ည ၈ နာရီခွဲကျော်တဲ့ အထိ သွေး က ပြန်ရောက်မလာသေးပေ
(ဒီလို ညအိပ်ညနေ အပြင်ထွက်တက်တယ် ထင်ပါတယ်လေ)
ဘာပဲ ပြောပြော မယုဆီ ဖုန်းဆက်မှဆိုပြီး မယုဆီ ဖုန်းဆက်လိုက်တယ် တော်ကြာ သဇင်က တံခါးက အထဲက ဂျက်ထိုးရမှာလား မထိုးရမှာလား မသဲကွဲဘူးလေ
" ဟဲလို မယု"
" အေး သဇင် ပြော"
" သွေး က အပြင်မှာ ညအိပ်တက်လားဟင်"
" မအိပ်တက်ပါဘူး ဘာလို့လဲ သဇင်"
" အခုထိ ပြန်ရောက်မလာသေးလို့"
" အေးအေး မယု ဖုန်းဆက်ကြည့်လိုက်မယ်"
ပြောပြီး မယု က ဖုန်းချသွားတယ်
ဒီကလေး အရမ်းတွေ များမူးနေပြီလား ဟူး ဘယ်လိုများ ပျော့ပြောင်းလာအောင် လုပ်ရပါ့မလဲလေ
" ကြင်နာသလိုမကြင်နာသူ.....နေနိုင်ရက်တဲ့ချစ်သူလေး"
ဖုန်းကိုကြည့်လိုက်တော့ မယု ပြန်ဆက်တာ
" ဟဲလို မယု"
" အေး ညီမလေး သွေးက ဖုန်းမကိုင်ဘူး
သူ့ သူငယ်ချင်း က တော့ အခုသူတို့ ပြန်လာနေပြီ ပြောတယ် "
"ဟုတ် မယု သဇင် စောင့်နေလိုက်ပါ့မယ် "
" အေး သဇင် တကယ်လို့ သွေးပြန်လာတာ ခြံတံခါး ပိတ်သွားပြီ ဆိုရင် ခြံဝ မှာ ပန်းအိုးရှိတယ် အဲ့ပန်းအိုးထဲမှာ ခြံသော့ ရှိလိမ့်မယ် ဘယ်သူမှတော့ မသိစေနဲ့နော် သွေး ပြန်လာရော သော့ထားတဲ့နေရာ ရော"
" ဟုတ်ကဲ့ မယု"
ခက်တယ်ကွယ် သွေး တစ်ယောက်နဲ့တော့ ဒီကလေးကို လိမ္မာလာအောင် ဘယ်လို နည်းလမ်းသုံးရမလဲ သဇင် မတွေးတက်တော့
သဇင် ထိုင် စောင့်နေတာ တစ်နာရီ နီးပါး ရှိပြီ အခုထိ ရောက်မလာသေးပေ လမ်းမှာ များတစ်ခုခု ဖြစ်နေတာလား သွေး ရယ်
(အို မဟုတ်တာ ငါဘာတွေ တွေးနေပါလိမ့် ရန်ကုန်က ကားကြပ်တယ်လေ ကားလမ်းတွေ ပိတ်နေလို့ နေမှာပါ)
သဇင် နာရီကြည့်တော့ 11 ခွဲနေပြီ
သဇင် စိတ်ပူနေတုန်း မှာ ပဲ အဆောင် ရှေ့ကို ကိုယ်ပိုင် ကား အဖြူရောင်လေး ထိုးရပ်လိုက်တာ တွေ့လိုက်တော့
သဇင် လဲ အမြန်ထပြီး ခြံတံခါး ဖွင့်ပေးလိုက်တယ်
ကားပေါ်ကလဲ သူ့ငယ်ချင်းတွေက သွေးကို တွဲ ပြီးဆင်းလာတာတွေ့ရတော့ (ဟင် သွေး အရမ်းတွေ မူးလာတာပဲ)
သဇင် လဲ ပြေးပြီး
" အရမ်းမူးလာတာပဲ "
" ဟုတ်တယ် တားမရလို့ ညီမ တို့လဲ ကြည့်နေတာ အစ်မ က အသစ် ရောက်နေတဲ့ တစ်ယောက်လား"
" ဟုတ်တယ် ညီမလေး "
" ဒါဆို သွေးကို ထားခဲ့ ပြီနော်"
"အေးအေး ကားဂရုစိုက်မောင်းဦးနော်" ဟု ပြောပြီး သွေး ရဲ့ လက်ကို သဇင့် ပုခုံးပေါ် ဆွဲ တင်လိုက်ပြီး
"သွေး သွားရအောင် "
သွေး က သဇင့် ကို ရီဝေနေတဲ့ မျက်လုံးတွေ နဲ့ တစ်ချက်ကြည့်ပြီး
" အဟက် ဒေါ်မိုးမြင့်သူဇာ ခင်ဗျား ဘာလာလုပ်တာလဲ"
ဟူး.......သူ့ ဆရာမ နဲ့ သဇင့် ကိုလူမှားနေတာပဲ သဇင် ခြံတံခါးပြန်ပိတ် ပြီး သော့ကို ယူတဲ့နေရာမှာ ပြန်ထားလိုက်ကာ
" နောက်မှပြောတော့နော် အခန်းထဲအရင်သွားရအောင်"
သွေး က ဘာမှ ပြန်မပြောတော့ပဲ သဇင့်ကို တွဲခို ကာ လိုက်လာခဲ့တယ်
သဇင် လဲ မနိုင်မနည်းနဲ့ သွေးကို ထိန်းခေါ်လာပြီး သူ့ကုတင်ပေါ်တင်ပေးလိုက်ကာ ဖိနပ်ချွတ်ပေးလိုက်တယ်
ကုတင်ပေါ်ကန့်လန့်ဖြစ်နေတဲ့သွေးကို တည့်ပေးပြီး ခေါင်းဦးပေါ် ကို ခေါင်းတင်ပေးလိုက်ပြီးနော်
" ကလေးရယ် ဘာလို့ဒီလောက်သောက်ရတာလဲ လူမှန်းသူမှန်း မသိကွာ " ပြောပြီး နဖူးလေးကို သတ်လိုက်ကာ သက်ပြင်းချလိုက်တယ်
မယုယ ကို သွေး ပြန်ရောက်ဟု ဖုန်းဆက်ဦးမယ်လို့တွေကာ သဇင် လှည့်အထွက်
" ခင်ဗျား ဘယ်သွားမလို့လဲ" သွေးက လှမ်းဆွဲကာမေးလိုက်တယ်
လူမှားနေမှန်း သဇင် ရိပ်မိပါတယ် ဘာမှပြန်မပြောပဲ သွေး ရဲ့ လက်ကို ဖယ်ချလိုက်တော့
သွေးက လက်ကို ေစာင့်ဆွဲလိုက်တယ်
သဇင် လဲ သွေးကုတင် လဲ လှဲကျသွားတော့တယ် (အလို ဒီကလေး အားသန်လှချေလား)
တွေးနေဆဲမှာပါ
" ခင်ဗျားကြီးဘာလို့ ကျုပ်ကို လှည့်စားရတာလဲ ကျုပ်ကို လှည့်စားတာ ခင်ဗျားကြီးအမှားပဲ" ပြောပြီး နှုတ်ခမ်းပေါ်ကျရောက်လာတဲ့ ပူနွေးနွေးအရာတစ်ခု သဇင် မျက်လုံးတွေ ပြာဝေသွားတယ်
သွေး ကို တွန်းကာ " မင်း မှားနေပြီ ဖယ်...အွန့်"
သဇင် စကားမဆုံးခင် မှာပင် သွေး ရဲ့ ကြမ်းတမ်းတဲ့ အနမ်းတွေက ရမ္မက်ဆန်စွာ ကျရောက်လာတယ်
သဇင် ရုန်းပေမယ့် အချည်းနှီး ပင် အနမ်းကြမ်းကြမ်းတွေအောက်မှာ သဇင့် အားအင်တွေလဲ ကုန်ခမ်းလာရတယ်
သွေး က သဇင် တားနေပေမယ့် ရပ်မသွား သဇင့်ရဲ့ လည်တိုင် ဆီ အနမ်းတွေက ရောက်သွားပြီး လက်မှ လဲ သဇင့် ရင်ဘက်ပေါ်မှာ ပြေးလွှားဆော့ကစားနေလေရဲ့
" သွေး ဖယ် ပါ မင်းလူမှားနေပြီ..... အာ့ "
လည်ပင်ရိုးလေးပေါ် ကိုက်ချလိုက်တဲ့ သွေး ကြောင့် မျက်ရည်များပင် ဝဲ သွားရသည်
သွေး ရဲ့ လက်တွေကို လိုက်ထိန်းချုပ်နေပေမယ့် မအောင်မြင်ခဲ့
နောက်ဆုံးတော့ သဇင် ရဲ့ ဘဝ ဟာ သွေး လက်ထဲမှာ ကျရှုံးသွားခဲ့တယ်
ရည်းစားပင် မထားခဲ့ဖူးတဲ့ သဇင် ကြမ်းတမ်းလှတဲ့ သွေးကြောင့် နာကြင် မှုက မချိမဆန့်ပင်
သူ့ရဲ့ ဆန္ဒတွေ ပြီးမြောက်သွားလို့ ထင်ပါရဲ့ သွေးဟာ ပက်လန်လှဲချပြီး အိပ်ပျော်သွားတော့တယ်
သဇင် လဲ ပြေလျော့နေတဲ့ ထဘီ ကို ပြန်ဝတ် ပြီး သွေးကုတင်ပေါ်မှ ဆင်းကာ သဇင် ကုတင်ပေါ်ပြန်လာခဲ့လိုက်တယ်
ဒီ အဖြစ်တွေကို သွေး က မှတ်မိလောက်မယ်မထင်ပါဘူးလေ
တစ်ကိုယ်လုံးလဲ နာကျင်ကိုက်ခဲပြီး အောက်ပိုင်းက သွေးရဲ့ လက်သည်းတွေကြောင့်ရတဲ့ ဒဏ်ရာက ပိုလို့ပင် နာကြင်နေလေတယ်
======================
သွေး အိပ်ယာမှ နိုးတော့
" အား...F..k ခေါင်းကိုက်လိုက်တာ "
" သွေး ရော့ သံပုရာရည် ဘီယာမူးတာကို သံပုရည်သောက်ပေးရတယ် လို့ တော့ ကြားဖူးလို့"
သွေး လဲ မျက်မှောင်ကြုတ်ပြီး သံပုရာရည်ခွက်ကို လှမ်းယူကာ
မသွေမလန်းဖြစ်နေပြီး ခါတိုင်းနဲ့ မတူတဲ့ သဇင့်ကိုကြည့်ကာ
" မနေ့ က ကျွန်မ နဲ့ အခန်းထဲ ဘယ်သူပါလာသေးလဲ"
ဘယ်သူမှမပါပါဘူး ဘာဖြစ်လို့လဲ "
ဘာမှ မဟုတ်တော့ဘူး
ဒါဆို မနေ့က ဒေါ်မိုးမြင့်သူဇာ လို့ သွေး ထင်တဲ့တစ်ယောက်က ဘယ်သူများလဲ
သေချာတာက ဒေါ်မိုးမြင့်သူဇာ က သွေး ဆီ ကို လာမည် မဟုတ်
ဒါဆို ဘယ်သူများလဲ ညက အဖြစ်ပျက်တွေကို မှတ်မိနေပေမယ့် ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ သွေး မသိ
"ဟင်! " သွေး ထိတ်လန့်တကြား သဇင် ကို ကြည့်လိုက်တယ်
သဇင် ပုံစံ က သွေး မသွေမလန်း ဖြစ်နေပေမယ့် သွေး အပေါ်မှာတော့ ပုံမှန်ပါပဲ
(ဘုရား...ဘုရား မဟုတ်ပါစေနဲ့)
=======================
သွေး မေးလိုက်တဲ့စကားကြောင့် မှတ်များမှတ်မိနေတာလား လို့ လန့်သွားပေမယ့် ဘာမှ ဆက်မပြောလာမှပဲ သဇင် သက်ပြင်းချနိုင်တယ်
လူ ကတော့ နာကြင်မှုတွေ ကြောင့် နေရတာ အဆင်ပြေမနေဘူး
သဇင့် ရဲ့ ဗိုက်မှာ ဆို သွေး ရဲ့ လက်သည်းရာတွေက မြင်မကောင်း အားအင်ချိနဲ့သလို ခံစားနေရတယ်
လည်ပင်းက သွေး ကိုက်ထားတဲ့ သွားရာကိုလဲ လူမမြင်ရအောင်လို့
ကော်လံ အင်္ကျီလေး ဝတ်ထား လိုက်တယ်
သွေး ကို လှည့်ကြည့်တော့ ထိုင်ပြီးငိုင်နေလေတယ်
ခဏနေတော့ ဖုန်းခေါ်နေတာကို တွေ့ရတယ်
" အေး သရဖီ နင် နိုးပြီလား "
" အင်း နိုးပြီ "
" အေး ငါ့ဆီလာခဲ့ဦး.... ဆိုင် တစ်ဆိုင်မှာစကားပြောရအောင်"
" ဘာလို့လဲဟ"
" မရှည်နဲ့ဟာ လာဆိုလာခဲ့ ငါမေးစရာရှိလို့"
" အေးအေး"
သွေး ရဲ့ ဖုန်းပြောနေသံကြားပြီး သဇင် လန့်သွားတယ်
သွေး ရဲ့ သူငယ်ချင်း သဇင့် ကို မမှတ်မိပါစေနဲ့ လို့လဲ ဆုတောင်းမိတယ်
===============
သရဖီ့ ဆီ ကို ဖုန်းဆက်ပြီးနောက် ရေအမြန်ချိုးလိုက်တယ်
ဟုတ်တယ် သွေး စိတ်ထဲ မှာ မရှင်းလင်းတဲ့ ပုစ္ဆာ ရဲ့ အဖြေကိုသိချင်တယ်
သွေး ဟာ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ လူတစ်ယောက်တော့ မဖြစ်စေချင်ဘူး ကိုယ့်ကြောင့်ဘယ်သူ့ကိုမှ မထိခိုက်စေချင်ဘူး
ညက သွေး ကို တွဲခေါ်တဲ့သူဟာ ဘယ်သူဘယ်ဝါ ဆိုတာ သရဖီ သိနိုင်လောက်တယ် လို့ တွေးပြီး အပြင်ထွက်ခဲ့လိုက်တော့တယ်
အပိုင်း ၉ မျော်
အရေးအသားလေး ရိုင်းသွားရင် ခွင့်လွှတ်ပေးကြပါ