ZBoneShots

By seraphinewen

487 70 6

ZB1 shots Language - Burmese More

gingerbread cookie wishes | ppusamz

485 70 6
By seraphinewen

Tags • long distance relationship, christmas themed, one shot, gingerbread wishes, barista matthew, surprising bf at holiday, kissing under mistletoe, rom, overall HE

🎄

" Gingerbread latte ရပါပြီ ... ပျော်ရွှင်စရာ ခရစ်စမတ်နေ့လေးပါ "

" မင်းရောပါပဲ "

အမြဲလာနေကျ customer ဆီက ကောင်းမွန်တဲ့ တုန့်ပြန်မှုလေး ရအပြီးမှာတော့ cafe ဆိုင်ထဲ ခရစ်စမတ်သီချင်းတွေက လွဲပြီး ဘာအသံမှ မကြားရတော့ဘူး ။

အရောင်းကုန်သွားတဲ့ ဒိုးနပ်တွေကို ပြန်ဖြည့်ရင်း မက်သရူးက ဆိုင်အပြင်ဘက်ကို ငေးကြည့်မိတယ် ။ ဘရွတ်ကလင်ရဲ့ လမ်းမတွေက ခရစ်စမတ်နေ့မှာ ပိုလှနေတာပဲ ။ လူထူထပ်နေတဲ့ ပလက်ဖောင်းတွေ ၊ ထုံးစံအတိုင်း ကားပိတ်နေတဲ့ လမ်းမမှာ ထင်းထွက်နေတဲ့ အဝါရောင် တက်စီတွေ ပြီးတော့ ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ ဘရွတ်ကလင် တံတား ။

" ဟယ်လို .... မက်သရူး ?? "

ကိုယ်ပိုင်အတွေးနဲ့ စီးမျောနေမိတဲ့ မက်သရူးရဲ့ တိတ်ဆိတ်တဲ့ အချိန်ဟာ သူ့ကို ခပ်ကျယ်ကျယ်ခေါ်လိုက်တဲ့ Co-worker ရဲ့ အသံနောက်မှာ သိမ်းဆည်းခံလိုက်ရတယ် ။

" ငါ့ရဲ့ shift ပြီးသွားပြီမို့ သွားပြီနော် "

" အင်း "

သူ ခေါင်းညိတ်ပြလိုက်မိတယ် ။ အလုပ်ပြီးလို့ သိမ်းဆည်းနေတဲ့ co-worker ရဲ့ လက်ချောင်းတွေက ဆိုင်ရဲ့ လူကျချိန်မှာ ခပ်သွက်သွက် ကော်ဖီ ဖျော်ရတဲ့ လှုပ်ရှားမှုတွေထက်တောင် မြန်ဆန်နေသေးတယ် ။

" ပျော်ရွှင်ဖွယ် ခရစ်စမတ်ပါ ။ ကောင်လေးက စောင့်နေပြီမို့ သွားပြီ "

ခုလေးတင် ဖြည့်ထားတဲ့ ချောကလက် ဒိုးနပ်ကို ဆွဲကိုက်ရင်း ဆိုင်ထဲက ခပ်သုတ်သုတ်ပြေးထွက်သွားတဲ့ သူကတော့ ကောင်းမွန်တဲ့ ဒိတ်ကလေးကို ပိုင်ဆိုင်နိုင်တော့မယ်ဆိုတာ အတပ်ပြောနိုင်ပါတယ် ။ သိပ်မကြာခင်မှာပဲ လူထူထပ်တဲ့ လမ်းမပေါ်မှာ မျက်ချည်ပြတ်သွားတဲ့ co-worker လေးရဲ့ ကျောပြင်ကို ငေးကြည့်ရင်း မက်သရူးက ဒီလို ခရစ်စမတ်နေ့မျိုးမှာ လူတိုင်းလိုလိုရဲ့ ချစ်ရတဲ့သူတွေဆီ လှမ်းတဲ့ ခြေလှမ်းတိုင်းက ကျန်တဲ့နေ့တွေထက် ပိုသွက်နေမှာပဲလို့ ကောက်ချက်ချမိတယ် ။

ဒါပေါ့ ။ ဘယ်လိုလူကတော့ ခရစ်စမတ်မှာ အလုပ်လုပ်ချင်ပါလိမ့်မလဲ ။ အရောင်စုံတဲ့ လမ်းမတွေပေါ်မှာ လျှောက်လည်တာပဲဖြစ်ဖြစ် ကိုယ့်ကို အလေးထားတဲ့ လူနည်းစုလေးနဲ့ပဲ ဖြစ်ဖြစ် အချိန်ဖြုန်းချင်တာပဲလေ ။

ဒါပေမယ့် မက်သရူးမှာ ခရစ်စမတ်မှာ အလုပ်လုပ်ဖို့ကလွဲပြီး ကျန်တဲ့ရွေးချယ်စရာ တစ်ခုလေးမှ ရှာမတွေ့ခဲ့ဘူး ။ သူကလွဲပြီး ကိုယ်ပိုင် အစီအစဉ်တွေနဲ့မို့ အသီးသီး ခွင့်ယူထားကြတဲ့ co-worker တွေကြောင့် မဖြစ်မနေဆိုတာထက် အသိစိတ်ရှိရှိနဲ့ပဲ ခရစ်စမတ်မှာ အချိန်ပြည့် အလုပ်လုပ်ပေးဖို့ တာဝန်ခံလိုက်မိတော့တယ် ။ အားလပ်နေတဲ့ အလုပ်သမားတစ်ယောက်ရှိတဲ့အကြောင်း သိလိုက်ရတဲ့ ဆိုင်ရှင်ကတော့ ပြုံးရွှင်သွားပြီး မက်သရူးလက်ထဲ စိတ်ချလက်ချနဲ့ ဆိုင်သော့ အပ်ခဲ့လိုက်တော့တာပဲ ။

ပိတ်ရက်ကြီးမှာ တစ်ယောက်တည်း အလုပ်လုပ်နေရတာကို သဘောကျတယ်လို့လည်း မဟုတ် မုန်းတီးတယ်လို့လည်း မခေါ်နိုင်ပေမဲ့ အနည်းဆုံးတော့ လမ်းမတွေထက်မှာ သူတစ်ဦးတည်း ယောင်လည်လည် မဖြစ်နေတာထက်စာရင် ဆိုင်မှာ အလုပ်လုပ်ရင်း အချိိန်ဖြုန်းတာက ဖြစ်သင့်တယ်လို့ ထင်မိတာပါပဲ ။
ပြီးတော့ တိုက်ခန်းမှာ တစ်ယောက်တည်း hot chocolate သောက်ရင်း အထီးကျန်ဆန်စွာ အချိန်ကုန်ဆုံးရဖို့ ခရစ်စမတ်က အဖိုးတန်လွန်းတယ်လို့ ထင်တယ် ။

အနည်းဆုံးပေါ့လေ ... ဘယ်လိုပဲ အလုပ်ကြောင့် ပြောပါစေ ။ သူ့ကို အရေးတယူနဲ့ စကားပြောတဲ့ customer တစ်ယောက်ပြီး တစ်ယောက်က သူ့ရဲ့ ခြောက်ကပ်နေတဲ့ တစ်နေ့တာကို ဖုံးကွယ်ပေးနိုင်မှာပါ ။ သူစိမ်းတွေကြားမှာ တစ်ကိုယ်တည်းပါလားလို့ မခံစားရအောင် အလုပ်ရှုပ်ချင်ယောင်ဆောင်ရတာလည်း ပိတ်ရက်အတွက် သီးသန့်ဖြစ်ပေါ်လာတဲ့ ဝမ်းနည်းမှုတစ်မျိုးပါပဲ ။

ဆိုင်တံခါးဆီက အလိုက်တသိထွက်ပေါ်လာတဲ့ ဘဲလ်သံအပြီးမှာတော့ အလျင်လိုနေပုံရတဲ့ အမျိုးသမီးတစ်ဦးက မက်သရူးရှေ့ကို ရောက်လာတယ် ။ လက်တစ်ဖက်က ဖုန်းကိုကိုင်ထားရင်း ကျန်တစ်ဖက်က စျေးဝယ်အိတ်တွေနဲ့ ပြည့်သိပ်နေတဲ့ အမျိုးသမီးရဲ့ မျက်နှာက ပိတ်ရက်မှာ ပျော်ရွှင်နေတဲ့ အရိပ်အယောင်တော့ မတွေ့ရဘူး ။

" Hot Chocolate တစ်ခွက် ။ Whipped Cream မထည့်နဲ့ "

ကျသင့်ငွေကို ပြန်အမ်းပေးဖို့ လုပ်နေဆဲမှာ အမျိုးသမီးက ပြောလက်စဖုန်းကို စကားစရပ်ထားရင်း မက်သရူးကို စိတ်ရှုပ်တဲ့ အကြည့်နဲ့ သတိပေးတယ် ။ ပြန်အမ်းငွေ ယူရလောက်တဲ့ အထိ သူ လက်မအားတာ မမြင်ဘူးလားဆိုတဲ့ သဘော ။

ပုံမှန်အချိန်ဆိုရင်တော့ နည်းနည်းတော့ စိတ်ခုမိလောက်ပေမဲ့ ဒါက နယူးယော့ခ်ပဲမလား ။ ပြန်အမ်းငွေမယူတော့လည်း မယူဘူးပေါ့ပဲလို့ သတ်မှတ်လိုက်ရင်း ခပ်ပူပူ ချောကလက်တစ်ခွက် ပြင်ဖို့ ကျောခိုင်းမိလိုက်တယ် ။

" လမ်းခွဲမယ်ဆိုတော့လည်း လမ်းခွဲတာပေါ့ ။ ငါ့အတွက် အရှုံးမရှိဘူး "

လူပါးနေတဲ့ ဆိုင်ထဲမှာ အမျိုးသမီးရဲ့ ဖုန်းပြန်ဖြေသံက အတော်လေး ကျယ်လောင်တယ် ။ ဒေါသတကြီး အော်ဟစ်သံအပြီးမှာ ဆက်တိုက်ကြားရတဲ့ ဆဲရေးသံနဲ့ စကားများသံက ခပ်တိုးတိုးဖွင့်ထားတဲ့ Last Christmas သီချင်းသံကို ဖုံးအုပ်သွားတယ် ။

" hot chocolate, whipped cream မပါ "

စကားကို လိုသလောက်ပဲ ပြောရင်း အမျိုးသမီးဆီ မျက်နှာမူလိုက်တော့မှ မက်သရူးကျောခိုင်းသွားတဲ့ ခဏတာအတွင်းမှာ အမျိုးသမီးရဲ့ မျက်ရည်စီးကြောင်းက ပါးပြင်ပေါ်မှာ မြစ်တစ်စင်းလို နေရာယူထားတယ် ။

ဖုန်းကို တန်ဖိုးကြီး လက်ကိုင်အိတ်ထဲ ပစ်ထည့်လိုက်ရင်း မက်သရူးကမ်းပေးတဲ့ hot chocolate ခွက်ကလေးက စိတ်အခြေအနေမကောင်းတဲ့ ပိုင်ရှင်လက်ထဲ ငြိမ်သက်သွားရတယ် ။

" အရာရာ အဆင်မပြေတဲ့ ခရစ်စမတ်နေ့မှာ အနည်းဆုံးတော့ hot chocolate က အရသာရှိနေသေးတာပဲ "

အမျိုးသမီးက tip jar ထဲ ဒေါ်လာတစ်ဆယ် ထိုးထည့်ပေးရင်း ပြောတယ် ။ ဒီစကားက အရှက်ရစရာ အဖြစ်အပျက်အပြီးမှာ သူ့ကိုသူ စိတ်သက်သာရာ ရအောင် နှစ်သိမ့်ပေးတဲ့ စကားတစ်ခွန်းမှန်း သိပ်ကို သိသာလွန်းပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဒီလို အားပေးစကားကို သူတို့ကိုယ်တိုင်က လွဲပြီး ဘယ်သူ့ဆီကမှ မကြားရလောက်ဘူးလို့ ထင်မှတ်ထားကြလို့ပဲပေါ့ ။

" မစ္စ် ... "

ဘာရယ်မဟုတ်ပါပဲ ။ မက်သရူး ဆိုင်ထဲက ထွက်ခွါဖို့ ခြေလှမ်းပြင်နေတဲ့ အမျိုးသမီးဆီ စကားစမိလိုက်တယ် ။

" ဒီ ခရစ်စမတ်က အဆင်မပြေခဲ့ရင်တောင်မှ ပျော်ဖို့ကောင်းတဲ့ ခရစ်စမတ်နေ့တွေ အများကြီးက အနာဂတ်မှာ စောင့်နေမှာပါ "

" ကျေးဇူးပါ ။ ငါ ဒီလိုစကား ကြားရဖို့ လိုအပ်နေတာ "

တစ်ဖန်ပြန်ပိတ်သွားတဲ့ ဆိုင်တံခါးမှာ ချိတ်ထားတဲ့ ဘဲလ်သံလွင်လွင်လေးကတော့ ဒီစကားကို မက်သရူးကိုယ်တိုင်လည်း လိုအပ်နေတယ်ဆိုတာကို အသိပေးရှာတယ် ။

တဖြည်းဖြည်း ပြန်ကျယ်လာတယ်လို့ ခံစားရတဲ့ Last Christmas သီချင်းသံက မက်သရူးရဲ့ နားထဲမှာ လှည့်ပတ်ကခုန်နေတယ် ။

ဒီလိုဆိုတော့လည်း မက်သရူးရဲ့ ခရစ်စမတ် နေ့လယ်ခင်းက သိပ်တော့ မဆိုးရွားရှာသေးဘူးလို့ ပြန်သတိထားမိလာရသလိုပဲ ။ လူတိုင်းက ခရစ်စမတ်မှာ ပျော်နေကြတာ မဟုတ်ဘူး ။ တစ်ချို့က ဝမ်းနည်းမှုကို မျက်နှာ ကြွက်သားတွေနဲ့ ထင်ထင်ပေါ်ပေါ် ဖော်ပြတယ် ။ ခုဏက အမျိုးသမီးလိုပေါ့ ။ တစ်ချို့က အထီးကျန်ဆန်မှုကို သူစိမ်းတွေကြားထဲမှာ ဝှက်ထားကြတယ် ။ ဒါကတော့ သူကိုယ်တိုင်ပါပဲ ။

ဆိုင်ထဲမှာ လူမရှိတော့တဲ့အခါ ဆိုင်ရဲ့ အလယ်မှာ ထီးထီးကြီး ရပ်တည်နေတဲ့ ခရစ်စမတ်သစ်ပင်က မက်သရူးကို ဖုန်းထုတ်ပြီး တစ်ဦးတည်းသော လူသားထံ စာပို့ဖို့ လှမ်းသတိပေးတယ် ။

" ဟျောင်းန် ... နောက်ကျနေပြီ ဆိုပေမဲ့လည်း ပျော်ရွှင်စရာ ခရစ်စမတ်နေ့လေး ဖြစ်ပါစေ 🎄 "

" ဒီနေ့ customer တစ်ယောက်က ကျွန်တော့်ရှေ့မှာပဲ လမ်းခွဲခံလိုက်ရတယ် "

" ခရစ်စမတ်နေ့ကြီးမှာလေ ... "

" ဟျောင်းန်လည်း မဖြစ်သင့်ဘူးလို့ ထင်တယ်မလား ? "

" လူတိုင်း ခရစ်စမတ်နေ့မှာ ပျော်သင့်တဲ့ အခိုက်အတန့်လေး ပိုင်ဆိုင်နိုင်ကြရင် ကောင်းမယ် "

" ကျွန်တော်တို့ နှစ်ယောက်အတွက်လည်း မနှစ်ကလို ပျော်နိုင်တဲ့ အခွင့်အရေးလေး တစ်နေ့နေ့မှာ ပြန်ရပါစေလို့ ဆုတောင်းပါတယ် "

" Haha ... တစ်နှစ်နှစ်တော့ ဖြစ်လာမှာပါ ဟုတ်တယ်မလား ?? "

Delivered ပဲ ပြရှာတဲ့ ဖုန်းဖန်သားပြင်ပေါ်က စာခုနစ်စောင်က ဟျောင်းန် သူ့စာတွေကို ဖတ်နိုင်လောက်တဲ့အထိ အားလပ်မနေဘူးဆိုတာကို သက်သေထူတယ် ။ စာကို အကုန် စုပြီး မပို့ဘဲ ရောက်တတ်ရာရာ တစ်ကြောင်းစီ ပို့တတ်တဲ့ သူ့အကျင့်ကြောင့် တစ်ဖက်က ဟျောင်းန် စိတ်အနှောက်အယှက်ဖြစ်ရမလားဆိုတာကို အခါခါ စိတ်ပူမိပေမဲ့ သူတို့နှစ်ဦးက ချစ်သူတွေပဲ မဟုတ်လား .... ။ ဟျောင်းန်က ဒီလောက်လေးတော့ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ် ။

" ကျွန်တော့်စာတွေ မဖတ်တာ ဟျောင်းန်လည်း ကျွန်တော့်ကို လမ်းခွဲချင်နေပြီ ဖြစ်နေလို့မလား ? "

" စိတ်ကောက်တယ်နော် >< "

" စတာပါ ။ ကိုရီးယားမှာ လူအိပ်ချိန်ဖြစ်နေမှန်း သိပါတယ် ။ တာ့တာ ကျွန်တော် အလုပ်ဆက်လုပ်ပြီ ။ အများကြီး ချစ်တယ် ဂျီအွန်းဟျောင်းန် ... "

သတိရတယ်ဆိုတဲ့ စာကြောင်းနဲ့ ဒီမှာ ရှိနေစေချင်လိုက်တာဆိုတဲ့ ဆုတောင်းလေးတစ်ခုကိုတော့ ခပ်သွက်သွက်ပဲ ပြန်ဖျက်ပစ်မိလိုက်ပါတယ် ။ မဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေက တစ်ခါတစ်ရံမှာ နှစ်ဦးနှစ်ဘက်ကြား အခက်တွေ့စေမှာမို့လို့ပါပဲ ။

ဟျောင်းန်ရင်ထဲမှာ သူရှိနေတယ် ။ ပြီးတော့ သူ့ရင်ထဲမှာ ဟျောင်းန်ရှိသေးတယ်ဆိုတဲ့ အသိနဲ့တင် တစ်ကိုယ်တည်း ဖြတ်သန်းနေရတဲ့ ခရစ်စမတ်ကိုတောင် ချက်ချင်းနွေးထွေးသွားစေလေရဲ့ ။

စောစောလေးမှ သူ့ရဲ့ co-worker ဖုတ်ထားခဲ့တဲ့ gingerbread cookie ပူပူနွေးနွေးတွေကို သယ်ထုတ်လိုက်ရင်း လစ်လပ်နေတဲ့နေရာမှာ ပြန်ဖြည့်ဖို့ စတင်မိတော့တယ် ။

ပထမဆုံး gingerbread cookie ကိုတော့ မက်သရူးက ဖယ်ထားတယ် ။ ကျန်တဲ့ cookie တိုင်းက ရောက်သင့်တဲ့ နေရာမှာ နေသားကျသွားတဲ့ အခါမှာ သူက ဖယ်ထားမိတဲ့ gingerbread cookie ကို အတတ်နိုင်ဆုံး ပုံမပျက်အောင် ခေါင်းမှာ သေးငယ်တဲ့ အပေါက်ကလေး ဖောက််လိုက်တယ် ။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့ နောက်ထပ် မစ်ရှင်ကတော့ အဲ့တာကို ဆိုင်အလယ်မှာ အထီးကျန်နေတဲ့ ခရစ်စမတ်သစ်ပင်ပေါ်မှာ ချိတ်ဆွဲထားလိုက်ဖို့ပါပဲ ။

မနှစ်ကတော့ ဟျောင်းန်နဲ့ အတူ ခရစ်စမတ်သစ်ပင်ပေါ် gingerbread cookie နှစ်ခုကို အတူတူ အလှဆင်ခဲ့ပေမဲ့ ဒီနှစ်တော့ မက်သရူးတစ်ယောက်တည်းပါပဲ ။ ဟျောင်းန်က cookie ချိတ်ဆွဲနေတုန်းမှာ ဖြစ်ချင်တဲ့ ဆန္ဒကို ဆုတောင်းလို့ရတယ်ပြောတုန်းက သူမယုံခဲ့ပါဘူး ။ ဒီလို အယူအဆကို တစ်ခါမှ မကြားဖူးခဲ့တာ မို့လို့လေ ။

ဒါပေမဲ့လည်း နည်းနည်းလေး ယုံအောင်ပြောတာနဲ့ အငိုက်မိတတ်တဲ့ မက်သရူးက ခရစ်စမတ်တိုင်းမှာ ဟျောင်းန်နဲ့ အတူတူရှိရပါစေလို့ တကယ်ပဲ ဆုတောင်းခဲ့ပါသေးတယ် ။ ဒီနှစ်လည်း cookie လေးကို တစ်ကိုယ်တော် ချိတ်ဆွဲပြီး ထပ်ဆုတောင်းမိတဲ့ ဆုတောင်းကလည်း မနှစ်ကနဲ့ ပုံစံတူ ဆုတောင်းလေးပါပဲ ။

ဘယ်နှစ်မှ ပြည့်မြောက်မလဲ မသိပေမဲ့ နှစ်ဦးသား ဝေးကွာရတဲ့ အချိန်ကစလို့ မက်သရူးက ဆုတောင်းတွေရဲ့ စွမ်းအားကြီးပုံကို စတင်ပြီး ယုံကြည်လာမိတော့တာ ။

ပြတင်းပေါက်က တစ်ဆင့် မြင်နေရတဲ့ အပြင်လောကမှာတော့ နှင်းမှုန်ဖွဲဖွဲက ဖြည်းဖြည်းချင်း ကျဆင်းလာတယ် ။ အေးစိမ့်တဲ့ ရာသီဥတုကို အံတုနေရပေမဲ့ တစ်နှစ်က ဟျောင်းန်နဲ့ စတွေ့ဖူးတဲ့ အချိန်ကာလကလည်း ဒီလို ခရစ်စမတ်နေ့လေးပါပဲ ။

၂၀၂၁ ခုနှစ်ရဲ့ ခရစ်စမတ်က အတော်လေးကို လူရှုပ်တဲ့ နေ့တစ်နေ့ဖြစ်ခဲ့တယ် ။ ကိုဗစ်အပြီး ပြန်ကျင်းပတဲ့ ပွဲတော်နေ့လည်း ဖြစ်တာမို့ မတတ်သာလို့ နေ့လည်ပိုင်းအထိပဲ shift ယူထားပေးမိတဲ့ မက်သရူးတောင် နေ့လယ် ၁၂ နာရီ မြန်မြန်ထိုးပါစေလို့ ဆုတောင်းမိရတဲ့အထိ ဆိုင်မှာ အရမ်းကို လူကျခဲ့တာ ။

၁၂ နာရီအတိ ထိုးနေခဲ့ပေမဲ့ မက်သရူးက တန်းစီနေတဲ့ လူနှစ်ယောက် သုံးယောက်ကို ဖြတ်ပြီးမှ အလုပ်နားဖို့ ဆုံးဖြတ်မိခဲ့တယ် ။ နေ့လယ်ခင်း shift ယူထားတဲ့ သူ့ရဲ့ co-worker က အခုထိကို အရိပ်အယောင် မမြင်ရသေးတာများ ဘရွတ်ကလင်ရဲ့ လမ်းမပေါ်မှာ အေးခဲနေပြီလားလို့ တွေးခဲ့မိတဲ့အထိပဲ ။

" Medium Hot chocolate နှစ်ခွက်နဲ့ Jingerbread cookie နှစ်ခုပေးပါ "

" စုစုပေါင်းကျသင့်ငွေက ၁၇ ဒေါ်လာပါ "

မက်သရူးရဲ့ ကျသင့်ငွေကို ရေရွတ်ပြတဲ့ စကားအပြီးမှာတော့ သူ့ရှေ့က သားအမိဆီက အမေဖြစ်သူရဲ့ မျက်နှာက ပျက်ကျသွားခဲ့တယ် ။ သူက ကလေးကိုတစ်လှည့် မက်သရူးရဲ့ မျက်နှာကို တစ်လှည့်ကြည့်ရင်း ချီတုံ ချတုံဖြစ်နေခဲ့တဲ့ပုံ ။

" gingerbread cookie မယူတော့ဘူးနော် "

" နှစ်ဒေါ်လာ လိုနေတာမို့ Hot chocolate ကို အကြီးတစ်ခွက်ပဲ ပြန်ပြောင်းပေးလို့ ရမလား "

အမျိုးသမီးက စကားသံက ရှက်ရွံ့မှုရဲ့ ဖိအားကြောင့် အဖျားမှာ တိမ်ဝင်သွားရတယ် ။ Gingerbread cookie ကို မယူတော့ဘူးလို့ ပြောလိုက်ပြီးနောက်မှာ ကလေးဆီက စားချင်တယ် ဆိုတဲ့ စကားက ပြန်ထွက်ပေါ်လာတဲ့ အခါ မက်သရူးက အိတ်ကပ်ထဲက ငါးဒေါ်လာတစ်ရွက်ကို အလိုလို နှိုက်မိပြီးသား ဖြစ်သွားခဲ့ရတယ် ။

" ဒါဆို Large hot chocolate တစ်ခွက် ? ပြီးတော့ gingerbread cookie တွေကို ကိုကိုက ခရစ်စမတ်လက်ဆောင် သေးသေးလေး ပေးတယ်ပဲ သဘောထားလိုက် ဟုတ်ပြီလား ပျော်ရွှင်စရာ ခရစ်စမတ်နေ့လေး ဖြစ်ပါစေနော် "

မက်သရူးက ကောင်တာအမြင့်သာသာပဲ အရပ်ရှိတဲ့ ကလေးမလေးဆီကို ငုံ့ရင်း ချိုချိုသာသာနဲ့ပဲ ကိုယ်ချင်းစာတရားကို မျှဝေဖြစ်ခဲ့တယ် ။ အလုပ်များနေတဲ့ သူ့လက်ကလည်း gingerbread cookie လေးခုကို အိတ်ကလေးနဲ့ သေသေသပ်သပ် ထုပ်ပိုးနေခဲ့ရင်းပေါ့ ။

သူဝယ်ကျွေးလိုက်တဲ့ cookie ကို အရသာရှိရှိ စားသုံးနေရင်း ဆိုင်ထဲက ထွက်ခွါသွားတဲ့ ကလေးလေးနဲ့ သူ့ကို အထပ်ထပ်အခါခါ ဆုမွန်ကောင်းတွေ ပေးသွားခဲ့တဲ့ အမေဖြစ်သူကြောင့် မက်သရူးမျက်နှာမှာ အချိန်အတော်ကြာတဲ့ အထိ ပြုံးရိပ်ကလေး ထင်ကျန်ရစ်ခဲ့တယ် ။

" Toffee nut latte medium တစ်ခွက်ပေးပါ "

" ပြီးတော့ရော ဘာလိုသေးလဲ မသိဘူး ? "

အခုထိ ပြုံးယောင်သန်းနေဆဲ မက်သရူးရဲ့ မျက်နှာက order ကိုပဲ အာရုံစိုက်ရင်း screen ပေါ်မှာ သေချာမှတ်နေရတာမို့ ရှေ့မှာ သူ့ကို ခေါင်းအစခြေအဆုံး စိုက်ကြည့်ရင်း ရပ်နေတဲ့ သူကို အာရုံမစိုက်မိခဲ့ပါဘူး ။

" Whipped Cream အပြင် မင်းရဲ့ နာမည်လေး "

" ဗျာ ! "

ဒီတစ်ခါမှ မက်သရူးရဲ့ အာရုံစူးစိုက်မှုတွေက ရှေ့ကလူဆီ လုံးလုံးလျားလျားကို ကျရောက်သွားခဲ့ရတော့တယ် ။

" မက်သရူးပါ "

" ကျသင့်ငွေက - "

" ပြန်မအမ်းပါနဲ့ ။ Christmas tip လေးပေါ့ "

စကားမဆုံးသေး ။ သူ့ဆီကို ကမ်းပေးလိုက်တဲ့ ဒေါ်လာငါးဆယ်တန်တစ်ရွက်ကို ကြောင်အမ်းအမ်းနဲ့ ယူရင်း ကျေးဇူးတင်ကြောင်း ပြောမိတော့ နှင်းဝေနေတဲ့ ဆောင်းရာသီမှာ တစ်ဖက်လူက နွေးနွေးထွေးထွေး ပြုံးပြခဲ့တယ် ။ မက်သရူးရဲ့ စိတ်အစုံက အဲ့ဒီအပြုံးအောက်မှာ ခုတ်လှဲခံရတဲ့ ခရစ်စမတ်သစ်ပင်လိုပဲ ။ ရင်တွင်းမှာ မြေငလျင် လှုပ်ခတ်သလို တဆတ်ဆတ် တုန်လှုပ်သွားမိတာကိုတော့ ဆိုင်ထဲ သင်းပျံ့နေတဲ့ ကော်ဖီရနံ့တွေကြား သိုဝှက်ထားမိခဲ့ပါတယ် ။

ပြေစာထုတ်ရင်း မက်သရူးက ရှေ့ကလူကို တိတ်တခိုး ချောင်းကြည့်မိတော့ အတိမ်အနက်မသိတဲ့ ချောက်နက်လို မျက်ဝန်းတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ရတဲ့အခါ မသိမသာ မျက်လွှာချမိသွားတာလည်း သူကိုယ်တိုင်ပဲ ဖြစ်ခဲ့ရပါတယ် ။

" ကိုယ့်ရှေ့က သားအမိကို ကူညီပေးခွင့်ရတဲ့ အချိန်မှာ ပြုံးနေတဲ့ မင်းက သိပ်ကို ကြင်နာတတ်တယ်လို့ ခံစားမိတယ် "

" လူတိုင်းက ခရစ်စမတ်မှာ ပျော်ရွှင်ဖို့ ထိုက်တန်ပါတယ် "

ပြေစာကို ကမ်းပေးရင်းနဲ့ မက်သရူးက order ရဖို့ ခဏစောင့်ခိုင်းတော့ တစ်ဖက်လူက ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်ပြရင်း သူ့ကို လေးလေးနက်နက် စိုက်ကြည့်နေလေရဲ့ ။ လူကြီးလူကောင်းဆန်ဆန် ဝတ်စားထားပေမဲ့ မက်သရူးကို တည့်တိုးပဲ ကြောင်နေတာမို့ရော သူ့ရဲ့ ညှို့ဓာတ်ပြင်းတဲ့ အကြည့်တွေက ကျက်သီးထစေတာမို့ပါ latte ကို ခပ်မြန်မြန်ပဲ ပြင်ပေးဖို့ ကျောခိုင်းလိုက်မိတယ် ။

" ဂျီအွန်းအတွက် order "

အငွေ့တထောင်းထောင်း ထနေတဲ့ latte ကို pick up ကောင်တာမှာ ချပေးလိုက်တော့ ဂျီအွန်းရဲ့ အကြည့်စူးစူးတွေနဲ့ ထပ်ပြီး ကြုံကြိုက်ခဲ့ရပြန်တော့တယ် ။ Customer နဲ့ barista တွေကြား ဟိုလိုလို ဒီလိုလို ခဏတစ်ဖြုတ် ခံစားချက်ကလေးများက ရှိတတ်စမြဲမို့ မက်သရူးက အတည်အတံ့ ခံစားချက်လို့တော့ မသတ်မှတ်ချင်သေး ။

" လက်ရာ ကောင်းသားပဲ "

" ကောင်းသော နေ့လေးဖြစ်ပါစေ "

နောက်မှာ ထပ်လာတဲ့ ဧည့်သည်တွေကို တခြား co-worker မလာမချင်း သူပဲ ပြင်ဆင်ပေးရမှာမို့ စကားစဖြတ်ချင်ပေမဲ့ ဂျီအွန်းဆိုသူက ဖုန်းမှာ ရိုက်နှိပ်ထားတဲ့ နံပါတ်တစ်ခုကို ထိုးပြရင်း ထပ်ပြီးပြောလာခဲ့တယ် ။

" ဒါက ကိုယ့်နံပါတ် ... မင်း စိတ်ဝင်စားမယ်ဆို မှတ်ထားလို့ ရပါတယ် "

" 718 - 966 .... "

မက်သရူးက ရုတ်တရက် ဂျီအွန်းရဲ့ ဖုန်းနံပါတ်ကို အသံထွက်ပြီး ဖတ်မိသွားတယ် ။ ဖတ်လို့ မဆုံးသေးခင်မှာပဲ ဂျီအွန်းက ဖုန်းမျက်နှာပြင်ကို ပိတ်လိုက်တာမို့ မက်သရူးက သတိလက်လွတ်နဲ့ပဲ ပြောမိခဲ့သွားတယ် ။

" အာ ... ဖတ်လို့ မပြီးသေးဘူးလေ "

ဂျီအွန်းက ဖုန်းကို ပြန်ဖွင့်ပေးပြီး ခပ်ဟဟရယ်ကာ ပြောတယ် ။

" စိတ်ဝင်စားတယ်ဆိုတဲ့ သဘောပဲ ။ ဒီည အဆင်ပြေမယ်ဆို ကိုယ်မျှော်လင့်နေလို့ ရတယ်မလား ? "

အငိုက်မိသွားတဲ့ မက်သရူးကတော့ ကောင်တာမှာ မျက်လုံးလေး ဝိုင်းစက်ပြီး ကျန်ခဲ့ရတော့တာပါပဲ ။ သိပ်မကြာခင်မှာ ခပ်အိအိ ပါးကလေးနှစ်ဖက်ပေါ် နီရဲတက်လာမဲ့ ရှက်သွေးဖြာမှုတွေက သူတို့အလှည့်ရောက်တော့မှာကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေခဲ့တဲ့ ပုံပါပဲ ။

တကယ်တမ်း ဂျီအွန်းနဲ့ ခရစ်စမတ်ဒိတ်ကို ဖြတ်သန်းကြည့်ခဲ့တဲ့အခါ ရှက်ကိုးရှက်ကန်းဖြစ်ရမယ်လို့ ထင်ခဲ့ပေမဲ့ ပထမဆုံးဒိတ်နဲ့ မတူလောက်အောင်ပဲ သက်တောင့်သက်သာ ရှိနေခဲ့တယ် ။

တိုက်ခန်းပြန်ပြီး assignment ရေးမယ် စိတ်ကူးထားခဲ့တဲ့ မက်သရူးက မနက်ကမှ တွေ့ဖူးတဲ့ ဂျီအွန်းနောက်လိုက်ပြီး ခရစ်စမတ်ညခင်းကို ဖြတ်သန်းခဲ့သေးတာကို ပြန်တွေးကြည့်မိရင် အတော်လေးရဲရင့်ပါလားလို့ ထင်ရတယ် ။ ဒါပေမယ့်လည်း စမြင်ကတည်းက ကိုယ့်ကို သေချာပေါက် စိတ်ဝင်စားနေတဲ့ သူစိမ်းတစ်ယောက်နဲ့ အချိန်အတူ ဖြုန်းရတာက စမ်းကြည့်သင့်တဲ့ ခရစ်စမတ်ဒိတ်တစ်ခုလို့လည်း ပြောနိုင်တာပဲလေ ။

မက်သရူးသာ ဖုန်းမဆက်ဖြစ်ခဲ့ရင် ဒါမှမဟုတ် အဲ့နေ့ညရဲ့ ဒိတ်ကလေးကို သွားဖို့ အခွင့်အလမ်းမသင့်ခဲ့ဘူးဆိုရင်
အခုချိန်မှာ ဟျောင်းန်က ဘယ်သူနဲ့အတူတူ ခရစ်စမတ်ကို ဖြတ်သန်းနေလောက်ပြီလဲ ဆိုတာ သိနိုင်မှာ မဟုတ်ဘူး ။

စေ့စေ့ပေါက်ပေါက် တွေးကြည့်မိမယ်ဆိုရင် အဲဒီ့နေ့တုန်းက သူများကို ကူညီပေးလိုက်တဲ့ သနားကြင်နာမှုကြောင့် ဆန်တာက ချက်ချင်းပဲ ဟျောင်းန်ကို သူ့ဆီ လက်ဆောင်အဖြစ် ပို့ပေးခဲ့တာလားတောင် ထင်ရတယ် ။ အေးစိမ့်တဲ့  ခရစ်စမတ်နေ့မှာ လူထူထပ်တဲ့ လမ်းမတွေကြား သူ့လက်ကို တင်းနေအောင် ဆုပ်ကိုင်ထားတဲ့ ဟျောင်းန်လက်တွေဆီက အနွေးဓာတ်ကလေးကို အခုထိ အမှတ်ရနေတုန်းပါပဲ ။

လွန်ခဲ့တဲ့ နှစ်မှာလည်း ဟျောင်းန်က သူ့ရဲ့ ချစ်သူအဖြစ်နဲ့ အဖော်မရှိရင် ဝမ်းနည်းစရာကောင်းလွန်းလှတဲ့ နယူးယော့ခ်မြို့ရဲ့ ခရစ်စမတ်ပိတ်ရက်တွေကို အတူဖြတ်သန်းပေးခဲ့တယ် ။ Mistletoe တွေအောက်မှာ ဟျောင်းန်ဆီက လက်ခံရရှိခဲ့တဲ့ အနမ်းက သူရဖူးတဲ့ တန်ဖိုးကြီး ခရစ်စမတ်လက်ဆောင်တွေထက်တောင် ပိုပြီး ရင်ဖိုစရာကောင်းခဲ့သေးတာလေ ။

နှစ်သစ်ကို ကြိုဆိုတဲ့ new-year ညမှာလည်း ဟျောင်းန်ရင်ခွင်ထဲ တိုးဝင်ပြီး newyork time-square မှာ အတူတူ countdown ရေကြရင်းပေါ့ ။ နှစ်သစ်ကို ကူးပြောင်းသွားတဲ့ စက္ကန့်ကလေးမှာ ဟျောင်းန်ကို တင်းတင်းကြပ်ကြပ်ဖက်ထားရင်း မက်သရူးက ဒီလို စိတ်လှုပ်ရှားစရာ အခိုက်အတန့်တိုင်းမှာ ဟျောင်းန်က ပါဝင်အားဖြည့်ပေးဖို့ တိတ်တခိုး ဆန္ဒပြုမိသေးတယ် ။

ဒါပေမယ့် မက်သရူးရဲ့ ဆုတောင်းပုံ ဆုတောင်းနည်းက ဘယ်နေရာမှာ လွဲချော်သွားခဲ့လဲတော့ မသိဘူး ။ ကိုရီးယား ရုံးခွဲကို ပြန်ရတော့မဲ့ ဟျောင်းန်က ဒီနှစ်ရဲ့ ခရစ်စမတ်မပြောနဲ့ ဆောင်းဦးရာသီကိုတောင် သူနဲ့ အတူတူ မဖြတ်သန်းနိုင်ခဲ့ဘူး ။ ကိုယ်စီဘဝတွေက အချစ်နဲ့ထပ်တူ အရေးပါတာမို့ မက်သရူးက ဟျောင်းန်လက်ကလေးကို မလွှတ်ချင်လွှတ်ချင်နဲ့ပဲ လွှတ်ချပေးခဲ့ရပါတယ် ။

ချမ်းအေးတဲ့ ဆောင်းရာသီကို ဟျောင်းန်ဆီက ဝင်လာတဲ့ message တွေနဲ့ အတူအဖော်ပြုရင်း မက်သရူးက ရုတ်တရက် လစ်ဟာသွားတဲ့ နံဘေးနေရာကို နေသားကျဖို့ ကြိုးစားနေရဆဲ ။

ညနေပိုင်းတောက်လျှောက် လူကျနေတဲ့ ဆိုင်မှာ မက်သရူးတစ်ယောက် လက်မလည်အောင် အလုပ်လုပ်ရတာ ဟျောင်းန်ဆီက ပြန်စာ ရောက်မရောက်ကိုရော ခရစ်စမတ်နေ့ရဲ့ မီးရောင်တွေကိုပါ သတိမထားမိတဲ့အထိ ။

ညဉ့်ဦးပိုင်းကို ရောက်လာလေလေ ပိုပြီး စည်ကားလာတဲ့ လမ်းမကို ငေးကြည့်ရင်း ဆောင်းလေတွေကြား ကွယ်ပျောက်သွားလောက်မဲ့ သက်ပြင်းတစ်ချက် ချမိတယ် ။ အပြင်လမ်းမမှာ နယူးယော့ခ်ရဲ့ ထုံးစံအတိုင်း ကြီးပေ့ဆိုတဲ့ ခရစ်စမတ်အပြင်အဆင်တွေနဲ့ တဖိတ်ဖိတ်တောက်နေဆဲ နွေးနွေးထွေးထွေး မီးရောင်စုံတွေက သူ့ကို ပျော်ရွှင်ဖို့တော့ မစွမ်းဆောင်နိုင်ဘူး ။

အခုချိန်ထိ delivered ပဲ ဖြစ်နေတဲ့ မက်သရူးရဲ့ message ကလေးတွေကတော့ ဟျောင်းန်က သူ့ကို ဂရုမစိုက်တော့ကြောင်း ညည်းညူပြနေကြသတဲ့ ။ ထိန်းချုပ်ကြားထဲကြားက တွေးမိတဲ့ ခပ်ဆိုးဆိုး အတွေးကလေးကတော့ ဟျောင်းန်မှာ သူ့ထက်ပိုပြီး အလေးပေးရမဲ့သူ ရှိနေပြီလား ဆိုတဲ့ သံသယဝင်မိတဲ့ အတွေးလေးပါပဲ ။

ဆိုင်သိမ်းဖို့ အတွက် တစ်ယောက်တည်း ခါးကျိုးမတတ် အစစအရာရာ ပြင်ဆင်ပြီးချိန်မှာတော့ နောက်ဆုံးအနေနဲ့ မှန်ပုံးထဲမှာ ကျန်နေသေးတဲ့ ဒိုးနပ်တွေကို တစ်ချက်ကြည့်မိလိုက်တယ် ။ ဆိုင်ရဲ့ စည်းမျဉ်းအရတော့ ရောင်းမကုန်တဲ့ ဒိုးနပ်တွေကို လွှင့်ပစ်ရမှာ ဖြစ်ပေမဲ့ မက်သရူးက ဒီနေ့ တစ်ရက်တော့ ချိုးဖောက်ပစ်ဖို့ စိတ်ကူးလိုက်မိပါတယ် ။

ကျန်သမျှ ဒိုးနပ်တွေကို ဘူးထဲ စုထည့်လိုက်ပြီး တိုက်ခန်းမှာ ရံဖန်ရံခါ တွေ့ရတတ်တဲ့ အိမ်ခြေယာမဲ့တွေကို ပေးဖို့ ဆုံးဖြတ်မိလိုက်တယ် ။ ချမ်းအေးတဲ့ ဆောင်းရာသီမှာ သူတို့လည်း ဆာလောင်နေကြမှာပဲ ဆိုတဲ့ အတွေးကလေးကတော့ မက်သရူးရင်ထဲ ရှိပါတယ် ။ ခရစ်စမတ်မှာ တစ်ကိုယ်တည်း အထီးကျန်ရရင်ပဲ လုံလောက်ပါပြီ ။ ပွဲတော်ရက်မှာ ဆာလောင်မွတ်သိပ်နေရတာ သိပ်ကို ဆိုးတဲ့ ခံစားချက်မှန်း မက်သရူး နားလည်တယ်လေ ။

ဆိုင်ကို သေသေချာချာ ပိတ်ခဲ့ရင်း တိုက်ခန်းရှိရာကို လမ်းလျှောက်ပြန်လာတော့မှ ဒီနှစ်ရဲ့ ခရစ်စမတ်အပြင်အဆင်တွေက သိပ်ကို လှလွန်းနေမှန်း သတိထားမိပါရဲ့ ။ ဧရာမ ခရစ်စမတ်သစ်ပင်ကြီးတွေက ဘရွတ်ကလင်ရဲ့ မိုးမျှော်တိုက်နီးပါးလောက်ကို မြင့်ပြီး မျက်စိကျိန်းလောက်အောင် ထွန်းထားတဲ့ မီးရောင်စုံတိုင်းက ဒီလမ်းမ အလယ်မှာ မက်သရူး တစ်ဦးတည်းဖြစ်နေရတယ်ဆိုတဲ့ အချက်ကို မီးမောင်းထိုးပြနေသလိုပါပဲ ။

နှင်းထူထပ်နေတဲ့ လျှောက်လမ်းမပေါ် ချော်မလဲအောင် အတတ်နိုင်ဆုံး ထိန်းလျှောက်ရင်းနဲ့ပဲ လမ်းဘေးတောက်လျှောက်မှာရှိတဲ့ အပြင်အဆင်တွေကို တစ်ကိုယ်တည်း လေ့လာဖြစ်တယ် ။ ဟျောင်းန်သာ သူ့ဘေးနားရှိနေရင် မနိုင်မနင်းဖြစ်နေတဲ့ သူ့ဆီက ဒိုးနပ်ဘူးကြီးကိုပဲ ဖြစ်ဖြစ် အတော်လေးလံနေတဲ့ ကျောပိုးလွယ်အိတ်ကိုပဲဖြစ်ဖြစ် ကူသယ်ပေးလောက်ရင်း နှင်းတွေကြား ချော်မလဲအောင် သူ့လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလောက်တယ်လို့ တွေးမိသေးပြန်တယ် ။

" ဒိုးနပ်တွေပါ ဆိုင်သိမ်းလို့ ယူလာတာ ။ အားလုံး စားနိုင်သလောက် လာယူကြပါဦးနော် ။ မယ်ရီ ခရစ်စမတ်ပါ "

ဆောင်းဒဏ်ကြောင့် လမ်းဘေးမှာ ခွေခွေလေး လှဲနေကြတဲ့ အိမ်ခြေယာမဲ့တွေရဲ့ မျက်ဝန်းတွေက တောက်ပသွားပြီး မက်သရူးဆီ တဖြည်းဖြည်း ချဉ်းကပ်လာကြတာ သူ့ရဲ့ ခပ်သေးသေး ခန္ဓာကိုယ်လေးက လူအုပ်ကြားထဲ ပျောက်ကွယ်လုမတတ် ။

" သုံးခု ယူလို့ရလား "

" ကြိုက်သလောက် ယူပါနော် ။ အများကြီးရှိသေးတာမို့ "

" မယ်ရီ ခရစ်စမတ်ပါ ကောင်လေး "

" ဘုရားသခင် ကောင်းချီးပေးပါစေ "

မက်သရူးက ဒိုးနပ်တွေကို အပြုံးကလေးနဲ့ လိုက်ဝေနေပေမဲ့ သူပြန်ရလိုက်ရတာကတော့ ဒိုးနပ်တွေထက် ပိုပြီး တန်ဖိုးကြီးတဲ့ ဆုတောင်းစကားတွေပါပဲ ။ ဆိုင်ရှင်သိသွားရင် ခပ်ကြာကြာ အဆူခံရလောက်မဲ့ ကိစ္စဆိုပေမဲ့ သူ ဂရုမစိုက်မိပါဘူး ။ လူတိုင်းက ခရစ်စမတ်မှာ သေးငယ်တဲ့ ပျော်ရွှင်မှုလေးကိုပဲ ဖြစ်ဖြစ် ခံစားခွင့်ရှိပါတယ် ။

" ဒိုးနပ်က အရသာရှိတယ် ကောင်လေး ။ ခရစ်စမတ်မှာ ပျော်ရွှင်ပါစေ "

မက်သရူးအတွက် ဟျောင်းန်မရှိတဲ့ ခရစ်စမတ်မှာ ကိုယ့်ဘာသာ ကြည်နူးရအောင် ဖန်တီးခဲ့တဲ့ အပြုအမူလေးက သူများတွေအထိပါ ကူးစက်သွားတာမို့ ဒီလိုဆိုတော့လည်း ဒီနေ့က ထင်သလောက် မဆိုးဘူးလို့ ထင်မိတာပါပဲ ။

နောက်ဆုံး ဒိုးနပ်ဘူး ကုန်ခဲ့ရင်တော့ တိုက်ခန်းဆီ ဆက်လျှောက်ပြီး ညစာစားဖို့ ပြင်ရမယ်လို့ တွေးနေမိတယ် ။ မဖြစ်မနေ ကြည့်ရမဲ့ Home Alone ရုပ်ရှင်ကို ဖွင့်ထားရင်း ပြီးတော့ ဟျောင်းန်ဆီက ပြန်လာမဲ့ message လေးတွေနဲ့ အတူ ခရစ်စမတ်သစ်ပင်ကို အလှဆင်ရင်း တစ်နေကုန် အထီးကျန်ခဲ့ရတဲ့ နှလုံးသားကို အေးအေးချမ်းချမ်း အနားပေးမယ်လို့ ဆုံးဖြတ်ထားမိတာ ။

" ကိုယ့်အတွက်ရော jingerbread မပါဘူးလား ? "

" ဆောရီးပါဗျ ။ ဒိုးနပ်တွေပဲ - "

Customer များနဲ့ နေ့တိုင်း ပြောဆိုဆက်ဆံနေရတာမို့ အလိုအလျောက် တုန့်ပြန်မိတဲ့ စကားတစ််ခွန်းက နှလုံးသားရဲ့ ရင်းနှီးသူလို့ အချက်ပေးတဲ့ ခေါင်းလောင်းသံများ အပြီးမှာ ပြောမထွက်တော့တဲ့အထိ ရပ်တန့်သွားရပြီ ။

အကုန်လုံး ဝေမျှလို့ ကုန်စင်သွားတဲ့ နောက်ဆုံး ဒိုးနပ်ဘူးခွံကလေးကတော့ နှင်းပုံပေါ် တစ်ကိုယ်တည်း အထီးကျန်စွာ ပြုတ်ကျခဲ့ရပြီး မက်သရူးရဲ့ တုန်ရီနေတဲ့ ခြေလှမ်းတွေက သူနဲ့ မနီးမဝေးမှာ လက်ဆန့်တန့်ထားရင်း ကြိုဆိုနေတဲ့ ဟျောင်းန်နဲ့ နီးသထက် နီးအောင် ပြေးလွှားမိတယ် ။

မက်သရူးရဲ့ မနိမ့်မမြင့် အရပ်ကလေးက ဟျောင်းန်ရဲ့ ရင်ခွင်ထဲမှာတော့ အံဝင်ခွင်ကျဖြစ်နေဆဲပါပဲ ။ တဖွဲဖွဲကျဆင်းနေတဲ့ နှင်းမှုန်တွေအောက်မှာ ဟျောင်းန်က သူ့ကို တင်းကြပ်နေအောင် ပွေ့ဖက်ထားရင်း ခေါင်းပေါ်တင်ကျန်နေတဲ့ နှင်းမှုန်တွေကို ဖြည်းဖြည်းချင်း ဖယ်ရှားပေးနေတယ် ။

ဟျောင်းန်ရဲ့ ရေမွှေးနံ့ ၊ ရင်းနှီးပြီးသား ခန္ဓာကိုယ်ရဲ့ နွေးထွေးမှု ၊ သူ့ခေါင်းကို ခပ်ဖွဖွ ပွတ်သပ်နေဆဲ လက်ချောင်းတွေ စတဲ့ အလွတ်ရထားပြီးသား ရင်းနှီးမှုတွေက မက်သရူးရင်ကို အပျော်တွေနဲ့ပဲ ဖြည့်ပေးကြတယ် ။

မှိတ်ထားမိတဲ့ မျက်ခွံများကို ကျော်ပြီး ပါးပြင်ပေါ် အလုအယက် တိုးဝှေ့လာတဲ့ မျက်ရည်စများက ဟျောင်းန်ရဲ့ တည်ရှိမှုကို သူဘယ်လောက် လိုအပ်နေခဲ့လဲဆိုတာကို သက်သေထူပေးကြတယ် ။

" အရမ်းလွမ်းနေခဲ့တာ အရမ်းကိုပဲ ... "

ငိုရှိုက်သံကြောင့် ဆက်မပြောနိုင်တော့တဲ့ စကားစများက ဖြတ်တောက်ခံရလည်း မူလ အဓိပ္ပာယ်ဟာ မျက်ရည်တွေ ဝေ့သီနေတဲ့ သူ့ရဲ့ မျက်ဝန်းနဲ့တင် ပြည့်စုံနေခဲ့ပြီးသားပါပဲ ။

" အရင်အတိုင်းပဲနော် ... ကိုယ်မြင်လိုက်တိုင်းမှာ မင်းက နတ်သားလေး ဖြစ်နေတုန်းပဲ "

ဟျောင်းန်က သူ့မျက်ရည်တွေကို လက်မနဲ့ ဖိသုတ်ပေးရင်း ပြောတယ် ။ အအေးဒဏ်ကြောင့်ရော ရုတ်တရက် ငိုမိတဲ့ အရှိန်ကြောင့်ပါ ချက်ချင်း နီရဲတက်လာတဲ့ နှာခေါင်းလေးကတော့ တရှုံ့ရှုံ့ ။

" လုံလုံခြုံခြုံ မဝတ်ဘဲ ဒီလိုတွေ လျှောက်သွားပြီး ဖျားမှာစိုးရိမ်လို့ ကိုယ်ပြန်လာခဲ့တာလေ ။ ချမ်းနေသေးလား ? နောက်တစ်မိနစ်လောက် ထပ်ပြီး ကိုယ့်ကို ဖက်ထားသေးလို့ ရတယ်နော် ။ လူတွေ မရှိတော့ဘူး "

" အွန်း "

မက်သရူးက ခရစ်စမတ်မှာ မတောင်းဘဲ ပြည့်တဲ့ ဆုတောင်းတွေထက် အဖြစ်ချင်ဆုံး ဆန္ဒက မျက်စိရှေ့မှာ အကောင်အထည်ပေါ်လာတာကို ပိုပြီးသဘောကျတယ် ။ သူ့အတွက် အကောင်းစား ခရစ်စမတ်လက်ဆောင်တွေ မလိုအပ်ဘူး ။ သူစိမ်းတွေဆီက ကြားရတဲ့ ဆုမွန်ကောင်းတွေကိုလည်း ဘေးပို့ထားလို့ ရခဲ့ပြီ ။

ဟျောင်းန်က ဘယ်လိုလုပ်ပြီး ပြန်လာခဲ့သလဲ ။ ဘယ်အချိန်ကတည်းက ဒီလို ကြိုတွေးထားခဲ့သလဲ ။ ပြီးတော့ ဒီတစ်ခေါက် ပြန်လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ စတဲ့ အမေးအမြန်းတွေကို နှင်းပုံအောက်မှာ ဖိသိမ်းထားလိုက်ပါတယ် ။ ခရစ်စမတ်ရဲ့ ညတာက ရှည်ကြာဦးမှာပါ ။
အခုချိန်မှာတော့ သူ့ရဲ့ အတိုင်းအဆမရှိ ခုန်လှုပ်နေတဲ့ နှလုံးသားက ဘာကိုမှ မေးမြန်းဖို့ အားအင်မရှိသေး ။

" လမ်းမှာ တွေ့တာနဲ့ သိုးမွှေး ခေါင်းစွပ်လေး ဝယ်လာခဲ့တာ ။ ထင်တဲ့အတိုင်းပဲ ခေါင်းမှာ ဘာမှကို မဆောင်းထားဘူး "

ဟျောင်းန်ရဲ့ အလိုက်တသိ ဂရုစိုက်မှုတွေက ရေမြေခြားပြီးခဲ့တာတောင် အရင်အတိုင်း ရင်ခုန်စေတုန်းပါပဲ ။ နို့နှစ်ရောင် သိုးမွှေးခေါင်းစွပ်လေးက သူ့ခေါင်းပေါ် နေရာယူလာပြီးတဲ့အခါ ဟျောင်းန်ဆီက ကြားရတဲ့ ရယ်သံဖွဖွကလေးက ခပ်လှမ်းလှမ်းက ကြားနေရတဲ့ Jingle Bell သံတွေထက်တောင် သာယာသေးတယ် ။

အခုအချိန်မှာ မက်သရူးရဲ့ ပုံစံက မျက်ရည်တွေနဲ့ရော ရှုပ်ပွနေပြီး သနားစရာကောင်းတဲ့ ပုံစံဖြစ်နေလောက်မလား မသိပေမဲ့ အရူးတစ်ယောက်လို ဘာစကားမှ မပြောနိုင်ဘဲ ဟျောင်းန်ရဲ့ မျက်နှာကို အသေးစိတ် ငေးကြည့်မိနေတာ ။

မတွေ့ရတဲ့ အတောအတွင်းမှာ ဟျောင်းန်ရဲ့ မျက်နှာက ပိုပြီးချောလာတဲ့ အပြစ်ကိုပဲ ရှာတွေ့သလိုပဲ ။ မပြောင်းလဲတဲ့ လေးလေးနက်နက်အကြည့်ကတော့ သူ့ရဲ့ ဒူးတွေကို ညွှတ်ကျအောင် စွမ်းဆောင်နိုင်တုန်းပဲ ။

" ကျွန်တော်နဲ့ တစ်နေရာကို လိုက်ခဲ့ပေးမလား "

သေးငယ်တဲ့ မျှော်လင့်ချက်ကလေး ဆိုပေမဲ့လည်း အကယ်၍များ သူ့ဘေးနား ဟျောင်းန်ရှိနေခဲ့ရင် သေချာပေါက် သွားချင်တဲ့ နေရာလေး တစ်ခုရှိတာမို့ အခု ဟျောင်းန်က ခရစ်စမတ် အံ့ဖွယ်လိုမျိုး သူရှေ့ကို ရောက်ချလာခဲ့တဲ့အတွက် အကောင်အထည်ဖော်ဖို့ ကြိုးစားလိုက်တယ် ။

ဆိုင်က အပြန်နဲ့ မတူဘဲ မက်သရူး အနားမှာ ဟျောင်းန်က နေရာယူလာခဲ့ပြီမို့ သူ့ရဲ့ ခြေလှမ်းတွေက နှင်းပုံပေါ် ဖိနင်းနေရတာတောင်မှ သွက်လက်နေဆဲ ။ မြဲမြဲတွဲထားတဲ့ ဟျောင်းန်လက်ကို အပူအပင်မရှိတဲ့ ကလေးငယ်တစ်ယောက်လို ရှေ့နောက် လွှဲပစ်ရင်း ခရစ်စမတ်ညရဲ့ အရသာကို အပြည့်အဝ ခံစားမိတယ် ။

သူလုပ်သမျှကို မြတ်နိုးမှု အပြည့်နဲ့ စောင့်ကြည့်နေတဲ့ ဟျောင်းန်ရှိရုံနေနဲ့တင် ဒီညရဲ့ အနှစ်သာရက ထူးထူးခြားခြား ပြည့်ဝနေရတယ် ။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ တိတ်တခိုး ဆန္ဒလေးကို ရသမျှနည်းသုံးပြီး ဖြည့်စည်းပေးတဲ့ ဟျောင်းန်ရဲ့ အလိုက်သိမှုကိုလည်း လေးလေးနက်နက် ကျေးဇူးတင်မိရတာ ။ ထုတ်မပြောဖြစ်ပေမဲ့ နှစ်ယောက်သားရဲ့ ခရစ်စမတ်ဆုတောင်းလေးက ထပ်တူကျနေမယ်ဆိုတာ အထင်းသား ။

ကြီးမားတဲ့ jingle bell ပုံစံတွေ ၊ ဆန်တာနဲ့ သူ့ရဲ့ ခရစ်စမတ်လက်ဆောင်တွေ အပြည့်တင်ထားတဲ့ စွပ်ဖားလှည်းကြီးတွေ ၊ gingerbread man ပုံစံဖော်ထားတဲ့ အပြင်အဆင်တွေက ကြီးမားစွာနဲ့ လမ်းမကြီး တောက်လျှောက်မှာ နေရာယူထားကြတယ် ။ နားထဲကို ပျံ့လွင့်လာတဲ့ ခရစ်စမတ် သီချင်းသံတွေနဲ့ ခေါင်းလောင်းသံတွေက မက်သရူးကို ပျော်သထက် ပျော်အောင် ဖန်တီးပေးနေသလို ။

လှပတဲ့ နေ့ရက်တွေမှာ ဟျောင်းန်သာမရှိရင် မက်သရူးရဲ့နှလုံးသားက ကြေကွဲရလောက်ပါတယ် ။ ဒီလို ရင်သပ်ရှုမောစရာ နယူးယော့ခ်ရဲ့ ခရစ်စမတ်ညခင်းကို တစ်ကိုယ်တည်း ဖြတ်သန်းရဖို့က သိပ်ကို နှမျောစရာကောင်းလွန်းလှလို့ပါပဲ ။

ဟျောင်းန်က မီးရောင်တွေနဲ့ ပြည့်နှက်နေတဲ့ လမ်းတောက်လျှောက်ကိုတောင် သိပ်အာရုံမစိုက် ။ ကလေးတစ်ယောက်လို အပူအပင်မရှိ ပျော်မြူးနေတဲ့ မက်သရူးရဲ့ မျက်နှာကသာ သူ့အတွက် ပျော်ရွှင်စရာ ပွဲတော်တစ်ခုလေးဖြစ်နေခဲ့တာ ။

" ရောက်ပြီ ... ဟျောင်းန်နဲ့ အတူတူ စကိတ်စီးချင်ခဲ့တာလေ ... စီးမယ်မလားဟင် ... နော် "

မက်သရူးက နှင်းလျှော စကိတ်စီးတဲ့ ကွင်းပြင်ရှေ့ရောက်တော့ ဟျောင်းန်ကို အသည်းအသန် ပူဆာတယ် ။ ဟျောင်းန်က သူ့ဆန္ဒဆိုရင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဖြည့်စည်းပေးမှာ သိပေမဲ့ မတွေ့ရတဲ့ အချိန်အတောအတွင်းမှာ သူ့ရဲ့ ချွဲနွဲ့တတ်တဲ့ ကလေးစိတ်ဒီရေက ပိုလို့တောင် တိုးလာရသေးတာ ။

" ကျွန်တော်နဲ့ တူတူ စီးမှာမလားလို့ ... "

ဟျောင်းန်က သူ့ကို စချင်တယ် ထင်ပါတယ် ။ ခေါင်းခါပြလိုက်တော့ မက်သရူးက စူစူပုပ်ပုပ်နဲ့ ကွင်းထဲကို တစ်ယောက်တည်းဝင်သွားဖို့ လုပ်တယ် ။

" နေပါဦး ... baby "

" လွှတ် ... ကျွန်တော့် ဘာသာပဲ သွားစီးတော့မယ် "

ဟျောင်းန်က မက်သရူးရဲ့ လက်ကောက်ဝတ်ကနေ မပြင်းတဲ့အားနဲ့ အနားကို ပြန်ဆွဲယူလိုက်တော့ စိတ်ကောက်ချင်ဟန်ဆောင်တဲ့ သူကပဲ ဖြေလျှော့ပေးရတော့တာ ။

" ကိုယ်ရောက်တာ တစ်နာရီတောင် မပြည့်သေးဘူး ။ ကိုယ့်ကို နှိပ်စက်ဖို့ ကြိုးစားတော့မှာလား "

" ဟျောင်းန်မှ မလိုက်ချင်တာကို "

မက်သရူးက မျက်နှာကို တစ်ဖက်မှာ လွှဲထားရင်း အသံပိစိလေးနဲ့ ပြောတယ် ။ တကယ်က ဘာမှ ကြီးတဲ့ ကိစ္စမဟုတ်ပေမဲ့ ဟျောင်းန် အရေးတယူနဲ့ ပြန်ချော့တာကို ခံချင်တယ် ။ ဟျောင်းန်ရဲ့ အာရုံစိုက်မှုက သူ့ဆီမှာပဲ ကျရောက်နေတာကို သဘောကျတယ် ။ ဝေးကွာခဲ့ရတဲ့ နေ့ရက်တွေအတွက် အတိုးချပြီး ဆိုးခွင့်ရှိတယ်လို့ ထင်မိတာပဲ ။

" Baby ဒီကိုကြည့် ... ကိုယ်မှားတာမို့ စိတ်ကောက်ပြေပါတော့နော် "

ဟျောင်းန်က တစ်ဖက်ကိုလွှဲထားတဲ့ သူ့ရဲ့ အအေးဒဏ်ကြောင့် ပန်းနုရောင်လွှမ်းနေတဲ့ ပါးလေးနှစ်ဖက်ကို အုပ်ကိုင်ရင်း အကြည့်ချင်းဆုံစေတယ် ။ ပြီးတော့ သူမျှော်လင့်ထားသလိုပဲ မျက်နှာအနှံ့မှာ နှင်းမှုန်တွေအစား နေရာယူလာတဲ့ ဟျောင်းန်ရဲ့ အနမ်းဖွဖွလေးတွေကြား ချိုချိုသာသာ ရယ်မိတယ် ။

" လက်ဖျားတွေပါ အေးနေတာမို့ လက်ဖျားတွေကိုပါ နမ်းပေး "

မက်သရူးက မကြည်တဲ့ အကြည့်နဲ့ ကြည့်ပြီး ဟျောင်းန်ရှေ့ကို နီရဲနေတဲ့ လက်ဖျားထိပ်လေးတွေကို ထိုးပေးတယ် ။ အလိုက်သိတဲ့ ဟျောင်းန်က သူ့ရဲ့ လက်ချောင်းနုနုလေးတွေကို ဖွဖွဆွဲယူပြီး လက်ခုံကနေတစ်ဆင့် အေးစက်နေတဲ့ လက်ဆစ်လေးတွေအပြင် တစ်နေကုန် အလုပ်များထားရတဲ့ လက်ဖျားထိပ်ကလေးတွေကိုပါ တတိတိ အနမ်းခြွေတယ် ။

ကျေနပ်သွားတော့မှပဲ မက်သရူးက စကိတ်စီးဖိနပ် နှစ်စုံကို ယူပြီး စကိတ်ကွင်းထဲ ဝင်လာခဲ့တော့တယ် ။ ခရမ်းရင့်ရောင် မီးမှိန်မှိန်အောက်မှာ များပြားတဲ့ လူတွေက လွင့်ပျံ့နေတဲ့ သီချင်းသံ အေးအေးငြိမ့်ငြိမ့်ကြား စကိတ်စီးနေကြလေရဲ့ ။ ကွင်းရဲ့ အဆုံးမှာတော့ ပေအတော်မြင့်တဲ့ မီးရောင်စုံနဲ့ အလှဆင်ထားတဲ့ ခရစ်စမတ်သစ်ပင်ကြီးရှိတယ် ။

နှစ်ယောက်လုံး ကျွမ်းကျွမ်းကျင်ကျင် စီးတတ်ကြတာမို့ နှင်းမှုန်တွေကြား ဖြည်းဖြည်းချင်းပဲ စကိတ်စီးနေတဲ့ သူတို့ နှစ်ဦးရဲ့ ပုံရိပ်က ခရစ်စမတ်နဲ့ လိုက်ဖက်လျက်ပဲ ။

" ကိုယ် ဒီနေ့ပြန်မလာဖို့ မဆုံးဖြတ်ခဲ့မိရင် နောင်တရမိမယ်ထင်တယ် "

ဟျောင်းန်က သူ့ရဲ့ ခါးကို ခပ်ဖွဖွလေး ဖက်ထားရင်း စကားစတယ် ။ ခရမ်းရောင်မီးရဲ့ အထောက်အပံ့ကြောင့် သူမြင်ရတဲ့ ဟျောင်းန်ရဲ့ အကြည့်တွေက အခုချိန်မှာမှ ပိုပြီး လေးနက်နေသလိုပဲ ။

" ဟျောင်းန်မလာခဲ့ရင် ကျွန်တော်လည်း သိပ်ပြီး ဝမ်းနည်းရမယ်ထင်တယ် "

" ဒီနေ့လေ ကျွန်တော် ဟျောင်းန်ကို သတိရလို့ ဆိုင်က ခရစ်စမတ်သစ်ပင်မှာ jinger bread cookie ကို ချိတ်ပြီး ဆုတောင်းခဲ့သေးတာ ။ အဲ့တာက တကယ်ပဲ ဆုတောင်းပြည့်တာပဲ "

" ဟုတ်လား ? "

" ဘယ်လို စကားကြီးလဲ ? ဟျောင်းန်တကယ်ပဲ ကျွန်တော့်ရှေ့ ရောက်လာခဲ့တာပဲလေ "

သူ့ကို တမင်သက်သက်စနေတဲ့ ဟျောင်းန်ရင်ဘတ်ကို လက်ညှိုးနဲ့ တွန်းရင်း မကျေမနပ်နဲ့ ပြောမိတယ် ။ ဒီလူကြီး ဒီနေ့ ဘာဖြစ်နေတာပါလိမ့်နော် ။

" ကိုယ်နောက်နှစ်တွေ ပြန်လာလို့ မရလောက်တော့ဘူး "

တဖြည်းဖြည်းနဲ့ ခရစ်စမတ်သစ်ပင်အောက် ရောက်လာပြီးနောက် ဟျောင်းန်ပြောလိုက်တဲ့ စကားကြောင့် ပျက်ကျသွားမိတဲ့ မျက်နှာကို ဟန်ဆောင်ထိန်းလို့ မရခဲ့ဘူး ။

" ဒါဆို ကျွန်တော့်ရဲ့ gingerbread ဆုတောင်းက မဖြစ်လာနိုင်တော့ဘူးပေါ့ "

မက်သရူးရဲ့ မျက်ဝန်းတွေထဲမှာ ဝမ်းနည်းမှု နှင်းမှုန်တွေ တဖွဲဖွဲ ကျဆင်းနေတယ် ။ မဟုတ်မှ လွဲရော ဟျောင်းန် ဒီတစ်ခေါက် ပြန်လာတာက သူ့ကို လမ်းခွဲစကားပြောဖို့ နောက်ဆုံးအကြိမ် လာတွေ့တဲ့ သဘောလား ။

ဟျောင်းန်ပခုံးကို ကိုင်ထားတဲ့ သူ့လက်တွေကို ဖြုတ်ချမိတယ် ။ ဝေးကွာတဲ့ နိုင်ငံနှစ်ခုက ချစ်သူနှစ်ဦးရဲ့ အဆုံးသတ်က ဒီလို လမ်းခွဲခြင်းပဲလား ။ ဟျောင်းန်က အခုနေများ သူ့ကို လမ်းခွဲစကားပြောခဲ့ရင်ရော ဘယ်လိုလုပ်ရပါ့မလဲ ။ ဟျောင်းန်နဲ့ အသွားချင်ဆုံး ဒီနေရာမှာ ထိုင်ပြီး ချုံးပွဲချ ငိုလိုက်ရတော့မှာလား ။

" ဟျောင်းန် ... လမ်းခွဲချင်လည်း အဆင်ပြေပါတယ် ကျွန်တော် ... ခံစားရမှာဆိုပေမဲ့ ... အဆင်ပြေသွားမှာပါ ... ဟျောင်းန်ဘဝကို မပိတ်ပင်ချင်ဘူး ... "

" ဘာတွေပြောနေတာလဲ အရူးလေး "

ချက်ချင်း မျက်ရည်တွေ ဝေ့သီလာတဲ့ သူ့မျက်လုံးကတော့ အဆင်ပြေမနေဘူးဆိုတာ ထင်ထင်ရှားရှားပါပဲ ။ ဟျောင်းန်ကတော့ ဝမ်းသာနေတဲ့ပုံ ။ မျက်ဝန်းထဲ ပြုံးရိပ်တွေတောင် ပေါ်လို့ ။

" ကိုယ်က ဒီကို အပြီးပြောင်းလာပြီမို့ ပြန်လာစရာ မလိုတော့ဘူးလေ "

" ဘယ်လို ? "

" ကိုယ်ပြောတာက မင်းကို ယူဖို့အထိ စဉ်းစားထားတာမို့ မင်းနဲ့ ထပ်ပြီး မခွဲနိုင်တော့ဘူးလို့ "

ဟျောင်းန်ရဲ့ အသံက ဘေးပတ်ဝန်ကျင်ကိုပါ စိမ့်ဝင်သွားတယ် ။ ဒါဆို မက်သရူးဘာသာ တစ်ဦးတည်း ဒရာမာတွေခင်းပြီး မျက်ရည်ဝဲနေမိတာပေါ့လေ ။

" တကယ်လား ... နောက်ရင် သတ်ပစ်မှာ "

မက်သရူးက လက်သီးရွယ်ပြရင်း ခြိမ်းခြောက်တော့ ဟျောင်းန်က ရယ်ပဲရယ်နေတယ် ။ ပြီးမှ မက်သရူးရဲ့ မျက်ရည်တွေနဲ့ ပြည့်နှက်နေတဲ့ မျက်လုံး လှလှလေးတွေကို ငုံ့နမ်းရင်း ကတိပေးတော့တာ ။

" ကိုယ် မင်းအနားကလွဲပြီး ဘယ်မှာမှ မနေနိုင်ဘူး ။ မင်းမရှိတဲ့ ခရစ်စမတ်ကလည်း အလကားပဲ ။ ကိုယ့်အတွက်တော့ မင်းနဲ့ကိုယ် ပေါင်းစည်းမှ ခရစ်စမတ်က ပိုအဓိပ္ပာယ်ရှိတာ ။ မင်းနဲ့အတူ ပိတ်ရက်တွေ ၊ ပွဲတော်တွေ ၊ ပျော်ရွှင်မှုတွေကို အတူမျှဝေချင်ပြီး အဆင်မပြေတဲ့နေ့တွေ ၊ ဝမ်းနည်းရတဲ့ အခိုက်အတန့်တိုင်းမှာ အားအင်ဖြစ်ပေးချင်တယ် ။ "

" ကျွန်တော့်ကို ချစ်တယ်မလား ဟျောင်းန် ... "

ဟျောင်းန်က ခေါင်းညိတ်ပြရင်း မက်သရူးရဲ့ လက်ကလေးတွေကို ဆွဲယူတယ် ။ ကွင်းထဲမှာ လူပေါင်းများစွာနဲ့ ရှုပ်နေပေမဲ့ သူတို့နှစ်ဦးအတွက်တော့ သီးသန့်ကမ္ဘာတစ်ခု ဖြစ်တည်နေသလိုပါပဲ ။

" ဒါဆို Mistletoe တွေအောက်မှာ နမ်းပါ "

ပေပေါင်းများစွာ မြင့်မားတဲ့ ခရစ်စမတ်သစ်ပင်အောက်မှာ မက်သရူး လက်ခံရရှိခဲ့တာကတော့ ဟျောင်းန်ဆီက ပြင်းရှရှ အနမ်းတစ်ခုပါပဲ ။ ရင်ဖိုစရာ ချိုမြတဲ့ နှုတ်ခမ်းတစ်စုံက မက်သရူးအတွက် ဒီနှစ်ရဲ့ အကောင်းဆုံး ခရစ်စမတ်လက်ဆောင်လေးဖြစ်ခဲ့ပါတော့တယ် ။

🎄

" အိမ်ပြန်ရင် Home alone ကြည့်ပြီး Christmas tree ကိုလည်း အလှဆင်မယ်နော် ။ ကျွန်တော်တစ်ယောက်တည်းမို့ လုပ်ချင်စိတ် မရှိဘူးဖြစ်နေတာ "

" Home alone ပဲ ကြည့်မှာလား ? ကိုယ့်ကိုရော မကြည့်ဘူးလား ? "

" ဟျောင်းန်ကို တစ်ညလုံးကြည့်မယ်ဗျာ ။ ဟုတ်ပြီလား "

" Gingerbread cookie ကိုပါ ထည့်ပြီး အလှဆင်ရမယ် "

" ဪ ဒါနဲ့ ... Christmas tree ပေါ်မှာ gingerbread cookie ကို ချိတ်ပြီး ဆုတောင်းရင် တကယ်ပြည့်တယ်ဆိုတဲ့ အယူအဆက ကိုရီးယားမှာ နာမည်ကြီးတာလား ? ဒီမှာ မသိကြလို့လေ  "

" မဟုတ်ပါဘူး ။ ကိုယ်လျှောက်ပြောခဲ့တာ ။ ကလေးလေး တစ်ယောက်ကတော့ တကယ်ထင်ပြီး အတည်တွေ ဆုတောင်းခဲ့တာလေ "

" ဘာလဲကွာ ... ကျွန်တော်ကတော့ တကယ်ထင်ပြီး နှစ်နှစ်လုံးလုံး ဆုတောင်းခဲ့တာ ... ဟျောင်းန် တကယ်မကောင်းတာပဲ "

" တကယ်လည်း ဆုတောင်းပြည့်တာပဲ မဟုတ်ဘူးလား "

" မသိဘူးဗျာ "

မက်သရူးရဲ့ ဆုတောင်းတွေ ပြည့်ခဲ့တာလား ဒါမှမဟုတ် တိုက်ဆိုင်မှု သက်သက်ကလေးပဲလား ဆိုတာကိုတော့ သော့ပိတ်ထားတဲ့ cafe ဆိုင်ကလေးထဲက ခရစ်စမတ်သစ်ပင်ပေါ်မှာ ချိတ်ဆွဲထားတဲ့ gingerbread cookie လေးကသာ သိနိုင်တော့မှာ ဖြစ်ပါတယ် ~


🎄 THE END 🎄


Merry Christmas ပါရှင် ဂျီအွန်းဟျောင်းန်ရဲ့ မင်းနဲ့ငါ ပေါင်းရင် Merry Christmas လို့ပြောတာလေးကို စိတ်ကူးပေါက်ပြီး ညချင်းတွင်းထရေးဖြစ်တာလေးမို့ သဘောကျမယ်လို့ မျှော်လင့်ပါတယ် 🩷 Have a holly jolly Christmas everyone 🎄

Gingerbread cookie

Continue Reading

You'll Also Like

485K 66.1K 78
🌻 " ΰΆ…ΰΆ±ΰ·”ΰΆšΰ·Š ΰΆ…ΰΆΊΰ·’ΰΆΊΰ·š " "...................." " ΰΆ…ΰΆ±ΰ·”ΰΆšΰ·Š ΰΆ…ΰΆΊΰ·’ΰΆΊΰ·š " ΰΆΆΰ·ƒΰ·Š ΰΆ‘ΰΆšΰ·š ΰΆ’ΰΆ±ΰ·šΰΆ½ΰ·™ΰΆ±ΰ·Š ΰΆ‘ΰΆ΄ΰ·’ΰΆ§ ΰΆΆΰΆ½ΰ·ΰΆœΰ·™ΰΆ± ΰΆ‹ΰΆ±ΰ·ŠΰΆ± ࢸࢱ් ΰΆœΰ·ΰ·ƒΰ·Šΰ·ƒΰ·”ΰΆ±ΰ·™ ΰΆ‘ΰΆΊΰ·ΰΆœΰ·™ ΰ·ƒΰ·”ΰ·…ΰ·ΰΆœΰ·’ΰΆ½ΰ·ŠΰΆ½ ࢸ࢜ේ ΰ·ƒΰ·”ΰ·…ΰ·ΰΆœΰ·’ΰΆ½ΰ·ŠΰΆ½ ΰ·€ΰΆ§ΰ·š ΰΆ‘ΰΆ­ΰ·™ΰΆ±ΰΆšΰ·œΰΆ§...
59.2K 4.6K 62
αž•αŸ‚αž“αžŠαžΈαž€αŸ’αžšαž‘αžΆαž”αŸ‹αž…αžΆαž€αŸ‹ αž˜αž“αž»αžŸαŸ’αžŸαžŸαŸ’αž’αžΈαžαžΆαŸ†αž„αž–αžΈαž€αŸ†αž›αŸ„αŸ‡αž˜αž€αžŠαž›αŸ‹αž–αŸ„αŸ‡αž˜αŸ‰αžΆαž™αž€αžΌαž“αž”αŸ’αžšαžΆαŸ†αž αžΎαž™ αžšαž€αž”αŸ’αžšαž–αž“αŸ’αž’αž‡αžΆαž”αŸ‹αž›αžΆαž”αŸ‹αž“αž·αž„αž‚αŸαŸ‘αž€αŸαž‚αŸ’αž˜αžΆαž“ αž˜αž·αž“αž˜αŸ‚αž“αž›αŸ‚αž„αž›αŸ‡αž‘αŸ…αž―αžŽαžΆαž‘αŸ αž‚αžΊαž–αž½αž€αž‚αŸαž“αž·αž„αžŸαŸ’αž›αžΆαž”αŸ‹αžŠαŸ„αž™αž‚αŸ’αž˜αžΆαž“αž˜αžΌαž›αž αŸαžαž»αž“αŸ…αžŠαŸ‚αž›...
63.6K 8.7K 34
ApΓ³s a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da regiΓ£o do Caribe, Mon assume como capitΓ£ do navio Concorde. Bem qu...
35.1K 5.3K 37
"αž αž„αŸ’αžŸαž˜αŸ‚αž“αž‘αŸ?β€‹αžαŸ’αžšαžΉαž˜αžαŸ‚αž˜αž½αž™αž”αŸ‰αž”αŸ’αžšαž·αž…αž—αŸ’αž“αŸ‚αž€αž™αžΎαž„αž“αžΉαž„αž’αŸ’αžœαžΎαž’αŸ„αž™αž αž„αŸ’αžŸαž˜αž½αž™αž“αŸ„αŸ‡αž”αžΆαž€αŸ‹αžŸαŸ’αž›αžΆαž” αž αžΎαž™αž αž„αŸ’αžŸαžŠαŸαžŸαŸ’αžšαžŸαŸ‹αžŸαŸ’αž’αžΆαžαž“αŸ„αŸ‡αžαŸ’αžšαžΌαžœαžŸαŸ’αžαž·αžαž€αŸ’αž“αž»αž„αž€αž˜αŸ’αž˜αžŸαž·αž‘αŸ’αž’αž™αžΎαž„αž˜αŸ’αž“αžΆαž€αŸ‹αž‚αžαŸ‹"αž‡αž»αž„αž αŸ’αž‚αž»αž€ "αž™αžΎαž„αžŠαžΉαž„αž–αžΈαž’αŸ’αžœαžΈαž‘...