အမုန်း၏ အခြား တဖတ် ၌

Par Htetwunyan

18.4K 552 2

မိသားစု ပြဿနာ တွေ ကြောင့် ဂျစ်ကန်ကန် ဆိုး နေတဲ့ ကောင်းမလေး နဲ့ အပြုံး မပျက် သည်းခံနိုင် တဲ့ မမ Plus

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
ဇာတ်သိမ်းပိုင်း

အပိုင်း (၁၁)

790 25 0
Par Htetwunyan

သွေး လျောက်လာရင်း ဗိုက်ဆာတာနဲ့ ထမင်းဆိုင်ဝင်ပြီး ထမင်းစားလိုက်တယ်........ စားပြီးတော့ သဇင် ကို သတိယကာ

( အွန်း သစ်သီးလေးတွေ ဝယ်သွားရင် ကောင်းမယ်) ဟုတွေပြီး
သစ်သီးဆိုင်ဘက် ထွက်ခဲ့လိုက်တော့

လမ်းလျောက်လာရင်း သွေး မေမေ ပိုင်တဲ့ ဖုန်းဆိုင်ရှေ့ရောက်တော့ မေမေ့ ကို လွမ်းပြီး မျက်ရည်ပါဝဲတက်လာတယ်

မေမေ့ အကြောင်းတွေမိတိုင်း ဦးဟံသာ ဆိုတဲ့ သွေးရဲ့ အဖေ နဲ့ ဒေါ်မိုးမြင့်သူဇာ တို့ နှစ်ယောက်လုံးကို အသည်းထဲနင့်နေအောင် မုန်းမိတယ်

သွေး လဲ သဇင် ကိုင်တဲ့ ဖုန်းလေးက Model နိမ့်တယ် ဆိုတာကို သတိယ သွားပြီး ဖုန်းဆိုင်ထဲကို ဝင်လာခဲ့တော့တယ်

သွေး ကို မြင်တော့ အရောင်းဝန်ထမ်းလေးက

" ဟင် အမ ဆိုင်ကိုလာတယ် "

" ဘာလဲ မလာရဘူးလား "

" မဟုတ်ပါဘူး အမရယ် အံသြလို့ပါ "

" နောက်မှ အံသြ အခုလောလောဆယ် Oppo ထဲက နောက်ဆုံးပေါ် ဘာရှိလဲ "

" ဆယ်သိန်း အထက် လား အမ"

" အွန်း ဆယ်သိန်း ဝန်းကျင်လောက်ပဲ "

" အခု လောလောဆယ် Oppo မှာ ဆယ်သိန်းဝန်းကျင်ဆိုရင်

F- series. ထဲ က ရှိတယ် F 21 pro ပါ အမ "

" Ram က ဘယ်လောက်ပါလဲ "

" ခုလောလောဆယ် တော့ 6/128 ပါ "

" အေး ငါ့နာမည် နဲ့ နှစ်လုံးဘောင်ချာဖြတ်လိုက် "

"ဟုတ် အမ နှစ်လုံးနော် "

" အင်း ဟုတ်တယ် ထည့်ဖို့လိုတဲ့ ဆော့ဝဲလ် တွေ အကုန်ထည့်ပေး ၊ ပြီးတော့ Myanmar Net. sim card ရှိသေးလား"

" ဟုတ် ရှိသေးတယ် "

" အေး တစ်ကဒ်ထည့်ထားပေး ဟိုဘက် ဝယ်စရာရှိတာ သွားဝယ်လိုက်ဦးမယ် ပြန်လာရင် ဝင်ယူမယ်"

" ဟုတ် အမ လုပ်ထားလိုက်ပါ့မယ် "

သွေး လဲ ဝန်ထမ်းလေးကို မှာစရာရှိတာ မှာပြီး သစ်သီးဆိုင်ကို ဆက်လာခဲ့လိုက်တယ်

သဇင် ဘာကြိုက်တက်မှန်းမသိတော့ စိတ်ထဲရှိရာ လက်ညိုးထိုးပြီး ဝယ်လာကာ ဆိုင်ကို ဖုန်းယူ ဖို့ ဝင်လိုက်တော့

ကောင်တာ မှာ ထိုင် နေတဲ့ သွေး ရဲ့ ဖခင် ဦးဟံသာ ကို တွေ့လိုက်ပေမယ့် သွေး ခပ်တည်တည် ပဲ ခုဏ မှာခဲ့တဲ့ ဝန်ထမ်းကောင်မလေး ဆီ လျောက်လာခဲ့လိုက်တယ်

" သွေးဟေမာန် သမီး "
ခေါ်သံကို ကြားပေမယ့် သွေး လှည့်မကြည့်

" ဖုန်း က နှစ်လုံးတောင် ယူတာဆို သမီး ဘာလုပ်ဖို့လဲ"

" ကျုပ် မေမေ ပိုင်တဲ့ ဆိုင်က ဖုန်းက ကျုပ်က ဘယ်နှစ်လုံးယူယူ ယူခွင့် မရှိဘူးလား "

" သမီး စကားပြောတာ မရိုင်းနဲ့ "

" မရိုင်းစေချင်ရင် လာမပြောနဲ့ " တစ်လတ်စထဲ ဝန်ထမ်းကောင်မလေးဘက်လှည့်ပြီး

" ပြီးပြီလား"

" ဟုတ် ပြီးပြီ အမ"

" အေး ပေးတော့ " သွေး လဲ ကောင်မလေးဆီက ဖုန်းထည့်ထားတဲ့ အိတ်ကို ဆွဲယူပြီး ပြန်ထွက်လာခဲ့တယ် တကယ်မမြင်ချင်ဘူး

အဆောင်ရောက်တော့ သဇင်က ဖုန်းကြည့်နေရှာတယ်
သွေး လဲ အပြင်မှာထွက်လာတဲ့ ဒေါသ ကို ထိန်းလိုက်ပြီး

" မ "

" ဟင် "

" ဆေး ထည့်ပြီးပြီလား "

" အွန်း ထည့်ပြီးပြီ "

" မ ခဏ ထ ဦး"

" ဘာလို့လဲဟင် "

" ထ ပါ ဆို မထ ရင် သိတယ် နော် "

" ထ ပြီ ထပြီ " ကြောက်အားလန့်အားနဲ့ ထ လာရှာတဲ့ သဇင့်ကို ကြည့်ပြီး ရယ်ချင်သွားတယ်

သွေး က သဇင့်ရှေ့မှာ ဒူးထောက် ထိုင်ချ လိုက်ပြီးနောက်

" သွေး ဘာလုပ်တာလဲ ထ ပါနော် "

" မ သွေးကို ခွင့်လွှတ်ပေးပါနော် "

" ခွင့်လွှတ်တယ်လို့ ပြောပြီးပြီလေ သွေး ရယ် ထ ပါ "

" မ ကို ပေးစရာ ရှိလို့"

" ဘာလဲဟင်"

" မ,  မငြင်းဖူးလို့ အာမခံလား "

" ကဲ ထပြီး ပြောပါ သွေး ရယ် သွေး ရဲ့ အာ့လိုပုံမျိုး သဇင် မမြင်ချင်ဘူး"

" မ "

" ပြောလို့ "

" မ အတွက် သွေး ဖုန်း ဝယ်လာတဲ့ သွေးက အတူတူ ကိုင်မယ်လေ နော် "

" မ မယူချင်....." သဇင့် စကားမဆုံးသေး သွေးက ရုတ်တရတ်ထ ပြီး သဇင့်ရဲ့ နှုတ်ခမ်းကို  သူ့ရဲ့လက်ကလေးနဲ့ " ပိတ်လိုက်တယ်

" မငြင်းပါနဲ့ လို့ သွေး ပြောထားတယ်လေ သွေးကို လိမ္မာစေချင်တယ်ဆို မငြင်းပါနဲ့နော် "

" ဖုန်း က စျေးဘယ်လောက်တောင် လဲ"

" မမေးပါနဲ့လို့ သွေး က မနဲ့ Couple ကိုင်ချင်လို့ပါ "

" စျေးကြီးရင် မလိုချင်ဘူး သွေး ရယ် "

" မ! " သွေး အသံက စိတ်မရှည်တော့တဲ့ အသံမို့

" ကဲပါ သွေး သဘော ဟုတ်ပြီလား" သဇင် က ပြောလိုက်တော့
မျက်နှာလေးပြုံးသွားရှာတဲ့ သွေး တကယ်ကို ဇွတ်တရွတ်လေး

" ရော့ မ ဒါက မ အတွက် ဒါက သွေး အတွက် "

"သွေးရယ် ဒါကြီးက စျေးကြီးမှာ သဇင် သိတယ် "

" ပြောပြန်ပြီ "

" စျေးကြီးတာကြီး သဇင် မကိုင်ရဲဘူး "

" တော်ပြီ မ ရာ ဆက်ပြောနေရင် သွေး ဖက်နမ်းတော့မှာနော်"

" မပြောတော့ဘူး " ချက်ချင်းအကြောက်အကန် ထပြောတော့ သွေး တကယ် အသည်းတွေယားတာ ပြောမနေနဲ့တော့
ဒီလောက် ချစ်ဖို့ကောင်းတဲ့ အမျိုးသမီးကို ဘာလို့များ အရင်က မုန်းနေမိတာပါလိမ့်

" မ သွေး Sim Card ထည့်ပေးမယ် နော် ပြီးတော့ မ အင်တာနက် သုံးဖို့ သွေး Myanmar Net Card ဝယ်လာတယ်"

" အာ့လောက်မလိုပါဘူး သွေးရယ် "

" သွေး က လိုတယ်ဆို လိုတယ်ပေါ့ မ နော် "

" ဟုတ်ပါပြီး ဒေါ်သွေးဟေမာန် ရယ် "

ဒီခလေး ဆိုးတာလေးကို မှ သဇင် အသည်းယားနေမိတယ် ဘယ်လို လဲ ကွာ သဇင် က သွေးနဲ့ကျမှ ဘာလို့ ရင်ခုန်နေမိပါလိမ့် ညက ဖြစ်ရပ်ကြောင့်များလား
( မဖြစ်သင့်ဘူး သဇင် ရယ်) လို့ တွေးမိပေမယ့် ဒီကလေးကိုလဲ တွယ်တာနေမိပြီလေ

ဖုန်းနဲ့ပတ်သတ်ပြီး ကျွမ်းကျွမ်းကျင်ကျင် လုပ်နေတဲ့ သွေး ကို သဇင် ထိုင်ကြည့်နေမိတယ်

ခဏနေတော့ သွေး က လက်ထဲ ဖုန်းလာထည့်ပေးရင်း

" ဘာတွေ အာ့လောက်ကြည့်နေတာ "

" ဘာမှဟုတ်ပါဘူး ပျင်းလို့ ထိုင်ကြည့်နေတာ "
စကားပြောနေရင်း ဖုန်းဝင်လာလို့ကြည့်တော့ 💞💞💞💞 ဆိုပြီး မှတ်ထားတာလေး ဘယ်သူများလဲ လို့ စဥ်းစားနေတုန်း

သွေး က သူ့ဖုန်းကို ထောင်ပြတယ် သူခေါ်တာဆိုတဲ့သဘောနဲ့
သူ့ဖုန်း မှာကျ My Favorite Girl တဲ့

" အို.....သွေး ရယ် ဘယ်လိုကြီးမှတ်ထားတာလဲ "

" ဘာလဲ မ မမှတ်ရဘူးလား" သွေး က မျက်မှောင်ကြုတ်ပြီး ကြည့်လာတယ်

" ကဲပါ ဆရာမလေး ရှင်လေးသဘော ဟုတ်ပြီလား"

" အဲ့လို လုပ်ပါ ဒါနဲ့ မ Facebook သုံးမလား သွေး ဖွင့်ပေးမယ်"

" မသုံးပါဘူး သွေး ရယ် လကုန်ရင် အလုပ်ဆင်းရမှာလေ"

" မ ဖုန်းကို စမ်းသုံးကြည့်ဦး မလုပ်တက်ရင် သွေးကို ပြောနော် သွေး ရေချိုး လိုက်ဦးမယ် "

" အင်းပါ သွေး "

" ဒီဖုန်းအဟောင်းလေးတော့ သွေး ယူလိုက်မယ်နော် "

ဘာလုပ်မလို့လဲလို့တွေးမိလိုက်ပေမယ့်

" အင်း သဘောပါ " ဒီကလေး ကို သဇင် ဘာကြောင့်ဒီလောက်ထိတောင် အရှုံးပေးမိနေပါလိမ့်....ဒီကလေး မျက်နှာ ညိုးမှာကိုတောင် သဇင် မကြည့်ရက်နိုင်ပေ
===============

သဇင့် ရဲ့ အကြောင်းကို ဘာမှသေချာ မသိသေးတော့ ဖုန်းထဲကနေ စိပ်စုမယ်ဆိုတဲ့ စိတ်နဲ့ ဖုန်းလေးကိုတောင်းလိုက်မိတာ

တကယ်လို့များ မ မှာ ရည်းစားရှိနေခဲ့ရင် မ ကို စိတ်မဆင်းရဲစေချင်တဲ့ အတွက် သွေး ဘက် က နေ လှမ်းဖို့ စတင်နေတဲ့ ခြေလှမ်းတွေ ကို ရုတ်သိမ်းပေးရတော့မယ်လေ

(မ, မှာ ပိုင်ရှင် မရှိပါစေနဲ့ ) လို့ ဆုတောင်းကာ သွေး လဲ ရေချိုးခန်းထဲ ဝင်လာခဲ့တော့တယ်

အပိုင်း ၁၂ မျော်

Continuer la Lecture

Vous Aimerez Aussi

1.5K 67 13
"ခါနွေဦးဆိုတဲ့ကျွန်မက နွေဦးမှာမွေးဖွားလာတဲ့ကံကော်ရိပ်ဆိုတဲ့အမျိုးသမီးကိုသိပ်ကိုချစ်ပါရဲ့ရှင်" ခါနွေဦးဆိုတဲ့အမျိုးသမီးနဲ့ကံကော်ရိပ်ဆိုတဲ့အမျိုးသမီး...
Alina Par ihidethisapp

Fiction générale

1.6M 40.5K 80
The Lombardi family is the most notorious group in the crime world. They rule both the American and Italian mafias and have many others bowing at the...
5.1K 200 14
သိပ်ချစ်လို့မဝေးပါရစေနဲ့ချယ်ရယ်..
5.9K 267 14
ခင်ဌားမောင် ♡ ယဉ်နှိုင်းမေ