If we never met

By Nana_Phoo

2.6K 418 83

Jaeyong🖤 မှားယွင်းတဲ့Timingတစ်ခုမှာ ဆုံတွေ့ပြီးနာကျင်ရတာထက် ဘယ်သောအခါကမှ ငါတို့ကမကြုံကြိုက်ခဲ့ရင်.... ငါမင်း... More

If we never met : One
If we never met : Two
If we never met : Three
If we never met : Four
If we never met : Five
If we never met : Six
If we never met : Seven
If we never met : Eight
If we never met : Nine
If we never met : Ten
If we never met : Eleven
If we never met : Twelve
If we never met : Fourteen

If we never met : Thirteen

91 13 5
By Nana_Phoo

*Unicode*

ညင်းသဲ့သဲ့တိုက်ခတ်နေတဲ့ ဆောင်းလေအေးကြား မအေးနိုင်တော့တာ ပူလောင်နေတဲ့ရင်ခွင်တစ်စုံကြောင့်ပဲလား. . ။

သူ့နွေးထွေးမှုလေးက သူ့မျက်စိရှေ့မှာရှိနေခဲ့လို့ပဲလား. . ။

ဦးတည်ချက်မရှိငေးမောနေတဲ့ မှိုင်းညှို့ညှို့မျက်ဝန်းလေးတွေက အရင်လိုမတောက်ပနေတဲ့အခါ သူကလောကကြီးကို မီးရှို့ပစ်ချင်ရ. .။

မြူခိုးများဆိုင်းနေသလို အရည်ကြည်များဝေ့ဝဲနေသော မျက်ဝန်းလေးတွေကြောင့် ဒီသူဟာ ပူလောင်နေရတာ ယုံးငယ်ကသိမှာမဟုတ်ဘူး။

"ယုံးငယ်. ."

သူကခေါ်တော့ သူ့ကိုလှည့်ကြည့်လာသည့်မျက်ဝန်းတွေက ရေသေလေးလို။

"မတွေ့တာကြာတော့ပိန်သွားလိုက်တာ."

"အွန်းနော် ကျွန်တော်တို့မတွေ့တာ အတော်ကြာပြီပဲ"

အများကြီးပြောင်းလဲသွားတဲ့အထဲ ယုံးငယ်ရဲ့အမူအကျင့်တွေကောပါမယ်ထင်တယ်။

ခပ်ပြုံးပြုံးလေးပြန်ဖြေတဲ့ယုံးငယ်က သူသိခဲ့ဖူးတဲ့ယုံးငယ်နဲ့မတူသလို။

အရင်ကပုံစံကပဲလုပ်ယူထားခြင်းလား ဒါကအစစ်လား?

"အချိန်ကပြောင်းလဲခြင်းတွေကိုယူဆောင်လာတယ်တဲ့ ကျွန်တော်ကော ဂျယ်ဟျွန်းကော ဒီသုံးနှစ်အတွင်း အများကြီးပြောင်းလဲသွားပြီပဲနော်"

မောင့်အချစ်တွေရှိသေးတယ် ယုံးငယ်. .
မင်းမသိပါဘူး. . ။

"ကျွန်တော်ဂျယ်ဟျွန်းကို ပြောစရာတွေအများကြီးရှိခဲ့တာ ဒါမဲ့အခုတော့ ပြောစရာတွေမရှိတော့သလိုပဲ ရယ်ရသားနော် . . "

ဟုတ်တယ်ယုံးငယ်. .ကိုယ်လည်းအများကြီးတွေးခဲ့ဖူးတယ် မင်းနဲ့မတော်တဆပြန်တွေ့တဲ့အခါ ကိုယ်ဘယ်လိုတုန့်ပြန်ရမလဲဆိုတာကိုလေ. .

လက်တွေ့ကျတော့ မတူလိုက်တာ ကိုယ့်မှာမင်းကိုမြင်ပြီး အလဲလဲအကွဲကွဲ. . ။

လက်လွတ်ခဲ့ရတာကိုနောင်တရပြီး ပြေးဖက်ခဲ့မိရတာလည်း အိပ်မက်တစ်ခုလိုပဲ. .။

"ကိုယ်.."

"အစ်ကိုယုံး!"

သူ့စကားတွေကိုရပ်တန့်သွားစေသော ခေါ်သံက သူ့နားတွေနှင့်မစိမ်းနေ။

ဒေါက်ဖိနပ်သံတသဲ့သဲ့နဲ့အတူ နီးကပ်လာသောခြေသံပိုင်ရှင်ကို သူ့မှာလှည့်ကြည့်ဖို့ရာ ခွန်အားရှိမနေခဲ့။

"ဂျင်အာ. ."

ယုံးငယ်ရဲ့ခေါ်သံမှာ သူမေ့သွားခဲ့သည်များကို အမှတ်ရလိုက်ရသည်။

သူက ကလေးတွေကြားရယ်မောနေခဲ့သော ဝှီးချဲပေါ်ကယုံးငယ်ကိုတွေ့လိုက်ရချိန် သူ့ကမ္ဘာကြီးပြိုလဲသွားခဲ့ရသလိုမျိုး ဖြစ်ခဲ့ရပြီးနောက်မှာ. .

အခြေအနေအားလုံးကို မေ့လျော့သွားခဲ့ရ. .။

ဝှီးချဲပေါ်ထိုင်နေခဲ့သော ယုံးငယ်ရဲ့အားနည်းတဲ့ပုံစံလေးက သူ့ကိုမမေ့သင့်သည်များကို မေ့လျော့သွားစေခဲ့ပြီး ယုံးငယ်ကိုပွေ့ဖက်ကာ ကာကွယ်ပေးချင်စိတ်များဖြစ်ပွားစေခဲ့တာ. . ။

မဖြစ်သင့်သည်များကို ပြုမူမိခဲ့ရပြီး မျှော်လင့်ချက်တွေပေါ်ပေါက်လာခဲ့ရပြန်တာ. . ။

ယုံးငယ်ကအခုချိန်မှာ ဒီလိုမျိုး အရင်ကလိုသန်မာတဲ့ယုံးငယ်မဟုတ်နေရဘဲ ဝှီးချဲပေါ်မှာထိုင်နေရပါစေ ယုံးငယ်ဟာ သူတစ်ပါးရဲ့သက်ဆိုင်သူဖြစ်နေတုန်းပဲမလား. .။

ဂျောင်ဂျယ်ဟျွန်း. .မင်းမှားပြန်ပြီ။

"ထယ်ယုံး. .ဟျောင်းတို့ပြန်ချိန်ရောက်ပြီလေ"

ရင်းနှီးနေပါသောနောက်အသံတစ်သံကြောင့် ငိုက်စိုက်ကျနေသောခေါင်းကိုမတ်လိုက်သည်။

ယုံးငယ်နဲ့တစ်တန်းတည်းဖြစ်ရအောင် ဒူးထောက်ထိုင်နေသောသူ့ရှေ့ကယုံးငယ်ရဲ့နောက်ကျောဘက်မှာ ဝင်ရပ်နေသူကလည်းသူနဲ့စိမ်းမနေပါ။

"ဂျွန်ဝူးဟျောင်း?"

ဝှီးချဲလက်ကိုင်ကိုကိုင်ထားရင်း မတ်တပ်ရပ်နေသောဂျွန်ဝူးကလည်း သူ့ကိုတအံ့တဩကြည့်လို့. . ။

နောက်ပြီးဟျောင်းဘေးက ဂျင်အာဆိုတဲ့မိန်ကလေးကကော သူ့ကိုတွေ့ရတာကို မယုံနိုင်သလို အံ့ဩရိပ်တွေနဲ့ကြည့်လို့။

"ဂျယ်ဟျွန်းကဘယ်လိုလုပ်. ."

"ကျွန်တော်က ဒီဂေယာမှာနေခဲ့တဲ့သူမလို့ ရောက်တုန်းလေး ဝင်လာခဲ့တာ"

ဒူးထောက်ထားတာကနေ မတ်တပ်ထရပ်လိုက်သည်။

သူတို့စကားတွေကိုစိတ်မဝင်စားသလိုမျိုး ယုံးငယ်ကတော့ အဝေးက ကလေးတွေကိုငေးနေခဲ့သည်။

"အော်. .ဒီမှာမထင်ထားဘဲမင်းကိုတွေ့လိုက်ရတော့ တော်တော်အံ့ဩသွားတာ"

"ကျွန်တော်ကောပါပဲ. .ဟျောင်းကကော ဒီကို?"

"ဒီဂေယာကထယ်ယုံး တစ်လတစ်ခါလာနေကျနေရာလေးမို့ ပုံမှန်အတိုင်း ဟျောင်းတို့ကကလေးတွေဆီလာကြတာ"

"အော်. ."

ဘာလို့ ဒီဂေယာမှလဲ. .ဆိုးလ်မှာဒီလောက်များတဲ့ ဂေယာတွေထဲမှာမှ ဘာလို့ဒီနေရာလေးမှလဲ။

သူနဲ့ယုံးငယ်ရဲ့ကံက မကုန်ချင်သေးဘူးထင်ရပါရဲ့. .။

"ပြန်ရအောင်လေထယ်ယုံး"

"ဟုတ်ကဲ့ဟျောင်း. .ကျွန်တော်လည်းဟျောင်းတို့ကိုစောင့်နေတာ"

"ဒါဆိုကိုယ်တို့ပြန်လိုက်ဦးမယ်နော် ဂျယ်ဟျွန်း"

"Nae. ."

သူ့ကိုတစ်ချက်သာပြုံးပြပြီး ဂျွန်ဝူးဟျောင်းတွန်းပေးသောဝှီးချဲပေါ် ပါသွားသည့်ယုံးငယ်. . ။

ယုံးငယ်နဲ့ဂျွန်ဝူးဟျောင်းကို တွဲတွေ့လိုက်ရကာမှ သူဂျွန်ဝူးဟျောင်းကိုရင်းနှီးနေသည့်ခံစားချက်ကို နားလည်သွားရသည်။

လွန်ခဲ့တဲ့သုံးနှစ်က သူ့ဆီလက်ကမ်းခဲ့သည့် ယုံးငယ်ကားပေါ်ပါလာခဲ့သောဟျောင်းက လီဂျွန်ဝူးဟျောင်းပဲမလား. . ။

ကံကြမ္မာက ဘာကိုစေစားနေပြန်ပြီလဲ။

အရင်ကတည်းက ယုံးငယ်လက်အောက်ကဖြစ်ခဲ့တဲ့ဂျွန်ဝူးဟျောင်းက အခုထိယုံးငယ်နဲ့အတူရှိနေဆဲဆိုရင်. .

လစ်လှပ်နေခဲ့သောCEOထိုင်ခုံပိုင်ရှင်က ယုံးငယ်ပဲလား. .။

သူမှန်းသိလို့ ယုံးငယ်ကရှောင်နေခဲ့ခြင်းလား။

ကျောခိုင်းသွားခဲ့သော ပုံရိပ်လေးပျောက်ကွယ်ခါနီးမှ အတွေးတွေကြောင့် ယိမ်းယိုင်လာသောခြေထောက်တွေ မလဲခင် အနားကသစ်ပင်ကိုအမြန်လှမ်းထောက်ရသည်။

အတက်အကျမြန်သွားရသောခံစားချက်တွေကြောင့် သူ့ရင်ဟာတလှပ်လှပ်နှင့်. . ။

ဆယ့်ငါးမိနစ်တောင် မကြာတဲ့အခိုက်အတန့်လေးတစ်ခုမှာ သူဘာတွေကိုများ မျှော်လင့်လိုက်မိရတာလဲ. . ။

ယုံးငယ်က သူ့ကိုစောင့်နေခဲ့တယ်လို့လား. . ။

အီထယ်ယုံးက သူ့ကိုလိုအပ်နေခဲ့ပါတယ်လို့လား. . ။

ဂျောင်ဂျယ်ဟျွန်းက အချိန်တွေဘယ်လောက်ပဲ ကြာရင့်သွားပါစေ ဘယ်လောက်ပဲလိမ်ညာ ဟန်ဆောင်နေခဲ့ပါစေ အီထယ်ယုံးဆိုတဲ့လူသားနဲ့ပတ်သတ်ရင် ရူးသွပ်ဆဲ . . ။

မျှော်လင့်ချက်ဆိုတာ ထားတိုင်းမကောင်းဘူး။
ခဏလေးမျှော်လင့်လိုက်မိရတာတောင်မှ နာကျင်မှုတွေ ဗလဝနှင့်. . ။

ယုံးငယ်ဆိုတာ သူနဲ့အဝေးကြီးဝေးကွာသွားပြီဖြစ်တဲ့ ကြယ်ပွင့်ငယ်လေးဖြစ်ပြီး သူနဲ့မသက်ဆိုင်တော့တဲ့ သူ့ရဲ့ပျော်ရွှင်မှုလေး . . ။

ယုံးငယ်ရဲ့ခြေထောက်တွေ ဘာဖြစ်သွားလဲဆိုတာ သူသိခွင့်မရှိတော့တဲ့အရာဖြစ်သလို သူ့မှာစိတ်ပူခွင့်လည်းမရှိ၊ ကာကွယ်ပေးခွင့်လည်းမရှိ။

ယုံးငယ်ဆိုတဲ့ကြယ်ကလေးက အရင်ကကော၊အခုကော၊ နောက်တစ်ချိန်အထိကော သူတစ်ပါးရဲ့ပိုင်ဆိုင်မှုလေးသာ. . ။

နာကျင်မှုတွေ အထပ်ထပ်အခါခါပေးလည်း
ချစ်သောရေ. .မင်းကိုကိုယ်က သိပ်ချစ်ပါတယ်တဲ့ကွယ်

မချစ်ဘူးလို့လိမ်ညာလည်း
ကိုယ့်နှလုံးသားက မင်းဘက်ကပဲနေမှာပါတဲ့
ဒီလိုမျိုးဆို. .ကိုယ့်မှာခက်ရချည်ရဲ့. . ။

..........။..........

*Zawgyi*

ညင္းသဲ့သဲ့တိုက္ခတ္ေနတဲ့ ေဆာင္းေလေအးၾကား မေအးနိုင္ေတာ့တာ ပူေလာင္ေနတဲ့ရင္ခြင္တစ္စုံေၾကာင့္ပဲလား. . ။

သူ႕ေႏြးေထြးမႈေလးက သူ႕မ်က္စိေရွ႕မွာရွိေနခဲ့လို႔ပဲလား. . ။

ဦးတည္ခ်က္မရွိေငးေမာေနတဲ့ မွိုင္းညွို႔ညွို႔မ်က္ဝန္းေလးေတြက အရင္လိုမေတာက္ပေနတဲ့အခါ သူကေလာကႀကီးကို မီးရွို႔ပစ္ခ်င္ရ. .။

ျမဴခိုးမ်ားဆိုင္းေနသလို အရည္ၾကည္မ်ားေဝ့ဝဲေနေသာ မ်က္ဝန္းေလးေတြေၾကာင့္ ဒီသူဟာ ပူေလာင္ေနရတာ ယုံးငယ္ကသိမွာမဟုတ္ဘူး။

"ယုံးငယ္. ."

သူကေခၚေတာ့ သူ႕ကိုလွည့္ၾကည့္လာသည့္မ်က္ဝန္းေတြက ေရေသေလးလို။

"မေတြ႕တာၾကာေတာ့ပိန္သြားလိုက္တာ."

"အြန္းေနာ္ ကြၽန္ေတာ္တို႔မေတြ႕တာ အေတာ္ၾကာၿပီပဲ"

အမ်ားႀကီးေျပာင္းလဲသြားတဲ့အထဲ ယုံးငယ္ရဲ႕အမူအက်င့္ေတြေကာပါမယ္ထင္တယ္။

ခပ္ၿပဳံးၿပဳံးေလးျပန္ေျဖတဲ့ယုံးငယ္က သူသိခဲ့ဖူးတဲ့ယုံးငယ္နဲ႕မတူသလို။

အရင္ကပုံစံကပဲလုပ္ယူထားျခင္းလား ဒါကအစစ္လား?

"အခ်ိန္ကေျပာင္းလဲျခင္းေတြကိုယူေဆာင္လာတယ္တဲ့ ကြၽန္ေတာ္ေကာ ဂ်ယ္ဟြၽန္းေကာ ဒီသုံးႏွစ္အတြင္း အမ်ားႀကီးေျပာင္းလဲသြားၿပီပဲေနာ္"

ေမာင့္အခ်စ္ေတြရွိေသးတယ္ ယုံးငယ္. .

မင္းမသိပါဘူး. . ။

"ကြၽန္ေတာ္ဂ်ယ္ဟြၽန္းကို ေျပာစရာေတြအမ်ားႀကီးရွိခဲ့တာ ဒါမဲ့အခုေတာ့ ေျပာစရာေတြမရွိေတာ့သလိုပဲ ရယ္ရသားေနာ္ . . "

ဟုတ္တယ္ယုံးငယ္. .ကိုယ္လည္းအမ်ားႀကီးေတြးခဲ့ဖူးတယ္ မင္းနဲ႕မေတာ္တဆျပန္ေတြ႕တဲ့အခါ ကိုယ္ဘယ္လိုတုန့္ျပန္ရမလဲဆိုတာကိုေလ. .

လက္ေတြ႕က်ေတာ့ မတူလိုက္တာ ကိုယ့္မွာမင္းကိုျမင္ၿပီး အလဲလဲအကြဲကြဲ. . ။

လက္လြတ္ခဲ့ရတာကိုေနာင္တရၿပီး ေျပးဖက္ခဲ့မိရတာလည္း အိပ္မက္တစ္ခုလိုပဲ. .။

"ကိုယ္.."

"အစ္ကိုယုံး!"

သူ႕စကားေတြကိုရပ္တန့္သြားေစေသာ ေခၚသံက သူ႕နားေတြႏွင့္မစိမ္းေန။

ေဒါက္ဖိနပ္သံတသဲ့သဲ့နဲ႕အတူ နီးကပ္လာေသာေျခသံပိုင္ရွင္ကို သူ႕မွာလွည့္ၾကည့္ဖို႔ရာ ခြန္အားရွိမေနခဲ့။

"ဂ်င္အာ. ."

ယုံးငယ္ရဲ႕ေခၚသံမွာ သူေမ့သြားခဲ့သည္မ်ားကို အမွတ္ရလိုက္ရသည္။

သူက ကေလးေတြၾကားရယ္ေမာေနခဲ့ေသာ ဝွီးခ်ဲေပၚကယုံးငယ္ကိုေတြ႕လိုက္ရခ်ိန္ သူ႕ကမာၻႀကီးၿပိဳလဲသြားခဲ့ရသလိုမ်ိဳး ျဖစ္ခဲ့ရၿပီးေနာက္မွာ. .

အေျခအေနအားလုံးကို ေမ့ေလ်ာ့သြားခဲ့ရ. .။

ဝွီးခ်ဲေပၚထိုင္ေနခဲ့ေသာ ယုံးငယ္ရဲ႕အားနည္းတဲ့ပုံစံေလးက သူ႕ကိုမေမ့သင့္သည္မ်ားကို ေမ့ေလ်ာ့သြားေစခဲ့ၿပီး ယုံးငယ္ကိုေပြ႕ဖက္ကာ ကာကြယ္ေပးခ်င္စိတ္မ်ားျဖစ္ပြားေစခဲ့တာ. . ။

မျဖစ္သင့္သည္မ်ားကို ျပဳမူမိခဲ့ရၿပီး ေမွ်ာ္လင့္ခ်က္ေတြေပၚေပါက္လာခဲ့ရျပန္တာ. . ။

ယုံးငယ္ကအခုခ်ိန္မွာ ဒီလိုမ်ိဳး အရင္ကလိုသန္မာတဲ့ယုံးငယ္မဟုတ္ေနရဘဲ ဝွီးခ်ဲေပၚမွာထိုင္ေနရပါေစ ယုံးငယ္ဟာ သူတစ္ပါးရဲ႕သက္ဆိုင္သူျဖစ္ေနတုန္းပဲမလား. .။

ေဂ်ာင္ဂ်ယ္ဟြၽန္း. .မင္းမွားျပန္ၿပီ။

"ထယ္ယုံး. .ေဟ်ာင္းတို႔ျပန္ခ်ိန္ေရာက္ၿပီေလ"

ရင္းႏွီးေနပါေသာေနာက္အသံတစ္သံေၾကာင့္ ငိုက္စိုက္က်ေနေသာေခါင္းကိုမတ္လိုက္သည္။

ယုံးငယ္နဲ႕တစ္တန္းတည္းျဖစ္ရေအာင္ ဒူးေထာက္ထိုင္ေနေသာသူ႕ေရွ႕ကယုံးငယ္ရဲ႕ေနာက္ေက်ာဘက္မွာ ဝင္ရပ္ေနသူကလည္းသူနဲ႕စိမ္းမေနပါ။

"ဂြၽန္ဝူးေဟ်ာင္း?"

ဝွီးခ်ဲလက္ကိုင္ကိုကိုင္ထားရင္း မတ္တပ္ရပ္ေနေသာဂြၽန္ဝူးကလည္း သူ႕ကိုတအံ့တဩၾကည့္လို႔. . ။

ေနာက္ၿပီးေဟ်ာင္းေဘးက ဂ်င္အာဆိုတဲ့မိန္ကေလးကေကာ သူ႕ကိုေတြ႕ရတာကို မယုံနိုင္သလို အံ့ဩရိပ္ေတြနဲ႕ၾကည့္လို႔။

"ဂ်ယ္ဟြၽန္းကဘယ္လိုလုပ္. ."

"ကြၽန္ေတာ္က ဒီေဂယာမွာေနခဲ့တဲ့သူမလို႔ ေရာက္တုန္းေလး ဝင္လာခဲ့တာ"

ဒူးေထာက္ထားတာကေန မတ္တပ္ထရပ္လိုက္သည္။

သူတို႔စကားေတြကိုစိတ္မဝင္စားသလိုမ်ိဳး ယုံးငယ္ကေတာ့ အေဝးက ကေလးေတြကိုေငးေနခဲ့သည္။

"ေအာ္. .ဒီမွာမထင္ထားဘဲမင္းကိုေတြ႕လိုက္ရေတာ့ ေတာ္ေတာ္အံ့ဩသြားတာ"

"ကြၽန္ေတာ္ေကာပါပဲ. .ေဟ်ာင္းကေကာ ဒီကို?"

"ဒီေဂယာကထယ္ယုံး တစ္လတစ္ခါလာေနက်ေနရာေလးမို႔ ပုံမွန္အတိုင္း ေဟ်ာင္းတို႔ကကေလးေတြဆီလာၾကတာ"

"ေအာ္. ."

ဘာလို႔ ဒီေဂယာမွလဲ. .ဆိုးလ္မွာဒီေလာက္မ်ားတဲ့ ေဂယာေတြထဲမွာမွ ဘာလို႔ဒီေနရာေလးမွလဲ။

သူနဲ႕ယုံးငယ္ရဲ႕ကံက မကုန္ခ်င္ေသးဘူးထင္ရပါရဲ႕. .။

"ျပန္ရေအာင္ေလထယ္ယုံး"

"ဟုတ္ကဲ့ေဟ်ာင္း. .ကြၽန္ေတာ္လည္းေဟ်ာင္းတို႔ကိုေစာင့္ေနတာ"

"ဒါဆိုကိုယ္တို႔ျပန္လိုက္ဦးမယ္ေနာ္ ဂ်ယ္ဟြၽန္း"

"Nae. ."

သူ႕ကိုတစ္ခ်က္သာၿပဳံးျပၿပီး ဂြၽန္ဝူးေဟ်ာင္းတြန္းေပးေသာဝွီးခ်ဲေပၚ ပါသြားသည့္ယုံးငယ္. . ။

ယုံးငယ္နဲ႕ဂြၽန္ဝူးေဟ်ာင္းကို တြဲေတြ႕လိုက္ရကာမွ သူဂြၽန္ဝူးေဟ်ာင္းကိုရင္းႏွီးေနသည့္ခံစားခ်က္ကို နားလည္သြားရသည္။

လြန္ခဲ့တဲ့သုံးႏွစ္က သူ႕ဆီလက္ကမ္းခဲ့သည့္ ယုံးငယ္ကားေပၚပါလာခဲ့ေသာေဟ်ာင္းက လီဂြၽန္ဝူးေဟ်ာင္းပဲမလား. . ။

ကံၾကမၼာက ဘာကိုေစစားေနျပန္ၿပီလဲ။

အရင္ကတည္းက ယုံးငယ္လက္ေအာက္ကျဖစ္ခဲ့တဲ့ဂြၽန္ဝူးေဟ်ာင္းက အခုထိယုံးငယ္နဲ႕အတူရွိေနဆဲဆိုရင္. .

လစ္လွပ္ေနခဲ့ေသာCEOထိုင္ခုံပိုင္ရွင္က ယုံးငယ္ပဲလား. .။

သူမွန္းသိလို႔ ယုံးငယ္ကေရွာင္ေနခဲ့ျခင္းလား။

ေက်ာခိုင္းသြားခဲ့ေသာ ပုံရိပ္ေလးေပ်ာက္ကြယ္ခါနီးမွ အေတြးေတြေၾကာင့္ ယိမ္းယိုင္လာေသာေျခေထာက္ေတြ မလဲခင္ အနားကသစ္ပင္ကိုအျမန္လွမ္းေထာက္ရသည္။

အတက္အက်ျမန္သြားရေသာခံစားခ်က္ေတြေၾကာင့္ သူ႕ရင္ဟာတလွပ္လွပ္ႏွင့္. . ။

ဆယ့္ငါးမိနစ္ေတာင္ မၾကာတဲ့အခိုက္အတန့္ေလးတစ္ခုမွာ သူဘာေတြကိုမ်ား ေမွ်ာ္လင့္လိုက္မိရတာလဲ. . ။

ယုံးငယ္က သူ႕ကိုေစာင့္ေနခဲ့တယ္လို႔လား. . ။

အီထယ္ယုံးက သူ႕ကိုလိုအပ္ေနခဲ့ပါတယ္လို႔လား. . ။

ေဂ်ာင္ဂ်ယ္ဟြၽန္းက အခ်ိန္ေတြဘယ္ေလာက္ပဲ ၾကာရင့္သြားပါေစ ဘယ္ေလာက္ပဲလိမ္ညာ ဟန္ေဆာင္ေနခဲ့ပါေစ အီထယ္ယုံးဆိုတဲ့လူသားနဲ႕ပတ္သတ္ရင္ ႐ူးသြပ္ဆဲ . . ။

ေမွ်ာ္လင့္ခ်က္ဆိုတာ ထားတိုင္းမေကာင္းဘူး။

ခဏေလးေမွ်ာ္လင့္လိုက္မိရတာေတာင္မွ နာက်င္မႈေတြ ဗလဝႏွင့္. . ။

ယုံးငယ္ဆိုတာ သူနဲ႕အေဝးႀကီးေဝးကြာသြားၿပီျဖစ္တဲ့ ၾကယ္ပြင့္ငယ္ေလးျဖစ္ၿပီး သူနဲ႕မသက္ဆိုင္ေတာ့တဲ့ သူ႕ရဲ႕ေပ်ာ္႐ႊင္မႈေလး . . ။

ယုံးငယ္ရဲ႕ေျခေထာက္ေတြ ဘာျဖစ္သြားလဲဆိုတာ သူသိခြင့္မရွိေတာ့တဲ့အရာျဖစ္သလို သူ႕မွာစိတ္ပူခြင့္လည္းမရွိ၊ ကာကြယ္ေပးခြင့္လည္းမရွိ။

ယုံးငယ္ဆိုတဲ့ၾကယ္ကေလးက အရင္ကေကာ၊အခုေကာ၊ ေနာက္တစ္ခ်ိန္အထိေကာ သူတစ္ပါးရဲ႕ပိုင္ဆိုင္မႈေလးသာ. . ။

နာက်င္မႈေတြ အထပ္ထပ္အခါခါေပးလည္း
ခ်စ္ေသာေရ. .မင္းကိုကိုယ္က သိပ္ခ်စ္ပါတယ္တဲ့ကြယ္

မခ်စ္ဘူးလို႔လိမ္ညာလည္း
ကိုယ့္ႏွလုံးသားက မင္းဘက္ကပဲေနမွာပါတဲ့

ဒီလိုမ်ိဳးဆို. .ကိုယ့္မွာခက္ရခ်ည္ရဲ႕. . ။

..........။..........

Continue Reading

You'll Also Like

481K 14.6K 98
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
377K 13.5K 58
𝐈𝐍 𝐖𝐇𝐈𝐂𝐇 Ellie Sloan reunites with her older brother when her hospital merges with his jackson avery x ellie sloan (oc) season six ━ season se...
1.8M 60.5K 73
In which the reader from our universe gets added to the UA staff chat For reasons the humor will be the same in both dimensions Dark Humor- Read at...
242K 8.6K 99
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...