A Triple Affair (Unforgotten...

By HsuMyatNoe336

345 27 0

Unforgetten Night side couple Original author - Yeonim I've already gotten permit form English translator. Fu... More

Intro
Ep-2
EP3
EP-4
Ep-5

Ep-1

83 3 0
By HsuMyatNoe336

"မင်းခွေးကောင်လေး ငါ့ကာဆီနိုထဲလာပြီး ကလိမ်ကကျင့်ကြရဲတယ်ပေါ့လေ?"
လူလျှောက်လမ်းအဆုံးမှာပိတ်မိနေတဲ့၁၇နှစ်အရွယ်ကောင်လေး‌ရှေ့မှာ လူသုံးယောက်နဲ့အတူရပ်နေတဲ့လူကပြောသည်။

"ဘာကိုကလိမ်ကကျင့်ကြတာလဲ? အဲ့ကောင်တွေဆော့တာကိုကညံ့တာလေ ကျွန်တော်ကလက်ကလေးတင်မိယုံလေးပဲဟာကို ဘာကိစ္စနဲ့ကျွန်တော့်ကိုလာစွပ်စွဲနေရတာလဲ?"
လူငယ်လေးကအကြောက်အရွံ့မရှိစွာပဲပြန်ပြောလေသည်။

"အစောင့်တွေက cctvကနေမင်းကိုမြင်တယ်ကွ မင်းအင်္ကျီလက်ထဲမှာ ကတ်ကိုဖွက်ထားတာကိုလေ"
အရပ်ရှည်ရှည်နဲ့လူကပြောလိုက်တော့ လူငယ်လေးကသူ့အင်္ကျီလက်ကိုလှန်တင်ပြလေသည်။

"ဘယ်မှာလဲ? ဘယ်မှာကျွန်တော်ဖွက်ထားလို့လဲ? ကြည့်ပါလား ဘာမှမှမရှိတာကို"
လူငယ်လေးကတထစ်ချပြန်ပြောသည်။

"ညီလေး မင်းထွက်ပြေးသွားတုန်းမင်းကလွှတ်ပစ်လိုက်တယ်လေ ဒါပေမဲ့ဒီမှာငါပြန်ကောက်လာတယ်ကွ"
နောက်လူတစ်ယောက်က သူ့လက်ထဲကကတ်ကိုထောင်ပြလေသည်။

"ခင်ဗျားတို့တွေကကျွန်တော့်ထက်တောင်ပိုလိမ္မာပြနေတာပဲ အကယ်၍ကျွန်တော်ကောင်းကောင်းကစားပြရင်လည်း ကျွန်တော့်ကိုလိမ်နေတာပဲလို့ပြောဦးမှာပဲမလား?"
လူငယ်လေးကအလျှော့မပေးပဲနဲ့ကို ငြင်းဆန်နေဆဲပင်ဖြစ်သည်။

"ငါတို့ကဘာအတွက်နဲ့မှအငြင်းမပွားချင်ဘူး မင်းဘာပြောပြောငါတို့ကဂရုစိုက်မှာမဟုတ်ဘူး ပိုက်ဆံတွေအကုန်လုံးကိုသာ ငါတို့ကိုပြန်ပေးစမ်းကွာ"
သက်လက်ပိုင်းအရွယ်လူတစ်ယောက်ကပြောလိုက်တာနဲ့ ကျန်လူသုံးယောက်ကပိုက်ဆံအတွက်လူငယ်လေးဆီပြေးလာလေသည်။

လူငယ်လေးလည်းအလွယ်တကူအလျှော့ပေးဖို့ကိုမတွေ့ရပဲ ပြန်ပြီးတော့တိုက်ခိုက်နေလေသည်။ ဘယ်လိုပဲသူတိုက်ခိုက်နေပါစေ လူငယ်လေးကသူတိုက်ခိုက်နေတဲ့လူလေးယောက်လိုမျိုးလူကောင်ကြီးမနေတာကြောင့် သူသေချာပြန်မတိုက်ခိုက်နိုင်ပေ။ သူတို့ထိုးကြိတ်ပြီးတော့အကန်ခံနေရတာကြောင့် တစ်ဖက်အဆောက်အဦးရဲ့ပြတင်းပေါက်ဘေးမှာမတ်တပ်ရပ်နေတဲ့လူက သူ့နောက်မှာမတ်တပ်ရပ်နေတဲ့လူဖက်ကိုလှည့်ပြီးစကားပြောလိုက်သည်။

"အောက်ဆင်းပြီးတော့အဲ့က‌လေးကိုငါ့ဆီခေါ်လာခဲ့"
ပြတ်သားတဲ့လေသံနဲ့ပြောလိုက်တာကြောင့် တစ်ဖက်လူလည်းအမိန့်ကိုလက်ခံပြီး သူ့ခေါင်းညိတ်ပြကာအခန်းထဲကထွက်လာလေသည်။

.........

.........

.........

ထိုးကြိတ်ပြီးကန်နေတဲ့အသံတွေကဆက်တိုက်ထွက်လာကာ လူငယ်လေးကလည်းသူ့ဘောင်းဘီအိတ်ကပ်ထဲကပိုက်ဆံတွေကို ယူသွားဖို့အတွက်ငြင်းဆန်နေလေသည်။

"ရပ်လိုက်စမ်း"
လူတစ်ယောက်အသံကထွက်လာတာကြောင့် ၁၇နှစ်အရွယ်ကောင်လေးကို ဝန်းရံထားကြတဲ့သက်လက်ပိုင်းအရွယ်လူအုပ်စုက လှည့်ပြီးတော့ကြည့်လိုက်ကြလေသည်။

"ဝင်မရှုပ်စမ်းနဲ့"
လေးယောက်ထဲကတစ်ယောက်ကအော်ပြောလိုက်တာနဲ့ အရပ်ရှည်ရှည်နဲ့လူတစ်ယောက်သေနတ်ကိုထုတ်လိုက်ပြီးတော့ လျှောက်လာကာအေးတိအေးစက်မျက်နှာထားနဲ့ အစောပိုင်းကစကားပြောလိုက်တဲ့သူရဲ့ခေါင်းကို သေနတ်နဲ့ချိန်ထားလိုက်လေသည်။

"ငါ့ရဲ့ကျည်ဆန်ကိုမဖြုန်းတီးချင်စမ်းနဲ့"
အရပ်ရှည်ရှည်နဲ့လူငယ်လေးကပြောလိုက်တော့ တစ်ခြားလူလေးယောက်ကစိုက်ကြည့်လာလေသည်။

"မင်းကဘယ်သူလဲ? ပြီးတော့ဘာလို့ငါတို့ကိစ္စထဲကိုဝင်ပါနေရတာလဲ?"
သူ့စိတ်ထဲမှာအကြောက်တရားကရှိနေပေမဲ့လည်း သူ့ခေါင်းကိုသေနတ်နဲ့အချိန်ခံထားရတဲ့လူက ထုတ်မေးလိုက်လေသည်။

"ငါဘယ်သူလဲဆိုတာကိုမင်းတို့သိစရာမလိုပါဘူး ဒါပေမဲ့ငါ့သူဌေးကအဲ့ကလေးကိုတွေ့ချင်နေတယ် အဲ့တော့မင်းတို့တွေဖယ်ပေးလိုက်တော့"
အရပ်ရှည်ရှည်နဲ့လူငယ်လေးကအေးစက်စက်ပဲပြောသည်။

"မင်းရဲ့သူဌေးကဘယ်သူလဲ? ဘာလို့ငါတို့ကမင်းစကားကိုနားထောင်ရမှာလဲကွ"
တစ်ခြားတစ်ယောက်ကပြောသည်။

"အဲ့ဒါငါပဲ"
အပေါ်ထပ်ပြတင်းပေါက်ကနေပြီးတော့ ပြတ်သားတဲ့လေသံကထွက်ပေါ်လာတာကြောင့် အကုန်လုံးမော့ကြည့်လိုက်တဲ့အချိန်မှာ အေးစက်စက်မျက်နှာထားနဲ့စူးရှတဲ့အကြည့်တွေကို ရင်ဆိုင်လိုက်ရသည်။ သူကလက်နှစ်ဖက်ကိုပိုက်ထားပြီးတော့ သုံးလွှာမှာရှိတဲ့ပြတင်းပေါက်ကနေ လမ်းကြားထဲကလူအုပ်စုကို စိတ်အေးလက်အေးကြည့်နေလေသည်။

"KhunKamol"
သူတို့ကိစ္စထဲဝင်ရှုပ်တဲ့သူဌေးဖြစ်သူကိုတွေ့လိုက်ရတဲ့အချိန်မှာတော့ လေးယောက်ထဲကတစ်ယောက်ကအလန့်တကြားအော်လိုက်မိသည်။

"အိုး မင်းတို့ကငါ့ကိုသိတယ်ပေါ့ ငါကနာမည်ကြီးတယ်ဆိုတာကိုတော့ငါသိပါတယ်"
Kamolကတည်တည်ငြိမ်ငြိမ်ပဲပြန်ဖြေသည်။ ဒါပေမဲ့သူ့နှုတ်ခမ်းထောင့်ကိုပင့်တင်လိုက်တာနဲ့ လူလေးယောက်လုံးရဲ့မျက်နှာတွေကဖြူဖျော့သွားလေသည်။ သူတို့ရဲ့ကြောက်လန့်မှုကိုသေသေချာချာကိုတွေ့လိုက်ရလေသည်။

"အကယ်၍ KhunKamolကဒီက‌လေးကိုလိုချင်တယ်ဆိုရင်လည်းယူလိုက်ပါ"
တစ်ဖက်လူကလွယ်လွယ်ကူကူပဲလက်ခံလိုက်ပြီးတာနဲ့ လူငယ်လေးကိုလျစ်လျှူရှူကာ အလျင်အမြန်ပဲထွက်သွားကြသည်။

"သူ့ကိုသယ်လာခဲ့လိုက်,Kom"
KamolကKomလို့အမည်ရတဲ့လူငယ်လေးကိုပြောလိုက်သည် အခြားသက်တော်စောင့်လူနှစ်ယောက်ရဲ့ကူညီပေးပြီးတော့ သူတို့ကကောင်လေးကို Kamolရှိတဲ့အခန်းထဲကိုခေါ်လာကာ လူငယ်လေးကိုဧည့်ခန်းထဲကကြမ်းပြင်ပေါ်မှာချထားပေးလိုက်သည်။

ကောင်‌လေးကပတ်ပတ်လည်မှာရှိနေတဲ့လူတွေကို သံသယအကြည်နဲ့ကြည့်နေတာကြောင့်ပဲ ကောင်‌လေးရဲ့စိတ်နေစိတ်ထားကိုသူ့ရဲ့အကြည့်ထဲကနေပဲ Kamolတွေ့လိုက်ရသည်။

"မင်းရဲ့နာမည်ဘယ်လိုခေါ်လဲ?"
Kamolကမေးလိုက်သည် ကောင်လေးကKamolကိုကြည့်ပြီးတော့ ပြန်ဖြေဖို့ကိုတုံ့ဆိုင်းနေလေသည်။

"L..Lop"
ကောင်လေးကပြန်ဖြေလိုက်သည် Kamolလို့အမည်ရတဲ့လူကိုတစ်စုံတစ်ခုကြောင့်နဲ့ ငြင်းဆန်တာမျိုး စကားနဲ့စော်ကားတာမျိုးကိုသူမလုပ်ရဲပေ

"ဟုတ်ကဲ့ပါ Lord ပြောပါ"
သူ့နောက်မှာရပ်နေတဲ့ Komကပြောလိုက်ပြီးတော့ Lopရဲ့ခေါင်းကိုဖွဖွလေးပုတ်ပေးလာတာကြောင့် Lopကစိတ်ဆိုးတကြီးလှည့်ကြည့်လိုက်ပေမဲ့လည်း ဘာ‌မှတော့မပြောရဲပေ။

"Lop"
လူငယ်လေးကပြတ်ပြတ်သားသားပြန်ဖြေလိုက်တော့မှ Kamolကကျေနပ်စွာပဲပြုံးလိုက်လေသည်။

****Lop/Lordအသံထွက်ဆင်လို့ပါ****

"ဟိုကောင်တွေကိုမင်းကတ်လိမ်ပြီးကစားခဲ့လား?"
Kamolကမေးလိုက်တော့ Lopလည်းတိတ်ဆိတ်နေလေသည်။

"ငါ့ကိုပြန်ဖြေ ပြီးတော့ငါ့ကိုမလိမ်နဲ့"
Kamolကထပ်ပြီးပြောလိုက်သည်။ Kamolရဲ့မျက်လုံးတွေကစူးရှစွာပဲ Lopကိုစိုက်ကြည့်နေတာကြောင့် Kamolရဲ့အကြည့်တွေအောက်မှာ Lopအနည်းငယ်တုန်လှုပ်လာလေသည်။

"ကျွန်တော်လိမ်ခဲ့တယ်"
လူငယ်လေးကပွင့်လင်းစွာပဲအ‌ဖြေပြန်ပေးလာတာကြောင့် Kamolကကျေနပ်စွာပဲသူ့နှုတ်ခမ်းထောင့်ပါကော့တက်လာတဲ့အထိပြုံးလိုက်လေသည်။

"အင်း... မင်းငါနဲ့အလုပ်အတူတူလုပ်ဖို့စိတ်ဝင်စားလား?"
Kamolကမေးလိုက်တာကြောင့် Lopကဇဝေဇဝါနဲ့ပဲ သူ့ရဲ့မျက်မှောင်ကိုကြုံ့လိုက်မိသည်။

"အလုပ်? ခင်ဗျားကဘယ်လိုအလုပ်လုပ်တာလဲ?"
သူကပြန်မေးလိုက်သည်။

"ဒီအကိုကြီးတွေနဲ့အလုပ်တူတူပဲပေါ့"
Kamolကအခုချိန်ထိမတ်တပ်ရပ်နေဆဲဖြစ်သည့် Komရှိရာကို‌ မေးငေါ့ပြလိုက်တာကြောင့် Lopလည်းကြည်လင်လာသည်။

"သက်တော်စောင့်လား?"
Lopကချက်ချင်းပဲ Komဘက်ကိုလှည့်မေးသည်။။

"မင်းသတ်မှတ်တဲ့အပေါ်ပဲမူတည်တယ်"
Komကပြန်ဖြေလိုက်တော့ Lopလည်းKamolဘက်ကိုလှည့်သွားလေသည်။

"ဟုတ်ကဲ့ ကျွန်တော်လုပ်မယ် ကျွန်တော်ဒီလိုမျိုးမိုက်တဲ့အလုပ်မျိုးလုပ်ချင်နေတာ အချိန်တော်တော်ကြာပြီ"
ကောင်လေးကတက်တက်ကြွကြွပြန်ဖြေသည်။

"ဒီအလုပ်ကိုမိုက်တယ်လိုပဲတွေးမနေနဲ့ ဘာလို့လဲဆိုတော့မင်းတွေးထားတာထက်ကိုအများကြီးပိုတယ်"
Kamolကပြန်ပြောလိုက်တော့ ကောင်လေးကပြုံးလိုက်သည်။

"အရင်ဆုံးမင်းငါ့နေရာကိုလာပြီးတော့ လေ့ကျင့်ရမယ် အကယ်၍မင်းသာကောင်းကောင်းတိုးတက်မယ်ဆိုရင် သူတို့လိုမျိုးမင်းကို သက်တော်စောင့်အဖြစ်ခန့်မယ်လေ မင်းလက်ခံလား?"
Kamolကမေးလိုက်သည်။

ကောင်ငယ်လေးကခေါင်းညိတ်ပြလိုက်သည်။ ဘာလို့လဲဆိုတော့သူ့မှာတကယ်ပဲပြန်စရာနေရာမရှိပေ။ သူ့မှာပေးစရာပိုက်ဆံမရှိတာကြောင့်ပဲ သူဌားနေနေတဲ့အိမ်ကနေလည်းကန်ထုတ်ခံလိုက်ရတယ်လေ။ အဲ့တာကြောင့်ပဲပိုက်ဆံရဖို့အတွက် ကာဆီနိုကိုလာပြီးတော့ သူအကြံအဖန်လာလုပ်တာပဲဖြစ်သည်။

"ငါမေးဖို့မေ့သွားတယ် မင်းမှာမိဘတွေဒါမှမဟုတ် မောင်နှမတွေရှိသေးလား?"
Kamolကမေးလိုက်တော့ Lopကခေါင်းခါပြလေသည်။

"ဟင့်အင်း ကျွန်တော့်မိဘတွေကသေသွားပြီး ကျွန်တော်ကအဒေါ်နဲ့နေတာ ဒါပေမဲ့ ကျွန်တော်အသက်၁၅နှစ်ထဲက အဒေါ်ဆီကနေထွက်ပြေးလာခဲ့တာ"
Lopရဲ့အသံကတိုးသွားလေသည်။ ဘာလို့လဲဆိုတော့သူ့အဒေါ်ကသူ့အပေါ်ကမကောင်းတာကြောင့် သူ့မှာရွေးချယ်စရာမရှိပဲထွက်ပြေးလာခဲ့ရတော့သည်။ Kamolကနားလည်ကြောင်းခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ ဒါဆိုရင်လည်းမင်းငါ့အိမ်မှာနေပြီးတော့ အလုပ်လုပ်လို့ရတယ် အဲ့မှာနေဖို့အခန်းနဲ့စားဖို့အစားအသောက်တွေရှိတယ် မင်းငတ်ပြီးသေသွားမှာကိုစိုးရိမ်စရာမလိုဘူး"
Kamolကထပ်ပြောလိုက်သည်။ လူငယ်လေးကချက်ချင်းပဲ လက်နှစ်ဖက်ကိုမြှောက်ပြီးတော့ အရိုအသေပေးလိုက်သည်။
Kamolလည်းသူ့ကိုယ်သူနားမလည်နိုင်ပေ။ ဘာလို့ဒီကောင်လေးကိုသူနဲ့အလုပ်တူတူလုပ်ခွင့်ပြုလိုက်မိသလဲဆိုတာကိုပေါ့။

...........

...........

"ဒါကမင်းရဲ့အခန်းပဲ ရေချိုးပြီးတော့မင်းအဝတ်အစားတွေကိုလဲထားလိုက်ဦး အလုပ်နဲ့ပတ်သတ်ပြီးသင်ပေးမဲ့သူတစ်ယောက်ယောက်ရောက်လာလိမ့်မယ်"
Kamolရဲ့အိမ်ကြီးရှိရာနယ်မြေထဲက သူ့အခန်းကိုလိုက်ပို့ပေးတဲ့ Komက Lopကိုပြောပြီးတော့ အဝတ်အစားတစ်ချို့ကို ကောင်လေးဆီပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်"
Lopကသူ့လက်ကိုမြှောက်ပြီးတော့ အရိုအသေပေးပြီးမှာအဝတ်အစားတွေကိုယူလိုက်ကာ တံခါးကိုပိတ်လိုက်သည်။ Lopက၅ပေပတ်ချာလည်ရှိတဲ့ ကုတင်ကိုတောက်ပတဲ့အကြည့်တွေနဲ့ကြည့်လိုက်သည်။ သူတစ်လျှောက်လုံးမှာ ပါးလျတဲ့အခင်းတွေနဲ့ပဲအိပ်ခဲ့ရတာ အဲ့ဒါကြောင့်အခုလိုကုတင်နဲ့အိပ်ရတာက အရမ်းကိုကံကောင်းနေပြီဖြစ်သည်။

'တစ်ခြားသူတွေလိုမျိုးဘဝအသစ်စနိုင်ဖို့အတွက်ကို ငါဆုတောင်းမိတယ်"
Lopကသူ့ကိုယ်သူပြောပြီးတော့ ရေချိုးဖို့နဲ့သူကိုယ်သူ သန့်ရှင်းရေးလုပ်ရန်အတွက် ရေချိုးခန်းထဲကိုဝင်သွားလေသည်။

.............

.............

.............

"ကျွန်တော်တို့ကိုခေါ်တယ်ဆိုလို့ပါ"
ကောင်ငယ်လေးနှစ်ယောာက်က ရုံးခန်းထဲကိုဝင်လာပြီးပြောတာကြောင့် Kamolကခေါင်းညိတ်ပြလိုက်သည်။

"ဒီနေ့ငါကောင်လေးတစ်ယောက်နဲ့တွေ့ခဲ့တယ် သူကမင်းတို့နဲ့ရွယ်တူလောက်ပဲရှိလိမ့်မယ် အဲ့ဒါကြောင့်ငါသူ့ကိုခေါ်လာခဲ့တယ် မင်းတို့တွေကလေးအသစ်ကိုဂရုစိုက်ပေးလိုက်ပါဦး"
ဒီကောင်လေးနှစ်ယောက်ကမိဘမဲ့ဂေဟာကနေထွက်ပြေးလာတဲ့ကလေးတွေဖြစ်လေသည်။ သူတို့တွေကသူငယ်ချင်းကောင်းတွေဖြစ်ပေမဲ့လည်း အကျင့်တွေကတော့အရမ်းကိုကွာခြားလေသည်။

"သူ့နာမည်ကဘယ်လိုခေါ်လဲဆရာ?"
Ruthလို့အမည်ရတဲ့ကောင်လေးကမေးလိုက်တဲ့အချိန်မှာ Kitလို့အမည်ရတဲ့ကောင်လေးကတော့တိတ်ဆိတ်နေလေသည်။

"သူ့နာမည်ကLopလို့ခေါ်တယ် လောလောဆယ်တော့သူအခန်းထဲမှာသူရေချိုးနေလောက်တယ် သူ့ကိုသွားတွေ့ပြီးတော့ ဆေးတွေယူသွားပေးပြီးတော့ ဒဏ်ရာကိုဆေးသေချာလူးပေးလိုက်ဦး ပြီးတော့မှငါတို့ကဒီမှာဘာလုပ်လဲဆိုတာကိုရှင်းပြပေးလိုက်ဦး မင်းတို့တွေသွားလို့ရပြီ"
Kamolကထပ်ပြီးတော့ပြောလိုက်သည်။ Ruthလည်းKitကိုလှည့်ကြည့်ပြီးတော့ ခေါင်းညိတ်ပြကာ အသစ်ရောက်လာတဲ့ကလေးကိုတွေ့ဖို့အတွက် အတူထွက်လာလိုက်သည်။

"ဟုတ်ကဲ့ပါ"
Kitကပြန်ဖြေပြီးတော့ Kamolရဲ့ရုံးခန်းထဲကနေထွက်လာလိုက်သည်။

သူတို့တွေဆေးဗူးနဲ့ first-aid-kitကိုယူပြီးတော့ အိမ်ကြီးရဲ့အနောက်ဘက်မှာရှိတဲ့ အသစ်ရောက်လာတဲ့ကောင်လေးရဲ့အခန်းဆီကိုသွားလိုက်သည်။ Kamolကသူ့ရဲ့လူတွေအကုန်လုံးကိုသူနဲ့နေခွင့်ပေးထားပြီးတော့အိမ်ကြီးရဲ့နောက်မှာသူ့လူတွေအတွက် အခန်းတွေနဲ့အိမ်တွေအများကြီးကိုဆောက်ပေးထားလေသည်။

"သူကဘယ်လိုဖြစ်မယ်ထင်လဲ?"
သူကအခန်းသေးလေးထဲကိုဝင်လိုက်တာနဲ့ Ruthကမေးလိုက်သည်။

"သူကငါတို့လိုလူနဲ့ပဲတူမှာပေါ့"
Kitကပြန်ဖြေလိုက်သည်။

"ဟွန့် မင်းကိုမင်းလူသားလို့မြင်အောင်ပဲလုပ်ပါဦး"
Ruthကစနောက်ပြီးပြောကာ လော့မချထားတဲ့ အခန်းတံခါးကိုကိုင်ကာ ဖွင့်လိုက်လေသည်။

"ဟေး......"
လူငယ်လေးနှစ်ယောက်ကအခန်းတံခါးကိုဖွင့်လိုက်တဲ့အချိန်မှာပဲ နောက်ငယ်လူငယ်လေးတစ်ယောက်ဆီကနေအော်သံကထွက်လာလေသည်။ ဘာလို့လဲဆိုတော့ကောင်လေးကအခန်းထဲမှာ ကိုယ်လုံးတီးနဲ့ဖြစ်နေပြီးတော့ အခုမှရေချိုးလို့ပြီးကာ အဝတ်အစားဝတ်ဖို့ပြင်နေဆဲပင်ဖြစ်သည်။

"ဟေး....."
အခန်းထဲကသူကခုံတစ်လုံးကိုကိုင်ပြီး သူတို့ဆီပစ်ပေါက်တဲ့အချိန်မှာ Kitနဲ့Ruthဆီကနေအော်သံထွက်လာလေသည်။

"သေစမ်း မင်းတို့ကဘယ်သူတွေလဲ? အထဲကိုဘယ်လိုလုပ်ပြီးတော့ရောက်လာရတာလဲ?"
Lopကအ်ောလိုက်ပြီးတော့ တပတ်စောင်ကိုခပ်မြန်မြန်ပဲယူကာ သူ့ကိုယ်လုံးကိုပတ်လိုက်သည်။

" အရမ်းကိုဖြူလိုက်တာ.... ငါ့မျက်လုံးတွေတော့နာကျင်သွားရပြီ"
Ruthကပြောလိုက်တာကြောင့် Lopရဲ့မျက်နှာလည်းအရောင်ပြောင်းသွားလေသည်။ ဒါပေမဲ့သူကRuthနဲ့Kitကိုမယုံသလိုမျိုးစိုက်ကြည့်နေလေသည်။

"မင်းရူးနေတာလား? ငါတို့ကိုပစ္စည်းတွေနဲ့ပစ်နေတာကိုရပ်လို့ရမလား?"
Kitကလေသံမာမာနဲ့ပြောလိုက်သည်။

"ဒါဆိုရင်မင်းတို့ကအထဲကိုဘာလို့ဝင်လာရတာလဲ? မင်းတို့တွေငါ့ကိုခိုးကြည့်ဖို့လား? အရင်ဆုံးမင်တို့တွေတံခါးခေါက်လို့မရဘူးလား? အဲ့လိုဆိုရင်မင်းတို့တွေလည်းငါ့ကို ကိုယ်လုံးတီးနဲ့မမြင်ရတော့ဘူးပေါ့"
Lopကချက်ချင်းပဲငြင်းဆန်လေသည်။

"ငါနားလည်ပါပြီ"
Ruthကချက်ချင်းပဲပြန်ဖြေသည်။ အဲ့ဒါကပဲLopကိုနောက်ထပ်ခုံတစ်လုံးကိုင်ကာ ထပ်ပြီးပစ်ပေါက်စေမိသည်။ ပြီးတော့သူ့ကိုအဲ့ကောင်‌လေးနှစ်ယောက်က ပြန်လုပ်မှာကိုသူကြောက်မနေပေ။

"ငါတို့ကမင်းကိုနှုတ်ဆက်ဖို့လာခဲ့တာပါ အဲ့ဒါကြောင့်သေချာပေါက်မင်းကိုချောင်းကြည့်ဖို့လာတာမဟုတ်ပါဘူး နောက်တစ်ခါကျရင်အကယ်၍များ မင်းကိုယ်လုံးတီးဖြစ်နေမယ်ဆိုရင် တံခါးကိုလော့ခတ်ဖို့မမေ့နဲ့"
Kitကထပ်ပြောလိုက်သည်။

Lopကဒေါသတကြီးနဲ့အော်ဟစ်လိုက်ပြီးတော့ သူ့ကိုယ်ပိုင်အဝတ်အစားတွေကိုခပ်မြန်မြန်ပဲယူလိုက်ကာ ရေချိုးခန်းထဲကိုဝင်သွားလိုက်သည်။ Ruthကအနည်းငယ်ပြုံးလိုက်သည်။

"Lopသူကချစ်ဖို့ကောင်းတယ်မလား?"
Ruthကသူ့ရဲ့အကောင်းဆုံးသူငယ်ချင်းဘက်ကိုရွှေ့ပြီးတော့မေးလိုက်တော့ Kitလည်းအနည်းငယ်ပြုံးလိုက်သည်။

"ဟုတ်တယ် မင်းပြောသလိုပဲအရမ်းအသားဖြူလွန်းတယ်"
Kitကပြောလိုက်သည်။

"အဲ့တော့မင်းဘာလုပ်မှာလဲ?"
Ruthကမေးလိုက်သည်။

"မင်းသိပါတယ် ဟုတ်တယ်မလား?"
Kitကပြန်ဖြေလိုက်သည်။ သူတို့စကားဆက်မပြောဖြစ်ကြပေ။ ဘာလို့လဲဆိုတော့Lopကအဝတ်အစားအပြည့်အစုံဝတ်ကာ ရေချိုးခန်းထဲကထွက်လာတာကြောင့်ပင်ဖြစ်သည်ာ

"ငါအဆင်သင့်ဖြစ်ပြီ မင်းတို့ငါ့ကိုဘာပြောကြမလို့လဲ?"
Lopကမေးလိုက်သည်။ သူအနည်းငယ်တော့ကြောက်နေပါသည်။ ဘာလို့လဲဆိုတော့သူကဒီမှာအသစ်ရောက်လာတာလေ။ သူသတ္တိရှိဖို့လိုအပ်လေသည်။ ဘာလို့လဲဆိုတော့ Kamolကသူ့အသက်ကိုကယ်ထားတာဖြစ်တဲ့အတွက် သူရဲ့သက်တော်စောင့်ဖြစ်လာချင်မိသည်။

"ဆေးအရင်သောက်လိုက်ပါဦး ပြီးတာနဲ့မင်းဘာလုပ်ရမလဲဆိုတာကိုငါရှင်းပြပေးမယ်"
Kitကပြောပြီးတော့ သူ့ထက်အနည်းငယ်သေးငယ်တဲ့ကောင်လေးLopရှိရာဆီတိုးသွားလိုက်သည်။ Lopက Ruthထက်အနည်းငယ်သေးငယ်ပုံရပေမဲ့လည်း အနည်းငယ်ဆိုးပုံရပြီးတော့ နောက်ကိုဆုတ်သွားလေသည်။

"ငါတို့ကိုမကြောက်ပါနဲ့ ဒီမှာနေကြတဲ့လူအကုန်လုံးကို KhunKamolကသူ့ညီအစ်ကိုမောင်နှမလိုသဘောထားတာပါ"
Ruthကပြောလိုက်တော့ Lopကမယုံသလိုမျိုးစိုက်ကြည့်လိုက်လေသည်။

"ထိုင်လိုက်ဦး ငါတို့တွေမင်းအနာကိုဆေးထည့်ပေးမယ်"
Kitကပြောလိုက်သည်။

"မလိုဘူး ငါ့ဟာငါပဲလုပ်နိုင်တယ်"
Lopကပြောပြီးတော့ Kitကိုင်ထားတဲ့ဆေးဘူးကိုယူလိုက်သည်။

"တစ်ခြားဘာရှိသေးလဲ?"
Lopကမေးလိုက်သည်။

"မင်းဆေးသောက်ဖို့နဲ့ မင်းအနာကိုဆေးထည့်ဖို့ ငါမင်းကိုမိနစ်၂၀အချိန်ပေးမယ် ပြီးတာနဲ့ငါတို့ကိုအိမ်‌ရှေ့မှာလာတွေ့ပါ"
Kitကပြောပြီးတာနဲ့ ပြုံးပြီးကြည့်နေတဲ့ Ruthကိုခေါ်ကာ Lopရဲ့အခန်းထဲကနေထွက်သွားပြီးတော့ ချက်ချင်းပဲတံခါးကိုပိတ်လိုက်သည်။

'ပထမတစ်ရက်မှာတင် အရူးနှစ်ကောင်နဲ့ငါကြုံလိုက်ရပြီ တကယ်အံ့သြဖို့ကောင်းတာပဲ'
Lopကရေရွတ်ပြီးတော့ သူ့အနာကိုသူကိုယ်တိုင်ပဲ ဆေးထည့်ဖို့စတင်လိုက်တော့သည်။

.........

.........

.........

"မင်းဘယ်လိုတွေးလဲ,Kit?"
အခန်းအပြင်ကိုထွက်လာပြီးတော့Lopကိုစောင့်နေတဲ့အချိန်ပဲ Ruthကမေးလိုက်သည်။

"ဘာကိုလဲ?"
Kitကပြန်မေးလိုက်သည်။

"လူသစ်လေးကိုလေ"
Ruthကထပ်ပြောလိုက်သည်။

"မင်းသူ့ကိုစိတ်ဝင်စားနေတယ်ဆိုတာကိုငါသိတယ်"
Ruthကဆက်ပြောလိုက်သည်။

"သူကငါတို့လိုယောကျ်ားလေးတစ်ယောက်ပဲ"
Kitကတိတ်တဆိတ်ပဲပြောသည်။

"အဲ့ဒါဘာဖြစ်လဲ?"
Ruthကအပြုံးနဲ့ပြောလိုက်သည်။ ဒါပေမဲ့လည်းသူတို့တစ်ခုခုဆက်ပြောဖို့အချိန်အကြာကြီးမရလိုက်ပါဘူး ဘာဖြစ်လို့လဲဆိုတော့Lopကမျက်မှောင်ကြီးကြုတ်ပြီးထွက်လာတာကြောင့်ပင်ဖြစ်သည်။

"မင်းတို့ကငါ့ကိုဘာသင်ပေးမှာလဲ?"
Lopကပြတ်ပြတ်သားသားမေးလေသည်။

"မင်းကိုယ်မင်းအရင်ဆုံးမိတ်ဆက်မပေးတော့ဘူးလား?"
Ruthကအပြုံးနဲ့မေးလိုက်တော့ Lopကမကျေနပ်သလိုအသံတိုးတိုးလေးထွက်လာသည်။

"ငါ့နာမည်ကLop"
Lopကပြန်ဖြေသည်။

"ငါ့နာမည်ကRuthပါ ပြီးတော့ဒါကKit. ငါတို့သုံးယောက်ကအသက်တူတူပဲဖြစ်လောက်တယ်"
Ruthကပြောလိုက်တော့ Kitကခေါင်းညိတ်ပြသည်။

"ကောင်းပြီ ဒါဆိုငါကဘာကိုသင်ရမှာလဲ?"
Lopကဆက်မေးလိုက်ပြီးတော့ သူ့ရှေ့ကကောင်လေးနှစ်ယောက်ရဲ့စိတ်နေစိတ်ထားကို လေ့လာကြည့်နေလေသည်။

"မင်းကအရမ်းကြိုးစားတက်ပုံရတယ်"
Kitကပြောလိုက်သည်။

"ဘယ်သူ့ခေါင်းကအရမ်းတုံးနေလို့လဲ?"
Lopကပြောလိုက်တော့ Kitလည်းမျက်မှောင်ကြုံ့သွားပြီးတော့ Lopရှိရာကိုလျှောက်သွားချင်ယောင်ဆောင်လိုက်သည်။
Lopကနောက်ကိုနည်းနည်းဆုတ်လိုက်မိသည်။ Ruthကတော့ဝင်ထိန်းလိုက်ရတော့သည်။

"စိတ်အေးအေးထားစမ်းပါအရူးရဲ့ အလုပ်ဘယ်လိုလုပ်ရမလဲဆိုတာကို သူ့ကိုသင်ပေးဖို့မင်းဒီကိုလာခဲ့တာ တစ်ယောက်နဲ့တစ်ယောက်ချဖို့လာတာမဟုတ်ဘူး"
Ruthကဖြန်ဖြေပေးသည်။

"ဟေး...မင်းကအခုမှဒီကိုရောက်လာတာ တစ်ခြားသူတွေကိုဒီလိုလာမရိုင်းနဲ့"
Kitက Lopရဲ့မျက်နှာကိုလက်ညှိုးထိုးပြီးတော့ လေသံမာမာနဲ့ပြောလိုက်တော့ Lopလည်းတိတ်တိတ်လေးသာနေလိုက်မိတော့သည်။

"အိုခေLop အရင်ဆုံးအိမ်ကိုလိုက်ပြပေးမယ်"
Ruthကသူတို့ကြားထဲဝင်ရှုပ်လိုက်ပြီးတော့ Kamolရဲ့အိမ်ကိုLopကိုလိုက်ပြပေးကာ နေရာတစ်ချို့ကဘယ်လိုနဲ့ တစ်ချို့နေရာတွေကတားမြစ်ထားတယ်ဆိုတာကိုရှင်းပြပေးသည်။

"ဘာလို့ဒီနေရာကိုတားမြစ်ထားရတာလဲ?"
သစ်ပင်တွေအုပ်အုပ်ဆိုင်းဆိုင်းနဲ့ရှိနေတဲ့နေရာကို လက်ညှိုးထိုးပြလိုက်ပြီးတော့ LopကRuthကိုမေးလိုက်သည်။

"မင်းကျားနှစ်ကောင်နဲ့တွေ့နိုင်တာမို့လို့လေ"
Kitကတိုတိုတုတ်တုတ်သာပြောသည်။

"တကယ်လား? ကောင်းလိုက်တာ ငါတွေ့ဖူးချင်တယ် ငါဝင်သွားပြီးတော့ကြည့်လို့ရမလားဟင်?"
Lopကချက်ချင်းပဲမေးလိုက်သည်။ လူငယ်လေးကတစ်ခုခုကိုစိတ်ဝင်စားသွားတဲ့အချိန်မှာတော့ Ruthနဲ့Kitက Lopကိုမလှုပ်မရှားနဲ့သေချာစိုက်ကြည့်လိုက်တော့သည်။ လူငယ်လေးရဲ့မျက်လုံးတွေကတောက်ပလာပြီးတော့ စူးရှလာတာကြောင့် သူတို့တွေအကြည့်မလွှဲနိုင်ဖြစ်ခဲ့ရလေသည်။

"ဟေးမင်းတို့နှစ်ယောက်ကဘာလို့တိတ်ဆိတ်သွားရတာလဲ?"
Lopကသူ့လက်ကိုမြှောက်ပြီးတော့ Ruthနဲ့Kitရဲ့မျက်နှာရှေ့မှာလှုပ်ပြလိုက်သည်။ သတိပြန်ဝင်လာတဲ့နောက်မှာတော့ Kitကတစ်ခြားဘက်ကိုကြည့်သလိုမျိုးအကြည့်လွှဲသွားပြီးတော့ Ruthကတော့သူ့လည်ပင်းကိုအကြောလျှော့သလိုမျိုးလုပ်လိုက်သည်။

"မင်းတို့နှစ်ယောက်ကဘာတွေလုပ်နေတာလဲ?"
Lopကနားမလည်နိုင်စွာပဲမေးလိုက်သည်။

"အကယ်၍မင်းသူတို့ကိုတွေ့ချင်တယ်ဆိုရင် မင်းP'Komကိုမေးမှပဲရလိမ့်မယ်"
Kitကပြောလိုက်တော့ Lopလည်းခေါင်းညိတ်ပြလိုက်သည် သူချက်ချင်းပဲလမ်းလျှောက်လိုက်ပြီးတော့ Komကိုသွားရှာလေသည်။

..........

..........

..........

"P'Komကျွန်တော်ကျားတွေကိုသွားကြည့်လို့ရမလားဟင်? ကျွန်တော်မွေးလာထဲက ကျားတွေကိုအပြင်မှာတစ်ခါမှမမြင်ဖူးလို့ပါ"
Lopက Komကိုချက်ချင်းပဲမေးလိုက်တော့ Kitနဲ့Ruthလည်း Lopကတကယ်ကြီးသွားမေးတဲ့အပေါ်မှာမယုံကြည်နိုင်သလိုတွေဖြစ်သွားရလေသည်။ Kitနဲ့Ruthရဲ့ပုံစံကိုမြင်ပြီးတော့ Komကမျက်ခုံးတွေတောင်ပင့်တင်လိုက်မိသည်။

"ကျွန်တော်တို့တွေသူ့ကိုအိမ်ကိုလိုက်ပြပေးနေတာပါ,P'Kom"
Kitကပြောလိုက်သည်။

"မင်းကအဲ့ကောင်တွေကိုတွေ့ဖူးချင်လို့လား?"
Komကမေးလိုက်တော့ Lopကအတည်ကြီးခေါင်းညိတ်ပြကာ သူ့မျက်လုံးတွေကတော့မျှော်လင့်ချက်အပြည့်နဲ့ဖြစ်နေသည်။

"ဒါဆိုရင်လည်းဒီနှစ်ကောင်ကမင်းကိုခေါ်သွားပေးလိမ့်မယ် Ruthမင်းသိတယ်မလား Dayကအဲ့ကောင်တွေကိုအစားကျွေးနေတဲ့အချိန်ဆိုတာကိုလေ အဲ့တာကြောင့်Lopကိုလှောင်အိမ်နားသိပ်မကပ်စေနဲ့နော်"
Komကသတိပေးလိုက်သည်။

"ဟုတ်ကဲ့ပါ"
Ruthနဲ့Kitကနာခံစွာပဲပြန်ဖြေပြီးတာနဲ့ Komကတစ်ခြားဖက်ကိုထွက်သွားလေသည် Lopလည်း Ruthနဲ့Kitဆီကိုချက်ချင်းပဲချဥ်းကပ်သွားလိုက်ပြီးတော့ စိတ်လှုပ်တရှားနဲ့သူတို့နှစ်ယောက်ရဲ့လက်တွေကိုလှုပ်လိုက်သည်။

"ငါ့ကိုခနလောက်ခေါ်သွားပေးပါနော် ကျေးဇူးပြုပြီတော့လေ"
Lopကစိတ်လှုပ်ရှားနေတဲ့အသံနဲ့ပြောသည်။

"ကျားတွေကိုကြည့်ဖို့အတွက်ငါတို့တွေ မင်းကိုခေါ်သွားပေးမယ် မင်းမှာငါ့တို့အတွက်တစ်ခုခုပေးစရာရှိလား?"
Kitကတည်ငြိမ်စွာပဲပြောလိုက်သည်။ Ruthကတော့အနည်းငယ်ခိုးရီလိုက်မိသည်။Lopလည်းမျက်ခုံးပင့်တက်သွားတော့သည်။

"ငါ့မှာပိုက်ဆံနည်းနည်းရှိတယ်"
Lopကတိုးတိုးလေးပြောသည်။

"ငါတို့တွေပိုက်ဆံမလိုချင်ပါဘူး"
Kitကထပ်ပြီးတော့ပြောလိုက်သည်။

"အဲ့ဒါဆိုရင်မင်းတို့ကဘာလိုချင်တာလဲ?"
Lopကကျားတွေကိုသွားကြည့်ချင်တာကြောင့်မေးလိုက်သည် ။ KitကRuthဘက်ကိုအနည်းငယ်လှည့်ပြီးကြည့်လိုက်သည်။

"မသိသေးဘူး ငါတို့တွေနောက်မှပဲစဥ်းစားကြည့်မယ် ဒါပေမဲ့ငါတို့လိုချင်တာပေးပါမယ်လို့တော့ မင်းကတိပေးရမယ်နော်"
Ruthကပြောလိုက်တော့ Lopချက်ချင်းပဲခေါင်းညိတ်ပြသည်။ Kitနဲ့Ruthလည်းခပ်ဖျော့ဖျော့ပြုံးပြီးတော့ လှောင်အိမ်ထဲကကျားတွေကိုကြည့်ဖို့အတွက်သွားလိုက်လေသည်။

...........

...........

...........

Kamolရဲ့အိမ်ကို‌ရောက်တဲ့အချိန်ကစပြီးတော့ Lopဘာမှအများကြီးသိပ်မလုပ်ရပေ။ ကားရေဆေးပေးတာ သစ်ရွက်တွေလှည်းပေးတာနဲ့ ဥယျာဥ်မှူးလုပ်ရတာစတဲ့ အလုပ်သေးသေးလေးတွေကိုသာ သူလုပ်ရလေသည်။ အဲ့လိုဆိုပေမဲ့လည်း Lopကမနက်ဆိုရင် ၅နာရီဆိုထပြီးတော့ တစ်ခြားသူတွေနဲ့အတူ ကွင်းထဲပတ်ပြေးရလေသည်။ သူပြန်ရောက်တာနဲ့ သူရေချိုးပြီးတော့မနက်စာစားလေသည်။ ပြီးတာနဲ့နေ့လည်ကျတော့ အိမ်မှာရှိတဲ့စီနီယာအကိုတွေနဲ့တူတူလက်ဝှေ့ထိုးလေ့ကျင့်ရလေသည်။ တစ်ချို့ရက်တွေမှာတော့ စီနီယာတစ်ချို့ကလာပြီးတော့ သူ့ကိုကိုယ်ခံပညာသင်ပေးလေသည်။

knock..........knock........

မနက်၅နာရီထိုးတဲ့အချိန်ဆိုရင် Ruthရဲ့အလုပ်ကအခန်းတံခါးခေါက်ဖို့ပင်ဖြစ်သည်။ တံခါးပွင့်သွားတာနဲ့ အခုချိန်ထိအိပ်ချင်နေသေးတဲ့ကလေးတစ်ယောက်ရပ်နေတာကို သူတွေ့လိုက်ရသည်။ ဒါပေမဲ့သူကပြေးဖို့တော့ဝတ်အစားတွေလဲထားပြီးပြီဖြစ်သည်။ Ruthနဲ့Kitကအနည်းငယ်ပြုံးလိုက်မိသည်။ အခုဆိုရင်သူတို့ကLopနဲ့ရင်းနှီးနေကြပြီဖြစ်သည်။ သူတို့ကအသက်တူတူလောက်ပဲဖြစ်တာကြောင့် ခပ်မြန်မြန်ပဲနီးစပ်ဖို့လွယ်ကူတယ်လေ။ ပြီးတော့ Kitနဲ့Ruthကလည်း Lopကိုကောင်းကောင်းဂရုစိုက်ပေးလေသည်။

"မင်းတို့တွေနိုးနေကြပြီလား?"
Lopကနှုတ်ခမ်းဆူလိုက်ပြီးတော့ Kitရဲ့လက်ကိုကိုင်လှုပ်လိုက်သည်။

"မင်းကိုယ်မင်းပဲအရင်ဆုံးမေးပါဦး"
Ruthကအတည်သဘောမျိုးနဲ့မဟုတ်ပဲပြောလိုက်ပြီးတော့ သူ့လက်ကိုLopရဲ့နဖူးပေါ်တင်လိုက်ကာ ရီနေတာကြောင့်သူ့နှုတ်ခမ်းထောင့်တွေကကော့တက်နေလေသည်။

"ငါအရမ်းပင်ပန်းနေတာ မနေ့ညက P'Komကငါ့ကိုသဲအိတ်ကိုကန်ဖို့ပြောတာလေ ငါ့ခြေထောက်တွေကလုံးဝကိုနာနေတယ်"
Lopကပြန်ဖြေသည် ။

"အစဆိုတော့ဒီလိုပါပဲဖြစ်တက်ပါတယ်"
Ruthကဖြောင်းဖြပြီးပြောဆိုသည်။

"မင်းကအားနည်းတယ်"
Kitကပြောပြီးထွက်သွားတာကြောင့် Lopကသူ့မျက်လုံးတွေကိုလှိမ့်ပြလိုက်သည်။

"မင်းကသာအားနည်းတာ"
Lopကပြန်ပြောသည်။

"အကယ်၍မင်းသာအားမနည်းဘူးဆိုရင် မင်းငါတို့နဲ့လိုက်ပြီးပြေးရမှာပေါ့"
Kitကဆက်ပြောသည်။

"ဘယ်သူကကြောက်နေလို့လဲ သွားကြမယ်"
Lopကစိတ်ပျက်လက်ပျက်ပဲပြောပြီးတော့ သူ့အခန်းကိုပိတ်ကာတစ်ခြားသူတွေနဲ့ ပြေးဖို့ထွက်လာလိုက်သည်။

Lopကအရှေ့ကနေပြေးပြီးတော့ Kitနဲ့Ruthက‌တော့သူ့နောက်ကနေပြေးလေသည်။ ခနလောက်ပြေးပြီးတဲ့နောက်မှာတော့ Lopကအရှိန်ကိုလျှော့လိုက်ပြီးတော့ Kitနဲ့Ruthကိုလှည့်ကြည့်လေသည်။

"မင်းတို့နှစ်‌ယောက်ကဘာလို့ ငါ့နောက်ကိုပဲလိုက်နေရတာလဲ? ဘာလို့လာပြီးတော့ငါ့အရှေ့ကနေမပြေးရတာလဲ?"
Lopကမခံနိုင်စွာနဲ့ပဲမေးလိုက်တော့သည်။ ဘာလို့လဲဆိုတော့သူပြေးတဲ့အချိန်တိုင်းပဲ Kitနဲ့Ruthကဒီလိုမျိုးသူ့နောက်ကနေသာလိုက်ပြေးလေသည်။ Kitနဲ့Ruthကတစ်ယောက်ကိုတစ်ယောက်လှည့်ကြည့်ပြီးပြုံးလိုက်လေသည်။

"ငါတို့ကိုမင်းကိုကြည့်ပေးနေတာလေ"
Ruthကပြုံးပြီးတော့ပြောလိုက်သည်။

"ဘာကြည့်စရာရှိနေလို့လဲကွာ"
Lopကအမှုမှတ်အမှတ်မဲ့နဲ့မေးလိုက်ပြီးတော့ ဆက်ပြီးပြေးသွားတာကြောင့် Kitနဲ့Ruthကလည်းဆက်ပြေးကြပြီးတော့ Lopရဲ့ပြေးတဲ့အချိန်မှာအပေါ်အောက်လှုပ်ရှားနေတဲ့တင်ပါးကိုကြည့်နေလေသည်။

'ငါတို့နှစ်‌ယောက်လုံးသတိထားဖို့လိုအပ်တယ်'
Kitကတိတ်တဆိတ်ပဲပြောလိုက်ပြီးတော့ နားလည်စွာပဲတစ်ဖက်ကိုလှည့်ကာ Ruthရဲ့လက်ကိုပုတ်လိုက်ပြီးဆက်ပြေးလေသည်။

...............

...............

...............

"Lopမင်းငါ့ကိုကူညီပေးလို့ရမလားဟင်?"
Jillရဲ့အသံကထွက်လာလေသည်။ JillကLopထက်အရင် Kamolလက်ခံပေးထားတဲ့လူငယ်လေးတစ်‌ယောက်ဖြစ်ပြီးတော့ Lop,Kit,Ruthတို့နဲ့အသက်တူတူပဲဖြစ်လေသည်။ သူတို့တွေကLopရဲ့အခန်းထဲမှာစာလုပ်နေကြတာဖြစ်သည်။ Kamolကလူငယ်လေး လေးယောက်ကိုအထက်တန်းပြီးဆုံးတဲ့အထိ ကျောင်းမှာစာသင်စေသည်။ အဲ့တာကြောင့်ပဲကလေးလေးယောက်လုံးကစာတူတူလုပ်ကြလေသည်။

"ဘာကိုလဲ?"
Lopကပြန်မေးလိုက်ပြီးတော့ JillကLopရဲ့အိပ်ခန်းကြမ်းပြင်ပေါ်မှာထိုင်ချလိုက်သည်။ Lopကချက်ချင်းပဲသူ့သူငယ်ချင်းဘာကိုမေးလဲဆိုတာကိုမြင်ရဖို့အတွက် Jillရဲ့ဘေးကိုရွှေ့လိုက်လေသည်။ Kitနဲ့Ruthကအိမ်စာထိုင်လုပ်နေရကနေ ချက်ချင်းပဲအချင်းချင်းလှည့်ကြည့်လိုက်ကြသည်။

"ဒီမှာ နံပါတ်လေးလေ ငါနည်းနည်းရှုပ်နေလို့"
Jillကပြောလိုက်သည် Lopကသူ့ခေါင်းကိုအနည်းငယ်ငုံ့ပြီးကြည့်လိုက်တာကြောင့် Lopရဲ့ခေါင်းက Jillနဲ့တိုက်မိနေလေသည်။

"အာ...မင်း... ဟေးမင်းကဘာလုပ်တာလဲကွာ?"
Lopက Jillကိုသင်ပေးနေရကာနေ ရုတ်တရပ်ပဲ Kitကသူ့ကိုJillရဲ့အဝေးကိုဆွဲခေါ်သွားလိုက်တာကြောင့် လန့်ပြီးအော်လိုက်မိသလို Jillကလည်း Kitကိုဇဝေဇဝါနဲ့ကြည့်နေမိသည်။

"ဟေး ငါမင်းကိုသင်ပေးမယ်"
တစ်ဖက်မှာရှိနေတဲ့ Ruthကချက်ချင်းပဲ Jillဘက်ကိုရွှေ့လိုက်ပြီးတော့ သင်ပေးလိုက်သည်။

"အာ... အိုကေ ကျေးဇူးပြုပြီးတော့နံပါတ်လေးကိုရှင်းပြပေးပါဦး"
Lopနေရာမှဝင်ထိုင်လိုက်တဲ့ Ruthကို Jillကပြောလိုက်သည် Lopကတော့ Kitကိုအထွန့်တက်နေလေသည်။

"ဘာလို့ငါ့ခေါင်းကိုလာဆွဲရတာလဲ? ငါJillကိုရှင်းပြနေတာကိုမမြင်ဘူးလား?"
Lopကကြမ်းပြင်ပေါ်မှာထိုင်နေပြီးတော့ ကုတင်ပေါ်မှာထိုင်နေတဲ့ Kitဘက်ကိုလှည့်ကာအော်လေသည်။

"မင်းခေါင်းနားမှာခြင်တွေပျံနေတာကိုတွေ့လိုက်လို့ပါ"
Kitကအခိုင်အမာကိုပြောလေသည်။ သူ့မျက်လုံးထောင့်ကတော့ Ruthကိုကြည့်နေပြီးတော့ Ruthကလည်း Kitကိုအနည်းငယ်မျက်ခုံးပင့်ပြီးကြည့်လိုက်သည်။

"ငါ့ကိုကောင်းကောင်းပြောစမ်းပါ သေစမ်း"
Lopကဘာကိုမှအတည်မမှတ်ပဲပြောလိုက်သည်။ Kitကသူ့လက်ကိုမြှောက်လိုက်ပြီးတော့ သူတွန်းလိုက်မိတဲ့Lopရဲ့ခေါင်းကိုပွတ်လိုက်သည်။

"နည်းနည်းလေးတွန်းမိတာကို မင်းခေါင်းကြီးပြုတ်ထွက်သွားတော့မလိုဟန်ဆောင်နေတယ်ပေါ့လေ"
Kitကပြောလိုက်တော့ Ruthကပါထိုင်ရီနေလိုက်သည်။

"မင်းကကျွဲလိုပဲ"
Lopကစနောက်ပြီးတော့ ပြန်ပြောသည်။ သူတို့အမြဲဖြစ်နေကြအတိုင်းပင်ဖြစ်သည်။

"မင်းရဲ့ကျွဲလိုခွန်အားကလွဲပြီးတော့ မင်းမှာအားကိုးလို့ရတာဘာမှမရှိဘူး"
Lopကထပ်ပြောသည်။

"ohmygod မင်းတို့တွေတော်ကြပါတော့"
Jillကိုစာသင်ပေးနေတဲ့ Ruthကပြုံးပြီးဝင်ပြောလေသည်။

"တော်လောက်ပြီLop မင်းကျွဲဆီကနေပြီးတော့ တကယ်အလုပ်ခံချင်နေပြီလား?"
Kitကပြောလိုက်တာကြောင့် Ruthလည်းသူ့နှုတ်ခမ်းကိုသူပြန်ကိုက်ထားလိုက်မိသည်။

"အဟမ်းစိတ်အေးအေးထားကြပါဦးသူငယ်ချင်းတို့"
Ruthရဲ့အသံကထွက်လာတာကြောင့် Lopနဲ့Jillကသူ့ကိုနားမလည်စွာနဲ့ကြည့်လိက်မိသည်။

"မင်းကကောဘာဖြစ်နေတာလဲ?"
Lopကပြန်မေးလိုက်ပေမဲ့လည်းဘယ်သူမှဘာမှမပြောတော့ပေ။ RuthကJillကိုစာရှင်းပြလို့ပြီးသွားတာနဲ့ Jillကသူ့အခန်းကိုပြန်သွားလေသည်။

"မင်းတို့နှစ်ယောက်ကကော မင်းတို့အခန်းကိုမပြန်သေးဘူးလား?"
Kitနဲ့Ruthက သူ့အခန်းထဲမှာရှိနေသေးတာကြောင့် Lopကမေးလိုက်သည်။

"ငါတို့တွေဒီညဒီမှာပဲအိပ်တော့မယ်"
Ruthကပြောလိုက်တော့ Kitလည်းအနည်းငယ်ပြုံးလိုက်မိသည် ဘာလို့လဲဆိုတော့သူလည်းအဲ့လိုပဲပြောမလို့လေ။


Kamol - Yoon Phusanu
From Unforgotten Night series

Kom - Gun Thapanawat
From Unforgotten Night series

Ruth/Ruj - Tan Tanchanit
From Unforgotten Night series

Lop - Tong supanut
From Unforgotten Night series


Kit - Ku Deachit
From Unforgotten Night series



Day - Long Lee Shi
From Love Syndrome series


Continue Reading

You'll Also Like

335K 9K 77
An Archon of the Moon... you became an Archon after one horrible incident you shall never forget about... you have an older brother or in other words...
1.1M 39.2K 30
ㅡ "How about," she said. "A nice big cup of 'Let's stay in touch' my ass?" Everyone needs at least a one crazy friend, and it looks like Jennie found...
2.5K 164 7
INCLUDES BOTH ZAWGYI AND UNICODE Re-Love Course CHAPTER-? START DATE-1.12.2022 END DATE-? FULLY CREDIT TO ORIGINAL WRITER English translation by lne...