The Challenge of Love (OC)

Par Eaint_Shin_Sitt

361K 14.2K 723

ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှ... Plus

Introduction
Part (1) Uni/Zawgyi
Part (2) Uni/Zawgyi
Part (3) Uni/Zawgyi
Part (4) Uni/Zawgyi
Part (5) Uni/Zawgyi
Character Introduction
Part (6) Uni/Zawgyi
Part (7) Uni/Zawgyi
Part (8) Uni/Zawgyi
Part (9) Uni/Zawgyi
Part (10) Uni/Zawgyi
Part (11) Uni/Zawgyi
Part (12) Uni/Zawgyi
Part (13) Uni/Zawgyi
Part (14) Uni/Zawgyi
Part (15)Uni/Zawgyi
Part (16) Uni/Zawgyi
Part (17) Uni/Zawgyi
Part (18) Uni/Zawgyi
Part (20) Uni/Zawgyi
Part (21) Uni/Zawgyi
Part (22) Uni/Zawgyi
Part (23) Uni/Zawgyi
Part (24) Uni/Zawgyi
Part (25) Uni/Zawgyi
Part (26) Uni/Zawgyi
Part (27) Uni/Zawgyi
Part (28) Uni/Zawgyi
Part (29) Uni/Zawgyi
Part (30) Uni/Zawgyi
Part (31) Uni/Zawgyi
Part (32) Uni/Zawgyi
Part (33) Uni/Zawgyi
Part (34) Uni/Zawgyi
Part (35) Uni/Zawgyi
Part (36) Uni/Zawgyi
Part (37) Uni/Zawgyi
Part (38) Uni/Zawgyi
Part (39) Uni/Zawgyi
Part (40) Uni/Zawgyi

Part (19) Uni/Zawgyi

6.1K 320 6
Par Eaint_Shin_Sitt

The Challenge of Love

Part (19)

သင်္ကြန်ကျဖို့၂ရက်ပဲလိုတော့သည့်အလျောက် တွယ်တာလည်းပထမဆုံး ရေပက်ခံထွက်လည်ရမည်မို့ရင်ခုန်နေရသည်။ ပြီးတော့သဘောကျနေတဲ့အစ်ကိုကြီးနဲ့တစ်ကားတည်းအတူလည်ရမှာလေ။

အချိန်အားဖြင့် ည၉နာရီအချိန်ဖြစ်ကာ တွယ်တာအဖို့အိပ်ချိန်မကျသေးသဖြင့် လူငယ်ပီပီ Facebook မှာ New Feed ကို အပေါ်နဲ့အောက်ပွတ်နေသည်။

တန်ခူးလ၊ သင်္ကြန်နဲ့ပိတောက်ဆိုတာခွဲလို့မရသလို...တွယ်တာလည်း New Feed မှာ ပိတောက်ပန်းပုံတွေမြင်တာနဲ့ သဘောကျစွာShareလိုက်သည်။

အိမ်နားမှာလည်းပိတောက်ပင်ကမရှိ၊ အပြင်သွားတဲ့အခါကျလည်းပိတောက်ပန်းတွေမြင်ရင်တောင်ခူးဖို့သတိကမရတာနဲ့ ဒီနှစ်သင်္ကြန် ပိတောက်ပန်းကိုထိကိုမထိကြည့်ရသေးဘူး။

*
*
*

မနက်ဖြန်ဆိုရင် သင်္ကြန်အကြိုနေ့ကျပြီမို့ ဒီနေ့နောက်ဆုံးအနေနဲ့ သင်္ကြန်လည်ဖို့ကိစ္စအားတိုင်ပင်ရန် ခိုင်မြဲကအားလုံးကိုအိမ်ခေါ်ထားသည်။

ရန်ကြီးအောင်လည်း April တစ်လလုံး ပွဲလည်းမရှိ၊ သူလည်းနားထားတာမို့ ကျန်းမာရေးနဲ့Muscle များကျမသွားစေဖို့Gymကစားတာကလွဲရင်အခြားအလုပ်မရှိဘဲအားနေရသည်။

ထို့ကြောင့်ဒီနေ့ခေါ်ထားတဲ့ခိုင်မြဲဆီသို့သွားဖို့သာစိတ်အားထက်သန်စွာနာရီဝက်လောက် စောပြီး ကွန်ဒိုမှဆင်းလာခဲ့သည်။

Addidas တံဆိပ်နဲ့ချိုင်းပြတ်အင်္ကျီအနက်ရောင်အား ဘောင်းဘီရှော့ပန်ခဲရောင်နဲ့ဝတ်ထားလျှက် ကားသော့ကိုကိုင်ပြီး အဆောက်အဦးမှထွက်လာ၍ ကားပါကင်ထဲမသွားခင် အဆောက်အဦးရှေ့က ပိတောက်ပင်ကြီးမှာ ပိတောက်ပန်းများဝါထိန်နေအောင်ပွင့်နေတာကိုတွေ့ရသည်။

ရန်ကြီးလည်း သစ်ပင်အောက်မှာ ကလေးတွေက ဝါးလုံးကြီးတရမ်းရမ်းနဲ့ပိတောက်ပန်းတွေခူးနေတာကိုကြည့်ရင်း မနေ့ညက ပိတောက်ပန်းပုံတွေကို Facebook မှာ Share ထားတာကိုသတိရသွားသည်​။

"လှလိုက်တာ ဒီနှစ်ပိတောက်ပန်းတွေတဲ့ဝေးနေတာ ပန်ချင်လိုက်တာ"

တွယ်တာ Share ထားတဲ့ Caption ကခေါင်းထဲမှာအစီအရီပြန်ပေါ်လာ၍ ရန်ကြီးတစ်ယောက် ပိတောက်ပင်ကြီးအောက်သို့ခပ်သွက်သွက်လျှောက်သွားလိုက်တော့သည်။

"ဟာ...ဟေ့ကောင်...ဟိုဘက်ကအခိုင်ကပိုကြီးတာကွ ဖယ်စမ်းပါ ငါခူးမယ်"

"ဝါးလုံးကြီးကလေးတယ်ကွ မင်းပြောတဲ့အခိုင်ကြီးငါမှမမှီတာ "

"မင်းတို့ကလည်း အပင်ပေါ်တက်ခူးလိုက်ရင်ပြီးနေတာကို ဖယ်ကြ ငါတက်မယ်"

ချာတိတ်ကလေး၃ယောက် ပိတောက်ပန်းခူးရင်စကားများနေလျှက် တစ်ယောက်ကသစ်ပင်ပေါ်တက်ဖို့ဝတ်ထားတဲ့ပုဆိုးကိုစလွယ်သိုင်းနေသည်။

"ဟေ့...ကလေးတွေ ဖယ်ကြ ကိုကြီးခူးပေးမယ်"

ရန်ကြီးက ကားသော့ကိုဘောင်းဘီအိတ်ထောင်ထဲထိုးထည့်ကာ ကလေးတစ်ယောက်ဆီကဝါးလုံးကိုသူကယူလိုက်သည်။

"ဦးလေး ကျွန်တော်ပြမယ်ဟိုမှာမြင်လားအဲ့ဒီနားကအခိုင်ကြီးခူးပေးနော်"

ချာတိတ်တစ်ယောက်ကလက်ဆွဲပြီး ဦးလေးလို့ခေါ်ကာ ပိတောက်ခိုင်အကြီးကြီးကိုလက်ညှိုးပြသည်။

ရန်ကြီးလည်း ပန်းကခူးပေးရဦးမယ် ဦးလေးလို့ကလည်းအခေါ်ခံရသေးတယ်ဆိုတော့မျက်မှောင်ကုပ်သွားရသည်။

"အေးပါကွ မင်းတို့ကိုအရင်ခူးပေးမှာပါ "

ရန်ကြီးလည်းထိုကလေးပြောတဲ့အခိုင်ကို ဝါးလုံးဖြင့်ထိုးချခူးပေးလိုက်တော့ ကလေးကပျော်သွားသည်။ ဝါးလုံးထိပ်ကပိတောက်ခိုင်ကြီးကိုဖြုတ်ယူပြီး သူ့သူငယ်ချင်း၂ယောက်ကိုစောင့်နေ၏။

ရန်ကြီးလည်း ကျန်တဲ့ကလေး၂ယောက်ကိုပါ တစ်ယောက်တစ်ခိုင်ခူးပေးနေတုန်း

"ဟယ်....ငါ့တူ ကလေးတွေကိုပန်းခူးပေးနေတာလား အန်တီ့ကိုလည်းတစ်ခိုင်လောက် "

ရန်ကြီးရဲ့အောက်ထပ်အခန်းမှာနေတဲ့အဒေါ်ကြီးကပါ စျေးကပြန်လာရင်း လမ်းကြုံခူးခိုင်းနေသည်။

"ဗျာ...ဟုတ်..ခဏလေးနော်..ဒီကလေးတွေအရင်ပေးလိုက်ဦးမယ်"

"ရတယ်...ရတယ် ငါ့တူ "

အဒေါ်ကြီးက စျေးခြင်းတောင်းကြီးဘေးချကာ ကလေးတွေနဲ့အတူ ရန်ကြီးဆီကပိတောက်ပန်းကိုစောင့်နေသည်။

"တော်ပြီလား မင်းတို့က "

ရန်ကြီးကတစ်ယောက်တစ်ခိုင်ခူးပေးပြီးနောက်ကလေးတွေကိုမေးတော့ကလေးတွေက ရပြီဆိုပြီး ပိတောက်ပန်းတွေရလို့ပျော်ကာခုန်ပေါက်ပြေးသွားသည်။

"အန်တီ တစ်ခိုင်တော်ပြီလား "

ရန်ကြီးက အပင်ကိုမော့ကြည့်ပြီး ခူးရလွယ်မယ့်ကိုင်းကိုရှာ၍ဝါးလုံးနဲ့ထိုးသည်။

"ရတယ်ငါ့တူ "

"အန်တီသင်း ပိတောက်ပန်းခူးနေတာလား "

ထိုစဥ် ကွန်ဒိုကနေထွက်လာသော အဒေါ်ကြီးနဲ့ကပ်ရပ်အခန်းက အပျိုကြီးကရောက်လာ၏။

"ဟုတ်တယ် ပုံ့ပုံ့ရေ အပေါ်ထပ်က ကောင်လေးကခူးပေးနေတာ "

"ဟုတ်လား....မောင်လေးရေ...အစ်မကိုလည်း တစ်ခိုင်လောက်ခူးပေးပါဦး "

"ဗျာ...."

ရန်ကြီးတစ်ယောက်ဝါးလုံးထိပ်က ပိတောက်ခိုင်ကို အရင်ခူးခိုင်းတဲ့အဒေါ်ကြီးအား ဖြုတ်ပေးနေတုန်း အပျိုကြီးမမကပါ အကြုံလာခူးခိုင်းနေပြန်၏။

"ဟုတ်ကဲ့ ခဏလေးနော် "

"ကျေးဇူးပဲ ငါ့တူရေ သွားပြီနော်..."

"ဟုတ်ကဲ့ဗျ"

အဒေါ်ကြီးက သူ့စျေးခြင်းတောင်းကိုဆွဲပြီး အပင်အောက်ကထွက်သွားသည်။

"အဲ့...အဲ့ဒီအခိုင်ကလေးလှတယ်မောင်လေး"

အပျိုကြီးမပုံ့ပုံ့က ရန်ကြီးနဲ့အတူအပင်ကိုမော့ကြည့်ပြီးပိတောက်ခိုင်ရှာပေးသည်။

"ဒါလေးလား.."

".ဟုတ်တယ်....ဟုတ်တယ် "

"ဦးလေး....ဟိုဘက်ခြံက အဖွားကလည်းတစ်ခိုင်လောက်တဲ့ "

ရန်ကြီးတစ်ယောက် မပုံ့ပုံ့အတွက်ခူးပေးနေတုန်း စောနခူးပေးလိုက်တဲ့ကလေးတွေထဲကတစ်ယောက်က ပြန်ပေးလာပြီး အဖွားအတွက်ဆိုကာထပ်လာခူးခိုင်းသည်။

ငါတော့...မှားတာပဲ...ပိတောက်ပန်းလေး တစ်ခါခူးမိပါတယ် တစ်ရက်ကွက်လုံးခူးပေးရတော့မယ်ထင်ပါရဲ့။

"အေး...ခဏစောင့်ဦး "

"ကျေးဇူးပဲ မောင်လေး သွားပြီနော် "

မပုံ့ပုံ့ထွက်သွားပြီးနောက် ကွန်ဒိုအောက်ဆုံးထပ်မှာနေတဲ့ဦးလေးကြီးကရောက်လာပြန်သည်။

"ဟေး....ငါ့တူ ပန်းတွေခူးနေပါလားကွ"

"ဟုတ်တယ်ဗျ "

"ဘကြီးရော ပန်းလိုချင်လို့လား ဒီဦးလေးက ဒီနားကလူတွေကိုခူးပေးနေတာ အရမ်းသဘောကောင်းတာပဲ"

ရန်ကြီးတစ်ယောက် ကောင်းကျိုးမပေးတဲ့ကလေးကိုငုံ့ကြည့်ပြီးခပ်ကြိတ်ကြိတ်ပြုံးပြလိုက်သည်။

ဒီနားကလူတွေကိုဘာလို့ခူးပေးရမှာလဲ ငါ့ဟာငါပေးစရာရှိတဲ့လူရှိလို့ခူးတာကွ မင်းတို့​ကြောင့်ငါအပင်ပေါ်ပါတက်ခူးရတော့မယ့်ပုံစံပေါက်နေပြီ။

"အေးကွာ...အဲ့တာဆိုလည်း ဦးလေးကိုရောတစ်ခိုင်လောက်ခူးပေးကွာ အိမ်ရောက်ရင်မိန်းမကိုမျက်နှာလုပ်ရအောင်လို့...ဟားဟား"

ရန်ကြီးတစ်ယောက် အဖွားအတွက်ဆိုပြီးလာခူးခိုင်းတဲ့ကလေးကိုခူးပေးပြီးနောက် အောက်ဆုံးထပ်ကဦးလေးကြီးအတွက်ခူးပေးသည်။

"မင်းကရောဘယ်သူ့အတွက်ခူးမှာလဲ"

ရန်ကြီးက ပန်းခိုင်ကိုဝါးလုံးနဲ့ထိုးနေတုန်းက ဦးလေးကြီးကရန်ကြီးကိုကြည့်ပြီးမေးသည်။

"ဗျာ!."

"မင်းရောဘယ်သူ့ကိုပေးမလို့ပန်းတွေခူးတာလဲမေးတာ ကောင်မလေးအတွက်လား"

"မဟုတ်ပါဘူးဗျာ...ညီမလေးအတွက်ပါ "

"ဟေ...မင်းမှာညီမလေးရှိသလား ငါတော့မင်းအိမ်လာတာဟိုကောင်လေး၂ယောက်ပဲမြင်တယ်"

အိမ်ကိုလာတဲ့ဧည့်သည်ဆိုလို့တရုတ်ကြီးနဲ့ငထူးပဲရှိတာမို့သူတို့ကိုပြောမှန်းရန်ကြီးသိသည်။

"ဟုတ်ရှိတယ် သူငယ်ချင်းညီမလေး "

"ပန်းပေးချင်တယ်ဆိုမှတော့ ညီမလေးမဟုတ်ပါဘူးကွာ ဟား...ဟား...ငါ့တူရှက်နေတာထင်တယ်"

ဦးလေးကြီးက ရန်ကြီးပေးတဲ့ပိတောက်ခိုင်ကိုယူပြီး ရန်ကြီးကိုနောက်နေသည်။

"ကဲ ကဲ နောက်လူတွေမလာခင်မြန်မြန်ခူး မဟုတ်ရင်မင်းတစ်နေကုန်ခူးပေးနေရလိမ့်မယ်"

ဦးလေးကြီးက ရန်ကြီးပုခုံးကိုပုတ်ပြီး သူ့အခန်းသူပြန်သွားသည်။

ရန်ကြီးလည်း နောက်ထပ်ဘယ်သူမှလာမခူးခိုင်းခင် ခူးလို့ရမယ့်ပိတောက်ခိုင်ကိုလိုက်ရှာသည်။

၇ယောက်လောက်အတွက်ဆက်တိုက်ခူးပေးလိုက်ရတာမို့ ခေါင်းကြီးမော့ရတာလည်းဇက်တွေညောင်းနေပြီ....ဝါးလုံးကြီးမြှောက်ရတာလည်းလက်တွေညောင်းနေပြီဖြစ်သည်။

ဒါပေမဲ့တွယ်တာ့အတွက်ကအခုမှခူးပေးရမှာမို့ပန်းများများပါပြီးလှတဲ့အခိုင်ကိုလိုက်ရှာကာစိတ်ရှည်လက်ရှည်နဲ့ခူးခဲ့ပါသည်။

ရန်ကြီးလည်းသူလိုချင်သလောက်ပန်းတွေရတာနဲ့ဝါးလုံးကိုအပင်မှာထောင်ထားခဲ့ကာ ပန်းတွေကိုလက်နှစ်ဖက်နဲ့ပိုက်ပြီး သူ့ကားထဲက ဘေးခုံမှာထည့်လိုက်သည်။

ကားမောင်းလာရတာလဲ တစ်လမ်းလုံးပိတောက်ပန်းနံ့ကလေးများက ကားထဲမှာ ကြိုင်သင်းနေကာ ဒီပန်းတွေပေးလိုက်ရင်တွယ်တာပျော်သွားမှာပဲဆိုတဲ့မျှော်လင့်ချက်နဲ့ ရန်ကြီးရဲ့စိတ်တွေကလက်ဆက်နေသည်။

ရန်ကြီးအောင် ခိုင်မြဲတို့ခြံထဲမှာကားရပ်ပြီးနောက် ကားထဲကနေပိတောက်ပန်းတွေပိုက်လျှက်ထွက်လာသည်။

ထိုအခါခိုင်မြဲကအိမ်ထဲကနေထွက်လာပြီး ရန်ကြီးအောင်အားထူးဆန်းစွာကြည့်သည်။

"ဟ ပိတောက်ပန်းတွေနဲ့ပါလား မင်းရောင်းနေတာလားဘယ်သူ့အတွက်လဲ"

"မင်းညီမအတွက်ခူးလာတာ "

တွယ်တာ့အတွက်ဆိုတော့ ခိုင်မြဲကဟုတ်ကောဟုတ်ရဲ့လားဆိုတဲ့အကြည့်နဲ့ကြည့်သည်။

ရန်ကြီးကတော့ပန်းတွေတစ်ပွေ့တစ်ပိုက်နဲ့အိမ်ထဲဝင်သွား၏။

ဧည့်ခန်းထဲမှာ ထိုင်နေကြတဲ့ တွယ်တာနဲ့သူမရဲ့မာမားကရန်ကြီးကိုလှည့်ကြည့်ကြပြီး တွယ်တာကရန်ကြီးကိုမြင်မြင်ချင်းချက်ချင်းထလာသည်။

"ဟာ...ကိုရန်ကြီးပိတောက်ပန်းတွေအများကြီးပဲ တွယ်တာ့အတွက်လား "

"အင်း..ဟုတ်တယ်...မင်းအတွက် "

ရန်ကြီးပြောပြီးမှ တွယ်တာ့အမေကိုသတိရသွားကာ

"အန်တီအတွက်တစ်ခိုင် တွယ်တာ့အတွက်တစ်ခိုင် "

ဟုပြင်ပြောလိုက်သည်။

ယောက္ခမကိုလည်းမျက်နှာလုပ်ရမှာပေါ့ ဒါပေါ့..ဒါပေါ့ ။
တွယ်တာမဟုတ်တရုတ်တွေးပြီးပြုံးနေမိ၏။

"မာမားကိုပေးမနေနဲ့ တွယ်တာ့ကိုပဲပေး တွယ်တာပဲပန်မယ်"

တွယ်တာသည် ရန်ကြီးဆီက ပန်းခိုင်တွေအားလုံးကို သူမကပဲပွေ့ယူလိုက်တဲ့အခါ ရန်ကြီးလက်ကလွှတ်ပေးလိုက်ရသည်။

"မင်းတစ်ယောက်တည်းအများကြီးပဲ အန်တီ့ကိုလည်းပေးလိုက်ပါ ငါကအန်တီ့အတွက်ရောခူးလာတာ"

"နေပါစေ ရန်ကြီးရေ မင်းညီမက မနေ့ကတည်းကပိတောက်ပန်းရူးရူးနေတာ သူ့ဟာသူပဲယူပါစေ အန်တီကမပန်ပါဘူး"

မာမားက တွယ်တာ့ကိုအလျော့ပေးပြီးမနက်ဖြန်ခရီးသွားဖို့ပြင်စရာရှိတာသွားပြင်တဆင်သည်။

"ကိုရန်ကြီး လာ....တွယ်တာ့ကိုပိတောက်ပန်းတွေနဲ့ပုံရိုက်ပေး"

တွယ်တာက ပန်းတွေကိုပွေ့ပိုက်ထားလျှက်ရန်ကြီးအောင်ကိုလက်မောင်းကနေဆွဲပြီး ခြံထဲခေါ်သွားသည်။

ခိုင်မြဲကတွယ်တာနဲ့ရန်ကြီးအားကြည့်ပြီးနှာခေါင်းရှုံ့၏။

"ရန်ကြီး မင်းလည်းဘယ်ဘဝကဝဋ်လည်းမသိဘူး အရှုပ်အထုပ်မနှိပ်စက်တာခံရဦးမယ်"

"ကိုကြီးမရိုက်ပေးချင်နေပါ့လား ဘာလို့သူများကိုလျှောက်ပြောနေတာလဲ "

တွယ်တာက အိမ်ရှေ့ကမာမားစိုက်ထားသော သစ်ခွပင်တွေရှေ့မှာရပ်ပြီး ရန်ကြီးအားပုံရိုက်ပေးခိုင်းသည်။ ဒီနားအထိပါလာတဲ့အစ်ကိုဖြစ်သူကိုလည်းရန်လှမ်းထောင်လိုက်သေးသည်။

"ရန်ကြီး မင်း ဘယ်ကခူးလာတာလဲ "

"ငါတို့ကွန်ဒိုရှေ့ကပိတောက်ပင်ကြီးလေ ကလေးတွေခူးနေတာမြင်တာနဲ့ ငါလည်းခူးလာတာ"

"ကိုရန်ကြီးရိုက်ပေးတော့လေ "

တွယ်တာသည် အိမ်နေရင်း အပြာနုရောင်စပန့်ဝမ်းဆက်လေးနှင့်ပဲဓာတ်ပုံရိုက်ဖို့ပဲပေးနေသည်။

"ဘယ်ဖုန်းနဲ့ရိုက်ပေးရမလဲ"

"ကိုရန်ကြီးဖုန်းနဲ့ပဲရိုက်ပေးတော့ တွယ်တာ့ဖုန်းကအိမ်ထဲကျန်ရစ်ပြီ"

ရန်ကြီးက သူ့ဘောင်းဘီအိတ်ထောင်ထဲကဖုန်းကိုထုတ်ကာ Camera ဖြင့်ချိန်သည်။ ခိုင်မြဲကတော့ ရန်ကြီးဖုန်းထဲကမှာပေါ်နေတဲ့တွယ်တာ့ကိုကြည့်ပြီး လိုက်စနေသည်။

"လှလည်းမလှဘူး အရူးမကြီးကျနေတာပဲ"

"ကိုကြီးနော်! ကိုကြီးရိုက်မပေးဘဲနဲ့ သူများကလှလှလေးရိုက်ပေးနေတာကို အလုပ်လာမရှုပ်နဲ့သွား!"

တွယ်တာက ပြုံးမလို့လုပ်တိုင်း ခိုင်မြဲကနောက်ကနေလိုက်ပြောင်နေတော့တွယ်တာစိတ်တိုပြီးခြေတစ်ချက်စောင့်လိုက်သည်။

ရန်ကြီးကတော့ ဘယ်တော့မှမတည့်တဲ့မောင်နှမနှစ်ယောက်ကြားမှာ တွယ်တာရဲ့ဆူပုတ်နေသောSnapပုံတွေရိုက်မိရင်း ရယ်နေမိတော့သည်။

"ရန်ကြီးပြီးကျရင်အပေါ်လာခဲ့တော့ ငထူးလာပြီသွားတော့မယ်"

ခိုင်မြဲက ထူးမြတ်လင်း ကားခြံထဲဝင်လာတာနဲ့တွယ်တာတို့အနားကနေ ထွက်ခွာသွား၏။

"ကိုရန်ကြီး တွယ်တာ့ကိုလှလှလေးရိုက်ပေးနော်"

တွယ်တာသည် ပိတောက်ခိုင်တွေရင်မှာပိုက်လို့ နှုတ်ခမ်းကလေးကော့တက်နေအောင်ပြုံးပြီးခေါင်းကလေးစောင်းကာ Poseပေးသည်။

ရန်ကြီးလည်း ဖုန်းထဲမှတစ်ဆင့်မြင်နေရတဲ့ ဘာမှမလိမ်းထားပေမဲ့ဖွေးစွတ်နုဖက်နေသောမျက်နှာပြောင်ကလေးနဲ့ နှစ်ခြိုက်စွာပြုံးနေသောကလေးမကြောင့် ဇက်ကျိုးမတတ်မော့ပြီးခူးလာရကျိုးနပ်ပါတယ်ဟုတွေးမိသည်။

သူ့အရပ်အရှည်ကြီးကို ခါးကုန်းပြီးဖုန်းကင်မရာကိုသေချာချိန်ကာပုံကောင်းကောင်းထွက်အောင်ရိုက်ပေးနေသောရန်ကြီးအား တွယ်တာသဘောကျသထက်ကျနေမိတော့သည်။

ကြည့်ပါလား....တွယ်တာမကျေနပ်မချင်းစိတ်ရှည်လက်ရှည်နဲ့ကိုရိုက်ပေးနေတာ။

၃ပုံလောက်ရိုက်ပြီးတိုင်းတွယ်တာကလာကြည့်သည်။ မကြိုက်သေးရင်ပြန်ရိုက်ခိုင်းသည်။

"ရပြီလား...နေပူနေပြီ"

ရန်ကြီးက တွယ်တာ့ကိုနေကွယ်အောင်သူ့အရပ်နဲ့မိုးရပ်ပေးရင်ဖုန်းထဲကပုံကိုပြသည်။

"နောက်ဆုံးတစ်ခါရိုက်ပေးဦး ဒီတစ်ခါ ပန်းပန်ပြီးရိုက်ပေး "

"အင်း...ဟိုမှာပြန်သွားရပ်"

"တွယ်တာ့ကိုပန်းပန်ပေးဦးလေ ...တွယ်တာကလက်မှမအားတာ"

လက်ထဲကပန်းတွေကိုရည်ရွယ်ရင်း ရန်ကြီးအားမော့ကာပန်းပန်ခိုင်းနေတော့ရန်ကြီးလည်းလက်ထဲကဖုန်းကိုအိတ်ထောင်ထဲပြန်ထည့်ပြီး သူမလက်ထဲကပန်းတွေထဲကပန်လို့ရမယ့်အခိုင်သေးသေးကလေးတွေ၂ခုကိုချိုးလိုက်သည်။

ပြီးတော့တွယ်တာရဲ့ဆံပင်ရှည်တွေညှပ်သိမ်းထားသောနားရွက်ကြားထဲသို့တစ်ဖက်တစ်ခုထိုးပန်ပေးလိုက်သည်။

တွယ်တာက သူ့ကိုမော့ကြည့်လျှက်ပန်းတွေပန်ထားတာကိုဟိုဘက်နဲ့ဒီဘက်လှည့်ပြီးပဲများပြသည်။

"လှလား "

"အင်း လှတယ် "

ရန်ကြီးကမဆိုင်းမတွပြန်ဖြေလိုက်တော့တွယ်တာကကျေနပ်သွားကာ သစ်ခွခြံရှေ့မှာပြန်သွားရပ်သည်။

ရန်ကြီးကရိုက်ပေးတဲ့ပုံတွေကိုတွယ်တာပြန်ကြည့်ရင်း၂ယောက်အတူအိမ်ထဲပြန်ဝင်လာကြသည်။

"တွယ်တာ့ကို Messenger ကနေပို့ပေးနော် "

"အင်းပို့လိုက်မယ် "

"အခုပို့ပေး အခုတင်ချင်တာ တွယ်တာက "

ရန်ကြီးတို့ အိမ်အပေါ်ထပ်သို့တက်လာကြပြီးအပေါ်ထပ်က ဆက်တီမှာထိုင်လိုက်ကြသည်။

တွယ်တာကပန်းတွေကိူစားပွဲပေါ်သို့တင်ထားလိုက်ပြီးသူမဖုန်းကိုအခန်းထဲကသွားယူသည်။ ပြီးနောက်ရန်ကြီးရဲ့ဘေးမှာကပ်ထိုင်ပြီးသူမဆီသို့ပုံတွေပို့ပေးတာကိုထိုင်စောင့်သည်။

"အကုန်ပို့လိုက်ပြီ ပုံကများလို့ခဏစောင့်လိုက် "

တွယ်တာက သူ့ဆီရောက်လာတဲ့ပုံအချို့ကိုတစ်ပုံချင်းသေချာကြည့်ပြီးသဘောကျနေ၏။

"ကိုရန်ကြီးက ပုံရိုက်တာတော်သားပဲ တွယ်တာ့ပုံတွေအကုန်လှတယ်"

တွယ်တာက ပြောတော့ရန်ကြီးကတွယ်တာ့ဖုန်းထဲကပုံတွေကိုတွယ်တာနဲ့အတူငုံ့ကြည့်သည်။

"ပုံရွေးပေးပါ့လား ၄ပုံလောက် တွယ်တာမရွေးတတ်တော့ဘူး"

"အကုန်လှတယ် မင်းကြိုက်တာတင်လေ "

"အကုန်တင်လိုက်ရမှာလား "

"တင် တစ်ပုံချင်း ရီအက် လာပေးလှည့်မယ်"

တွယ်တာက ရွဲ့ပြောတာပေမဲ့ရန်ကြီးကအတည်ပေါက်ကြီးပြောနေတော့တွယ်တာကမျက်မှောင်ကုပ်ပြီးရန်ကြီးအားမော့ကြည့်သည်။

" ၄ပုံပဲတင်ချင်တာ ရွေးပေးပါဆို "

"အဲ့ဒီ၂ပုံ "

"ဒီ၂ပုံလား "

"ဟုတ်တယ် ပန်းပန်ထားတဲ့ပုံတွေကပိုလှတယ်"

"ပြီးတော့ရော "

"ခေါင်းလေးစောင်းထားတဲ့ပုံရယ် သွားပေါ်အောင်ရယ်နေတဲ့ပုံရယ် "

တွယ်တာက ရန်ကြီးပြောတဲ့ပုံတွေကိုရွေးကာ

"ပိတောက်ပန်းရပြီ "

ဟု Caption တပ်ပြီး Facebook မှာတင်လိုက်သည်။

"ကိုရန်ကြီး တွယ်တာ့ကိုဘာလို့ ပိတောက်ပန်းတွေပေးတာလဲ "

တွယ်တာသည် သူ့ဘေးမှာအတူထိုင်နေတဲ့ရန်ကြီးကိုမော့ကြည့်ပြီးမေးလာသည်။

သူပန်ပေးထားတဲ့ပိတောက်ပန်းဝါဝါတွေနဲ့ချစ်စရာကောင်းနေတဲ့ ကလေးမကို ငုံ့ကြည့်ရင်းပြန်ဖြေဖို့အဖြေရှာနေသည်။

"မနေ့က မင်းShareထားတာတွေ့လို့လေ "

အမှန်တိုင်းပြောပြတော့ တွယ်တာက သွားတန်းဖွေးဖွေးကလေးတွေပေါ်အောင်ရယ်ပြသည်။

"ကိုရန်ကြီးက တကယ်အရမ်းချစ်ဖို့ကောင်းတာပဲသိလား "

သူ့ကိုချစ်ဖို့ကောင်းတယ်ပြောတာ ဒီကလေးမပဲရှိသည်။ မြင်တဲ့သူတိုင်းဆီကကြောက်စရာကြီးဟုပဲကြားဖူးတာ။



**********************************
အမှားပါရင်ခွင့်လွှတ်ပါ။
Part (20) ဆက်ရန်

Zawgyi Version

The Challenge of Love

Part (19)

သၾကၤန္က်ဖိဳ႕၂ရက္ပဲလိုေတာ့သည့္အေလ်ာက္ တြယ္တာလည္းပထမဆုံး ေရပက္ခံထြက္လည္ရမည္မို႔ရင္ခုန္ေနရသည္။ ၿပီးေတာ့သေဘာက်ေနတဲ့အစ္ကိုႀကီးနဲ႕တစ္ကားတည္းအတူလည္ရမွာေလ။

အခ်ိန္အားျဖင့္ ည၉နာရီအခ်ိန္ျဖစ္ကာ တြယ္တာအဖို႔အိပ္ခ်ိန္မက်ေသးသျဖင့္ လူငယ္ပီပီ Facebook မွာ New Feed ကို အေပၚနဲ႕ေအာက္ပြတ္ေနသည္။

တန္ခူးလ၊ သၾကၤန္နဲ႕ပိေတာက္ဆိုတာခြဲလို႔မရသလို...တြယ္တာလည္း New Feed မွာ ပိေတာက္ပန္းပုံေတြျမင္တာနဲ႕ သေဘာက်စြာShareလိုက္သည္။

အိမ္နားမွာလည္းပိေတာက္ပင္ကမရွိ၊ အျပင္သြားတဲ့အခါက်လည္းပိေတာက္ပန္းေတြျမင္ရင္ေတာင္ခူးဖို႔သတိကမရတာနဲ႕ ဒီႏွစ္သၾကၤန္ ပိေတာက္ပန္းကိုထိကိုမထိၾကည့္ရေသးဘူး။

*
*
*

မနက္ျဖန္ဆိုရင္ သၾကၤန္အႀကိဳေန႕က်ၿပီမို႔ ဒီေန႕ေနာက္ဆုံးအေနနဲ႕ သၾကၤန္လည္ဖို႔ကိစၥအားတိုင္ပင္ရန္ ခိုင္ၿမဲကအားလုံးကိုအိမ္ေခၚထားသည္။

ရန္ႀကီးေအာင္လည္း April တစ္လလုံး ပြဲလည္းမရွိ၊ သူလည္းနားထားတာမို႔ က်န္းမာေရးနဲ႕Muscle မ်ားက်မသြားေစဖို႔Gymကစားတာကလြဲရင္အျခားအလုပ္မရွိဘဲအားေနရသည္။

ထို႔ေၾကာင့္ဒီေန႕ေခၚထားတဲ့ခိုင္ၿမဲဆီသို႔သြားဖို႔သာစိတ္အားထက္သန္စြာနာရီဝက္ေလာက္ ေစာၿပီး ကြန္ဒိုမွဆင္းလာခဲ့သည္။

Addidas တံဆိပ္နဲ႕ခ်ိဳင္းျပတ္အကၤ်ီအနက္ေရာင္အား ေဘာင္းဘီေရွာ့ပန္ခဲေရာင္နဲ႕ဝတ္ထားလွ်က္ ကားေသာ့ကိုကိုင္ၿပီး အေဆာက္အဦးမွထြက္လာ၍ ကားပါကင္ထဲမသြားခင္ အေဆာက္အဦးေရွ႕က ပိေတာက္ပင္ႀကီးမွာ ပိေတာက္ပန္းမ်ားဝါထိန္ေနေအာင္ပြင့္ေနတာကိုေတြ႕ရသည္။

ရန္ႀကီးလည္း သစ္ပင္ေအာက္မွာ ကေလးေတြက ဝါးလုံးႀကီးတရမ္းရမ္းနဲ႕ပိေတာက္ပန္းေတြခူးေနတာကိုၾကည့္ရင္း မေန႕ညက ပိေတာက္ပန္းပုံေတြကို Facebook မွာ Share ထားတာကိုသတိရသြားသည္။

"လွလိုက္တာ ဒီႏွစ္ပိေတာက္ပန္းေတြတဲ့ေဝးေနတာ ပန္ခ်င္လိုက္တာ"

တြယ္တာ Share ထားတဲ့ Caption ကေခါင္းထဲမွာအစီအရီျပန္ေပၚလာ၍ ရန္ႀကီးတစ္ေယာက္ ပိေတာက္ပင္ႀကီးေအာက္သို႔ခပ္သြက္သြက္ေလွ်ာက္သြားလိုက္ေတာ့သည္။

"ဟာ...ေဟ့ေကာင္...ဟိုဘက္ကအခိုင္ကပိုႀကီးတာကြ ဖယ္စမ္းပါ ငါခူးမယ္"

"ဝါးလုံးႀကီးကေလးတယ္ကြ မင္းေျပာတဲ့အခိုင္ႀကီးငါမွမမွီတာ "

"မင္းတို႔ကလည္း အပင္ေပၚတက္ခူးလိုက္ရင္ၿပီးေနတာကို ဖယ္ၾက ငါတက္မယ္"

ခ်ာတိတ္ကေလး၃ေယာက္ ပိေတာက္ပန္းခူးရင္စကားမ်ားေနလွ်က္ တစ္ေယာက္ကသစ္ပင္ေပၚတက္ဖို႔ဝတ္ထားတဲ့ပုဆိုးကိုစလြယ္သိုင္းေနသည္။

"ေဟ့...ကေလးေတြ ဖယ္ၾက ကိုႀကီးခူးေပးမယ္"

ရန္ႀကီးက ကားေသာ့ကိုေဘာင္းဘီအိတ္ေထာင္ထဲထိုးထည့္ကာ ကေလးတစ္ေယာက္ဆီကဝါးလုံးကိုသူကယူလိုက္သည္။

"ဦးေလး ကြၽန္ေတာ္ျပမယ္ဟိုမွာျမင္လားအဲ့ဒီနားကအခိုင္ႀကီးခူးေပးေနာ္"

ခ်ာတိတ္တစ္ေယာက္ကလက္ဆြဲၿပီး ဦးေလးလို႔ေခၚကာ ပိေတာက္ခိုင္အႀကီးႀကီးကိုလက္ညွိုးျပသည္။

ရန္ႀကီးလည္း ပန္းကခူးေပးရဦးမယ္ ဦးေလးလို႔ကလည္းအေခၚခံရေသးတယ္ဆိုေတာ့မ်က္ေမွာင္ကုပ္သြားရသည္။

"ေအးပါကြ မင္းတို႔ကိုအရင္ခူးေပးမွာပါ "

ရန္ႀကီးလည္းထိုကေလးေျပာတဲ့အခိုင္ကို ဝါးလုံးျဖင့္ထိုးခ်ခဴးေပးလိုက္ေတာ့ ကေလးကေပ်ာ္သြားသည္။ ဝါးလုံးထိပ္ကပိေတာက္ခိုင္ႀကီးကိုျဖဳတ္ယူၿပီး သူ႕သူငယ္ခ်င္း၂ေယာက္ကိုေစာင့္ေန၏။

ရန္ႀကီးလည္း က်န္တဲ့ကေလး၂ေယာက္ကိုပါ တစ္ေယာက္တစ္ခိုင္ခူးေပးေနတုန္း

"ဟယ္....ငါ့တူ ကေလးေတြကိုပန္းခူးေပးေနတာလား အန္တီ့ကိုလည္းတစ္ခိုင္ေလာက္ "

ရန္ႀကီးရဲ႕ေအာက္ထပ္အခန္းမွာေနတဲ့အေဒၚႀကီးကပါ ေစ်းကျပန္လာရင္း လမ္းႀကဳံခူးခိုင္းေနသည္။

"ဗ်ာ...ဟုတ္..ခဏေလးေနာ္..ဒီကေလးေတြအရင္ေပးလိုက္ဦးမယ္"

"ရတယ္...ရတယ္ ငါ့တူ "

အေဒၚႀကီးက ေစ်းျခင္းေတာင္းႀကီးေဘးခ်ကာ ကေလးေတြနဲ႕အတူ ရန္ႀကီးဆီကပိေတာက္ပန္းကိုေစာင့္ေနသည္။

"ေတာ္ၿပီလား မင္းတို႔က "

ရန္ႀကီးကတစ္ေယာက္တစ္ခိုင္ခူးေပးၿပီးေနာက္ကေလးေတြကိုေမးေတာ့ကေလးေတြက ရၿပီဆိုၿပီး ပိေတာက္ပန္းေတြရလို႔ေပ်ာ္ကာခုန္ေပါက္ေျပးသြားသည္။

"အန္တီ တစ္ခိုင္ေတာ္ၿပီလား "

ရန္ႀကီးက အပင္ကိုေမာ့ၾကည့္ၿပီး ခူးရလြယ္မယ့္ကိုင္းကိုရွာ၍ဝါးလုံးနဲ႕ထိုးသည္။

"ရတယ္ငါ့တူ "

"အန္တီသင္း ပိေတာက္ပန္းခူးေနတာလား "

ထိုစဥ္ ကြန္ဒိုကေနထြက္လာေသာ အေဒၚႀကီးနဲ႕ကပ္ရပ္အခန္းက အပ်ိဳႀကီးကေရာက္လာ၏။

"ဟုတ္တယ္ ပုံ႕ပုံ႕ေရ အေပၚထပ္က ေကာင္ေလးကခူးေပးေနတာ "

"ဟုတ္လား....ေမာင္ေလးေရ...အစ္မကိုလည္း တစ္ခိုင္ေလာက္ခူးေပးပါဦး "

"ဗ်ာ...."

ရန္ႀကီးတစ္ေယာက္ဝါးလုံးထိပ္က ပိေတာက္ခိုင္ကို အရင္ခူးခိုင္းတဲ့အေဒၚႀကီးအား ျဖဳတ္ေပးေနတုန္း အပ်ိဳႀကီးမမကပါ အႀကဳံလာခူးခိုင္းေနျပန္၏။

"ဟုတ္ကဲ့ ခဏေလးေနာ္ "

"ေက်းဇူးပဲ ငါ့တူေရ သြားၿပီေနာ္..."

"ဟုတ္ကဲ့ဗ်"

အေဒၚႀကီးက သူ႕ေစ်းျခင္းေတာင္းကိုဆြဲၿပီး အပင္ေအာက္ကထြက္သြားသည္။

"အဲ့...အဲ့ဒီအခိုင္ကေလးလွတယ္ေမာင္ေလး"

အပ်ိဳႀကီးမပုံ႕ပုံ႕က ရန္ႀကီးနဲ႕အတူအပင္ကိုေမာ့ၾကည့္ၿပီးပိေတာက္ခိုင္ရွာေပးသည္။

"ဒါေလးလား.."

".ဟုတ္တယ္....ဟုတ္တယ္ "

"ဦးေလး....ဟိုဘက္ၿခံက အဖြားကလည္းတစ္ခိုင္ေလာက္တဲ့ "

ရန္ႀကီးတစ္ေယာက္ မပုံ႕ပုံ႕အတြက္ခူးေပးေနတုန္း ေစာနခူးေပးလိုက္တဲ့ကေလးေတြထဲကတစ္ေယာက္က ျပန္ေပးလာၿပီး အဖြားအတြက္ဆိုကာထပ္လာခူးခိုင္းသည္။

ငါေတာ့...မွားတာပဲ...ပိေတာက္ပန္းေလး တစ္ခါခူးမိပါတယ္ တစ္ရက္ကြက္လုံးခူးေပးရေတာ့မယ္ထင္ပါရဲ႕။

"ေအး...ခဏေစာင့္ဦး "

"ေက်းဇူးပဲ ေမာင္ေလး သြားၿပီေနာ္ "

မပုံ႕ပုံ႕ထြက္သြားၿပီးေနာက္ ကြန္ဒိုေအာက္ဆုံးထပ္မွာေနတဲ့ဦးေလးႀကီးကေရာက္လာျပန္သည္။

"ေဟး....ငါ့တူ ပန္းေတြခူးေနပါလားကြ"

"ဟုတ္တယ္ဗ် "

"ဘႀကီးေရာ ပန္းလိုခ်င္လို႔လား ဒီဦးေလးက ဒီနားကလူေတြကိုခူးေပးေနတာ အရမ္းသေဘာေကာင္းတာပဲ"

ရန္ႀကီးတစ္ေယာက္ ေကာင္းက်ိဳးမေပးတဲ့ကေလးကိုငုံ႕ၾကည့္ၿပီးခပ္ႀကိတ္ႀကိတ္ၿပဳံးျပလိုက္သည္။

ဒီနားကလူေတြကိုဘာလို႔ခူးေပးရမွာလဲ ငါ့ဟာငါေပးစရာရွိတဲ့လူရွိလို႔ခူးတာကြ မင္းတို႔ေၾကာင့္ငါအပင္ေပၚပါတက္ခူးရေတာ့မယ့္ပုံစံေပါက္ေနၿပီ။

"ေအးကြာ...အဲ့တာဆိုလည္း ဦးေလးကိုေရာတစ္ခိုင္ေလာက္ခူးေပးကြာ အိမ္ေရာက္ရင္မိန္းမကိုမ်က္ႏွာလုပ္ရေအာင္လို႔...ဟားဟား"

ရန္ႀကီးတစ္ေယာက္ အဖြားအတြက္ဆိုၿပီးလာခူးခိုင္းတဲ့ကေလးကိုခူးေပးၿပီးေနာက္ ေအာက္ဆုံးထပ္ကဦးေလးႀကီးအတြက္ခူးေပးသည္။

"မင္းကေရာဘယ္သူ႕အတြက္ခူးမွာလဲ"

ရန္ႀကီးက ပန္းခိုင္ကိုဝါးလုံးနဲ႕ထိုးေနတုန္းက ဦးေလးႀကီးကရန္ႀကီးကိုၾကည့္ၿပီးေမးသည္။

"ဗ်ာ!."

"မင္းေရာဘယ္သူ႕ကိုေပးမလို႔ပန္းေတြခူးတာလဲေမးတာ ေကာင္မေလးအတြက္လား"

"မဟုတ္ပါဘူးဗ်ာ...ညီမေလးအတြက္ပါ "

"ေဟ...မင္းမွာညီမေလးရွိသလား ငါေတာ့မင္းအိမ္လာတာဟိုေကာင္ေလး၂ေယာက္ပဲျမင္တယ္"

အိမ္ကိုလာတဲ့ဧည့္သည္ဆိုလို႔တ႐ုတ္ႀကီးနဲ႕ငထူးပဲရွိတာမို႔သူတို႔ကိုေျပာမွန္းရန္ႀကီးသိသည္။

"ဟုတ္ရွိတယ္ သူငယ္ခ်င္းညီမေလး "

"ပန္းေပးခ်င္တယ္ဆိုမွေတာ့ ညီမေလးမဟုတ္ပါဘူးကြာ ဟား...ဟား...ငါ့တူရွက္ေနတာထင္တယ္"

ဦးေလးႀကီးက ရန္ႀကီးေပးတဲ့ပိေတာက္ခိုင္ကိုယူၿပီး ရန္ႀကီးကိုေနာက္ေနသည္။

"ကဲ ကဲ ေနာက္လူေတြမလာခင္ျမန္ျမန္ခူး မဟုတ္ရင္မင္းတစ္ေနကုန္ခူးေပးေနရလိမ့္မယ္"

ဦးေလးႀကီးက ရန္ႀကီးပုခုံးကိုပုတ္ၿပီး သူ႕အခန္းသူျပန္သြားသည္။

ရန္ႀကီးလည္း ေနာက္ထပ္ဘယ္သူမွလာမခူးခိုင္းခင္ ခူးလို႔ရမယ့္ပိေတာက္ခိုင္ကိုလိုက္ရွာသည္။

၇ယောက်လောက်အတွက်ဆက်တိုက်ခူးပေးလိုက်ရတာမို့ ေခါင္းႀကီးေမာ့ရတာလည္းဇက္ေတြေညာင္းေနၿပီ....ဝါးလုံးႀကီးျမႇောက္ရတာလည္းလက္ေတြေညာင္းေနၿပီျဖစ္သည္။

ဒါေပမဲ့တြယ္တာ့အတြက္ကအခုမွခူးေပးရမွာမို႔ပန္းမ်ားမ်ားပါၿပီးလွတဲ့အခိုင္ကိုလိုက္ရွာကာစိတ္ရွည္လက္ရွည္နဲ႕ခူးခဲ့ပါသည္။

ရန္ႀကီးလည္းသူလိုခ်င္သေလာက္ပန္းေတြရတာနဲ႕ဝါးလုံးကိုအပင္မွာေထာင္ထားခဲ့ကာ ပန္းေတြကိုလက္ႏွစ္ဖက္နဲ႕ပိုက္ၿပီး သူ႕ကားထဲက ေဘးခုံမွာထည့္လိုက္သည္။

ကားေမာင္းလာရတာလဲ တစ္လမ္းလုံးပိေတာက္ပန္းနံ႕ကေလးမ်ားက ကားထဲမွာ ႀကိဳင္သင္းေနကာ ဒီပန္းေတြေပးလိုက္ရင္တြယ္တာေပ်ာ္သြားမွာပဲဆိုတဲ့ေမွ်ာ္လင့္ခ်က္နဲ႕ ရန္ႀကီးရဲ႕စိတ္ေတြကလက္ဆက္ေနသည္။

ရန္ႀကီးေအာင္ ခိုင္ၿမဲတို႔ၿခံထဲမွာကားရပ္ၿပီးေနာက္ ကားထဲကေနပိေတာက္ပန္းေတြပိုက္လွ်က္ထြက္လာသည္။

ထိုအခါခိုင္ၿမဲကအိမ္ထဲကေနထြက္လာၿပီး ရန္ႀကီးေအာင္အားထူးဆန္းစြာၾကည့္သည္။

"ဟ ပိေတာက္ပန္းေတြနဲ႕ပါလား မင္းေရာင္းေနတာလားဘယ္သူ႕အတြက္လဲ"

"မင္းညီမအတြက္ခူးလာတာ "

တြယ္တာ့အတြက္ဆိုေတာ့ ခိုင္ၿမဲကဟုတ္ေကာဟုတ္ရဲ႕လားဆိုတဲ့အၾကည့္နဲ႕ၾကည့္သည္။

ရန္ႀကီးကေတာ့ပန္းေတြတစ္ေပြ႕တစ္ပိုက္နဲ႕အိမ္ထဲဝင္သြား၏။

ဧည့္ခန္းထဲမွာ ထိုင္ေနၾကတဲ့ တြယ္တာနဲ႕သူမရဲ႕မာမားကရန္ႀကီးကိုလွည့္ၾကည့္ၾကၿပီး တြယ္တာကရန္ႀကီးကိုျမင္ျမင္ခ်င္းခ်က္ခ်င္းထလာသည္။

"ဟာ...ကိုရန္ႀကီးပိေတာက္ပန္းေတြအမ်ားႀကီးပဲ တြယ္တာ့အတြက္လား "

"အင္း..ဟုတ္တယ္...မင္းအတြက္ "

ရန္ႀကီးေျပာၿပီးမွ တြယ္တာ့အေမကိုသတိရသြားကာ

"အန္တီအတြက္တစ္ခိုင္ တြယ္တာ့အတြက္တစ္ခိုင္ "

ဟုျပင္ေျပာလိုက္သည္။

ေယာကၡမကိုလည္းမ်က္ႏွာလုပ္ရမွာေပါ့ ဒါေပါ့..ဒါေပါ့ ။
တြယ္တာမဟုတ္တ႐ုတ္ေတြးၿပီးၿပဳံးေနမိ၏။

"မာမားကိုေပးမေနနဲ႕ တြယ္တာ့ကိုပဲေပး တြယ္တာပဲပန္မယ္"

တြယ္တာသည္ ရန္ႀကီးဆီက ပန္းခိုင္ေတြအားလုံးကို သူမကပဲေပြ႕ယူလိုက္တဲ့အခါ ရန္ႀကီးလက္ကလႊတ္ေပးလိုက္ရသည္။

"မင္းတစ္ေယာက္တည္းအမ်ားႀကီးပဲ အန္တီ့ကိုလည္းေပးလိုက္ပါ ငါကအန္တီ့အတြက္ေရာခူးလာတာ"

"ေနပါေစ ရန္ႀကီးေရ မင္းညီမက မေန႕ကတည္းကပိေတာက္ပန္း႐ူး႐ူးေနတာ သူ႕ဟာသူပဲယူပါေစ အန္တီကမပန္ပါဘူး"

မာမားက တြယ္တာ့ကိုအေလ်ာ့ေပးၿပီးမနက္ျဖန္ခရီးသြားဖို႔ျပင္စရာရွိတာသြားျပင္တဆင္သည္။

"ကိုရန္ႀကီး လာ....တြယ္တာ့ကိုပိေတာက္ပန္းေတြနဲ႕ပုံရိုက္ေပး"

တြယ္တာက ပန္းေတြကိုေပြ႕ပိုက္ထားလွ်က္ရန္ႀကီးေအာင္ကိုလက္ေမာင္းကေနဆြဲၿပီး ၿခံထဲေခၚသြားသည္။

ခိုင္ၿမဲကတြယ္တာနဲ႕ရန္ႀကီးအားၾကည့္ၿပီးႏွာေခါင္းရႈံ႕၏။

"ရန္ႀကီး မင္းလည္းဘယ္ဘဝကဝဋ္လည္းမသိဘူး အရႈပ္အထုပ္မႏွိပ္စက္တာခံရဦးမယ္"

"ကိုႀကီးမရိုက္ေပးခ်င္ေနပါ့လား ဘာလို႔သူမ်ားကိုေလွ်ာက္ေျပာေနတာလဲ "

တြယ္တာက အိမ္ေရွ႕ကမာမားစိုက္ထားေသာ သစ္ခြပင္ေတြေရွ႕မွာရပ္ၿပီး ရန္ႀကီးအားပုံရိုက္ေပးခိုင္းသည္။ ဒီနားအထိပါလာတဲ့အစ္ကိုျဖစ္သူကိုလည္းရန္လွမ္းေထာင္လိုက္ေသးသည္။

"ရန္ႀကီး မင္း ဘယ္ကခူးလာတာလဲ "

"ငါတို႔ကြန္ဒိုေရွ႕ကပိေတာက္ပင္ႀကီးေလ ကေလးေတြခူးေနတာျမင္တာနဲ႕ ငါလည္းခူးလာတာ"

"ကိုရန္ႀကီးရိုက္ေပးေတာ့ေလ "

တြယ္တာသည္ အိမ္ေနရင္း အျပာႏုေရာင္စပန့္ဝမ္းဆက္ေလးႏွင့္ပဲဓာတ္ပုံရိုက္ဖို႔ပဲေပးေနသည္။

"ဘယ္ဖုန္းနဲ႕ရိုက္ေပးရမလဲ"

"ကိုရန္ႀကီးဖုန္းနဲ႕ပဲရိုက္ေပးေတာ့ တြယ္တာ့ဖုန္းကအိမ္ထဲက်န္ရစ္ၿပီ"

ရန္ႀကီးက သူ႕ေဘာင္းဘီအိတ္ေထာင္ထဲကဖုန္းကိုထုတ္ကာ Camera ျဖင့္ခ်ိန္သည္။ ခိုင္ၿမဲကေတာ့ ရန္ႀကီးဖုန္းထဲကမွာေပၚေနတဲ့တြယ္တာ့ကိုၾကည့္ၿပီး လိုက္စေနသည္။

"လွလည္းမလွဘူး အ႐ူးမႀကီးက်ေနတာပဲ"

"ကိုႀကီးေနာ္! ကိုႀကီးရိုက္မေပးဘဲနဲ႕ သူမ်ားကလွလွေလးရိုက္ေပးေနတာကို အလုပ္လာမရႈပ္နဲ႕သြား!"

တြယ္တာက ၿပဳံးမလို႔လုပ္တိုင္း ခိုင္ၿမဲကေနာက္ကေနလိုက္ေျပာင္ေနေတာ့တြယ္တာစိတ္တိုၿပီးေျခတစ္ခ်က္ေစာင့္လိုက္သည္။

ရန္ႀကီးကေတာ့ ဘယ္ေတာ့မွမတည့္တဲ့ေမာင္ႏွမႏွစ္ေယာက္ၾကားမွာ တြယ္တာရဲ႕ဆူပုတ္ေနေသာSnapပုံေတြရိုက္မိရင္း ရယ္ေနမိေတာ့သည္။

"ရန္ႀကီးၿပီးက်ရင္အေပၚလာခဲ့ေတာ့ ငထူးလာၿပီသြားေတာ့မယ္"

ခိုင္ၿမဲက ထူးျမတ္လင္း ကားၿခံထဲဝင္လာတာနဲ႕တြယ္တာတို႔အနားကေန ထြက္ခြာသြား၏။

"ကိုရန္ႀကီး တြယ္တာ့ကိုလွလွေလးရိုက္ေပးေနာ္"

တြယ္တာသည္ ပိေတာက္ခိုင္ေတြရင္မွာပိုက္လို႔ ႏႈတ္ခမ္းကေလးေကာ့တက္ေနေအာင္ၿပဳံးၿပီးေခါင္းကေလးေစာင္းကာ Poseေပးသည္။

ရန္ႀကီးလည္း ဖုန္းထဲမွတစ္ဆင့္ျမင္ေနရတဲ့ ဘာမွမလိမ္းထားေပမဲ့ေဖြးစြတ္ႏုဖက္ေနေသာမ်က္ႏွာေျပာင္ကေလးနဲ႕ ႏွစ္ၿခိဳက္စြာၿပဳံးေနေသာကေလးမေၾကာင့္ ဇက္က်ိဳးမတတ္ေမာ့ၿပီးခူးလာရက်ိဳးနပ္ပါတယ္ဟုေတြးမိသည္။

သူ႕အရပ္အရွည္ႀကီးကို ခါးကုန္းၿပီးဖုန္းကင္မရာကိုေသခ်ာခ်ိန္ကာပုံေကာင္းေကာင္းထြက္ေအာင္ရိုက္ေပးေနေသာရန္ႀကီးအား တြယ္တာသေဘာက်သထက္က်ေနမိေတာ့သည္။

ၾကည့္ပါလား....တြယ္တာမေက်နပ္မခ်င္းစိတ္ရွည္လက္ရွည္နဲ႕ကိုရိုက္ေပးေနတာ။

၃ပုံေလာက္ရိုက္ၿပီးတိုင္းတြယ္တာကလာၾကည့္သည္။ မႀကိဳက္ေသးရင္ျပန္ရိုက္ခိုင္းသည္။

"ရၿပီလား...ေနပူေနၿပီ"

ရန္ႀကီးက တြယ္တာ့ကိုေနကြယ္ေအာင္သူ႕အရပ္နဲ႕မိုးရပ္ေပးရင္ဖုန္းထဲကပုံကိုျပသည္။

"ေနာက္ဆုံးတစ္ခါရိုက္ေပးဦး ဒီတစ္ခါ ပန္းပန္ၿပီးရိုက္ေပး "

"အင္း...ဟိုမွာျပန္သြားရပ္"

"တြယ္တာ့ကိုပန္းပန္ေပးဦးေလ ...တြယ္တာကလက္မွမအားတာ"

လက္ထဲကပန္းေတြကိုရည္႐ြယ္ရင္း ရန္ႀကီးအားေမာ့ကာပန္းပန္ခိုင္းေနေတာ့ရန္ႀကီးလည္းလက္ထဲကဖုန္းကိုအိတ္ေထာင္ထဲျပန္ထည့္ၿပီး သူမလက္ထဲကပန္းေတြထဲကပန္လို႔ရမယ့္အခိုင္ေသးေသးကေလးေတြ၂ခုကိုခ်ိဳးလိုက္သည္။

ၿပီးေတာ့တြယ္တာရဲ႕ဆံပင္ရွည္ေတြညွပ္သိမ္းထားေသာနား႐ြက္ၾကားထဲသို႔တစ္ဖက္တစ္ခုထိုးပန္ေပးလိုက္သည္။

တြယ္တာက သူ႕ကိုေမာ့ၾကည့္လွ်က္ပန္းေတြပန္ထားတာကိုဟိုဘက္နဲ႕ဒီဘက္လွည့္ၿပီးပဲမ်ားျပသည္။

"လွလား "

"အင္း လွတယ္ "

ရန္ႀကီးကမဆိုင္းမတြျပန္ေျဖလိုက္ေတာ့တြယ္တာကေက်နပ္သြားကာ သစ္ခြၿခံေရွ႕မွာျပန္သြားရပ္သည္။

ရန္ႀကီးကရိုက္ေပးတဲ့ပုံေတြကိုတြယ္တာျပန္ၾကည့္ရင္း၂ေယာက္အတူအိမ္ထဲျပန္ဝင္လာၾကသည္။

"တြယ္တာ့ကို Messenger ကေနပို႔ေပးေနာ္ "

"အင္းပို႔လိုက္မယ္ "

"အခုပို႔ေပး အခုတင္ခ်င္တာ တြယ္တာက "

ရန္ႀကီးတို႔ အိမ္အေပၚထပ္သို႔တက္လာၾကၿပီးအေပၚထပ္က ဆက္တီမွာထိုင္လိုက္ၾကသည္။

တြယ္တာကပန္းေတြကိူစားပြဲေပၚသို႔တင္ထားလိုက္ၿပီးသူမဖုန္းကိုအခန္းထဲကသြားယူသည္။ ၿပီးေနာက္ရန္ႀကီးရဲ႕ေဘးမွာကပ္ထိုင္ၿပီးသူမဆီသို႔ပုံေတြပို႔ေပးတာကိုထိုင္ေစာင့္သည္။

"အကုန္ပို႔လိုက္ၿပီ ပုံကမ်ားလို႔ခဏေစာင့္လိုက္ "

တြယ္တာက သူ႕ဆီေရာက္လာတဲ့ပုံအခ်ိဳ႕ကိုတစ္ပုံခ်င္းေသခ်ာၾကည့္ၿပီးသေဘာက်ေန၏။

"ကိုရန္ႀကီးက ပုံရိုက္တာေတာ္သားပဲ တြယ္တာ့ပုံေတြအကုန္လွတယ္"

တြယ္တာက ေျပာေတာ့ရန္ႀကီးကတြယ္တာ့ဖုန္းထဲကပုံေတြကိုတြယ္တာနဲ႕အတူငုံ႕ၾကည့္သည္။

"ပုံေ႐ြးေပးပါ့လား ၄ပုံေလာက္ တြယ္တာမေ႐ြးတတ္ေတာ့ဘူး"

"အကုန္လွတယ္ မင္းႀကိဳက္တာတင္ေလ "

"အကုန္တင္လိုက္ရမွာလား "

"တင္ တစ္ပုံခ်င္း ရီအက္ လာေပးလွည့္မယ္"

တြယ္တာက ႐ြဲ႕ေျပာတာေပမဲ့ရန္ႀကီးကအတည္ေပါက္ႀကီးေျပာေနေတာ့တြယ္တာကမ်က္ေမွာင္ကုပ္ၿပီးရန္ႀကီးအားေမာ့ၾကည့္သည္။

" ၄ပုံပဲတင္ခ်င္တာ ေ႐ြးေပးပါဆို "

"အဲ့ဒီ၂ပုံ "

"ဒီ၂ပုံလား "

"ဟုတ္တယ္ ပန္းပန္ထားတဲ့ပုံေတြကပိုလွတယ္"

"ၿပီးေတာ့ေရာ "

"ေခါင္းေလးေစာင္းထားတဲ့ပုံရယ္ သြားေပၚေအာင္ရယ္ေနတဲ့ပုံရယ္ "

တြယ္တာက ရန္ႀကီးေျပာတဲ့ပုံေတြကိုေ႐ြးကာ

"ပိေတာက္ပန္းရၿပီ "

ဟု Caption တပ္ၿပီး Facebook မွာတင္လိုက္သည္။

"ကိုရန္ႀကီး တြယ္တာ့ကိုဘာလို႔ ပိေတာက္ပန္းေတြေပးတာလဲ "

တြယ္တာသည္ သူ႕ေဘးမွာအတူထိုင္ေနတဲ့ရန္ႀကီးကိုေမာ့ၾကည့္ၿပီးေမးလာသည္။

သူပန္ေပးထားတဲ့ပိေတာက္ပန္းဝါဝါေတြနဲ႕ခ်စ္စရာေကာင္းေနတဲ့ ကေလးမကို ငုံ႕ၾကည့္ရင္းျပန္ေျဖဖို႔အေျဖရွာေနသည္။

"မေန႕က မင္းShareထားတာေတြ႕လို႔ေလ "

အမွန္တိုင္းေျပာျပေတာ့ တြယ္တာက သြားတန္းေဖြးေဖြးကေလးေတြေပၚေအာင္ရယ္ျပသည္။

"ကိုရန္ႀကီးက တကယ္အရမ္းခ်စ္ဖို႔ေကာင္းတာပဲသိလား "

သူ႕ကိုခ်စ္ဖို႔ေကာင္းတယ္ေျပာတာ ဒီကေလးမပဲရွိသည္။ ျမင္တဲ့သူတိုင္းဆီကေၾကာက္စရာႀကီးဟုပဲၾကားဖူးတာ။



**********************************
အမွားပါရင္ခြင့္လႊတ္ပါ။
Part (20) ဆက္ရန္

Continuer la Lecture

Vous Aimerez Aussi

33.1K 787 32
Tension between love and friend.
1.3M 95.4K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
168K 10.8K 21
သူများစုံတွဲတွေ ကြည်နူးနေတာကို ကြည့်ပြီး အားကျနေရသူ ရှင်းသန့် ။ တုံးအပြီး ရိုးသားတဲ့ ရုပ်ဆိုးမလေး ရှင်းသန့်ရဲ့ ဘဝထဲ ကောင်လေးချောချောလေး နှစ်ယောက် ရော...
2.3M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...