ထိုအဖြစ်အပျက်များအစသည် ထိုနေ့ညကစခဲ့သည့်ဇာတ်လမ်းဖြစ်သည်။ထိုနေ့ညက ဝင်းဦး၏ဇာတ်ကားရုံတင်သည်မို့ ဝင်းဦးကိုအသံစွဲနေသော အညိုသွား၍ကြည့်ချင်သည်။သို့သော် ဘိုင်စကုတ်ကြည့်ခြင်း၊ရုပ်ရှင်ကြည့်ခြင်းများကိုဖေဖေမကြိုက်သည့်အတွက် အညို့ဖို့ခက်လှသည်။
ထိုနေ့ညကလူမသိအောင် အိမ်ကခိုးထွက်၍ ရုပ်ရှင်ရုံသို့သွားခဲ့သည်။လမ်းတွင် အဖေ့ထံအများလာနေတက်သော အဖေ့၏လုပ်ငန်းမိတ်ဆွေ ဦးဘချစ်၏သား ကိုရာဇာနှင့်လမ်းတွင်တွေ့၏။
အစကတော့ကိုရာဇာသည် အညိုမှန်းမသိ မိန်းမပျိုလေးအမှတ်နှင့် သူစီးလာသောဂျစ်ကားပေါ်မှဆင်းကာ မိမိထံသို့လာ၏။အနီးသို့ရောက်သောအခါ အညိုမှန်းကိုရာဇာသိသွာသည်။
"အေ့...အညို ဒီချိန်ကြီးတစ်ယောက်ထဲဘယ်တုန်း"
ကိုရာဇာ့စီမှ ဝီစကီအနံ့ကိုရနေသည်။ကိုရာဇာမူနေတာဖြစ်ပေလိမ့်မည်။
"ဟို....ရုပ်ရှင်ရုံသွားမို့ ဖေဖေကခွင့်မပြုလို့ ခိုးထွက်လာတာ"
ကိုရာဇာက အပြုံးတစ်ခုအားမျက်နှာထက် ဆင်မြန်းလိုက်သည်။
"အညိုအဆင်ပြေရင် ကိုရာဇာရုပ်ရှင်ရုံလိုက်ပို့ပါရစေ"
"ဟို...ရပါတယ်ကိုရာဇာရယ် အညို့ဟာအညိုဘဲသွားပါရစေ"
"မရပါနဲ့အညိုရယ် လာပါ"
ကိုရာဇာကအညို့လက်အား အတင်းဆွဲကာခေါ်သွားသည်မို့ အညိုလည်းလိုက်မိခဲ့၏။
လမ်းမထက် ခွေတစ်ကောင် ကြောင်တစ်မြီးမှမရှိသည့် လမ်းတစ်ခုထဲသို့ချိုးဝင်သွားသည်။
"ကိုရာဇာ ဒါဘယ်လမ်းတုန်း"
"ကိုအလုပ်ကိစ္စလေးရှိလို့ ဝင်တာခဏဘဲမကြာဘူး"
ထိုအချိန်မှာဘဲ ကိုရာဇာဘရိတ်ကိုစောင့်အုပ်လိုက်သည်။ထို့နောက် ကားတံခါးဖွင့်ကာ ထွက်လာသည်။ပြီးနောက် အညို့ကားတံခါးအားဖွင့်လိုက်၏။
"ကိုရာဇာ ဘာလုပ်မလို့တုန်း"
ကိုရာဇာကအညို့လက်အား ကိုင်လာ၏။အညိုမရုန်းမိပါ ။အညိုသည်မပြုခင်ကနုနေသည့်လူတစ်ယောက် ကိုရာဇာကိုဟိုးအရင်များကတည်းက သဘောကျနေခဲ့သူတစ်ယောက်ပါ။
"ကိုရာဇာ အညို့ကိုချစ်တယ် "
ထို့နောက် ကိုရာဇာကားထဲသို့ဝင်လာသည်။ပြီးနောက် အညို့အားနမ်းလာခဲ့၏။
"အညိုကြောက်တယ် ကိုရာဇာ"
"မကြောက်ပါနဲ့အညို ဒါဟာအချစ်ကမ္ဘာပါ"
ထိုနေ့ညက အညိုကိုရာဇာနဲ့အတူတူနေခဲ့မိ၏။
(ယခုအခန်းဟာ ရှေးမြန်မာကားတွေထဲကလို ကားလုပ်တဲ့အခန်းပေါ့🥹)
ထိုနေ့ည ထိုကားပေါ်မှာဘဲအညိုကိုရာဇာ့ရင်ခွင်ထဲမှာအိပ်စက်မိ၏။ချစ်ရသူ၏ရင်ခွင်ကျယ်ထဲမှာ အိပ်စက်ရခြင်းသည် ပိုးသားမွေ့ယာထက်တွင်အိပ်စက် ရခြင်းထက်ပိုကောင်းတယ်ဆိုတာ ထိုနေ့ကအညိုသတ်မှတ်မိသည်။
"တောက်....ခွေးလောက်မှဇောက်မနက်"
အညိုထိုအသံအားကြားကာ နိုးလာမိသည်။အသံ၏ကျယ်လောင်မှုကြောင့်လည်းကောင်း၊အသံ၏ရင်းနှီးမှုကြောင့်လည်းကောင်း အညိုအိပ်နေရာမှလန့်နိုးခဲ့မိ၏။
"အို့...ဖေဖေ"
"ခွပ်"
ဖေဖေ၏ထိုးချက်များကြောင့် အညိုမြေပြင်ထက်လဲကျသွား၏။
"ဟို ဦးလေး ကျွန်တော်ရှင်းပြပါရစေ"
"မင်းလည်းတိတ်"
"ကိုယ့်အမနဲ့စေ့စပ်ထားတဲ့သူနဲ့မှမရှောင် မင်းအရှက်ကောရှိသေးရဲ့လား မြန်းညို"
ဟင် ကိုရာဇာဟာ အညို့အမနဲ့စေ့စပ်ထားတယ် ။အညိုကိုယ့်နားကိုတောင် ပြန်မယုံနိုင်အောင်ဖြစ်မိ၏။
"ဒီမယ် မောင်ရာဇာ မင်းကိုအနွယ်နဲ့အမြန်ဆုံးမင်္ဂလာဆောင်ပေးမယ်"
ထိုအချိန်မှာ ကိုရာဇာအသံတိတ်နေ၏။
"ကိုရာဇာကိုယုံမိတာ၊ချစ်မိတာဟာ အခုလိုအရှက်ခွဲခံရဖို့လား။ဒီလိုအချိန်မှာ ကိုရာဇာ သိပ်ပျော်နေမှာပေါ့ တစ်ခါထဲနဲ့ငါးရံ့ နှစ်ကောင်လုံးဖမ်းလိုက်န်ုင်တာကို"
ဝမ်းနည်းမှုကြောင့်ကျတဲ့မျက်ရည်များနှင့် ယုံကြည်မှုကိုချိုးဖျက်ခံလိုက်ရတဲ့အတွက်ကြောင့် အညိုကမ္ဘာကြီးနှင့် အဆက်အသွယ်ပျက်သွားခဲ့၏။
အညိုပြန်နိုးလာသည့်အချိန်မှာ ထိုအဖြစ်အပျက်များဖြစ်ပြီးနောက် တစ်ပက်လောက်နေတော့ပေါ့။ထိုအချိန်အတောအတွင်း အညို့အနားမှာ မမြိုင်စာရှိနေပေးခဲ့သည်တဲ့လေ။အညို့အတွက်မမြိုင်သာ အချစ်ရဆုံးလူပါ။
ထိုတစ်ပက်အတွင်း မမြိုင်၊ကြီးကြီးမြ၊မနွယ် ကလွဲ၍မည်သူမျှ အညို့အခန်းအား ခြေမလှမ်းခဲ့ဘူးဆိုတာ မမြိုင်ပြောပြလို့သိခဲ့ရ၏။အညိုသတိရတဲ့နေက မနွယ်ရောက်လာခဲ့၏။မနွယ်ကတော့ ဟိုးအရင်ကလို လှတုန်းပတုန်းပေါ့။
"အညို သတိရပြီလား"
အညိုပြန်မဖြေမိပါ။
"မနွယ် ဒီမင်္ဂလာပွဲကိုဖျက်လိုက်ရမလား ဖေဖေ့ကိုမနွယ်ဖြောင်းဖျကြည့်ပါအုံးမယ် ကိုရာဇာ့ကိုရော"
"မလိုပါဘူးမနွယ် ကိုရာဇာဟာ သူ့လုပ်ရက်ကို ယောင်္ကျားတစ်ယောက်အနေနဲ့ အသိတရားရှိစွာတောင်းပန်လာခဲ့ရင်တော့ အညိုလက်ခံလိုက်မယ် မနွယ်အောက်ကျို့ပြောစရာမလိုဘူး"
မနွယ်ဟာလည်း အညို့အတွက်အမကောင်းတစ်ယောက်ပါဘဲ သို့ပေမယ့် အညိုလက်မခံနိုင်ဘူး။ယောင်္ကျားတစ်ယောက်အတွက်နဲ့ကိုယ့်သွေးသားအရင်းကို မုန်းခဲ့မိတာဟာ အညိုမှားခဲ့မိတာ။
အညိုသတိရပြီး သုံးရက်လောက်နေတော့ မနွယ်တို့မင်္ဂလာဆောင်ရှိ၍ အိမ်မှာမည်သူမျှမရှိ။အညိုကတော့ မလိုက်ဖြစ်ပါ မလိုက်လည်းမလိုက်ချင်ပါ။ကိုယ်ချစ်ရသူနဲ့ ကိုယ့်အမမင်္ဂလာဆောင်ကိုမည်သည့် မျက်နှာနှင့်လိုက်ရမည်နည်း အညိုမပြောတက်ပါ။
အညို့အတွေးထဲတွင် ရှက်ခြင်း၊ကြောက်ခြင်း၊ခံပြင်စိတ်များကြောင့် အညိုအိမ်နောက်ဖက် ဂိုထောင်ထဲမှကြိုးတစ်ချောင်းအား အညို့အခန်းထဲအားယူခဲ့၏။ထို့နောက် အိပ်ခန်းထဲရှိ ထုတ်တန်းမှာချည်လိုက်၏။ ထို့နောက် ခလောက်ဆိုသည့်အသံနှင့်အတူအရာဝတ္ထုတစ်ခု လေပေါ်မှာမြှောက်သွားခဲ့၏။
love all reader🫶🏻
29.12.23