𝗠𝘆 𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗮𝗯𝗯𝘆

By taetaehnin13

8.1K 445 43

!ကလေးတော်တော်ဆိုးတာပဲကွာ ကိုယ့်အပေါ်အရမ်းအနိုင်ယူတာပဲ.... ကလေးအနိုင်ယူချင်လည်းယူပါကလေးရယ် ကလေးမို့ ကိုယ်အလျော... More

Part-1🐰🐻
Part-2🐰🐻
Part-3🐰🐻
Part-4🐰🐻
Part-5🐰🐻🚨
Part-6
Part-7
Part-9
Part-10
Part-11
Part-12

Part-8

388 27 2
By taetaehnin13

Unicode

ညနေဂျောင်ဂုပြန်ရောက် တော့ ထယ်ယောင်းမှာအပြေးလေးထွက်ကြိုသည်။ ဂျောင်ဂုနဲ့အတူ မိန်းမတစ်ယောက်ပါလာတာမြင်တော့ ထယ်ယောင်း မျက်နှာ ပျက်သွားသည်။ ဂျောင်ဂုကတော့ သူ့ကိုပြုံးပြုံးရွှင်ရွှင်နဲ့နှုတ်ဆက်ကာ ပါးလေးတောင် လှမ်းနမ်းလိုက်သေးးသည်။

"ကလေး ကလေးကို ကိုယ်မိတ်ဆက်ပေးရဦးမယ်...ဒါကိုယ့်သူငယ်ချင်း စောယွန်းတဲ့ သူက USကနေဒီကိုအလည်လာတာ အခုကိုယ်တို့အိမ်မှာတည်းမှာ..."

ပြုံးပြုံးရွှင်ရွှင်နဲ့ ဂျောင်ဂုကမိတ်ဆက်ပေးနေပင်မဲ့ ထယ်ယောင်းမှာတော့မပြုံးနိုင်။ စောယွန်းဆိုတဲ့မိန်းမကို သေချာအကဲခက်ကြည့်နေ သည်။ ထိုမိန်းမပုံစံက အနောက်တိုင်းအရမ်းဆန်ပြီး သူ့ကိုကြည့်တဲ့အကြည့်တွေက မနာလိုမုန်းတီးတဲ့ အရိပ်အယောင်တွေတွေ့နေရသည်။ထို့ကြောင့်ထယ်ယောင်းသဘောမကျပါ....။

"အင်း....အဲ့တော့...ကျွန်တော်က ဘာလုပ်ပေးရမှာလဲ.."

ထယ်ယောင်းခက်တည်တည်နဲ့ပြောလိုက်တော့ ဂျောင်ဂုရော စောယွန်းပါ ထယ်ယောင်းကိုလှမ်းကြည့် သည်။

"ကလေး...ဘယ်လိုကြီး ပြောလိုက်တာလည်း.."

"ဘာကိုဘယ်လိုပြောနေလို့လည်း ၊ဒီက အမက ကျွန်တော်တို့အိမ်မှာတည်းမယ်ဆိုလို့ ကျွန်တော် ဘာလုပ်ပေးရမလဲ ပြောတာလေ ဘာအမှားပါသွားလို့လည်း...ကိုယ့်အိမ်မှာတည်းမဲ့ ဧည့်သည်ကို ကျွန်တော်က ဧည့်ဝတ်ကျေ ခြင်လို့ပြောတဲ့ဟာကို..."

စောယွန်းကလည်း ထယ်ယောင်းသူ့ကိုမလိုလားမှန်းသိ၍ အရွဲ့တိုက်ချင်လာသည်။

"ဟုတ်သားပဲ ဂျောင်ဂုရယ် မောင်လေးက ငါ့ကို ဧည့်ဝတ်ကျေချင်လို့ ပြောတဲ့ဟာကို ၊ မောင်လေး အမ ဒီမှာတည်းမှာ မောင်လေး အစဥ်ပြေတယ်မှတ်လား..."

ထယ်ယောင်းမှာ စောယွန်းမေးတော့ ပြန်ရွဲ့ပြီးဖြေလိုက်သည်။

"ပြေတာပေါ့ အမရဲ့ ကျွန်တော်တို့အိမ်ကအကျယ်ကြီးဟာကို အမတစ်ယောက်တည်းလို့ဘာမှမဖြစ်သွားပါဘူး ကြိုက်သလောက်တည်းပါ.."

ဂျောင်ဂုမှာတော့ စောယွန်းကိုတလှည့် ထယ်ယောင်းကိုတလှည့်ကြည့်လို့နေသည်။

"ကယ် ဂျောင်ဂု မောင်လေးက ငါဒီအိမ်မှာ တည်းမှာ အစဥ်ပြေတယ်ဆိုတော့ ငါ စိတ်ကြိုက်နေမယ်နော်....ဒီတစ်ခါ ငါကြာကြာနေမှာ..."

ထိုစကားကို ထယ်ယောင်းကိုစိုက်ကြည့်ပြီး ပြောလိုက်သည်။

"အေးပါ.. နင်နေချင်သလောက်နေပါ..."

ဂျောင်ဂုကတော့သဘောရိုးနဲ့ နေချင်သလောက်နေ ပြောလိုက်ပင်မဲ့ ထယ်ယောင်းကတော့ စောယွန်းကိုကြည့်ကာ အသဲတွေယားနေပြီဖြစ်သည်။

!ဟွန်း....မြေခွေးမ နင်ဘယ်ခြေလှမ်း လှမ်းနေတယ်ဆိုတာ သိသားပဲ ငါ့လင်ကို စနိုက်ကြော်ခြင်နေတာ မသိတာမှတ်လို့...နင်ကပဲ စနိုက်ကြော်နိုင်မလား ငါကပဲ နင့်ကို ပညာပြနိုင်မလား ကြည့်ကြသေးတာပေါ့...!

ထယ်ယောင်းစိတ်ထဲက ကြိမ်းဝါးလိုက်သည်။

"စောယွန်း နင်သွားနားတော့လေ ပင်ပန်းနေ ပြီမှတ်လား ငါနင်နေဖို့ အခန်း ကောင်မလေးတွေကို လိုက်ပြခိုင်းပေးမယ်..."

"ခဏလေး ဂျောင်ဂု ငါကအခန်းကျဥ်းရင် မနေတက်ဘူးနော် ငါ့အတွက်အခန်းကို ကျယ်တာလေး စီစဥ်ပေး..."

"ဒါဆိုလည်း အပေါ်ထပ်က အခန်းမှာတည်းလေ အောက်ထပ်ကအခန်းတွေက နည်းနည်းကျဥ်းတယ်.. "

ထယ်ယောင်းမှာ စောယွန်းကို အပေါ်မှာ တည်းခိုင်းမယ်ဆို၍ သိပ်မကြည်ချင်တော့ပါ..

"ကောင်းသားပဲ ဒါဆို ငါအပေါ်ထပ်မှာ တည်းမယ်နော်.."

"အေးပါ....ကောင်မလေးတွေ အထုတ်တွေ အပေါ်ထပ်က အခန်းမှာ နေရာချပေးလိုက်ကြဦး..."

"ဟုတ်ကဲ့ သခင်ကြီး..."

ကောင်မလေးတွေက စောယွန်းအထုတ်တွေကိုကူသယ်ပေးပြီး စောယွန်းနဲ့အတူ အပေါ်ကိုတက်သွားကြသည်။

"ဟဲ့... ကောင်မလေး ဂျောင်ဂုတို့အခန်းက ဘယ်မှာလည်း..."

စောယွန်းမေးတော့ ကောင်မလေးနှစ်ယောက်မှာ စောယွန်း ကို နားမလည်သလိုပုံစံနဲ့ပြန်ကြည့်နေသည်။

"ဟဲ့ ငါမေးနေတယ်လေ ဂျောင်ဂုတို့အခန်းက ဘယ်အခန်းလည်းလို့..."

"ရှင်....ဟုတ် ဒီရှေ့က အခန်းပါ...."

"ဒါဆို ငါ့ကို ဂျောင်ဂုတို့ ဘေးကအခန်းမှာ နေရာချပေး ငါအဲ့အခန်းမှာတည်းမယ်..."

ကောင်မလေးတွေလည်း သူတို့သခင်ကြီးရဲ့ ဧည့်သည်ဖြစ်နေ၍ အထွန့်တက်မနေတော့ပဲ စောယွန်းနေရာချပေးခိုင်းတဲ့ အခန်းမှာပဲ နေရာချပေးလိုက်သည်။

ကောင်မလေးတွေ ပြန်သွားမှာ စောယွန်းအပြုံးတစ်ခုကိုချိတ်ဆွဲလိုက်သည်။

!မလောက်လေး မလောက်စား ကောင်လေးရေ ဒီနေ့ကစပြီး နင်စိတ်ဆင်းရဲဖို့သာပြင်ထားတော့..!

ထယ်ယောင်းမှာလည်း အခန်းထဲရောက်တာနဲ့ ဂျောင်ဂုကို ပြောတော့သည်။

"ကိုကို...အဲ့မိန်းမက ဘယ်တော့ပြန်မှာလည်း....ကျွန်တော် သူ့ကိုသဘောမကျဘူး..."

နှုတ်ခမ်းလေး စူပုတ်ကာ ဂျောင်ဂုကိုပြောလိုက်သည်။

"ဘာလို့လည်း ကလေးရဲ့....စောယွန်းကို ဘာလို့သဘောမကျတာလည်း..."

"ဟွန်း...သူက ကိုကို ကိုကြံနေတာ ကျွန်တော် မသိဘူးများထင်နေလား....အဲ့မိန်းမကြီး ကိုကိုအပေါ်လုံးဝမရိုးသားဘူး..."

ထယ်ယောင်းစကားကြားပြီး ဂျောင်ဂုဟက်ဟက်ပက်ပက်ရယ်တော့သည်။

"ဟား...ဟား....ဟား....ကလေးရယ် စောယွန်းက ကလေးထင်နေသလိုမဟုတ်ပါဘူး... ကိုယ်နဲ့ကငယ်ငယ်ထဲက ကျောင်းနေဖက်သူငယ်ချင်းတွေပါ အဲ့လိုစိတ်မျိုးမရှိပါဘူး..."

"ကိုကို က အဲ့မိန်းမကို ကာကွယ်ပြီးပြောနေတာလား..."

"ဟောကြည့်...ကလေးကလည်း ကိုယ်က ကာကွယ်ပြီးပြောနေတာမဟုတ်ရပါဘူး၊ အမှန်ကိုပြောပြတာပါ...စောယွန်းက ကိုကိုအပေါ် ဘာစိတ်မှ မရှိပါဘူး ရိုးရိုးသားသား ခင်တာပါ..."

ထယ်ယောင်း ဂျောင်ဂုနဲ့ စကားပြောနေရင်း အခန်းဝကိုအမှတ်မထင်ကြည့်မိလိုက်တော့  သူတို့ကိုချောင်းကြည့်နေတဲ့စောယွန်းကိုတွေ့ပြီး အကြံတစ်ခုရသွားသည်။

ထို့ကြောင့် ဂျောင်ဂုကိုချွဲပြစ်ကာ ပြောလိုက်သည်။

"ကိုကို...ကလေးကို နမ်းဦး...ကလေး ကိုကို့ အနမ်းကိုလိုချင်တယ်..."

ထိုသို့ပြောပြီး နှုတ်ခမ်းလေးကိုစူပေးထားသည်။

ဂျောင်ဂုမှာ ထယ်ယောင်း ကိုကြောင်ကာကြည့်နေမိသည်။ သူ့ကလေးက သူ့ကို တစ်ခါမှ ဒီလိုပုံစံမျိုးနဲ့ မတောင်းဆိုဘူး၍ ရင်တွေပါခုန်လာသည်။
ကလေး၊ကလေးနဲ့ပါထည့်ပြီးပြောနေ၍ အသဲတွေယားလာသည်။

"ကိုကို မနမ်းဘူးလား...ကလေး စိတ်ဆိုးတော့မှာနော်..."

"နမ်းမှာပေါ့ ကလေးရဲ့.."

ဂျောင်ဂု ထယ်ယောင်းနှုတ်ခမ်းကို ဆွဲစုပ်လိုက်သည်။

"ပြွတ်...ပြွတ်.."

ထယ်ယောင်း ဂျောင်ဂုနဲ့ နှုတ်ခမ်းချင်းတေ့ကာ နမ်းနေရာက စောယွန်းကိုလည်း လှမ်းကြည့်လိုက်သေးသည်။ စောယွန်းကြည့်နေတုန်းဆိုတာကို သိတော့ ချက်ချင်းဆိုသလိုနမ်းနေရာက ဂျောင်ဂုကို ကုတင်ပေါ် လှဲချကာ အပေါ်ကနေတက်ခွပြီး ဂျောင်ဂုအကျီ်တွေကို ဆွဲချွတ်တော့သည်။

ဂျောင်ဂုမှာလည်းထယ်ယောင်းလုပ်ပုံကိုင်ပုံတွေကိုကြည့်ကာ အံ့သြနေသည်။

"ကလေး ဘာလို့အကျီ်တွေချွတ်နေတာလည်း..."

"တူတူနေမလို့လေ ကိုကိုရဲ့ ကလေး နဲ့ကိုကို တစ်ခါပဲနေရသေးတယ်...အခုကလေး ကိုကိုနဲ့တူတူနေချင်တယ်..."

ပထမဦးဆုံးညက ထယ်ယောင်း သူ့ကြောင့်နာကျင်ရတာကိုကြည့်ပြီး သူထယ်ယောင်းကိုထပ်ပြီးမတောင်းဆိုခဲ့၊ အခုထယ်ယောင်းကလိုလိုလားလား တောင်းဆိုနေ၍ ဂျောင်ဂု ပျော်သွားသည်။

"တကယ်နော်ကလေး တကယ်တူတူနေမှာလား."

"အင်း...."

ဂျောင်ဂုချက်ချင်းဆိုသလို ထယ်ယောင်းကို ဆွဲ၍ အောက်ပို့လိုက်သည်။ ပြီးနောက် ထယ်ယောင်းခန္ဓာကိုယ်ကို တစ်နေရာမှမကျန်အနမ်းတွေခြွေနေသည်။

ထယ်ယောင်းမှာ ဂျောင်ဂုပြုစုပေးမှူကို ခံယူရင်း စောယွန်းကိုလည်း လှမ်းကြည့်လိုက်သည်။ စောယွန်းမရှိတော့သာသိမှ။

"ကိုကို...ကျွန်တော် မနေချင်တော့ဘူး..."

ဂျောင်ဂု ကြောင်သွားသည်။ ထယ်ယောင်းကိုနမ်းရှုံ့နေရာက ရပ်တန့်ပြီး...နားမလည်သလိုမျက်လုံးနဲ့ကြည့်ကာ..

"ဘာလို့လည်း ကလေးရဲ့ စောနက လေးတင် တူတူနေချင်တယ်ဆို..."

"အခုမနေချင်တော့ဘူး...ကျွန်တော့်ပေါ်က ဆင်းတော့..."

"ကလေးကွာ ကိုယ့်ကို တစ်ဝက်တစ်ပျက်ကြီးတော့ မထားခဲ့ပါနဲ့ ကိုယ်က စိတ်ပါနေပြီ..."

"ကိုကိုစိတ်ပါတာလေ ကျွန်တော်မှ စိတ်မပါတော့တာ..."

"အဲ့လိုမလုပ်ပါနဲ့ကလေးရယ် ကိုကို ကို အဲ့လိုတော့မရက်စက်ပါနဲ့..."

ထယ်ယောင်းလည်း မျက်နှာငယ်လေးနှင့်ပြောနေသည့် ဂျောင်ဂုကို သနားသွားကာ တူတူနေဖို့ခွင့်ပြုပေးလိုက်သည်။

"ဒါဆိုလည်း အခန်းတံခါးလေးတော့ သေချာသွားပိတ်လိုက်ဦး အခန်းတံခါးက ဟ နေတယ် တော်ကြာတစ်ရောက်ရောက်မြင်သွားရင်မကောင်းဘူး..."

ဂျောင်ဂု ထယ်ယောင်းပြောမှ သူတို့ဝင်လာတုန်းက တံခါးမပိတ်မိတာကို သတိရသွားသည်။

"ဟုတ်သားပဲ ကိုယ်မေ့နေတာ...ခဏလေးနော်.. "

ချက်ချင်းထကာ အခန်းတံခါးကိုဆွဲပိတ်ပြီး လော့ချလိုက်သည်။

"ကလေး စ မယ်နော်.."

"အာ့...ဟာ့..."

စောယွန်းကို အရွဲ့တိုက်ချင်၍ လုပ်လိုက်မိတဲ့အရာတစ်ခုက ထယ်ယောင်း တစ်ညလုံးအော်ညည်းရတော့သည်။

စောယွန်းတစ်ယောက် ထယ်ယောင်းကိုကလိချင်၍ ဂျောင်ဂုတို့အခန်းဘက်ကူးလာစဥ် သူ့အကြောင်းပြောနေတာကြား၍ တိတ်တိတ်လေးတံခါးအကွယ်ကနားထောင်လိုက်သည်။ ခဏအကြာ ရုတ်တရက်ကြီး ထယ်ယောင်းနဲ့ဂျောင်ဂု နမ်းလိုက်၍ ကြောင်ကာ ကြည့်မိသွားသည်။ တစ်ဖြည်းဖြည်းအဆင့်တွေတက်လာ၍ ဆက်မကြည့်ရဲတော့တာနှင့် သူ့အခန်းရှိရာစီ ပြန်ဝင်လာလိုက်သည်။

########

"ကလေး ထတော့လေ ကိုကို ရုံးသွားတော့မယ် ကိုကိုအတွက်အကျီ်ထုတ်ပေးဦး..."

"ကိုကို ကျွန်တော် မထချင်ဘူး ညက ကိုကိုလုပ်လို့ ကျွန်တော်အခု ကိုယ်တွေလက်တွေကိုက်ခဲနေပြီ..."

ဂျောင်ဂု မှာထယ်ယောင်း အပြောကြောင့် သဘောကျကာရယ်တော့သည်။

"ဟား..ဟား..ဟား..ကလေးရယ် ညက ကိုကိုအဲ့လောက်တောင်ကြမ်းသွားလို့လား..."

"မကြမ်းပဲနေမလား အခုကျွန်တော် မထ နိုင်တော့ဒါပဲကြည့်.."

"ဟုတ်ပါပြီဗျာ...ဒါဆို ကလေး ကောင်းကောင်းအနားယူပါ ကိုကိုဘာ ကိုကိုပဲ အကျီ်ထုတ်ဝတ်လိုက်ပါ့မယ်..."

"ဟုတ်ကဲ့ ကိုကို..."

ထိုစဥ်

"ဂျောင်ဂုရေ ဂျောင်ဂု..."

ထယ်ယောင်းမှာ စောယွန်းအသံကြားတာနဲ့ အိပ်နေရာက ချက်ချင်း ငေါက်ခနဲ ထထိုင်လိုက်သည်။ ကိုက်ခဲနေတာတွေလည်း ဘယ်စီရောက်လို့ ရောက်မှန်းမသိ။

"ကိုကို ကျွန်တော် ကိုကိုဝတ်ဖို့အကျီ်ထုတ်ပေးမယ်.."

ချက်ချင်းထကာ ဂျောင်ဂုအတွက်အကျီ် ထုတ်ပေးတော့သည်။

ဂျောင်ဂုမှာလည်းထယ်ယောင်းကိုကြည့်ကာ အံ့သြနေမိသည်။

"ဂျောင်ဂုရေ ဂျောင်ဂု..."

ဂျောင်ဂုလည်း စောယွန်း ခေါ်နေ၍ စောယွန်းကိုတံခါးသွားဖွင့်ပေးလိုက်သည်။

"အေး စောယွန်း..."

"နင် အလုပ်သွားရမှာမို့ လာနှိုးတာ နင်က အလုပ်သွားဖို့တောင်ပြင်နေပြီပဲ..."

"ကိုကို အကျီ် ထုတ်ပြီးပြီ.."

ထယ်ယောင်း စောယွန်းကိုကြည့်ကာ ပြောလိုက်သည်။

စောယွန်းကတော့ ထယ်ယောင်းကိုမျက်စောင်းလှမ်းထိုးကာ ဂျောင်ဂုကိုစကားဆိုလိုက်သည်။

"ဂျောင်ဂု ငါ နင်နဲ့ ကုမ္ပဏီကို လိုက်မလို့..."

ထယ်ယောင်းမှာ စောယွန်းကုမ္ပဏီ လိုက်မယ်ဆို၍ မျက်လုံးပြူးသွားသည်။

"ကုမ္ပဏီလိုက်မလို့လား လိုက်ခဲ့လေ.."

ဂျောင်ဂု လိုက်ခဲ့ဖို​့ပြောတော့ ထယ်ယောင်းမှာ ဂျောင်ဂုကို မကြည်တဲ့အကြည့်နဲ့ကြည့်လိုက်ပြီး

"ကိုကို..."

"ဗျာ့.."

"ကျွန်တော်လည်း ကုမ္ပဏီလိုက်မယ်..."

"ဟမ်...ကလေးက ကိုကို ကုမ္ပဏီလိုက်မယ် ဟုတ်လား..."

"အင်းလေ...ကျွန်တော်က နေကောင်းတာမဟုတ်ဘူး ကိုကို အနားမှာ မရှိရင်အားငယ်တယ် အဲ့ဒါကြောင့် ကုမ္ပဏီလိုက်ခဲ့မယ်..."

"ဒါဆိုလည်း လိုက်ခဲ့ပါဗျာ ကလေးလိုက်တော့ ကိုကိုက ပိုတောင်ပျော်သေးတယ်... "

ထယ်ယောင်း ဂျောင်ဂုစကားကြားတော့ အောင်နိုင်သူအပြုံးနဲ့ စောယွန်းကို လှမ်းကြည့်လိုက်သည်။

စောယွန်းမှာတော့ ထယ်ယောင်းကိုကြည့်ကာ မျက်စောင်းတထိုးထိုးနှင့်...

"မောင်လေးက နေမကောင်းဘူးလား ၊  နေမကောင်းရင် အိမ်မှာပဲ အနားယူပါလား...ကုမ္ပဏီလိုက်တော့ ပင်ပန်းတာပေါ့..."

"အဲ့လောက်ကြီးလည်းမဟုတ်ပါဘူးအမရယ် ကျွန်တော်နေမကောင်းတာက ညက ကိုကို နည်းနည်းကြမ်းထားလို့ ကိုယ်တွေလက်တွေကိုက်တာ အဲ့လောက်ပါပဲ...နော် ကိုကိုနော်..."

ဂျောင်ဂုမှာ ထယ်ယောင်းအပြောကြောင့်ရှက်ခါ မျက်နှာတစ်ခုလုံး နီရဲနေပြီဖြစ်သည်။ စောယွန်းကိုလည်းမကြည့်ရဲတော့...

"နော်...ကိုကိုနော်လို့ ညက ကလေးကို ကိုကိုကြမ်းထားလို့ နေမကောင်းတာနော်..."

ထယ်ယောင်းတစ်ယောက် ဂျောင်ဂုမဖြေမချင်း ချွဲပြစ်ကာ ဂျောင်ဂုလက်မောင်းကိုလှုပ်၍ ပြောလိုက်သည်။

ဂျောင်ဂုမှာလည်း ထယ်ယောင်းအတင်းပြောနေ၍ မဖြေချင်ဖြေချင်နှင့်

"ဟမ်..အင်း..."

ထယ်ယောင်း စောယွန်းကိုကြည့်ကာ မျက်စာပြစ်ပြလိုက်သည်။ တွေ့တယ်မှတ်လားဆိုသည့်ပုံစံ
နှင့်...

စောယွန်း မှာ မျက်စိပျက်မျက်နှာပျက်နှင့် ဂျောင်ဂုကို ကြည့်ကာ....

"ဂျောင်ဂု ငါ အဝတ်အစားသွားလဲ လိုက်ဦးမယ်...ခဏဆောင့်နော်..."

စောယွန်းထွက်သွားမှ ဂျောင်ဂုမှာ အသက်ဝအောင်ရှုနိုင်တော့သည်။

ထယ်ယောင်းကတော့ ဂျောင်ဂုကို ခါးထောက်ကာ ရန်တွေ့ဖို့ပြင်တော့သည်။

"ကိုကို..."

"ဗျာ့..."

"ကိုကို ဘာလို့ ဟိုမိန်းမကို ကုမ္ပဏီခေါ်တာလည်း.."

"စောယွန်းက သူဒီရောက်ရင် ကိုကို ကုမ္ပဏီကို လာနေကြလေ ကလေးရဲ့ ဘာဖြစ်လို့လည်း..."

"ကျွန်တော် မကြိုက်ပါဘူး သူကိုကို့ ကုမ္ပဏီကို ဝင်ထွက်နေတာ..."

"အော် ကလေးရယ် သူက ဒီပြန်ရောက်ရင် ကိုကိုကုမ္ပဏီရော ယွန်းဂီ ကုမ္ပဏီရော ဝင်ထွက်နေကြပါ သူ့မှာလည်း ဒီလာရင် ကိုကိုတို့ပဲရှိတာလေ ကျန်တဲ့နေရာသွားစရာမှမရှိတာ.."

"အဲ့ဒါဆိုလည်း အကိုယွန်းဂီ ကုမ္ပဏီကိုသွားပေါ့ ဘာလို့ ကိုကို စီပဲ ကပ်နေတာလည်း..."

"ယွန်းဂီကုမ္ပဏီကိုလည်းသွားပါတယ်ကလေးရဲ့ အခုက သူရောက်နေတာ ယွန်းဂီကို မပြောရသေးလို့ မသွားသေးတာ... "

"အဲ့ဒါဆိုလည်း သူရောက်နေတာ အကိုယွန်းဂီ
ကိုပြောလိုက်လေ အဲ့ဒါမှ မြန်မြန်သွားမှာ...သူများတွေက အခုမှ ညားခါစပါဆို သူရှိတော့ စိတ်ကျဥ်းကြပ်တယ်..."

"အင်းပါကလေးရယ် စောယွန်းအကြောင်းပြောမနေပါနဲ့တော့...အခု ကုမ္ပဏီလိုက်မယ်မှတ်လား အဝတ်အစားသွားလဲတော့.."

စကားကြောပျက်အောင် ဂျောင်ဂု ထယ်ယောင်း ကိုချော့မော့ကာ အဝတ်အစားသွားလဲခိုင်းလိုက်ရသည်။

***************************************

3/2/2024

Zawgyi

























"ဟုတ်ကဲ့ သခင်ကြီး..."

























"နမ်းမှာပေါ့ ကလေးရဲ့.."


"ပြွတ်...ပြွတ်.."







"အင်း...."















"ကလေး စ မယ်နော်.."

"အာ့...ဟာ့..."



########







"ဟုတ်ကဲ့ ကိုကို..."

ထိုစဉ်

"ဂျောင်ဂုရေ ဂျောင်ဂု..."





"ဂျောင်ဂုရေ ဂျောင်ဂု..."


"အေး စောယွန်း..."









"ကိုကို..."

"ဗျာ့.."













"ဟမ်..အင်း..."

နှင့်...





"ကိုကို..."

"ဗျာ့..."










***************************************

3/2/2024

Continue Reading

You'll Also Like

9.8K 409 18
Thể loại: Trọng sinh, hiện đại phúc hắc bá đạo ôn nhu niên hạ công - ôn nhuận thụ Editor: KAORI0KAWA Beta: MAI_KARI Độ dài: 16 chương (Chính văn) + 1...
684K 33.8K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
2.3M 117K 65
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
1M 55.1K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...