ချစ်ခြင်းမေတ္တာတို့ရှိရာ (Com...

By firstperson302

24.3K 431 1

မင်းမဟာ + ချစ်တေးချို More

part (1)
part (2)
part (3)
part (4)
part (5)
part (6)
part (7)
part (8)
part (9)
part (11)
part (12)
part (13) end

part (10)

1.3K 30 0
By firstperson302

"ခွင့်ပြပါတယ်ကွယ်မောင်မဟာတယောက်လုံးပါနေတာပဲအစတည်းကယုံလို့မောင်မဟာဆီအပ်ထားတာပေါ့"

" ဦးကောင်းပြောတာကိုကျွန်တော်နားလည်ပါတယ်
ဒါပေမဲ့ဦးတို့ကိုလဲအသိပေးသင့်တယ်လို့ထင်လို့ပါ"

"ဟုတ်ပါပြီကွာဦးကတော့ခွင့်ပြုပြီးသားပါသမီးလေးကိုသင်ပြပေးတဲ့မောင်မဟာကိုတောင်ဦးကကျေးဇူးတင်ရအုံးမယ်"

" ရပါတယ်ဗျာ ဒါဆိုကျွန်တော်သွားလိုက်ပါအုံးမယ်"

" ေကာင်းပါပြီ"

ခွင့်တောင်းပြီးသည်နှင့်မဟာတို့ထွက်သွားချိန်မကြေမနပ်နှင့်ဒေါပွကျန်သူကမာယာ ဖြစ်သည်

" ဖေဖေညမလေးကိုတယောက်ထဲ​ပေးလွတ်တာ
မကောင်းဘူးထင်တယ်နော်သမီးတော့စိတ်မချဘူး
ဒါမှမဟုတ်သမီးပါလိုက်သွားလိုက်ရင်
မကောင်းဘူးလားဟင်"

" သမီးကလဲမောင်မဟာနဲပဲဟာဘာစိတ်မချစရာရှိမလဲ သူဘယ်လိုလူမျိုးလဲဆိုတာဖေဖေအသိဆုံးပါ ပြီးတောအခုဟာကနိုင်ငံခြားသားတွေနဲ့တွေ့ဆုံပွဲမှာသမီးငယ်ကိုအတွင်းရေးမူးနေရာကထားပြီးခေါ်တာဆိုတော့သမီးငယ်လေးအတွက်လဲအတွေ့အကြံရတာပေါ့ ကဲပါသမီးညမလေးလေးစိတ်မပူနဲ့တော့ဟုတ်ပြီလား ဖေဖေပင်ပန်းနေလို့နားတော့မယ်"

ဦးကောင်းစိတ်အေးလက်အေးပြော၍ထွက်သွားပေမဲ့မာယာကတော့နဲနဲမှမကျေနပ်ပေ

💝💝💝💝💝

"ကလေးလေးဒီညကိုကိုနဲ့အတူတူရှိနေရတာ
ကလေးလေးမပျော်ဘူးလားဟင် "

ဘေးတဖက်သို့မျက်နှာမူကာတွေတွေလေးငိုင်နေသောသူမကိုကြည့်၍မဟာမေးလိုက်၏

"ကလေးလဲပျော်ပါတယ်ကိုကိုရယ်"

တေးပြန်သာဖြေလိုက်ပေမဲ့မျက်နှာလေးရွှင်လန်းမနေ

"ပျော်တယ်သာပြောနေတာ
ကလေးမျက်နှာကငြိုးနေတာပဲနော်"

" အဲ့ဒါက ကလေးစိတ်ထဲမကောင်းလို့ပါဖေဖေကို
အခုလိုတခါမှမလိမ်ဖူးဘူး"

" ကလေးရယ်ကိုကိုကလဲလိမ်ပြောရတာကိုအမုန်းဆုံး​ပါ ဒါပေမဲ့ဒိလိုမှမလုပ်ရင်ကိုကိုတို့နှစ်ယောက်လွတ်လွတ်တွေ့ရမှာမဟုတ်ဘူးလေ ကိုကိုကတော့ကလေးကလွဲရင်ကျန်တာဂရုမစိုက်ဘူး "

"အင်းပါကိုကိုရယ်ကလေးနားလည်းပါတယ်
ကလေးတောင်းပန်တယ်နော်"

" ထားပါကျန်တာမေ့လိုက်တော့
အခုကိုကိုတို့နှစ်ယောက်ပဲရှိတဲ့အချိန်
ကိုကိုတို့နှစ်ယောက်အကြောင်းပဲတွေး
ကဲပြောပါအုံးရှေ့ဆက် ကလေးလေးဘာဆက်လုပ်မယ်
စဥျးစားထားလဲ "

အထပ်မြင့်hotelရဲ့ထိပ်ဆုံးအထပ်ပေါ်ရှိဝရံနာတွင်
တေးကိုယ်လေးကိုပေါင်ပေါ်တင်ထားကာနောက်မှ
သိုင်းဖက်ထားရင်းမဟာမေးလိုက်သည်

" ဘာကိုလဲကိုကိုရဲ့"

" ကိုတို့နှစ်ယောက်အတွက်လေ ကိုကိုဒီတိုင်းကြီး
မနေချင်ဘူး ကလေးနဲ့ဘဝတခုကို
အတူတူဖြတ်သန်းချင်တယ်
ကိုကိုကလေးကိုပိုင်ဆိုင်ချင်ပြီ
ကိုကိုတို့လက်ထပ်ကြရအောင်လေနော်"

" အင်းပါကိုကိုရယ် ကလေးဖေဖေတို့ကိုအမြန်ဆုံးအသိပေးနိုင်အောင်ကြိုးစားပါ့မယ်
ခနလောက်တော့စောင့်ပေးနော်"

" ဟုတ်ပါပြီစောင့်ပါမယ်မြန်မြန်လေးတော့လုပ်နော် ကိုကိုမစောင့်နိုင်တော့ရင်ကလေးကို
ကားတင်ပြေးမှာသိထား"

" လူကြီးနော်"

" ဘာလူကြီးလဲကိုကိုလိုပြန်ခေါ် "

"ခေါ်ဘူးလူကြီးလို့ပဲခေါ်မှာလူကြီးလူကြီး"

"ကောင်မလေးနော်စိတ်ကိုလာလာစွနေပြန်ပြီ"

" သိဘူးသိဘူး"

ရင်ခွင်ထဲမှရုံးထွက်ကာလျှာထုတ်ပြောင်ပြနေသောချစ်စရာယုန်မလေးကိုမဟာတယောက်ပြေး၍ပွေ့ချီရင်းအခန်းထဲသို့ခေါ်သွားကာ

" မင်းလေးကိုဒီညပညာကောင်းကောင်းပေးမှရတော့မယ်ထင်တယ်"

" လူကြီးနော်"

မဟာရင်ဘတ်သို့လက်လေးနဲ့အသာထုရင်း
အချစ်ကြီးသူ၏ခေါ်ဆောင်ရာနောက်သို့
ပါသွားလေတော့သည်

ချစ်သူနှစ်ဦး၏ထိုညလေးကတော့ကြည်နူစရာတွေပြည့်နေမှာတော့အမှန်ပင်

💘💘💘💘💘

"အမနုဝါအလုပ်မှာဘာဖြစ်လို့လဲဟင်
လူတေရုတ်ရုတ်ရုတ်ရုတ် နဲ့ဒီလောက်ပျော်နေကြတာ "

တေးအလုပ်ခန်းထဲဝင်လိုက်သည်နှင့်
ပြာပြာသလဲဖြစ်၍ပျော်နေကြသောဝန်ထမ်းများကို
မြင်ကာမေးလိုက်ချင်းဖြစ်သည်

" ညမလေးမသိသေးဘူးထင်တယ်
ဒီနေ့မမလေးခက်စစ်ပြန်ရောက်တယ်လေ
ခနနော်ကျ ဒီကိုလာမှာအဲ့ကြောင်ပျော်နေကြတာ"

"ဟုတ်လားကြည့်ရတာမမလေးခက်စစ်က
တော်တော်သဘောကောင်းပုံရတယ်နော်
ဝန်ထမ်းတေအကုန်ချစ်ကြတာ"

" မမလေးကသဘောတင်ကောင်းတာမဟုတ်ဘူး
လူကလဲနတ်သမီးလေးလိုကိုလှတာ
သူလာရင်ညမလေးတွေ့မှာပေါ့"

နုဝါ၏အညွှန်းကောင်းနေမူကြောင့်တေးပင်
သူမကိုတွေ့ချင်နေမိ၏

"အော်မေ့တော့မလို့ ညီမလေးလာရင်ရုံးခန်းထဲလာခဲ့ဖို့
သဋ္ဌေးမှာလိုက်တယ်သွားလိုက်အုံးနော်"

" ဟုတ်ကဲ့အမနုဝါတေးသွားလိုက်ပါ့မယ်"

🔅🔅🔅🔅🔅

"ဟိုမှာမမလေးလာပီ"

ခက်စစ်ကိုမြင်သည်နှင့်
ဝန်ထမ်းတွေအကုန်ပြေးသွား၍စီးကြိုကြလေသည်

"မမလေးပြန်လာပြီလား ညမလေးတို့မျှော်နေတာ"

" အမလေးလူကိုမျှော်တာလား
ပါလာလက်ဆောင်တေကိုမျှောတာလားနော်"

မမလေးဆိုသူကလှပစွာရယ်ကာနုတ်ဆက်လိုက်ကာ

"မမလေးကလဲသမီးတိုကမမလေးကိုလွမ်းနေကြတာပါလက်ဆောင်တေကြောင့်မဟုတ်ပါဘူးနော်"

" ဟုတ်ပါပြီရှင့်ကဲဒီမှာအာလုံးအတွက်ဝယ်လာတဲ့လက်ဆောင်တေခွဲယူလိုက်ကြတော့အော်
ဒါနဲ့မင်းတို့သဋ္ဌေးရောသူရှိတယ်မိုလား"

" ဟုတ်မမလေးရုံးခန်းထဲမှာရှိပါတယ် "

"ဒါဆိုမမသွားတွေ့လိုက်အုံးမယ်
လက်ဆောင်တေခွဲယူလိုက်ကြနော်"

" ဟုတ်မမလေး"

ခက်စစ်ထွက်သွာမှဝန်ထမ်းတွေအသီးသီး
ပစစည်းတေကိုယူကြလေသည်

"ကလေးလေးခနနေကြရင်ကိုကိုနဲ့အပြင်ခနလိုက်ခဲ့နော်ကိုကိုက​လေးလေးနဲ့မုန့်အတူစားချင်လို့"

"အင်းပါလိုက်ခဲ့မှာပေါ့ "

"ဒါနဲ့အမခက်စစ်ကိုသွားမကြိုဘူးလား"

"ဘာလို့ကြိုရမှာလဲကလေးရဲ့ကိုကိုနဲ့ဘာမှမဆိုင်တာကို"

" မကောင်းဘူးထင်တယ်နော်
သူကကိုကို့ကိုလာတွေ့ တာဆိုရင်"

" ဘာမကောင်းစရာရှိလို့လဲခလေးရယ်
စိတ်ပူမနေနဲ့ကိုကိုနောက်သာ
လိုက်ခဲ့ဟုတ်ခဲ့ဟုတ်ပြီလား "

"အင်းပါ"

" ကိုမဟာ"

ရုတ်တရက်အသံလာရာသို့တေးလှည့်ကြည့်မိလိုက်စဥ်
မော်ဒယ်တယောက်လို့သွယ်လျှလှပတဲ့ကိုယ်လုံးကိုယ်ပေါက် ဖြူဝင်းတဲ့အသားအရေ
နတ်သမီးတပါးလို့မြင်သမျှပုယိသယောက်ျားတိုင်း
မေ့လဲနိုင်လောက်သည် မျက်နှာလေးနှင့်အလွန်ပင်
ကြည့်ကောင်းနေသောမိန်းကလေးအားမြင်လိုက်၍
တေးပင်ခေတ်တမျှငေးငိုင်မိသွားသည် 

"နေကောင်းတယ်နော်ကိုမဟာ"

" အင်းကောင်းပါတယ်"

" ခက်စစ်တို့မတွေ့တာတောင်တော်တော်ကြာပြီထင်တယ် ကိုမဟာကတော့ပိုပိုပြီးကြည့်ကောင်းလာတယ်"

" အင်းမင်းလဲကြည့်ကောင်းလာပါတယ်"

မဟာ ဘေးတွင်ရပ်နေသောတေးကိုစောင့်ငဲ့
ကြည့်လိုက်တော့နုတ်ခမ်းလေးဆူကာ
အလိုမကျဖြစ်နေသောသူမလေးကိုမြင်၍
မဟာပြုံး​ေနမိသည်

" ကိုမဟာအားရင်ခနနေကြအပြင်ထွက်ပြီးတခုခုစားရင်းစကားလေးဘာလေးပြောကြမယ်လေရတယ်မလား"

"sorryနော်ခက်စစ် ခနနေကျွန်တော်လဲ
အပြင်အရေးကြီးသွားစရာရှိလို့မအားလောက်ဘူး"

မဟာငြင်းလိုက်တော့တေးမျက်နှာလေးပြုံးသွားတယ်

"အင်းဒီနေ့မအားလဲနောက်တော့မှသွားတာပေါ့
ဘယ်နေ့လောက်ကိုမဟာအားလဲဟင်"

"အားတဲ့ချိန်မရှိလောက်ဘူး ဒီရက်ပိုင်း
အထူးဧည့်သည်တေနဲ့တွေ့နေရလို့"

" အင်းပါဒါဆိုလဲကိုမဟာအားတဲ့တနေ့မှ
တွေ့ကြတာပေါ့"

"  အင်း "

မဟာအသက်မပါစွာပြန်ဖြေရင်း

" အဲ့ဆိုခွင့်ပြုပါအုံးကျွန်တော်သွားလိုက်အုံးမယ်
​တေးသွားကြမယ်"

မဟာထွက်သွားသည်နှင့်တေးကိုခေါ်သွားသောကြောင့်ခက်စစ်စိတ်ထဲမတင်မကျဖြစ်၍ကျန်ခဲ့လေ၏

"ကလေးလေးကို့ကိုစိတ်ကောင်းနေတာလား"

ရှေ့မှစကားမပြောဘဲမျက်နှာလေးဆူကာခပ်စောင့်စောင့်
သွားနေသောတေးကိုမဟာလှမ်း၍မေးလိုက်သည်

"ကောက်ပါဘူးဘာလို့ကောက်ရမှာလဲ"

"ကလေးကသာ စိတ်မကောက်တယ်
ပြောနေတဲ့အသံလေးကိုကအလိုမကျတဲ့အသံလေးနဲ့ "

"ကောက်ပါဘူးဆို "

ပြောရင်းခပ်မြန်မြန်လျှောက်သွားသောတေးအရှေ့သို့မဟာပိတ်ရပ်လိုက်ပြီး

"ရပ်ပါအုံးကလေးရယ်စိတ်မကောက်နဲ့တော့
ဟုတ်ပြီလား စောစောက ကလေးလဲကြားတာပဲ
ကိုကိုငြင်းလိုက်တာကို "

"ဘာလိုငြင်းလိုက်တာလဲ
သူပဲကြည့်ကောင်းတယ်ဆိုပြီးတော့လိုက်သွားလေ
သူနောက်ကိုဟိုကြတော့တယောက်မျက်နှာတယောက်ကြည့်ပြီစားကြပေါ့"

တေးပြောတော့မှာမဟာသဘောပေါက်ကာ
ရယ်မိလိုက်ကာ

" ကလေးကအဲ့ကြောင့်စိတ်ကောက်နေတာကို
ကလေးကလဲသူကကုမဏီမှာရှယ်ယာအများဆုံးသူလေအဲ့တော့နားထောင်ကောင်းအောင်ပြန်ပြောလိုက်တဲ့သဘောပါ ကိုကိုမျက်လုံးထဲမှာတော့ကလေးကလွဲရင်ဘယ်မိန်းကလေးမှမိန်းမလို့မမြင်ဘူးဆိုတာသိလား"

" သိဘူး "

>>>>>>>>>>>>

Author--kawayi

Continue Reading

You'll Also Like

3M 115K 32
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
310K 18.1K 19
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
3.7M 293K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
856K 27.7K 69
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...