ချစ်ခြင်းမေတ္တာတို့ရှိရာ (Com...

By firstperson302

24.4K 432 1

မင်းမဟာ + ချစ်တေးချို More

part (2)
part (3)
part (4)
part (5)
part (6)
part (7)
part (8)
part (9)
part (10)
part (11)
part (12)
part (13) end

part (1)

5.3K 52 0
By firstperson302

"မေမေလေး မေမေလေး
ကြောက်ပါပီ တေးမှားမှန်းသိပါပီ
နောက်တခါမဖြစ်အောင်
တေးဆင်ခြင်ပါ့မယ်"

ထပ်ခါထပ်ခါငိုသံလေးဖြင့်
တောင်းပန်နေသောချစ်တေးချိုကို
ဒေါ်ခင်ထားဂရုမစိုက်
ကြိမ်လုံးနှင့်သာအဆက်မပျက်ရိုက်နေသည်

"အခုမှမှားမှန်းသိပီပေါ့
အစတည်ကဒီလိုမဖြစ်အောင်
အတန်တန်ပြောနေတဲ့ကြားက
ဖြစ်အောင်ကိုလုပ်တယ်
အခုကြည့်စမ်းငါ့ပန်းအိုးတွေကကွဲကုန်ပီ
ညည်းဘယ်လိုလုပ်ပေးမလဲ
ပြောစမ်းမိတေး "

ကွဲနေတဲ့ပန်းအိုးကိုခြေနဲ့ကန်ရင်း
ဒေါ်ခင်ထားကဆိုလိုက်သည်

အမှန်က တေးအပြစ်မဟုတ်
အစထဲက အဲ့နေတဲ့ပန်းအိုးတွေကို
တမင်သက်သက်ဖယ်ခိုင်းပီ
တေးကိုအပစ်ရှာနေချင်ဖြစ်သည်

" တေးအိုးအသစ်လဲပီးပန်းတွေကို
ပြန်စိုက်ပေးပါ့မယ်နော် မေမေလေး
တေးကိုမရိုက်ပါနဲ့တော့တေးနာလို့ပါ
နောက်တခါမဖြစ်စေရပါဘူးမေမေလေးရယ် "

ချစ်တေးချို လက်အုပ်လေးတချိချိနဲ့
တောင်းပန်နေရှာသည်

"အေးနင်မှတ်ထားနောက်တခါဆို သေပြီသာမှတ် "

"ဟုတ်မေမေလေး တေးမှတ်ထားပါ့မယ်"

ဒေါ်သက်ထားတယောက်
ရိုက်ချင်တိုင်ရိုက်ပြောချင်တိုင်းပြောပြီးမှ
အိမ်အပေါ်ထပ်ကိုပြန်တက်သွားလေသည်

ဒေါ်သက်ထားထွက်သွားတော့မှ
တေး ပါးပေါ်တွင်စီးကျနေသော
မျက်ရည်လေးတွေကိုလက်လေးဖြင့်
အသာသုတ်ရင်းပြန့်ကျဲနေသည့်
ပန်းအိုးအစအနတွေကို
လိုက်ကောက်၍သန့်ရှင်းရေးလုပ်လိုက်သည်

သန့်ရှင်ရေးလုပ်နေရင်းလဲ
မျက်ရည်လေးတွေကစီးကျနေလျက်ပင်

ထိုသို့တေးနိုပ်စက်ခံနေရသည်က
အခုမှမဟုတ် တေးကိုမွေးစားဖို့
ဦးမင်းကောင်းခေါ်လာကတည်းကဖြစ်၏

ဒေါ်သက်ထားကအစကတည်းက
အမြင်မကြည်
ဒီအထဲဦးမင်းကောင်းက တေးကို
သမီးအရင်းထက်ပိုဂရုစိုက်ပြနေတော့
ဒေါ်သက်ထားမှာပို၍မုန်းနေရချင်းဖြစ်သည်

"ကိုကောင်းဘာလို့သူ့ကိုမွေးစားမှာလဲ
ရှင်မှာသမီးယောက်ရှိတာပဲ
တော်ရောပေါ့ဒီကောင်မလေးကို
သူ့နယ်ပြန်ပို့လိုက်ပါ
ကျွန်မသူ့ကိုသဘောမကျဘူးနော်
သဘောလဲမတူဘူး"

"ဒီမယ်မထား သူ့အဖေက
ငါရဲ့လုပ်​ဖော်ကိုင်ဘက်
ငါ့အပေါ်မှာလည်းကျေးဇူးရှိတယ်
ပြီးတော့ငါ့အသက်သခင်
သူ့အဖေသာမကယ်ရင်မင်းတို့ငါကို
အခုလိုထပ်တွေ့နေရမှာမဟုတ်ဘူး
သူ့အသက်နဲ့ရင်းပီငါ့ကိုကယ်ထားတာ
သူ့သမိးလေးကိုလဲစောင့်ရှောက်ပေးဖို့လဲ
အတန်တန်မှာသွားတာ
ဒီတော့ငါ့ကျေးဇူးရှင်အပေါ်သိတက်ရမယ်
တော်ပီကွာ ဘာမှထပ်မပြောနဲ့တော့
မင်းသိထားရမှာက
ဒီနေ့စပြီးဒီကောင်မလေးက
မင်းနဲ့ငါ့ရဲ့ဒုတိယမြောက်သမီလေးဆိုတာပဲ"

ဒေါ်သက်ထားနဲနဲလေးမှမကျေနပ်

ထိုနေ့ကစလို့ဦးကောင်းလစ်ရင်လစ်သလို
ချစ်တေးချို ကိုရိုက်နက်နိုပ်စက်လေ့ရှိသည်

သူ့သမီးမာယာခင်ကိုလဲ
တေးကိုမုန်းအောင်
အမျိုးမျိုးအရိုင်းစိတ်သွင်းပြီးနိုပ်စက်စေသည်

❤❤❤❤❤

"အခန်းတွေအကုန်သန့်ရှင်းရေးလုပ်ပြီးပြီလား"

"ဟုတ်လုပ်ပြီးပါပြီး"

" ခြံထဲမှာရော "

"ဟုတ်အကုန်လုပ်ပြီးပါပြီ"

" အေးအိမ်တွင်းအိမ်ပြင်အမှိုက်တစမှ
မရှိစေနဲ့ကြားလား
အကိုလေးကမကြာခင်ပြန်လာတော့မှာ
ညစ်ပတ်နေလို့မဖြစ်ဘူး
အကိုလေးဘယ်လောက်
အသန့်ကြိုက်တယ်လဲဆိုတာသိတယ်မို့လား"

" ဟုတ်သိပါတယ်"

" အေးဟုတ်ပီသွားလုပ်စရာရှိတာသွားလုပ်ကြတော့"

နေမဟာစံအိမ်ကြီးရဲ့မန်နေဂျာကိုတိုးက
စံအိမ်သန့်ရှင်းရေးအတွက်
အိမ်ဖော်တွေကိုခိုင်းစေနေချင်ဖြစ်သည်

စံအိမ်တော်ကြီးရဲ့ပိုင်ရှင်မှာ
နိုင်ငံတကာတွင်အောင်မြင်နေသော
YKKကုမဏီကြီးရဲ့ceoလေး
မင်းမဟာပင်ဖြစ်သည်

ငယ်ငယ်ရွယ်ရွယ်နှင့်
ထူးချွင်ထက်မက်သည့်အပြင်
တည်ကြည်ခန့်ညားသော
ရုပ်ရည်ရူပကာကြောင့်
မိန်းကလေးတိုင်းရဲ့အိမ်မက်ဖန်စင်းရှင်
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးဖြစ်နေသည်

မင်းမဟာကမူ
မိန်းကလေးဆိုနဲနဲမှစိတ်မဝင်စား
အနားကပ်လာသည့်မိန်းကလေးတိုင်းကိုလဲ
သွေးအေးအေးနှင့်ပင်နှင်ထုပ်လေ့ရှိသည်

မိန်းမတိုင်းကိုမာယာများသည်ဟု
သူနားလည်ထားလို့ပင်

တီ....တီ..

"အကိုလေးပြန်ရောက်ပြီထင်တယ်
တံခါးမြန်မြန်သွားဖွင့်"

ဟွန်းတီးလာသောအသံကြားသည်နှင့်
အကုန်လုံးလူပ်လူပ်ရှားရှားဖြစ်၍
ထိပ်လန့်နေကြလေပြီ

မဟာကစည်းကမ်းကြီးသူဖြစ်လင့်ကစား
အမှားတခုတွေ့လျင်
ဘာမှထောက်ထားမနေဘဲ
အလုပ်တန်းထုတ်လေ့ရှိသောကြောင့်ဖြစ်သည်

ကားခြံထဲရောက်သည်နှင့်
ကိုတိုးကကားတံခါးဖွင့်ပေးကာ
နုတ်ဆက်လိုက်သည်

"အကိုလေးပြန်လာပြီလား"

မဟာကဘာမျှပြန်မပြော
အိမ်ထဲသို့တန်းဝင်သွား၏

ဘေးတွင်ရပ်နေသည့်
အိမ်ဖော်တွေမှာတော့
ကြောက်လွန်း၍ဒူးတွေပင်
တုန်နေလေ၏

ကိုတိုးလဲဘာမှထပ်မပြောတော့
အမိန့်သံကိုစောင့်ရင်းသာ
အနောက်မှအသာလေးလိုက်သွားလိုက်သည်

အိမ်ထဲရောက်သည်နှင့်မဟာက

" ကိုတိုး မနက်ဖြန်
နိုင်ငံခြားကဧည့်သည်တွေနဲ့
တွေ့ဖို့စီစဥ်စရာရှိတာတွေစီစဥ်ထားပါ"

"ဟုတ်အကိုလေး
ကျွန်တော်အကုန်လုပ်ထားလိုက်ပါ့မယ်"

မဟာဘာမျှထပ်မပြောတော့
အပေါ်ထပ်ကိုသာ
တန်းတန်းမတ်မတ်တက်သွားလေ၏

မဟာအပေါ်တက်သွားမှ
ကိုတိုးလဲသက်ပြင်ချရတော့သည်
ဟူး.....

"သွားသွား မင်းတို့လဲလုပ်စရာရှိတာ
သွားလုပ်ကြတော့
အကိုလေးကြည့်ရတာအလုပ်မှာ
နဲနဲအဆင်မပြေဖြစ်လာတယ်ထင်တယ်
အားလုံးသတိသာထားနေကြတော့သွားသွား"

ကိုတိုးပြောလိုက်မှ
အိမ်ဖော်တွေလဲ
အသီးသီးထွက်သွားကြလေ၏

❤❤❤❤❤

"ချစ်တေးချို..ချစ်တေးချို.."

" ရှင်..အမမာယာ တေးကိုဘာခိုင်းစရာရှိလို့လဲ"

မာယာခင်ခေါ်သံကြောင့်
အခန်းထဲမှ ကပြာကယာလေး
ပြေးထွက်လာသူက ချစ်တေးချို

"ချစ်တေချို..
နင်တော့သေချင်နေပီနဲ့တူတယ်
ငါဒီလောက်ခေါ်နေတာကို
အမြန်မလာဘဲနင်ဘာလုပ်နေတာလဲ"

" တေး မေမေလေးခိုင်းထားလို့
အဝတ်တွေလျှော်နေလို့ပါ"

"ပြောလိုက်ရင်ဆင်ခြေကြီးပဲ
ငါညောင်းနေလို့လာနိပ်ပေးစမ်း"

"ဟိုလေ အမမာယာ
တေးခနနေမှ နိုပ်ပေးလို့ရမလားဟင်
မေမေကြီးလျှော်ခိုင်းထားတာ
မပြီးရင်ဆူမှာဆိုးလို့"

" နင်ကမေမေကြီးကျကြောက်ပြီး
ငါ့ကျမကြောက်ဘူးပေါ့လေဟုတ်လား
နင်နော်ငါလုပ်ရင်သေတော့မှာပဲ
လာနိုပ်ဆိုအခုနိုပ်"

" ဟုတ်...ဟုတ်..ကဲ့ပါအမမာယာ"

တေးမျက်နှာငယ်လေး​ဖြင့်
တောင်းတောင်းပန်ပန်ဆိုသောလဲ
မရသည့်အဆုံးမာယာခင်
ကျေနပ်အောင်နိုပ်ပေးလိုက်ရ၏

စိတ်ထဲတွင်တော့
ဒေါ်သက်ထားပြန်လာလျင်
ရိုက်ခံထိ​တော့မည်ကိုတော့
ကြိုသိနေချေပြီ

"ပေါ်နားနဲနဲတိုး မဟုတ်သေးဘူး
အောင်နဲနဲပြန်လျော့
မိတေးနင်ဘယ်လိုတွေ
နိုပ်နေတာလဲအသုံးမကျလိုက်တာ
ခုနှစ်ရက်ထမင်းမရတဲ့အားနဲ့
လက်ကြောကိုမတင်းဘူး"

ထိုသို့ ကြိမ်းမောင်းလိုက်တော့
ခပ်ပြာပြာလေးဖြစ်သွားသော တေးက
တင်းတင်းလေးဖိနိုပ်ပေးလိုက်ရာ

မာယာခင်၏ ငြူဆူသံမှာထပ်မံထွက်ပေါ်လာပြန်၏

"အား...သေပါပြီ
မိတေးနင်ငါ့ကိုရွှဲနေတာလား
အဲ့လောက်ဖိနိုပ်နေမှတော့
ငါဘယ်လိုခံနိုင်တော့မှာလဲ"

" တေး..​တေး..တောင်းပန်ပါတယ်
သေသေချာချာလေး ပြန်နိုပ်ပေးပါ့မယ်နော်"

ကြောက်ရွှံ့ဆိုးထိပ်မူနှင့်အတူ
တေး မျက်နှာလေးမှာ
ပို၍ညိုးငယ်သွားရသည်

"နင်ဟာလေ မပြောလိုက်ချင်ဘူး
ငါလုပ်ရင်လဲသေဖို့ပဲရှိမယ်
ဖယ်ဖယ် တော်တော့
မနိုပ်နဲ့တော့ ဒီနေ့ငါစိတ်ကောင်းဝင်နေလို့
နင်သက်သာတယ်သွားမှတ်"

" ဟုတ်ကဲ့ နောက်တခါမဖြစ်အောင်
တေးဆင်ခြင်ပါ့မယ်"

ငိုချင်သည့် စိတ်ကို မနည်းအောင့်ထားရသည်

အချိန်နှင့်အမျှ​နိုပ်စက်နေလေသည်ဖြစ်၍
ကြာတော့ မွန်းကြပ်လာလေမိချေပြီ
စိတ်ထွက်ပေါက် ရှာချင်လာမိသည်

ဖြစ်နိုင်ရင်ဒီအိမ်ကြီးရဲ့
အဝေးတနေရာကို ထွက်ပြေးလိုက်ချင်သည်

သို့သော်လဲ တဖက်တွင်
သူ့အားသမီးအရင်းသဖွယ်ချစ်သော
ဦးကောင်းကိုပြေးမြင်မိပြန်သည်

သိတတ်စအရွယ် ကတည်းက
ကျွေးမွေးစောင့်ရှောက်ပေးလာသူမို့
ကျေးဇူးကန်းရာရောက်မည့်
လုပ်ရပ်မျိုးကိုလဲသူမ မလိုလားပေ

ဤသို့နှယ် စဥ်းစားမိတိုင်း အဖေဖြစ်သူ၏
ပုံရိပ်တချို့က သူမအတွေးထဲသို့
ရောက်ရောက်လာတတ်စမြဲ

(ဖေကြီးရယ်......
အခုချိန်သာဖေကြီးအနားမှာရှိရင်
သမီးပျော်မိမှာ အခုတော့....)

ဝဲတက်လာသည့်
မျက်ရည်စတွေကိုအသာသုတ်ရင်း
စိတ်ထဲတွင် အနွေးဓာတ်ပေးနိုင်မည့်
ကြင်နာတတ်သူလေးကို သူမ အရဲစွန့်၍
တောင်းတနေမိ၏

"ချစ်တေးချို ငါအဝတ်တွေ
လျှော်ခိုင်းထားတာပြီးပြီလား "

"မပြီးသေးပါဘူးမေမေကြီး
အမမာယာကနိုပ်ပေးဆိုနိုပ်ပေးနေရလို့ပါ "

"တော်စမ်း
နင်အပျင်းထူပြီးမလုပ်တာကို
ငါ့သမီးလွှဲချမနေနဲ့
အလုပ်ကိုလက်ကျောတင်းတင်း
မလုပ်ဘူး နင်ဒီနေ့ထမင်းစားရမယ်မထင်နဲ့
သွားအလုပ်သွားလုပ်တော့"

" ဟုတ်မေမေလေး "

တေး အဖို့ထမင်းနပ်မှန်အောင်
မစားရသည်ကအကျင့်တခုလိုဖြစ်နေလေပြီ

"ခနနေအုံး အလုပ်ပြီးရင်
ရေတခါတည်းချိုးထား
ဒီနေ့နင် ငါနဲ့အပြင်လိုက်ရမယ်"

သူမမျက်ဝန်းလေး အရောင်ဝင်းလဲ့သွား၏
အပြင်သို့မထွက်ရသည်မှာအတော်ကြာချေပြီ

အချိန်နှင့်အမျှအိမ်ထဲမှာပင်
အလုပ်တွေနှင့်သံသရာလည်နေတော့
အပြင်သို့ထွက်ချင်မိသည်ကအမှန်ပင်

ဒေါ်ခင်ထားတို့ကလဲပေး၍မထွက်
အခုအပြင်သွားရမယ်ဆိုတော့
သူမပျော်နေမိသည်

"သမီးကလဲ ဘာလို့သူကို
အပြင်ခေါ်သွားမှာလဲ
ဒီအသုံးမကြတဲ့ဟာမကိုခေါ်မသွားစေချင်ဘူး"

ဒေါ်သက်ထားက တင်းမာနေသော
မျက်နှာဖြင့် တေးကို ကြည့်လျင် ဆိုသည်

"သမီးshoppingထွက်မလိုပါ
ဝယ်ရမယ့်ဟာတွေကများလို့
သူ့ကိုသယ်ခိုင်းမလို့"

" ဖြစ်ပါ့မလားသမိးရယ်
သူ့ကိုခေါ်သွားပြီပဲထား မတော်လို့
လူပုံအလည်မှာ မဟုတ်တာတွေလုပ်မိရင်
ငါ့သမီးပဲသိခါကျနေပါ့မယ် "

"ရပါတယ်မေမေကလဲ
သူအမှားတခုခုလုပ်ရင်သမီးနဲ့တွေ့သွားမှာပေါ့ "

တဇွတ်ထိုးဆန်သော သမီးဖြစ်သူကြောင့်
သက်ပျင်းချကာခေါင်းတချက်
ငြိမ့်ပြရင်း

"ဟုတ်ပါပြီလေ
ငါ့သမီးလေးအဆင်ပြေရင်ပြီးတာပါပဲ"

ထိုနောက် တေးကို
ခပ်ထေထေပင် လှည့်ကြည့်၍

"ကြားတယ်နော်မိတေး
ငါ့သမီးလေး နင့်ကြောင့်
လူရယ်ခံရလို့ကတော့ နင့်အသက်နဲ့ကိုယ်
အိုးစားကွဲဖို့သာပြင်ပေတော့"

"ဟုတ်ကဲ့ပါ မေမေလေး တေးနားလည်ပါပြီ"

❤❤❤❤

"အကိုလေးအားလုံးအဆင်သင့်ဖြစ်ပါပြီ
အစည်းဝေးကိုhp shopping centreမှာ
ပြုလုပ်မယ်ပြောပါတယ်
အကိုလေးprojectဆွေးနွေးမဲ့
ဧည့်သည်တွေလည်းရောက်နေပါပြီ"

" အင်း..ဟုတ်ပြီဒါဆိုသွားမယ်"

" ဟုတ်အကိုလေး "

❤❤❤❤❤

"မိတေး ဆိုင်ထဲရောက်ရင်
အမှားမလုပ်မိစေနဲ့နော်
ငါ့ကိုအရှက်ရစေမဲ့အရာတွေ
လုပ်မိလို့ကတော့နင်တော့လား
နေရာမှာတင်အသေပဲ
ငါကလဲနင့်ကိုခေါ်ချင်လို့
ခေါ်လာတာလို့တော့မထင်နဲ့
မတတ်သာလို့သာခေါ်လာရတာ
အမှန်ဆို နင်ဒိီနေရာကို
လာဖို့လောက်ထိအဆင့်မရှိဘူး
နင်နဲ့မတန်ဘူးဆိုသိထား"

မာယာခင်၏အပြောဆိုးတွေ
အောက်တွင်တလုံးမှခွန်းတုန့်ပြန်ချင်းမရှိဘဲ
တေးတယောက်ခေါင်းလေးငုံ့၍သာ
ငြိမ်နေမိလေသည်

shopping centreသို့ရောက်တော့
တေးတယောက်အံသြခြင်းများစွာဖြင့်
မှင်သက်နေမိသည်

များပြားလှတဲ့ဆိုင်ခန်းတွေ
များပြာလှတဲ့လူတွေနှင့်
အမျိုးမျိုးသောဇိမ်ခံပစည်းတွေ၏
မြင်ကွင်းက သူမအတွက်
အထူးအဆန်းဖြစ်နေလေ၏

❤❤❤❤❤

"ကိုမဟာပေးတဲ့ideaက
တော်တော့်ကိုကောင်းတယ်
ကျွန်တော်တို့ဒိီတိုင်းဆို
projectကအဆင်ပြေပြေနဲ့
အောင်မြင်သွားမှာအမှန်ပဲဗျာ့"

"ဒါကြောင့်မို့လဲငယ်ငယ်ရွယ်ရွယ်နဲ့
ceoဖြစ်နေတာ ကိုမဟာနဲ့
အလုပ်တွဲလုပ်ရတာ
ကျွန်တော်တို့အတွက်တော့
ဂုဏ်ယူစရာပါဗျာ"

"ဟုတ်ကဲ့ အခုလိုပြောပေးလို့
ကျေးဇူးတင်ပါတယ်
ရှေ့လျှောက်လဲရည်ရှည်
လက်တွဲသွားနိုင်ဖို့မျှော်လင့်ပါတယ်"

အစည်းဝေးပြီးသည်နှင့် မဟာတယောက်
ဟောခန်းထဲကထွက်လာလိုက်သည်

"ကိုတိုး ခနနေဆွေးနွေးမဲ့projectအတွက်
လိုအပ်တဲ့ဖိုင်တွေပြင်ထားလိုက်ပါ
ကျွန်တော်တခုခုသွားစားလိုက်အုံးမယ်"

" အကိုလေး ခနလောက်နားလိုက်ပါလား
ကိုတိုးသွားဝယ်လိုက်မယ်လေ "

"ရတယ်ကိုတိုး ကျွန်တော်လမ်းနဲနဲ
လျှောက်ချင်လို့ကိုယ့်ဖာသာပဲသွားလိုက်မယ် "

မနက်တည်ကဘာမှစားမလာမ၍
တခုခုစားရန်စားသောက်ဆိုင်ဖက်သို့
ထွက်လာလိုက်လေ၏

❤❤❤❤❤

"မိတေးမြန်မြန်လာစမ်းနှေးတိနှေးတုတ်နဲ့"

"လာပါပြီ အမမာယာရယ်
ပစည်းတွေက လေးတော့
တေးမြန်မြန်လျှောက်လို့မရလို့ပါ"

"ပြောလိုက်ရင် ဆင်ခြေတွေကြီးပဲ
လက်ကျောကိုမတင်းတာ
အဲ့ပစည်းတွေခနချထားလိုက်
ငါရေဆာတယ်ရေသွားဝယ်ပေးစမ်း
မြန်မြန်ပြန်လာနော်
ငါကိုစောင့်ရအောင်မလုပ်နဲ့"

" ဟူတ်အမမာယာ "

ပစည်းတွေကိုအသာချကာ
တေးတယောက် ဆိုင်ရှိရာသို့
အပြေးကလေးအသော့နှင်ရပြန်သည်

ရေဘူးဝယ်ပြီးသည်နှင့်
ခပ်မြန်မြန်လေးပြန်ထွက်လာချိန်
စားသောက်ဆိုင်တံခါးအကွယ်မှ
ရုတ်တရက်ထွက်လာသော
မင်းမဟာနှင့်ဝင်တိုက်မိလေ၏

လျှက်တပျက်ဆန်လွန်း၍
ရှောင်ဖို့ပင်အချိန်မရလိုက်
နှစ်ယောက်သားထပ်လျက်ပင်
လဲကြသွားလေတော့သည်

အပေါ်မှလူတယောက်ဖိထားသည့်
အလေးချိန်နှင့်လဲကြသွားသည့်မို့
ရင်ဘတ်နှင့်ကျောဘက်မှာ
ပြင်းသက်သက်နာကျင်မူကိုသူခံစားလိုက်ရ၏

အသားနာသွားသည်ဖြစ်ရာ
စိတ်ထဲထောင်းခနဲဖြစ်သွားသော
မဟာကထိုသူကို
မီးဝင်းဝင်းတောက်နေသည့်
မျက်လုံးအစုံဖြင့်မော့ကြည့်လိုက်၏

ထိုစဥ်မြင်လိုက်ရသည့်အရာက
သူ့ကို ခေတ်တမျှ မှင်သက်သွားစေ၏

ပကတိကြည်လင်ဝင်းပလျက်
အပြစ်ကင်းစင်မူတို့ထင်ဟပ်နေသော
ဆွဲမက်ဖွယ် လှပမူတို့ဖြင့်ပြည့်စုံလွန်းသည့်မျက်နှာ

ချစ်စရာကောင်းလိုက်တဲ့မိန်းကလေးပင်
အပြစ်ပြောစရာမရှိလောက်အောင်
ဖြူစင်လွန်းသည့်မျက်နှာလေး

ညှို့ချက်ပြင်းလွန်းသည့်
မျက်ဝန်းတစုံအပြင်
တခါတခါတိုးဝင်လာတတ်သည့်
ကိုယ်သင်းရနံ့မွှေးမွှေးလေးရယ်ကြောင့်
မဟာဘာမှမပြောနိုင် ငေး၍သာကြည့်နေမိ၏

"တောင်းပန်ပါတယ်နော်အကို
တေးမမြင်လိုက်လို့ပါ"

အသံလေးမှာပင် နားထဲ
ပျားရည်လောင်းထည့်လိုက်သည့်နှယ်
ချိုသာလွန်းနေ၏

ရင်ဘတ်ချင်းပူးကပ်နေ၍
ရင်ခုန်နူန်းတိုပင်မြန်နေလျက်ရှိသည်

တေးအားယူ၍မတ်တပ်​ပြန်ရပ်ရန်
ကြိုးစားလိုက်၏

ထိုအခိုက်ဝယ်လာသောရေဘူးကို
တက်နင်းမိကာမဟာရင်ခွင်ထဲသို့
ခေါင်းလေးတိုးဝင်သက်ဆင်းသွားလေတော့၏

ရုတ်တရက်ဆန်သော
အဖြစ်အပျက်ကြောင့်
သူမ မျက်ဝန်းလေးမှာဝိုင်းစက်သွားသည်နှင့်အတူ
ဖြူလွှလွှ ပါးမို့မို့လေးတွေမှာလဲရဲလာချေပြီ

" တေး..တေး.တောင်းပန်ပါတယ်နော်"

သူမဆက်၍ပင်မပြောနိုင်တော့
ရှက်လွန်း၍ နေရာမှ ဆတ်ခနဲ့ထကာ
ထွက်ပြေးသွားလေတော့၏

နေသွေးမှမူ ထွက်သွားသောသူမကို
မျက်စိတဆုံးလိုက်၍ကြည့်နေမိလေသည်

မြင်ကွင်းထဲက ပျောက်သွားတော့မှ
သတိပြန်ဝင်လာသော မဟာက
ခုန်နေသောရင်ဘတ်သို့
လက်ဖြင့်ဖိလိုက်ရင်း ပြုံးမိချေ၏

ကောင်မလေးရယ်
ဘယ်လိုတောင် လှရက်နိုင်ရတာလဲကွာ
​မင်းကိုမြင်လိုက်ရတဲ့
အချိန်တခနတာက
ပျောက်ဆုံးနေဆဲ ကိုယ့်ခံစားချက်တွေကိုပြန်
ရလိုက်သလို ကိုယ်ဘဝကို လဲတဖန်
ပြန်လည်စိုပြေ သွားစေတယ်

ကိုယ်တော့မင်းလေးကိုဆွဲလန်းသွားမိပြီထင်ပါရဲ့

>>>>ဆက်ရန်>>>

Continue Reading

You'll Also Like

3.7M 294K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
1.6M 141K 47
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
1.4M 35.6K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
463K 27.2K 44
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...