Light

By PhyoPhyo425

6K 509 39

I am only stand and I respect all of perth's Partners More

Introduce
Part 1 : Shadow
Part 2 : His Name
Part 3: First Kiss
Part 4: New Cast
Part 5: That Begin ....
Part 6: Past ...
Part 7: Feelings ....16+
Part 8: Home
Part 9: Confession
Part 10: Happiness
๐Ÿ™๐Ÿ™
Part 11: He
Part 12:Now I can see him
Part 13: LOVE
Part 14:Real Chimon.....
Part 15: Please Don't let me go
Part 16:New Chapter
Part 18:
Next Fic
Part 19: His Pains
The End

Part 17: Past

178 23 2
By PhyoPhyo425

" ဒါက ..... ဒါကဘယ်နေရာလဲ "

ဝေဝေဝါးဝါးနဲ့နိုးထလာမိတယ် ...... မသိတဲ့နေရာတစ်ခုမှာ ငါနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာလား

        " ဥက္ကဌ ..... သတိရလာပြီလား "
        " မင်း .... ဘယ်လိုရောက်နေတာလဲ ဒီနေရာက "
        " ဆေးရုံပါ ..... ဘာမှမမှတ်မိဘူးလား
ဥက္ကဌတစ်ခုခုဖြစ်ပြီထင်ပြီး စိတ်ပူနေတာ "

ထူပူပြီး ဘာမှမမှတ်မိဘူး ..... ညက .... ငါဘာဖြစ်သွား
တာလဲ .....

        " အား ...... ခေါင်းက "
        " အဆင်ပြေရဲ့လား ...... ခေါင်းမူးလို့လား "
        " ရတယ် .... ငါဘာဖြစ်တာလဲ ဘာလို့ဒီရောက်
နေတာလဲ .... ဘာလို့ဘာမှမမှတ်မိတာလဲ "
        " ကျွန်တော်လဲသေချာမသိတော့ပါဘူး ......
ချောင်းစပ်မှာမေ့လဲနေတာမြင်လို့ လူတစ်ယောက်က
ခေါ်လာပေးတာလို့ ပြောပါတယ် ..... "
          " ဟုတ်လား ..... ဒါပေမယ့် ငါညက ဧည့်သည်ကို
စောင့်ရင်း သောက်တာများသွားမိလို့လား .....
တကယ်မမှတ်မိတော့တာပဲ ..... "
          " ဘာပဲဖြစ်ဖြစ် တော်သေးတာပေါ့ ..... "
          " ဒါနဲ့ .... ငါ့ကိုခေါ်လာပေးတဲ့သူက်ို ကျေးဇူးဆပ်
တဲ့အနေနဲ့ တစ်ခုခုပေးလိုက်ပါဦး  "
          " ဟုတ်ကဲ့ ...... ခဏလောက်နားလိုက်ပါဦး "

ဘာဖြစ်တာပါလိမ့် ..... ထူးဆန်းတဲ့ခံစားချက်ကိုခံစား
နေရတယ် ..... ဝမ်းနည်းပြီး ငိုကြွေးချင်တယ်
တစ်ခုခုကို လွမ်းဆွတ်လို့ ရူးချင်နေတဲ့ ခံစားချက် ......

        " ကျေးဇူးပြုပြီး ..... Ganhan ဆိုတဲ့လူနာဘယ်
မှာလဲရှင့် .... ဓားထိုးမှုနဲ့ရောက်လာတဲ့လူနာလေ "
        " အော် .... အရေးပေါ်ခန်းထဲမှာ "
   
သူ့ဆီအပြေးလာခဲ့တာ ......

        " မမလေး .... ရောက်လာပြီလား "
        " ဘယ်လိုဖြစ်တာလဲ "
        " သတိမရသေးပါဘူး ..... လက်နဲ့ ဗိုက်မှာ ဓား
ချက်တွေထိထားပါတယ် ..... ဆိုးသွားတာက ဓားမှာ
အဆိပ်သုတ်ထားတာပါ .....
ဓားဒဏ်ရာထပ် အဆိပ်ကြောင့် ... မနိုးသေးတာပါ "

ဖြန်း ..... အသံအကျယ်ကြီးကြောင့်ဘေးနားကလူ
တွေတောင် ဝိုင်းကြည့်နေကြတယ် .....
ပါးရိုက်လိုက်တဲ့ မိန်းကလေးရဲ့အကြည့်ကိုက
ကြောက်ဖို့ကောင်းတယ် .....

          " နင်တို့ကဘာလုပ်နေကြတာလဲ ..... ဘာကြောင့်
သူက ဒီလိုထိခိုက်လာတာလဲ .... ဒီလောက်တောင်
စောက်သံုးမကျဘူးလား "
         " တောင်းပန်ပါတယ်..... Boss ထွက်သွားတာ
မသိလိုက်လို့ပါ ....  "
          " Chimon ရော ..... "
          " ကျွန်တော်သေချာအခန်းသီးသန့်မှာထားထား
ပါတယ် .... အဆင်ပြေပါတယ် "
         " နောက်နေ့ Ganhan အဆင်ပြေရင် ....ဆေးရုံ
ပြောင်းဖို့ ချက်ချင်းစီစဉ်လိုက် "
         " ဟုတ်ကဲ့ ..... "

အခန်းထဲကိုတုန်တုန်ရီရီနဲ့ .... ဘာလို့ပြန်ဝင်လာတာလဲ

        " မင်းဘာဖြစ်လာတာလဲ ..... "
        " ကျေးဇူးဆပ်ဖို့သွားတာပဲ .... ဒါပေမယ့် ရန်ပွဲနဲ့
တွေ့လာရလို့ .... ဥက္ကဌကိုလိုက်ပို့တဲ့သူကို ....
ကောင်မလေးချောချောလေးက ပါးရိုက်နေတာ "
        " ပါးရိုက်တယ် "
        " ဟုတ်တယ် .... ကြားတာတော့ သူ့ရည်းစားလား
ဘာလားမသိဘူး .... သေချာမစောင့်ရှောက်လ်ို့တဲ့
ရန်ပွဲထဲပါမှာစိုးလို့ .... ဥက္ကဌကိုယ်တိုင်ကျေးဇူးတင်ဖို့
သွားမလား "
         " ငါက အဲ့လိုတွေကိုယ်တိုင်သွားစရာလ်ိုလ်ို့လား
ထားလိုက်ပါတော့ "

ဘာလို့အဲ့လောက်တောင်စိတ်ခံစားချက်ကဆိုးရွားနေ
တာလဲ ....
ရှုပ်ထွေးနေပြီး အရမ်း .... ဝမ်းနည်းတယ်
အာ .... Chimon .... မင်းဘာတွေဖြစ်နေတာလဲ

" ကိုကို ..... ကိုကို "

ညီမလေးလား .... ညီမလေးကအရမ်းလှနေလိုက်တာ
ဂါဝန်အဖြူလေးနဲ့ အရမ်းလိုက်ဖက်တာပဲ

      " Mine !!!! "
      " ကိုကို ..... ဘာလို့အဲ့လောက်အကြာကြီးအိပ်နေ
တာလဲ .... ကိုကိုနိုးထဖို့သင့်နေပြီလေ "

ညီမလေးကို တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်တယ်

       " တောင်းပန်ပါတယ် ..... တောင်းပန်ပါတယ် "
       " ကိုကို .... ကိုကိုကဘာအမှားမှမရှိဘူးလေ "
       " ကိုကိုက .... ညီမလေးအတွက်ဘာမှမလုပ်ပေး
နိုင်တော့လို့ ..... ကလဲ့စားလဲမချေနိုင်တော့လို့ "
        " အဲ့ဒါက .... ညီမလေးလိုချင်တာမဟုတ်ပါဘူး
ကိုကိုက .... ငယ်ငယ်ထဲက မိသားစုအတွက်ပဲရှင်သန်
ခဲ့တာမလား .... အခု ကိုကို့အတွက်ရှင်သန်ပါတော့
ကိုကိုတစ်ယောက်ယောက်ကို ချစ်လို့ရပါတယ် "

လွန်ခဲ့တဲ့ ၈ လခန့်ကို တစ်ချက်လောက်ပြန်သွား
ကြည့်ကြမလား .......

" မင်း ..... အခု ... ဘာပြောလိုက်တာလဲ "
" Mine ကငါ့ကောင်မလေး ..... မင်းရဲ့ညီမက
ငါ့ကောင်မလေးလို့ .... ငါသူ့ကိုမသတ်ခဲ့ဘူး "

Naron ရဲ့အကြည့်တွေက ဘာလို့ လေးနက်ပြီးမှန်ကန်
တယ်လို့ ခံစားနေရတာလဲ .....
သူ့ကော်လံ ကိုဆွဲထားတဲ့လက်ကို လွှတ်လိုက်မိတယ်
သူမဟုတ်ရင် ..... ဘယ်သူလဲ

" ဘယ်သူလဲ ..... ငါ့ညီမလေးကိုအဲ့လိုဖြစ်အောင်
လုပ်ခဲ့တဲ့သူ .... "
" သိရင် .... မင်းက ဘာလုပ်မှာလဲ
အပြစ်ပေးမှာမလား .... အဲ့ဒါကိုငါကဘာလို့ပြောပြ
ရမှာလဲ "
" ဒါဆို .... မင်းကကိုယ်စား အပြစ်ပေးခံလိုက်
ပေါ့ ... ငါက Ganhan ဆိုတာ ပြောပြပြီးပြီ ထင်တယ်
အခု .... မင်းအသက်က ငါ့လက်ထဲမှာ "

ချက်ချင်း လူအုပ်စုလိုက်ပြေးဝင်လာပြီး .....
Naron Wachirawit ကိုချုပ်ထားလိုက်တယ် ......
အိတ်ထဲက ဂေါက်ရိုက်တံရှည်ရှည်တစ်ချောင်းကို
ဆွဲယူပြီး ကြိုးတွေနဲ့ချည်နှောင်ထားတဲ့သူ့နားကိုပြန်
ရောက်လာတယ်

" မင်း .... Company မှာလာဘ်စားမှုတွေ ...
အများကြီးမလား
အခုမင်းကိုနာမည်ဖျက်ပြီး အလောင်းဖျောက်လိုက်
ရင် .. ဘယ်သူမှလိုက်ရှာလောက်မယ်မထင်ဘူး "
" မင်း ... မင်း မလုပ်ပါဘူး "

ကြောက်ရွံ့နေတဲ့သူ့ကိုကြည့်ရတာ တဖြည်းဖြည်းပို
ပျော်လာသလိုပဲ

" မဟုတ်ဘူး ..... May ကလဲငါ့ကိုဖိအားပေး
တယ် .... မင်းကလဲ ဖံုးကွယ်ထားတယ်
ဒါကြောင့်ငါ ခေါင်းရှုပ်မခံချင်တော့ဘူး ....
သိရမှဖြစ်မှာကို မသိရတော့လဲ ..... "

ဂေါက်တံကိုအားပြင်းပြင်းနဲ့လွှဲပြီး မျက်နှာတည့်တည့်
ဆီ အရောက် ......

" Chimon !!!!!!! "

ချက်ချင်း လက်တွေရပ်တန့်သွားခဲ့တယ် .....

" Chimon ပါ ...... "
" ဘာ ...... မင်း .... ငါ့ဒေါသကိုလာစမ်းနေတာ
လား ..... "
       " တကယ် သူပါ ..... မတော်တဆဖြစ်ခဲ့တာ .....
ဒါပေမယ့် သူ့ကြောင့်ဖြစ်ခဲ့ပြီး .... သူထွက်ပြေးခဲ့တာ
အပြန်မှာ ကားမှောက်တာ .... တကယ်ပါ "

ပြန်မပြောနိုင်လောက်အောင်ဆွံ့အပြီး ..... မျက်ရည်
တွေအလိုလိုစီးကျလာမိတယ် ......

        " မင်း .... လိမ်နေတာ
တကယ်သာသူဆိုရင် .... မင်းလိုကောင်က သူ့ကို
ထောင်ချမှာမဟုတ်ဘူးလား "
        " အင်း .... ဒါပေမယ့် ....  ငါကဒီမိသားစုမှာဘာ
ပိုင်ဆိုင်ခွင့်မှမရှိဘူး .... အားလံုးကသူပ််ုင်တာ
ဒါကြောင့် .... သူ့အားနည်းချက်တစ်ခုကိုဆုပ်က်ိုင်
ထားမိတာ  "
        " ဘာ ...... မင်းပြောတာကိုလွယ်လွယ်ယံုမယ်
ထင်နေလား "
        " CCTV !!!!! CCTV မှတ်တမ်းကိုငါဖျောက်ခဲ့တာ
ရှ်ိသေးတယ် ..... မင်းကိုပေးပါ့မယ် .....
မင်းနည်းနည်းလောက်စံုစမ်းလိုက်တာနဲ့ Chimon ကို
ထောင်ချလို့ရပါတယ် ...... "
 
လက်အုပ်တွေအတင်းချီပြိီး .... တောင်းပန်နေလဲ
အခုလူသတ်ချင်စိတ်ကို တားဆီးမရတော့ဘူး

        " ငါမှားသွားတာသိတယ် .... ငါ့ချစ်သူသေသွား
တာကို ငါ့အလိုဆန္ဒကြောင့် ဖုံးကွယ်မိတယ်
ဒါပေမယ့် ဒါပေမယ့် .... ငါ့ကြောင့်မဟုတ်ပါဘူး
တကယ် .... တကယ် ပါ "
        " အင်း .... နားလည်ပေးလိုက်မယ်
ဒါပေမယ့် ..... "

လက်ဆစ်တွေမှာသွေးထွက်ရလောက်တဲ့ အထိ
လူတစ်ယောက်ကို ထိုးကြိတ်ပြီးထွက်လာတာတောင်
ရင်ထဲက စိတ်ရိုင်းတွေမပျောက်သွားဘူးပဲ
နာကျင်လွန်းတယ်..... ဘယ်လိုလုပ်ကြမလဲ
ဒီနာကျင်မှုကို

အခန်းထောင့်မှာ ...တစ်နေကုန်မလှုပ်ပဲထိုင်နေမိတယ်

       " Perth .... နင်ဘာဆက်လုပ်မှာလဲ "

ဟားဟား ...... May ကိုစကားပြန်ဖြေရမှာကိုရီပဲရီနေ
မိတယ် .....

       " ငါလား .... ငါလူရောဟုတ်သေးရဲ့လား
ကို့ညီမကိုသေစေခဲ့တဲ့သူကိုလဲ လက်စားမချေနိုင် ....
ကို့ကိုချစ်တဲ့သူအနားမှာလဲ မရှင်သန်နိုင် .....
ငါကဘာလုပ်ရမှာလဲ "

Perth ရဲ့ ပခံုးကိုသေချာဆုပ်ကိုင်ထားလိုက်တယ်
သူ့ကိုကြည့်ပြီး လိုက်ငိုကြွေးမိတဲ့အထိ.... နားလည်
တယ်....  သူ့နာကျင်မှုကို

        " ငါတော့ .... ဘာမှမမက်မောချင်တော့ဘူး
အိမ်အတူပြန်ရအောင် .... အားလံုးထားခဲ့ပြီး
အိမ်ပြန်ရအောင် "
         " အိမ်လား .... "
         " အင်း .... အိမ်ပြန်ကြမယ် "
         " အဲ့မတိုင်ခင် ..... ငါ့အတွက်တစ်ခုလုပ်ပေးနိုင်
မလား ....
ငါရပ်လိုက်ချင်ပြီ ... ငါ Naron Wachirawit ကိုထိရင်
သူက .... Chimon ကိုပြန်ပြီး .... လူသတ်တရားခံဖြစ်
အောင်လုပ်လိမ့်မယ်
ငါမသိတော့ဘူး .... ငါ .... Chimon ကိုအဲ့လိုမဖြစ်စေ
ချင်ဘူး "

သဘောမကျပေမယ့် ...  Chimon ထပ် Perth က
အရေးကြိီးတာမို့ .... သူဖြစ်ချင်တာကိုပဲလုပ်ပေးချင်
တယ်

        " နားလည်တယ် ..... ငါ Naron Wachirawit ဆီကသက်သေတွေဖျောက်ပေးမယ် .....
အဲ့အစား .... ငါတို့က အိမ်ပဲပြန်ကြမယ် ..... "
       " အင်း .... အိမ်ပဲပြန်ကြမယ် "

                          The End

Phyo Acc ပိတ်သွားလို့တော်တော်ပြန်ယူလိုက်ရတယ်
အရမ်းကြာသွားလို့ ဆောရီးပါ .... 🥺🥺
စောင့်ပေးနေတဲ့သူရှိရင်လဲ အရမ်းကျေးဇူးတင်ပါတယ်နော်

   

Continue Reading

You'll Also Like

619K 18.7K 75
Hiraeth - A homesickness for a home to which you cannot return, a home which maybe never was; the nostalgia, the yearning, the grief for the lost pla...
1.1M 20.1K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
665K 33.6K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...