ဂျွန်လူကြီးသည် ထယ်ယောင်း၏ စောင့်ရှောက်မှု အောက်တွင် ရှိနေ၏ ။ ထယ်ယောင်းက သေချာ အနီးကပ် ပြုစု စောင့်ရှောက်နေသည်မို့ ဂျွန်လူကြီးရဲ့ အသေးအမွှားကအစ ပြောင်းလဲမှု မျိုးစုံကို အကုန်သိနေသည် ။ သတိပြန်မလည်သေးဘဲ ကိုမာ ဝင်ပြီး မေ့မြောနေသည်က အခုဆို နှစ်လ ပင် ပြည့်တော့မည် ။
အသက်အန္တာရယ်ကို မစိုးရိမ်ရတော့ပင်မဲ့ အခုထိ သတိပြန်မလည်သည်ကိုတော့ ထယ်ယောင်း ကြောက်နေမိသည် ။ ထယ်ယောင်းဘက်ကတော့ ရှင်းရှင်းလေးပဲ ၊ လူနာရှင်တွေဘက်က လက်လျော့ခဲ့ရင်တောင် ထယ်ယောင်းက လူနာကို ခိုးထုတ်ပြီး သူတို့ မသိအောင် ဆက်ပြီး ကုသနေဦးမှာ ။
အခုဖြစ်တဲ့ အမှုအတွက် စုံစမ်းစစ်ဆေးဖို့ စုံထောက်တစ်ချို့ ဆေးရုံကို မကြာ ၊ မကြာ ရောက်လာတတ်သည် ။ ထယ်ယောင်းလည်း အစက ရိုးရိုး accident လို့ ထင်ခဲ့ပင်မဲ့ ပေါ်ပေါ်ထင်ထင် လုပ်ကြံခံရတဲ့ သက်သေတွေကြောင့် ဒီအမှုမှာ စေခိုင်းသူက သက်သက် ရှိနေတယ်လို့ ဖော်ပြနေတယ် ။ ဘာတွေ ဘယ်လို ဖြစ်သွားလဲ မသိပင်မဲ့ accident ဖြစ်ပြီး စစ ချင်း မြင်လိုက်ရတဲ့ ဂျွန်လူကြီးရဲ့ မျက်နှာကို အခုထိ မျက်လုံးထဲက မထွက်ပေ ။
ထယ်ယောင်းမှာ အဲ့ဒီ ဖြစ်ရပ်ကို အိပ်မက် မက်တိုင်း ဂျွန်လူကြီး သူ့အနားက ပျောက်ကွယ်သွားပြီ လား ဆိုတဲ့ အထင်နဲ့ ဂျွန်လူကြီးကို ညတိုင်း ပြေးပြေးကြည့်ခဲ့ရတဲ့ ညပေါင်းတွေ မနည်းတော့ပေ ။ ကြောက်နေမိသည် ၊ ချစ်ရသူက ထားသွားမှာ ၊ သေခြင်းတရားနဲ့ စစ်ခင်းနေတဲ့ ဂျွန်လူကြီးကို မကယ်တင်နိုင်မှာ သူ သေလောက်အောင် ကြောက်နေမိခဲ့သည် ။
ကိုယ်ချစ်ရတဲ့သူတွေဟာ တစ်ယောက်ပြီး တစ်ယောက် ကိုယ့်ကို လက်ပြ နှုတ်ဆက်ကာ ထားခဲ့ကြတော့ နောက်ဆုံး သူ ချစ်ရတဲ့သူ ပေါ်လာခဲ့ရင် သူကပဲ အရင် လူ့လောကကြီးက ထွက်သွားချင်ကြောင်း ဆန္ဒပြုမိသည် ။ ဘာလို့ဆို ချစ်သောသူ မရှိတဲ့ လူ့လောကမှာ ရပ်တည်ဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်လို့ပင် ။
****
လီယူနာသည် အဖေ့၏ ခိုင်းစေမှုကြောင့် J Group တွင် CEO အဖြစ် ခံယူရ၏ ။ သူ စိတ်မလုံတာတော့ အမှန်ပင် ၊ အဖေ့ကို မလွန်ဆန်နိုင်လို့ သာ ငြိမ်နေရတာ ဖြစ်သည် ။ အခုလို အရေးကိစ္စ ကြီးတွေကြား ကာယကံရှင် ဂျွန်ဂျောင်ကု က နိုးမလာသည်မို့ ပိုစိုးရိမ် ရသည် ။
'တီ. . တီ့ ၊ တီ့ .. တီ '
ဝင်လာတဲ့ မက့်ဆေ့ခ်ျ ကြောင့် မျက်လုံးတွေ ပြာဝေကုန်သည် ။
' ဘတ်ယူဆန် . . . ဆိုတာ သမီး နင်နဲ့ ကြိုက်ေနတဲ့ ကောင်မလေးလား...ဟင် ! '
'အဖေ ဘာတွေ လုပ်မလို့လဲ ၊ ကျေးဇူးပြုပြီး သမီး မုန်းအောင် မလုပ်ပါနဲ့လား '
သူမ ထပ်ကာ တလဲလဲ တောင်းဆိုမိနေသည် ။ သူမကို ကျေးဇူးပြုပြီး ၊ သူမ ဆန္ဒတွေကို တစ်ခါလောက် လိုက်လျော ပေးဖို့ ဆုတောင်းနေမိသည် ။
' တွေ့ချင်နေမှာပေါ့ ၊ လာခဲ့လေ ဟိုတယ်ကို '
'အဖေက နံပါတ်ရော ၊ လိပ်စာပါ အတည်ပြောပြမှာ '
'ဟာ ' သွားပြီ ၊ သူမ ဘဝကြီး သွားခဲ့ပြီ ။ သူမ ရဲ့ ချစ်ရပါသော သူ ၊ သူမ ရဲ့ မြတ်နိုးရပါသော သူ . . . အဖေ လုပ်ရက်လိုက်လေ ခြင်း ။ မျက်ဝန်းများ စိုစွတ်ကုန်၏ ၊ ဒူးထောက်မိသည် ၊ အရှုံးပေးချင် မိသည် ၊ လူ့လောကကြီးက သူ့အပေါ် သိပ်ရက်စက်လွန်းသည် ။ သူမ သိပ့်ကို မုန်းသည် ။ ဒီအဖိုးအခ အတွက် အဖေ တန်ရာ တန်ကြေး ပြန်ပေးဆပ်ဖို့သာ ပြင်ထား ။
'တင်လ် '
ဟိုက ပို့လိုက်တဲ့ မက့်ဆေ့ခ်ျ ကြောင့် ဖုန်းအလင်းလေး ထသွားခဲ့၏ ။ မရဲတရဲ ယူဖွင့်ကြည့်တော့ မြင်လိုက်တဲ့ လိပ်စာ နှင့်အတူ သွေးချင်းချင်း ထ , နေတဲ့ သူမ၏ ရုပ်လွှာ ။ ဖြစ်မှ ၊ ဖြစ်ရလေ . . . မဟုတ်ဘူး ၊ မမ က မသေဘူး ၊ မမ ငါ့ကြောင့် မသေရဘူး ။ တောင်းပန်ပါတယ် ၊ တောင်းပန်ပါတယ် ဆက်ပြီး မနှိပ်စက်ပါနဲ့တော့ ။
ဒူးထောက်ပြီး တုန်ရီ နေတဲ့ လက်တစ်စုံ ဖြင့် ဖုန်းထဲ က ပုံရိပ်ေလးအား တောင်းပန်မိေန၏ ။ ချိတုံ ချိချ အရာရာ တုံ့ဆိုင်းကုန်၏ ၊ နှလုံးသွေးများလည်း ရပ်မတက် ခံစားရသလို ၊ အရှင် လတ်လတ် ဓားဖြင့် နှလုံးသားကို ဆွဲထုတ်သွားသည့် အလာ ရင်ေတွ ကွဲကာ သွေး အလိမ့်လိမ့် ထွက်နေ၏ ။
' လုပ်ရက်လိုက်ခြင်း ' ဆိုတဲ့ စကား တစ်ခွန်းသာ ရင်ထဲ မြည်ကြွေးလျက် နှုတ်ခမ်း တင်းတင်းကိုက်ပြီး အံ့ကြိတ်ကာ ထ လိုက်၏ ။ သူ လိုက်သွားမယ် ၊ သူမ ရှိရာ အရပ်ကိုပေါ့ ။
လမ်းမ ထက် ကားလေးဟာ အရှိန် ပြင်းပြင်း နဲ့ ဟိုတယ် ဝန်း ထဲသို့ ဝင်ရောက်လာ၏ ။ ပေးထားတဲ့ နံပါတ်အား အမိအရ ဝင်လိုက်တော့ ကုတင်ပေါ်မှာ နွမ်းလျလျ ကိုယ်ခန္ဓာ တစ်ခု ။ သွေးချင်းချင်း တောက်ကာ ရှု့ ပျော်စရာ မရှိအောင် ဖန်တီးထားတဲ့ သူမ အဖေ့အား ရင်ထဲ မှ ကြိမ်ဆဲ မိသည် ။
' ချောက် '
တံခါး ဖွင့်သံ နှင့် အတူ ရေချိုး ခန်းထဲမှ ထွက်လာတဲ့ သူမ အဖေ ။ နွမ်းလျလျ ကိုယ်လေးကို ကိုင်ကာ အနွေးဓာတ် မပြယ်အောင် သူမ ပွေ့ထား၏ ။ မရ ၊ တဖြည်းဖြည်းနဲ့ ဆုံးရှုံး လာတဲ့ အနွေးဓာတ်နှင့်အတူ အေးစက် လာတဲ့ ခန္ဓာကိုယ် ။
" အခုတော့ နင် ကွာရှင်းလို့ မရတော့ဘူးလေ ၊ သူမ သေသွားပြီ "
"...."
မျက်ရည်တွေသာ စီးကျလာတယ် ၊ လက်ထဲက သူမကိုလည်း ပွေ့ဖက်ထားဆဲ ။ သူမ ချမ်းနေရောပေါ့ ၊ ဘယ်လောက်ထိတောင် နှိပ်စက်ထားကြလဲ မှ မသိတာ ။ သူမ ရင်တွေ ကျိုးရပါပြီ ၊ အများကြီး စိတ်ကူးထားခဲ့တာ သူမ နဲ့ လက်ထပ်ဖို့ကို ၊ အများကြီး အားခဲ ထားခဲ့တာ သူမနဲ့ ဘဝ တစ်ခု တည်ထောင်ဖို့ကို အခုတော့ သူမရဲ့ စိတ်ကူးယဉ် မှု တွေ ကြောင့် ချစ်ရသူ အသက် ဆုံးရှုံးရပြီ ။
" နင်က ငါ မသိဘူးများ ထင်နေတာလား ၊ ဟိုကောင် ဆေးရုံ မှာ သတိလစ်ပြီး လဲ နေတာတောင် ကွာရှင်းဖို့ကို ကြိတ်ပြီး လုပ်ရဲတယ် ။ နင့် သတ္တိတွေ ကောင်း လွန်းလို့ ငါတောင် အံ့ဩနေရတယ်လေ ဒါကြောင့် ငါလည်း နင် ဘာကြောင့် ကွာရှင်း ချင်နေလဲ ဆိုတာ စုံစမ်းပြီး လက်စ သတ် ပေးလိုက်တာ ဘယ်လိုလဲ နင် အခုရော ကွာရှင်း ချင်သေးလား . . . ဟမ် ! "
". . . . "
"အေး ၊ အဲ့မှာ သောက်ပေါက်ကို ပိတ်ပြီး ငါခိုင်းတာ လုပ် ၊ ငါ စေ ရာ သွား ပဲ နင်လုပ်ရမှာ ထပ်အထွန့်တက် လို့ ကလို့ နင်ဆီက တန်ဖိုးထားရတဲ့ အရာ မှန် သမျှ ငါ ဆွဲနှုတ်ပစ်မှာ ! ကောင်မ "
ဒေါကြီး မောကြီး တစ်ယောက်ထဲ ကြိမ်းမောင်းပြီး ထွက်သွားတဲ့ အဖေ့ ကို သူမ မျက်ရည်တွေကြား စိုက်ကြည့်မိတယ် ။ ရက်စက်လိုက်လေခြင်း၊ လုပ်ရက်လိုက်လေခြင်း ၊ ကျွန်မ အဖေ က လူတောင် ဟုတ်ရဲ့လား လောဘတွေ နဲ့ အမှောင်ဖုံးကွယ် နေတဲ့ လူ့ဘီးလူးပဲ ။
ချစ်ရသူကို ရင်ခွင်ထဲ ထည့်ကာ ရင်ကွဲ မတတ် ငိုကြွေးနေမိ၏ ။ မကြာပါဘူး ၊ အနက်ရောင် ဝတ်စုံညီညီ ဝတ်ကာ အခန်းထဲ ဝင်လာတဲ့ လူတစ်စုကြောင့် သူမ ကြောင် , အ နေကာ ထွေးနေအောင် ဖက်ထားမိ၏ ။
"ဖယ် ၊ မထိနဲ့ ! ဘယ်သူမှ လာမထိ ကြနဲ့ ! "
"မမလေး ကျနော်တို့ အလုပ် ကျနော်တို့ လုပ်ပရစေ "
"ငါမထိနဲ့လို့ ပြောနေတယ်လေ "
အပြောနဲ့အညီ အိတ်ထဲက သေနတ်အား သူမ ဆွဲထုတ်လိုက်၏ ။ ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘဲ ရှေ့ကလူ မှန် သမျှအား ချိန်ရွယ်ထား၏ ။
"သွား . . မလာနဲ့ ! "
'ဒတ်. . . ဒတ်. . . ဒတ်. . . ဒတ် '
အပြော နှင့် အညီ ပတ်ဝန်းကျင်အား လေး ၊ ငါး ၊ ခြောက် ချက် ဆင့်ပစ်လိုက်၏ ။ သေနတ်တောင် ပစ်ရဲရှိသည်မို့ မည်သူမှ သူမ အနား မကပ်ရဲကြ ။ မကပ်ရဲဘူး ဆိုတာထက် သူမက သူတို့ ဘော့စ် ရဲ့ သမီး ဖြစ်နေတာဆို ပိုမှန်လေ့မည် ။
'ဒိန်း'
တံခါးဖွင့်သံ ခပ်ပြင်းပြင်း နှင့် အတူ ခြေသံ ခပ်ပြင်းပြင်း အား သူမ ကြားလိုက်၏ ။ မကြာပါဘူး ၊ သူမ အား ဝိုင်းထားတဲ့ လူအုပ်ကြီးက ထိုလူအား လမ်းဖယ်ပေးကြ၏ ။
" ကောင်မ ၊ အရမ်းတွေ ဖြစ်ပျက်နေတာ ။ အဲ့တာ ဆို နင်လည်း လိုက်သေလိုက်ပါလား ၊ အသက်ထက် မက ချစ်တယ်ဆို ဟုတ်တယ် မလား . . . ဟမ် ! "
ထိုလိုမျိုး စကား ကြမ်းကြမ်း ဖြင့် မိမိရှေ့ ရပ်နေသူမှာ မိမိ၏ ဖခင် ဖြစ်သည် ။ ပြောတဲ့ စကားများလည်း ၊ ကြားတစ်ချက် မကြားတစ်ချက် အရာရာကို စိတ်လွတ် ကိုယ်လွတ် လုပ်ရဲသည့် အထိ စိတ်တွေက အများကြီး မစဉ်းစား နိုင် တော့သည်မို့ မိမိလက်ထဲက သေနတ်ကာ မောင်းတင်ကာ ရှေ့က လူအား ပစ်ဖို့ချိန်ရွယ် လိုက်တော့၏ ။
' ဒေါက် '
" ဟက် . . . ဘာလဲ ? ငါ့ကို ပစ်မယ်ပေါ့ ! လုပ် လိုက်လေ ၊ ပြီးရင် ဘာလဲ ဆိုတာ ကို သိစေရမယ် ကောင်မ "
အများကြီး စဉ်းစား မနေတော့ဘူး ၊ ဖြစ်ချင်ရာ ဖြစ် ၊ သူအခုနေ သေဆိုလည်း သေ ရဲ သလို ၊ သတ်ဆိုလည်း သတ်ရဲတယ် ။ သူ့အတွက် ဒီအချိန် ဘာလုပ်လုပ် ဘာမှ မမှု တော့ဘူးလေ ။
'ဒတ် . . . ဒတ် '
ပစ်လိုက်သော ကျည်ဆံ နှင့် အတူ သူမ့ ၏ လက်မောင်းရင်း နား ကျည်ဆံ ပစ်ဝင်သွား၏ ။ မိမိ ပစ်လိုက်ပြင်မဲ့ ဟိုဘက်က ခုခံ ကာကွယ် ပေးသည်မို့ ကျည်ဆံက မထိ ၊ ဒေါကြီး မောကြီး အနား လာကာ ဆံပင်တွေကို စု ဆွဲပြီး လက်ထဲက သူမအား ဖယ်ခွာဖို့ လုပ်၏ ။
ကျစ်နေအောင် ထွေးပွေ့ထားေတာ့ လက်ကို အသေရိုက်၏ ။ နောက်ဆုံး မရတဲ့အတူ ခေါင်း သို့ ရိုက်ချက် ပြင်းပြင်း ရိုက်ချက် တစ်ခု ရောက်ရှိလာသည်မို့ ခေါင်းတွေ မူးကာ မျက်ဝန်းများ ရီဝေ လာတော့သည် ။ နောက်ဆုံးသူမ မျက်ဝန်းများ မှေးကျဉ်းလာတော့သည် ၊ အတတ်နိုင်ဆုံး သူမ အား ရှိသလောက် ထွေးပွေ့ထား ပင်မဲ့ လက်ထဲက သူမအား ဆွဲ ထုတ် သွားကြ၏ ။
****
ထယ်ယောင်းအား မိမိ အထက်လူကြီးက သူ့ လူနာ တစ်ယောက်၏ အိမ်အား ဆေးသွား ကုပေးဖို့ ပြောလာသည်မို့ ငြင်းရခက်စွာ ကူညီရတော့မည် ။ ထွေထွေထူးထူး မရှိသည်မို့ ထယ်ယောင်းလည်း အားနာစွာ ခေါင်းညိတ် ရုံမှ တစ်ပါး မတတ်နိုင်ခဲ့ ။ ဂျွန်လူကြီးလည်း စိတ်ချ ရသည်မို့ ခဏလောက်တော့ သွားလို့ အဆင်ပြေလောက်ပါသည် ။
ထယ်ယောင်းလည်း ကားကို ယူကာ မှာထားတဲ့ လိပ်စာ အတိုင်း ရောက်သည်မို့ Mask ကို တပ်ပြီး အိမ်တီးဘဲလ် အား ထိုးနှိပ်လိုက်၏ ။ မကြာပါဘူး ၊ ပွင့် အ လာတဲ့ တံခါးကြောင့် ထယ်ယောင်းလည်း အိမ်ထဲ ခြေလှမ်း လိုက်၏ ။ တိတ်ဆိတ်နေတဲ့ အိမ် ကြီးထဲ လူနဲ့ တူတာ မည်သူမျှ မရှိသလို အေးချမ်းမှုထက် အေးစက်မှုက အားကောင်းနေ၏ ။
အတန်ကြာ ခပ်ရွယ်ရွယ် လူကြီး တစ်ယောက် လှေကားထစ်မှ ဆင်းလာသည်မို့ နှုတ်ဆက်ကာ အကျိုးအကြောင်း ပြောတော့ ခေါင်း ညိတ်ကာ နားထောင်ေန၏ ။ ပြီးနောက် အခန်း တစ်ခုကို ခေါ်သွားကာ ထိုလူအား ကုသ ပေးဖို့ နှင့်အတူ ပါးစပ်လုံဖို့ သတိပေး၏ ။ မိမိလည်း အထူးတလည် ပြောပြစရာ လူမရှိသည် မို့ ခေါင်း ညိတ်ကာ သဘော တူလိုက်၏ ။ လူနာ အား ကုသ ဖို့ ပြင်တော့ လက်မောင်းရင်းနား က သေနတ် တစ် ချက် နှင့် အတူ ခေါင်းက ပေါက်သွားသည့်နှယ့် သွေးထွက် လွန် နေ၏ ။
သွေးသွင်းဖို့ လို ကြောင်း အကျိုး အကြောင်း ပြောပတော့ ချက်ချင်း ထို လူက အပြင်ပြန်ထွက်သွား၏ ။ ထယ်ယောင်းလည်း လုပ်စရာ ရှိတာ လုပ်ဖို့ ပြင်တုန်း လူနာ မျက်နှာ ကို ကြည့်မိတော့ ဟင် . . . သူမ . . လီယူနာ မလား ။ ဒါဆို ဘယ်ကနေ ၊ ဘယ်လို ဖြစ်ပြီး တော့ . . . မေးခွန်းများ ထယ်ယောင်း၏ ခေါင်း ထဲ ပလုံ စီ ဝင် လာ၏ ။
အပြင် ထွက်သွားတဲ့ သူ ပြန်လာသည်မို့ လုပ်လက်စအလုပ် ကို အာရုံ ပြန်စိုက်ကာ လူနာ အား သက်သာနိုင်စေဖို့ အမြန် ခွဲစိတ် ကုသပေး၏ ။ အချိန် အတော် တန် ကြာ ခွဲစိတ်မှု ပြု လုပ် ကာ လက်မောင်းရင်းက ကျည်ဆံအား ထုတ်ပစ်နိုင်ခဲ့၏ ။ ပေါက်သွားသော ခေါင်းအား ချုပ်ကာ ပတ်တီး စည်းပြီး အကိုက်ခဲ ပျောက်ဆေး ထိုး ပေးထားသည် မို့ လူနာ အတွက် စိတ်ချရပြီလို့ ပြောလို့ ရလောက်ပြီ ။
ထယ်ယောင်း လည်း လုပ်ကိုင် ပြီးစီးသည် နှင့် မိမိအား ပါးစပ်လုံပါစေ ဟု ထပ်မံ သတိပေးသည် မို့ ထယ်ယောင်း စိတ်ထဲ သံသယ က ဝင်ချင်း မလှ ဝင်ရောက်လာခဲ့ ၏ ။ ဘယ်လို ဖြစ်ပြီး လီယူနာ က ဒဏ်ရာ ဒဏ်ချက်တွေ ရ ေနတာ လဲ ၊ ဘာလို့ ဆေးရုံကို လာ မကုဘဲ သူတို့ အိမ် မှာ ကြိတ် ကုနေရတာလဲ ။ ဖြစ်နိုင်ချေ အရှိဆုံး ကတော့ သေချာပေါက် လီယူနာ က အကြမ်းဖက် ခံရတာ ဖြစ်ဖို့ များတယ် ။ ဒါကြောင့် ဆေးရုံ ကို မပို့နိုင်ဘဲ အိမ်မှာပဲ ကြိတ်ကုနေတာလေ ၊ အကြောင်းအရာမှာ အရေးထူးသည်မို့ စုံထောက်ကြီးအား ဖုန်းဆက်ကာ အကျိုးအကြောင်း သတင်း လှမ်းပေး ဖို့သာ ပြင်လိုက်၏ ။
၂၅.၁၂.၂၃
𝘢𝘶𝘨𝘶𝘴𝘵𝘳𝘢𝘪𝘯
*Merry Christmas ⛄🎄⛄
*မနေ့က Christmasမှာ တင် ဖို့ ဘေလ် ကုန်တာနဲ့ တိုးသွားလို့ ...
*ဘေလ် ကုန် ပြီ ဆိုတော့ up က ဘေလ် ရမှ တင်ရပါတော့မယ်
*Up ကြာသွားရင်လည်း မမရိန်း တစ်ယောက်
ဘေလ် ကုန်နေလို့ပါ😁 စောင့်ပေးကြပါဦးရှင့်
Z A W G Y I
ဂြၽန္လူႀကီးသည္ ထယ္ေယာင္း၏ ေစာင့္ေရွာက္မႈ ေအာက္တြင္ ရွိေန၏ ။ ထယ္ေယာင္းက ေသခ်ာ အနီးကပ္ ျပဳစု ေစာင့္ေရွာက္ေနသည္မို႔ ဂြၽန္လူႀကီးရဲ႕ အေသးအမႊားကအစ ေျပာင္းလဲမႈ မ်ိဳးစုံကို အကုန္သိေနသည္ ။ သတိျပန္မလည္ေသးဘဲ ကိုမာ ဝင္ၿပီး ေမ့ေျမာေနသည္က အခုဆို ႏွစ္လ ပင္ ျပည့္ေတာ့မည္ ။
အသက္အႏၲာရယ္ကို မစိုးရိမ္ရေတာ့ပင္မဲ့ အခုထိ သတိျပန္မလည္သည္ကိုေတာ့ ထယ္ေယာင္း ေၾကာက္ေနမိသည္ ။ ထယ္ေယာင္းဘက္ကေတာ့ ရွင္းရွင္းေလးပဲ ၊ လူနာရွင္ေတြဘက္က လက္ေလ်ာ့ခဲ့ရင္ေတာင္ ထယ္ေယာင္းက လူနာကို ခိုးထုတ္ၿပီး သူတို႔ မသိေအာင္ ဆက္ၿပီး ကုသေနဦးမွာ ။
အခုျဖစ္တဲ့ အမႈအတြက္ စုံစမ္းစစ္ေဆးဖို႔ စုံေထာက္တစ္ခ်ိဳ႕ ေဆး႐ုံကို မၾကာ ၊ မၾကာ ေရာက္လာတတ္သည္ ။ ထယ္ေယာင္းလည္း အစက ႐ိုး႐ိုး accident လို႔ ထင္ခဲ့ပင္မဲ့ ေပၚေပၚထင္ထင္ လုပ္ႀကံခံရတဲ့ သက္ေသေတြေၾကာင့္ ဒီအမႈမွာ ေစခိုင္းသူက သက္သက္ ရွိေနတယ္လို႔ ေဖာ္ျပေနတယ္ ။ ဘာေတြ ဘယ္လို ျဖစ္သြားလဲ မသိပင္မဲ့ accident ျဖစ္ၿပီး စစ ခ်င္း ျမင္လိုက္ရတဲ့ ဂြၽန္လူႀကီးရဲ႕ မ်က္ႏွာကို အခုထိ မ်က္လုံးထဲက မထြက္ေပ ။
ထယ္ေယာင္းမွာ အဲ့ဒီ ျဖစ္ရပ္ကို အိပ္မက္ မက္တိုင္း ဂြၽန္လူႀကီး သူ႔အနားက ေပ်ာက္ကြယ္သြားၿပီ လား ဆိုတဲ့ အထင္နဲ႔ ဂြၽန္လူႀကီးကို ညတိုင္း ေျပးေျပးၾကည့္ခဲ့ရတဲ့ ညေပါင္းေတြ မနည္းေတာ့ေပ ။ ေၾကာက္ေနမိသည္ ၊ ခ်စ္ရသူက ထားသြားမွာ ၊ ေသျခင္းတရားနဲ႔ စစ္ခင္းေနတဲ့ ဂြၽန္လူႀကီးကို မကယ္တင္ႏိုင္မွာ သူ ေသေလာက္ေအာင္ ေၾကာက္ေနမိခဲ့သည္ ။
ကိုယ္ခ်စ္ရတဲ့သူေတြဟာ တစ္ေယာက္ၿပီး တစ္ေယာက္ ကိုယ့္ကို လက္ျပ ႏႈတ္ဆက္ကာ ထားခဲ့ၾကေတာ့ ေနာက္ဆုံး သူ ခ်စ္ရတဲ့သူ ေပၚလာခဲ့ရင္ သူကပဲ အရင္ လူ႔ေလာကႀကီးက ထြက္သြားခ်င္ေၾကာင္း ဆႏၵျပဳမိသည္ ။ ဘာလို႔ဆို ခ်စ္ေသာသူ မရွိတဲ့ လူ႔ေလာကမွာ ရပ္တည္ဖို႔ဆိုတာ သူ႔အတြက္ မျဖစ္ႏိုင္လို႔ပင္ ။
****
လီယူနာသည္ အေဖ့၏ ခိုင္းေစမႈေၾကာင့္ J Group တြင္ CEO အျဖစ္ ခံယူရ၏ ။ သူ စိတ္မလုံတာေတာ့ အမွန္ပင္ ၊ အေဖ့ကို မလြန္ဆန္ႏိုင္လို႔ သာ ၿငိမ္ေနရတာ ျဖစ္သည္ ။ အခုလို အေရးကိစၥ ႀကီးေတြၾကား ကာယကံရွင္ ဂြၽန္ေဂ်ာင္ကု က ႏိုးမလာသည္မို႔ ပိုစိုးရိမ္ ရသည္ ။
'တီ. . တီ့ ၊ တီ့ .. တီ '
ဝင္လာတဲ့ မက့္ေဆ့ခ္် ေၾကာင့္ မ်က္လုံးေတြ ျပာေဝကုန္သည္ ။
' ဘတ္ယူဆန္ . . . ဆိုတာ သမီး နင္နဲ႔ ႀကိဳက္ေနတဲ့ ေကာင္မေလးလား...ဟင္ ! '
'အေဖ ဘာေတြ လုပ္မလို႔လဲ ၊ ေက်းဇူးျပဳၿပီး သမီး မုန္းေအာင္ မလုပ္ပါနဲ႔လား '
သူမ ထပ္ကာ တလဲလဲ ေတာင္းဆိုမိေနသည္ ။ သူမကို ေက်းဇူးျပဳၿပီး ၊ သူမ ဆႏၵေတြကို တစ္ခါေလာက္ လိုက္ေလ်ာ ေပးဖို႔ ဆုေတာင္းေနမိသည္ ။
' ေတြ႕ခ်င္ေနမွာေပါ့ ၊ လာခဲ့ေလ ဟိုတယ္ကို '
'အေဖက နံပါတ္ေရာ ၊ လိပ္စာပါ အတည္ေျပာျပမွာ '
'ဟာ ' သြားၿပီ ၊ သူမ ဘဝႀကီး သြားခဲ့ၿပီ ။ သူမ ရဲ႕ ခ်စ္ရပါေသာ သူ ၊ သူမ ရဲ႕ ျမတ္ႏိုးရပါေသာ သူ . . . အေဖ လုပ္ရက္လိုက္ေလ ျခင္း ။ မ်က္ဝန္းမ်ား စိုစြတ္ကုန္၏ ၊ ဒူးေထာက္မိသည္ ၊ အရႈံးေပးခ်င္ မိသည္ ၊ လူ႔ေလာကႀကီးက သူ႔အေပၚ သိပ္ရက္စက္လြန္းသည္ ။ သူမ သိပ့္ကို မုန္းသည္ ။ ဒီအဖိုးအခ အတြက္ အေဖ တန္ရာ တန္ေၾကး ျပန္ေပးဆပ္ဖို႔သာ ျပင္ထား ။
'တင္လ္ '
ဟိုက ပို႔လိုက္တဲ့ မက့္ေဆ့ခ္် ေၾကာင့္ ဖုန္းအလင္းေလး ထသြားခဲ့၏ ။ မရဲတရဲ ယူဖြင့္ၾကည့္ေတာ့ ျမင္လိုက္တဲ့ လိပ္စာ ႏွင့္အတူ ေသြးခ်င္းခ်င္း ထ , ေနတဲ့ သူမ၏ ႐ုပ္လႊာ ။ ျဖစ္မွ ၊ ျဖစ္ရေလ . . . မဟုတ္ဘူး ၊ မမ က မေသဘူး ၊ မမ ငါ့ေၾကာင့္ မေသရဘူး ။ ေတာင္းပန္ပါတယ္ ၊ ေတာင္းပန္ပါတယ္ ဆက္ၿပီး မႏွိပ္စက္ပါနဲ႔ေတာ့ ။
ဒူးေထာက္ၿပီး တုန္ရီ ေနတဲ့ လက္တစ္စုံ ျဖင့္ ဖုန္းထဲ က ပုံရိပ္ေလးအား ေတာင္းပန္မိေန၏ ။ ခ်ိတုံ ခ်ိခ် အရာရာ တုံ႔ဆိုင္းကုန္၏ ၊ ႏွလုံးေသြးမ်ားလည္း ရပ္မတက္ ခံစားရသလို ၊ အရွင္ လတ္လတ္ ဓားျဖင့္ ႏွလုံးသားကို ဆြဲထုတ္သြားသည့္ အလာ ရင္ေတြ ကြဲကာ ေသြး အလိမ့္လိမ့္ ထြက္ေန၏ ။
' လုပ္ရက္လိုက္ျခင္း ' ဆိုတဲ့ စကား တစ္ခြန္းသာ ရင္ထဲ ျမည္ေႂကြးလ်က္ ႏႈတ္ခမ္း တင္းတင္းကိုက္ၿပီး အံ့ႀကိတ္ကာ ထ လိုက္၏ ။ သူ လိုက္သြားမယ္ ၊ သူမ ရွိရာ အရပ္ကိုေပါ့ ။
လမ္းမ ထက္ ကားေလးဟာ အရွိန္ ျပင္းျပင္း နဲ႔ ဟိုတယ္ ဝန္း ထဲသို႔ ဝင္ေရာက္လာ၏ ။ ေပးထားတဲ့ နံပါတ္အား အမိအရ ဝင္လိုက္ေတာ့ ကုတင္ေပၚမွာ ႏြမ္းလ်လ် ကိုယ္ခႏၶာ တစ္ခု ။ ေသြးခ်င္းခ်င္း ေတာက္ကာ ရႈ႕ ေပ်ာ္စရာ မရွိေအာင္ ဖန္တီးထားတဲ့ သူမ အေဖ့အား ရင္ထဲ မွ ႀကိမ္ဆဲ မိသည္ ။
' ေခ်ာက္ '
တံခါး ဖြင့္သံ ႏွင့္ အတူ ေရခ်ိဳး ခန္းထဲမွ ထြက္လာတဲ့ သူမ အေဖ ။ ႏြမ္းလ်လ် ကိုယ္ေလးကို ကိုင္ကာ အေႏြးဓာတ္ မျပယ္ေအာင္ သူမ ေပြ႕ထား၏ ။ မရ ၊ တျဖည္းျဖည္းနဲ႔ ဆုံးရႈံး လာတဲ့ အေႏြးဓာတ္ႏွင့္အတူ ေအးစက္ လာတဲ့ ခႏၶာကိုယ္ ။
" အခုေတာ့ နင္ ကြာရွင္းလို႔ မရေတာ့ဘူးေလ ၊ သူမ ေသသြားၿပီ "
"...."
မ်က္ရည္ေတြသာ စီးက်လာတယ္ ၊ လက္ထဲက သူမကိုလည္း ေပြ႕ဖက္ထားဆဲ ။ သူမ ခ်မ္းေနေရာေပါ့ ၊ ဘယ္ေလာက္ထိေတာင္ ႏွိပ္စက္ထားၾကလဲ မွ မသိတာ ။ သူမ ရင္ေတြ က်ိဳးရပါၿပီ ၊ အမ်ားႀကီး စိတ္ကူးထားခဲ့တာ သူမ နဲ႔ လက္ထပ္ဖို႔ကို ၊ အမ်ားႀကီး အားခဲ ထားခဲ့တာ သူမနဲ႔ ဘဝ တစ္ခု တည္ေထာင္ဖို႔ကို အခုေတာ့ သူမရဲ႕ စိတ္ကူးယဥ္ မႈ ေတြ ေၾကာင့္ ခ်စ္ရသူ အသက္ ဆုံးရႈံးရၿပီ ။
" နင္က ငါ မသိဘူးမ်ား ထင္ေနတာလား ၊ ဟိုေကာင္ ေဆး႐ုံ မွာ သတိလစ္ၿပီး လဲ ေနတာေတာင္ ကြာရွင္းဖို႔ကို ႀကိတ္ၿပီး လုပ္ရဲတယ္ ။ နင့္ သတၱိေတြ ေကာင္း လြန္းလို႔ ငါေတာင္ အံ့ဩေနရတယ္ေလ ဒါေၾကာင့္ ငါလည္း နင္ ဘာေၾကာင့္ ကြာရွင္း ခ်င္ေနလဲ ဆိုတာ စုံစမ္းၿပီး လက္စ သတ္ ေပးလိုက္တာ ဘယ္လိုလဲ နင္ အခုေရာ ကြာရွင္း ခ်င္ေသးလား . . . ဟမ္ ! "
". . . . "
"ေအး ၊ အဲ့မွာ ေသာက္ေပါက္ကို ပိတ္ၿပီး ငါခိုင္းတာ လုပ္ ၊ ငါ ေစ ရာ သြား ပဲ နင္လုပ္ရမွာ ထပ္အထြန႔္တက္ လို႔ ကလို႔ နင္ဆီက တန္ဖိုးထားရတဲ့ အရာ မွန္ သမွ် ငါ ဆြဲႏႈတ္ပစ္မွာ ! ေကာင္မ "
ေဒါႀကီး ေမာႀကီး တစ္ေယာက္ထဲ ႀကိမ္းေမာင္းၿပီး ထြက္သြားတဲ့ အေဖ့ ကို သူမ မ်က္ရည္ေတြၾကား စိုက္ၾကည့္မိတယ္ ။ ရက္စက္လိုက္ေလျခင္း၊ လုပ္ရက္လိုက္ေလျခင္း ၊ ကြၽန္မ အေဖ က လူေတာင္ ဟုတ္ရဲ႕လား ေလာဘေတြ နဲ႔ အေမွာင္ဖုံးကြယ္ ေနတဲ့ လူ႔ဘီးလူးပဲ ။
ခ်စ္ရသူကို ရင္ခြင္ထဲ ထည့္ကာ ရင္ကြဲ မတတ္ ငိုေႂကြးေနမိ၏ ။ မၾကာပါဘူး ၊ အနက္ေရာင္ ဝတ္စုံညီညီ ဝတ္ကာ အခန္းထဲ ဝင္လာတဲ့ လူတစ္စုေၾကာင့္ သူမ ေၾကာင္ , အ ေနကာ ေထြးေနေအာင္ ဖက္ထားမိ၏ ။
"ဖယ္ ၊ မထိနဲ႔ ! ဘယ္သူမွ လာမထိ ၾကနဲ႔ ! "
"မမေလး က်ေနာ္တို႔ အလုပ္ က်ေနာ္တို႔ လုပ္ပရေစ "
"ငါမထိနဲ႔လို႔ ေျပာေနတယ္ေလ "
အေျပာနဲ႔အညီ အိတ္ထဲက ေသနတ္အား သူမ ဆြဲထုတ္လိုက္၏ ။ ရွည္ရွည္ေဝးေဝး ေျပာမေနေတာ့ဘဲ ေရွ႕ကလူ မွန္ သမွ်အား ခ်ိန္႐ြယ္ထား၏ ။
"သြား . . မလာနဲ႔ ! "
'ဒတ္. . . ဒတ္. . . ဒတ္. . . ဒတ္ '
အေျပာ ႏွင့္ အညီ ပတ္ဝန္းက်င္အား ေလး ၊ ငါး ၊ ေျခာက္ ခ်က္ ဆင့္ပစ္လိုက္၏ ။ ေသနတ္ေတာင္ ပစ္ရဲရွိသည္မို႔ မည္သူမွ သူမ အနား မကပ္ရဲၾက ။ မကပ္ရဲဘူး ဆိုတာထက္ သူမက သူတို႔ ေဘာ့စ္ ရဲ႕ သမီး ျဖစ္ေနတာဆို ပိုမွန္ေလ့မည္ ။
'ဒိန္း'
တံခါးဖြင့္သံ ခပ္ျပင္းျပင္း ႏွင့္ အတူ ေျခသံ ခပ္ျပင္းျပင္း အား သူမ ၾကားလိုက္၏ ။ မၾကာပါဘူး ၊ သူမ အား ဝိုင္းထားတဲ့ လူအုပ္ႀကီးက ထိုလူအား လမ္းဖယ္ေပးၾက၏ ။
" ေကာင္မ ၊ အရမ္းေတြ ျဖစ္ပ်က္ေနတာ ။ အဲ့တာ ဆို နင္လည္း လိုက္ေသလိုက္ပါလား ၊ အသက္ထက္ မက ခ်စ္တယ္ဆို ဟုတ္တယ္ မလား . . . ဟမ္ ! "
ထိုလိုမ်ိဳး စကား ၾကမ္းၾကမ္း ျဖင့္ မိမိေရွ႕ ရပ္ေနသူမွာ မိမိ၏ ဖခင္ ျဖစ္သည္ ။ ေျပာတဲ့ စကားမ်ားလည္း ၊ ၾကားတစ္ခ်က္ မၾကားတစ္ခ်က္ အရာရာကို စိတ္လြတ္ ကိုယ္လြတ္ လုပ္ရဲသည့္ အထိ စိတ္ေတြက အမ်ားႀကီး မစဥ္းစား ႏိုင္ ေတာ့သည္မို႔ မိမိလက္ထဲက ေသနတ္ကာ ေမာင္းတင္ကာ ေရွ႕က လူအား ပစ္ဖို႔ခ်ိန္႐ြယ္ လိုက္ေတာ့၏ ။
' ေဒါက္ '
" ဟက္ . . . ဘာလဲ ? ငါ့ကို ပစ္မယ္ေပါ့ ! လုပ္ လိုက္ေလ ၊ ၿပီးရင္ ဘာလဲ ဆိုတာ ကို သိေစရမယ္ ေကာင္မ "
အမ်ားႀကီး စဥ္းစား မေနေတာ့ဘူး ၊ ျဖစ္ခ်င္ရာ ျဖစ္ ၊ သူအခုေန ေသဆိုလည္း ေသ ရဲ သလို ၊ သတ္ဆိုလည္း သတ္ရဲတယ္ ။ သူ႔အတြက္ ဒီအခ်ိန္ ဘာလုပ္လုပ္ ဘာမွ မမႈ ေတာ့ဘူးေလ ။
'ဒတ္ . . . ဒတ္ '
ပစ္လိုက္ေသာ က်ည္ဆံ ႏွင့္ အတူ သူမ့ ၏ လက္ေမာင္းရင္း နား က်ည္ဆံ ပစ္ဝင္သြား၏ ။ မိမိ ပစ္လိုက္ျပင္မဲ့ ဟိုဘက္က ခုခံ ကာကြယ္ ေပးသည္မို႔ က်ည္ဆံက မထိ ၊ ေဒါႀကီး ေမာႀကီး အနား လာကာ ဆံပင္ေတြကို စု ဆြဲၿပီး လက္ထဲက သူမအား ဖယ္ခြာဖို႔ လုပ္၏ ။
က်စ္ေနေအာင္ ေထြးေပြ႕ထားေတာ့ လက္ကို အေသ႐ိုက္၏ ။ ေနာက္ဆုံး မရတဲ့အတူ ေခါင္း သို႔ ႐ိုက္ခ်က္ ျပင္းျပင္း ႐ိုက္ခ်က္ တစ္ခု ေရာက္ရွိလာသည္မို႔ ေခါင္းေတြ မူးကာ မ်က္ဝန္းမ်ား ရီေဝ လာေတာ့သည္ ။ ေနာက္ဆုံးသူမ မ်က္ဝန္းမ်ား ေမွးက်ဥ္းလာေတာ့သည္ ၊ အတတ္ႏိုင္ဆုံး သူမ အား ရွိသေလာက္ ေထြးေပြ႕ထား ပင္မဲ့ လက္ထဲက သူမအား ဆြဲ ထုတ္ သြားၾက၏ ။
****
ထယ္ေယာင္းအား မိမိ အထက္လူႀကီးက သူ႔ လူနာ တစ္ေယာက္၏ အိမ္အား ေဆးသြား ကုေပးဖို႔ ေျပာလာသည္မို႔ ျငင္းရခက္စြာ ကူညီရေတာ့မည္ ။ ေထြေထြထူးထူး မရွိသည္မို႔ ထယ္ေယာင္းလည္း အားနာစြာ ေခါင္းညိတ္ ႐ုံမွ တစ္ပါး မတတ္ႏိုင္ခဲ့ ။ ဂြၽန္လူႀကီးလည္း စိတ္ခ် ရသည္မို႔ ခဏေလာက္ေတာ့ သြားလို႔ အဆင္ေျပေလာက္ပါသည္ ။
ထယ္ေယာင္းလည္း ကားကို ယူကာ မွာထားတဲ့ လိပ္စာ အတိုင္း ေရာက္သည္မို႔ Mask ကို တပ္ၿပီး အိမ္တီးဘဲလ္ အား ထိုးႏွိပ္လိုက္၏ ။ မၾကာပါဘူး ၊ ပြင့္ အ လာတဲ့ တံခါးေၾကာင့္ ထယ္ေယာင္းလည္း အိမ္ထဲ ေျခလွမ္း လိုက္၏ ။ တိတ္ဆိတ္ေနတဲ့ အိမ္ ႀကီးထဲ လူနဲ႔ တူတာ မည္သူမွ် မရွိသလို ေအးခ်မ္းမႈထက္ ေအးစက္မႈက အားေကာင္းေန၏ ။
အတန္ၾကာ ခပ္႐ြယ္႐ြယ္ လူႀကီး တစ္ေယာက္ ေလွကားထစ္မွ ဆင္းလာသည္မို႔ ႏႈတ္ဆက္ကာ အက်ိဳးအေၾကာင္း ေျပာေတာ့ ေခါင္း ညိတ္ကာ နားေထာင္ေန၏ ။ ၿပီးေနာက္ အခန္း တစ္ခုကို ေခၚသြားကာ ထိုလူအား ကုသ ေပးဖို႔ ႏွင့္အတူ ပါးစပ္လုံဖို႔ သတိေပး၏ ။ မိမိလည္း အထူးတလည္ ေျပာျပစရာ လူမရွိသည္ မို႔ ေခါင္း ညိတ္ကာ သေဘာ တူလိုက္၏ ။ လူနာ အား ကုသ ဖို႔ ျပင္ေတာ့ လက္ေမာင္းရင္းနား က ေသနတ္ တစ္ ခ်က္ ႏွင့္ အတူ ေခါင္းက ေပါက္သြားသည့္ႏွယ့္ ေသြးထြက္ လြန္ ေန၏ ။
ေသြးသြင္းဖို႔ လို ေၾကာင္း အက်ိဳး အေၾကာင္း ေျပာပေတာ့ ခ်က္ခ်င္း ထို လူက အျပင္ျပန္ထြက္သြား၏ ။ ထယ္ေယာင္းလည္း လုပ္စရာ ရွိတာ လုပ္ဖို႔ ျပင္တုန္း လူနာ မ်က္ႏွာ ကို ၾကည့္မိေတာ့ ဟင္ . . . သူမ . . လီယူနာ မလား ။ ဒါဆို ဘယ္ကေန ၊ ဘယ္လို ျဖစ္ၿပီး ေတာ့ . . . ေမးခြန္းမ်ား ထယ္ေယာင္း၏ ေခါင္း ထဲ ပလုံ စီ ဝင္ လာ၏ ။
အျပင္ ထြက္သြားတဲ့ သူ ျပန္လာသည္မို႔ လုပ္လက္စအလုပ္ ကို အာ႐ုံ ျပန္စိုက္ကာ လူနာ အား သက္သာႏိုင္ေစဖို႔ အျမန္ ခြဲစိတ္ ကုသေပး၏ ။ အခ်ိန္ အေတာ္ တန္ ၾကာ ခြဲစိတ္မႈ ျပဳ လုပ္ ကာ လက္ေမာင္းရင္းက က်ည္ဆံအား ထုတ္ပစ္ႏိုင္ခဲ့၏ ။ ေပါက္သြားေသာ ေခါင္းအား ခ်ဳပ္ကာ ပတ္တီး စည္းၿပီး အကိုက္ခဲ ေပ်ာက္ေဆး ထိုး ေပးထားသည္ မို႔ လူနာ အတြက္ စိတ္ခ်ရၿပီလို႔ ေျပာလို႔ ရေလာက္ၿပီ ။
ထယ္ေယာင္း လည္း လုပ္ကိုင္ ၿပီးစီးသည္ ႏွင့္ မိမိအား ပါးစပ္လုံပါေစ ဟု ထပ္မံ သတိေပးသည္ မို႔ ထယ္ေယာင္း စိတ္ထဲ သံသယ က ဝင္ခ်င္း မလွ ဝင္ေရာက္လာခဲ့ ၏ ။ ဘယ္လို ျဖစ္ၿပီး လီယူနာ က ဒဏ္ရာ ဒဏ္ခ်က္ေတြ ရ ေနတာ လဲ ၊ ဘာလို႔ ေဆး႐ုံကို လာ မကုဘဲ သူတို႔ အိမ္ မွာ ႀကိတ္ ကုေနရတာလဲ ။ ျဖစ္ႏိုင္ေခ် အရွိဆုံး ကေတာ့ ေသခ်ာေပါက္ လီယူနာ က အၾကမ္းဖက္ ခံရတာ ျဖစ္ဖို႔ မ်ားတယ္ ။ ဒါေၾကာင့္ ေဆး႐ုံ ကို မပို႔ႏိုင္ဘဲ အိမ္မွာပဲ ႀကိတ္ကုေနတာေလ ၊ အေၾကာင္းအရာမွာ အေရးထူးသည္မို႔ စုံေထာက္ႀကီးအား ဖုန္းဆက္ကာ အက်ိဳးအေၾကာင္း သတင္း လွမ္းေပး ဖို႔သာ ျပင္လိုက္၏ ။
၂၅.၁၂.၂၃
𝘢𝘶𝘨𝘶𝘴𝘵𝘳𝘢𝘪𝘯
*Merry Christmas ⛄🎄⛄
*မေန႔က Christmasမွာ တင္ ဖို႔ ေဘလ္ ကုန္တာနဲ႔ တိုးသြားလို႔ ...
*ေဘလ္ ကုန္ ၿပီ ဆိုေတာ့ up က ေဘလ္ ရမွ တင္ရပါေတာ့မယ္
*Up ၾကာသြားရင္လည္း မမရိန္း တစ္ေယာက္
ေဘလ္ ကုန္ေနလို႔ပါ😁 ေစာင့္ေပးၾကပါဦးရွင့္