ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့က...

By PannKhattWaiio

127K 17.2K 562

fun translation not my own More

မိတ်ဆက် မိတ္ဆက္
၂အဆက်
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
သတိပေးချက်
၁၈
၁၉
၂၀
၂၁
tele
၂၂
၂၃
၂၄
Let's try
ss
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂+၃၃
၃၄+၃၅
၃၆
၃၇+၃၈
၃၉+၄၀
၄၁
၄၂
၄၃
၄၄
၄၅
၄၆+၄၇
၄၈+၄၉
၅၂..၅၃
၅၄.၅၅.၅၆
၅၇..၅၈
၅၉.၆၀
၆၁ ၆၂

၅၀+၅၁

1.1K 196 6
By PannKhattWaiio


အပိုင်း ၅၀

မြင်ကွင်းက အလွန်လှသည်။ အရည်အသွေးမြင့် ကင်မရာဖြင့် ဖမ်းယူရိုက်ကူးလိုက်မိသည့် ဓာတ်ပုံဆိုလျင် ပို၍ပင် လှသေးသည်။

ထိုအချိန်တွင် ဖျော်ဖြေမှုကလည်း ပြီးဆုံးသွားပြီဖြစ်သဖြင့် ကျိုင်ရှင်းချန်က မျက်နှာဖုံးကို ပြန်ချွတ်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာက ကျိုင်ရှင်းချန်ကို အနီးကပ် ရိုက်နေသည်။ သူ၏ မျက်နှာတွင် ချွေးနည်းနည်းပြန်နေပြီး မျက်ဝန်းထောင့်နားမှ အနီရောင် မိတ်ကပ်က အရည်လဲ့နေသည်။ သို့သော် သူက ပို၍ တင့်တယ်ပြီး ဆွဲဆောင်မှု ပြင်းသွားသေးသည်။

စင်မြင့်ပေါ်ရှိ မီးတိုင်းကို ဖွင့်လိုက်သောအခါ ဟော့ချန်းကမ တ်တပ်ထရပ်သည်။ထို့နောက် ဟူရင်းနှင့် သွမ့်ရီဟွားက ထရပ်သည်။

“ ဟူရင်းရဲ့ မျက်လုံးကိုကြည့်”
ဇာတ်ညွှန်းရေး ဆရာ လျိုက အော်သည်။

ဟူရင်းက ဦးဆောင်ကာ လက်ခုပ်တီးသည်။ သူက မထိန်းနိုင်တော့ဘဲ အော်လိုက်သည်။
“ ကျိုင်ရှင်းချန်”

ကျိုင်ရှင်းချန်က ကြည့်ကောင်းပြီး ခန္ဓာကိုယ်လှသည်။ ကျိုင်ရှင်းချန်က ကသည့်အချိန်တိုင်း ကြည့်ကောင်းနေလောက်ကြောင်း သူ အမြဲ တွေးဖူးသည်။ သို့သော် ထိုမျှအထိ ဖြစ်နေမည်ဟု မမျော်လင့်ခဲ့မိချေ။

သူ အစက တွေးမိတာတော့ ကျိုင်ရှင်းချန်ရဲ့ အကစတိုင်က နူးညံ့လောက်မယ်လ ို့ပေါ့လေ… ဒါကြောင့် သူက ပိုပြီး နာမည်ကြီးသွားနိုင်တယ်…. ဆိုတာလောက်ပဲ
Gender neutralဖြစ်စေတဲ့အထိ လှနေမယ်လို့ မထင်ထားမိဘူး

သူတောင်မှ ဒီလိုအလှမျိုးကြောင့် တကယ် အံ့သြသွားရတယ်။အစပထမပိုင်းက မြင်သာတဲ့ အကအပြည့်အစုံထက် ဒုတိယပိုင်းက အမတတစ်ပါးလို အကမျိုးကို ပိုကြိုက်တယ်။လှုပ်ရှားမှုတိုင်းက လှနေလွန်းလို့ သူတောင် အော်ဟစ်မိတော့မတတ်ပဲ

ကျိုင်ရှင်းချန်ရဲ့ လက်တွေက တအားဖြူ၊တအားသွယ်၊ တအားကြည့်ကောင်းကြောင်း သူ မသိခဲ့၇တာလဲ

ကျိုင်ရှင်းချန်ရဲ့ ခါးက အမေးဇင်းဖြစ်စေတဲ့အကြောင်း သူ ဘာလို့ မသိခဲ့ရတာလဲ…..

ဘာလို့ သူရဲ့ ခြေထောက်တွေက ဒီလောက်အထိ..မဟုတ်သေးဘူး သူ့မှာ ပြိုင်ဘက်ကင်း ခြေထောက်တစ်စုံ ရှိတာ ငါ သိတယ်

“ အား…အား..အား…အား…အား…”
ဟူရင်းက စိတ်မထိန်းနိုင်တော့ဘဲ ခြေထောက်ဆောင့်ကာ ခုန်သည်။

ဟော့ချန်းက ရယ်သည်။ သူ၏ အကြည့်က စင်ပေါ်ရှိ ကျိုင်ရှင်းချန်ထံတွင်သာ မြဲမြံနေသည်။ ရယ်မောပြီးနောက် သူ၏ အမူအယာက လေးနက်သွားသည်။ သူ၏ အကြည့်က လူအများကိုပင ်စားသောက်ပစ်နိုင်သည်။
ကျိုင်ရှင်းချန်၏ အကက လှသည်ဟု ထင်ရုံတင်မကဘဲ ကနေသော ကျိုင်ရှင်းချန်က ပို၍ပင် လှလွန်းသည်ဟု ခံစားရစိတ်က ပိုသည်။

သူ့အနေနှင့် ကျိုင်ရှင်းချန်၏ အကကို ပထမဆုံးအကြိ မမြင်ဖူးခြင်းဖြစ်သည်။ သို့သော် အကကိုမူ အခြားလူများ ကပြခြင်းအား ကြည့်ဖူးလေသည်။အခြားလူများ ကသည့်မြင်ကွင်းကို မြင်သည့်အခါ လှသည်ဆိုရုံလောက်သာ ခံစားရပြီး ကျိုင်ရှင်းချန်က ကသောအခါ ထိုအလှကြောင့် လှုံ့ဆော်ခံံရသည်အထိ မှော်ဆန်သည်။

ဥပမာအနေနဲ့… ကျိုင်ရှင်းချန်က ခြေထောက်တစ်ဖက် မြောက်တယ်…. သူက အမှီအခိုကင်းကင်းနဲ့ ခြေထောက်ကို ပြန်လည် ပွေ့ဖက်တယ်….နောက် ခြေထောက် နှစ်ချောင်းလုံးကို တဖြောင့်တည်းဖြစ်တဲ့အထိ ဆန့်လိုက်တယ်….. အဲဒိလို အခြေအနေမျိုးတွေမှာ သူ တအားကို စိတ်လှုပ်ရှားလာတယ.်

ကျိုင်ရှင်းချန်ရဲ့ တကိုယ်လုံးကို ထွေးပွေ့ပြီး ဖက်လိုက်ချင်တဲ့အထိ….

သွမ့်ရီဟွားက နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ပိတ်ထားသည်။ သို့သော ်သူ၏ မျက်ဝန်းထဲတွင် ကျိုင်ရှင်းချန်က ပေးသော အလင်းရောင်များဖြင့်သာ ပြည့်နေသည်။ သူ၏ ရင့်ကျက်ကာ ချောမောသော မျက်နှာက စိတ်လှုပ်ရှားမှုကြောင့်ရဲတက်လာသည်။ သူက ချွေးထွက်နေသည်ဟု ခံစားရသဖြင့် ဦးထုပ်ချွတ်ကာ ဆံပင်ကို ခါသည်။

ဝမ်နော့ကမူ ပို၍ ငိုချင်သွားသည်။ ကျိုင်ရှင်းချန်က ကောင်းမွန်လွန်းသည်ဟုခ ံစားရသည်။

အရင်က သူ ကျိုင်ရှင်းချန်နဲ့ တွေ့တဲ့အခါ အမြဲတမ်းလိုလို အိမ်မှာရှိနေတဲ့အချိန်တွေပဲ ဖြစ်နေခဲ့တယ်။ သူက ဘေးအိမ်က စိတ်ထားကောင်းတဲ့ အစ်ကိုကြီးတစ်ယောက်လို၊ ချက်ပြုတ်ရတာကို သဘောကျတယ်၊ လေထုကို ပေါ့ပါးအောင် လုပ်ပေးနိုင်တယ်။ ဒီလူတွေက တစ်ယောက်ထဲပဲလို့ ထင်နေခဲ့တာ ဒီနေ့ သူ့ကို စင်ပေါ်မှာ တွေ့လိုက်ရတော့မှ သူ သိတဲ့ ကျိုင်ရှင်းချန်က နာမည်အတိုင်း ကောင်းကင်က ကြယ်ပွင့်လေးဆိုတာကို သိလိုက်ရတယ်။ သူက အပြာအနီသင်္ကေတက လူတိုင်းထက် တောက်ပတယ်

လူတိုင်းထက် တောက်ပလွန်းတာများ မျက်စိတောင် ကျိမ်းမတတ်ပဲ

ယန်ကျစ်နှင့်ဖေးရွှီက ကျိုင်ရှင်းချန်ကိုသာ စိုက်ကြည့်နေကြသည်။

ကျိုင်ရှင်းချန်တစ်ယောက်ပဲ… သူ တစ်ယောက်ထဲကပဲ… ငါရဲ့နှလုံးသား… ငါရဲ့မျက်လုံးကို အပြည့်အ၀ နေရာယူနိုင်တာ

“ သူတိုရဲ့မျက်နှာတွေကို အနီးကပ် ဆွဲရိုက်ကြ”

မှန်ဘီလူးထဲတွင်ယန်ကျစ်၏ မျက်လုံးကို မျက်မှန်က ကာထားသည်။ ဖေးရွှီ၏ မျက်လုံးက တစ်နေရာကိုသာ အာရုံအပြည့်စိုက်ထားပြီးေ နွးထွေးမှု အပြည့်ရှိနေသည်။ သူကဲ့သို့ ကင်မရာကို ဆန်းဆန်းတင့် ဖြစ်သော လူမျိုးကပင် ကင်မရာများ၏ တည်ရှိမှုကို မေ့၍သွားသည်။

“ အချစ်မျက်ဝန်းတွေ”

လူတိုင်းကမတ်တပ်ထရပ်ပြီး လက်ခုပ်တီးသည်။ စင်ပေါ်တွင် ကျိုင်ရှင်းချန်က ဘယ်ညာမှ သူငယ်ချင်းများကို ပွေ့ဖက်သည်။ထို့နောက် စင်ပေါ်တွင် ရပ်ကာ လူတိုင်းကို ဦးညွှတ်ပြီး ကျေးဇူးတင်ကြောင်း ပြောသည်။

ထိုအခိုက် ပထမတန်းမှ ဟော့ချန်းတို့ကို မြင်လိုက်ရသည်။

မဖြစ်နိုင်တာ… သူတို့ရဲ့ အရပ်ကို မေ့ထားရင်တောင် သူတို့ရဲ့ ထူးခြားတဲ့ အရှိန်အဝါနဲ့ ရုပ်ရည်က သတိမထားမိဖို့ ခက်တယ်

သူက အကကိုသာ အာရုံစိုက်ထားခဲ့သဖြင့် သတိထား မကြည့်မိခဲ့ချေ။

သူက တခဏခန့် ကြောင်သွားပြီးနောက် လက်ရမ်းပြကာ နှုတ်ဆက်လိုက်သည်။

“ ငါတို့ ဘာဆက်လုပ်ရမှာလဲ.. အကုန်ပြီးတဲ့အထိ ဆက်ကြည့်ရမှာလား.. ဒါမှမဟုတ် ထလို့ရပြီလား”
ဟူရင်းက စိုးရိမ်တကြီး မေးသည်။

လင်းချင်နင်တို့က ပြန်ထိုင်လိုက်ကြပြီဖြစ်သည်။

ထိုနေရာကိုပင် ရောက်နေပြီဖြစ်သဖြင့် ဆက်ကြည့်ပေးမှသာ ကျုံးဝူနှင့် ကျောင်းသူကျောင်းသားများအပေါ် လေးစားရာ ရောက်ပေလိမ့်မည်။သူတို့ကသာ ယခုလိုအချိန်မျိုးတွင် ထွက်သွားကြလျင် ပရိုဂရမ်အဖွဲ့ကလည်းထ ွက်သွားပေလိမ့်မည်။ ထိုအခါ ပွဲအပေါ် သက်ရောက်မှုရှိသွားနိုင်သည်။

“ ခဏနေမှ သွားကြမယ်၊ အချိန်ကျရင် သတိပေးမှာပါ”
ပရိုဂရမ်အဖွဲ့က ပြောသည်။

နောက်လာသည့် ဖျော်ဖြေမှုကလည်းအ ံ့အားသင့်ကလည်း လှပသည်။

သရုပ်ဆောင်များက မည်မျှလှလှ၊ သူတို့၏ အကစွမ်းရည်က မည်မျှ ကောင်းကောင်း.. ထိုလူများက အခြားလူများ၏ အပိုင်လိုမျိုး သူတို့နှင့် သက်ဆိုင်ခြင်းမ ရှိချေ။

ဟူရင်းက ဆက်လက်ပြီး သည်းမခံနိုင်တော့ချေ။ သူက ခိုးပြီး ထရပ်ကာ ကုန်းကာ ချော်ထွက်သွားသည်။

ဖေးရွှီ၊ ယန်ကျစ်၊ ဟော့ချန်းတို့အားလုံးက ခိုးထွက်သွားသည့် ဟူရင်းကို ခေါင်းလှည့်ကြည့်ကြသည်။သူတို့၏ အကြည့်က အလွန်အမင်း တင်းမာနေသည်။

ပြောရရင် သူတို့လည်း တော်တော်လေးကို အလျင်လိုနေပြီ

ဒါပေမဲ့ သူတို့က သွားလို့မရဘူး

ဟူရင်းက စင်နောက်ဘက်ကို ပြေးသွားတာကိုပဲ ကြည့်နေရတယ်

ဟူရင်း၏ နှလုံးသားတစ်ခုလုံးက ပူနွေးနေသည်။ သူက လူရှုပ်ထွေးနေသည့် စင်အနောက်ကို ဖြတ်လျှောက်ရင်း လူအုပ်ထဲမှ ကျိုင်ရှင်းချန်ကို လိုက်ရှာသည်။

သို့သော် သူက ထိုနေရာနှင့်မ ရင်းနှီးသောကြောင့် မည်သည့်နေရာသို့ သွားသင့်ကြောင်းလည်း မသိပေ။

“ ကျောင်းသား အခုလေးတင ်ဘုရင်လန်လင်းကို ဖျော်ဖြေသွားတဲ့ ကျိုင်ရှင်းချန်က ဘယ်မှာလဲ သိလား”
ဟူရင်းက ကျောင်းသားတစ်ယောက်ကို လှမ်းမေးလိုက်သည်။

“ အတန်းဖော်ရေ..”

Dancerက ထိုအခါမှ အသိဝင်သွားသည်။သူက ရှက်ရွံကနေသော မျက်နှာထားနှင့် ဖြေသည်။
“ ဟိုမှာပါ”

“ ကျေးဇူးပါ”

ဟူရင်းက လမ်းညွှန်လိုက်သော နေရာသို့သွားသည်။ ဟူရင်းက တံခါးကို ဖြတ်ပြီး ကြီးမားသော အခန်းထဲသို့ ဝင်သည်။အခန်းထဲတွင် လူအပြည့်ရှိနေသည်။ အားလုံးကလည်း တက်ကြွကာ မျော်လင့်စောင့်စားနေကြသည်။

ဆရာကျိုးက ကျိုင်ရှင်းချန်ကို စိတ်လှုပ်ရှားစွာ စကားပြောနေသည်။
“ မင်း အခု တည်ငြိမ်သွားပြီး အရင် ရီဟာဇယ်တွေထက် ပိုကောင်းတယ်။ မင်း ထိတ်လန့်နေမှာကိုတောင် ငါက စိုးရိမ်နေတာ၊ ဒါကြောင့် မပြောရဲခဲ့ဘူး။ ဒီရှိုးက တီဗွီမှာ ပါလိမ့်မယ်”

တီဗွီတွင် ပါမည့်အကြောင်း ကြားသည့်အခါ အားလုံးက စိတ်လှုပ်ရှားသွားကြသည်။

“ ကျိုင်ရှင်းချန်”

ကျိုင်ရှင်းချန်က လှည့်ကြည့်သောအခါ သူ့ဆီ စိတ်လှုပ်ရှားစွာ အပြေးလာသည့် ဟူရင်းကို တွေ့လိုက်ရသည်။

ဟူရင်းက အလွန်လှသဖြင့် အနားရှိ အတန်းဖော်တိုင်းက သူ့ကို လှည့်ကြည့်လိုက်ကြသည်။

“ မင်း ကတာ အရမ်းကောင်းတယ်”
ဟူရင်းက ဆက်လက်ပြီး ချီးကျူးသည်။

“ ကတာ ကောင်းလွန်းလို့ ငါ ဘယ်လိုု ပြော၇မလဲတောင် မသိတော့ဘူး”

လူကြီးမင်းကျိုးက သူ့ကို အပြုံးတစ်ခုနှင့်အတူ ကြည့်လာသဖြင့် ကျိုင်ရှင်းချန်ကလည်း ခပ်မြန်မြန် မိတ်ဆက်ပေးလိုက်သည်။

“ ဒါက ကျွန်တော်ပါတဲ့ အစီအစဉ်က ဧည့်သည်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဟူရင်းပါ။ ဟူရင်း ဒါက ကျွန်တော်ရဲ့ ဆရာကျိုးပါ”

ဟူရင်းက ချက်ချင်းလိုလို အပြုအမူကောင်းပိုင်သော လူကြီးလူကောင်းတစ်ယောက်လို နှုတ်ဆက်သည်။
“ ဆရာကျိုး”
အပိုင်း ၅၁

ဆရာကျိုးက အပြုံးနှင့်ပြောသည်။
“ မြန်မြန်လေး အဝတ်အစားလဲတော့ သူတို့တွေ မင်းကို စောင့်နေလောက်တယ်”

လူက အလွန်များနေသောကြောင့် အခန်း၏ အလယ်ကို လိုက်ကာတပ်ထားသည်။လိုက်ကာ၏ အနောက်တွင် အဝတ်လဲနိုင်သည်။ဟူရင်းက လိုက်ကာရှေ့တွင် ရပ်ပြီး ဆက်ပြောနေသည်။

“ မင်း ကတတ်မှန်း ငါ သိပြီးသားပါ။ ဒါပေမဲ့ ဒီလောက်အထိ ကောင်းကောင်း ကနိုင်မယ်လို့ မထင်ထားဘူး။ ငါ ပြောပါရစေဦး ငါလေ အရင်က အကဒရာမာတွေ အများကြီး ကြည့်ဖူးတယ်။ဒါပေမဲ့  မင်းလောက်တောင် ကြည့်မကောင်းဘူး”

ကျိုင်ရှင်းချန်နှင့်အတူ အဝတ်အစားလဲနေသော အတန်းဖော်များက ထိုစကားကို ကြားသောအခါ ရယ်ကြသည်။

ဟူရင်း၏ ချီးကျူးစကားကြောင့် ကျိုင်ရှင်းချန်က ရှက်သွားသည်။
“ မင်းက အမြင်တမျိုးနဲ့ ကြည့်လို့ပါ၊ ငါထက် အကတော်တဲ့ အတန်းဖော်တွေ အများကြီးပါပဲ”

“ မင်းထက် အကတော်တဲ့လူ နည်းနည်းတော့ ရှိတာတော့ ရှိပါတယ်။ ဒါပေမဲ့ မင်းထက် တော်တဲ့သူတွေ အများကြီးမ ရှိဘူးလေ”

“ ကောက မျက်နှာကို ကြည့်နေတာ”

ကျိုင်ရှင်းချန်က ရယ်ရင်း ဟန်ဖူကို ခေါင်းပေါ် ကျော်အောင်မြောက်ပြီး ချွတ်သည်။ ထိုအခါ အောက်မှ အဖြူစွပ်စွပ် စွပ်ကျယ်က ပေါ်လာသည်။

သူ၏ suitက ပေါ့ပါးသော်လည်း အထပ်ထပ်ခံနေသေးသည်။ကထားသောကြောင့် ချွေးထွက်နေသဖြင့် စွပ်ကျယ်ကလည်း စိုနေသည်။ထိုကြောင့် စွပ်ကျယ်ကိုလည်း ချွတ်ရသည်။ဟူရင်းက အထဲသို့ လှမ်းကြည့်သည်။

“ မင်းရဲ့ ဗိုက်ကြွက်သားတွေက ထင်းလိုက်တာ”

ရင်ဘတ်တွင်လည်း ကြွက်သားများရှိသည်။ လူငယ်ကောင်လေးများ၏ ချပ်ကပ်နေသော အကြောင်းလေးများက အလွန်လှသည်။

ဟူရင်း၏နှလုံးသားက နွေးသွားသည်။ သူက ကျိုင်ရှင်းချန်၏ မျက်နှာကို ပြန်ကြည့်လိုက်သည်။ သူ၏ မျက်နနှာတွင် မိတ်ကပ်ရှိနေသေးသည်။ မျက်ခုံးက ရဲနေပြီးအနည်းငယ် ကော့တက်နေသည်။ထိုအခိုက် သူက မျက်လုံးကို အောက်သို့ အနည်းငယ် ရွေ့လိုက်သည်။
ချောတာအပြင် နည်းနည်းလေးတောင် ပုံမှန်ထက် ပိုပြီးတောက်ပလို့ ဆွဲဆောင်မှုတွေ အပြည့်ပဲ

ဒီအတိုင်း… လှတယ်

ကျိုင်ရှင်းချန်က အမြဲတမ်း ကြည်လင်ရှင်းသန့်နေတာ.. ဒါပေမဲ့ ဒီမိတ်ကပ်နဲ့ကျ ဒီလိုဖြစ်သွားမယ်လို့ မထင်ထားဘူး
တကယ်ကို သူ့ကိုတောင် လွှမ်းမိုးနိုင်တယ်

ကျိုင်ရှင်းချန်က သူ၏ ပုံမှန်အဝတ်အစားများ လဲဝတ်ပြီးနောက် ချွတ်လိုက်သော အဝတ်များကို လက်ကိုင်အိမ်ထဲ ထည့်ကာ လိုက်ကာနောက်မှ ထွက်လာသည်။

“ ကျန်တဲ့လူတွေရော ဘယ်မှာလဲ”

“ ရှိုးဆက်ကြည့်နေတယ်”
ဟူရင်းက ပြောသည်။
“ ငါက ခိုးထွက်လာတာ”

“ ဒါဆို ကျွန်တော်တို့ အတူသွားကြည့်သင့်လား ဒါမှမဟုတ် အပြင်မှာ စောင့်မှာလား”
ကျိုင်ရှင်းချန်က မေးသည်။

ဟူရင်း:” ပြန်သွားရအောင်.. အချိန်က တစ်နာရီကျော်တောင် လိုနေသေးတာလေ။ နောက်ပီး ပရိုဂရမ်အဖွဲ့ကလည်း အဲဒီမှာပဲ ရှိနေတယ်။အ ခု ထွက်သွားရင် မင်းရဲ့ရှိုးအပေါ် သက်ရောက်မှုှရိလိမ့်မယ်”

ကျိုင်ရှင်းချန်:” ဒါတောင် မင်းက ထွက်လာသေးတယ်ပေါ့”

“မင်းနဲ့ တွေ့ဖို့ မစောင့်နိုင်တော့လို့ပေါ့၊ မင်း ငါရဲ့ အသားကုန်အော်ဟစ်နေတဲ့ အသံကြီး မကြားဘူးလား”

“ သွားရအောင်”
ကျိုင်ရှင်းချန်က ရယ်နေသည်။

အခန်းက လူများလွန်းပြီး ဆူညံနေသည်။ တစ်ယောက်ယောက်က ဝင်တိုက်လာသည့်အခါ ကျိုင်ရှင်းချန်က လက်ဆန့်ထုတ်ပြီး ဟူရင်းကို ကာကွယ်သည်။ ဟူရင်းက တခဏခန့် ကြောင်သွားသည်။ သူ၏ အကြည့်က ကျိုင်ရှင်းချန်၏ ဘေးတစောင်းမျက်နှာပေါ် ရောက်သွားသည်။ ကျိုင်ရှင်းချန်ကမူ ဝင်တိုက်သည့် အတန်းဖော်ကိုသာ ကြည့်ကာ ပြောသည်။

“ သတိထား”

ဟူရင်းက မျက်လွှာချလိုက်သည်။ထို့နောက် ခေါင်းတခါ ထပ်မော့ပြီး ကျိုင်ရှင်းချန်ကို ကြည့်သည့်အခါ သူ၏ နှလုံးသားက ပူသထက် ပူပြင်းလာသည်။

ကျိုင်ရှင်းချန်က တစ်သမား… တစ်တောင်မှ သူကိုယ်တိုင်က အထင်သေးခဲ့တဲ့ တစ်။ ဒီကိစ္စကို အခုလောက်အထိ ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ဖူးဘူး။ သူရဲ့နှလုံးသားထဲမှာ ကျိုင်ရှင်းချန်ရဲ့ ပုံရိပ်က ပြည့်နေပြီ

ဟော့ချန်းက မျက်ခုံးပင့်သည်။ ဟော့ချန်းသည် ြိငမ်ငြိမ်မထိုင်နိုင်သည်အထိ ဘေးကိုသာ ဆက်တိုက် အကြည့်ပို့နေမိလေသည်။

အခု သူရဲ့ကိုု်ယ်ထဲမှာ ခံစားချက်တွေ အပြည့်ပဲ။ ဒါပေမဲ့ ကျိုင်ရှင်းချန်ကလွဲပြီး အခြားဘာမှမရှိဘူး

ဟူရင်းက ဘာတွေ လုပ်နေလောက်မလဲ
ဟူရင်းက တစ် ဖြစ်နိုင်လား..
သို့သော် ဟူရင်း၏ တက်ကြွသည့် ခပ်ကြမ်းကြမ်း အမူအယာကို သတိရသည့်အခါ စိုးရိမ်စိတ် ပြင်းထန်လာသည်။

သူက အလျင်လိုဟန်ဖြင့် ခြေထောက်ကိုပင် လှုပ်နေမိသည်။

အနားရှိ သွမ့်ရီဟွားက သတိထားမိပြီး လှည့်ကြည့်လာသည်။ ထိုအခိုက် ဟော့ချန်းက ခပ်မတ်မတ် ပြင်ထိုင်လိုက်ကြောင်း တွေ့ရသည်။ ဟော့ချန်း၏ မျက်ဝန်းများက အလင်းများ လက်လာသည်။

သွမ့်ရီဟွားက လှည့်ကြည့်လိုက်သောအခါ ကုပ်ချောင်းကုပ်ချောင်းအနေအထားဖြင့် ဝင်လာနေကြသည့် ကျိုင်ရှင်းချန်နှင့် ဟူရင်းကို တွေ့လိုက်ရသည်။

ရှိနေကြသော ခြောက်ယောက်လုံးက ထိုနှစ်ယောက်ကို တန်းမြင်လိုက်ကြသည်။ သူတို့၏မျက်ခုံးကို ကျော်ကာ တောက်ပနေသည့် ခရမ်းနီရောင်အလင်းကြောင့် သူတို့၏မျက်နှာကို ေ၀ဝါးသော အမှောင်အရိပ်အဖြစ် ပြောင်းစေသည်။

ထိုအခိုက် ပေါ်ထွက်လာသော အရှိန်အဝါထဲတွင် ပြင်းပြမှုနှင့် စိတ်ဆန္ဒများ ရောနေသည်။

ဟူရင်းက သူ့ခုံသူဝင်ထိုင်သည်။

ကျိုင်ရှင်းချန်က ယန်ကျစ်၏ အနားတွင် ဝင်ထိုင်သည်။

[ကျိုင်ရှင်းချန် ပြန်လာပြီ]

[အလှလေးကျိုင် ပြန်လာပြီ]

[ဒါ အခုလေးတင် ကသွားတဲ့ တစ်ယောက် မဟုတ်လား.. သောက်ကျိုးနည်း အခုလို တီရှပ်အဖြူလေး ဝတ်ထားတာက ပိုတောင် ချောသွားတယ်လို့ ဘာလို့ ခံစားနေရတာလဲ]

[သူ လှမှန်း ငါ သိပေမဲ့ သူရဲ့ အလင်းရောင်ကိုတော့ ဒီညမှ မြင်ဖူးတာ]

ကျျိုင်ရှင်းချန်က ခါးတွင် အတွန့်များပါသော တီရှပ်အဖြူနှင့် ဂျင်းကို ပြောင်းဝတ်ထားသဖြင့် သူ၏ အချိုးကျသော ကိုယ်ကို ပို၍ ကောင်းကောင်း ပြနိုင်သွားသည်။ ရိုးရှင်းလွန်းသော လူငယ်ဆန်သည့် အဝတ်များသာဝတ်ထားသည့်တိုင် စင်မြင့် အနီရောင် မိတ်ကပ်က မျက်နှာတွင် ရှိနေသေးသဖြင့် ခေတ်သစ်နှင့် ရှေးဟောင်း ဆွဲဆောင်မှုတို့ ပေါင်းစပ်ထားသလို ဖြစ်သွားသည့်အပြင် အကသမားတစ်ယောက်၏ စိတ်နေသဘောထားက သည်အတိုင်း ထိုင်နေရုံနှင့် ပို၍ပင် ထူးထွက်နေတော့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာ ရှိနေကြပုံစံတွေထက် အများကြီး အမေးဇင်းဖြစ်နေသေးတယ်

အပိုင္း ၅၀

ျမင္ကြင္းက အလြန္လွသည္။ အရည္အေသြးျမင့္ ကင္မရာျဖင့္ ဖမ္းယူရိုက္ကူးလိုက္မိသည့္ ဓာတ္ပုံဆိုလ်င္ ပို၍ပင္ လွေသးသည္။

ထိုအခ်ိန္တြင္ ေဖ်ာ္ေျဖမႈကလည္း ၿပီးဆုံးသြားၿပီျဖစ္သျဖင့္ က်ိဳင္ရွင္းခ်န္က မ်က္ႏွာဖုံးကို ျပန္ခြၽတ္လိုက္သည္။

တိုက္ရိုက္ထုတ္လႊင့္မႈ ကင္မရာက က်ိဳင္ရွင္းခ်န္ကို အနီးကပ္ ရိုက္ေနသည္။ သူ၏ မ်က္ႏွာတြင္ ေခြၽးနည္းနည္းျပန္ေနၿပီး မ်က္ဝန္းေထာင့္နားမွ အနီေရာင္ မိတ္ကပ္က အရည္လဲ့ေနသည္။ သို႔ေသာ္ သူက ပို၍ တင့္တယ္ၿပီး ဆြဲေဆာင္မႈ ျပင္းသြားေသးသည္။

စင္ျမင့္ေပၚရွိ မီးတိုင္းကို ဖြင့္လိုက္ေသာအခါ ေဟာ့ခ်န္းကမ တ္တပ္ထရပ္သည္။ထို႔ေနာက္ ဟူရင္းႏွင့္ သြမ့္ရီဟြားက ထရပ္သည္။

“ ဟူရင္းရဲ႕ မ်က္လုံးကိုၾကည့္”
ဇာတ္ၫႊန္းေရး ဆရာ လ်ိဳက ေအာ္သည္။

ဟူရင္းက ဦးေဆာင္ကာ လက္ခုပ္တီးသည္။ သူက မထိန္းနိုင္ေတာ့ဘဲ ေအာ္လိုက္သည္။
“ က်ိဳင္ရွင္းခ်န္”

က်ိဳင္ရွင္းခ်န္က ၾကည့္ေကာင္းၿပီး ခႏၶာကိုယ္လွသည္။ က်ိဳင္ရွင္းခ်န္က ကသည့္အခ်ိန္တိုင္း ၾကည့္ေကာင္းေနေလာက္ေၾကာင္း သူ အၿမဲ ေတြးဖူးသည္။ သို႔ေသာ္ ထိုမွ်အထိ ျဖစ္ေနမည္ဟု မေမ်ာ္လင့္ခဲ့မိေခ်။

သူ အစက ေတြးမိတာေတာ့ က်ိဳင္ရွင္းခ်န္ရဲ႕ အကစတိုင္က ႏူးညံ့ေလာက္မယ္လ ို႔ေပါ့ေလ… ဒါေၾကာင့္ သူက ပိုၿပီး နာမည္ႀကီးသြားနိုင္တယ္…. ဆိုတာေလာက္ပဲ
Gender neutralျဖစ္ေစတဲ့အထိ လွေနမယ္လို႔ မထင္ထားမိဘူး

သူေတာင္မွ ဒီလိုအလွမ်ိဳးေၾကာင့္ တကယ္ အံ့ၾသသြားရတယ္။အစပထမပိုင္းက ျမင္သာတဲ့ အကအျပည့္အစုံထက္ ဒုတိယပိုင္းက အမတတစ္ပါးလို အကမ်ိဳးကို ပိုႀကိဳက္တယ္။လႈပ္ရွားမႈတိုင္းက လွေနလြန္းလို႔ သူေတာင္ ေအာ္ဟစ္မိေတာ့မတတ္ပဲ

က်ိဳင္ရွင္းခ်န္ရဲ႕ လက္ေတြက တအားျဖဴ၊တအားသြယ္၊ တအားၾကည့္ေကာင္းေၾကာင္း သူ မသိခဲ့၇တာလဲ

က်ိဳင္ရွင္းခ်န္ရဲ႕ ခါးက အေမးဇင္းျဖစ္ေစတဲ့အေၾကာင္း သူ ဘာလို႔ မသိခဲ့ရတာလဲ…..

ဘာလို႔ သူရဲ႕ ေျခေထာက္ေတြက ဒီေလာက္အထိ..မဟုတ္ေသးဘူး သူ႕မွာ ၿပိဳင္ဘက္ကင္း ေျခေထာက္တစ္စုံ ရွိတာ ငါ သိတယ္

“ အား…အား..အား…အား…အား…”
ဟူရင္းက စိတ္မထိန္းနိုင္ေတာ့ဘဲ ေျခေထာက္ေဆာင့္ကာ ခုန္သည္။

ေဟာ့ခ်န္းက ရယ္သည္။ သူ၏ အၾကည့္က စင္ေပၚရွိ က်ိဳင္ရွင္းခ်န္ထံတြင္သာ ၿမဲၿမံေနသည္။ ရယ္ေမာၿပီးေနာက္ သူ၏ အမူအယာက ေလးနက္သြားသည္။ သူ၏ အၾကည့္က လူအမ်ားကိုပင ္စားေသာက္ပစ္နိုင္သည္။
က်ိဳင္ရွင္းခ်န္၏ အကက လွသည္ဟု ထင္႐ုံတင္မကဘဲ ကေနေသာ က်ိဳင္ရွင္းခ်န္က ပို၍ပင္ လွလြန္းသည္ဟု ခံစားရစိတ္က ပိုသည္။

သူ႕အေနႏွင့္ က်ိဳင္ရွင္းခ်န္၏ အကကို ပထမဆုံးအႀကိ မျမင္ဖူးျခင္းျဖစ္သည္။ သို႔ေသာ္ အကကိုမူ အျခားလူမ်ား ကျပျခင္းအား ၾကည့္ဖူးေလသည္။အျခားလူမ်ား ကသည့္ျမင္ကြင္းကို ျမင္သည့္အခါ လွသည္ဆို႐ုံေလာက္သာ ခံစားရၿပီး က်ိဳင္ရွင္းခ်န္က ကေသာအခါ ထိုအလွေၾကာင့္ လႈံ႕ေဆာ္ခံံရသည္အထိ ေမွာ္ဆန္သည္။

ဥပမာအေနနဲ႕… က်ိဳင္ရွင္းခ်န္က ေျခေထာက္တစ္ဖက္ ေျမာက္တယ္…. သူက အမွီအခိုကင္းကင္းနဲ႕ ေျခေထာက္ကို ျပန္လည္ ေပြ႕ဖက္တယ္….ေနာက္ ေျခေထာက္ ႏွစ္ေခ်ာင္းလုံးကို တေျဖာင့္တည္းျဖစ္တဲ့အထိ ဆန႔္လိုက္တယ္….. အဲဒိလို အေျခအေနမ်ိဳးေတြမွာ သူ တအားကို စိတ္လႈပ္ရွားလာတယ.္

က်ိဳင္ရွင္းခ်န္ရဲ႕ တကိုယ္လုံးကို ေထြးေပြ႕ၿပီး ဖက္လိုက္ခ်င္တဲ့အထိ….

သြမ့္ရီဟြားက ႏႈတ္ခမ္းကို ခပ္တင္းတင္းေစ့ပိတ္ထားသည္။ သို႔ေသာ ္သူ၏ မ်က္ဝန္းထဲတြင္ က်ိဳင္ရွင္းခ်န္က ေပးေသာ အလင္းေရာင္မ်ားျဖင့္သာ ျပည့္ေနသည္။ သူ၏ ရင့္က်က္ကာ ေခ်ာေမာေသာ မ်က္ႏွာက စိတ္လႈပ္ရွားမႈေၾကာင့္ရဲတက္လာသည္။ သူက ေခြၽးထြက္ေနသည္ဟု ခံစားရသျဖင့္ ဦးထုပ္ခြၽတ္ကာ ဆံပင္ကို ခါသည္။

ဝမ္ေနာ့ကမူ ပို၍ ငိုခ်င္သြားသည္။ က်ိဳင္ရွင္းခ်န္က ေကာင္းမြန္လြန္းသည္ဟုခ ံစားရသည္။

အရင္က သူ က်ိဳင္ရွင္းခ်န္နဲ႕ ေတြ႕တဲ့အခါ အၿမဲတမ္းလိုလို အိမ္မွာရွိေနတဲ့အခ်ိန္ေတြပဲ ျဖစ္ေနခဲ့တယ္။ သူက ေဘးအိမ္က စိတ္ထားေကာင္းတဲ့ အစ္ကိုႀကီးတစ္ေယာက္လို၊ ခ်က္ျပဳတ္ရတာကို သေဘာက်တယ္၊ ေလထုကို ေပါ့ပါးေအာင္ လုပ္ေပးနိုင္တယ္။ ဒီလူေတြက တစ္ေယာက္ထဲပဲလို႔ ထင္ေနခဲ့တာ ဒီေန႕ သူ႕ကို စင္ေပၚမွာ ေတြ႕လိုက္ရေတာ့မွ သူ သိတဲ့ က်ိဳင္ရွင္းခ်န္က နာမည္အတိုင္း ေကာင္းကင္က ၾကယ္ပြင့္ေလးဆိုတာကို သိလိုက္ရတယ္။ သူက အျပာအနီသေကၤတက လူတိုင္းထက္ ေတာက္ပတယ္

လူတိုင္းထက္ ေတာက္ပလြန္းတာမ်ား မ်က္စိေတာင္ က်ိမ္းမတတ္ပဲ

ယန္က်စ္ႏွင့္ေဖး႐ႊီက က်ိဳင္ရွင္းခ်န္ကိုသာ စိုက္ၾကည့္ေနၾကသည္။

က်ိဳင္ရွင္းခ်န္တစ္ေယာက္ပဲ… သူ တစ္ေယာက္ထဲကပဲ… ငါရဲ႕ႏွလုံးသား… ငါရဲ႕မ်က္လုံးကို အျပည့္အ၀ ေနရာယူနိုင္တာ

“ သူတိုရဲ႕မ်က္ႏွာေတြကို အနီးကပ္ ဆြဲရိုက္ၾက”

မွန္ဘီလူးထဲတြင္ယန္က်စ္၏ မ်က္လုံးကို မ်က္မွန္က ကာထားသည္။ ေဖး႐ႊီ၏ မ်က္လုံးက တစ္ေနရာကိုသာ အာ႐ုံအျပည့္စိုက္ထားၿပီးေ ႏြးေထြးမႈ အျပည့္ရွိေနသည္။ သူကဲ့သို႔ ကင္မရာကို ဆန္းဆန္းတင့္ ျဖစ္ေသာ လူမ်ိဳးကပင္ ကင္မရာမ်ား၏ တည္ရွိမႈကို ေမ့၍သြားသည္။

“ အခ်စ္မ်က္ဝန္းေတြ”

လူတိုင္းကမတ္တပ္ထရပ္ၿပီး လက္ခုပ္တီးသည္။ စင္ေပၚတြင္ က်ိဳင္ရွင္းခ်န္က ဘယ္ညာမွ သူငယ္ခ်င္းမ်ားကို ေပြ႕ဖက္သည္။ထို႔ေနာက္ စင္ေပၚတြင္ ရပ္ကာ လူတိုင္းကို ဦးၫႊတ္ၿပီး ေက်းဇူးတင္ေၾကာင္း ေျပာသည္။

ထိုအခိုက္ ပထမတန္းမွ ေဟာ့ခ်န္းတို႔ကို ျမင္လိုက္ရသည္။

မျဖစ္နိုင္တာ… သူတို႔ရဲ႕ အရပ္ကို ေမ့ထားရင္ေတာင္ သူတို႔ရဲ႕ ထူးျခားတဲ့ အရွိန္အဝါနဲ႕ ႐ုပ္ရည္က သတိမထားမိဖို႔ ခက္တယ္

သူက အကကိုသာ အာ႐ုံစိုက္ထားခဲ့သျဖင့္ သတိထား မၾကည့္မိခဲ့ေခ်။

သူက တခဏခန႔္ ေၾကာင္သြားၿပီးေနာက္ လက္ရမ္းျပကာ ႏႈတ္ဆက္လိုက္သည္။

“ ငါတို႔ ဘာဆက္လုပ္ရမွာလဲ.. အကုန္ၿပီးတဲ့အထိ ဆက္ၾကည့္ရမွာလား.. ဒါမွမဟုတ္ ထလို႔ရၿပီလား”
ဟူရင္းက စိုးရိမ္တႀကီး ေမးသည္။

လင္းခ်င္နင္တို႔က ျပန္ထိုင္လိုက္ၾကၿပီျဖစ္သည္။

ထိုေနရာကိုပင္ ေရာက္ေနၿပီျဖစ္သျဖင့္ ဆက္ၾကည့္ေပးမွသာ က်ဳံးဝူႏွင့္ ေက်ာင္းသူေက်ာင္းသားမ်ားအေပၚ ေလးစားရာ ေရာက္ေပလိမ့္မည္။သူတို႔ကသာ ယခုလိုအခ်ိန္မ်ိဳးတြင္ ထြက္သြားၾကလ်င္ ပရိုဂရမ္အဖြဲ႕ကလည္းထ ြက္သြားေပလိမ့္မည္။ ထိုအခါ ပြဲအေပၚ သက္ေရာက္မႈရွိသြားနိုင္သည္။

“ ခဏေနမွ သြားၾကမယ္၊ အခ်ိန္က်ရင္ သတိေပးမွာပါ”
ပရိုဂရမ္အဖြဲ႕က ေျပာသည္။

ေနာက္လာသည့္ ေဖ်ာ္ေျဖမႈကလည္းအ ံ့အားသင့္ကလည္း လွပသည္။

သ႐ုပ္ေဆာင္မ်ားက မည္မွ်လွလွ၊ သူတို႔၏ အကစြမ္းရည္က မည္မွ် ေကာင္းေကာင္း.. ထိုလူမ်ားက အျခားလူမ်ား၏ အပိုင္လိုမ်ိဳး သူတို႔ႏွင့္ သက္ဆိုင္ျခင္းမ ရွိေခ်။

ဟူရင္းက ဆက္လက္ၿပီး သည္းမခံနိုင္ေတာ့ေခ်။ သူက ခိုးၿပီး ထရပ္ကာ ကုန္းကာ ေခ်ာ္ထြက္သြားသည္။

ေဖး႐ႊီ၊ ယန္က်စ္၊ ေဟာ့ခ်န္းတို႔အားလုံးက ခိုးထြက္သြားသည့္ ဟူရင္းကို ေခါင္းလွည့္ၾကည့္ၾကသည္။သူတို႔၏ အၾကည့္က အလြန္အမင္း တင္းမာေနသည္။

ေျပာရရင္ သူတို႔လည္း ေတာ္ေတာ္ေလးကို အလ်င္လိုေနၿပီ

ဒါေပမဲ့ သူတို႔က သြားလို႔မရဘူး

ဟူရင္းက စင္ေနာက္ဘက္ကို ေျပးသြားတာကိုပဲ ၾကည့္ေနရတယ္

ဟူရင္း၏ ႏွလုံးသားတစ္ခုလုံးက ပူေႏြးေနသည္။ သူက လူရႈပ္ေထြးေနသည့္ စင္အေနာက္ကို ျဖတ္ေလွ်ာက္ရင္း လူအုပ္ထဲမွ က်ိဳင္ရွင္းခ်န္ကို လိုက္ရွာသည္။

သို႔ေသာ္ သူက ထိုေနရာႏွင့္မ ရင္းႏွီးေသာေၾကာင့္ မည္သည့္ေနရာသို႔ သြားသင့္ေၾကာင္းလည္း မသိေပ။

“ ေက်ာင္းသား အခုေလးတင ္ဘုရင္လန္လင္းကို ေဖ်ာ္ေျဖသြားတဲ့ က်ိဳင္ရွင္းခ်န္က ဘယ္မွာလဲ သိလား”
ဟူရင္းက ေက်ာင္းသားတစ္ေယာက္ကို လွမ္းေမးလိုက္သည္။

“ အတန္းေဖာ္ေရ..”

Dancerက ထိုအခါမွ အသိဝင္သြားသည္။သူက ရွက္႐ြံကေနေသာ မ်က္ႏွာထားႏွင့္ ေျဖသည္။
“ ဟိုမွာပါ”

“ ေက်းဇူးပါ”

ဟူရင္းက လမ္းၫႊန္လိုက္ေသာ ေနရာသို႔သြားသည္။ ဟူရင္းက တံခါးကို ျဖတ္ၿပီး ႀကီးမားေသာ အခန္းထဲသို႔ ဝင္သည္။အခန္းထဲတြင္ လူအျပည့္ရွိေနသည္။ အားလုံးကလည္း တက္ႂကြကာ ေမ်ာ္လင့္ေစာင့္စားေနၾကသည္။

ဆရာက်ိဳးက က်ိဳင္ရွင္းခ်န္ကို စိတ္လႈပ္ရွားစြာ စကားေျပာေနသည္။
“ မင္း အခု တည္ၿငိမ္သြားၿပီး အရင္ ရီဟာဇယ္ေတြထက္ ပိုေကာင္းတယ္။ မင္း ထိတ္လန႔္ေနမွာကိုေတာင္ ငါက စိုးရိမ္ေနတာ၊ ဒါေၾကာင့္ မေျပာရဲခဲ့ဘူး။ ဒီရွိုးက တီဗြီမွာ ပါလိမ့္မယ္”

တီဗြီတြင္ ပါမည့္အေၾကာင္း ၾကားသည့္အခါ အားလုံးက စိတ္လႈပ္ရွားသြားၾကသည္။

“ က်ိဳင္ရွင္းခ်န္”

က်ိဳင္ရွင္းခ်န္က လွည့္ၾကည့္ေသာအခါ သူ႕ဆီ စိတ္လႈပ္ရွားစြာ အေျပးလာသည့္ ဟူရင္းကို ေတြ႕လိုက္ရသည္။

ဟူရင္းက အလြန္လွသျဖင့္ အနားရွိ အတန္းေဖာ္တိုင္းက သူ႕ကို လွည့္ၾကည့္လိုက္ၾကသည္။

“ မင္း ကတာ အရမ္းေကာင္းတယ္”
ဟူရင္းက ဆက္လက္ၿပီး ခ်ီးက်ဴးသည္။

“ ကတာ ေကာင္းလြန္းလို႔ ငါ ဘယ္လိုု ေျပာ၇မလဲေတာင္ မသိေတာ့ဘူး”

လူႀကီးမင္းက်ိဳးက သူ႕ကို အၿပဳံးတစ္ခုႏွင့္အတူ ၾကည့္လာသျဖင့္ က်ိဳင္ရွင္းခ်န္ကလည္း ခပ္ျမန္ျမန္ မိတ္ဆက္ေပးလိုက္သည္။

“ ဒါက ကြၽန္ေတာ္ပါတဲ့ အစီအစဥ္က ဧည့္သည္ေတြထဲက တစ္ေယာက္ျဖစ္တဲ့ ဟူရင္းပါ။ ဟူရင္း ဒါက ကြၽန္ေတာ္ရဲ႕ ဆရာက်ိဳးပါ”

ဟူရင္းက ခ်က္ခ်င္းလိုလို အျပဳအမူေကာင္းပိုင္ေသာ လူႀကီးလူေကာင္းတစ္ေယာက္လို ႏႈတ္ဆက္သည္။
“ ဆရာက်ိဳး”
အပိုင္း ၅၁

ဆရာက်ိဳးက အၿပဳံးႏွင့္ေျပာသည္။
“ ျမန္ျမန္ေလး အဝတ္အစားလဲေတာ့ သူတို႔ေတြ မင္းကို ေစာင့္ေနေလာက္တယ္”

လူက အလြန္မ်ားေနေသာေၾကာင့္ အခန္း၏ အလယ္ကို လိုက္ကာတပ္ထားသည္။လိုက္ကာ၏ အေနာက္တြင္ အဝတ္လဲနိုင္သည္။ဟူရင္းက လိုက္ကာေရွ႕တြင္ ရပ္ၿပီး ဆက္ေျပာေနသည္။

“ မင္း ကတတ္မွန္း ငါ သိၿပီးသားပါ။ ဒါေပမဲ့ ဒီေလာက္အထိ ေကာင္းေကာင္း ကနိုင္မယ္လို႔ မထင္ထားဘူး။ ငါ ေျပာပါရေစဦး ငါေလ အရင္က အကဒရာမာေတြ အမ်ားႀကီး ၾကည့္ဖူးတယ္။ဒါေပမဲ့  မင္းေလာက္ေတာင္ ၾကည့္မေကာင္းဘူး”

က်ိဳင္ရွင္းခ်န္ႏွင့္အတူ အဝတ္အစားလဲေနေသာ အတန္းေဖာ္မ်ားက ထိုစကားကို ၾကားေသာအခါ ရယ္ၾကသည္။

ဟူရင္း၏ ခ်ီးက်ဴးစကားေၾကာင့္ က်ိဳင္ရွင္းခ်န္က ရွက္သြားသည္။
“ မင္းက အျမင္တမ်ိဳးနဲ႕ ၾကည့္လို႔ပါ၊ ငါထက္ အကေတာ္တဲ့ အတန္းေဖာ္ေတြ အမ်ားႀကီးပါပဲ”

“ မင္းထက္ အကေတာ္တဲ့လူ နည္းနည္းေတာ့ ရွိတာေတာ့ ရွိပါတယ္။ ဒါေပမဲ့ မင္းထက္ ေတာ္တဲ့သူေတြ အမ်ားႀကီးမ ရွိဘူးေလ”

“ ေကာက မ်က္ႏွာကို ၾကည့္ေနတာ”

က်ိဳင္ရွင္းခ်န္က ရယ္ရင္း ဟန္ဖူကို ေခါင္းေပၚ ေက်ာ္ေအာင္ေျမာက္ၿပီး ခြၽတ္သည္။ ထိုအခါ ေအာက္မွ အျဖဴစြပ္စြပ္ စြပ္က်ယ္က ေပၚလာသည္။

သူ၏ suitက ေပါ့ပါးေသာ္လည္း အထပ္ထပ္ခံေနေသးသည္။ကထားေသာေၾကာင့္ ေခြၽးထြက္ေနသျဖင့္ စြပ္က်ယ္ကလည္း စိုေနသည္။ထိုေၾကာင့္ စြပ္က်ယ္ကိုလည္း ခြၽတ္ရသည္။ဟူရင္းက အထဲသို႔ လွမ္းၾကည့္သည္။

“ မင္းရဲ႕ ဗိုက္ႂကြက္သားေတြက ထင္းလိုက္တာ”

ရင္ဘတ္တြင္လည္း ႂကြက္သားမ်ားရွိသည္။ လူငယ္ေကာင္ေလးမ်ား၏ ခ်ပ္ကပ္ေနေသာ အေၾကာင္းေလးမ်ားက အလြန္လွသည္။

ဟူရင္း၏ႏွလုံးသားက ေႏြးသြားသည္။ သူက က်ိဳင္ရွင္းခ်န္၏ မ်က္ႏွာကို ျပန္ၾကည့္လိုက္သည္။ သူ၏ မ်က္နႏွာတြင္ မိတ္ကပ္ရွိေနေသးသည္။ မ်က္ခုံးက ရဲေနၿပီးအနည္းငယ္ ေကာ့တက္ေနသည္။ထိုအခိုက္ သူက မ်က္လုံးကို ေအာက္သို႔ အနည္းငယ္ ေ႐ြ႕လိုက္သည္။
ေခ်ာတာအျပင္ နည္းနည္းေလးေတာင္ ပုံမွန္ထက္ ပိုၿပီးေတာက္ပလို႔ ဆြဲေဆာင္မႈေတြ အျပည့္ပဲ

ဒီအတိုင္း… လွတယ္

က်ိဳင္ရွင္းခ်န္က အၿမဲတမ္း ၾကည္လင္ရွင္းသန႔္ေနတာ.. ဒါေပမဲ့ ဒီမိတ္ကပ္နဲ႕က် ဒီလိုျဖစ္သြားမယ္လို႔ မထင္ထားဘူး
တကယ္ကို သူ႕ကိုေတာင္ လႊမ္းမိုးနိုင္တယ္

က်ိဳင္ရွင္းခ်န္က သူ၏ ပုံမွန္အဝတ္အစားမ်ား လဲဝတ္ၿပီးေနာက္ ခြၽတ္လိုက္ေသာ အဝတ္မ်ားကို လက္ကိုင္အိမ္ထဲ ထည့္ကာ လိုက္ကာေနာက္မွ ထြက္လာသည္။

“ က်န္တဲ့လူေတြေရာ ဘယ္မွာလဲ”

“ ရွိုးဆက္ၾကည့္ေနတယ္”
ဟူရင္းက ေျပာသည္။
“ ငါက ခိုးထြက္လာတာ”

“ ဒါဆို ကြၽန္ေတာ္တို႔ အတူသြားၾကည့္သင့္လား ဒါမွမဟုတ္ အျပင္မွာ ေစာင့္မွာလား”
က်ိဳင္ရွင္းခ်န္က ေမးသည္။

ဟူရင္း:” ျပန္သြားရေအာင္.. အခ်ိန္က တစ္နာရီေက်ာ္ေတာင္ လိုေနေသးတာေလ။ ေနာက္ပီး ပရိုဂရမ္အဖြဲ႕ကလည္း အဲဒီမွာပဲ ရွိေနတယ္။အ ခု ထြက္သြားရင္ မင္းရဲ႕ရွိုးအေပၚ သက္ေရာက္မႈွရိလိမ့္မယ္”

က်ိဳင္ရွင္းခ်န္:” ဒါေတာင္ မင္းက ထြက္လာေသးတယ္ေပါ့”

“မင္းနဲ႕ ေတြ႕ဖို႔ မေစာင့္နိုင္ေတာ့လို႔ေပါ့၊ မင္း ငါရဲ႕ အသားကုန္ေအာ္ဟစ္ေနတဲ့ အသံႀကီး မၾကားဘူးလား”

“ သြားရေအာင္”
က်ိဳင္ရွင္းခ်န္က ရယ္ေနသည္။

အခန္းက လူမ်ားလြန္းၿပီး ဆူညံေနသည္။ တစ္ေယာက္ေယာက္က ဝင္တိုက္လာသည့္အခါ က်ိဳင္ရွင္းခ်န္က လက္ဆန႔္ထုတ္ၿပီး ဟူရင္းကို ကာကြယ္သည္။ ဟူရင္းက တခဏခန႔္ ေၾကာင္သြားသည္။ သူ၏ အၾကည့္က က်ိဳင္ရွင္းခ်န္၏ ေဘးတေစာင္းမ်က္ႏွာေပၚ ေရာက္သြားသည္။ က်ိဳင္ရွင္းခ်န္ကမူ ဝင္တိုက္သည့္ အတန္းေဖာ္ကိုသာ ၾကည့္ကာ ေျပာသည္။

“ သတိထား”

ဟူရင္းက မ်က္လႊာခ်လိဳက္သည္။ထို႔ေနာက္ ေခါင္းတခါ ထပ္ေမာ့ၿပီး က်ိဳင္ရွင္းခ်န္ကို ၾကည့္သည့္အခါ သူ၏ ႏွလုံးသားက ပူသထက္ ပူျပင္းလာသည္။

က်ိဳင္ရွင္းခ်န္က တစ္သမား… တစ္ေတာင္မွ သူကိုယ္တိုင္က အထင္ေသးခဲ့တဲ့ တစ္။ ဒီကိစၥကို အခုေလာက္အထိ ရွင္းရွင္းလင္းလင္း နားမလည္ခဲ့ဖူးဘူး။ သူရဲ႕ႏွလုံးသားထဲမွာ က်ိဳင္ရွင္းခ်န္ရဲ႕ ပုံရိပ္က ျပည့္ေနၿပီ

ေဟာ့ခ်န္းက မ်က္ခုံးပင့္သည္။ ေဟာ့ခ်န္းသည္ ျိငမ္ၿငိမ္မထိုင္နိုင္သည္အထိ ေဘးကိုသာ ဆက္တိုက္ အၾကည့္ပို႔ေနမိေလသည္။

အခု သူရဲ႕ကိုု္ယ္ထဲမွာ ခံစားခ်က္ေတြ အျပည့္ပဲ။ ဒါေပမဲ့ က်ိဳင္ရွင္းခ်န္ကလြဲၿပီး အျခားဘာမွမရွိဘူး

ဟူရင္းက ဘာေတြ လုပ္ေနေလာက္မလဲ
ဟူရင္းက တစ္ ျဖစ္နိုင္လား..
သို႔ေသာ္ ဟူရင္း၏ တက္ႂကြသည့္ ခပ္ၾကမ္းၾကမ္း အမူအယာကို သတိရသည့္အခါ စိုးရိမ္စိတ္ ျပင္းထန္လာသည္။

သူက အလ်င္လိုဟန္ျဖင့္ ေျခေထာက္ကိုပင္ လႈပ္ေနမိသည္။

အနားရွိ သြမ့္ရီဟြားက သတိထားမိၿပီး လွည့္ၾကည့္လာသည္။ ထိုအခိုက္ ေဟာ့ခ်န္းက ခပ္မတ္မတ္ ျပင္ထိုင္လိုက္ေၾကာင္း ေတြ႕ရသည္။ ေဟာ့ခ်န္း၏ မ်က္ဝန္းမ်ားက အလင္းမ်ား လက္လာသည္။

သြမ့္ရီဟြားက လွည့္ၾကည့္လိုက္ေသာအခါ ကုပ္ေခ်ာင္းကုပ္ေခ်ာင္းအေနအထားျဖင့္ ဝင္လာေနၾကသည့္ က်ိဳင္ရွင္းခ်န္ႏွင့္ ဟူရင္းကို ေတြ႕လိုက္ရသည္။

ရွိေနၾကေသာ ေျခာက္ေယာက္လုံးက ထိုႏွစ္ေယာက္ကို တန္းျမင္လိုက္ၾကသည္။ သူတို႔၏မ်က္ခုံးကို ေက်ာ္ကာ ေတာက္ပေနသည့္ ခရမ္းနီေရာင္အလင္းေၾကာင့္ သူတို႔၏မ်က္ႏွာကို ေ၀ဝါးေသာ အေမွာင္အရိပ္အျဖစ္ ေျပာင္းေစသည္။

ထိုအခိုက္ ေပၚထြက္လာေသာ အရွိန္အဝါထဲတြင္ ျပင္းျပမႈႏွင့္ စိတ္ဆႏၵမ်ား ေရာေနသည္။

ဟူရင္းက သူ႕ခုံသူဝင္ထိုင္သည္။

က်ိဳင္ရွင္းခ်န္က ယန္က်စ္၏ အနားတြင္ ဝင္ထိုင္သည္။

[က်ိဳင္ရွင္းခ်န္ ျပန္လာၿပီ]

[အလွေလးက်ိဳင္ ျပန္လာၿပီ]

[ဒါ အခုေလးတင္ ကသြားတဲ့ တစ္ေယာက္ မဟုတ္လား.. ေသာက္က်ိဳးနည္း အခုလို တီရွပ္အျဖဴေလး ဝတ္ထားတာက ပိုေတာင္ ေခ်ာသြားတယ္လို႔ ဘာလို႔ ခံစားေနရတာလဲ]

[သူ လွမွန္း ငါ သိေပမဲ့ သူရဲ႕ အလင္းေရာင္ကိုေတာ့ ဒီညမွ ျမင္ဖူးတာ]

က််ိဳင္ရွင္းခ်န္က ခါးတြင္ အတြန႔္မ်ားပါေသာ တီရွပ္အျဖဴႏွင့္ ဂ်င္းကို ေျပာင္းဝတ္ထားသျဖင့္ သူ၏ အခ်ိဳးက်ေသာ ကိုယ္ကို ပို၍ ေကာင္းေကာင္း ျပနိုင္သြားသည္။ ရိုးရွင္းလြန္းေသာ လူငယ္ဆန္သည့္ အဝတ္မ်ားသာဝတ္ထားသည့္တိုင္ စင္ျမင့္ အနီေရာင္ မိတ္ကပ္က မ်က္ႏွာတြင္ ရွိေနေသးသျဖင့္ ေခတ္သစ္ႏွင့္ ေရွးေဟာင္း ဆြဲေဆာင္မႈတို႔ ေပါင္းစပ္ထားသလို ျဖစ္သြားသည့္အျပင္ အကသမားတစ္ေယာက္၏ စိတ္ေနသေဘာထားက သည္အတိုင္း ထိုင္ေန႐ုံႏွင့္ ပို၍ပင္ ထူးထြက္ေနေတာ့သည္။

တိုက္ရိုက္ထုတ္လႊင့္မႈေတြမွာ ရွိေနၾကပုံစံေတြထက္ အမ်ားႀကီး အေမးဇင္းျဖစ္ေနေသးတယ္

Continue Reading

You'll Also Like

51.8M 1.6M 63
[#1 Teen Fiction | #1 in Romance] Bad boy Luke Dawson is stuck living with clumsy nobody Millie Ripley for the summer. When she ran over his most p...
190M 4.5M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
89.9M 2.9M 134
He was so close, his breath hit my lips. His eyes darted from my eyes to my lips. I stared intently, awaiting his next move. His lips fell near my ea...
48.7K 6K 11
||Completed|| Zawgyi: ကံအၿမဲဆိုးတဲ့ အျမႇောက္စာေလး Name: Cannon Fodder is Always Lucky E (炮灰总是幸运E) Original Author: Momo without Tea (陌陌不语茶) Total Ch...