ချစ်ခြင်းမေတ္တာတို့ရှိရာ (Com...

By firstperson302

24.3K 431 1

မင်းမဟာ + ချစ်တေးချို More

part (1)
part (2)
part (3)
part (4)
part (5)
part (7)
part (8)
part (9)
part (10)
part (11)
part (12)
part (13) end

part (6)

1.4K 30 0
By firstperson302

"ဟင် ရှင်မအိပ်ဘူးလားဘယ်လို့လုပ်ဒီ.ဒီ"

တံခါးဖွင့်လိုက်ချိန်ရေချိုးခန်းအဝမှာရပ်၍စောင့်နေသောမဟာကိုမြင်၍တေးတယောက်လန့်သွားကာရင်တေခုန်လာသည်

"ရေချိုးမလို့စောင့်နေတာလေ မင်းဝင်သွားတာတော်တော်ကြာတယ်နော် တခုခုဖြစ်နေတာထင်လို့ငါတောင်ဝင်လာတော့မလို့"

" အို့ တေးဘာမှမဖြစ်ပါဘူးခရီးပန်းလာလို့ ရေအကြာကြီးချိုးမိယုံပါ"

" ဟုတ်လို့လား"

မဟာပြောရင်တေးနားသို့တဖြည်းဖြည်းတိုးလာရင်တေးကိုယ်လေးက်ိုနံရံမှာကပ်ကာလက်ထောက်ထားလိုက်
သဖြင့်တေးမျက်နှာလေးနီရဲ့လာ၍ရင်တွေတဒုတ်ဒတ်နှင့်ခုန်လာလေသဖြင့်ခေါင်းလေးကိုအောက်ငုံ့ထားလိုက်သည်

" ရှင်.ရှင်ဘာလုပ်မလို့လဲ ဖယ်ပါတခြားသူတေမြင်သွားရင်မကောင်းဘူး"

" ဒီအခန်းထဲမှာမင်းနဲ့ငါနဲ့ပဲရှိတာလေဘယ်သူမြင်ရမှာတုန်းငါမင်းကိုတခုခုလုပ်လိုက်ရင်တောင်ဘယ်သူသိလိုက်မှာမဟုတ်ဘူး"

" ရှင်နော်မဟုတ်တာလုပ်ရင်တေးအော်လိုက်မှာ"

ပြောရင်းကိုယ်လေးတဆပ်ဆပ်တုန်နေသောတေးကိုကြည့်၍မဟာတယောက်သဘောကြစွာရယ်လိုက်ကာ

"မင်းအဲလောက်လဲကြောက်မနေပါနဲ့ငါကလူကြီးလူကောင်းတယောက်ပါခွင့်ပြုချက်မရင်ဘာမှမလုပ်ဘူးစိတ်ချ"

တေးဘာမျှမပြောလက်လေးနှစ်ဖက်ကိုသာကုတ်၍ခေါင်းလေးကိုငုံထားမြဲငုံ့နေလိုက်သည်

"ငါ့ကစတာပါကွာမင်းအဲ့လောက်ထိဖြစ်နေစရာမလိုပါဘူး မင်းအဝတ်လဲမလိုမလားသွားလဲငါ့လဲရေချိုးလိုက်အုံးမယ် အော်ပြီးတော့ညစာအပြင်ထွက်စားမှာမလို့လှလှလေးပြင်ထားဖို့မမေ့နဲ့နော်"

မဟာပြောရင်းရေချိုးခန်းတံခါးပိတ်သွားတော့မှာတေးတယောက်သက်ပြင်းချရတော့သည်

(ရှင်ကြီးအဲ့လိုသာဆက်လုပ်နေရင်ကျွန်မရှင်ကြီးကြောင့်နှလုံးရောဂါရနိုင်တယ်ဆိုတာ ရှင်ကြီးသိရဲ့လား )ခုန်နေတဲ့ရင်ဘတ်လေးကိုအသာဖိရင်းတေးတယောက်မသိစိတ်ကရေရွှတ်နေမိ၏

ညခင်းစာအပြင်ထွက်စားမည်ဖြစ်သောကြောင့်တေးအလှဆုံးပြင်ဆင်ထားမိသည်မိတ်ကပ်မကြိုက်သူဖြစ်၍ပါးပါးလေးသာလိမ်းကာနုတ်ခမ်းနီးပန်းရောင်ထူထူလေးဆိုးထားသည်

ဂျောင့်......

တံခါးပွင့်လာသောကြောင့်ရုတ်တရက်လှည့်ကြည့်မိလိုက်ရာအပေါ်ပိုင်းအဝတ်ဗလာ နှင့်အောက်ပိုင်းတဘက်တထည်သာပတ်ထား၍ရေဆိုနေသောမဟာ၏ကိုယ်လုံးကိုအတိုင်းသားမြင်လိုက်ရကာတေးတယောက်ခေတ်တမျှငေးကြည့်မိလိုက်သည်

" ရှင်..ရှင်ဘယ်လိုကြီးထွက်လာတာလဲကျွန်မရှိနေတာရှင်မသိဘူးလားလူယုတ်မာကြီး"

"  ဟေ့ရမ်းပြောမနေနဲ့မင်းရှိနေလို့သမင်သက်သက်ထွက်လာတာမဟုတ်ဘူး ငါလဲမင်းလိုပဲလဲဖို့အဝတ်မေ့ကျန်ခဲ့လို့ထွက်ယူတာ ဒါမှမဟုတ်ငါ့အဝတ်တေမင်းယူပေးလို့မရဘူးလား "

"ဘာလို့ယူပေးရမှာလဲရှင်ဖာသာယူပါ့လား "

"ပြီးရောလေအဲ့ဆို့ငါလာယူပြီနော်"

ပြောရင်းမဟာကရှေ့တိုးလာ၍

" ရှင် ရှင်ရပ်အဲ့မှာရပ်လိုက်ကျွန်မယူပေးမယ်ရှင်ရှေ့တိုးမလာနဲ့နော်" ​

တေးပြောမှမဟာရပ်လိုက်ပီတချက်ပြုံးလိုက်သည်

"လူယုတ်မာကြီးလူကိုတွေ့တာနဲ့အနိုင်ပဲကျင့်နေတယ်"

တယောက်ထဲဗြစ်တောက်ဗြစ်တောက်ပြောရင်းဆူးပုတ်နေသောတေးမျက်နှာလေးကိုကြည့်ပြီးမဟာသဘောကြစွာပြုံးနေမိသည်

"မတွေ့သေးဘူးလားကြာလိုက်တာငါလာရှာမှရမယ်ထင်တယ်"

" တွေ့ပြီလို့ရှင်ကြီးနော်အနားမလာခဲ့နဲ့တေးအော်လိုက်မှာ"

" အမလေးအော်တော့မအော်လိုက်ပါနဲ့
မလာနဲ့ဆိုလဲမလာပါဘူးနော်ပေးအဝတ်တေ"

ဆူပုတ်ပုတ်နှင့်ကမ်းပေးလာသောအဝတ်တွေကိုယူလိုက်ရင်းတေးမျက်နှာလေးကိုကြည့်ကာမဟာတယောက်ခနခနပြုံးနေမိသည်

❤❤❤❤❤

"ဘယ်လိုလဲပင်လယ်စာကစားကောင်းတယ်မို့လား"

" အင်းစားလို့ကောင်းတယ်အမှန်တိုင်းပြောရရင်တေးစားဘူးတာဒါပထမဆုံးအကြိမ်ပဲ"

" မဖြစ်နိုင်တာမင်းလို့သဋ္ဌေးသမိးတယောက်ကပင်လယ်စာမစားဘူးတာငါဘလို့ယုံရမလဲ"

" တကယ်ပြောတာပါတေးဒါမထမဦးဆုံးစားဘူးတာ"

" ဟုတ်ပါပြီမစားဘူးဘူးဆီုလဲကြိုက်သလောက်သာစားဟုတ်ပီပြီလား"

တေးခေါင်းလေးငြိမ့်ပြသည်

"ဒါနဲ့စားပြီးရင်ကမ်းခြေမှာလေညှင်းထွက်ခံမလို့မင်းလိုက်အုံးမှာလား"

" အင်းလိုက်မယ်လေတေးလဲခေါင်းထဲညီးစိစိဖြစ်နေလို့ "

စားပြီ၍hotelထဲမှကမ်းခြေသို့နှစ်ယောက်သားလိုက်လျှောက်ထွက်လာလိုက်သည်

ကမ်းခြေရောက်တော
လေတဝှီးဝှီးနှင့်စကားပြောနေရင်းတေးခေါင်းထဲမိုက်ခနဲဖြစ်သွားသောကြောင့်ကိုယ်လေးယိုင်သွားသည်ကိုမဟာဖမ်းထိန်းထားလိုက်ရင်း

" တေးမင်းဘာဖြစ်တာလဲနေမကောင်းဘူးလား" ​

"ခေါင်းနဲနဲကိုက်လာလို့ပါရပါတယ်တေးအဆင်ပြေ .."

ပြောရင်းတေးတယောက်မဟာရင်ခွင်ထဲသို့ခေါင်းမှိ၍မေ့လဲသွား၏

" တေး..တေး..
မင်းဘာဖြစ်တာလဲအဆင်ပြေရဲ့လား တေး .."

မဟာလူပ်နိူးပေမဲ့တေးသတိမလည်လာသောကြောင်ပွေ့ချိ၍hotelထဲပြန်ခေါ်လာလိုက်သည်

ခေါင်းကိုက်နေသေးသည်ဓာဏ်ကြောင့်လက်လေးနဲ့ကိုင်ကာမျက်လုံးလေးပွင့်လာသောတေးတယောက်ဘေးဘေးဘီဘင်ကိုလှည့်၍ကြည့်လိုက်ရာသူမလဲနေသည့်ကုတင်ကိုခေါင်းလေးတင်၍အိပ်နေသောမဟာကိုတွေ့လိုက်ရသည်

" မင်းနိုးပြီလား"

မဟာခေါင်းထောင်၍မေးလိုက်သည်

" အင်း "

"ခေါင်းထဲရောဘလိုနေသေးလဲကိုက်နေသေးလား"

" အင်းနဲနဲတော့ကိုက်နေသေးတယ်"

" ဒါဆိုခနစောင့်ဆရာဝန်သွားခေါ်လိုက်အုံးမယ်"

မဟာထွက်သွားတော့မှ တေးအားယူ၍ကုတင်ကိူမီပြီးထထိုင်လိုက်တယ် ခနနေတော့မဟာဆရာဝန်ပင့်၍ပြန်လာသည်

" ခေါင်းထဲဘယ်လိုနေသေးလဲသမီးသက်သာရဲ့လား"

" ဟုတ်သက်သာပါတယ်"

" အင်းအင်း...သားလေးဒီဆေး​ေတသွားဝယ်လိုက်နော်သမီးလေးကိုတိုက်ရအောင်"

" ဟုတ်ကဲ"

မဟာပြောပြီးချက်ချင်းထွက်သွားတော့မှာ

"သမီးလေးယောက်ကျားက
သမီးလေးကိုအရမ်းချစ်တာပဲနော်"

" ရှင်"

" ဟုတ်တယ်ညကဆိုသမီးလေးမေ့နေတော့သူခများအရူးတယောက်အတိုင်းဘဲပြာယာကိုခတ်နေတာ ဘာမှာမဖြစ်တော့ပါဘူးမဆိုးရိမ်ပါနဲ့တော့လို့ဆရာမပြောလိုက်မှာညိမ်ကြသွားတာ တညလုံးလဲသမီးနားကတဖွားမှမခွာဘူးအရိပ်တကြည့်ကြည့်နဲ့ ပါးလေးစမ်းလိုက်နဖူးလေးကိုင်လိုက်နဲ့သူတော်တော်ကိုစိုးရိမ်နေရှာတာ"

တေးဘာမှမပြောဆရာမပြောတာကိုတွေတွေလေးနားထောင်နေသည်

"သူကိုကြည့်ပြီးဆရာမတောင်သနားလာတယ် သမီးယောက်ကျားကသမီးအပေါ်အရမ်းကောင်းရှာပါတယ်ကွယ်"

" ဟိုလေသမီးနဲ့သူနဲ့ဘာမှမဆိုင်သေးပါဘူးဆရာမ
သူဋ္ဌေးနဲ့ငယ်သားဆက်ဆံရေးပဲရှိတာပါ "

တေးပြောလိုက်တော့ဆရာမအံသြသွားသည်

" မဖြစ်နိုင်တာသမီးရယ်သူပုံစံကြည့်ရင်သမီးအပေါ်ထားတဲ့သံယောစဥ်ကိုသိနိုင်ပါတယ် တကယ်လို့မဆိုင်သေးရင်လဲဆိုင်အောင်သမီးဘက်အရင်လုပ်ပေါ့ အတွေးမမှားနဲ့နော်သမီး​လေးသူလောက်သမီးအပေါ်ကောင်းနိုင်မဲ့သူနောက်တယောက်မရှိနိုင်တော့ဘူးနော်"

ဆရာမထွက်သွားတော့မှာတေးတယောက်ထဲတွေးနေမိတယ်
သူ သူမအပေါ်ဘလိုသဘောထားလဲတေးသေချာမသိ တေးကတော့သူအပေါ်စိတ်ယိုင်နေသည့်ကတော့အမှန်ပင်

"မင်းအဆင်ပြေရဲ့လား နေလို့ရောကောင်းရဲ့လား"

" အင်းတေးသက်သာသွားပါပီ"

" မင်းကွာလူကိုအရမ်းစိတ်ပူအောင်လုပ်တာပဲ အဲ့တုန်းကဆိုငါဖြင့်ဘာလုပ်လို့ဘာကိုင်ရမှန်းကိုမသိတော့ဘူး"

" တေးစိတ်ပူအောင်လုပ်မိလို့တောင်းပန်ပါတယ်နော်"

" ထားတော့ထားတော့နောက်တာခါထပ်ပြီးလူကိုစိတ်ပူအောင်မလုပ်မိစေနဲ့တော့နော်"

"ဟုတ်ကဲ့တေးဆင်ချင်ပါ့မယ်"

စကားပြောရင်းတေးတယောက်မဟာမျက်နှာကိုကြည်၍အကဲ့ခပ်နေမိသည်

သူ သူမကိုတကယ်ချစ်နေသည်လားမချစ်ဘူးလားသူမ မဝေခွဲတတ်

❤❤❤❤❤

ဧည်သည်တွေနှင့်ချိမ်းထားသောအချိန်နီးနေသောကြောင်မဟာcomputerတလုံးနှင့်အလုပ်ရူပ်နေသည်

"ကိုမဟာ တေးဒီနားကချယ်ရီmarketမှာစျေးသွားဝယ်မလို့ဘာမှာအုံးမလဲ "

"ရတယ်ဘာမှာမမှာတော့ဘူးမင်းလဲမြန်မြန်ပြန်လာနော်နေကောင်းသေးတာမဟုတ်ဘူး"

"ဟုတ်ကဲ့ပါတေးဝယ်ပြီးတာနဲ့ချက်ချင်းပြန်လာပါ့ မယ် "

ပြောပြီးတေးတယောက်ထွက်သွားလေသည်

ခနအကြာမဟာစရင်းတေပြီး၍ဝရံနာသီု့လေညှင်းထွက်ခံနေစဥ်

"မီးလောက်နေတယ်တဲ့ဟမီးသတ်ကားမြန်မြန်ခေါ်"

အပြင်တွင်ရုတ်ရုတ် သဲသဲဖြစ်နေသောကြောင့်မဟာလဲအပြင်ပြေးထွက်လိုက်ပီး

"အကိုတို့ဘာဖြစ်နေလဲမသိဘူးဗျ "

"မီးလောင်နေလို့လေ supermarket မှာတဲ့မီးကအတော်ကြီးတယ်ပြောတယ် အထဲမှာမိန်းကလေးတယောက်ပိတ်မိနေလို့ လူတေကယ်ဖို့လုပ်နေကြတာ"

" ဗျာsupermarket မှာဟုတ်လား
ဆိုင်နံမည်ကဘာလဲဗျ "

"ချယ်ရီတဲ့လေ"

မဟာတကိုယ်လုံးပူရှိမ်းတက်သွားတယ်
အသားတေတဆပ်ဆပ်တုန်၍

"ချယ်ရီmarket တေးစျေးသွားဝယ်တဲ့ဆိုင်မို့လား မဟုတ်မှအဲ့ကမိန်းကလေးကတေးများဖြစ်နေမလား"

>>>>>ဆက်ရန်>>>>>>

Continue Reading

You'll Also Like

1.6M 138K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
1.4M 35.4K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
1.7M 126K 45
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
4.7M 298K 108
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...