အမုန်း၏ အခြား တဖတ် ၌

By Htetwunyan

18.4K 552 2

မိသားစု ပြဿနာ တွေ ကြောင့် ဂျစ်ကန်ကန် ဆိုး နေတဲ့ ကောင်းမလေး နဲ့ အပြုံး မပျက် သည်းခံနိုင် တဲ့ မမ More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
ဇာတ်သိမ်းပိုင်း

အပိုင်း (၃)

796 30 0
By Htetwunyan

သဇင် လဲ အိပ်ယာနိုးလို့ နာရီကြည့်လိုက်တော့ ညနေ ၃နာရီခွဲပင် ရှိနေပြီ မနက်ထဲက ဘာမှမစားရသေးတော့ ဗိုက်ကအတော်လေးကို ဆန္ဒပြနေပြီ ဖြစ်သည် ။

ဘေးကုတင်က သွေးကိုကြည့်လိုတော့ မရှိပေ သဇင် လဲ အိပ်ယာ က နေ ထပြီး အပြင်ကို ထွက်ကြည့်တော့ မယုယ ကို တွေ့လိုက်တယ် ဒါနဲ့
" မမ "
" အော် သဇင် နိုးပြီလား"

" ဟုတ် နိုးပြီ ရေချိုးတာ ဘယ်မှာ ချိုးလဲ ဟင် သဇင်ရေချိုးချင်လို့ "

" ဟင် အခန်း ထဲ မှာ ရေချိုးခန်း အိမ်သာ ပါပြီးသားလေ "

"သွေးရဲ့ ကုတင် ဘေးက နေ ပတ်သွားလိုက် အနောက်မှာ မီးဖိုချောင်ရော ၊ ရေချိုးခန်းအိမ်သာရော ရှိတယ် "

" ဟုတ် မမ "

" ရေချိုးဆပ်ပြာဘာညာ ပါတယ် မို့လား "

"ဟုတ်ပါပါတယ် မမ "

" အေးအေး ကိုယ့်ပစ္စည်း နဲ့ ကိုယ်သုံး ရေချိုးပြီးထွက်လာမှ အဆောင်စည်းကမ်းတွေ ပြောပြမယ်"

" ဟုတ် မမ " သဇင် လဲ မယုယ ကို ပြောပြီး အခန်းထဲ ပြန်ဝင်လာကာ မယုယ ပြောသလို သွားကြည့်မိတော့ ရေချိုးခန်းကိုတွေ့လိုက်တယ်

သဇင် လဲ ပြန်ထွက်လာပြီး အဝတ်စားလဲကာ ရေအမြန်ချိုးလိုက်တယ် ရေပန်းနဲ့ မချိုးဘူးတာကြောင့် ခေါင်းမှာလဲ ရေတွေစိုလို့

သဇင် အင်္ကျီ အမြန်ဝတ်ပြီး မယုယ ဆီ ပြန်ထွက်လာလိုက်တယ် " မမ သဇင် ရောက်ပြီ"
"အေး သဇင် ထိုင်"သဇင် ထိုင်လိုက်တော့ မယုယက
" အဆောင်မှာ စည်းကမ်း ၃ ချက် ရှိတယ်
နာပါတ် က အဆောင်သူအချင်းချင်းရန်ဖြစ်စကားမများရဘူး
ကိုယ့်ပစ္စည်း နဲ့ ကိုယ် သုံးရမယ်
နာပါတ် ၂ က အဆောင် အတွင်းကိုမည်သည့် ဧည့်သည်မှခေါ်မရဘူး တွေ့ချင်ရင် အပြင်မှာထွက်တွေ့လိုပဲရမယ်
နာပါတ် ၃ ည၉နာရီနောက်ပိုင်း အပြင်ထွက်ခွင့်မရှိဘူး ခြံတံခါးသော့ခတ်မှာ ဖြစ်လို့ " သဇင် နားထောင်နေတော့ " အမ ပြောတာတွေ သေချာမှတ်ထား နော် " " ဟုတ်ကဲ့ပါ မမ "

" မနက်ဖြန် အစ်မ နဲ့ ရုံးရှေ့ မှာ Labour Card သွားလုပ်ရမယ် ကြားလား အဲ့တာပါမှ အလုပ်လျောက်လို့ ရမှာ "

" ဟုတ် " " ကဲသွားတော့ ရပြီ " သဇင် လဲ အခန်းထဲ ပြန်ဝင်လာပြီး လှဲနေလိုက်တယ်
=====================

သွေး အပြင်ကနေ ပြန်လာပြီး အခန်းထဲ ဝင်လိုက်တာ သနပ်ခါး အဖွေးသားနဲ့ တောသူမ ကို တွေ့လိုက်ရတယ်

" အမ ပြန်လာပြီလား "

" မင်း အကြောင်းလား ပြီးတော့ တို့ကို အမ လို့ မခေါ်နဲ မကြိုက်ဘူး"

" ဒါဆို ဘယ်လိုခေါ်ရမှာလဲဟင်"

"ဘယ်လိုမှမခေါ်နဲ့ မခေါ်လေ ကောင်းလေးပဲ" သွေးစကားကြောင့် သဇင် ပြုံးမိသွားတယ်

တကယ့်ကို ဂျစ်ကန်ကန်လေး မျက်လုံးလေး က တကယ်စွဲဆောင်မှုရှိတယ် နှာတံလေးက စင်းစင်း လေး
ကြည့်နေရင်းနဲ့ သွေးအကြောင်းကိုသိချင်လာမိတယ် (အင်း မယုယ ကို မေးရင်တော့ သိရမယ်ထင်တာပဲ) သဇင် တွေးပြီး ထ အထွက် " အ့ " သဇင် ဝင်တိုက် မိပြန်ပြီထင်တယ်

" တောက်စ်!"
သွေး ဘာမှပြောချင်စိတ်ကို မရှိတော့ တကယ်ကို နမော်နမဲ့နိုင်တဲ့ အမျိုးသမီး ဘယ်လို ရေစက်လဲတော့ မသိ မြင်လိုက်ထဲက မျက်လုံးထဲ မှာ ဒေါင့်မကျိုးနေဘူး

" တောင်းပန်ပါတယ်နော် သဇင် အပြင်ဘက်ကို အာရုံရောက်သွားလို့ပါ"
" ရတယ် မလိုဘူး " သွေး ခပ်ပြတ်ပြတ်ပဲ ပြန်ပြောလာတော့ သဇင် လဲ အပြင်ကို ထွက်ခဲ့လိုက်တော့တယ်

" မယုယ "
" အင်း သဇင် ဘာပြောစရာရှိလို့လဲ"
" ဟေ သဇင် က ဘာသိလို့လဲ ဟိုကဖြင့်သူ့ကို ကိုက်မတက်ဝါးမတက်ကို"

" ဟီး..... သူ့ ပုံစံလေးက ချစ်စရာလေးပါ မနက်က တက်နင်းမိထားလို့ ဒေါသ ထွက်နေတာ နေမှာပါ"

" သွေးက အဲ့လိုပဲ ဒီကိုတောင် သူ့အဖေ က သူ့ကိုရိုက်လို့ဆိုပြီး အိမ်ပေါ်ကနေဆင်းလာတာ ကြာပြီ သူ့အိမ်ကိုလဲ အဆက်သွယ်မလုပ်ဘူးလေ "

" ဟင် အဲ့လိုလား သူက အလုပ်လာလုပ်တာ မဟုတ်ဘူးလား"

" ဘယ် က သာ နောက်ရက်ကျ လမ်းလျောက်ထွက်ရင်း ပြမယ် ကျန်းစစ်သား အိမ်ယာ ထဲက Yes Mobile က သူ့မိဘ တွေပိုင်တာလေ "

" ဒါဆို သူက သူဌေးသမီးပေါ့ ဒါကြောင့်လဲ အခုလို မာနကြီးတာ နေမယ် " ဟုပြောပြီး သဇင် ရယ်လိုက်မိတယ်

" ဒါနဲ့ မယုယ သွေး က အသက်ဘယ်လောက်ရှိပြီလဲ"
" 19 နှစ်လေ "

" အာ သဇင် ထက် ၃ နှစ်တောင်ငယ်တာပဲ ဒါကြောင့်ထင်တယ် သဇင် က သူ့ကို အမလို့ခေါ်တာကို မခေါ်နဲ့ မကြိုက်ဘူးတဲ့"

" အင်း သဇင် ဘာပဲ ပြောပြော ကိုယ့်စည်းနဲ့ကိုယ်နေ ငယ်တဲ့သူက ပြောတာကို ခံရတာမျိုး မဖြစ်စေနဲ့ "

" ဟုတ်..... ဟုတ် မယု သဇင် သွားတော့မယ်နော်"

" အေး...အေး "

သဇင် အခန်းထဲဝင်လိုက်တာနဲ့ အလိုမကျမှုပေါင်းစုံနဲ့သွေး က ကြည့်ပြီး မျက်မှောင်ကြုတ်သွားတယ်

သဇင် ( ဟိ မျက်နှာလေးက ချစ်စရာလေး ရွာမှာကွမ်းတောင်ကိုင် ဆိုတဲ့ သဇင် တောင် သွေး လောက် ချစ်စရာကောင်းမည် မထင် အင်းပေါ့လေ သွေး က သူဌေး သမီးကို)

သွေး ( မျက်နှာက အမြဲ ပြောင်စပ်စပ် နဲ့ တစ်စက်လေးမှ ဒေါင့်မကျိုးဘူး)

သဇင် ဝင်လာတော့ သွေး လဲ အပြင် ပြန်ထွက်ဖို့ စိတ်ကူးပြီး ပိုက်ဆံအိတ်ယူကာ ထွက်ခဲ့လိုက်တော့တယ်

အပိုင်း ၄ မျော်

Continue Reading

You'll Also Like

32.5K 1.1K 38
"ဘယ်လောက်ပဲ ငိုရ ငိုရ နှလုံးသားက မငယ် မှ မငယ်" *သွန်းရတီဦး* "မင်း ဘယ်လောက်ပဲ ဆိုး" အချိန်တန် တို့ ဆီကို ပြန်လာမှာမလား" *မီမီဇော်* "နင်ကို စတွေ့ကတည်းက...
24.3K 1.5K 44
စာမေးပွဲဖြေတုန်းကအခန်းစောင့်တဲ့ဆရာမကလည်း ကိုယ့်အချစ်ဆုံးလူသားဖြစ်လာနိုင်ပါတယ် တီချယ်ကိုလေသမီးအရမ်းချစ်တာ ...
5.9K 267 14
ခင်ဌားမောင် ♡ ယဉ်နှိုင်းမေ
493K 17.3K 195
(Fan TL) Won Yoo-ha, a trainee unfairly deprived of the opportunity to appear on a survival program scheduled to hit the jackpot, became a failure of...