လရောင်ဖြာမှ...အေးသောကြောင့်(လ...

By Hsu_BlueRose

56.6K 4.6K 763

Unicode '' ကံကြမ္မာဆိုတဲ့ အရာတောင် အသက်အတွက်ဆို ပြောင်းပြန်လှန်ပစ်မှာ မို့ မောင့်လက်ကိုသာရဲရဲတွဲထားပါ အသက်ရယ်... More

Intro🧡
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း (၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း(၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း(၂၀)
hello
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)

အပိုင်း(၂၃)

618 78 22
By Hsu_BlueRose

'' နို့မဟုတ်သေးပါဘူး။ ဒီအသံကို ရင်းရင်းနှီးနှီးကို သိနေပါတယ်''

'' ဘယ်အသံကိုလဲ မာမီရဲ့ ''

'' အရူးမရဲ့အသံ ကိုမာမီစိတ်ထဲသိပ်ဘဝင်မကျလှဘူး''

အိပ်ခန်းထဲတွင်လမ်းလျှောက်ရင်း စိတ်အလိုမကျသလိုပြောလာသောမာမီကြောင့် မော်လီနားမလည်သလိုပြန်မေးမိသည်။

'' မိမိ အသံနဲ့သိပ်တူတာပဲ ''

'' ဟင် ဒေါ်လေးမိ ရဲ့အသံလားမာမီ''

'' အင်း သိပ်ကိုတူလွန်းတယ်''

'' ဒေါလေးမိ ဆုံးသွားတာဖြင့် ၁၃နှစ်လောက်တောင်ရှိပါတော့မယ် မာမီရယ် ဒီတိုင်းတူတဲ့အသံပဲနေမှာပါ။''

* ဟုတ်တယ် မိမိက သေသွားပြီ။ ငါ့ရှေ့တွင်သေသွားတာ။ မိမိဖြစ်စရာဘာအကြောင်းမှမရှိဘူး ။ * ဒေါ်မာရင်မြင့် စိတ်ထဲမှာတွေးရင်း လက်တွေပင်တုန်လာလေသည်။

*သေသွားပြီ။ ဟုတ်တယ် ငါကိုယ်တိုင်သတ်ခဲ့တာ။ ငါကိုယ်တိုင်မော်တော်ကားနဲ့တိုက်သတ်ခဲ့တာ ။ အသက်ရှင်စရာအကြောင်းမရှိဘူး*

ဒေါ်မာရင်မြင့်ခေါင်းတစ်ခါခါနဲ့သာ အတွေးတွေများရင်း မောဟိုက်လာလေသည်။

'' မာမီ အဆင်ပြေရဲ့လား။ ဘာဖြစ်လို့လဲဟင် ''

'' ဟင်..အင်း မာမီ အဆင်ပြေပါတယ်။ ''

* ငါသွားကြည့်ရမယ်။ ငါသွားကြည့်ပြီးအတည်ပြုရမယ်*

>>>>
<<<<

'' လရောင် မျက်နှာလည်းမကောင်းပါ့လား။ဘာပြုလို့ပါလိမ့် ''

ခြံထဲတွင်ပန်းပင်တွေရေလောင်းနေသောလရောင်၏ အနားသို့ ရောက်လာပြီး လရောင်အားကြည့်ကာမေးလာသောလူကြောင့်လှည့်ကြည့်မိတော့ မြင်ရသောကိုရစ်ချက် ကြောင့်လရောင်မျက်လုံးတို့ပြူးသွားလေသည်။

'' ကိုရစ်ချက် ''

'' တော်သေးတာပေါ့ လရောင်လေးက ကိုယ့်ကိုမှတ်မိသေးလို့။ ဒီလိုလေးဝတ်စား ထားတော့လည်း တကယ့်မိန်းကလေးလိုလေးပါ့လား လရောင်ရယ်။ ''

ကိုရစ်ချက်၏ စကားကြောင့် လရောင်လန့်ကာ ဘေးဘက်ဝဲရာအားကြည့်လိုက်မိသည်။

'' လရောင်နောက်က်ိုလိုက်ခဲ့ပါကိုရစ်ချက်''

လရောင် တစ်ယောက်ယောက်မြင်သွား၊ ကြားသွားမည်အားကြောက်၍ ကိုရစ်ချက်အားဆွဲကာ အိမ်ဘေး ချယ်ရီပင်ကြီးအောက်သို့ခေါ်ခဲ့လေသည်။

'' ဘာဖြစ်လို့လဲ လရောင်လေး ဘာလို့ကိုယ့်ကိုဒီခေါ်လာတာလဲ ''

'' ဟို ဘာမှမဖြစ်ပါဘူး။ ကိုရစ်ချက်က ဒီကိုဘယ်လိုရောက်နေတာလဲ ။ ''

'' သြော် ဒယ်ဒီပေးခိုင်းလိုက်တဲ့စာရွက်၊ စာတန်းတွေလာပို့ပေးရင်း မော်လီ ဒီရောက်နေတယ်ကြားလို့ အန်ကယ်ဦးကိုကိုမောင်နားကလိပ်စာတောင်းပြီးလာခဲ့တာ လရောင်လေးကဘယ်လိုလုပ်ဒီရောက်နေတာလဲ ။ ''

'' ဟို လရောင် ဒီရောက်နေတာကြာပါပြီ။ ''

'' ဟိုတစ်ခေါက်မန္တလေး မှာဆုံကြသေးတယ်လေ လရောင်မှတ်မိလား''

'' အာ ဟုတ် ''

မှတ်မိတာပေါ့ အဲတုန်းက အမာနဲ့ပါဆုံခဲ့သေးတယ်လေ။ အမာက လရောင်ကိုမော်လီလို့ခေါ်လိုက်တော့ ကိုရစ်ချက်က သိပ်ကိုအံ့သြသွားတာ။ လရောင်ကိုမေးချင်ပေမဲ့ ကိုသစ်ဦးက အတင်းဆွဲခေါ်သွားလို့သာ လရောင်ကိုဘာမှမမေးဖြစ်လိုက်တာ မဟုတ်ပါလား။

'' လရောင်ဘာလို့ မိန်းကလေးတစ်ယောက်လိုဝတ်စား ထားလဲ ဆိုတာ ကိုယ်သိခွင့်ရှိမလား ''

''ဟို အဲဒါကလေ ...''

'' ရပါတယ် လရောင်မဖြေနိုင်ရင်မဖြေပါနဲ့ ဒါနဲ့ လရောင်ကသိပ်လှတာပဲ ''

ကိုရစ်ချက်၏ စကားကြောင့် လရောင် အလိုမကျသလိုဖြစ်လာကာ ဒီနေရာကရှောင်သွားဖို့သာ တွေးလိုက်တော့သည်။

''ဟို မမမော်လီ အိမ်ထဲမျာရှိတယ် လရောင်မမမော်လီကိုသွားခေါ်ပေး...အ့! ''

မမမော်လီအားသွားခေါ်ပေးရန် လရောင်အိမ်ထဲသို့ဝင်ရန်ပြင်လိုက်ပေမဲ့ လရောင်၏ လက်ကောက်ဝတ်အား လှမ်းဆွဲလိုက်သော ကိုရစ်ချက်ကြောင့် လရောင်လန့်သွားလေသည်။

'' ရတယ် မခေါ်ပါနဲ့အုံး။ ကိုယ်လရောင်နဲ့ပြောသရာအများကြီးရှိသေးတာ။ ''

'' ဘာတွေများအရေးကြီး ပြောစရာရှိလို့ ကျုပ်သတိုးသမီးလောင်းရဲ့ လက်ကိုတောင် လှမ်းဆွဲထားရတာလဲ ''

လရောင် လက်အားရုန်းကြည့်ပေမဲ့မရတာကြောင့် ငိုချင်သလိုလိုဖြစ်လာစဥ် အနောက်ဘက်မှ ကိုသစ်ဦး၏ အသံကြောင့် လရောင်မျက်နှာလေးနှင့်သာလှမ်းကြည့်မိတော့ အနားသို့ရောက်လာပြီး ကိုရစ်ချက်ဆွဲထားသောလက်အား ဆွဲဖြုတ်လိုက်လေသည်။

'' သတိုးသမီးလောင်း ..''

ကိုရစ်ချက်မှ မယုံနိုင်သလို လရောင့်အားလှည့်ကြည့်လာပြီး တိုးတိုးလေးရေရွတ်လိုက်လေသည်။

'' လရောင် မောင် ကလိုက်ရှာနေတာ။ လရောင်​ပျောက်သွားလို့ ''

'' ဟို လရောင်ရေလောင်းနေရင်း ကိုရစ်ချက်နဲ့တွေ့လို့နှုဆ်ဆက်နေတာပါ။ကိုရစ်ချက်က မမမော်လေးကိုလာတွေ့တာပါ။ ''

လရောင် ကိုသစ်ဦးအား ရှင်းပြလိုက်လေသည်။

'' ဒီက ကိုရစ်ချက်နော်။ ကိုရစ်ချက်တွေ့ချင်တဲ့လူကအိမ်ထဲမှာရှိပါတယ်။ ဒါဆိုလိုက်မပို့တော့ဘူးနော် ''

ရစ်ချက်အား ပြောကာ လရောင်၏ လက်ကလေးအား အသာဆွဲကာ ခေါ်ထုတ်သွားသော ကိုသစ်ဦးကြောင့် လရောင်ဘာမှမပြောဘဲခေါင်းကလေးငုံ့၍ သာ လိုက်ပါလာခဲ့လေသည်။

'' လရောင် မောင့်ကိုကြည့် ''

တစ်ဖက်ခြံထဲသို့ ဆွဲခေါ်လာပြီးကာမှ လရောင်၏ မေးဖျားလေးအားကိုင်ကာပြောလာသောကိုသစ်ဦးကြောင့် လရောင်မော့ကြည့်မိလေသည်။

'' လရောင်ဝမ်းနည်းနေတာလားဟင် ''

လရောင်၏ မျက်ဝန်းတွင် မျက်ရည်စလေးများအား သစ်ဦးမြင်တော့ အလန့်တကြားမေးလိုက်လေသည်။

'' ဟင့်အင်း ''

လရောင် ဘာမှမပြောတော့ဘဲ ခေါင်းကလေးသာခါပြလိုက်မိတော့ သစ်ဦးမှ လရောင်ကိုယ်လေးအားဆွဲကာ သူ့ရင်ခွင်ထဲသို့ မျက်နှာကလေးအပ်ကာ ထွေးဖက်လိုက်လေသည်။ ကိုယ်သင်းနံ့မွှေးမွှေးကလေးနှင့်မောင့်ရင်ခွင်ထဲသို့လရောင်မျက်နှာအပ်မိတော့ဝမ်းနည်းစိတ်ကလေးတွေတရစ်ရစ်တိုးလာပြီး ရှိုက်ကြီးတငင်သာငိုမိလေတော့သည်။

* လရောင် ဘာဆက်လုပ်ရမလဲမသိတော့ဘူး '' မောင် '' ။လရောင် မောင့်ကိုချစ်တယ်။ ဒါပေမဲ့လရောင်မှာ မောင့်ကိုချစ်ပိုင်ခွင့်မရှိဘူး။ လရောင် မမမော်လီနဲ့မေမေမြင့်ကိုလည်းကြောက်တယ်။ လရောင်ဘာဆက်လုပ်ရမလဲ မောင်။ လရောင်သိတယ် လရောင်က ယောက်ျားပျိုတစ်ယောက်မှန်းမောင်သိသွားတဲ့အခါ မောင် လရောင့်ကိုဘယ်လိုမှချစ်နိုင်မှာမဟုတ်တော့ဘူး။လရောင်ကြောက်တယ်မောင်ရယ်။ ပြီးတော့လရောင်က တိတ်တိတ်ပုန်းသားတစ်ယောက် မောင်နဲ့အဆင့်အတန်းက မိုးနဲ့မြေ ပဲ။ လရောင် တကယ်ဘာလုပ်ရမလဲမောင်ရယ်*

လရောင် စိတ်ထဲမှာသာတစ်ယောက်တည်းရေရွတ်ရင်း သစ်ဦးအားတိုးဖက်ကာ ရှိုက်ကြီးတငင်ငိုနေမိလေသည်။

ရင်ခွင်ထဲသို့မျက်နှာအပ်ကာ ရှိုက်ကြီးတငင်ငိုနေသည့် လရောင်ကြောင့် သစ်ဦးလရောင်ခေါင်းကလေးအား ဖွဖွကလေးပွတ်ပေးကာ သက်ပြင်းကလေးချလိုက်မိလေသည်။

* လရောင် ဒီလိုငိုနေရင် မောင် ဘာဆက်လုပ်ရမလဲ မသိတော့ဘူး လရောင်။ မောင်မသိချင်ယောင်ပဲ ဆက်ဆောင်နေရမလား။ မောင်ဘာလုပ်ရမလဲ လရောင် *

>>>>>
<<<<<

'' ဒေါ်တင်တင်မူ အသတ်ခံလိုက်ရပါတယ်ဆရာ။ ''

ထွန်းတောက်၏ စကားကြောင့် သစ်ဦး ဖတ်လိုက်စ စာရွက်အားချလိုက်ကာ မျက်ခုံးတန်းတို့ပါတွန့်ကျုံ့သွားလေသည်။

'' ကျုပ်တို့လိုက်နေတာကိုသိတယ်ထင်တယ် ဆရာ။ အဲဒါကြောင့်သူတို့အရင်လက်စ​​​​ဖျောက်ပြစ်လိုက်တာ။ မြို့ထဲကလူတွေကတော့ ငွေတိုးချေးစားတဲ့လူမို့ မကျေနပ်တဲ့လူကသတ်လိုက်တာလို့ပဲတစ်ယောက်တစ်ယောက်ပြောနေကြပါတယ်။ ဒါပေမဲ့ ကျုပ်ထင်တာတော့ ဦးကိုကိုကျော်လက်ချက်ပါပဲဆရာ။ ''

'' ဒါဖြင့် သူ့ယောက်ျား ဘယ်မှာရှိလဲ ဘယ်သူမှမသိကြတော့ဘူးပေါ့။ ''

'' ဘယ်သူမှမသိကြပါဘူးဆရာ။ ဒေါ်တင်တင်မူက ငွေတိုးချေးစားတဲ့လူဆိုတော့ အရပ်ထဲကလည်း ဘယ်သူနဲ့မှမတည့်ဘူးပြောပါတယ်ဆရာ။ ဘယ်သူနဲ့မှလည်းအရောမဝင်တော့ သူ့ယောက်ျား ဘယ်မှာလဲ ဘယ်သူမှမသိကြပါဘူးဆရာ။ နားရေးတောင်ပြန်မလာဘူးလို့လည်းပြောပါတယ်။ ''

ထွန်းတောက်၏ စကားကြောင့် သစ်ဦးအတွေးများစွားနှင့်သာ ဖြစ်နေလေသည်။

'' သေချာတာက ငါတို့ ရန်ကုန်မှာလှုပ်ရှားတာကို ဦးကိုကိုကျော် ရိပ်မိသွားပြီထင်တယ်။ဦးတင်ညွန့်ကို သူတို့လည်းလိုက်ရှာနေလောက်မယ်။ ငါတို့ဘက်ကအရင်လက်ဦးမှုယူမှရမယ် ထွန်းတောက် သီပေါဘက်ကလူတွေ ၊ မန္တလေးကလူတွေကိုပါ တစ်ခါတည်းသတင်းပို့လိုက်။ ''

'' ဟုတ်ကဲ့ပါဆရာ။ ဒါနဲ့ စာရင်းစာအုပ်တွေနဲ့စာချုပ်တွေကတော့ ရန်ကုန်အိမ်မှာရှိတာသေချာပါတယ်ဆရာ။ ခက်တာက အတွင်းလူမရှိဘဲ ကျုပ်တို့ယူလို့ရမှာမဟုတ်ဘူးဆရာ။ ''

'' အတွင်းလူ ...အတွင်းလူ ''

သစ်ဦး မဲ့ပြုံးကလေးသာပြုံးလိုက်ပြီး စီးကရက် တစ်လိပ်အားလက်ကြားညှပ်ကာဖွာလိုက်လေသည်။

>>>>
<<<<

'' ဟင် မေမေမြင့်ပါ့လားဒီအချိန်ကြီး ''

လရောင် ညဘက်အိပ်မပျော်၍ခြံထဲဆင်းကာလမ်းလျှောက်မိတုန်း အိမ်နောက်ဘက်မှ လူရိပ်ကြောင့် လန့်ကာ လှည့်ကြည့်မိတုန်း တစ်ဖက်ခြံထဲသို့ ခိုးကြောင်ခိုးဝှက်သွားနေသောမေမေမြင့်ကြောင့်လရောင် နောက်မှလိုက်ကြည့်မိလေသည်။

'' ဒါ ဟိုဒေါ်ဒေါ့်ဆီ သွားနေတာများလား ''

လရောင်သိချင်စိတ်ကြောင့် နောက်မှ သွက်သွက်လိုက်ခဲ့လေသည်။

'' နင်...နင်...''

လရောင်တစ်ဖက်အိမ်ထဲသို့ဝင်ဝင်ချင်း ကြားလိုက်ရသည့်အသံများကြောင့်ရပ်ကာ အိမ်ထဲသို့အသာချောင်းကြည့်မိလေသည်။

'' သွား..ထွက်သွား.. သူများအဆောင်ထဲ အွင်း...အု!''

ဒေါ်မာရင်မြင့် မိမိရှေ့မှထအော်နေသောအရူးမကြောင့် ပါးစပ်အားပိတ်ကာ ဆံပင်တွေအား အကုန်လှန်တင်လိုက်ပြီး မီးအိမ်အားမျက်နှာနားသို့တိုးကပ်လိုက်လေသည်။ နေ့လည်ကလိုပေတီပေဆုတ်မဟုတ်တော့တာကြောင့် ရှုပ်ပွနေသောဆံပင်များမှလွဲ ၍ သေသေချာချာမြင်လိုက်ရသော မျက်နှာကြောင့် ဒေါ်မာရင်မြင့်လန့်သွားလေသည်။

အိမ်ထဲမှ ထွက်ပေါ်လာသော ဒေါ်ဒေါ်၏ အသံကြောင့် လရောင်မနေနိုင်တော့ဘဲသွားရန်ပြင်လိုက်စဥ်

'' နင်..နင် သေသွားပြီ မဟုတ်ဘူးလား။ နင်မသေသေဘူးလား ''

ဒေါ်မာရင်မြင့်လန့်ကာ မီးအိမ်အားလွှတ်ချလိုက်မိပြီး မိမိရှေ့မှမြင်လိုက်ရသော မျက်နှာကြောင့် လက်ညှိုးတစ်ထိုးထိုနှင့်အလန့်တစ်ကြားပြောလိုက်မိလေသည်။

ဒီမျက်နှာ ၊ သူသိပ်ကို မုန်းခဲ့ရတဲ့မျက်နှာ။ သိပ်ကိုလှလွန်းလို့ သူမနာလိုဖြစ်ခဲ့ရတဲ့ မျက်နှာ။ မမြင်ချင်ဘူး။ သူဒီမျက်နှာကိုမမြင်ချင်ဘူး။ အဲဒီနေ့ မေမြို့မှာ မိုးတွေ သည်းခဲ့တဲ့နေ့။ ကံကြမ္မာမျက်နှာသာပေးမှုကြောင့် သစ်စက်မှာအလုပ်ရှုပ်နေတဲ့ကိုကိုကျော်အားထားခဲ့ပြီး သူနဲ့မိမိ အလည်ထွက်သောနေ့ ။ ကားဒရိုက်ဘာ ဦးတင်ညွန့်အချက်ပေးလိုက်ပြီး မဲ့ပြုံးတစ်ချက်ပြုံးလိုက်သော အလိုက်သိလှသော ဦးတည်ညွန့်မှ မြို့ပြင်အားထွက်ကာ လူရှင်းသောနေရာသို့မောင်းခဲ့လေသည်။

'' မိမိ ဆင်း။''

'' ရှင်သခင်မကြီး ''

'' ဆင်းလို့ပြောတာမကြားဘူးလား။ ''

ကားပေါ်မှဆင်းသွားသော မိမိအားကြည့်ကာဒေါ်မာရင်မြင့် မဲ့ပြုံးတစ်ချက်ပြုံးလိုက်လေသည်။

'' မိုးတွေရွာနေလို့ မော်တော်ကားက ဆက်သွားလို့မရတော့ဘူး အနီးနားတစ်ဝိုက်သွားကြည့်လိုက်စမ်း အကူညီတောင်းစရာများရှိမလားလို့ ''

ဒေါ်မာရင်မြင့်၏ စကားကြောင့် မိုးရေးထဲပြေးကာ အကူအညီတောင်းစရာလိုက်ရှာနေသောမိမိအား ကားပေါ်မှထိုင်၍ စီးကရက်သောက်ရင်းကြည့်နေမိလေသည်။

'' မရှိဘူး သခင်မကြီး။ ဘယ်သူမှမရှိဘူး။ မိုးတွေရွာနေလို့ထင်တယ် မော်တော်ကားတွေလည်းမတွေ့ဘူး''

ကားနားပြန်လာပြီးမိုးရေထဲတွင် အေးလို့တုန်နေသောအသံလေးနှင်ပြောလာသောမိမိကြောင့် ဒေါ်မာရင်မြင့်စီးကရက်အား ကားပေါ်မှလွှတ်ပြစ်လိုက်ကာ ထီးကိုင်ပြီး ဆင်းလာလေသည်။

'' မိမိ ''

'' ရှင် ''

'' ငါ့ယောက်ျားကနင့်ကိုချစ်နေပြီထင်တယ်။ ခရီးတွေဘာတွေပါခေါ်လို့ ''

'' ရှင် ''

'' ညဥ်းက လေ ရုပ်ကလေးငနားကမားနဲ့ ငိပ်ကိုအပြုအစုတော်တာပဲ။ တစ်ခဏလေးအတွင်း ငါ့နဲ့အပြိုင် သားယောက်ျားလေးပါမွေးပြီး ငါ့ယောက်ျားကိုငါ့ဆီကလုတယ်ပေါ့ ''

ခေါင်းကလေးတခါခါနှင့်မျက်ရည်တွေကျဆင်းလာသော မိမိအားကြည့်ပြီး ဒေါ်မာရင်မြင့်ရယ်လိုက်လေသည်။

'' မဟုတ်ပါဘူး သခင်မကြီးရယ် မိ မမြူဆွယ်ခဲ့ပါဘူး။ သခင်ကြီးက ...''

'' ဖြန်း! ဖြန်း! ''

'' အား! ''

မိမိ၏ ပါးအား ဘယ်ပြန်ညာပြန်ချလိုက်တော့ မျက်ရည်တွေနှင့်သာ သနားခံသလိုကြည့်လာလေသည်။

'' ငါညဥ်းကိုမမြင်ချင်တော့ဘူး မိမိ ''

'' မလုပ်ပါနဲ့ ။ မလုပ်ပါနဲ့သခင်မကြီးရင် မိမိမှာသားလေးရှိသေးတယ်။ လရောင်လေးရှိသေးတယ် ''

အန္တရာယ်အငွေ့အသက်အား ခံစားလာမိသော မိမိက ဒေါ်မာရင်မြင့်ခြေထောက်အားဖက်ကာ တောင်းပန်လာလေသည်။

'' ဟင်း ငါစောင့်ရှောက်ပေးရမှာပေါ့။ ဟင်းဟင်း...''

'' မလုပ်ပါနဲ့ မလုပ်ပါနဲ့သခင်မကြီးရယ် ဟင့် ''

ဒေါ်မာရင်မြင့် ၏ ခြေထောက်အားအတင်းဖက်ထားသော မိမိအားကန်လွှတ်လိုက်ပြီး တစ်လှမ်းချင်းတိုးသွားကာ ကားပေါ်ရှိဦးတင်ညွန့်အားပြောလိုက်သည်မှာ

'' တိုက်..သတ်..လိုက်တော့ ''

>>>>>
<<<<<

26.1.2024

TBC___

အကြာကြီးပြစ်ထားမိပြန်ပြီနော်။ ဒေါက်တာတို့စာအုပ်ကိစ္စတွေကြောင့်ပင်ပန်းနေလို့ မရေးဖြစ်သေးတာပါ။ ခုစာအုပ်တွေလည်းရတော့မယ်ဆိုတော့ ဆုနားရင်းလရောင်တို့ကိုအပြီးသတ်လိုက်တော့မယ်နော်။ လရောင်တို့ကအရမ်းကြီးမရှည်တာမို့ နောက် ၆ပိုင်းလောက်ဆို ပြီးမယ်ထင်ပါတယ်💙

Zawgyi___

'' ႏို႔မဟုတ္ေသးပါဘူး။ ဒီအသံကို ရင္းရင္းႏွီးႏွီးကို သိေနပါတယ္´´

'' ဘယ္အသံကိုလဲ မာမီရဲ႕ ´´

'' အ႐ူးမရဲ႕အသံ ကိုမာမီစိတ္ထဲသိပ္ဘဝင္မက်လွဘူး´´

အိပ္ခန္းထဲတြင္လမ္းေလွ်ာက္ရင္း စိတ္အလိုမက်သလိုေျပာလာေသာမာမီေၾကာင့္ ေမာ္လီနားမလည္သလိုျပန္ေမးမိသည္။

'' မိမိ အသံနဲ႔သိပ္တူတာပဲ ´´

'' ဟင္ ေဒၚေလးမိ ရဲ႕အသံလားမာမီ´´

'' အင္း သိပ္ကိုတူလြန္းတယ္´´

'' ေဒါေလးမိ ဆုံးသြတာျဖင့္ ၁၃ႏွစ္ေလာက္ေတာင္ရွိပါေတာ့မယ္ မာမီရယ္ ဒီတိုင္းတူတဲ့ပဲေနမွာပါ။´´

* ဟုတ္တယ္ မိမိက ေသသြားၿပီ။ ငါ႔ေရွ႕တြင္ေသသြားတာ။ မိမိျဖစ္စရာဘာအေၾကာင္းမွမရွိဘူး ။ * ေဒၚမာရင္ျမင့္ စိတ္ထဲမွာေတြးရင္း လက္ေတြပင္တုန္လာေလသည္။

*ေသသြားၿပီ။ ဟုတ္တယ္ ငါကိုယ္တိုင္သတ္ခဲ့တာ။ ငါကိုယ္တိုင္ေမာ္ေတာ္ကားနဲ႔တိုက္သတ္ခဲ့တာ ။ အသက္ရွင္စရာအေၾကာင္းမရွိဘူး*

ေဒၚမာရင္ျမင့္ေခါင္းတစ္ခါခါနဲ႔သာ အေတြးေတြမ်ားရင္း ေမာဟိုက္လာေလသည္။

'' မာမီ အဆင္ေျပရဲ႕လား။ ဘာျဖစ္လို႔လဲဟင္ ´´

'' ဟင္..အင္း မာမီ အဆင္ေျပပါတယ္။ ´´

* ငါသြားၾကည့္ရမယ္။ ငါသြားၾကည့္ၿပီးအတည္ျပဳရမယ္*

>>>>
<<<<

'' လေရာင္ မ်က္ႏွာလည္းမေကာင္းပါ႔လား။ဘာျပဳလို႔ပါလိမ့္ ´´

ၿခံထဲတြင္ပန္းပင္ေတြေရေလာင္းေနေသာလေရာင္၏ အနားသို႔ ေရာက္လာၿပီး လေရာင္အားၾကည့္ကာေမးလာေသာလူေၾကာင့္လွည့္ၾကည့္မိေတာ့ ျမင္ရေသာကိုရစ္ခ်က္ ေၾကာင့္လေရာင္မ်က္လုံးတို႔ျပဴးသြားေလသည္။

'' ကိုရစ္ခ်က္ ´´

'' ေတာ္ေသးတာေပါ႔ လေရာင္ေလးက ကိုယ့္ကိုမွတ္မိေသးလို႔။ ဒီလိုေလးဝတ္စား ထားေတာ့လည္း တကယ့္မိန္းကေလးလိုေလးပါ႔လား လေရာင္ရယ္။ ´´

ကိုရစ္ခ်က္၏ စကားေၾကာင့္ လေရာင္လန္႔ကာ ေဘးဘက္ဝဲရာအားၾကည့္လိုက္မိသည္။

'' လေရာင္ေနာက္က္ိုလိုက္ခဲ့ပါကိုရစ္ခ်က္´´

လေရာင္ တစ္ေယာက္ေယာက္ျမင္သြား၊ ၾကားသြားမည္အားေၾကာက္၍ ကိုရစ္ခ်က္အားဆြဲကာ အိမ္ေဘး ခ်ယ္ရီပင္ႀကီးေအာက္သို႔ေခၚခဲ့ေလသည္။

'' ဘာျဖစ္လို႔လဲ လေရာင္ေလး ဘာလို႔ကိုယ့္ကိုဒီေခၚလာတာလဲ ´´

'' ဟို ဘာမွမျဖစ္ပါဘူး။ ကိုရစ္ခ်က္က ဒီကိုဘယ္လိုေရာက္ေနတာလဲ ။ ´´

'' ေၾသာ္ ဒယ္ဒီေပးခိုင္းလိုက္တဲ့စာရြက္၊ စာတန္းေတြလာပို႔ေပးရင္း ေမာ္လီ ဒီေရာက္ေနတယ္ၾကားလို႔ အန္ကယ္ဦးကိုကိုေမာင္နားကလိပ္စာေတာင္းၿပီးလာခဲ့တာ လေရာင္ေလးကဘယ္လိုလုပ္ဒီေရာက္ေနတာလဲ ။ ´´

'' ဟို လေရာင္ ဒီေရာက္ေနတာၾကာပါၿပီ။ ´´

'' ဟိုတစ္ေခါက္မႏၲေလး မွာဆုံၾကေသးတယ္ေလ လေရာင္မွတ္မိလား´´

'' အာ ဟုတ္ ´´

မွတ္မိတာေပါ႔ အဲတုန္းက အမာနဲ႔ပါဆုံခဲ့ေသးတယ္ေလ။ အမာက လေရာင္ကိုေမာ္လီလို႔ေခၚလိုက္ေတာ့ ကိုရစ္ခ်က္က သိပ္ကိုအံ့ၾသသြားတာ။ လေရာင္ကိုေမးခ်င္ေပမဲ့ ကိုသစ္ဦးက အတင္းဆြဲေခၚသြားလို႔သာ လေရာင္ကိုဘာမွမေမးျဖစ္လိုက္တာ မဟုတ္ပါလား။

'' လေရာင္ဘာလို႔ မိန္းကေလးတစ္ေယာက္လိုဝတ္စား ထားလဲ ဆိုတာ ကိုယ္သိခြင့္ရွိမလား ´´

''ဟို အဲဒါကေလ ...´´

'' ရပါတယ္ လေရာင္မေျဖႏိုင္ရင္မေျဖပါနဲ႔ ဒါနဲ႔ လေရာင္ကသိပ္လွတာပဲ ´´

ကိုရစ္ခ်က္၏ စကားေၾကာင့္ လေရာင္ အလိုမက်သလိုျဖစ္လာကာ ဒီေနရာကေရွာင္သြားဖို႔သာ ေတြးလိုက္ေတာ့သည္။

''ဟို မမေမာ္လီ အိမ္ထဲမ်ာရွိတယ္ လေရာင္မမေမာ္လီကိုသြားေခၚေပး...အ့! ´´

မမေမာ္လီအားသြားေခၚေပးရန္ လေရာင္အိမ္ထဲသို႔ဝင္ရန္ျပင္လိုက္ေပမဲ့ လေရာင္၏ လက္ေကာက္ဝတ္အား လွမ္းဆြဲလိုက္ေသာ ကိုရစ္ခ်က္ေၾကာင့္ လေရာင္လန္႔သြားေလသည္။

'' ရတယ္ မေခၚပါနဲ႔အုံး။ ကိုယ္လေရာင္နဲ႔ေျပာသရာအမ်ားႀကီးရွိေသးတာ။ ´´

'' ဘာေတြမ်ားအေရးႀကီး ေျပာစရာရွိလို႔ က်ဳပ္သတိုးသမီးေလာင္းရဲ႕ လက္ကိုေတာင္ လွမ္းဆြဲထားရတာလဲ ´´

လေရာင္ လက္အား႐ုန္းၾကည့္ေပမဲ့မရတာေၾကာင့္ ငိုခ်င္သလိုလိုျဖစ္လာစဥ္ အေနာက္ဘက္မွ ကိုသစ္ဦး၏ အသံေၾကာင့္ လေရာင္မ်က္ႏွာေလးႏွင့္သာလွမ္းၾကည့္မိေတာ့ အနားသို႔ေရာက္လာၿပီး ကိုရစ္ခ်က္ဆြဲထားေသာလက္အား ဆြဲျဖဳတ္လိုက္ေလသည္။

'' သတိုးသမီးေလာင္း ..´´

ကိုရစ္ခ်က္မွ မယုံႏိုင္သလို လေရာင့္အားလွည့္ၾကည့္လာၿပီး တိုးတိုးေလးေရရြတ္လိုက္ေလသည္။

'' လေရာင္ ေမာင္ ကလိုက္ရွာေနတာ။ လေရာင္​ေပ်ာက္သြားလို႔ ´´

'' ဟို လေရာင္ေရေလာင္းေနရင္း ကိုရစ္ခ်က္နဲ႔ေတြ႕လို႔ႏႈဆ္ဆက္ေနတာပါ။ကိုရစ္ခ်က္က မမေမာ္ေလးကိုလာေတြ႕တာပါ။ ´´

လေရာင္ ကိုသစ္ဦးအား ရွင္းျပလိုက္ေလသည္။

'' ဒီက ကိုရစ္ခ်က္ေနာ္။ ကိုရစ္ခ်က္ေတြ႕ခ်င္တဲ့လူကအိမ္ထဲမွာရွိပါတယ္။ ဒါဆိုလိုက္မပို႔ေတာ့ဘူးေနာ္ ´´

ရစ္ခ်က္အား ေျပာကာ လေရာင္၏ လက္ကေလးအား အသာဆြဲကာ ေခၚထုတ္သြားေသာ ကိုသစ္ဦးေၾကာင့္ လေရာင္ဘာမွမေျပာဘဲေခါင္းကေလးငုံ႔၍ သာ လိုက္ပါလာခဲ့ေလသည္။

'' လေရာင္ ေမာင့္ကိုၾကည့္ ´´

တစ္ဖက္ၿခံထဲသို႔ ဆြဲေခၚလာၿပီးကာမွ လေရာင္၏ ေမးဖ်ားေလးအားကိုင္ကာေျပာလာေသာကိုသစ္ဦးေၾကာင့္ လေရာင္ေမာ့ၾကည့္မိေလသည္။

'' လေရာင္ဝမ္းနည္းေနတာလားဟင္ ´´

လေရာင္၏ မ်က္ဝန္းတြင္ မ်က္ရည္စေလးမ်ားအား သစ္ဦးျမင္ေတာ့ အလန္႔တၾကားေမးလိုက္ေလသည္။

'' ဟင့္အင္း ´´

လေရာင္ ဘာမွမေျပာေတာ့ဘဲ ေခါင္းကေလးသာခါျပလိုက္မေတာ့ သစ္ဦးမွ လေရာင္ကိုယ္ေလးအားဆြဲကာ သူ့ရင္ခြင္ထဲသို႔ မ်က္ႏွာကေလးအပ္ကာ ေထြးဖက္လိုက္ေလသည္။ ကိုယ္သင္းနံ႔ေမႊးေမႊးကေလးႏွင့္ေမာ့္ရင္ခြင္ထဲသို႔လေရာင္မ်က္ႏွာအပ္မိေတာ့ဝမ္းနည္းစိတ္ကေလးေတြတရစ္ရစ္တိုးလာၿပီး ရႈိက္ႀကီးတငင္သာငိုမိေလေတာ့သည္။

* လေရာင္ ဘာဆက္လုပ္ရမလဲမသိေတာ့ဘူး '' ေမာင္ ´´ ။လေရာင္ ေမာင့္ကိုခ်စ္တယ္။ ဒါေပမဲ့လေရာင္မွာ ေမာင့္ကိုခ်စ္ပိုင္ခြင့္မရွိဘူး။ လေရာင္ မမေမာ္လီနဲ႔ေမေမျမင့္ကိုလည္းေၾကာက္တယ္။ လေရာင္ဘာဆက္လုပ္ရမလဲ ေမာင္။ လေရာင္သိတယ္ လေရာင္က ေယာက္က်ားပျိဳတစ္ေယာက္မွန္းေမာင္သိသြားတဲ့အခါ ေမာင္ လေရာင့္ကိုဘယ္လိုမွခ်စ္ႏိုင္မွာမဟုတ္ေတာ့ဘူး။လေရာင္ေၾကာက္တယ္ေမာင္ရယ္။ ၿပီးေတာ့လေရာင္က တိတ္တိတ္ပုန္းသားတစ္ေယာက္ ေမာင္နဲ႔အဆင့္အတန္းက မိုးနဲ႔ေျမ ပဲ။ လေရာင္ တကယ္ဘာလုပ္ရမလဲေမာင္ရယ္*

လေရာင္ စိတ္ထဲမွာသာတစ္ေယာက္တည္းေရရြတ္ရင္း သစ္ဦးအားတိုးဖက္ကာ ရႈိက္ႀကီးတငင္ငိုေနမိေလသည္။

ရင္ခြင္ထဲသို႔မ်က္ႏွာအပ္ကာ ရႈိက္ႀကီးတငင္ငိုေနသည့္ လေရာင္ေၾကာင့္ သစ္ဦးလေရာင္ေခါင္းကေလးအား ဖြဖြကေလးပြတ္ေပးကာ သက္ျပင္းကေလးခ်လိုက္မိေလသည္။

* လေရာင္ ဒီလိုငိုေနရင္ ေမာင္ ဘာဆက္လုပ္ရမလဲ မသိေတာ့ဘူး လေရာင္။ ေမာင္မသိခ်င္ေယာင္ပဲ ဆက္ေဆာင္ေနရမလား။ ေမာင္ဘာလုပ္ရမလဲ လေရာင္ *

>>>>>
<<<<<

'' ေဒၚတင္တင္မူ အသတ္ခံလိုက္ရပါတယ္ဆရာ။ ´´

ထြန္းေတာက္၏ စကားေၾကာင့္ သစ္ဦး ဖတ္လိုက္စ စာရြက္အားခ်လိုက္ကာ မ်က္ခုံးတန္းတို႔ပါတြန္႔က်ဳံ႕သြားေလသည္။

'' က်ဳပ္တို႔လိုက္ေနတာကိုသိတယ္ထင္တယ္ ဆရာ။ အဲဒါေၾကာင့္သူတို႔အရင္လက္စ​​​ေျဖာက္ျပစ္လိုက္တာ။ ၿမိဳ႕ထဲကလူေတြကေတာ့ ေငြတိုးေခ်းစားတဲ့လူမို႔ မေက်နပ္တဲ့လူကသတ္လိုက္တာလို႔ပဲတစ္ေယာက္တစ္ေယာက္ေျပာေနၾကပါတယ္။ ဒါေပမဲ့ က်ဳပ္ထင္တာေတာ့ ဦးကိုကိုေက်ာ္လက္ခ်က္ပါပဲဆရာ။ ´´

'' ဒါျဖင့္ သူ့ေယာက္က်ား ဘယ္မွာရွိလဲ ဘယ္သူမွမသိၾကေတာ့ဘူးေပါ႔။ ´´

'' ဘယ္သူမွမသိၾကပါဘူးဆရာ။ ေဒၚတင္တင္မူက ေငြတိုးေခ်းစားတဲ့လူဆိုေတာ့ အရပ္ထဲကလည္း ဘယ္သူနဲ႔မွမတည့္ဘူးေျပာပါတယ္ဆရာ။ ဘယ္သူနဲ႔မွလည္းအေရာမဝင္ေတာ့ သူ့ေယာက္က်ား ဘယ္မွာလဲ ဘယ္သူမွမသိၾကပါဘူးဆရာ။ နားေရးေတာင္ျပန္မလာဘူးလို႔လည္းေျပာပါတယ္။ ´´

ထြန္းေတာက္၏ စကားေၾကာင့္ သစ္ဦးအေတြးမ်ားစြားႏွင့္သာ ျဖစ္ေနေလသည္။

'' ေသခ်ာတာက ငါတို႔ ရန္ကုန္မွာလႈပ္ရွားတာကို ဦးကိုကိုေက်ာ္ ရိပ္မိသြားၿပီထင္တယ္။ဦးတင္ၫြန္႔ကို သူတို႔လည္းလိုက္ရွာေနေလာက္မယ္။ ငါတို႔ဘက္ကအရင္လက္ဦးမႈယူမွရမယ္ ထြန္းေတာက္ သီေပါဘက္ကလူေတြ ၊ မႏၲေလးကလူေတြကိုပါ တစ္ခါတည္းသတင္းပို႔လိုက္။ ´´

'' ဟုတ္ကဲ့ပါဆရာ။ ဒါနဲ႔ စာရင္းစာအုပ္ေတြနဲ႔စာခ်ဳပ္ေတြကေတာ့ ရန္ကုန္အိမ္မွာရွိတာေသခ်ာပါတယ္ဆရာ။ ခက္တာက အတြင္းလူမရွိဘဲ က်ဳပ္တို႔ယူလို႔ရမွာမဟုတ္ဘူးဆရာ။ ´´

'' အတြင္းလူ ...အတြင္းလူ ´´

သစ္ဦး မဲ့ၿပဳံးကေလးသာၿပဳံးလိုက္ၿပီး စီးကရက္ တစ္လိပ္အားလက္ၾကားညႇပ္ကာဖြာလိုက္ေလသည္။

>>>>
<<<<

'' ဟင္ ေမေမျမင့္ပါ႔လားဒီအခ်ိန္ႀကီး ´´

လေရာင္ ညဘက္အိပ္မေပ်ာ္၍ၿခံထဲဆင္းကာလမ္းေလွ်ာက္မိတုန္း အိမ္ေနာက္ဘက္မွ လူရိပ္ေၾကာင့္ လန္႔ကာ လွည့္ၾကည့္မိတုန္း တစ္ဖက္ၿခံထဲသို႔ ခိုးေၾကာင္ခိုးဝွက္သြားေနေသာေမေမျမင့္ေၾကာင့္လေရာင္ ေနာက္မွလိုက္ၾကည့္မိေလသည္။

'' ဒါ ဟိုေဒၚေဒၚ့ဆီ သြားေနတာမ်ားလား ´´

လေရာင္သိခ်င္စိတ္ေၾကာင့္ ေနာက္မွ သြက္သြက္လိုက္ခဲ့ေလသည္။

'' နင္...နင္...´´

လေရာင္တစ္ဖက္အိမ္ထဲသို႔ဝင္ဝင္ခ်င္း ၾကားလိုက္ရသည့္အသံမ်ားေၾကာင့္ရပ္ကာ အိမ္ထဲသို႔အသာေခ်ာင္းၾကည့္မိေလသည္။

'' သြား..ထြက္သြား.. သူမ်ားအေဆာင္ထဲ အြင္း...အု!´´

ေဒၚမာရင္ျမင့္ မိမိေရွ႕မွထေအာ္ေနေသာအ႐ူးမေၾကာင့္ ပါးစပ္အားပိတ္ကာ ဆံပင္ေတြအား အကုန္လွန္တင္လိုက္ၿပီး မီးအိမ္အားမ်က္ႏွာနားသို႔တိုးကပ္လိုက္ေလသည္။ ေန႔လည္ကလိုေပတီေပဆုတ္မဟုတ္ေတာ့တာေၾကာင့္ ရႈပ္ပြေနေသာဆံပင္မ်ားမွလြဲ ၍ ေသေသခ်ာခ်ာျမင္လိုက္ရေသာ မ်က္ႏွာေၾကာင့္ ေဒၚမာရင္ျမင့္လန္႔သြားေလသည္။

အိမ္ထဲမွ ထြက္ေပၚလာေသာ ေဒၚေဒၚ၏ အသံေၾကာင့္ လေရာင္မေနႏိုင္ေတာ့ဘဲသြားရန္ျပင္လိုက္စဥ္

'' နင္..နင္ ေသသြားၿပီ မဟုတ္ဘူးလား။ နင္မေသေသဘူးလား ´´

ေဒၚမာရင္ျမင့္လန္႔ကာ မီးအိမ္အားလႊတ္ခ်လိုက္မိၿပီး မိမိေရွ႕မွျမင္လိုက္ရေသာ မ်က္ႏွာေၾကာင့္ လက္ညႇိဳးတစ္ထိုးထိုႏွင့္အလန္႔တစ္ၾကားေျပာလိုက္မိေလသည္။

ဒီမ်က္ႏွာ ၊ သူသိပ္ကို မုန္းခဲ့ရတဲ့မ်က္ႏွာ။ သိပ္ကိုလွလြန္းလို႔ သူမနာလိုျဖစ္ခဲ့ရတဲ့ မ်က္ႏွာ။ မျမင္ခ်င္ဘူး။ သူဒီမ်က္ႏွာကိုမျမင္ခ်င္ဘူး။ အဲဒီေန႔ ေမၿမိဳ႕မွာ မိုးေတြ သည္းခဲ့တဲ့ေန႔။ ကံၾကမၼာမ်က္ႏွာသာေပးမႈေၾကာင့္  သစ္စက္မွာအလုပ္ရႈပ္ေနတဲ့ကိုကိုေက်ာ္အားထားခဲ့ၿပီး သူနဲ႔မိမိ အလည္ထြက္ေသာေန႔ ။ ကားဒ႐ိုက္ဘာ ဦးတင္ၫြန္႔အခ်က္ေပးလိုက္ၿပီး မဲ့ၿပဳံးတစ္ခ်က္ၿပဳံးလိုက္ေသာ အလိုက္သိလွေသာ ဦးတည္ၫြန္႔မွ ၿမိဳ႕ျပင္အားထြက္ကာ လူရွင္းေသာေနရာသို႔ေမာင္းခဲ့ေလသည္။

'' မိမိ ဆင္း။´´

'' ရွင္သခင္မႀကီး ´´

'' ဆင္းလို႔ေျပာတာမၾကားဘူးလား။ ´´

ကားေပၚမွဆင္းသြားေသာ မိမိအားၾကည့္ကာေဒၚမာရင္ျမင့္ မဲ့ၿပဳံးတစ္ခ်က္ၿပဳံးလိုက္ေလသည္။

'' မိုးေတြရြာေနလို႔ ေမာ္ေတာ္ကားက ဆက္သြားလို႔မရေတာ့ဘူး အနီးနားတစ္ဝိုက္သြားၾကည့္လိုက္စမ္း အကူညီေတာင္းစရာမ်ားရွိမလားလို႔ ´´

ေဒၚမာရင္ျမင့္၏ စကားေၾကာင့္ မိုးေရးထဲေျပးကာ အကူအညီေတာင္းစရာလိုက္ရွာေနေသာမိမိအား ကားေပၚမွထိုင္၍ စီးကရက္ေသာက္ရင္းၾကည့္ေနမိေလသည္။

'' မရွိဘူး သခင္မႀကီး။ ဘယ္သူမွမရွိဘူး။ မိုးေတြရြာေနလို႔ထင္တယ္ ေမာ္ေတာ္ကားေတြလည္းမေတြ႕ဘူး´´

ကားနားျပန္လာၿပီးမိုးေရထဲတြင္ ေအးလို႔တုန္ေနေသာအသံေလးႏွင္ေျပာလာေသာမိမိေၾကာင့္ ေဒၚမာရင္ျမင့္စီးကရက္အား ကားေပၚမွလႊတ္ျပစ္လိုက္ကာ ထီးကိုင္ၿပီး ဆင္းလာေလသည္။

'' မိမိ ´´

'' ရွင္ ´´

'' ငါ႔ေယာက္က်ားကနင့္ကိုခ်စ္ေနၿပီထင္တယ္။ ခရီးေတြဘာေတြပါေခၚလို႔ ´´

'' ရွင္ ´´

'' ညဥ္းက ေလ ႐ုပ္ကေလးငနားကမားနဲ႔ ငိပ္ကိုအျပဳအစုေတာ္တာပဲ။ တစ္ခဏေလးအတြင္း ငါ႔နဲ႔အၿပိဳင္ သားေယာက္ေက်ားလးပါေမြးၿပီး ငါ႔ေယာက္က်ားကိဳငါ႔ဆီကလုတယ္ေပါ႔ ´´

ေခါင္းကေလးတခါခါႏွင့္မ်က္ရည္ေတြက်ဆင္းလာေသာ မိမိအားၾကည့္ၿပီး ေဒၚမာရင္ျမင့္ရယ္လိုက္ေလသည္။

'' မဟုတ္ပါဘူး သခင္မႀကီးရယ္ မိ မျမဴဆြယ္ခဲ့ပါဘူး။ သခင္ႀကီးက ...´´

'' ျဖန္း!  ျဖန္း! ´´

'' အား! ´´

မိမိ၏ ပါးအား ဘယ္ျပန္ညာျပန္ခ်လိုက္ေတာ့ မ်က္ရည္ေတြႏွင့္သာ သနားခံသလိုၾကည့္လာေလသည္။

'' ငါညဥ္းကိုမျမင္ခ်င္ေတာ့ဘူး မိမိ ´´

'' မလုပ္ပါနဲ႔ ။ မလုပ္ပါနဲ႔သခင္မႀကီးရင္ မိမိမွာသားေလးရွိေသးတယ္။ လေရာင္ေလးရွိေသးတယ္ ´´

အႏၲရာယ္အေငြ႕အသက္အား ခံစားလာမိေသာ မိမိက ေဒၚမာရင္ျမင့္ေျခေထာက္အားဖက္ကာ ေတာင္းပန္လာေလသည္။

'' ဟင္း ငါေစာင့္ေရွာက္ေပးရမွာေပါ႔။ ဟင္းဟင္း...´´

'' မလုပ္ပါနဲ႔ မလုပ္ပါနဲ႔သခင္မႀကီးရယ္ ဟင့္ ´´

ေဒၚမာရင္ျမင့္ ၏ ေျခေထာက္အားအတင္းဖက္ထားေသာ မိမိအားကန္လႊတ္လိုက္ၿပီး တစ္လွမ္းခ်င္းတိုးသြားကာ ကားေပၚရွိဦးတင္ၫြန္႔အားေျပာလိုက္သည္မွာ

'' တိုက္..သတ္..လိုက္ေတာ့ ´´

>>>>>
<<<<<

26.1.2024

TBC___

အၾကာႀကီးျပစ္ထားမိျပန္ၿပီေနာ္။ ေဒါက္တာတို႔စာအုပ္ကိစၥေတြေၾကာင့္ပင္ပန္းေနလို႔ မေရးျဖစ္ေသးတာပါ။ ခုစာအုပ္ေတြလည္းရေတာ့မယ္ဆိုေတာ့ ဆုနားရင္းလေရာင္တို႔ကိုအၿပီးသတ္လိုက္ေတာ့မယ္ေနာ္။ လေရာင္တို႔ကအရမ္းႀကီးမရွည္တာမို႔ ေနာက္ ၆ပိုင္းေလာက္ဆို ၿပီးမယ္ထင္ပါတယ္💙

Continue Reading

You'll Also Like

846K 39.7K 25
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
776K 46.7K 30
A love contest between a boy who likes to kick football and a little doctor.
249K 37.3K 89
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
1.2M 64.2K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...