အမုန်း၏ အခြား တဖတ် ၌

By Htetwunyan

18.4K 552 2

မိသားစု ပြဿနာ တွေ ကြောင့် ဂျစ်ကန်ကန် ဆိုး နေတဲ့ ကောင်းမလေး နဲ့ အပြုံး မပျက် သည်းခံနိုင် တဲ့ မမ More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
ဇာတ်သိမ်းပိုင်း

အပိုင်း (၄)

729 25 0
By Htetwunyan

ညရောက်တော့
တံခါးခေါက်သံ ကြားလို့ ပြေးဖွင့်လိုက်တော့ သွေး ဖြစ်နေသည်
အပြင် က ပြန်လာတာဖြစ်မယ်
သဇင် လဲ တံခါး ဖွင့်ပေးပြီး ကုတင်ရှိရာ ပြန်လျောက်လာလိုက်တယ်

"နောက်ကို တံခါး လော့ချမထားနဲ့ ဒီမှာ ဘယ်ယောကျာ်းလေးမှ မရှိဘူး"

" အင်းပါ ဟေမာန်"

"ဘာ! " ဒေါသ တကြီး ထ အော်လိုက်တဲ့ သွေး
" မင်း....မင်း ငါ့ ကို ဘယ်လို ခေါ်လိုက်တယ် တောက်စ်!"

သဇင် လဲ နားမလည်သလို ကြည့်ပြီး

" ဘာဖြစ်လို့လဲ နာမည်ပဲ ခေါ်လိုက်မိတာပါ" သဇင် အပြောကြောင့်

" မခေါ်နဲ့ လုံးဝ မခေါ်နဲ့ အာ့နာမည်ကို ငါ မုန်းတယ် မင်း နောက်ကို ဘယ်တော့ မှ ငါ့ ကို အဲ့လိုမခေါ်နဲ့ သူများတွေ သွေးလို့ ခေါ်တယ် မို့လား အဲ့တိုင်း ပဲ ခေါ် လာမကွန့်နဲ့"  ဒေါသတကြီး ပြောနေတဲ့ သွေးကို ကြည့်ပြီး (ပူလောင်လိုက်တာ) လို့ တွေးပြီးသက်ပြင်းချလိုက်မိတယ်

" ဟုတ်ပါပြီ စိတ်ချပါ " ပြောပြီး အငယ်တစ်ယောက်က အော်ဟစ်ပြောဆိုလုပ်နေတော့ သဇင် လဲ ဝမ်းနည်းစွာနဲ့ ကိုယ့်နေရာ လေးပြန်လာပြီး လှဲနေလိုက်မိတယ်

==================
" တောက်!" သွေး တစ်ယောက် ဒေါသ တွေ မပြေနိုင်ပေ
ဒီနာမည်ကို ငါအမုန်းဆုံးပဲ ဒီလို ခေါ်ခဲ့တဲ့ လူတစ်ယောက်ကို အရမ်းမုန်းတယ် အာ့ကြောင့် ဒီနာမည်ကိုလဲ မုန်းတယ်

ဒါကိုမှ ဒီနာမည် ကို မှ ကြည့်မရပါဘူး မုန်းပါတယ်ဆိုတဲ့
အမျိုးသမီးကပါ ထပ် ခေါ်လာတာ

သွေး တစ်ယောက်ထဲ ဒေါသ တို့ က ဖြေမပြေ ဖြစ်နေလေ ရဲ့
အဲ့တစ်ယောက်ကို လှည့်ကြည့်မိတော့ ဘာမှမဖြစ်သလို အိပ်နေလေရဲ့

( အရှက်ရော ရှိရဲ့လား မသိဘူး ကိုယ့်ကို ဒီလောက်ပြောတာတောင် ဘာမှ မဖြစ်သလို နေနိုင်တာ အံသြတယ်) လို့ တွေးရင် တစ်ဖက်သို့ ပြန်လှည့်လိုက်တယ် အခန်းမြန်မြန်လွတ်ပါစေ

ကြာရင် ဒီ ပြဿဒါးမ ကြောင့် သွေး အသက်တိုမှာ အမှန်ပဲ

================
(ရှက်စရာကောင်းလိုက်တာ မိသဇင် ရယ် ကိုယ့်ထက် ၃ နှစ်လောက် ငယ် တဲ့ ကောင်မလေး က အော်ဟစ်ပြောဆိုလုပ်တာကို နင် ခံရတာ)

သဇင် လဲ နောက်ကို သွေး နဲ့ ပတ်သတ်ပြီး ဆင်ခြင်ဖို့ ဆုံးဖြတ်လိုက်တယ်
တစ်လတ်စထဲ သွေး က ဘာလို့ အခုလိုမျိုးပုံစံမျိုးဖြစ်နေရတာလဲ
( အို ငါ နဲ့ ဘာဆိုင်လို့လဲ ငါ့ကိုတောင် အမြင်မကြည်တာ ငါက ဘာလို့ သူ့အကြောင်းတွေးနေရတာလဲ)

ဒီနေ့မှ တွေ့ဖူးတဲ့ သွေး က သဇင် စိတ်တွေ ကို ဒွိဟ ဖြစ်စေတာတော့ သေချာပါတယ်

အမှန်တိုင်းပြောရရင် သဇင် သွေး ကို ခင်ချင်တယ် ဒီကိုရောက်စဆိုတော့ သဇင် မှာ မယုယ ကလွဲ ပြီး အသိမှ မရှိတာ

အခန်းဖော်ဖြစ်တဲ့ သွေးကို ခင်ချင်တာတော့ မထူးဆန်းပါဘူးလေ

( ဟင်း....သူမှ ငါ့ကို မခင်ချင်တာ အေးပေါ့လေ ဘယ်ခင်ချင်ပါ့မလဲ
သူက သူဌေး သမီး မြို့ကြီးသူ ငါက တောက လာတဲ့ ဆင်းရဲတဲ့သူလေ)
ဟု ဝမ်းနည်းစွာတွေးကာ မနက်ဖြန် မယုယ နဲ့ အလုပ်ကိစ္စတွေ သွားရမှာ မို့ အိပ်လိုက်တော့တယ်
=================================

သွေး စိတ်ပြေသွားလို့ ပြဿဒါးမ ဘက် လှည့်ကြည့်မိတော့
အိပ်ပျော်နေပြီ ထင်ပါ့ အေးပေါ့ ခရီးပန်းလာတာကို

သွေး ပြောလိုက်တာတွေ လွန်သွားမှန်း သွေးကိုယ်တိုင်လဲ သိပါတယ်(ဟေမာန်) ဆိုတဲ့ နာမည်ကြောင့် ရခဲ့တဲ့ နာကြင်မှု တွေ ကို သူမှ မသိရှာတာ  သူ့ အပြစ်တော့လဲ မဟုတ်ပါဘူးလေ

သွေး အခုမှ သူမ မျက်နှာလေးကို သေချာကြည့်မိတာ
အို....လှလိုက်တာ နှုတ်ခမ်းဖူးဖူးလေ ကော့စင်းနေတဲ့မျက်တောင် ထူးထပ်နေတဲ့မျက်ခုံးမွှေး ရှည်လျားတဲ့ ဆံပင်တွေက အပြစ်ပြောရက်စရာ မရှိအောင် လှပလွန်းနေတယ်

သွေး ဘဝ မှာ လူတစ်ယောက်ရဲ့ အလှကို ဒီလောက်ထိ အသေးစိတ်မကြည့်ဖူးခဲ့

သဇင် က သူရှိမှ 22/23 ပေါ့ သွေးထက်တော့ ကြီးမယ့်ပုံပါလေ
သနပ်ခါးအထူကြီးလိမ်းထားတာက လွဲ လို့ ကျန်တာ ပြောစရာမရှိ

( အို ငါဘာတွေ တွေးနေတာလဲ သူက ငါ့အသားကိုနာအောင် လုပ်ထားတဲ့ ပြဿဒါးမ)  ဟု တွေးပြီး တစ်ဖက်သို့ လှည့်ကာ အိပ်ဖို့ မီးပိတ်လိုက်တော့တယ်

သွေး က မီးလင်း နေ လဲ အိပ်တက်ပေမယ့် တစ်ဖက်က တောသူမ လေ မီးလင်းရင်အိပ်တက်မယ် မထင်ဘူး

အပိုင်း ၅ မျော်

Continue Reading

You'll Also Like

Alina By ihidethisapp

General Fiction

1.6M 40.5K 80
The Lombardi family is the most notorious group in the crime world. They rule both the American and Italian mafias and have many others bowing at the...
7.4K 354 25
သူကလေ တစ်လျှောက်လုံး ကျွန်မကို လိမ်ညာခဲ့တဲ့အပြင် ကတိတစ်ခုတောင်မတည်ဘဲ အမြဲ ရှောင်ပြေးနေတဲ့ မိန်းမမျိုး ကျွန်မ အမုန်းဆုံးဘဲ
277K 17.8K 48
The feeling of being abandoned by one's own family was not unknown to Aadhira. She hates her family for abandoning her when she was only a newborn, l...
1.5K 67 13
"ခါနွေဦးဆိုတဲ့ကျွန်မက နွေဦးမှာမွေးဖွားလာတဲ့ကံကော်ရိပ်ဆိုတဲ့အမျိုးသမီးကိုသိပ်ကိုချစ်ပါရဲ့ရှင်" ခါနွေဦးဆိုတဲ့အမျိုးသမီးနဲ့ကံကော်ရိပ်ဆိုတဲ့အမျိုးသမီး...