Devil Number 4 ( နတ်ဆိုး နံပ...

By soraim1

2.1K 226 6

နှစ် ၁၀၀ အကြာ ကမ္ဘာလောကမှာ ရှင်သန်နေထိုင်နေတဲ့ နတ်ဆိုး နံပတ် လေးနဲ့ ဂျစ်ကန်ကန် ‌ခပ်ဆိုးဆိုး ပုံစံရှိတဲ့ ကောင... More

အပိုင်း ၁ နတ်ဆိုးနှင့် တွေ့ဆုံခြင်း
အပိုင်း ၂ အချစ်ဦး
အပိုင်း ၃ နတ်ဆိုးရဲ့ အချစ်
အပိုင်း ၄ အချိန်ခရီးသွားခြင်း
အပိုင်း ၅ မင်းကို ချစ်တယ်
အပိုင်း ၆ Couples
အပိုင်း ၇ စွဲလမ်းမှု ⚠️

အပိုင်း ၈

294 31 4
By soraim1

💬

" ကျောင်းချိန်လည်းပြီးပြီ အိမ်ပြန်ကြတော့မလား "

" ကျွန်တော် လုပ်စရာလေးရှိသေးတယ် နောက်ကျမှ အိမ်ပြန်ရောက်မယ် "

စာတစ်ကြောင်းတည်းသာပို့ပြီး ချက်ချင်းလိုင်းပေါ်က ဆင်းသွားတဲ့ ရှင်းဂျယ်ယွန်းကို ဆောင်ဟွန်းက အခုတလော နားမလည်နိုင်‌တော့ပါ။ ထိုညနောက်ပိုင်း ပိုရင်းနှီးသွားမယ် ထင်ခဲ့ပေမဲ့လည်း အရင်လို ကျောင်းရုံးခန်းလာတာလည်းမရှိတော့သလို အိမ်ပြန် နောက်ကျလိုက် မနက်စောစော ကျောင်းသွားလိုက်နဲ့ ရှောင်ဖယ်လာသလိုခံစားရသည်။

" ဂျယ်ယွန်း ညကနောက်ကျမှပြန်လာတယ် ကျွန်တော်တောင် သူ့ကို သတိ‌ပေးလိုက်သေးတယ် "

" ဟုတ်လား နီကီ ...? ဒီရက်ပိုင်းတမျိုးဖြစ်တယ်ထင်ရလို့ "

အိမ်မှာလည်း စကားပြောစရာဆိုလို့ ဒီလူတွေပဲရှိတာဖြစ်ပြီး ပတ်ဂျုံဆောင်းကို မေးလည်း မသိချင်ယောင်ဆောင်နေသလိုပင်။

" ဆရာ ကောင်းကောင်းသွားပါနော် "

"အင်း အင်း  ကလေးတို့ကောင်းကောင်းပြန် "

‌ကျောင်းသားတွေက  ကျောင်းဆင်းချိန် ကိုယ်စီလာလာနူတ်ဆက်ကြပြီး ကျောင်းပေါက်၀ရောက်တဲ့အခါ သူ့ရဲ့အိမ်က ဂျေးက စက်ဘီးတစ်စီးနဲ့ ရပ်နေတာကိုမြင်လိုက်ရသည်။

" ဟေ့ကောင့် ကျောင်းပေါက်၀မှာ ဘာလုပ်နေတာလဲ "

" ‌ငါ့ကောင်လေးကို လာကြိုတာ "

"ဘာပြောဝာာ ? မင်းကောင်လေးဆိုတာက ..."

" ဪ ဟိုမှာလာပြီ သဲလေး ကိုယ်ဒီမှာ "

ဆောင်ဟွန်းမှာ ဘယ်သူများလဲလို့ကြည့်ခါမှ ဟိုကလေးရဲ့ သူငယ်ချင်း ယန်းဂျောင်၀န်းဖြစ်နေခဲ့သည်။ ပထမဆုံး အိမ်လာအိပ်တဲ့ညမှာတင် အချင်းချင်းကြိုက်သွားကြတာမလား

" ဆရာ.. ဟီးးးး ကျွန်တော် ကိုကိုနဲ့ လိုက်သွားအုံးမယ်နော် "

" မင်းကတော့ ဒိတ်နိုင်ပေမဲ့ မင်းသူငယ်ချင်းက အလုပ်ရှုပ်နေပုံရတယ် "

" ဂျယ်ယွန်းက အခုတလော အချိန်ပိုင်းလုပ်နေတာမလား "

" ဘာပြောတာ ? အချိန်ပိုင်းအလုပ် ? "

" သဲလေးကလည်း ..."

ဂျေးက ဂျောင်၀န်းလက်ကိုကိုင်ပြီး အသိပေးလိုက်မှ ပါးစပ်က မှားထွက်သွားတာကို သတိရမိသည်။

" ဘာလို့အချိန်ပိုင်းလဲ ? ... "

" ဆရာ ! ကျွန်တော် အဲ့တာတော့ တကယ်မသိဘူး အရေးတကြီး ပိုက်ဆံပေးရမှာမို့လို့ဆိုပြီးပဲပြောတယ် "

" မင်း ဒီလောက်သိချင်ရင် လိုက်ကြည့်ပေါ့ မင်းသိနိုင်တာပဲကိုး "

ကျောင်းထဲမှာ ကျောင်းသားတွေရော ဆရာတွေရော အားလုံးနီးပါးပြန်မှ အကျီအ၀တ်စားလဲပြီး ကျောင်းကနေ ထွက်လာတဲ့ ဂျယ်ယွန်းနောက်ကို ပတ်ဆောင်ဟွန်းက တိတ်တိတ်လေးလိုက်လာခဲ့ပါသည်။

" Cafe house "

ဂျယ်ယွန်းက ကျောင်းနားက ကော်ဖီဆိုင်လေးမှာ အကြောင်းပြချက်မရှိ ဘာလို့ အချိန်ပိုင်းလာလုပ်နေတာများလဲ

" ကျွန်တော် နောက်ကျသွားတယ် ဆောရီးပါဗျာ "

" ရပါတယ် လူလည်းသိပ်ရှိသေးတာမဟုတ်ဘူး အေးဆေးပေါ့ "

ကဖေးဆိုင်ထဲမှာ ဂျယ်ယွန်း လှမ်းစကားပြောလိုက်သူက စီနီယာ ‌ဟီဆွန်းဆိုတဲ့ ကောင်လေးဖြစ်နေပြီး ထိုကောင်လေးနဲ့တူတူ ဒီကဖေးဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်နေတယ်ဆိုတာကိုသိလိုက်ရသည်။

" ဂျယ်ယွန်းက မုန့်ဖိုးလိုလို့လား ? မဟုတ်သေးပါဘူး ကဒ်ထဲမှာ ပိုက်ဆံအများကြီး သုံးဖို့ပေးထားတာ အဲ့တာကို မသုံးဘဲ ဘာလို့ အလုပ်လုပ်နေရတာလဲ "

‌နတ်ဆိုးအစွမ်းအစနဲ့ ဂျယ်ယွန်းဘာတွေလုပ်လဲ‌ဆိုတာသိ‌စေရန် စက္ကူငှက်ကလေးကိုခေါက်ပြီး အသက်သွင်းကာ ဂျယ်ယွန်းအနားမှာ စောင့်ကြည့်ဖို့ ထားထားခဲ့လိုက်သည်။

" ဟုတ်ကဲ့ caramel latte တစ်ခွက် ! Toast တစ်ခု ရမယ်နော် ၆၀၀၀ ပါဗျ "

Casher ပိုင်းအဓိက တာ၀န်ယူနေတာဖြစ်ပြီး ဟီဆွန်းကတော့ အဖျော်ပိုင်းနဲ့ ပက်သက်တာကို kitchen မှာ လုပ်နေပြီး လူများရင်များသလို ဂျယ်ယွန်းကပါ waiter ပိုင်းပါ ကူညီနေတာတွေ့ရသည်။ ညနေ ၄ နာရီကနေ ည ၁၀ နာရီအထိမှ ဂျယ်ယွန်းတို့ အချိန်ပိုင်းအလုပ်ချိန် ပြီးသွားခဲ့လေသည်။

" ပင်ပန်းသွားပြီ ၁၀ နာရီလည်း ထိုးပြီဆိုတော့ သိမ်းကြတော့မယ်နော် "

ထိုအချိန်ဆိုင်တံခါးဖွင့်သံ ဘဲလ်လေးက အသံမြည်လာပြီးနောက်

" အားနာပါတယ်ဗျ ဆိုင်ပိတ် ...! ဟင် ဆရာပတ်ဆောင်ဟွန်းလား "

ထိုအသံကြားတာနဲ့ ငွေစာရင်းတွက်ဖို့ ပြင်ဆင်နေတဲ့ ဂျယ်ယွန်းလက်တွေတုံ့ဆိုင်းသွားကာ ဆရာပတ်နဲ့ မျက်နှာချင်းဆိုင် စကားပြောနေတဲ့ ဟီဆွန်းကို မြင်လိုက်ရသည်။

" ဘယ်လိုလုပ် သိသွားရတာလဲ သေစမ်း "

" ဆရာ..! ဒီဘက်မှာ နေတာလားဗျ ညဘက်ကြီး ဆိုင်ဝင်လာတယ်ဆိုတော့ "

" အင်း... အဲ့လိုတော့မဟုတ်ပါဘူး ! ဆရာက လမ်းကြူံလို့ပါ ဒါနဲ ဆိုင်က ပိတ်သွားပြီလား coffee လေး သောက်ချင်တာကိုး "

ဆောင်ဟွန်းပြောတော့ ဟီဆွန်းက ကမန်းကတန်းထလိုက်ပြီး Apron လေး ကောက်၀တ်ကာ ကော်ဖီဖျော်ဖို့ပြင်နေချိန် ခါးအနောက်ကနေ Apron လာဖြုတ်တဲ့ဂျယ်ယွန်းကြောင့် အနည်းငယ် လန့်သွားခဲ့သည်။

" ဂျယ်ယွန်း "

" စီနီယာ အမေ့က အိမ်မှာ တစ်ယောက်တည်းဆို နောက်ကျနေပြီ အရင်ပြန်လိုက်တော့ ကျွန်တော်က ဆရာပတ်ကို ဧည့်ခံလိုက်မယ် "

"မင်းတစ်ယောက်တည်း ဆိုင်သိမ်းတာအထိ ဘယ်လိုစိတ်ချမလဲ "

ပြောလည်းပြော ဂျယ်ယွန်းလက်ဖဝါးကို ကိုင်လိုက်တဲ့ဟီဆွန်းကြောင့် ဆောင်ဟွန်းမျက်ခုံးတွေ တွန့်ချိုးသွားခဲ့ရသည်။

" ရပါတယ် စီနီယာရဲ့ ပြီးတော့ သူဌေးက ခုနက ပြောလိုက်တယ် ဒီနေ့အချိန်ပိုင်းလုပ်ခကို ပေးလိုက်ပါတဲ့ ကျွန်တော်က ပိုတောင်းပေးထားတယ်နော် "

" ဟင်... ၀မ်တစ်သိန်းတောင်  လုပ်အားခက ? ဟုတ်ရဲ့လားဂျယ်ယွန်း "

ဆောင်ဟွန်းက ထိုအခြေအနေကို နားစွင့်ကာ နားထောင်နေမိသည်။ ဂျယ်ယွန်းက ‌ဟီဆွန်းလက်ထဲ ငွေစာအိတ်လေးထည့်ပေးလို့ ကျောင်းလွယ်အိတ်လေးပါ ယူပေးပြီး အတင်းအရင်ပြန်ခိုင်းသည်။

" အမေ့ကိုဂရုစိုက်နော် စီနီယာ "

" အင်း... ဆရာ! သွားလိုက်ပါအုံးမယ် "

ဆောင်ဟွန်းက ပြုံးရုံလေးသာလျှင် ပြုံးပြလျက်။ ဟီဆွန်းထွက်သွားပြီးချိန်မှာတော့ အခြေအနေက အေးစက်စ ပြူလာခဲ့သည်။ ဂျယ်ယွန်းက ဘာမှစမပြောဘဲ လုပ်စရာရှိတဲ့ ကော်ဖီကိုဖျော်ပေးပြီး ဆိုင် ကိုယ်တိုင်သိမ်းပြီး ၁၅ မိနစ်အကြာမှာတော့

" နေခဲ့မှာလား မပြန်တော့ဘူးလား "

" ပြန်မယ် လာ "

နှစ်ယောက်သား ကားလာအကြိူကို ရပ်စောင့်နေဆဲ ဂျယ်ယွန်းက ဒီကိစ္စကို ဘာမှစကားစမပြောတော့ကြောင့် ဆောင်ဟွန်းဘက်ကပဲ စပြောလာရတော့သည်။

"တစ်ရက်ကို ဝမ်တစ်သိန်းရတာ နည်းနည်းထူးဆန်းတယ်မဟုတ်လား .. တကယ်သူဌေးက အဲ့လောက်ပေးတာလား ? ရောင်းအားကောင်းလို့ အဲ့လိုလား "

" မဟုတ်ဘူး ကျွန်တော်ရတာကိုပါ ပေါင်းထည့်ပေးတာ "

ဂျယ်ယွန်းလေးက သူ့ကိုအနည်းဆုံးတော့မလိမ်ခဲ့ပေ။ သတ်မှတ်ထားတဲ့အချိန်ပိုင်းခထက် သိချင်ရုံမေးခဲ့ပေမဲ့ မထင်မှတ်ထားတဲ့အဖြေပါ ကြားလိုက်ရသည်။

" ဘာလို့ ကလေးက ပင်ပင်ပန်းပန်းလုပ်ထားတာကို သူ့ကိုထည့်ပေးလိုက်ရတာလဲ "

" ဒီအကြောင်းနောက်မှပြောလို့ရလား ? တစ်ပတ်လောက်အလုပ်ထပ်လုပ်အုံးမှာမို့လို့ ပြီးတဲ့အထိ သည်းခံထားပေးမလား "

ဘာကြောင့်မှန်းမသိ ဆောင်ဟွန်းရင်ထဲ အနည်းငယ် နာကျင်သွားရသည်။ ဒီလူသားလေးက သူ့ကိုဘာတွေလျိူ့ဝှက်ချင်နေတာလဲ

" ဂျယ်ယွန်း ! ကိုယ်စိတ်မဆိုးဘူး အဲ့ဒါကြောင့်အမှန်တရားပြောစေချင်တယ် မဟုတ်မှလွဲရော မင်းစီနီယာ ဟီဆွန်းကို ကြိူက်လို့ အဲ့လို သူလုပ်တာကို လိုက်လုပ်ပေးတာလား "

ဂျယ်ယွန်းက ထိုအမေးကို မငြင်းချင်ပါ။ သူအတိတ်ကလည်း ဟီဆွန်းကို ရူးလောက်အောင် ချစ်ခဲ့ဖူးတယ်လေ ပြီးတော့ မကောင်းတဲ့ အဆုံးသတ်နဲ့ လက်လွတ်ခဲ့ရတဲ့သူ ဖြစ်တာ ကြောင့် အဖြေမှန်ကို ဆောင်ဟွန်းသိရင် အတိတ်ကထက် ပိုပြီး သူ့ကို နာကျင်သွားမလား ဂျယ်ယွန်းမတွေးရဲပါ။

" သူက လူကောင်းပါ ဆရာ ..! ကျွန်တော်နဲ့ မတန်ပါဘူး "

" ဂျယ်ယွန်း ! အဲ့တာဘာစကားလဲ "

"ဪ ...  ဘာမှမဟုတ်ပါဘူး  ကျွန်တော်လုပ်ရမယ့် မစ်ရှင်ရှိတယ် အဲ့တာတစ်ပတ် နှစ်ပတ်ကြာရင် ပြောပြမယ် ... "

ဘာမို့လို့များ ဂျယ်ယွန်းက အလေးအနက်ဖြစ်နေရလဲ။ တကယ် ဒီကောင်လေးကိုပါ ကြိုက်နေလို့များ

" ဂျယ်ယွန်း ! ကိုယ်.... ဘယ်လိုနားလည်ရမလဲ မနက်နဲ့ ညပိုင်းလေးတောင် ‌တွေ့ခွင့်မရဘူး အတန်းထဲ စကားမပြောတဲ့အပြင် ကျောင်းရုံးခန်းထဲ လာမ‌တွေ့တော့တာ ကိုယ့်ကို ခပ်ကွာကွာနေတာလာတွေကရော "

" အဲ့တာက ဆရာနဲ့ကိစ္စကို ဂျောင်၀န်းတို့က ရိပ်မိနေလို့ မလာဖြစ်တာ ..."

ဆောင်ဟွန်းရဲ့ အေးစက်နေတဲ့လက်တစ်စုံက ဂျယ်ယွန်းလက်က်ု တင်းကျပ်ကျပ် ဆုပ်ကိုင်လို့ထားပြီး ပြောသမျှကို နားထောင်ပေးခဲ့သည်။

" သူတို့တကယ်ရိပ်မိတယ်ဆို နောက်ကျရင် ကိုယ်က အားလုံးကိုဖွင့်ပြောပြီး ကလေးကို အတည်တွဲမှာ ရှင်းဂျယ်ယွန်းက အစကတည်းက ကိုယ့်အပိုင်ပဲမို့လို့ ကလေးဒီကိစ္စကို ပူစရာမလိုပါဘူး "

"ဆရာ့ဘက်က ဘာလို့အဲ့လောက်တောင် ‌သေချာနေရတာလဲ ? ကျွန်တော်နဲ့ တကယ်အတည်တွဲရုံပဲလား အနာဂတ်ကရော ဘယ်လိုဖြစ်မှာလဲ "

ဆောင်ဟွန်း ကြောင်အမ်းအမ်းလေးဖြစ်ပြီး ဂျယ်ယွန်းကိုပြောဖို့စကားလုံးရှာနေခဲ့သည်။

" အနာဂတ်...?"

ဂျယ်ယွန်းက ထိုလက်တွေကို ပြန်ဆုပ်ကိုင်ပြီး စကားတစ်ခွန်းပြောထွက်လာခဲ့သည်။

"အိမ်မက်တစ်ခုမက်ခဲ့တယ်..။ အဲ့အိမ်မက်မှာ ကျွန်တော့်အသက်က ၂၂ နှစ် ရုတ်တရက်ကြီး ညတစ်ညမှာ ကျွန်တော့်ကို လူတစ်ယောက်က ရင်ဘတ်ကို ဓားနဲ့ထိုးဖို့ရွယ်ခဲ့တာ အဲ့လူက  ဆရာဖြစ်ခဲ့တယ်။ "

" မင်း....ဘယ်လိုဖြစ်လို့ ဒီလိုအိမ်မက်ကြီး မက်ရတာလဲ ..?"

"မသိဘူး ... အဲ့အိမ်မက်ထဲမှာလေ ကျွန်တော့်ဆန္ဒ ကျွန်တော့်မျော်လင့်ချက် ရည်မှန်းချက်တွေက နောက်ဆုံး လူ့ခန္ဓာကိုယ်နဲ့အတူ သေဆုံးပြီး ဝိညဉ်က ဘာမှန်းမသိတဲ့နေရာမှာ ကျန်ခဲ့တာ ကျွန်တော် အရမ်းကြောက်တယ်  ကျွန်တော် ဒီမှာပြန်ကြိူးစားလည်း လာမယ့်အနာဂတ်က အဲ့လိုအဆုံးသတ်ရင် ဘယ်လိုလုပ်မလဲ..?"

" ဒါ.. အိမ်မက်ရော ဟုတ်ရဲ့လား "

" ဖြစ်လာမယ့်အနာဂတ်ကို ကြိုမက်ခဲ့သလိုပဲ ..."

ဆောင်ဟွန်းရဲ့ တွေဝေနေတဲ့ မျက်နှာအရိပ်အယောင်တွေကို ဂျယ်ယွန်းကြည့်မိသည်။

သူက နတ်ဆိုးပဲ ။ နတ်ဆိုးအလုပ် သူလုပ်မှာဆိုရင် ငါက ငါ့ရဲ့ ဆိုးရွားတဲ့ ကံတရားကို ဘယ်နည်းနဲ့ရရ ဝာားဆီးမယ်။

..................

" ဂျယ်ယွန်း ..! ငါတောင်းပန်ပါတယ် မနေ့က ဆရာရှေ့မှာ မင်းအချိန်ပိုင်းလုပ်တဲ့ကိစ္စ‌ပြောထွက်သွားတယ် "

" ဪ အဲ့တာလား ရပါတယ်။ သူက မင်းမပြောလည်း တစ်နည်းနည်းနဲ့ သိမှာပဲ ငါစိတ်မဆိုးပါဘူး "

အတန်းလေးချိန်ပြီးလို့ မုန့်စားကျောင်းဆင်းချိန် ကန်တင်းမှာ သူငယ်ချင်းသုံးယောက် ထမင်းစားရင်း စကားပြောနေကြလို့ပေါ့။ စီနီယာအတန်းက လူတွေလည်း ကန်တင်းမှာ စုဝေးလာကြပြီး

" ဟဲ့ ဟိုမှာ စီနီယာ ဟီဆွန်းက ကြည့်နေတယ် "

" ဘယ်မှာလဲ .."

ဟီဆွန်းက သူ့ကို အဝေးကနေ လှမ်းနူတ်ဆက်ပြသည်။ အမြဲတမ်းပြုံးနေတဲ့ စီနီယာရဲ့ အပြုံးတွေမြင်တိုင်း ဂျယ်ယွန်းကပါ အလိုလိုပြူံးလာရတဲ့အထိပင်

" အမလေးးကြည့်အုံး သူ့လူကိုမြင်တော့ ပြုံးနေတာ "

" မဟုတ်ပါဘူး စီနီယာဟီဆွန်းနဲ့က ရိုးသားပါတယ် "

" ဒါဆို သူလုပ်တဲ့ ကဖေးဆိုင်ကို ပင်ပင်ပန်းပန်း အလုပ်အတူတူလုပ်ရတာကရော ?"

" အေး ဆောနူးရေ မေးပေးအုံး စာကြည့်တိုက်မှာလည်း စာတူတူလုပ်ကြသေးတယ်ဗျာ "

" ‌ဒါဆို ဂျယ်ယွန်းက ထမင်းစားပြီးချိန် ငါ့ရုံးခန်းကိုမလာဘဲ ဟီဆွန်းနဲ့ စာတူတူလုပ်နေတာပေါ့ "

" အမလေး ဗု‌‌ဒ္ဓေါ ဒါဘယ်က .... "

"ဆရာ....?"

ရုတ်တရက် အနောက်ကနေ အသံတစ်သံထွက်လာ‌တာကြောင့် ‌သုံးယောက်သား စားနေရင်းလန့်ဖြန့်သွားကြသည်။

" ဟို... အဲ့တာ ဂျယ်ယွန်း .. မင်းပြောလေ "

ဆရာပတ်ရဲ့ မျက်ခုံးတွေက သိသိသာသာတွန့်ချိုးပြီး စိတ်တိုနေတဲ့အနေအထားဖြစ်နေတာသိလိုက်ရသည်။

" ဟုတ်တယ်ဆရာ ဒီရက်ပိုင်း စီနီယာ ဟီဆွန်းနဲ့ English စကားပြော တူတူလေ့ကျင့်နေတာပါ။ "

ဘယ်လိုပဲဖြစ်ဖြစ် ဘာပဲလုပ်လုပ် ဟီဆွန်းပါနေတော့ ဆောင်ဟွန်း သိပ်သဘောမကျတော့ပေ။

" ဟုတ်လား "

" အာ ဆရာ အမှန်က ဂျယ်ယွန်းက ကျွန်တော်တို့ကို ခေါ်တယ်ရယ် ဆောနူးကလည်း အသင်းကိစ္စနဲ့အလုပ်များတာရယ် ကျွန်တော်လည်း အဖော်မရှိတာနဲ့ စာကြည့်တိုက်ဘက်ကိုမလိုက်တော့တာ  ဟုတ်တယ်မလား ဆောနူး "

" ဟေ .. အေး ဟုတ်တယ် ဂျောင်၀န်းပြောတာမှန်တယ် ဆရာ "

ရုတ်တရက်ကြီး သူငယ်ချင်းတွေက  သူ့ ဘက်ကို ကာပြောပေးသည်ဟု ခံစားလိုက်မိပြီး ဂျယ်ယွန်းကိုယ်တိုင်လည်း ဘာမှကို ၀င်မပြောမိပေ ။

ဘာလို့များပါလိမ့်

" ‌မင်းတို့ ဘာလို့အခုလိုပြော..."

" ဂျယ်ယွန်း ငါတို့စားလို့၀ပြီနော် သွားလိုက်အုံးမယ် ဟေ့ကောင် ဂျောင်၀န်းသွားကြမယ် "

" အင်း... သွားပြီ "

ထင်တဲ့အတိုင်း သူငယ်ချင်းတွေက ရိပ်မိပြီလေ။

" ငါတို့မသိချင်ယောင်ဆောင်ပေးတာ ပိုမကောင်းဘူးလား ဂျယ်ယွန်းလည်း သူဘယ်၀န်ခံချင်အုံးပါ့မလဲ "

ကျောင်းကန်တင်းကထွက်အလာ ဆောနူးက ပြောလိုက်တဲ့စကားကို ဂျောင်၀န်းက သိပ်ပြီး လက်မခံချင်ပေ။

" ငါကအမှန် ဒဲ့မေးချင်တာ ... ငါကိုယ်တိုင်ပဲ နောက်ဆုံးကာပြောလိုက်ရတာပဲလေ  ဒါတောင် ငါ ကိုကို့ဆီက အတည်ပြုခဲ့တာနော် "

" မင်းလည်းဘာထူးလဲ အသက်ကြီးတဲ့ ဘဲကို တွဲနေတာပဲမလား "

" ဟဲ့ ငါက အပြင်ကလူ သူက ကျောင်းက ဆရာကွ "

" ဟဲ့ တိုးတိုးပြောအုံး ကြားကုန်အုံးမယ် "

ဂျောင်၀န်းနဲ့ ဆောနူးတို့သိခဲ့ကြတာ ကျောင်းဆေးပေးခန်းကတည်းကဖြစ်သည်။ ဆရာနဲ့ ဂျယ်ယွန်းတို့ရဲ့ ထူးဆန်းတဲ့စကားတွေ ပြောဖြစ်နေတာက သာမန်ဆရာကျောင်းသား ဆက်ဆံရေးထက်ပိုနေတာကို သိလိုက်ရသည်။

" ငါတို့အချိန်တန်မှပဲ ပြောကြတာပေါ့ "

...........................................

" ဒီနေ့ညစာရပါပြီဗျာ ... နီကီလေးကတော့ မစားသေးဘူးတဲ့ "

ဆောင်ဟွန်းက ဂျေးချက်ထားတဲ့ ညစာကိုစိတ်မ၀င်စား။ အတွေးထဲမှာ ရှင်းဂျယ်ယွန်းသူ့ကိုပြောထားတဲ့စကားတွေသာ ပြန်ကြားနေရသည်။

" တစ်ခုခုတော့မှားနေပြီဂျေး.... ဂျယ်ယွန်းက အနာဂတ်ကို သိနေသလိုပဲ "

" ဟ ရုတ်တရက်ကြီးဘာလား "

ဂျေးက မျက်ခုံးကို အသာပင့်ပြီး မသိမသာ သက်ပြင်းချကာ ထမင်းစားနေသည်။

" ငါအရင်က သိတဲ့ ဂျယ်ယွန်းမဟုတ်သလိုပဲ ဂျေး..! ကလေးက ဂျစ်ကန်ကန်နိုင်တာမျိုးမရှိတော့ဘဲ သူတစ်ခုခုကို အလေးထားပြီး လုပ်နေသလိုမျိူးထင်ရတယ် "

နောက်ဆုံးတော့ ဆောင်ဟွန်းက ဂျေးကို ရင်ဖွင့်လာတော့သည်။

" အဲ့တာနဲ့ ဂျယ်ယွန်းနဲ့အတူရှိနေတဲ့ ကောင်လေးအကြောင်းပါ တကူးတကထိ စုံစမ်းလာပြီးတော့ ငါ့ကိုဘာတွေပြောချင်တာလဲ "

ဆောင်ဟွန်းက လက်ထဲက ‌ဖိုင်အချို့ကို ဂျေးကိုပေးလိုက်သည်။ ဖိုင်ထဲမှာက ဟီဆွန်းနဲ့ တစ်ဦးတည်းသော အမေအကြောင်းတွေကို နောက်ယောင်ခံစုံစမ်းထားတာဖြစ်ပြီး

" ဒီဓာတ်ပုံထဲက အမျိူးသမီးက သေဖို့နီးနေပြီဆိုတာ ခံစားမိတယ်  ။ အဲ့တာကိုသိလို့ ဒီကောင်လေးက အချိန်ပိုင်းလုပ်ပေးနေတာတော့ မဟုတ်ဘူးဖြစ်နေတယ် အိမ်မှာက လိုအပ်တဲ့ငွေကြေးကို ဒီအမျိုးသမီးက သိပ်ထောက်ပံ့မပေးနိုင်လို့ ဒီကောင်လေးက ကိုယ်တိုင်အလုပ်လုပ်နေရတာ "

" အဲ့တော့ ဂျယ်ယွန်းက ငွေကြေး ကူညီပေးတယ်ပေါ့ "

" ရည်ရွယ်ချက်ရှိရှိနဲ့ ကူညီပေးနေတာ တစ်နေ့ဘာဖြစ်မလဲဆိုတာ သိသလိုမျိူးလေ "

ဆောင်ဟွန်း နေ့တိုင်း ကော်ဖီသောက်ချင်ယောင်ဆောင်ကာ ဂျယ်ယွန်းကို အပြန်ကြိူပေးဖြစ်ခဲ့သည်။ အလုပ်ဆင်းချိန်တိုင်းလိုလို ပြောဖြစ်တဲ့စကားက သူ့အမေအကြောင်းနဲ့ ပက်သတ်တာတွေချည်း

" စီနီယာ အမေ့ကို ဂရုစိုက်နော် ဒီညတော့ စောစောပြန်လိုက်ပါ "

" ဂျယ်ယွန်းက ငါ့ထက် အမေ့ကို ပိုဂရုစိုက်သလိုပဲ မနာလိုတောင်ဖြစ်လာပြီ "

ဘာမှမသိသေးတဲ့ ဟီဆွန်းဖြစ်လေလေ ရှင်းဂျယ်ယွန်းအတွက်ပိုကောင်းလေမလား

" စီနီယာ ဟီဆွန်း ... ဒါကျွန်တော့် တစ်ပတ်လုပ်အားခ စုမိထားတာ ၀မ် ၁၀သိန်းလောက်ရပါတယ် အဲ့တာ စီနီယာအမေ့အတွက် ကန်တော့လို့ရမလား "

" ဟင် ကိုယ့်အမေအတွက် ? ဘာလို့ "

" ဟို ... အမေများတစ်ခုခုနေမကောင်းတာများရှိရင် ဆေးဖိုးဝါးခသုံးဖို့ပါ ကျွန်တော်က အဲ့လိုလှုရမယ်လို့ ‌ဗေဒင်ကဟောထားတာမို့ "

" နေနေ... မဟုတ်တာ ဂျယ်ယွန်းရယ် ... ကိုယ့်ကိုဘာလို့ ရုတ်တရက် ပိုက်ဆံပေးရတာလဲ ? ပြီးတော့ ကိုယ့်အမေက ညက ရုတ်တရက်ကြီး နေမကောင်းထဖြစ်တယ် တိုက်ဆိုင်လွန်းတာလားပဲ ဂျယ်ယွန်းက နေမကောင်းဖြစ်တာ ဘယ်လိူသိလဲလို့ "
ထိုအချိန် ဆောင်ဟွန်းကလည်းဆိုင်ထဲမှာ ကော်ဖီသောက်နေရင်း စကားတွေနားထောင်ဖြစ်နေသည်။ ရှင်းဂျယ်ယွန်းကို အကဲခတ်ဖို့ပေါ့

" ဗျာ နေမကောင်းဖြစ်နေပြီ "

သိမ်းလက်စ လက်ထဲက ခွက်လေးဟာလည်း ခွမ်းခနဲ ကျအကွဲ

" အ!.."

" ဂျယ်ယွန်းလေး .. ကိုယ့်ကိုပြ ကိုယ့်ကိုပြ "

ဆောင်ဟွန်းကလည်း ပြာပြာသလဲ ဟီဆွန်းရှေ့မှာတင် လက်ရှလို့ သွေးတွေစီးကျလာတဲ့ လက်ကလေးကိုကိုင်ထားလို့

" ဆ...ဆရာ ! ဆရာ  ကျွန်တော်ရတယ် "

ဂျယ်ယွန်းက လူမိတော့မယ်ဆိုတဲ့အသိနဲ့ အတင်းရုန်းကန်သည်။ ဟီဆွန်းက လူကဲခတ်တော့ အရမ်းတော်သည်မလား ဒီအခြေအနေကို တစ်မျိူးတော့ထင်သွားခဲ့ပြီ။ သို့သော် ဆောင်ဟွန်းဘက်ကတော့

" ဘယ်ကလဲ ! အဲ့လောက်သွေးတွေထွက်နေတာ အရင်လက်ဆေးရမယ် ပိုးသတ်ရမယ် မင်းထိခိုက်လို့မဖြစ် "

" ဒီလက်ရှတာ ဘာသောက်ရေးမှပါမနေဘူး ! စီနီယာ အမေက ဘယ်လိုဖြစ်တာလဲ ပြောပြပါအူံး "

" ဪ..အင်း  ဟုတ်တယ် ကိုယ့်အမေချောင်းတွေဆိုးပြီး သွေးပါလာတာ ဆေးခန်းသွားပြဖို့လိုနေလို့ မနက်ဖြန် မနက် ခွင့်ယူဖြစ်မှာ ..! ဒါနဲ့ ဂျယ်ယွန်းရယ် ဘာလို့ မျက်နှာက လန့်နေရတာလဲ အရင် ဒဏ်ရာကို ပိုးသတ်ရအောင်လေနော် "

" ကိုယ်လုပ်ပေးမယ် "

ဆောင်ဟွန်းက ဘာကိုမှ ဟန်မဆောင်တော့ပါ။ သူကိုယ်တိုင် ရှင်းဂျယ်ယွန်းလက်ကို တယုတယကိုင်ကာ  ဆေးလိမ်းပေးတာကအစ သေချာလေးဂရုတစိုက်လုပ်ပေးလို့နေသည်။

" ဒါနဲ့... ကိုယ်မပြန်ခင် ဂျယ်ယွန်းကိုမေးလို့ရမလား ? ကိုယ့်အမေကို ဘာလို့အဲ့လောက်စိတ်ပူရဝာာလဲဟင် "

ဂျယ်ယွန်း ထိုမေးခွန်းကို ဖြေဖို့ မုသားတချို့ သူံးမှရမည်ဖြစ်သည်။ အတိတ်တုန်းက ဟီဆွန်းအမေဟာ နာမကျန်းဖြစ်ပြီး ဆုံးပါးသွားခဲ့တာ အထက်တန်း ကျောင်းနှစ်ဖြစ်ခဲ့သည်။ ဆုံးဖို့ နာရီပိုင်းအလိုမှာ သူက  ဟီဆွန်းနဲ့ ဒိတ်ဖို့ အဝေးကြိးလာဖိူ့ခေါ်ခဲ့မိတာဖြစ်သည်။

.............................

" ကိုကို မလာရင် ဒီနေ့ လမ်းခွဲလိုက်မှာ "

" အမေ့အနားမှာ ရှိမှဖြစ်မယ် ကလေးငယ် .. ကိုကို့ကို စိတ်မဆိုးပါနဲ့  အမေက အရမ်းနေမကောင်းဖြစ်နေတာ "

" ဒါဆို မလာတော့ဘူးပေါ့ ရတယ်လေ "

" ကလေးငယ် ဖုန်းမချ..! ဟဲလို "

ဂျယ်ယွန်းက ဂျစ်ကန်ကန်နဲ့ သူ့ရဲ့ ပထမဆုံး ရည်းစားလည်းဖြစ်ခဲ့တာ‌ဆိုတော့ ဆိုးလည်းဆိုးမိပြီး လိုချင်တာပဲ ပြောပြီး ဟီဆွန်းကို အရမ်းအနိုင်ကျင့်ခဲ့သည်။ အဲ့နေ့ကလည်း ဟီဆွန်းက သူခေါ်ရင် ဘားကို သေချာပေါက် လာမည်ကို သူငယ်ချင်းတွေနဲ့ အလောင်းအစားလုပ်ပြီး ခေါ်ခဲ့တာဖြစ်သည်။

" တော်ပါကွာ မင်းဘဲက ရိုးအအနဲ့ မင်းမသနားဘူးလား "

" ဟေ့ကောင် ငါ့ဘဲကို ငါပဲပြောမယ် မင်းတို့ပြောစရာကိုမလိုဘူး ရှင်းလား "

ထိုကာလက ဆောင်ဟွန်းသူ့အနားကထွက်သွားခဲ့တဲ့အချိန် ဂျယ်ယွန်း ပျက်စီးသွားတဲ့အချိန်ဖြစ်ခဲ့သည်။

" ကလေး ! ကိုယ်လာပြီ "

" ‌တွေ့လား ငါပြောပါတယ် သူကငါခေါ်ရင် မဖြစ်မနေ လာကိုလာပါတယ်လို့ ကဲ ငါနိုင်ပြီနော် ပေးတော့ ၀မ်ငါးသိန်း "

" ဟာကွာ ...!!!  ရှင်းဂျယ်ယွန်းဘဲက ငတုံးပဲ "

" ဟဟားးးး "

မရည်ရွယ်ဘဲ ထိုနေ့က ဟီဆွန်းအမေက နောက်ဆုံးနေ့ ဖြစ်ခဲ့ခြင်းပင်။

သူငယ်ချင်းတွေနဲ့ အလောင်းအစားလုပ်ပြီး အနိုင်ရလို့ ပျော်ရွင်နေတဲ့ ဂျယ်ယွန်းက တစ်ဖက်က ဟီဆွန်းရဲ့နေရာကို ၀င်မကြည့်ပေးခဲ့ပါ။

" ကိုယ့်အမေဆီ ပြန်သွားရမယ် ဂျယ်ယွန်း "

" အာ... အခုပဲရောက်တယ် ကိုကို ! ဘာလဲ ကလေးကို အရှက်ခွဲ "

"  မင်းတော်သင့်ပြီ အခု ဖုန်းလာတယ် ဂျယ်ယွန်း
ကိုယ့်အမေ ဆုံးပြီတဲ့ မင်းဆီကို ရောက်လာတဲ့အချိန်မှာပဲ သူဆုံးတာ ရှင်းဂျယ်ယွန်း ! "

" ဘယ်လို ?  ဘာပြောတာ အန်တီက ဆုံးပြီ ကိုကိုနောက်နေတယ် "

" တော်လိုက်တော့ ဂျယ်ယွန်း ကိုယ်က မင်းလိုမဟုတ်ဘူး။သူများကို နာကျင်အောင် လုပ်မယ့်အထဲ ကိုယ်ပါမနေဘူး "

"  မရည်ရွယ်ပါဘူး ...! ယွန်း မှားပါတယ် ကိုကို ...ဟင့်အင်း အန်တီက နေကောင်းတယ်မလား ကိုကို အဲ့အကြောင်းတစ်ခါမှတောင် မပြောဖူးဘူး ကိုကိုအမေက အိပ်ယာထဲလဲပြိး အသက်လုနေရတယ်ဆိုတာ "

" မင်းကိုပြောတယ် မင်းမှနားမ၀င်ခဲ့တာလေ ... မင်းက ကိုယ့်က်ုမချစ်ဘူး မင်းကိုယ်မင်းပဲချစ်တာမလား !

" ဟင့်အင်း မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး "

သူ့ကိုအတိတ်မှာ လုပ်ခဲ့သလို ငါအခုလုပ်မှာ မဟုတ်တော့ဘူး ။ ဟီဆွန်းအမေဆုံးရတာ ငါ့အမှားလည်းမကင်းခဲ့သလို ငါ့ကြောင့် ဟီဆွန်း နာကျင်ခဲ့ရတယ်။ ငါနဲ့ ဒီတ်ခဲ့တာကြောင့် အမေ့ ဆေးဖိုး  သေချာကောင်းကောင်း မရှာပေးနိုင်
ခဲ့သလို ငါ့အနား ရောက်နေတဲ့အချိန် အမေက ဆုံးသွားတာလည်းဖြစ်တယ်။ငါ့အမှားတွေ ပြန်ပေးဆပ်ရမယ်။

ဒါပေမဲ့ ငါကိုယ်ငါအရမ်း ဘာလို့မုန်းမိနေတာလဲ

"ဂျယ်ယွန်း ကိုယ့်ကို ဒီလိုလုပ်နေတာ မဟုတ်မှလွဲ ကိုယ့်ကိုသဘောကျလို့ "

" ဟင့်အင်း ... ကျွန်တော် စီနီယာကို သဘောမကျပါဘူး "

မစဉ်းစားဘဲ ချက်ချင်းဖြေလိုက်သလို အဖြေတစ်ခုက ဆောင်ဟွန်းပါ လန့်သွားစေခဲ့သည်။

" ကိုယ့်ကို မင်း ရည်းစားစာပေးခဲ့သေးတယ်မလား "

" အဲ့တာ သူငယ်ချင်းတွေကြောင့် စနောက်ပြီး ပေးမိတာ ကျွန်တော်က စီနီယာ့ကို ဘာလို့ကြိုက်ရမှာလဲ အရေးမပါတာကို တွေးမနေပါနဲ့ ကိုယ့်မိဘကိုယ် ဂရုစိုက်ပါ "

" ဂျယ်ယွန်း မင်း သူငယ်ချင်းကို ဘယ်လိုပြောနေတာလဲ "

" ဆရာ ! ပြန်တော့မလား တံခါးပိတ်တော့မယ် "

" ဂျယ်ယွန်း ကိုယ်ပြောချင်တာက .."

‌ဟီဆွန်းက သူ့လက်တွေကို ဆုပ်ကိုင်လိုက်ချိန် အတိတ်ကလည်း သူ့လက်ကို အကြိမ်ကြိမ် ဆုပ်ကိုင်ဖူးတာကို သတိရခဲ့သည်

" ခင်ဗျားက ပြောင်းလဲသွားတာမျိူးမရှိဘူးပဲ ..! လူကို အမြဲအပြစ်ရှိအောင် သိပ်လုပ်တယ် "

နောက်ဆုံး ဟီဆွန်းရဲ့ လက်တွေကိုဖြုတ်ချပစ်လိုက်ကာ သူတစ်နေရာကိုပြေးထွက်သွားခဲ့သည်။ မျက်ရည်တွေကျလာတာကို ဟီဆွန်းကိုမမြင်ချင်ခဲ့ပါ။

" ဂျယ်ယွန်း ! ကိုယ်ရှိတယ်နော် ဘာမှမငိုနဲ့ ရှိတယ် "

ပြေးထွက်လာတဲ့သူ့နောက်ကို ဆောင်ဟွန်းလိုက်လာမယ်လို့မထင်ထားခဲ့ချေ။ သူ့နောက်ကနေ ခါးလေးကိုဖက်ထားပြီး အေးနေတဲ့ ခနွာကိုယ်ကို အနွေးဓာတ်ပေးစေသည်။

" ဆောင်ဟွန်း ...! လိုက်မလာသင့်ဘူး "

" ဘာလို့လဲ ကိုယ်က မင်းနဲ့ ဟီဆွန်းကိစ္စကို ၀င်ပက်သတ်မယ်ထင်လို့လား "

ဆောင်ဟွန်းက သူ့ခန္ဓာကိုယ်လေးကို ထပ်မံတင်းကြပ်ကြပ်ဖက်လို့ ပခုံးပေါ် မေးတင်လာတဲ့ ဂျယ်ယွန်းက ပါးပြင်ပေါ်ကမျက်ရည်တွေ ကျလာလို့ရယ်

" မငိုပါနဲ့ မင်းငိုရင် ကိုယ်ဘယ်လိုလုပ်ရမလဲ...အဲ့ကောင်ကြောင့်ဆို မငိုနဲ့တော့ "

" ဟီဆွန်း.... သူက အရမ်းကောင်းလွန်းတယ် သူက ကျွန်တော့်လိုလူနဲ့ မပက်သတ်သင့်ခဲ့ဘူး "

ဂျယ်ယွန်းက ရှိုက်ကြီးတငင်ငိုလို့ သူ့ကိုယ်သူအပြစ်တင်သည်။

" ကိုယ် မင်းအပေါ်ကောင်းနိုင်အောင်ကြိူးစားပါ့မယ် ပိုကောင်းတဲ့သူက ကိုယ်ဖြစ်နေပေးပါမယ် ဒါကြောင့် မေ့သွားမှာပါ "

ဂျယ်ယွန်းက မေ့သွားနိုင်မယ်မထင်ပါ။

......................

Continue

Continue Reading

You'll Also Like

758K 46.2K 49
𝐈𝐧 𝐭𝐡𝐞 𝐓𝐚𝐧𝐠𝐥𝐞𝐝 𝐰𝐞𝐛𝐬 𝐨𝐟 𝐇𝐞𝐚𝐫𝐭𝐬, 𝐚𝐧𝐝 𝐩𝐮𝐫𝐬𝐮𝐢𝐭 𝐨𝐟 𝐓𝐫𝐮𝐭𝐡𝐬, 𝐋𝐨𝐯𝐞 𝐰𝐞𝐚𝐯𝐞𝐬 𝐢𝐭𝐬 𝐦𝐞𝐬𝐦𝐞𝐫𝐢𝐳𝐢𝐧𝐠 �...
3.8M 114K 116
Dr. River Johnson didn't know the consequences of sleeping with the Capo of the Sicilian Mafia. She didn't even remember his name or face. But then t...
504K 43.6K 30
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
2.9M 186K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...