲဟင် "

" အွန်း....အဲ့တာတော့ သဇင် လဲ မသိဘူး သွေး ကို စတွေ့ထဲက ခင်တယ် သွေး ရဲ့ ဂျစ်ကန်ကန်နေတာတွေပြုပြင်ပေးချင်တယ် လိမ္မာစေချင်တာပေါ့ မုန်းတယ် မမုန်းဘူးဆိုတာထက် သွေး ကနေ ပြီး သဇင့် အပေါ် အမြင်ကြည်လာဖို့ ပဲ သဇင် က လိုချင်တာ "

" မ .. သွေး ကို စကားပြောရင် သဇင် ကလို့ မသုံး ပဲ မ ကလေ လို့ သုံးကြည့်ပါလား"

" အာ... အဲ့တာတော့ မသုံးတက်ဘူးရယ် အမြဲ သဇင် လို့ပဲ ပြောလာတာ ဆိုတော့ "
သဇင် ပြောလိုက်တော့ မျက်နှာလေး ပျက်သွားတာကာ

" ထားပါ အဲ့တာ ဆိုလဲ မ သဘောပါ မ လဲ ရေချိုးရင်ချိုးတော့လေ ညနေစောင်းဆို အရမ်းအေးတယ် ဆောင်းရာသီ ဆိုတော့ "
" အင်းပါ သွေး "

" ရေချိုးပြီးမှ ဆေးထပ်လူးပေးမယ်နော် "
" ဟုတ်ပါပြီရှင့် "
တက်လဲတက်နိုင်တဲ့ ကလေး မုန်းတယ်ဆိုပြီး အော်ဟစ်ပြောဆိုလုပ်ခဲ့တာတွေက အခုတော့ သူ မဟုတ်တဲ့ အတိုင်း

တစ်ခု ပဲ သဇင် စိုးရိမ်မိတာက အခု သွေး ရဲ့ ပုံစံဟာ စိတ်ရင်းအမှန်နဲ့ မဟုတ်ပဲ သဇင့် အပေါ် ကျူးလွန်းခဲ့တဲ့ လုပ်ရပ် ကြောင့်များ ရေလိုက်ငါးလိုက်နေနေတာလား ဆိုတာ ပဲ

(ဟန်ဆောင်မှုတွေတော့ မလိုချင်ဘူး ကလေးရယ် မင်း ရင်ထဲက မပါရင် မပေးပါနဲ့)
========================
သဇင် ရေဝင်ချိုးနေတုန်း အခုဏ ဝယ်လာတဲ့ သစ်သီးတွေထဲက စပျစ်သီး နဲ့ သစ်တော်သီး ကို ထုတ်လိုက်ပြီး ဘေစင်မှာ

ရေထွက်ဆေးလိုက်တယ် ပြီးတော့ သွေး ရဲ့ အိတ်စောင်ဓားလေးနဲ့ သစ်တော်သီး ကို အခွံခွာပြီး စိပ်ချ လိုက်တယ်

သွေး ဘယ်သူ့ကို မှ အခုလိုလုပ်မပေးဖူး လက်က နာနေပေမယ့် အံကြိတ်ပြီးလုပ်နေတယ်

ခဏနေတော့ ရေချိုးခန်းတံခါးဖွင့်သံကြားလိုက်ပြီး သဇင် ထွက်လာပြီး ဆိုတာသိတော့ သွေး လဲ သစ်သီးပန်ကန်ကို ယူပြီး အခန်းထဲ ဝင်လာတဲ့အခါ

" အို....... " ရှက်သွားတဲ့ သဇင် ရဲ့ အသံ
သွေး လဲ လည်ပင်မှာတောင် တစ်ဆို့ဆို့ ဖြစ်သွားသည် အထိ လည်ချောင်းတွေ ပါ ချောက်ကပ်ကုန်တယ်

သွေးမရှိတာမို့ အပြင်မှာ စိတ်ချစွာ လုံချည်လေးကို ပေါင်ရင်းအထိ ပင့်တင်ပြီး ဆေးလူးဖို့ လုပ်နေတာကို ရုတ်တရတ်သွေးက ဝင်ချလာတော့ ဘယ်လိုမှ ပြန်ဆွဲ ချ ဖို့ အချိန် မမှီ

(ရှက်လိုက်တာ သွေး ကလဲ ဘာလို့ရုတ်တရတ်ကြီးဝင်လာလဲ မသိဘူး)
ညက ဖြစ်ထားကြတယ် ဆိုပေမယ့် သွေး က မူးနေတာလေ သွေးရဲ့ ခန္ဓာကိုယ်ကို သူ ဘာမှ မြင်ခဲ့မှာ မဟုတ်ဘူး

အခုကျတော့ သွေး က မမူးဘူး နေ့ခင်ကြောင်တောင်မှာ အကုန်မြင်နေရတာ
(မိသဇင် ရယ် နင့်ဖြင့်လုပ်လိုက် ရင် အကုန်တလွဲ ကြီးပဲ သွေးကျ မှ လာမြင်ရတယ် လို့)

( အို....လှလိုက်တဲ့ အတွင်းသားလေး တောသူမလေးတစ်ယောက် က ဒီလောက်ထိ အသားရည် လှ ရဲ့တယ် တဲ့လား)
အသားညိုတဲ့ မ က အတွင်းသားကျတော့ တော်တော်ဖြူတာ
သွေး လဲ သစ်သီးပန်ကန်ကို ခုံပေါ်တင်ပြီး ကြောခိုင်းလိုက်ကာ

" မ ဆေးမြန်မြန်ထည့်နော်ပြီးရင် လက်ဆေးပြီး အသီးစားလိုက်ဦး ဗိုက် နဲ့ လည်ပင်းတော့ သွေး လာလူးပေးမယ် "
ပြောပြီး သွေး အပြင်ကို အမြန်ထွက်ခဲ့တော့တယ်
သဇင် တော့ ဘယ်လိုနေမည် မသိ သွေး မှာတော့ ခြေဖျားလက်ဖျားတို့ပင် အတော်လေးအေးစက်နေပြီ။

(ရင်ခုန်သံတွေရယ် ငြိမ်ငြိမ်လေးနေပေးပါ ကြာရင် ငါ နှလုံးရောဂါ ရတော့မယ်)

မုန်းနေပါတယ်လို့ ကြွေးကြော်မိခဲ့ဖူးတဲ့ လူတစ်ယောက် ကို မှ ရင်ခုန်သံတွေက စည်းချက်မညီ စွာ ခုန်နေရတယ်တဲ့လား

ခက်ပါပြီကော

မ မှာ ပိုင်ရှင် ရှိနေခဲ့ရင်တော့ သွားပြီ
ပိုင်ရှင်မရှိခဲ့ရင်ကော သွေး ကို လက်ခံနိုင်ပါ့မလား

(ငါ့ကံပေါ့လေ ဘာတက်နိုင်ပါ့မလဲ
ဖွင့်မပြောပဲ ဒီတိုင်းလေးနေရင် ပိုကောင်းမယ်ထင်ပါတယ်)
===============

သွေး ပြန်ထွက်သွားမို့ သဇင် လဲ ဒဏ်ရာတွေ ကို ဆေးအမြန်ထည့်ပြီး ထဘီကို ပြန်ဆွဲချလိုက်တာ

ရှက်တဲ့ စိတ်ကြောင့် လက်ဖျားခြေဖျားတင်ပင် အရေထွက်လုမတက်အေးစက်နေပြီ

ဆေးလူးပြီးပြီ မို့ သွေးကို ခေါ်ရန် အခန်းဝသို့ ထ လာခဲ့လိုက်တယ်
" သွေး"

"........." သွေး က လှည့်သာ ကြည့်တယ် ဘာမှပြန်မပြော ကောင်းနေတဲ့ လက် တစ်ဖက် ကလဲ လည်ပင်ပွတ်လိုက် ဆံပင်သပ်လိုက်နဲ့
(အမယ် သူက ပဲ ရှက်နေရတယ် ရှိသေး)

" သဇင် ကို ဆေးလာလူးပေး "

" ဟင် "....သဇင့် ဆီ စကားကြောင့် သွေး မှာ တံထွေးပဲ နင်သွားရတယ်

" ဘာလန့်နေတာလဲ သွေး ပဲ ခုဏ လာလူးပေးမယ်ဆို"

" ဟုတ်.....ဟုတ် "

"လာ အပြင်မှာအေးနေပြီ" သဇင် ခေါ်လိုက်တော့ သွေး က ရယ်ကျဲကျဲ နဲ့ ဝင်လာတယ်

အခန်းထဲရောက်တော့ သဇင့် ရဲ့ ဗိုက်လေးကို ဆေးလူးပေးနေရင်း

" ည က လို ဖြစ်မှာမကြောက်ဘူးလား ဒီလောက်အနေနီးနေတာ"

" သွေးနော် ဘာတွေ လျောက်ပြောနေတာလဲ ညက မထင်မှတ်ထားလို့ လန့်သွားလို့ ဒီ တစ်ခါတော့ ရမယ် မထင်နဲ့"

" အင်းပါ အခုကတော့ ဆေးခန်းတောင် သွားထားရတာမို့ ပြိုင်မငြင်းတော့ ဘူး နောက်မှ လက်တွေ့ပြမယ် ရမရ ကို"

" သွေး..... နော် ဘာတွေ လျောက်တွေးနေတာလဲ "

" ကဲ ဆေးလူးပြီးပြီ မ အသီးလေး စားလိုက်ဦး "

" အင်း"

သွေးလဲ လက် ထ ဆေးလိုက်ပြီး နောက် မ ရဲ့ ဖုန်းအဟောင်းလေးကို ရှာပုံတော် ဖွင့်တော့သည် ။ ဖုန်းလေးက Password မချထားတော့ နည်းနည်းတော့ အံသြ သွားတယ်

Gallery ထဲ ဝင်ကြည့်တော့လဲ ဓာတ်ပုံဆိုလို့ စုစုပေါင်း သဇင် ပုံတစ်ပုံရယ် အန်တီကြီးတစ်ယောက်နဲ့ ကိုလင်းမောင် တို့တွဲရိုက်ထားတဲ့ ပုံရယ် ဒါပဲတွေ့တယ် (ကိုလင်းမောင် ကို မယု မိတ်ဆတ်ပေးထားလို့ သွေး သိတယ်)  ယောက်ဖလောင်းမှန်းမသိတာကလွဲရင်ပေါ့

" ခ်ခ် " ကိုယ့်အတွေးနဲ့ကိုယ်ရယ်နေသောသွေးကို သဇင် က လှည့်ကြည့်လာတယ်

" ဟိတ် ကျွန်မ ဖုန်းထဲမှာ ဟာသ ကား မရှိဘူးနော် "

"ဒီမှာလေ မုန်ကုပ်ကုပ် နဲ့ တောသူမလေး ကို တွေ့လို့ "

" သွေးနော် လူကို များ အခုထိ တောသူမ လို့ ခေါ်နေတယ်"

" စတာပါ မ ရယ် အသီးစားပြီးပြီလား "

" အွန်း စားပြီးပြီ"

"အိပ်တော့ ဆေးသောက်ဦးနော် မ "

" အင်းပါ "

မ က ပြောပြီး ဆေးသောက်နေတော့ သွေး လဲ မဖုန်းရဲ့ Contant ထဲ ဝင်မွှေကြည့်လိုက်တယ်

Contant ဆယ်ခုတောင် မပြည့်တဲ့ နာမည်လေးတွေ ထဲ မှာ
" ကလေးငယ် " ဆိုတဲ့ နာမည်လေး တွေ့တော့ မ ရည်းစားများလား ဆိုပြီး အသည်းသန် ဖုန်းနာပါတ်ကို ဝင်ကြည့်လိုက်မိတယ်

(ဟား...... မ က သွေးနာပါတ်ကို ကလေးငယ် ဆိုပြီး မှတ်ထားတာပဲ)

" မ "

" ဟေ ပြောတော့ အိပ်တော့ ဆိုပြီး ခေါ်လိုက်တာဆိုတာ "

" မ မှတ်ထားတဲ့ ကလေးငယ် ဆိုတာ ဘယ်သူလဲဟင်" သွေး စ လိုက်မိသည်

" မသိဘူး......သွား လာမမေးနဲ့"

" မ ရည်းစားလားဟင်"

" ဟာ သွေး တော်ပြီ မ အိပ်တော့မယ် ရှင် လဲ အိပ်တော့ ကျွန်မ ဖုန်းကို ဝင်မွှေမနေနဲ့ "

" စိတ်ချ အိပ်ပြီ Good night မ "

သွေး မ ဖုန်းထဲကနေ ကျေနပ်လောက်တဲ့ အဖြေကိုရသွားပြီ မို့ အိပ်လိုက်တော့တယ်

=====================

ကလေး ဆီက အသံ ထပ်ထွက်မလာတော့မှ (အင်း အိပ်သွားပြီထင်တယ်)  ဘယ်လို ကလေး လဲ မသိဘူး အပြောင်းလဲက မြန်လိုက်တာ အရင်ရက်တွေက သူမဟုတ်တဲ့ အတိုင်းပဲ

သဇင် လဲ အိပ်မပျော်သေးတာနဲ့ သွေးကုတင်ဆီလျောက်လာလိုက်တယ်

ဆောင်းတွင်းအေးတဲ့အခါကျ အနာတွေက နည်းနည်းတော့ နာချင်လာတယ်လေ ဆေးသောက်လိုက်တော့ သက်တော့သက်သာမှာပါ

သွေး ကုတင်ဆီရောက်တော့ ဘေးနားလေးထိုင်လိုက်ပြီး
သွေး မျက်နှာလေးကို သေချာလေးကြည့်နေမိတယ် နှုတ်ခမ်းလေးဆီ အကြည့်ရောက်သွားပြီး

" ဆေးလိပ်တွေ ထပ်မသောက်ပါနဲ့ သွေး ရယ် အရမ်းလှတဲ့ သွေး ရဲ့ နှုတ်ခမ်းလေးတွေ မဲ လာမှာ မကြောက်ဘူးလား"

သွေး အိပ်နေပြီ အထင်နဲ့ ပြောလိုက်မိကာမှ

" အင်း မသောက်တော့ဘူး မ"

" ဟာ သွေး မအိပ်သေးဘူးလား " ရှက်ရှက် နှင့် ထ ထွက်မယ် လုပ်တော့ သွေး က လှမ်းဆွဲတယ်  ပြီးတော့ သူ့လက်မောင်းပေါ်ကို မေးငေါ့ ပြတယ် လာ အိပ်ဆိုတဲ့ သဘော

" မဟုတ်တာ ဖယ် ပါကွာ သဇင် သွားအိပ်တော့မယ် "

သဇင် ရှက်နေမှန်းသိလို့ သွေးလဲ လွှတ်ပေးလိုက်ပြီး

" သနားလို့နော် ဟွန့်......."

" ဟုတ်ပါပြီ " သဇင် လဲ ကိုယ့်ကုတင် ကိုယ်ပြန်လာပြီး
လှဲလိုက်ပေမယ့်

သွေး နဲ့ အကြောင်းတွေကို တွေးရင်း တော်တော်နဲ့ အိပ်မပျော်ခဲ့ပေ မနက် ၂ နာရီ ထိုးခါနီးလောက်မှ အိပ်ပျော်သွားတော့တယ်

အပိုင်း ၁၃ မျော်ရန်

Continue Reading

You'll Also Like

Android 0327 By Z

Fanfiction

898K 43.2K 53
[COMPLETED] Two brilliant engineers, Kwon Jiyong and Lucas, create the advanced Android 0327 Lalisa Manoban. As Lisa prepares to enter a society that...
55.3M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
4.9M 258K 34
Those who were taken... They never came back, dragged beneath the waves never to return. Their haunting screams were a symbol of their horrific death...
6.6M 180K 55
⭐️ ᴛʜᴇ ᴍᴏꜱᴛ ʀᴇᴀᴅ ꜱᴛᴀʀ ᴡᴀʀꜱ ꜰᴀɴꜰɪᴄᴛɪᴏɴ ᴏɴ ᴡᴀᴛᴛᴘᴀᴅ ⭐️ ʜɪɢʜᴇꜱᴛ ʀᴀɴᴋɪɴɢꜱ ꜱᴏ ꜰᴀʀ: #1 ɪɴ ꜱᴛᴀʀ ᴡᴀʀꜱ (2017) #1 ɪɴ ᴋʏʟᴏ (2021) #1 IN KYLOREN (2015-2022) #13...