Don't want to admit that [Com...
By Doyiexbunny
9.6K 901 55
ကိုကိုကြိုက်ရင် ကိုယ့်အပိုင်ပဲလေ ယူဂျင်းရဲ့ Kim gyuvin ခဗျားလိုလူကိုမှ ချစ်မိရတယ်လို့ Han yujin More
Part - 1
Part -2
Part - 3
Finale part
Extra part
အချပ်ပို❄️
311 37 2
By Doyiexbunny
"ယူဂျင်းရေ Marry Christmas ⛄"
"မင်းမေကြီးတော်ကို marry christmas"
ယူဂျင်းဆိုဖာပေါ်မှ ခေါင်းအုံးကို ဂယူဘင်း‌ဆီ ပစ်ပေါက်လိုက်လေရဲ့
"ဟီး ကိုကို့ကလေးလေးစိတ်ဆိုးနေတာလား"
"ခဗျားကို ကျတော်မသတ်မိခင် သွားလိုက်တော့နော် 27 ရက်နေ့ရောက်နေပြီ ဘောကို Christmas"
ယူဂျင်းစကားအဆုံး သွားဖြဲကာရယ်ပြနေသူမှာ ဂယူဘင်း‌ပင်
အကြောင်းက ဒီလို
ဂယူဘင်းက သူငယ်ချင်းတွေနဲ့ ခရီးထွက်သွားတာ 23ရက်နေ့က ယူဂျင်းကို 25 ရက်နေ့ရောက်အောင်ပြန်လာပြီး အတူတူလျှောက်လည်မယ်ဆိုပြီး ကတိပေးခဲ့တာပေါ့  ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပြန်ရောက်တဲ့ရက်က 26 ရက်နေ့ညတဲ့လေ အဲ့မှာ ပြဿနာက စတာပဲ
"27 ရက်နေ့လဲ အရမ်းနောက်မကျသေးပါဘူး ယူဂျင်းရဲ့ ကိုကိုတို့လျှောက်လည်လို့ ရသေးတယ်လေ"
"တော်စမ်းပါဗျာ ထွက်သွား"
"ကလေးလေးကလဲ ကိုကိုနဲ့ဒိတ်ကြမယ်လေ"
"ထွက်သွား!!"
ယူဂျင်းအော်သံကြောင့် ဂယူဘင်း တုန်ပါ တုန်သွားတယ်
အဲ့အချိန် ဂျီအွန်းက ဆင်းလာပြီး
"ဝိုး ဂယူဘင်း ဘာလဲချော့နေရပြီလား fighting ယောက်ဖ"
"ဟဲ ‌fighting ပါဗျာ"
ယူဂျင်း၏ မျက်စောင်းသည် ဂယူဘင်းဆီ ထင်းခနဲရောက်သွားလေ၏
"ဝိုး ကိုကို့ကလေးလေးက မျက်စောင်းထိုးတာတောင် လှလှလေး‌ ကြည့်ရန်း"
"ခွီး"
ရယ်သံသည် ဂျီအွန်းထံမှ ထွက်လာခြင်းသာ
"ဘာလို့လာရယ်နေတာတုန်း"
"မရယ်တော့ဘူ မရယ်တော့ဘူး ဟျောင်းသွားပြီ ဆက်ချော့ ဂယူဘင်း"
လို့သာပြောပြီး ဂျီအွန်း အပေါ်ဝတ်ယူပြီး အပြင်သို့ထွက်သွားလေတယ် သေချာတာက သူ့ တစ်ယောက်သောသူနဲ့ ဒိတ်ကြမှာပေါ့
ဂျီအွန်းထက်အရေးကြီးသည်ကား ယူဂျင်းပင် ယူဂျင်းသည် ဂယူ့အား လုံးဝစိတ်ပြေဖို့ အလားအလာမရှိ
"ယူဂျင်း"
"...."
"ယူဂျင်း"
"ယူဂျင်း"
"ယူဂျင်း"
"အားး ဘာလဲပြောလေ ဘာလို့ ခနခနခေါ်နေတာလဲ"
ဂယူဘင်း ယူဂျင်းရှေ့မှာ ဒူးထောက်ချလိုက်တယ်
"ဟ ကင်ဂယူဘင်း ဘာလုပ်တာတုန်း ထလေ"
"ဟင့်အင်း မထဘူး ကိုကိုတောင်းပန်ပါတယ်နော် ကိုကို 25 ရက်နေ့အမှီပြန်လာမလို့ပါပဲ အဲ့နေ့က ခရီးသွားတွေအရမ်းများနေတော့ လက်မှတ်ဝယ်လို့မရလိုက်လို့ ကိုကိုတောင်းပန်ပါတယ်နော် ကိုကို့ကို စိတ်မဆိုးပါနဲ့တော့နော် ယူဂျင်းစိတ်ဆိုးရင် ကိုကိုမနေတတ်တော့ဘူး"
မျက်ဝန်းမှာ မျက်ရည်တွေ ဝဲ့တက်လာတဲ့ ဂယူဘင်းကိုကြည့်ရင်း ယူဂျင်း ခေါင်းခါပြီး ရယ်မိပြန်တယ်
ပြီးတော့ ဂယူဘင်းနဲ့တန်းတူဖြစ်အောင် ဒူးထောက်လိုက်ပြီး
"ဒီမှာ ကင်ဂယူဘင်း ဒီလူက ခဗျားကိုစိတ်ဆိုးတိုင်း ဘယ်တုန်းက စိတ်ပြန်မပြေဖူးတာရှိလို့လဲ အခုလဲ ခနတင်းခံထားကြည့်တာ ဒါပေမယ့် နည်းနည်းတော့ စိတ်ဆိုးနေသေးတယ်နော် ခဗျားဒီလို လုပ်နေတာကို ကျောင်းကလူတွေသာသိကြည့်ပါလား ဘယ်သူထင်မှာလဲ ဒါက ကျောင်းရဲ့လူမိုက်ကြီးလို့"
"ယူဂျင်းကလဲ လူမိုက်လဲ နှလုံးသားနဲ့ပါ"
ယူဂျင်း သဘောတကျရယ်မိပါတယ်
"လှတယ်"
"ဘာတုန်း"
"ယူဂျင်း ရယ်ရင်လှတယ်လို့"
"ခဗျားနော် တော်လိုက်တော့ ထတော့"
"သွားမယ်လေ ယူဂျင်းရဲ့"
"ဘယ်သွားမှာ‌လဲ"
"ဒိတ်လုပ်ရမှာပေါ့ မြန်မြန်အဝတ်အစားသွားလဲ"
ငြင်းချိန်တောင်မရလိုက် ယူဂျင်းသည် အဝတ်အစားလဲရန် အခန်းထဲသို့ရောက်နေပြီဖြစ်၏
"ဝိုး ကိုကို့ကလေးလေးက ဖက်ထုပ်လေးကျနေရော"
ဂယူဘင်း တစ်ကိုယ်လုံးကို အလုံထုပ်ထားတဲ့ ယူဂျင်းကိုအသဲတယားနဲ့ ပါးလေးကိုပါ ဆွဲညှစ်မိပါတယ်
"အာ့ ကင်ဂယူဘင်း နာတယ် သူ့အသားမဟုတ်တိုင်း"
"ဟီး ကလေးလေးက အရမ်း‌ချစ်ဖို့ကောင်းတာကို"
"တော်ပါဗျာ သွားမယ်လာ"
"လက်ပေးလေ"
"ဘာလက် ဘာလို့ပေးရမှာ"
"ယူဂျင်းရဲ့လက်လေ ဟောဒီလိုကိုင်မလို့"
နှင်းတောထဲမှာ ကောင်လေးနှစ်ယောက် လက်တွဲကာ အတူထွက်လာလေတယ်
"ကိုကို ဒါစားမယ်"
"ဒါလေးရော"
"ဒါ ဒါ"
ညဈေးမှာ ဟန်ယူဂျင်း တစ်ယောက် ဟိုဆွဲဒီဆွဲနဲ့ ‌မြင်သမျှ အကုန်လိုက်စားနေလေရဲ့
ကလေးလေးစားချင်သမျှ ဒိုင်ခံရှင်းပေးရတာက ဂယူဘင်းပင်
"ကိုကို ကျတော်တို့ တော့ပို့ကီစားရအောင်"
"ယူဂျင်းစားချင်တာ အကုန်စား ရှင်းပေးဖို့က ကိုကို့တာဝန်"
ယူဂျင်းသည် သူရဲ့ မူပိုင်အပြုံး လေးနဲ့ သဘောတကျ ရယ်လေတယ်
"အရမ်းမပြုံးတဲ့ ယူဂျင်း သဝန်တိုတယ်"
"ဟော်ဗျာ"
တော့ပို့ကီဆိုင်ရှေ့ရောက်တော့ ဂယူဘင်းက ယူဂျင်းကို ခွံကျွေးလေရဲ့
"ဝါး ပူတယ်ဗျ"
"ဆောရီး ဆောရီး ယူဂျင်း ပူသွားလား"
"နိုး နိုး တော့ပို့ကီ ပူပူစပ်စပ်လေးနဲ့ ဒီရာသီဥတုနဲ့ အလိုက်ဖက်ဆုံးလေး လာ ကိုကိုလဲစား"
တစ်ဖန် ယူဂျင်းသည်လည်း ဂယူဘင်းကို ခွံ‌့ကျွေးလေရဲ့
"ဦးလေး တော့ပို့ကီ နှစ်ပွဲပေးပါနော်"
"ဟုတ်ပြီ ညီအစ်ကိုတွေ ချစ်စရာလေးတွေနော်"
ဦးလေးကြီးကပြောတော့ ဂယူဘင်း သဘောမကျစွာ
"ဘာကို ညီအစ်ကိုလဲဗျ ချစ်သူတွေပါနော်"
"ကိုကို"
ယူဂျင်းက အလန့်တကြား တားလေရဲ့ ဂယူဘင်းကတော့ ဘာဖြစ်လဲဆိုတော့ မျက်နှာနဲ့သာ
"ချစ်သူတွေလား ချစ်စရာလေးတွေပဲ အကြာကြီး အတူတူရှိနိုင်ပါစေနော်"
‌"ကျေးဇူးပါနော် ဘယ်လောက်လဲဗျ"
"ဝမ် ၃၀၀၀ တောင် ဒီက ကောင်လေးက အရမ်းချစ်ဖို့ကောင်းလို့ ၁၅၀၀ ပဲပေး"
ယူဂျင်းသည် ရှက်ပြုံးလေးနဲ့ ဦးလေးကြီးအား ပြုံးပြလေ၏
"ဟုတ်တယ်မလား ဦးလေး ကျတော့်ကလေးလေးက ချစ်စရာလေးနော်"
ကြားထဲမှ ဂုဏ်ဝင်ဆာသူမှာ ဂယူဘင်းပင်
"ဟုတ်ပါ့ လူကလေးက ဒီကောင်လေးက ပိုင်ဆိုင်ရတာ အရမ်းကံကောင်းတာပါပဲ"
"မဟုတ်တာပါဗျာ"
"ဟုတ်ပါတယ်နော် ယူဂျင်းနီးရဲ့"
"ကိုကိုနော်"
ဆောင်းညခင်းရဲ့ တော့ပို့ကီဆိုင်ရှေ့လေးမှာ ချစ်ရသူကို ကျီစယ်နေတဲ့ ကောင်လေးရယ် ရှက်သွေးဖြာနေတဲ့ ကောင်လေးတို့က မြင်သူတိုင်းကို အပျော်တွေ ကူးစက်စေတာ အမှန်ပါပဲ
"ကိုကို ကိုကို ကျတော်တို့ ဓာတ်ပုံရိုက်ကြမယ်"
4cut ITS လေးကိုမြင်ပြီး ယူဂျင်းပြောလိုက်ခြင်းသာ
"ရိုက်မယ်လေ သွားရအောင်"
ဓာတ်ပုံရိုက်ဖို့ pose တွေကို ယူဂျင်းသေချာစဉ်းစားနေလေရဲ့
"ကိုကို ရိုက်မယ်နော် 1 2 3"
*ပြွတ်စ်*
ဓာတ်ပုံရိုက်သံနဲ့အတူ ယူဂျင်းရဲ့လန့်သွားတဲ့မျက်နှာလေးရယ် ယူဂျင်းပါးပေါ်က ဂယူဘင်း အနမ်းတစ်ပွင့်က ဓာတ်ပုံထဲမှ နေရာယူလျက်
"ကိုကို အဲ့တာဘာလုပ်တာလဲ"
"အသဲယားလို့ နမ်းချင်လို့လေ ဘာလဲမရဘူးလား"
"မရဘူး"
ယူဂျင်းက ဆူအောင့်အောင့်နဲ့ပြန်ပြောလေရဲ့
"မရလဲ နမ်းမှာပဲ"
ဂယူဘင်း တိုးတိုးလေးပြောလိုက်တယ်
"ဘာပြောတယ်"
"ဘာပြောလို့လေ ဆက်ရိုက်လေ"
"လာမနမ်းနဲ့နော်"
"1 2 3"
"ရားး ကင်ဂယူဘင်း!!"
"ဘာတုန်း"
"လာမနမ်းနဲ့လို့"
ဂယူဘင်း သဘောကျစွာ ရယ်လျက်
"ဟုတ်ပြီ ဟုတ်ပြီ ဒီတစ်ခါတစ်ကယ်မနမ်းတော့ဘူး"
"တစ်ကယ်နော်"
"တစ်ကယ် ကတိ"
ယူဂျင်း ညစ်ထေးထေးပြုံးလိုက်ပြီး
"သေချာကြည့်နော် ရိုက်ပြီ တစ် နှစ် သုံး"
*ပြွတ်စ်*
ဒီတစ်ခါအံ့ဩရသူမှာ  ဂယူဘင်းပေ
"ဟန်ယူဂျင်းရှီး ဒါဘာလုပ်တာပါလဲ"
"နမ်းလိုက်တာလေ ဘာလဲ မကြိုက်ဘူးလား"
"မကြိုက်ပဲနေမလား ကြိုက်တာပေါ့ သေအောင်ကြိုက်တယ် လုံးဝပဲ"
"နှာဘူးပဲ ခဗျား"
"ဟီး"
"လာလာ နောက်တစ်ပုံကျန်သေးတယ် ရိုက်မယ်နော်"
*ချလပ်*
စက်ထဲကနေထွက်လာတဲ့ ပုံလေးကို ကြည့်ပြီး ဂယူဂျင်း ပြုံးစိစိနဲ့ပေါ့ လေးပုံထဲက သုံးပုံမှာ ဂယူဘင်းက ယူဂျင်းကို နမ်းလိုက် ယူဂျင်းက ဂယူဘင်းကိုနမ်းလိုက်နဲ့ပေါ့
"ယူဂျင်း"
"ဗျာ"
"ကိုကိုတို့ ဟိုဆိုင်ထဲဝင်ရအောင်"
"ဘယ်ဆိုင်လဲ"
ဂယူဘင်း လက်ညှိုးထိုးပြတဲ့ ဆိုင်လေးကိုကြည့်တော့ အရုပ်ဆိုင်လေး
"သွားမယ်လေ"
ဆိုင်ထဲဝင်တာနဲ့ ချစ်စရာအပြင်အဆင်လေးရယ် ချစ်စရာဝန်ထမ်းလေးတွေရယ်က စောင့်ကြိုနေလေရဲ့
"ကြိုဆိုပါတယ်ဗျ"
ဂယူဘင်း ဆိုင်ထဲမှာ ပတ်ကြည့်နေပြီး ချစ်ဖို့ကောင်းတာတစ်ခုခုတွေ့တာနဲ့ ယူဂျင်းနဲ့တူတယ်ဆိုတာက ပါးစပ်ကနေမချ
"ယူဂျင်း ကိုကိုတို့ ဒါလေးဝယ်ရအောင်"
"ဘာလေးတုန်း"
ဂယူဘင်းခေါ်သံကြောင့် ယူဂျင်းလှည့်ပတ်ကြည့်နေရာကနေ အပြေးလာရပြန်တယ်
ဂယူဘင်း လက်ထဲမှာ ယုန်ရုပ်လေး နဲ့ ခွေးပေါက်ရုပ်လေး
"ချစ်စရာလေးတွေပဲ ကိုကို လိုချင်လို့လား ဝယ်လေ"
"ဟုတ်တယ် ယုန်လေးက ယူဂျင်းနဲ့တူတယ်လေ ခွေးပေါက်လေးက ကိုကိုပေါ့"
"အဟား ကိုကိုရယ် တွေးလဲတွေးတတ်ပါ့"
"တစ်ကယ်လေ ကိုကို့ကလေးလေးက ယုန်ပေါက်လေးပဲကို"
ယူဂျင်း မနိုင်ဘူးဆိုတဲ့ ပုံစံနဲ့ခေါင်းခါလျက်
"လာ ပိုက်ဆံသွားရှင်းရအောင်"
"အွန်း"
ကောင်တာမှ ကောင်လေးသည် ဂယူဘင်းတို့ကို ကြည့်တာ သဘောကျစွာပြုံးပြလေသည်
"အတွဲတွေနဲ့တူတယ် ချစ်စရာလေးတွေနော်"
"အဟား ကျေးဇူးပါဗျ"
"ဒီမှာပါ အရုပ်ရပါပြီ အကြာကြလက်တွဲနိုင်ကြပါစေနော်"
"ဟုတ်ကဲ့ပါဗျ"
လမ်းမီး မှိန်မှိန်လေးသာ ရှိတဲ့လမ်းကြားလေးထဲမှာ ချစ်သူစုံတွဲအနည်းသာရှိလေရဲ့
ဂယူဂျင်းသည်လည်း ထိုနည်းတူစွာ လက်တွဲကာ လမ်းကြားထဲ ငြိမ်သက်စွာ လျှောက်လှမ်းနေကြလေရဲ့
"ကိုကို"
သူတို့ကြားမှ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သူကား ယူဂျင်း
"ဗျာ"
"ကျတော့်ကို ဘာလို့ သဘောကျတာလဲ"
ဂယူဘင်း အတန်ကြာအောင်စဉ်းစားလိုက်ပြီးမှ
"အကြောင်းအရင်းမရှိဘူး ယူဂျင်းရဲ့ ထူးဆန်းတယ်နော် ကိုကိုကလေ ကျောင်းမှာမင်းကိုစတွေ့တော့ ဒီအတိုင်း မင်းနဲ့ ကစားချင်စိတ်လေးပေါ်လာတာ ဂျီအွန်းဟျောင်းကို မင်းနဲ့ကိုင်ပေါက်ပြီး ခြိမ်းခြောက်မယ်ဆိုပြီး ဒါပေမယ့်လေ ယူဂျင်းကိုမြင်တိုင်း စိတ်ထဲမှာ ခံစားရတာ ထူးဆန်းတယ် အချစ်ဆိုတာဒါလား ပထမက လက်မခံချင်ဘူး နောက်မှ ယူဂျင်းကို လက်မလွှတ်ချင်ဘူး ကိုကိုတစ်ယောက်တည်းကပဲ ယူဂျင်းရဲ့ ဆိုင်သူဖြစ်ချင်တယ် ဆိုတာပဲ"
"အာ အဲ့လိုကိုးးး"
"ယူဂျင်းကရော"
"ဟင်"
"ယူဂျင်းကရော ကိုကို့ကို ဘာလို့ သဘောကျခဲ့တာလေ"
"အော့် ကျတော်က ကိုကို့ကို အရမ်းအမြင်ကတ်ခဲ့တာပါနော် ဘဝင်လေဟပ်နေတာလေ ဒါပေမယ့် အဲ့နေ့ညကျ ကိုကို့ မျက်နှာပေါ်က ဒဏ်ရာတွေကိုမြင်လိုက်ရတာ ကျတော့်ရင်ထဲနာတယ် ကျတော်ဖြစ်တာလဲမဟုတ်ပါဘဲ နာကျင်မှုကို ခံစားလို့ရနေတာ အဲ့မှာသိလိုက်တာပဲ အာ ငါဒီလူကို ချစ်နေမိတာပါလားလို့"
ယူဂျင်းစကားအဆုံး ဂယူဘင်း အရမ်းသဘောကျမိလို့ ပြုံးတာရပ်လို့တောင်မရတော့ဘူး
"ယူဂျင်းက အရမ်းချစ်ဖို့ကောင်းတာပဲ ကိုကို ယူဂျင်းကို ချစ်ရလွန်းလို့ သေတောင်သွားနိုင်တယ်"
"ဟော် ကိုကိုနော်"
"ယူဂျင်း"
ဂယူဘင်း ခြေလှမ်းတွေကိုရပ်လိုက်ပြီး ယူဂျင်းကို သူနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလှည့်လိုက်တယ်
"ယူဂျင်း ကိုကို ဒီအတောအတွင်း ယူဂျင်းစိတ်ဆိုးအောင် အများကြီးလုပ်မိတယ် ကတိတွေလဲဖျက်မိတယ် ကိုကိုတောင်းပန်ပါတယ်နော် ရှေ့လျှောက် ကိုကို ယူဂျင်းမကြိုက်တာတွေ ရှောင်ပါမယ် ယူဂျင်းနဲ့ပေးထားတဲ့ကတိတွေလဲ တည်နိုင်အောင် ကြိုးစားပါမယ် အဲ့တာကြောင့် ကိုကို့ကို စိတ်မပျက်သွားပါနဲ့နော်"
ယူဂျင်း ဂယူဘင်း မျက်ဝန်းတွေကို သေချာစိုက်ကြည့်နေမိတယ် ဒီမျက်ဝန်းတွေက ယူဂျင်းကို ခနခန နစ်မြုပ်အောင် ဆွဲဆောင်နေတာ
"ကိုကို့ ကို ကျတော်က ဘာလို့စိတ်ပျက်ရမှာလဲ ကိုကို့ရဲ့ အရာအားလုံးကို ဒီလူက သဘောကျတာမလို့ မကြိုက်တဲ့အချက်ဆိုတာမရှိဘူး ကျတော်ကသာ ကိုကို့ကိုဂျစ်တူးလုပ်နေလို့ ကိုကို စိတ်ပျက်သွားမှာစိုးတာ"
"ဟ စိတ်ပျက်စရာလား ကိုကို က ဒီဂျစ်တူးလေးကိုပဲ ချစ်နေရတာ"
"ဟီး ကျတော်လဲ ကိုကို့ကို ချစ်ပါတယ်"
"ဟန်ယူဂျင်း"
"ဗျာ"
"ချစ်တယ်"
"ကျတော်လဲ ခဗျားကို ချစ်တယ်"
ထပ်တူကျသွားတဲ့ နှုတ်ခမ်းသားနှစ်ခုစကားလုံးလေး နှစ်လုံးတည်းပေမယ့် ကောင်လေးနှစ်ယောက်အတွက် ရူးမိုက်ဖို့ အသင့်ပါပဲ
ဆောင်းညခင်းရယ်း နှင်းစက်လေးတွေရယ် အလင်းရောင်ဖျော့ဖျော့လေးရယ် ချစ်ရသူနှစ်ဦးရယ် ဒီထက်လှပတဲ့ ဆောင်းရာသီရှိပါဦးမလား
Marry Christmas ⛄
Continue Reading
You'll Also Like
1.2M 64K 50
344K 8.6K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
60.5K 4K 23
ကိုကို ပြန်မချစ်လဲ ရတယ်။ ဂရုမစိုက်လဲ အဆင်ပြေတယ်။ ဘယ်လောက် အော်အော် ဘယ်လောက်ဘဲ မောင်းထုတ်ပါစေ ကျွန်တော်ကတော့ ကိုကို့ ကို ချစ်တယ်။ ကိုကို့အတွက်နဲ့ဆို တ...
472K 11.4K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."