ကားရပ်သွားတော့ ကားပြတင်းကနေတစ်ဆင့် သဇင် အပြင်ကိုကြည့်လိုက်မိတယ် [အမျိုးသမီးသီးသန့်အဆောင်] ဆိုတဲ့ဆိုင်းဘုတ်လေးရယ် [ အပြင်လူမဝင်ရ] ဆိုတဲ့ ဆိုင်းဘုတ်လေးရယ်ကို တွေ့လိုက်ရတယ်
မယုယ က ကားပေါ်က ဆင်းသွားတော့ သဇင် လဲ လိုက်ဆင်းလိုက်မိတယ် " အ့! " အော်သံကြားလို့ လှည့်ကြည့်မိတော့
ဒေါသ ထွက်နေတဲ့ မျက်ဝန်းတစ်စုံ သဇင် ထိတ်လန့်ပြီး အောက်ငုံကြည့်လိုက်တဲ့အခါ သဇင် နင်းမိထား ခြေချောင်း ဖြူဖြူလေးတွေ
သဇင် လဲ အားနာသွားပြီး " တောင်း....တောင်းပန်ပါတယ်နော် အမ သဇင် မမြင်လိုက်လို့ပါ"
" ကျွတ် ဘယ်လို စပ်စလူးစိန် ရောက်လာလဲ မသိဘူး ပြဿဒါး ပဲ "
ပြောပြီး လှည့်ထွက်သွားလေသည် ။ သဇင် လဲ အိတ်တွေယူပြီး မယုယ နောက်ကနေ လိုက်လာခဲ့တော့တယ်
အထဲရောက်တော့ အိပ်ခန်းထဲ ဝင်တော့မယ် အခုဏ တစ်ယောက်ကို " သွေး ဒီကိုလာဦး " လို့ မယုယ က လှမ်းခေါ်လိုက်တယ်
( ဟင် နာမည်ကြီးကလဲ သွေးတဲ့ ) ဟုတွေးမိတာ " အဟိ! "
" သဇင် ဘာရယ်တာလဲ" " အယ် ဘာမှမဟုတ်ပါဘူး မယုယ"
သဇင် ရယ်တာ အသံထွက်သွားပုံရသည်
(ကျွတ် ကြောင်တောင်တောင် နဲ့ ) သွေး က မဲ့လိုက်ကာ
" အမ ကျွန်တော့်ကိုခေါ်တာ ဘာပြောမလို့လဲ "
"သွေး ဒါက အမ ချစ်သူ ကိုလင်း ရဲ့ ညီမ နာမည်က ခေတ်သဇင်လှိုင်တဲ့" သွေး ဘာမှ ပြန်မပြောမိ
မယုယ က နေ ဆက်ပြီး
" သဇင် ဒါ သွေး နာမည်အရင်းက တော့ သွေးဟေမာန်"
နာမည်က လှသားဟုတော့ သဇင် တွေးလိုက်မိတယ်
နာမည်က အထက်စီး ဆန်သလို လူက လဲ တော်တော် အထက်စီးဆန်မယ့် ပုံ
" ဟုတ် ရပြီ မဟုတ်လား အမ ဒါဆို ကျွန်တော် သွားတော့မယ်"
" နေဦး သွေး အခုလောလောဆယ် ကုတင်အလွတ်ဆိုလို့ မင်း အခန်းတစ်ခုပဲ ရှိတယ် အခုလောလောဆယ် သူ့ကို မင်း အခန်းမှာထားလိုက် "
" ဘာ! " သွေး က ထအော်တော့ သဇင် ရော မယုယ ပါ လန့်သွားတယ်
" ဘာဖြစ်တာလဲ သွေး အလန့်တကြား"
" ကျွန်တော် သူနဲ့ မနေချင်ဘူး သူ့ကိုကြည့်မရဘူး"
" ဟက် ဘယ်လိုကြီးပြောတာတုန်း အခုမှ မြင်ဖူးတာကို"
သူ့စကားကြောင့် သဇင် ဝမ်းနည်းသွားပေမယ့် စိတ်ဆိုးတာမျိုးတော့ မဖြစ်ခဲ့
" ငါ မင်းကို အကူညီတောင်းနေတာ မဟုတ်ဘူး သင့်တော်ရာကို စီမံနေတာ အထွန့်မရှည် နဲ့ သွားတော့"
မယုယ ရဲ့ ပြတ်သားတဲ့စကားကိုတော့ သွေး ဆိုတဲ့ တစ်ယောက် လွန်ဆန်နိုင်ပုံ မရဘူးထင်တယ်
" သွား သဇင် သူ့နောက်က လိုက်သွား ကိုယ့်စည်းနဲ့ကိုယ်နေ သူများပြောစရာဖြစ်အောင်မနေနဲ့ "
" ဟုတ် ကဲ့ ပါ မမ"
" နားလိုက်ဦး နားပြီးရင် အမ ဆီ လာခဲ့ စက်ရုံလျောက်ဖို့လိုအပ်တာတွေ လုပ်ရမယ် ထောက်ခံစာတွေတော့ပါတယ် မို့လား"
"ဟုတ် မမ ကိုလေး အကုန်လုပ်ပေးလိုက်ပါတယ်"
" အေး...အေး သွားနားတော့"
မယုယ စကားဆုံးတာနဲ့ သဇင် လဲ အိတ်လေး မ ပြီး အခုဏ သွေး ဝင်သွားတဲ့ အခန်းထဲ လိုက်ဝင်ခဲ့မိတယ်
အခန်းထဲရောက်လို့ သွေး ကိုကြည့်လိုက်မိတော့
စာအုပ်တစ်အုပ်ကို ဖတ်နေလေတယ် မျက်နှာက တော့ အတော်လေး ဒေါသ ထွက်မယ့် ပုံ
သဇင်ကိုမြင်ပြီး ကြည့်မရဘူးပြောတာ သွေး တစ်ယောက်ထဲ ရှိဦး မည် ထင်သည် သဇင် လဲ လွတ်နေတဲ့ ကုတင်နားကိုသွားပြီး
ကြီးမြ ထည့်ပေးလိုက်တဲ့ အိပ်ယာ ပစ္စည်း ထုတ်ပြီး ကုတင်ပေါ်ခင်းလိုက်တယ် အိတ်ကိုတော့ ကုတင်အောက်ကို ထည့်လိုက်တယ်
ပြီးတာနဲ့ ကိုလေးဆီ ဖုန်းခေါ်ပြီး
" ဟဲလို ကိုလေး "
" အင်း ညီမလေး ရောက်ပြီးဆို ယုယ ဖုန်းဆက်လို့ "
" ဟုတ် ရောက်ပြီ ကိုလေး "
" အဆင်ပြေရဲ့လား " " ဟုတ်ပြေပါတယ်"
" ဟုတ်ပါပြီ လိမ်လိမ်မာမာ နေနော် " " ဟုတ် "
ပြောပြီး ကိုလေး က ဖုန်းချ သွားတယ်
သဇင် လဲ ကုတင်ပေါ်လှဲ ပြီး ပင်ပန်းလာတော့ ခဏလေးနဲ့ အိပ်ပျော်သွားတယ်
=====================
သွေးတစ်ယောက် ခရီး က ရောက်လာတာ ကို ရေမချိုးပဲ အိပ်နေတဲ့ ခေတ်သဇင်လှိုင်ကိုကြည့်ပြီး နှာခေါင်းရှုံမိလိုက်တယ်
(ကျွတ် ညစ်တီးညစ်ပတ် နဲ့ ငါလဲ ဘယ်ရေစက် ပါလိမ့် ကြည့်မရပါဘူးဆိုမှ တစ်ခန်းထဲ လာကျနေတယ် 😏 အခန်းမြန်မြန် လွတ်ပါစေပဲ ဆုတောင်းရမယ်)
သွေး ကြည့်မရတဲ့သူ က ရှားပါတယ် ဒီတစ်ယောက်ကို တော့ စစချင်းမှာ အဲ့လောက်မဟူတ်ပေမယ့် သွေး ခြေထောက်ကို တက်နင်းလိုက်တဲ့ အချိန်မှာ အတော်စိတ်တိုပြီးဒေါသ ထွက်သွားတယ် အဲ့လို ပြာတိပြာယာ မိန်းကလေးမျိုးတွေကို သွေးက မကြိုက် ဘူး
သွေး ကိုယ်တိုင် လဲ စည်းကမ်းတကျနေတယ် သွေးကြောင့် ဘယ်သူ့ကိုမှ ထိခိုက်နာကြင်အောင်မလုပ်ဖူး သွေး ရဲ့ အသားနာအောင်လုပ်လာရင်လဲ အတော်လေးကို မုန်းတယ်
အဲ့ဒိလို မုန်းပါတယ် ဆိုမှ ကျေးဇူးရှင်ပြဿဒါးမ နဲ့ က တစ်ခန်းထဲ လာကျနေသေး( ဝေး အတော်ဆိုးတဲ့ ဝဋ်ပါအေ)
အပိုင်း ၃ မျော်