ချစ်ခြင်းမေတ္တာတို့ရှိရာ (Com...

By firstperson302

24.3K 431 1

မင်းမဟာ + ချစ်တေးချို More

part (1)
part (2)
part (3)
part (5)
part (6)
part (7)
part (8)
part (9)
part (10)
part (11)
part (12)
part (13) end

part (4)

1.5K 35 0
By firstperson302

"ရှင်..ညမလေးကို ကိုမဟာတို့ကုမဏီမှာအလုပ်လုပ်ခိုင်းမလို့ဟုတ်လားဖေဖေ"

ချစ်တေး မောင်မဟာဆီမှာအလုပ်လုပ်မည့်စကားကြား၍မာယာအံသြသွားသည်

"အင်းလေသမီးရဲ့ သမီးညမလေးကဖေဖေအလုပ်တေမှာဝိုင်းကူလုပ်ပေးချင်တယ်ဆိုလို့အလုပ်အတွေ့ကြုံရှိအောင် မဟာတိုကုမဏီမှာအလုပ်သင်ဝင်လုပ်ခိုင်းလိုက်တာ"

" ဖြစ်ပါ့မလားဖေဖေရဲ့ညမလေးကငယ်သေးတာကို"

"သမီးညမလေးကစိတ်အားထက်သန်နေတာလေ အဲ့တော့ဖေဖေလဲမတားတော့ဘဲလုပ်ခွင့်ပေးလိုက်တာ ငယ်ငယ်ရွယ်ရွယ်နဲ့အလုပ်လုပ်ချင်စိတ်ရှိတော့ကောင်းတာပေါ့"

ဦးကောင်းပြောသောစကားများကိုမာယာ သဘောမကြပေ

❤❤❤❤❤

တရိပ်ရိပ်နဲ့မောင်းလာသောကားလေးတစီးက YKK ကုမဏီရှေ့တွင်အရှိန်သတ်ကားစက်ရပ်လိုက်သည်

"သမီးတေးလာလေအထဲဝင်ရအောင်"

ကုမဏီရှေ့တွင်တွေတွေလေရပ်နေသောတေးကိုဦးကောင်းကခေါ်လိုက်သည်

"ဟုတ်ကဲ့ဖေဖေ"

တကယ်တမ်းအလုပ်လုပ်ရတော့မည်ဆိုတော့တေးခြေထောက်လေးတွေလေးလံနေသည်

မဟာနှင့်ထိပ်တိိုက်တွေ့၍အလုပ်လုပ်ရမည်ကိုတွေးမိတိုင်းတေးရင်တွေခုန်လာတယ် စိတ်တေလူပ်ရှားလာတယ်

"မောင်မဟာကိုခုလိုကူညီခိုင်းရတာဦးအားတော့နာမိတယ် သမီးလေးကငယ်လဲငယ်သေးအလုပ်အရမ်းလုပ်ချင်နေတော့မောင်မဟာလိုလူတော်လူကောင်းမျိုးနဲ့မှစိတ်ချလို့ပါ "

"အားနာစရာမလိုပါဘူးကျွန်တော်နဲ့ဦးကောင်းနဲ့ကပြောစရာလူတေမှမဟုတ်တာ ကျွန်တော်အတတ်နိုင်ဆုံးကူညီပေးရမှာပေါ့"

မဟာပြောသည်ကိုဦးကျေနပ်သွားသည်

"ဒါဖြင့်ဦးကောင်းသွားလိုက်အုံးမယ် သမီးလေးကိုမောင်မဟာလက်ထဲအပ်ခဲ့မယ်နော်"

"ဟုတ်ကဲ့ဦးကောင်း "

ဦးကောင်းထွက်သွားတော့ အခန်းထဲတွင်မဟာနှင့်တေးတို့နှစ်ယောက်သာကျန်ခဲ့သည်

တေးကမဟာနှင့်မျက်နှာချင်းမဆိုင်ရဲ့၍ခေါင်းလေးကိုအသာငုံ့ထားသည်

မဟာတေးအနားတဖြည်းဖြည်းတိုးကပ်လိုက်တယ်
တေးရင်တေခုန်လွန်းလို့မျက်လုံးလေးပိတ်ထားမိတယ်

"ငါကအဲလောက်ကြောက်စရာကောင်းနေလို့လား "

တေးအမှတ်တမဲ့မေးလိုက်သောစကားကြောင့်လန်း၍ကိုယ်လေးတွန့်သွားသည်

တေးဖြစ်နေသောပုံလေးကိုကြည်ကာမဟာသဘောကြနေမိတယ်

"ကဲ့ပါလွတ်လွတ်လပ်လပ်ပါ့ပါ့ပါးပါးပဲနေပါ ငါမင်းကိုကိုက်မစားပါဘူး"

မဟာပြောပြီးနောက်ကိုပြန်ဆုတ်ပေးလိုက်တယ် ထိုခါမှာတေးမျက်လုံးလေးပြန်ဖွင့်ကြည့်မိသည်

မဟာနာရီကိုတချက်ကြည့်ပြီးကိုတိုးကိုခေါ်လိုက်တယ်

"ကိုတိုးသူကိုအလုပ်လုပ်ရမည့်နေရာကိုခေါ်သွားလိုက် ပြီးရင်သူကိုနေရာထိုင်ခင်းပါပြင်ဆင်ပေးလိုက် "

"ဟုတ်ကဲ့အကိုလေး"

မဟာပြောလိုက်သည်နှင့်ကိုတိုးကချစ်တေးကိုခေါ်၍အပေါ်ထပ်သို့တက်သွားလေသည​်

အလုပ်ခန်းသို့ရောက်သောအခါကိုတိုးကတံခါးဖွင့်လိုက်တယ်

အခန်းထဲတွင်များပြားလှသောဝန်ထမ်းတေကcomputerကိုစီဖြင့်အလုပ်လုပ်နေကြသည်

ကိုတိုးအခန်းထဲဝင်သွား၍တေးလဲနောက်ကလိုက်ဝင်လိုက်တယ်

"အားလုံးခနနားထောင်းမယ် ဒီနေ့ဝန်ထမ်းအသစ်ရောက်တယ်အာလုံးပဲကြိုဆိုလိုက်ကြပါအုံး သမီးလေးသူတိုကိုမိတ်ဆက်လိုက်ပါ"

"မဂ်လာပါ သမီးနံမည်ကချစ်တေးချိုပါကူညီသင်ပြပေးကြပါအုံး နော်"

"မဂ်လာပါညမလေးချစ်တေချိုရေ ကြိုဆိုပါတယ်နော်"

ဝန်ထမ်းတွေကအကုန်၍သံပြိုင်နုတ်ဆက်ကြတယ် လူတွေအများကြီးနှင့်အလုပ်လုပ်ရမည်ကိုတေးတွေး၍ပျော်နေမိသည်

"လာသမီးလေးရဲ့အလုပ်နေရာကိုလိုက်ပြမယ်"

" ဟုတ်ကဲ့"

ကိုတိုးနောက်သီု့တေးအသာလေးလိုက်သွားလိုက်တယ်

"ဒီနေရာမှာသမီးအလုပ်လုပ်ရမှာ ကျန်တဲ့အရေးကြီးစာရွက်စာတန်းတေကိုခနနေဦးတိုးလာပို့ပေးမယ် "

"ဟုတ်ကဲ့"

ဦးတိုးထွက်သွားတော့တေးထိုင်လိုက်တယ်
အလုပ်ခန်းပတ်ပတ်လည်ကိုမျက်စိတဆုံးလိုက်ကြည့်နေမိသည်

" မဂ်လာပါနော်ညမလေး "

နုတ်ဆက်လာ၍တေးလှည့်ကြည့်လိုက်သည်

"အမနံမည်ကနုဝါပါကိုယ့်အမလိုသဘောထားပြီးခင်ခင်မင်မင်တိုင်ပင်လို့ရတယ်နော်ညမလေး"

" ဟုတ်ကဲ့အမနုဝါ တေးကိုလဲနားမလဲတာရှိရင်သင်ပြပေးပါအုံးနော် "

ချစ်တေးချိုပြုံပြ၍ပြန်နုတ်ဆက်လိုက်သည်
တေးတို့စကားပြောနေတုံးကိုတိုးရောက်လာသည်

"သမီးလေးဒါတွေကသမီးလုပ်ရာမည့်အချက်အလက်ဖိုင်တေပါ ပြီးရင်ရုံးထဲကိုသွားလိုက်အုံးနော် အကိုလေးကသမီးကိုပြောစရာရှိလို့ထင်တယ် "

"ဟုတ်ကဲ့ဦးတိုးသမီးသွားလိုက်ပါ့မယ်"

ကိုတိုးကပြောစရာရှိတာပြောပြီးပြန်ထွက်သွား သည်

"ညမလေးသဋ္ဌေးခေါ်နေတာဆိုမြန်မြန်သွားလိုက်နော်ကြာနေရင်သဋ္ဌေးစိတ်ဆိုးနေလိမ့်မယ် "

"ဟုတ်အမနုဝါတေးအခုပဲသွားလိုက်ပါ့မယ်"

ရုံးခန်းတံခါးကစေ့ရုံးစေ့ထားသောကြောင့်တေးတွန်းဖွင့်ပြီးဝင်လိုက်တယ်

ရုတ်တရက်လက်တစုံကတေးကိုယ်လေးကိုနံရံဆွဲကပ်တာခံလိုက်ရတယ် တေးတကိုယ်လုံးပူထူသွားတယ်

" ကိုမဟာဘာလုပ်တာလဲတေးကိုလွတ်ပါ"

"ရုံးခန်းထဲဝင်ရင်တံခါးခေါက်ရမှာမင်းမသိဘူးလား"

မဟာကမျက်နှာနားကိုကပ်၍ပြောလိုက်သည် တေးမျက်နှာလေးနီးရဲ့၍ရင်တွေတဒုတ်ဒုတ်နဲ့ခုန့်လာသည်

" တေးမသိလိုက်လို့ပါတောင်းပန်ပါတယ်နော်တေးကိုလွတ်ပေးပါနော်တခြားသူတေမြင်ရင်တမျိုးထင်ကုန်ကြလိမ့်"

" ဒါကငါ့ကုမဏီလေဘယ်သူကိုငါ့ဂရုစိုက်နေရမှာလဲ "

ပြောရင်းမဟာတေးအနားကိုပိုပို၍တိုးကပ်လိုက်သည်
တေးရင်တွေခုန်လွန်း၍ခေါင်းကိုသာငုံ့ထားလိုက်၏

မဟာတေးပုံစံလေးကိုကြည်၍သဘောကျစွာပြုံးလိုက်ပြီးမှာနောက်သီု့ပြန်ဆုတ်ပေးပေးလိုက်သည် 

"မင်းကိုပေးထားတဲ့အလုပ်ဖိုင်တေကိုသေချာလေ့လာထားပါနောက်နှစ်ရက်နေရင်အလုပ်ကိစနဲ့ခရီးသွားစရာရှိတယ် မင်းကငါ့အတွင်းရေးမူးအနေနဲ့လိုက်ခဲ့ရမယ် "

"ရှင်..ဖြစ်ပါ့မလားကိုမဟာရဲ့တေးကအလုပ်အခုမှဝင်တာအတွေ့ကြုံမရှိသေးဘူးလေ ကိုမဟာအလုပ်မှာအနှောက်ရှက်ဖြစ်နေမယ်ထင်တယ်"

" ငါကလိုက်ဆိုလိုက်ခဲ့ကျန်တဲ့အပိုစကားတေမကြားချင်ဘူး "

"ဟုတ်ကဲ့ပါ "

မဟာရဲ့ခပ်ပြတ်ပြတ်စကားကြောင့်တေးဘာမှထပ်မပြောတော့ဘဲခေါင်းလေးညှိမ့်ပြလိုက်တယ်

" မင်းသွားလို့ရပြီးအော်ဒါနဲ့နေ့လည်စားမင်းဘာစားမှာလဲ စားချင်တာရှိရင်ကိုတိုးကိုမှာလိုက်ပါ "

" ရပါတယ်တေးကိုယ့်ဖာသာဝယ်စားလိုက်ပါ့မယ် "

ပြောပြီးတေးအခန်းထဲကထွက်လာလိုက်တယ်ရင်တွေတော့ခုန်နေဆဲ..

ဖိုင်တေကလေ့လာရင်းနားမလည်တာတွေကိုနုဝါကိုမေးလိုက်ကိုယ်ဖာသာလုပ်လိုက်နဲ့တေးတယောက်အလုပ်ရူပ်နေလေသည်

နေ့လည်အလုပ်နားချိန်ကိုပင်ရောက်မှန်းမသိရောက်သွားလေသည်

" ညမလေးထမင်းစားနားလိုက်တော့လေဗိုက်စာနေမှာပေါ့ "

"ဟုတ်အမနုဝါတေးခနနေမှာစားလိုက်ပါ့အလုပ်လေးနဲနဲကျန်နေသေးလို့"

" ဟုတ်ပါပီဒါဆိုလဲအမနုဝါအရင်သွားလိုက်တော့မယ်နော်ဗိုက်ဆာနေလို့ "

"ဟုတ်ကဲ့မမ "

နုဝါထွက်သွားတော့တေးအလုပ်ကိုဆက်လုပ်နေလိုက်တယ်

"ဒါကိုအရင်စားလိုက်ပြီးမှဆက်လုပ်"

မုန့်ဘူးပေး၍ပြောလာသောသူကိုတေးလည့်ကြည့်လိုက်တော့မဟာဖြစ်နေသည်

"တေးဗိုက်မဆာသေးလို့ပါ"

" စားဆိုစားလိုက်ပေါ့ဘာလဲငါခွန့်ကျွေးရမှာလား "

တေးရှက်၍မျက်နှာလေးနီးသွားသည် ကမန်းကတန်းပေးလာသောမုန့်ဘူးကိုတေးလှမ်းယူလိုက်တယ်

"ဟုတ်ကဲ့တေးစားလိုက်ပါ့မယ် ကျေးဇူးပါနော် "

မဟာဘာမှပြန်မပြောတချက်ပြုံး၍အခန်းထဲကို​ပြန်ဝင်သွားသည်

မဟာထွက်သွားတော့တေးတယောက်ထဲကြောင်အမ်းအမ်းလေးကျန်ခဲ့သည်

(လူကိုအနိုင်ကျင့်လိုက် ဂရုစိုက်ပြလိုက်နဲ့ရှင်ကြီးကိုတေးနားမလည်တော့ဘူး တကယ်ပဲရှင်ကြီးဘာဖြစ်ချင်နေတာလဲ)
တေးဘာမှာထပ်မစဥ်းစားတော့ဘဲအလုပ်ကိုသာဆက်လုပ်နေမိလိုက်တယ်

ညနေအလုပ်ဆင်းချိန်ရောက်တော့ဝန်ထမ်းတွေအလျှိုလျှိုပြန်ကုန်ကြ၏

"တေးမပြန်သေးဘူးလား"

" မမနုဝါ တေးလဲအခုပဲပြန်တော့မှာပါ "

"ပြန်ရင်ဂရုစိုက်နော်တေးမမနုဝါအရင်ပြန်နှင့်တော့မယ်နော် bye bye"

".ဟုတ်ကဲ့  အမနုဝါbye bye "

တေးဦးကောင်းလာကြိုမည်ကိုစောင့်နေချင်းဖြစ်သည်

" မင်းဦးကောင်းကိုစောင့်နေတာလား"

ရုတ်တရက်မဟာအနောက်မှရောက်လာ၍မေးလိုက်သည်

"ဟုတ်ကဲ့"

" အဲ့ဆိုမစောင့်နဲ့ဦးကောင်းလာမကြိုနိုင်တော့ဘူးငါ့ကိုဖုန်းဆက်ထားတယ် "

"ကားပေါ်တက်ငါလိုက်ပို့ပေးမယ် "

"ရှင်"

တေးလန့်သွားသည်

" ဘာရှင်လဲမြန်မြန်တက်ငါအလုပ်တေရှိသေးတယ် "

"ဟုတ်ကဲ့ "

တေးဘာမှထပ်မပြောတော့ဘဲကားပေါ်ကမန်းကတမ်းတက်လိုက် တယ်
မဟာလဲတေးဘေးမှဝင်ထိုင်လိုက်တယ်
မဟာနဲ့ဘေးချင်ယုဥ်ထိုင်ရသောကြောင့်တေးစိတ်တေ
လူပ်ရှားနေသည်

"ကိုတိုးမောင်းလို့ရပီး "

"ဟုတ်ကဲ့အကိုလေး"

မောင်းလာသောကားလေးပေါ်တွင်မဟာနှင့်တေးတို့ညိမ်သက်စွာလိုက်ပါလာကြသည်

ထိုအချိန်လမ်းပေါ်သို့ကလေးတယောက်ဖြတ်ပြေးသွားလာသည်ကိုတွေ့၍ကိုတိုးကကလေးကိုမတိုက်မိအောင်ကားကိုဝိုက်ဆွဲလိုက်သည်

အရှိန်နှင့်ကွေ့လိုက်သောကြောင့်ကားနောက်ခန်းတွင်တွေတွေလေးထိုင်နေသောတေးကိုယ်ကလေးမဟာရင်ခွင်ထဲသီု့စွေ့ကနဲ့ရောက်သွားလေသည်

မဟာကလဲရုတ်တရက်မိုတေးကိုပြန်ဖက်ထားမိလိုက်တယ်

နှစ်ယောက်လုံးရဲ့ရင်ခုန်သံတေပို၍မြန်ဆန်လာသည်

တေးမဟာကိုဖြည်းဖြည်းလေးမော့ကြည့်မိတော့တေးကိုအသာလေးငုံ့ကြည့်လာသောမဟာနှင့်မျက်လုံးချင်းဆုံးမိကြ၏

တိုအခိုက်တန့်တွင် ဖော်ပြ၍မရနိုင်သောခံစားချက်လေးတခုတေးနှင့်မဟာရဲ့ရင်ထဲမှာစတင်ပေါက်ဖွားလာလေတော့သည်

>>>>>ဆက်ရန်>>>

Continue Reading

You'll Also Like

470K 13.9K 61
Silent, unforgiving and strikingly gorgeous, Rylan Parker is a cold-hearted businessman. An intimidating CEO, perfectly fitted in tailored suits and...
300K 17.4K 18
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
3.7M 292K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
868K 72.3K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...