Unicode
နောက်နေ့မနက်ရောက်တော့ ဂျောင်ဂုမှာ ကုမ္ပဏီသွားဖို့ပြင်ဆင်တော့သည်။
"ကလေးရေ ကိုယ့်ကို နက်ခ်တိုင်လေး လာချည်ပေးပါဦး..."
ထယ်ယောင်းတစ်ယောက် မုန့်စားနေရာက။
"ခင်ဗျားလက်ပါတာပဲ ကိုယ့်ဘာကိုယ် လုပ်ပေါ့..."
မနေ့က ကိစ္စကိုအစာမကြေသေးတဲ့ထယ်ယောင်းအတွက် ဂျောင်ဂုကိုစကားကောင်းမပြောနိုင်ပါ။
"ကလေးရယ် ကိုယ်က ကလေးလုပ်ပေးတာ ခံချင်လို့ပါ..."
"အပိုစကားတွေက ပြောနေပြန်ပြီ ကျွန်တော်နဲ့ မညားခင်ကလည်း ကိုယ့်ဘာကိုယ်လုပ်နေကြပဲဟာ အခုလည်းကိုယ့်ဘာကိုယ်လုပ်ပေါ့..."
"အခုက အရင်နဲ့မတူတော့ဘူးလေ ကလေးရှိနေပြီပဲ ကလေးလုပ်ပေးပေါ့..."
ထယ်ယောင်းတစ်ယောက် စောင့်အောင့်ကာမုန့်စားနေရာက ဂျောင်ဂုနားထသွားသည်။
"ပေးပေး အရစ်ကိုရှည်လွန်းတယ် ကိုယ့်ဘာကိုယ် လုပ်လည်းရနေတာကို သူများကိုခိုင်းချင်သေးတယ်...."
ထယ်ယောင်းပွစိပွစီလုပ်ကာ ဂျောင်ဂုကို နက်စ်တိုင်ကြိုးချည်ပေးလိုက်သည်။
ဂျောင်ဂုမှာတော့ ပွစိပွစိလုပ်ပြီးသူ့ကို နက်ခ်တိုင်ချည်ပေးနေတဲ့ထယ်ယောင်းကိုကြည့်ကာ ပြုံးနေမိသည်။
"ပြီးပြီ.."
ထယ်ယောင်းချည်ပေးတဲ့ နက်ခ်တိုင်ကို မှန်ထဲ ပြန်ကြည့်ပြီး ဂျောင်ဂုမှာ ကြိတ် ပြီးရယ်မိသည်။အသံလည်းထွက်မရယ်ရဲ။
!ဘာပဲဖြစ်ဖြစ် ချစ်ရသူ လုပ်ပေးလိုက်တာဆိုတော့လည်း လှလှ မလှလှ ဒီတိုင်းလေးပဲ ထားရတော့မှာပေါ့....!
"ကလေး ကိုယ်သွားတော့မယ်... "
"ကြွ ကြွ မြန်မြန်ကြွ...."
"ကိုယ့်ကို အောက်ထိလိုက်မပို့တော့ဘူးလား..."
"မပို့ပါဘူး ခြေထောက်ညောင်းတယ် ကိုယ့်ဘာကိုယ်သွား...."
"ဟုတ်ပါပြီဗျာ မပို့ချင်လည်း မပို့ပါနဲ့ ဒါဆို ကိုယ်သွားပြီနော်ကလေး..."
တာဝန်မပျက် ထယ်ယောင်းနှာဖူးလေးကိုအနမ်းခြွေသွားသေးသည်။
ဂျောင်ဂုထွက်သွားတော့ထယ်ယောင်းမှာ ဂျောင်ဂုကို အခန်းပြတင်းပေါက်ကနေ ချောင်းကြည့်နေသည်။
ဂျောင်ဂု ကားစက်နှိုးပြီး ခြံထဲက ထွက်သွားမှ ထယ်ယောင်းလည်း ပြန်ဝင်လာသည်။
ဂျောင်ဂု ကုမ္ပဏီရောက်တော့ ဝန်ထမ်းတစ်ချို့မှာ ဂျောင်ဂုကိုကြည့်ပြီးရယ်နေကြသည်။
ဂျောင်ဂုကတော့ ဝန်ထမ်းတွေကို ဂရုမစိုက် သူ့ရုံးခန်းရှိရာစီပဲ လျှောက်လာလိုက်သည်။
"ဟေ့ဟျောင် အစောကြီးရှိသေးတယ် မင်းကရောက်နေပြီလား...."
ယွန်းဂီတစ်ယောက် ဂျောင်ဂုမေးတာကို မဖြေသေး ဂျောင်ဂု နက်ခ်တိုင်ကိုပဲ သေချာကြည့်နေသည်။
"ဟေ့ဟျောင် ငါမေးနေတယ်လေ ဘာလို့အစောကြီးရောက်လာတာလည်းလို့..."
နောက်တစ်ခါထပ်မေးမှ။
"ဒီနေ့ အစည်းအဝေးရှိတယ်လေ မင်းမေ့နေပြီလား အဲ့ဒါကြောင့်ငါ စောစောထွက်လာလိုက်တာ...ဒါနဲ့ မင်းနက်ခ်တိုင်က ဘာလို့ရွဲ့စောင်းနေတာလည်း ..."
ဂျောင်ဂုတစ်ယောက် ယွန်းဂီမေးတော့ ဂုဏ်ယူဝင့်ကြွားစွာနဲ့...။
"ငါ့ကလေလုပ်ပေးလိုက်တာလေ ငါ့ကလေးလုပ်
ပေးလို့ ရွဲ့ရွဲ့စောင်းစောင်းဒီတိုင်းတက်လာတာ..."
ယွန်းဂီမှာ ဂျောင်ဂုကို ပိုလိုက်တာဆိုတဲ့ အကြည့်မျိုးနဲ့ကြည့်၍
"မင်းကလေးကွာ နက်ခ်တိုင်တောင်ဖြောင့်အောင်မတက်တက်ဘူး ကြည့်ပါဦးရွဲ့စောင်းနေတာပဲ..."
"ဟာ့...ငါ့ကလေးက ကလေးပဲရှိသေးတယ် လုပ်တက်မလားကွ သူလုပ် တက် သလိုလုပ်မှာပေါ့..."
"ကလေး ကလေးနဲ့ လင်တော့ ရပြီမှတ်လား..."
"မိုက်ရိုင်းလိုက်တဲ့ကောင် ငါ့ကလေးကိုများ... "
"ငါပြောတာမဟုတ်လို့လား ...."
"မင်းကွာ ငါ့ကလေးကို မကောင်းလာမပြောနဲ့ ငါ့ကလေးကိုမကောင်းပြောရင် မင်းပြန်တော့"
"ပြန်လို့မရဘူး ဟေ့ကောင်ရေ အစည်းအဝေးတက်ရဦးမှာ... "
ဂျောင်ဂုတစ်ယောက် ယွန်းဂီပြောတော့ ယွန်းဂီကိုမျက်စောင်းလှမ်းထိုးသည်။
###
ထယ်ယောင်းတစ်ယောက်ပျင်းပျင်းရှိတာနဲ့ အောက်ထပ်ကိုဆင်းလာလိုက်သည်။ ဘာလုပ်လို့ လုပ်ရမှန်းမသိ၍ မီးဖိုဆောင်ကိုဝင်ကာ ကောင်မလေးတွေကို ဝိုင်းကူလုပ်ပေးရန် စဥ်းစားလိုက်သည်။
"ဟဲ့ နင်တို့ဘာလုပ်နေကြတာလည်း...."
ထယ်ယောင်းအသံကြားတော့ အိမ်အကူကောင်မလေးတွေမှာ လုပ်လက်စအလုပ်ကိုထားခဲ့ကာ ထွက်ပြေးသွားကြသည်။
ထယ်ယောင်းမှာလည်း ကောင်မလေးတွေ ထွက်ပြေးသွား၍ အံ့သြနေသည်။
"ဘာလည်း ဟ ငါ့ကိုမြင်တာနဲ့ သရဲကိုတွေ့တာကြနေတာပဲ ထွက်ပြေးသွားတာများတန်းနေတာပဲ..:"
ထယ်ယောင်းလည်း မကျေနပ်၍ ကောင်မလေးတွေနောက် ပြေးလိုက်တော့သည်။
"ဟဲ့ နေဦး ဟဲ့..."
ကောင်မလေးတွေလည်း ထယ်ယောင်း လိုက်လာပြီးခေါ်နေ၍ ပြေးနေရာက ရပ်လိုက်သည်။
"သခင်လေး ဘာကိစ္စရှိလို့လည်း..."
ထယ်ယောင်းတစ်ယောက် ခါးထောက်ကာ ကောင်မလေးတွေကိုရန်တွေ့တော့သည်။
"နေပါဦး နင်တို့က ငါ့ကိုမြင်တာနဲ့ သရဲတွေ့သလို ဘာလို့ထွက်ပြေးသွားတာလည်း.... "
ထယ်ယောင်းမေးတော့ ကောင်မလေးတွေမှာ ဖြေရခက်နေတော့သည်။
"ငါမေးနေတယ်လေ ဘာလို့ထွက်ပြေးသွားတာလည်းလို့..."
"ဟို...ဟို....ကျွန်မတို့အလုပ်ရှိလို့ပါ သခင်လေး..."
"ဟင် ဟိုမှာလည်း နင်တို့ အလုပ်လုပ်နေတာပဲလေ နောက်ထပ်ဘာအလုပ်တွေရှိသေးလို့လည်း...."
"ရှိတယ် သခင်လေး အိမ်တော်ထိန်း ခိုင်းထားတဲ့ အလုပ် ကျွန်မတို့သွားတော့မယ်နော်..."
ကောင်မလေးတွေမှာ ထယ်ယောင်းကို ပြောပြီး ပြေးထွက်သွားကြသည်။ ထယ်ယောင်းလှမ်းခေါ်လည်း လှည့်မကြည့်တော့....။
"ဟဲ့...ဟဲ့...ဟား....ဒီကောင်မလေးတွေဘာဖြစ်နေကြတာလည်းမသိဘူး ..."
ထယ်ယောင်းတစ်ယောက် ကောင်မလေးတွေကိုကြည့်ကာ ထူးဆန်းတယ်လို့တွေးလိုက်သည်။
l
"ကလေးရေ ကိုကိုပြန်လာပြီ..."
ထယ်ယောင်းတစ်ယောက် ဂျောင်ဂုကိုမကြည့် နေကြာစေ့ကို တစ်တောက်တောက်ဝါးကာ နေကြာစေ့အခွံတွေကိုလည်း ကုတင်အောက်မှာ ဖွထားသေးသည်။
ဂျောင်ဂုမှာ နေကြာစေ့အခွံတွေပွနေ၍ ထယ်ယောင်းကိုကြည့်ကာ။
"ကလေး နေကြာစေ့အခွံတွေကို ဘာလို့ေအာက်ကို ပြစ်ချထားတာလည်း အမှိုက်ပုံးရှိတဲ့ဟာကို.."
"အမှိုက်ပုံးက ဟိုဘက်မှာလေ ထ ယူရမှာပျင်းလို့ အောက်ပြစ်ချထားတာ..."
ဂျောင်ဂုတစ်ယောက်သက်ပျင်းချကာ အမှိုက်ပုံးကို ထယ်ယောင်းအရှေ့ယူပေးလိုက်သည်။
"ရော့ ကိုယ်ယူလာပြီ ဒီအမှိုက်ပုံးထဲထည့်....နေကြာစေ့ခွံတွေဖွထားလိုက်တာ ကလေးရယ် ပွစာကိုတက်နေတာပဲ..."
ပြောပြောဆိုဆိုနဲ့ ထယ်ယောင်း ဖွထားတဲ့ နေကြာစေ့အခွံတွေကို လိုက်ကောက်ပြီး အမှိုက်ပုံးထဲထည့်လိုက်သည်။
"ဒါလေးဖွတာပဲ ဘာဖြစ်လို့လည်း ခင်ဗျားမသိမ်းချင်နေ ကျွန်တော်စားပြီးမှ သိမ်းမယ်..."
"မသိမ်းချင်လို့ မဟုတ်ပါဘူး ကလေးရယ် ပုရွက်ဆိတ်တွေလာမှာဆိုးလို့ပြောတာပါ..."
"ဒါလေးစားတာနဲ့တော့ ဘာပုရွက်ဆိတ်မှ မလာဘူး အပိုတွေပြောမနေနဲ့..."
ဂျောင်ဂုတစ်ယောက် ဘာမှပြန်မပြောတော့ သိမ်းလက်စရှိတဲ့ နေကြာစေ့အခွံတွေကို သိမ်းလိုက်သည်။
"ကလေး ကိုယ်ရေချိုးတော့မယ် အကျီ်ထုတ်ပေးထားဦး.."
"ခင်ဗျားဘာ ခင်ဗျားထုတ်ပါလား ခင်ဗျားမှာ လက်တွေ ခြေတွေ မပါဘူးလား.."
"ကလေးရယ် ကိုယ်က ကလေးထုတ်ပေးတဲ့ အကျီ်လေး ဝတ်ချင်လို့ပါ ...."
ထယ်ယောင်းလည်းဂျောင်ဂုကို မျက်စောင်းလှမ်းထိုးကာ ကုတင်ပေါ်က ထ၍ ဂျောင်ဂုအတွက် အကျီ်ထုတ်ပေးလိုက်သည်။
"ရော့ ရော့ အဲ့မှာ ထုတ်ပြီးပြီ..."
"ကလေး ဒီအကျီ်က ကိုယ် ကုမ္ပဏီကိုသွားရင်ဝတ်တဲ့ အကျီ်ကြီးလေ အခုက အိမ်နေရင်း အကျီ်ထုတ်ခိုင်း တာ..."
"ဟား...ရှုပ်နေတာပဲ အဲ့ဒါကြောင့် ကိုယ့်ဘာကိုယ် ထုတ်ဝတ်ဆိုတော့လည်း ထုတ်မဝတ်ဘူး သူ့အကျီ်တွေ မသိပါဘူးဆိုနေ..."
"ကလေးကလည်းကွာ ကိုယ်က ကလေးယောကျာ်းဖြစ်နေပြီလေ ကိုယ်အိမ်မှာနေရင် ဘာဝတ်တယ် ကုမ္ပဏီသွားရင် ဘာဝတ်တယ်ဆိုတာ ကလေးကြည့်ထားရမှာပေါ့..."
"အိုး...ရှုက်ရှုပ်ယှက်ယှက် မကြည့်နိုင်ပါဘူး...."
"မကြည့်လို့မရဘူးလေ ကလေးရယ် ကလေးလည်းအခုအိမ်ထောင်ကြနေပြီ အိမ်ထောင်ဦးစီးကို ဘယ်လိုပြုစုရမယ်ဆိုတဲ့ အခြေခံလေးတော့သိအောင်လုပ်ရမှာပေါ့..."
ဂျောင်ဂုပြောတော့ ဂျောင်ဂုကို မကြည့်တဲ့ အကြည့်နဲ့ ကြည်ကာ...။
"အစထဲက အဲ့လိုမှန်းသိရင် အိမ်ထောင်မပြုပါဘူး ဘာတွေမှန်းမသိဘူး ရှုပ်ယှက်ကို ခက်နေတာပဲ...."
ထယ်ယောင်းတစ်ယောက် စောနကထုတ်ထားတဲ့ အကျီ်ကို ပြန်ယူကာ ဘီဒိုဖွင့်၍ ပြန်ထည့်လိုက်ပြီး နောက်အကျီ်တစ်ထည် ထုတ်လိုက်သည်။
ဂျောင်ဂုလည်း ထယ်ယောင်းနားသွားကာ ထယ်ယောင်းကို အနောက်ကနေ သိုင်းဖက်၍။
"ကလေး ကလေးက ကိုယ့်ကို မချစ်ဘူးလား..."
ထယ်ယောင်းတစ်ယောက် ဂျောင်ဂုမေးတော့ ။
"မချစ်ပါဘူး..."
"ဟမ်...ကိုယ့်ကိုမချစ်ဘူး ဟုတ်လား ဒါဆိုဘာလို့ ကိုယ့်ကို လက်ထပ်တာလည်း..."
"ဒါကတော့ရှင်းရှင်းလေးပဲ ကျွန်တော်က ဆင်းရဲသားလေ အဲ့တော့ ချမ်းသာချင်တာပေါ့ ခင်ဗျားက သူဌေးကြီးဆိုတော့ ခင်ဗျားရဲ့ စည်းစိမ်ဥစ္စာတွေကိုမက်မောလို့ယူလိုက်တာ ရှင်းပြီလား..."
ထယ်ယောင်းအရွဲ့တိုက်ပြောလိုက်တဲ့ စကားမှာ ဂျောင်ဂုတစ်ယောက်ငိုင်ကြသွားသည်။
ထယ်ယောင်းကို ဖက်ထားရာက သူ့လက်တွေကိုဖြေလျော့ကာ ရေချိုးခန်းထဲဝင်သွားသည်။
ထယ်ယောင်းလည်း ဂျောင်ဂုပုံစံကိုကြည့်ကာ သူပြောလိုက်တာ လွန်သွားပြီလို့ တွေးမိလိုက်သည်။
!ငါပြောလိုက်တာ နည်းနည်းလွန်သွားလားမသိဘူး...!
ဂျောင်ဂုရေချိုးပြီး ပြန်ထွက်လာတော့ ထယ်ယောင်းထုတ်ပေးထားတဲ့ အကျီ်လေးကိုပဲ ကောက်ဝတ်ကာ ကုတင်ပေါ်တက်လှဲလိုက်သည်။
ထယ်ယောင်းမှာလည်း သူ့ကိုစကားမပြောပဲ လှဲအိပ်နေတဲ့ ဂျောင်ဂုကြောင့် စိတ်ထဲတစ်မျိုးဖြစ်သွားသည်။ ပြန်ချော့ရင်ကောင်းမလား မချော့ရင်ကောင်းမလားလို့ ချိတုံချတုံဖြစ်နေပြီး၊ နောက်ဆုံး သူ့ဘက်က စကားပြောမှားသွားသည့်အတွက်ပြန်ချော့ဖို့ပဲ ဆုံးဖြတ်လိုက်သည်။
"ကိုကို အိပ်နေပြီလား..."
ထယ်ယောင်းမေးတော့ ဂျောင်ဂု ပြန်မဖြေ။
"ကိုကို ကျွန်တော်မေးနေတယ်လေ အိပ်ပြီလားလို့..."
ထယ်ယောင်းလည်း ပြန်မဖြေတဲ့ဂျောင်ဂုကို သူ့ဘက်ဆွဲလှည့်လိုက်သည်။
"ဟင်....ကိုကို ငိုနေတယ်..."
ထယ်ယောင်းစိတ်ပူလို့သွားသည်။ ဂျောင်ဂုက သူ့ရှေ့မှာ တစ်ခါမှ အခုလိုမငိုဘူး၍ အခုသူ ဘယ်လိုချော့လို့ချော့ရမှန်းမသိ။
မနေ့က ထမင်းသုတ် ကိစ္စကိုအစာမကြေ၍ ထယ်ယောင်း အရွဲ့တိုက်ကာပြောလိုက်တဲ့ စကားဟာ ဂျောင်ဂုအတွက် အရမ်းကို ရှော့ရစေသည်။
"ကိုကို ဘာလို့ငိုနေတာလည်း ကျွန်တော်ပြောလိုက်တဲ့စကားကြောင့်လား...အဲ့ဒါက အတည်မဟုတ်ဘူးနော် ကိုကို ကို ရွဲ့ပြီးပြောလိုက်တာ ကျွန်တော် ကိုကို ကို ချစ်တယ်...."
ထယ်ယောင်းချစ်တယ်ပြောတော့ ဂျောင်ဂုတစ်ယောက်ချက်ချင်း ထထိုင်သည်။
"တကယ်လားကလေး ကိုကို ကို တကယ်ချစ်တာလား..."
"ကိုကို ကအရမ်း တုံး အ တာပဲ ကိုကို ကို တကယ်မချစ်ပဲ ကျွန်တော်က လက်ထပ်မလား ကိုကို ကိုချစ်လို့လက်ထပ်တာပေါ့ ငတုံးကြီးရဲ့..."
ထယ်ယောင်းစကားအဆုံး ထယ်ယောင်းကိုယ်လေးကို ဆွဲယူကာ တင်းကြပ်စွာ ဖက်လိုက်သည်။
"ဝမ်းသာလိုက်တာ ကလေးရယ် ကိုယ်က ကလေးကိုယ်ကို တကယ်မချစ်ဘူးထင်နေတာ..."
ဂျောင်ဂုဟာ ထယ်ယောင်းနဲ့ဆို ထိလွယ်ရှလွယ်။
"ချစ်တာပေါ့ မချစ်ပဲနေမလား ကျွန်တော့်ဘဝမှာ ကျွန်တော့်ဘက်က ရပ်တည်ပြီးပြောပေး တဲ့သူဆိိုလို့ အဘွားပြီးရင်ကိုကိုပဲရှိတာ၊ ကိုကိုနဲ့ စတွေ့တုန်းက ကျွန်တော်တို့ပြသနာဖြစ်နေတာကို ကိုကိုဝင်ဖြေရှင်းပေးတုန်းက ကျွန်တော်လေ ကိုကို ကို အရမ်းလေးစားသွားတာ နောက်တစ်ခါ စားသောက်ဆိုင်က ကိစ္စရောပဲ ကိုကိုသာ ဝင်မပြောပေးရင် ကျွန်တော်မှာ ဘာအင်အားမှမရှိတော့ အဲ့မန်နေဂျာကြီး ပြောသလိုလုပ်ရမှာ၊ ကိုကို က ကျွန်တော့်ရဲ့ ကျေးဇူးရှင်လည်း ဟုတ်တယ် ဖခင်ဆိုလည်းဟုတ်တယ် လင်ယောကျာ်းဆိုလည်းဟုတ်တယ်..."
"ကလေးရယ်..."
ဂျောင်ဂုတစ်ယောက် ထယ်ယောင်းစကားကြောင့် ရင်ထဲ ထိရှသွားသည်။
သူ့ကလေးက အခုလို မျိုးတွေလည်း ပြောတက်တာပဲလားလို့ စိတ်ထဲကတွေးလိုက်မိသည်။
နှစ်ယောက်သားပြန်တည့်သွားပြန်တော့ သူတို့မဟုတ်သလို။
ဒီရက်ထဲ ထယ်ယောင်း စိတ်ကောင်းဝင်နေသည်။ ေဂျာင်ဂုကို အရင်လို မဆိုးတော့ ၊ ပြောစကားလည်းနားထောင်လို့နေသည်။
"ကိုကို ညနေ စောစောပြန်လာခဲ့နော်....ကျွန်တော် ထမင်းစားဖို့စောင့်နေမယ်..."
"ဟုတ်ပါပြီဗျ ကိုယ့်ကလေး အလိုတော်ကြ စောစောပြန်ခဲ့ပါ့မယ်..."
ဂျောင်ဂုအဖြေကြားတော့ ထယ်ယောင်းမှာ ပြုံးပျော်သွားသည်။
##
ဂျောင်ဂု ကုမ္ပဏီရောက်တော့ အသင့်စီးကြိုနေတဲ့ လူကြောင့် အံ့သြမိသွားသည်။
"ဂျောင်ဂု...."
"ဟင်...စောယွန်း နင်ဘယ်လိုဖြစ်ပြီး ရောက်နေတာလည်း...အကြောင်းမကြားဘာမကြားနဲ့..."
"ငါနင်တို့ကို အံ့သြသွားအောင်လို့ အသိမပေးပဲ ပြန်လာတာ....နင်နော် အိမ်ထောင်ပြုသွားတာတောင် ငါ့ကို အကြောင်းမကြားဘူး ငါ့မှာ သတင်းတွေတက်လာမှပဲ နင် အိမ်ထောင်ပြုသွားမှန်းသိရတယ်...."
"ငါ ပြောမလို့ပါပဲဟာ ဒါပင်မဲ့ နင်က အလုပ်သရဲလေ ငါဖုန်းခေါ်ရင် မအားရတာနဲ့ ဘာနဲ့မို့ အဲ့ဒါကြောင့် ငါလည်း မပြောတော့တာ...."
"ဟဲ့ နင့်ယောကျာ်းက ငယ်ငယ်လေးနော် နင်လို လူပျိုသိုးကြီးကို တကယ်ချစ်လို့ လက်ထပ်တာရောဟုတ်ရဲ့လား...."
ဂျောင်ဂုတစ်ယောက် စောယွန်း စကားကြားတော့ စောယွန်း ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။
"ငါ့ကလေး က ငါ့ကိုချစ်လို့ယူတာပေါ့ဟ မချစ်ပဲ ယူမလား... "
"အေးပါ ဟုတ်ပါပြီ ဒါနဲ့ ငါ ဒီတစ်ခါ နင့်အိမ်မှာတည်းမှာနော် ကြိုပြောထားတာ...."
ဂျောင်ဂုမှာ စောယွန်းသူ့အိမ်မှာ လိုက်တည်းမယ်ဆို၍ စောယွန်းကို မျက်မှောင်ကြုံ့ကာ ကြည့်လိုက်သည်။
"နင်က ဘာစိတ်ကူးပေါက်လို့ ငါ့အိမ်မှာတည်းမှာလည်း အရင် လာလည်တုန်းက တော့ ငါ့အိမ်လိုက်တည်းဆို မတည်းချင်ပါဘူး ငြင်းနေတဲ့လူက အခုမှ ဘာလို့လဲ...."
"ငါတည်းချင်တည်းမှာပေါ့ ဘာဖြစ်လို့လည်း နင်က နင့်ယောကျာ်းရှိလို့ ငါ့ကို နင့်အိမ်မခေါ်ချင်တာလား...."
"အဲ့လိုမဟုတ်ပါဘူးဟာ အရင် ကဆို နင်က ဘယ်လောက်ခေါ်ခေါ် ငါ့အိမ်မှာ တစ်ခါမှ မတည်းလို့ မေးကြည့်တာပါ.... "
"အေး အခု ငါစိတ်ပြောင်းသွားပြီ နင့်အိမ်မှာ လိုက်တည်းမှာ..."
"အေးပါ တည်းပါ ငါ့ကလေးက သဘောကောင်းပါတယ်...."
စောယွန်းတစ်ယောက် ဂျောင်ဂု ငါ့ကလေးလို့ပြောလိုက် ၍ မျက်နှာ မဲ့သွားသည်။
"ဒါနဲ့ ယွန်းဂီကိုရော နင် လာတာ မပြောရသေးဘူးလား..."
"မပြောထားဘူး ပြီးမှ ဖုန်းဆက်ပြောလိုက်မယ်..."
"အေးပါ ဒါဆို ငါအလုပ် လုပ်ဦးမယ် နင် ငါ့ရုံးခန်းမှာပဲ ထိုင်စောင့်နေမှာလား အပြင်သွားဦးမှာလား..."
"ဒီမှာပဲ စောင့်မှာ ဘယ်မှ မသွားတော့ဘူး... "
"နင့်စောင့်နိုင်ရင် စောင့် ငါ အစည်းအဝေးရှိလို့သွားဦးမယ်...."
ဂျောင်ဂုထွက်သွားတော့ စောယွန်းမှာ ဂျောင်ဂု ကျောပြင်ကို ငေးကြည့်ကာ ကျန်နေခဲ့သည်။
!ဂျောင်ဂုရယ် အစထဲက ငါနင့်အချစ်ကိုရဖို့ ကြိုးစားခဲ့ရမှာ ၊အရင်ကတော့ နင့်ကိုငါ သူငယ်ချင်းတစ်ယောက်လိုပဲ ချစ်တာပါဆိုပြီး ငါ့ကိုငါ ညာနေခဲ့မိတယ် ၊နင် လက်ထပ်သွားပြီ ဆိုတဲ့ သတင်းကြားမှ နင့်ကို ဆုံးရှုံးလိုက်ရပြီဆိုတဲ့ အသိနဲ့ အိပ်လို့မပျော် စားလို့မဝင်ခဲ့ဘူး ငါ သေချာစဥ်းစားမိသွားတာ တစ်ခုကတော့ နင့်ကိုသူငယ်ချင်းထက်ပိုတဲ့ အချစ်နဲ့ ချစ်မိနေပြီဆိုတာပဲ.... ငါ့မှာ နင့်အချစ်ကိုရဖို့ အခွင့်အရေး1%လောက်ပဲ ရှိတယ်ဆို အဲ့1%အတွက် ငါကြိုးစားကြည့်ချင်တယ်...ဂျောင်ဂုရယ်....!
***************************************
5/1/2024
Zawgyi
"ပြီးပြီ.."
"ကြွ ကြွ မြန်မြန်ကြွ...."
နောက်တစ်ခါထပ်မေးမှ။
###
"ဟဲ့ နေဦး ဟဲ့..."
l
"ကလေး နေကြာစေ့အခွံတွေကို ဘာလို့အောက်ကို ပြစ်ချထားတာလည်း အမှိုက်ပုံးရှိတဲ့ဟာကို.."
"မချစ်ပါဘူး..."
"ကိုကို အိပ်နေပြီလား..."
"ဟင်....ကိုကို ငိုနေတယ်..."
"ချစ်တာပေါ့ မချစ်ပဲနေမလား ကျွန်တော့်ဘဝမှာ ကျွန်တော့်ဘက်က ရပ်တည်ပြီးပြောပေး တဲ့သူဆိုလို့ အဘွားပြီးရင်ကိုကိုပဲရှိတာ၊ ကိုကိုနဲ့ စတွေ့တုန်းက ကျွန်တော်တို့ပြသနာဖြစ်နေတာကို ကိုကိုဝင်ဖြေရှင်းပေးတုန်းက ကျွန်တော်လေ ကိုကို ကို အရမ်းလေးစားသွားတာ နောက်တစ်ခါ စားသောက်ဆိုင်က ကိစ္စရောပဲ ကိုကိုသာ ဝင်မပြောပေးရင် ကျွန်တော်မှာ ဘာအင်အားမှမရှိတော့ အဲ့မန်နေဂျာကြီး ပြောသလိုလုပ်ရမှာ၊ ကိုကို က ကျွန်တော့်ရဲ့ ကျေးဇူးရှင်လည်း ဟုတ်တယ် ဖခင်ဆိုလည်းဟုတ်တယ် လင်ယောကျာ်းဆိုလည်းဟုတ်တယ်..."
"ကလေးရယ်..."
##
"ဂျောင်ဂု...."
***************************************