Old Love ( အရွယ်လွန် အချစ် )

Від Sms12790

133K 5.4K 274

အသက်လေးဆယ်ကျော် ခမည်းခမက် လူပျိုကြီး နဲ့ အပျိုကြီး ရဲ့ ဖူးစာ Більше

Old Love -1
Old Love -2
Old Love -3
Old love-4
Old Love-5
Old Love -6
Old Love -7
Old Love -8
Old Love -9
❣️Old Love❣️
Old Love -10
Old Love-12
Old Love-13
Old Love-14
Old Love-15
Old Love-16
Old Love-17
Old Love -18
Old Love-19
Old Love-20
Old Love-21
Old Love-22
Old Love -23
Old Love -24
Old Love-25
❣️Old Love-26❣️
Old Love-27
Old Love -28
Old Love -29
Old Love -30
Old Love -End
Extra

Old Love-11

4K 149 13
Від Sms12790

အရွယ်လွန် အချစ်💓
Old Love  -11

“ကျွန်မက နူတ်လုံ နေသလောက် ကိုမျိုးက သိပ်နူတ်ဖွာနေတာပဲနော်..”

“ကိုယ်ဘာလုပ် လို့လဲ ခင်ခင်..”

“အို… ဘာလုပ်ရမလဲ.. နှိပ်ပေးတာ ညက နေ နေ့မကူး သေးဘူး..

အမေဆီက ဖုန်းပြန်၀င်လာတော့ ချက်ချင်း ကြေညာ ရိုက်ပစ်တာလေ..

ခင်ခင် ကို ကျွန်တော် နှိပ်ပေးရတာလေ ဘာလေးနဲ့ ..”

“ဟာကွာ .. အဲ့ဒါကတော့ ယောက္ခမကြီးက မြင့်မြင့်ခင် ထိုးမုန့် လမုန့်

ရွှေကျီဆနွင်းမကင်း ၀ယ်ထည့် ပေးလိုက်တဲ့ မျက်နှာကြောင့် လေ..”

“အို .. မဆီမဆိုင် ..”

“ဆိုင်တာပေါ့ မိန်းမရဲ့ … ယောက္ခမကြီးက သူ့သမီး အချောလေး ကိုယ်က ယုယတယ်ဆိုတာ သိမှ ကိုယ့်ကိုပိုရက်ရော မှာပေါ့ ဟုတ်ဖူးလား..”

“အမေက ‌သဲသဲ ကို ပြန်ပြောပြ .. သဲသဲကနေ မဝါတို့ကို ပြန်ပြောပြမှာ မစိုးရိမ်ဘူးလား ..”

“မစိုးရိမ်ပါဘူး ကွာ … ယောက္ခမကြီးက နူတ်လုံပြီသား ဒါပင်မယ့် မုန့်ညင်းချဉ်တော့ ပြန်ပို့ရမယ်တဲ့ ဟဲ ဟဲ ..”

“ကဲ... အမေကလည်း  မုန့်ညင်းချဉ် တွေ နေ့တိုင်းများ ချက်စားနေလားမသိ အဖေကတော့ ပြောတော့မှာပဲ ..”

“မပြောပါဘူးကွာ .. ခင်ခင် အဖေကလည်း ဒီမုန့်ညင်းချဉ်ကြိုက်တယ်တဲ့..”

“အင်း .. ဟုတ်တော့လည်း ဟုတ်ပါတယ်လေ ..

အဖေက မုန့်ညင်းချဉ်ထဲက မုန့်လာဥနီ တွေနဲ့ အခြား အစာပလာ တွေများတာ သိပ်မကြိုက်တာ ..

ဟိုနေ့က ကိုမျိုး၀ယ်လာတဲ့ မုန့်ညင်းချဉ်ကတော့ မုန့်ညင်းရွက်ကလေးတွေချည်းပဲ ကောင်းလိုက်တာ ..

အဖေ ကြိုက်လောက်တယ် … ကြက်သား နဲ့ ရောချက်‌ကျွေး  တော်တော်စား‌ ကောင်းမှာ ..

ဒါနဲ့  ကိုမျိုး အဲ့ဒါက ဈေးထဲက ၀ယ်လာတာ မဟုတ်ဖူးမို့လား ..”

“အင်း ..မဟုတ်ဖူးလေ .. ကိုယ် ကျောက်၀ယ်ဆင်းရင် ရွာဖက်က ၀ယ်လာတာ ..”

“ဟုတ်လား .. နောက်ရက်ကျရင် ကျွန်မ လည်း နောက်တစ်ခေါက်ထပ်လိုက်ပြီ မုန့်ညင်းချဉ်လုပ်နည်း လိုက်မေးအုံးမှဘဲ..”

ခင်ခင် စကားကြားတော့ ကျွန်တော်ပြုံးမိသည်..

ပြုံးလျက်  ခင်ခင် ခါးကို ဖက်ပြီ

“ကျောက်၀ယ်သွားမယ့် ယောင်္ကျားနောက်ကို လိုက်လာပြီ မုန့်ညင်းချဉ်လုပ်နည်း လိုက်မေးမယ်ပေါ့ ..”

“ဒေသန္တရ ဗဟုသုတ ရှာရင် ဒေသ အစားစာ အကြောင်းလေ့လာချင်လို့ပါ..”

“ဟုတ်ရဲ့လား … ယောင်္ကျားကိုမခွဲနိုင်လို့  လိုက်ချင်တယ်လို့တော့ ပြောလိုက်ပါ ခင်ခင် ..”

သူက သူမ မေးဖျားကလေးတို့ပြီ စတော့ သူမ က ဟန်ဆောင်စိတ်ဆိုးသံကလေးဖြင့်

“အို .. ယောင်္ကျားကို မခွဲ နိုင်ရင် တကောက်ကောက် လိုက်မနေပါဘူး ..

အိမ်ကနေ မခွာနိုင်အောင် တစ်ခါတည်း လုပ်ထားမှာပေါ့ ..”

“ဘယ်လို လုပ်ထားမလဲ ..”

“အခန်းထဲ သော့ခတ် ထားမှာပေါ့ ..”

“မိန်းမ သာ အတူတူရှိနေရင် အခန်းတံခါး သော့ခတ်ထားထား သော့ဖြတ်ထားထား ကိစ္စမရှိပါဘူးဗျာ … ဟား .. ဟား ..”

“အို .. သွား .. ရယ်သံ ကြီးကိုက ..”

တဟီး .. ဟီး .. တ ဟား ဟား ဖြင့်  အိပ်ခန်း အတွင်း ရယ်သံကလေးတွေလိူင်းထသွားပုံက ဖြတ်သွားလို့ ကြားမိရင် သူတို့လိုလိုက်ရယ်မိမှာ အမှန်ပါ..

သူတို့အသံမကြားဘဲ သူတို့နှစ်ယောက်နာမည် တွဲကြားရုံဖြင့် ဆွေမျိုးတော်စပ်သူ များသာမက  သိသူ ခင်သူ များကပါ ပြုံးမိကြသည်..

သိသူ ခင်သူများလို့ ဆိုရာတွင်  တချို့တ၀က်သောသူ တွေမပါ ..

တချို့က သိခဲ့သည် ..ခင်ခဲ့သည်.. ချစ်ခဲ့သည်..

သို့သော်အခုတော့ မသိချင် မမြင်ချင် မချစ်ချင် လောက်အောင် မုန်းနေသည်..

ဘယ်လောက်ထိ မုန်းနေသလဲဆို  သူတို့ တစ်ပါးသူ ပျော်ရွှင်ခြင်းကိုပင် မနှစ်မြို့လောက်အောင်မုန်းသည်တဲ့ ..

@@@

“ခင်ခင်.. ကိုယ် အပြင် ခဏ သွားအုံးမယ်ကွာနော် .. ကိုရိူင်းတို့က လှမ်းခေါ်နေတာ ..

ခင်ခင် တစ်ယောက်တည်း မနေရဲရင် မမကြီးကိုကိုယ်လှမ်းခေါ်လိုက်မယ် ..”

“မခေါ်ပါနဲ့ .. ကျွန်မ နေရဲပါတယ် .. ကိုမျိုးလည်း သိပ်မကြာဘူးမို့လား..”

“အင်း.. ခဏပဲ ..”

ကျွန်မကယောင်္ကျား သွားမှာလာမှာကို နေရာတကာ လိုက်ပြီ မချုပ်ချင်ပါ..

ကိုမျိုးကလည်း  အိမ်ထောင်သက် လေးလကျော်သည့်အခုချိန်အထိ ကျွန်မ ချုပ်ချယ်စရာမလိုအောင် အလိုက်သိပါသည်..

သူအလိုက်သိလို့လည်း ကျွန်မ ကျေနပ်မိပါသည်..

သို့သော်လည်း ဒီနေ့ ကိုရိူင်းဆိုသည့် လူ၏ နာမည်ကျွန်မကြားလိုက်ရတော့ စိတ်ထဲ မှာ သိပ်မကျေနပ် ..

လူပုံစံက မိန်းမတွေဆို အထင်သေးစရာလိုလို မထိ ခလုတ် ထိခလုတ် နဲ့ စချင်တာလိုလို လှောင်ချင်သလိုလိုနဲ့ ကျွန်မ အဲ့ဒီလူကို သိပ်အမြင်ကတ်ပါသည်...

ကျွန်မတို့ မင်္ဂလာဧည့်ခံပွဲမှာ တစ်ကြိမ် ... ကိုမျိုး မိတ်ဆွေ အိမ်သစ်တက် ဆွမ်းကပ်မှာ တစ်ကြိမ် ကောင်းကောင်း ဆုံဖူးသည်..

ဆုံလိုက်တိုင်းလည်း တစ်စက်မျှ အချိုးမပြေ..

ကိုမျိုးကို အဲ့လူနဲ့ သိပ် အပေါင်းအသင်း မလုပ်ဖို့ တားချင်သော်လည်း ထိန်းတားနေရသည်..

ဇွတ်ကြီးအတင်းကြီး ဟိုလူ့ကို မပေါင်းနဲ့ ဒီလူကို မခေါ်နဲ့ တားမြစ်လျှင်လည်း ယောင်္ကျားတွေက သိပ်မကြိုက်ချင်ကြဘူးလေ..

ဒါ့ကြောင့် ကျွန်မလည်း တတ်နိုင်သမျှ လေပြေအေးကလေးနဲ့ အကြောင်းကိစ္စများ တိုက်ဆိုင် လာလျှင် ကိုမျိုးကို နားချ ကြည့်ရအုံးမယ်လို့ စိတ်ထဲမှာ ထည့်ထားလိုက်သည်..

တွေးရင် အိမ်အပြင် မှာ လောလောနဲ့ ထွက်သွားတဲ့ သူ့ကို လှမ်းကြည့်မိတော့

“တော်ပါသေးတယ် .. အပေါ်ကနေ သရေဂျာကင် ထပ်၀တ်သွားလို့..

မိုးကလည်း ရာသီကုန်ခါနီးမို့ အတင်းကောင်းနေသည်ထင်ပါရဲ့ ..

နည်းနည်း ရွာလိုက် များများရွာလိုက်နဲ့ ပြတ်တယ်လို့မရှိ ..
.
.
ကျွန်မ မိုးကုတ်ကို စရောက်သည့် ဇူလိုင်လကတည်းက ရွာနေသည့် မိုးရေများက အခုစက်တင်ဘာလ ရောက်သည်အထိ မကုန်နိုင် မခမ်းနိုင်ရွာနေဆဲပဲ..

.
.

ဒီနေ့ကျမှ မိုးတွေကလည်း သည်းလိုက်တာလွန်းပါရော ..

ကိုမျိုးကလည်း အခုထိပြန်မလာသေးဘူး ...

အနောက်ပိုင်းမှာ မြေပြိုလို့ အိမ်တစ်လုံးပါသွားတယ်ဆိုတဲ့ သတင်းတွေလည်း ကြားတယ် ...

မိုးတွေရွာလို့ အမှောင်ကျနေတဲ့ အိမ် အပေါ်ထပ် မှာ ထိုင်နေရင် လက်က သာ သူ့အတွက် ဦးထုပ်ပြီးအောင်ထိုးပေးနေမိတယ် ..

စိတ်ကတော့ ပူပန် နေလိုက်ရတာ..

အချိန်ကိုကြည့်တော့ ညနေ ငါးနာရီ ကျော်သွားပြီ ..

နေ့လယ် တစ်နာရီကတည်းက ထွက်သွားတာ ..

ကိုမျိုးက ကျွန်မ ညနေစာ ငါးနာရီ မတိုင်ခင်စားတတ်မှန်းသိနေလို့ အမြဲ စောစောပြန်လာတတ်တာပါ ...

ဒီနေ့ကျမှ နောက်ကျလိုက်တာနော် ဖုန်းကလည်း ခေါ်မရဘူး ..

အပေါ်ထပ်ဘုရားခန်းဖက်က ၀ရန်တာ ဘက်ထွက်လျက်  ဖုန်းတွေဆက်တိုက်ခေါ်ရင် အိမ်ရှေ့ကိုအရှိန်ပြင်းပြင်းကားထိုးရပ်သွားတာမြင်မှ ကျွန်မစိတ်အေးရသည်..

“ခဏဆိုတဲ့ ကိုမျိုးကကြာလိုက်တာ”
“ ဖုန်းခေါ်တာလည်း မကိုင်ဘူး ..”

အစရှိသဖြင့် ငါးနာရီလောက်ကြာအောင် ကျွန်မရင်ထဲစီထားသမျှ စကားတွေ ကို ကျွန်မကတန်းပြောနေမိသည်..

ကျွန်မပြောနေဆဲမှာပဲ  မိုးရေတွေစိုရွဲနေသည့်သူက ကျွန်မကို ပြေးဖက်လိုက်တော့ ကျွန်မစကားတွေ ရှေ့မဆက်နိုင်ပဲ .. ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန် စွံ့အ သွားရသည်..

သူ့ကို ဆူရမည့်စကားတွေ အစား စိုးရိမ်စိတ်များသော စကားလုံးများသာထွက်ကြလာသည်...

“ကိုမျိုး ..  မိုးရေတွေ စိုနေတာပဲ ...”
“အင်း..”

“အအေးမိလိမ့်မယ် ..”
“အင်း ..”

“ရေချိုးလိုက်ပါ့လား ..”
“အင်း ..”

“ကိုမျိုး ဘာတွေ ဖြစ်လာလဲ ... ၀တ်သွားတဲ့ ဂျာကင် ရော..”

ဂျာကင်မေးတော့မှ သူ  အင်း လို့တောင် မဖြေနိုင် အောင်  နူတ်ဆိတ်သွားရင်

သူမကို ဖက်ထားသည့် လက်တွေကို ဖြေလျော့ပြီ 

“ခင်ခင်... ကိုယ် ရေချိုး တော့မယ်ကွာ ..”

ပြောရင် ရေချိုးခန်းထဲ၀င် ရေပန်းအောက် သူ၀င်လိုက်သည်...

သူ့အ၀တ်တွေ ချွတ်ပစ်ပြီ သူ့ကိုယ်ပေါ် ရေတွေ စိုစေသည်..

သူသုံးနေကျ လာဗင်ဒါအနံ့ ဆပ်ပြာရည်ဘူးကို ခပ်များများလေး ညှစ်ကျပြီ သူကိုယ်ပေါ် ခပ်ကြမ်းကြမ်းကလေး ပွတ်တိုက်သည်..

ပွတ်တိုက်ရင် စိတ်မရှည်စွာ ရေချိုးခန်း နံရံကို လက်သီးနဲ့ ပစ်ထိုးမိ၏..

“ဟာ ကွာ .. အ . စမ်း .. အ စမ်း .. ဦးနှောက် မရှိတဲ့ အကောင်..”

သူ့ကိုယ်ကို ကိုယ် အကြိမ်ကြိမ်အခါခါ အပြစ်တင်ရင် နာကျင်အောင် ထိုးမိသည်..

ထိုးနေရင်  အပြင်က ခင်ခင်၏ ကိုမျိုး အ အေးမိမယ် နော် ဆိုသည့် လှမ်း အော်သံကြားမှ သူ ရပ်လိုက်သည်...

💙💙💙

“ကိုမျိုး .. ဖျားလိမ့်မယ် .. ရော့ ကော်ဖီ နွေးနွေးလေးသောက် ဆေး ရော သောက်ထားလိုက်..

ကိုမျိုး ခေါင်းကလည်း မခြောက်သေးဘူးပဲ .. ကြည့် ရေပြောင်အောင်လည်း မသုတ်ရသေးဘဲ ခဏနေရင် ကျောလှဲတော့မယ်..”

ပြောရင် ခင်ခင်က တဘတ်ယူလာပြီ သူ့ခေါင်းကို သုတ်ပေးသည်..

သုတ်ပေးရင်

“အလှကြိုက်လို့ ဆံပင်ကြတော့ တိုတိုနန့်နန့် မညှပ်ချင် ..

ခေါင်းကျတော့ လျှော်လိုက်ရတာ နေ့တိုင်း ..

လျှော်ပြီ ရေကျတော့ ပြောင်အောင်မသုတ်ချင် နဲ့လေ..  ကိုမျိုး နဲ့တော့ ခက်တော့တာပဲ …”

ခင်ခင်က သူ့ကို မိခင် တစ်ယောက်က သားကို စိုးရိမ်သလို စိုးရိမ်ပေးသည်..

ဇနီးတစ်ယောက်က ယုယသလိုလည်း သူ့ကို ယုယပေးသည်..

ခင်ခင်က သူ့ကို ယုယမူ့တွေ ဂရုစိုက်မူ့တွေပေး ကြင်နာလေလေ ဒီနေ့ သူ့အမှားအတွက် သူ နောင်တရလေလေ ဖြစ်သည်…

၀မ်းနည်းစိတ် နှင့် အားနာစိတ်ပါ တိုး၀င်လာပြီ သူ့ကို ယုယစွာ မက်တပ်ရပ်လျက် ရေသုတ်ပေးနေသည့် ခင်ခင်ခါးကို တိုးဖက်လိုက်သည်...

အကင်ပါးသည့် ခင်ခင်က ကိုမျိုး ဘာဖြစ်နေသလဲ မေးတိုင်း

“ဘာမှ မဖြစ်ပါဘူး .. ခင်ခင်ရယ် ..
ကိုယ် နည်းနည်း လောက် မော့ လာမိလို့ ခပ်ထွေထွေ ဖြစ်နေတာပါလို့ “

လိမ်ဖြေမိသည်...

ဪ ..မေ့လို့ .. လိမ်ဖြေမိတာမဟုတ်ဘူး ..
သောက်မိလို့ ခပ်ထွေထွေ ဖြစ်သွားတာကလည်းမှန်နေသည်..

သောက်မိလို့ ဒီလို အဖြစ်အပျက်မျိုး ကြုံရသည်ကလည်း မှန်နေသည်..

ခင်ခင် အမြဲ ပြောတတ်သည့် စကားလေးပြန်ကြားယောင်မိသည်...

“ကိုမျိုး .. အသွား မတော် တစ်လမ်း အစားမတော် တစ်လုတ် နော် ..”တဲ့ ..

မှန်တယ် .. ခင်ခင် မှန်တယ် .. ကျွန်တော်က လူတိုင်းနှင့် ပေါင်းသင်း ဆက်ဆံတတ်သည်ကို ကိုယ့်ကို ကိုယ် ဟုတ်လှပြီထင်နေသည်..

ကိုယ့်ကျောကို နောက်ကနေ ဓါးနှင့်ထိုးမလား
အရှေ့ရင်ဘက်တည့်တည့်ကနေ ဓါးနှင့်ထိုးမလား မသိ ..

.. လူတွေကို ခင်တွယ်သည်..

ကိုယ်နှင့် ဆိုးတူ မိုက်ဖက် ပေါင်းသင်းခဲ့သည်ဟု‌ တွေးလျက် ပိုပြီ အခင်မင်မပျက်နေသည်..

အခုတော့ ..ကြည့် .. ရင်ဘက်တည့်တည့် ဓါးနှင့်လာထိုးသည်ထက် နာကျင်ရသည်..

စိတ်နာရသည် .. ဘာကြောင့် သူကျွန်တော့် အပေါ် ဒီလိုလုပ်ရက်သလဲ ကျွန်တော် စဉ်စားလို့မရ..

ကျွန်တော် နဲ့သူ စီးပွားပြိုင်ဖက်တွေ မဟုတ်
သောက်ဖော် သောက်ဖက် သာဖြစ်သည်..

ဒါ့ကို သူဘာဖြစ်လို့ ကျွန်တော့်အပေါ် ဒီလို လုပ်ရက်သလဲ စဉ်စားလို့မရ ...

“ဟာကွာ ..”

စဉ်စားရင် နူတ်ကနေ ထွက်မိတော့ ခင်ခင်က
ကျွန်တော့် လက်မောင်း ပေါ် အိပ်လျက်ကနေ

“ကိုမျိုး ... ဘာတွေ ဖြစ်နေလဲ ..”
ခင်ခင် မေးလာတော့ ကျွန်တော် သက်ပြင်းချပြီ
“မဖြစ်ပါဘူး ခင်ခင်ရယ် .. အိပ်ပါ ..”
“မဖြစ်ပါဘူး သာပြောနေတယ် .. ချလိုက်ရတဲ့ သက်ပြင်းတွေ ..”

ပြောရင် ခင်ခင်က ကျွန်တော့်လက်မောင်းပေါ်ကနေ ထမည့်ဟန်ပြင်လိုက်သည်မို့ ခင်ခင်ကိုယ်ကလေးကို ကျွန်တော်တင်းနေအောင်ဖက်လိုက်သည်..

ခင်ခင် ပါးကလေး နှင့် ကျွန်တော် ပါးကလေး အပ်ပြီ

“ခင်ခင် ကို .. ကိုယ်သိပ်ချစ်တယ် .. ခင်ခင် ယုံတယ်မို့လားဟင် ..”

ကျွန်တော် မေးတော့ ခင်ခင်က ချက်ချင်းမဖြေ ..

တစ်ဖက်လှည့်ထားသည့် သူမ မျက်နှာလေးကို ကျွန်တော့်ဖက် ပြန်လှည့်ကြည့်လာပြီ

ကျွန်တော် မျက်၀န်းများကို သေချာ စိုက်ကြည့်သည်...

စိုက်ကြည့်ရင် ကျွန်တော့်မျက်နှာပေါ် သူမလက်ချောင်းကလေးများဖြင့်ထိတွေ့ရင်

“ကိုမျိုး ... ဒီနေ့ ထူးဆန်းတယ်နော် ..”

ကျွန်တော် ရင်များထိတ်သွားရသည် ...

ခင်ခင် သိတော့မှာလား .. ခင်ခင်က သိပ်ကိုပါးနပ်ပြီ အမြင်ကျယ်သည်..

ခင်ခင်ကို ကျွန်တော်လိမ်လို့မရ ...

ကျွန်တော်ကလည်း ခင်ခင် ကို မလိမ်ချင်ပါ ...

ဒါပင်မယ့် ... ဒါပင်မယ့် အမှန်အတိုင်း ဖွင့်ပြောပြရင်  ခင်ခင် မယုံမှာလား စိုးရိမ်သည်..

ဒါ့ကြောင့် ကျွန်တော် ခင်ခင် လက်ချောင်းကလေးကို ဆွဲယူနမ်းရိူက်ပြီ

ကျွန်တော့်ကိုစုံထောက်မလေးလို စူးစမ်းနေသည့် ခင်ခင် နူတ်ခမ်းလေး တွေကိုပါ နမ်းလိုက်သည်...

ခင်ခင် နူတ်ခမ်းလေးကို ကျွန်တော်က ထပ်နမ်းမည်ကြံတော့ ခင်ခင်က နောက်ထပ်သူမလက်ချောင်းကလေးများဖြင့် ကျွန်တော့် နူတ်ခမ်းကို ဖိပြီပိတ်သည်..

ကျွန်တော်က ‌နူတ်ခမ်းပေါ်က ခင်ခင့်လက်ချောင်းကလေးများကို ဆွဲယူနမ်းရိူက်ရင်

“ကိုယ် ခင်ခင် ကို သိပ်ချစ်တဲ့ အကြောင်း နေ့တိုင်း ပြောပါတယ်ကွာ..
မထူးဆန်းပါဘူး …”

“ချစ်တဲ့ အကြောင်း ကိုမျိုး နေ့တိုင်း ပြောတာက မထူးဆန်းပါဘူး … ယုံတယ်မို့လား မေးတာကပဲ ထူးဆန်း‌ နေတာလေ ..”

ကိုင်း..ကြည့်စမ်း ကျွန်တော့်ရဲ့ ချစ်ဇနီး ခင်ခင်က အဲ့သလို သိပ်လည်ပါသည်..

ဟုတ်ပါသည် .. ကျွန်တော် ခင်ခင်ကို နေ့စဉ်နေ့တိုင်း ချစ် သည်ဟု ပြောသည်.. ဘယ်တော့မှ ခင်ခင်  ယုံတယ် မို့လားဟင် လို့ ပြန်မမေးတတ်..

ကျွန်တော်  အခန်းမီးရောင်အောက်မှာ ခင်ခင် မျက်၀န်း နက်နက်ကလေးတွေစိုက်ကြည့်ရင် ခင်ခင် အပြောကို ဘာမျှ ပြန်မတုံ့ပြန်နိုင် …

ထို့နောက် ကျွန်တော် အတွေးထဲ ပေါ်လာသည့် ခင်ခင် နူတ်ခမ်းသား နုနုကလေးတွေကိုသာ  နမ်းရိူက်လိုက်ပါသည်..

ခင်ခင့် နူတ်ခမ်းကလေးတွေက ရူပ်ထွေ နောက်ကျိနေသည့် ကျွန်တော် စိတ်ကလေးတွေကို  ကြည်လာ စေသည်...

ခင်ခင့် ကိုယ်သင်းရနံ့ သင်းသင်းကလေးတွေက ကျွန်တော့်စိတ် ထဲက အညစ်ကြေးတွေကို ရှင်းပစ်ဖို့ အစွမ်းရှိသည်..

ခင်ခင် ကိုယ်ပေါ်က မို့မို့မောက်မောက်ကလေးတွေပေါ် ကျွန်တော့် လက်တွေ စုန်ချည် ဆန်ချည် လူပ်ရှားရတော့ ကျွန်တော့် စိတ်ရော ခန္ဓာကိုယ်ရောက တိမ်တွေလို လွင့်‌ မျှောပေါ့ပါး သွက်လက်လာသည်..

ခင်ခင့် လျှာကလေးတွေနှင့် ထိတွေ့တော့  ကျွန်တော့် အာရုံထဲ ခင်ခင် သာရှိချင်တော့သည်...

ဒါ့ကြောင့် စိတ်အာရုံခံစားမူ့ တွေ လိူက်တက်လာသည်နှင့်အမျှ ကျွန်တော့် လက်တွေက ခင်ခင် ရင်သားတွေ ပေါ် ပွတ်ချေလိုက်ရင်
ရှေ့ဆက်ဖို့ ပြင်လိုက်သည်...

ခင်ခင် လည်တိုင်လေးပေါ် ခပ်ဖွဖွ ဖိကိုက်ရင်ကနေ  မို့မောက်နေသော  ရင်သားတွေဆီ ကျွန်တော် က သူမ ည၀တ် လက်ရှည် သိုးမွေးအင်္ကျီအိအိကလေး အောက်ကနေ ခေါင်းလျှို ပြီ နူတ်ခမ်းများဖြင့် စုပ်ယူ ထွေစုပ် လိုက်သည်..

တစ်ချိန်တည်းမှာပဲ သူမအတွင်းခံ အင်္ကျီကလေးကိုပါ ဖယ်ရှာလိုက်ပြီ
ဗိုက်ဆာနေသော လသား ကလေး တစ်ယောက်သဖွယ် ကျွန်တော်စုပ်ယူနေမိ၏..

ခင်ခင်ကလည်း ကျွန်တော့် ဆံပင်များကို ယုယ စွာ ထိုးဖွပေးနေသည်..

ဒီအခိုက်အတန့် လေးကို ကျွန်တော် သိပ်ကျေနပ် ကြည်နူးနေမိပါသည်..

နူတ်ခမ်းတွေက သူ့အလုပ်သူလုပ်နေချိန် ကျွန်တော့် လက်တွေက သူမခါးက ထဘီကို ဖြေလျော့ပြီ တင်ပါး ပေါ်နှင့် ပေါင်ခြံကြားတိုး၀င်တော့ ပင်တီမပါသည့်  သူမဆီက  ညီးသံသဲ့သဲ့ ကလေးကြားလိုက်ရ၏…

ဟုတ်သည် .. ခင်ခင့် ညီးသံ ညုသံ ကလေးများကသာ ကျွန်တော့်စိတ်ကို ကြည်နူးစေသည် အားတက်စေသည် … ဆန္ဒတွေပြင်းပြစေသည်..

ခင်ခင် နှင့် ကျွန်တော် တစ်သားတည်း ဖြစ်သွားချိန်မှာ ကျွန်တော်သည် အပျော်ဆုံးဖြစ်သည်…

ကျွန်တော်အထိတွေ့ များနှင့် ခင်ခင် အသားကျ လာသလို ..

ခင်ခင် ဆိုသည့် ဖြစ်တည်မူ့မှာပဲ ကျွန်တော်လည်း ပျော်မွေ့သည်..

ကျွန်တော် နဲ့ ခင်ခင်ကြား ကိစ္စ ပြီးမြောက်သွားသည့်တိုင် ပြောစရာ စကားတွေရှိသည်…

ကြည်နူးစရာ ခံစားချက် တွေရှိသည်…

ကိစ္စပြီးမြောက်တိုင်း ပြောစရာစကားမရှိ ဆေးလိပ်ထသောက်တတ်သည့်အကျင့်ရှိသူ ကျွန်တော်က  ခင်ခင် ကိုတော့
တယုတယ ထွေပွေ့ထားတတ်သည် …

ထွေပွေ့ထားရင် ခင်ခင် ကျောပြင်လေးကို အသာယာ ပွတ်‌သတ်ပေးပြီ
ခင်ခင် အိပ်ပျော် အောင် ချော့သိပ်တတ်သေးသည်..

ခင်ခင် အသက်ရှူသံ နှင့် ကိုယ်သင်းရနံ့များကို ရူရိူက်ပြီ ခင်ခင် ရှက်သွေးဖြာ ပုံကလေးများ ပြန်စဉ်စားရင်  ပြုံးနေမိတတ်သည်..

ခင်ခင်ကို တိုးဖက်ထားရင် ရင်ထဲမှာ ဒီနေ့ ဗလောင်ဆူနေသမျှ ခဝါချ အိပ်စက် ဖို့ကြိုးစားလိုက်သည်..

ခင်ခင် ... ခင်ခင်သိရင် ကိုယ့်ကို စိတ်ဆိုးမှာလားဟင် ..

မေ့လို့ .. ခင်ခင် စိတ်ဆိုးမှာလား ကိုယ်မမေးရဲဘူး  ..

ခင်ခင်က စိတ်မဆိုးတတ်ဘူး  .. ခင်ခင်က စိတ်ပြတ်သွားရင်  ဘယ်သူ့မျက်နှာကိုမှမထောက် ပြန်လှည့်မကြည့်တတ်ဘူးတဲ့ ..

ကျွန်တော့် အတွေးထဲမှာ ချာချာပြန်လည် လာသည်..

တော်ပြီ... ဒီနေ့ ဖြစ်ရပ်ကို ငါ မစဉ်စားချင်တော့ဘူး ..

မနက်ဖြန်မှ စဉ်စားမယ် ...

မနက်ဖြန်မှ.. မနက်ဖြန် .. မနက်ဖြန် ..

(ကဲ... သဘက်ခါမှ စာလာတင်မယ်နော် ..

နည်းနည်းအကွက်ကျော် လိုက်တယ်နော်

နောက်တစ်ပိုင်းမှ ခင်ခင် ကို ရှင်းပြရင် ရီဒါတို့ကို ရှင်းပြတော့မယ်နော် ..✌️

ဝေဖန် ၊ အကြုံပြု လိုသည်များ ပြောပြခဲ့ကြပါလို့ .. 💙

တစ်ခဏတာ  စိတ်အပန်းပြေ နိုင်ကြပါစေ💙

ရာသီဥတု အတော်ကြီး အေးလာလို့ ကျန်းမာရေးအထူးဂရုစိုက်ကြပါ ... ဘိုင့်✌️

>>>ဆက်ရန်

ကြိုးစားရေးသားပါအုံးမည် 💪💙

#Skykyiphyu








































Продовжити читання

Вам також сподобається

315K 36K 25
"𝒚𝒐𝒖 𝒄𝒐𝒖𝒍𝒅 𝒃𝒓𝒆𝒂𝒌 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒊𝒏 𝒕𝒘𝒐 𝒃𝒖𝒕 𝒘𝒉𝒆𝒏 𝒊𝒕 𝒉𝒆𝒂𝒍𝒔, 𝒊𝒕 𝒃𝒆𝒂𝒕𝒔 𝒇𝒐𝒓 𝒚𝒐𝒖" ...
358K 27.5K 15
MY Creditor Side Story ပါ။ Parallel Universe သဘောမျိုးပြန်ပြီး Creation လုပ်ထားတာမို့ main story နဲ့ မသက်ဆိုင်ပဲ အရင် character ကို ရသအသစ် တစ်မျိုးနဲ...
3.6M 153K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
735K 42.6K 36
|ROSES AND CIGARETTES Book-I| She was someone who likes to be in her shell and He was someone who likes to break all the shells. "Junoon ban chuki ho...