သားရွှေဥ [Complete]

By wookiekyoe

302K 14.7K 1K

" အရင်းရှင်ခေတ်လည်းမဟုတ်ပဲနဲ့.." " ဘယ်ခေတ်ဖြစ်ဖြစ် ကြွေးရှင်ကတော့သူလုပ်စရာရှိတာလုပ်မှာပဲ..." " ကျွန်တော့်ကိုဘ... More

coming soon
Chapter 1
Chapter 2 uni&zawi
Chapter 3 uni&zaw
Chapter 4 uni&zaw
Chapter 5 uni& zaw
Chapter 6 uni& zaw
Chapter 7 uni&zaw
Chapter 8 uni&zaw
Chapter 9 uni&zaw
Chapter 10 uni&zaw
Chapter 11 uni& zaw
Chapter 12 uni& zaw
Chapter 13 uni& zaw
Chapter 14 Uni& Zaw
Chapter 15 uni&zaw
Chapter 16 Uni&zaw
Chapter 17 Uni&Zaw
Chapter 18 Uni&Zaw
Chapter 19 Uni&Zaw
Chapter 20Uni &Zaw
Chapter 21 Uni&Zaw
Chapter 22 Uni&Zaw
Chapter 23 Uni&Zaw
Chapter 24 Uni&Zaw
Chapter 26 Uni&Zaw
Chapter 27 Uni&Zaw
Chapter 27 Uni&zaw
Chapter 29 Uni&Zaw
Chapter 30 Uni&Zaw
Chapter 31 Uni&Zaw
Chapter 31.1 (ခေါ်စရာမလိုပဲရောက်လာပြီ)
Chapter 32 Uni&Zaw
Chapter 33 Uni&zaw
Chapter 34 Uni&Zaw
Chapter 36 Uni&Zaw
Chapter 36 Uni&zaw
Chapter 37 Uni& Zaw
Chapter-38 Uni&zaw
Chapter 39
Chapter 40
Chapter 41
Ending ♥️♥️

Chapter 25 Uni&Zaw

5.5K 312 17
By wookiekyoe

သားရွှေဥ .....25

                       အပိုင်း-၂၅

နောက်ရက်ကူးသွားပေမယ့် ရောင်နီကသတိရတစ်ချက်၊မရတစ်ချက်ဖြစ်နေတော့ ICUထဲမှာထားသည်။သူနာပြုသာဌားထားရပြီး လူနာစောင့်ကိုပေးမဝင်ပါ။

" အာရုံကြောဆရာဝန်ကြီးတွေကိုယ်တိုင်စောင့်ကြည့်ပေးနေတယ်။
အခုချိန်လူနာကို ဘာမှပြောလို့မရသေးဘူး...
လူနာက သတိကောင်းကောင်းရသေးတာမဟုတ်ဘူး"

ရန်ဖြစ်တုန်းက တဖက်ကတုတ်တွေပါလာပါသည်၊
အဝတ်လျှော်ရင်ရိုက်တဲ့တုတ်မျိုးပါ...
သစ်သားကကြီးပြီးတော့ထူသည်၊ အဲ့တာကိုယောက်ျားအားနဲ့ရိုက်တော့ ခေါင်းကိုထိပြီး ဦးခေါင်းခွံပါအက်ကွဲသွားခဲ့ရသည်။
ဦးခေါင်းခွံနဲ့ဦးနှောက်ကြားထဲမှာ သွေးယိုစိမ့်ပြီးသွေးခဲလို့ ၊ကျောင်းဆရာက တတ်ပြီးသတိလစ်သွားရတာပါ။
အခုကြခွဲစိတ်ပြီး ဆရာဝန်ကြီးတွေက သူ့ကိုစောင့်ကြည့်နေကြသည်။

အပြင်မှာသာစောင့်နေရတဲ့ကွက်သည် ရင်ထဲအတော်
မောဟိုက်၍မွန်းကြပ်နေခဲ့သည်။
တကယ်တော့ ကွက်လည်းကျောနဲ့လက်တွေကို ရိုက်မိပါတယ်၊ ဒါပေမယ့် သူ့ဒဏ်ရာကိုသူလုံးဝသတိမရပေ။

တစ်ချိန်လုံး ကျောင်းဆရာလို့ရေရွတ်လိုက်တာနဲ့မျက်ရည်ကအလိုလိုစီးကာ မကုန်နိုင်မခမ်းနိုင်ရှိလှသည်။
မနက်ကြဆေးရုံကို လမ်းထဲကလူတချို့လိုက်လာကာ
သတင်းမေးသည်၊ ပြီးတော့ပိုမွန်းကြပ်စရာသတင်းတစ်ခုပါသယ်လာသေးသည်။

" ဒီအချိန်ကြီးမပြောသင့်ဘူးဆိုပေမယ့်လည်း သိထားရအောင်လို့ပါ၊ ‌မနေ့ညကပဲကျောင်းဆရာအဖေဆုံးသွားပြီ..."
" ဟင် ဘာ ဘယ်လိုဖြစ်တာလဲ..."

" ဒေါ်ဌေး ပြောတာတော့ မနေ့ကသူ့သားအကြောင်းကြားပြီး ‌ညနေစောင်းမှာလေစဖြတ်တယ်
တဲ့ ၊ ညသန်းခေါင်မှာဆုံးတာပဲ...

ဒီနေ့အသုဘချပြီး၊ မနက်ဖြန်ရက်လည်ရမယ်ထင်တယ်။
သက်ြန်တွင်းမို့ နှစ်မကူးပဲအဲ့လိုလုပ်ရမှာလေ..."

ကွက်လည်း ယောက္ခထီးသတင်းကြားပြီးနောက် ခန္တာ
ကိုယ်ထဲကအားအင်တစ်စက်မှမရှိတော့သလိုခံစားရ
သည်။

" အခုထိ ကျောင်းဆရာကမနိုးသေးတော့ဘယ်လိုလုပ်မလဲ..."
" နိုးရင်လည်း ချက်ချင်းပြောပြလို့ဘယ်ဖြစ်မလဲ"
" အရေးပေါ်ခန်းထဲက လူနာက အသုဘကို မှီတော့ကောဘာလုပ်လို့ရမှာလဲ..."

ကွက်ဘေးနားမှာတစ်ယောက်တစ်ပေါက်ပြောဆိုနေကြသည်၊ ကွက်နားထဲကြားသလိုလို မကြားရသလိုလိုပါပဲ....

ဒုက္ခပဲ၊ အခုမှတကယ်ဒုက္ခပဲ
ကျောင်းဆရာ အတွက်သူ့အဖေကဘယ်လိုလူမို့လဲ..

သူ့ခန္တာကိုယ်အစိတ်အပိုင်းတစ်ခုကိုတောင် မနှမြောပဲ
ထုတ်ပေးခဲ့တဲ့သူ၊ သူ့လိုလူက ကွက်ဆီအောက်ကျခံကာငွေချေးပြီး နောက်ဆုံးသူ့ဘဝပါဆုံးတာတောင်အပြစ်မတင်ခဲ့တဲ့သူ...
အဲ့လိုကယ်တင်ခဲ့ရတဲ့အဖေက အခုလိုဆုံးသွားတော့
သူနိုးလာရင် ဘယ်လိုပြောရမလဲ...…
သူ့ကိုဘယ်လို‌များပြောပြရမလဲ.......

ဘာလို့လဲ ကျောင်းဆရာရယ်..ကျုပ်ဟာကျုပ်ဘာဖြစ်ဖြစ်ခင်ဗျားဝင်မပါပဲနေမှပေါ့။ လူမိုက်တွေကိုရှောင်ရမယ်လို့ ခင်ဗျားသားကိုကြအမြဲပြောနေပြီး
ခင်ဗျားကိုယ်တိုင်ကြ ဘာလို့ကြားဝင်ခဲ့တာလဲ...
အခု ဘယ်လိုလုပ်ရမလဲ.. ထ ပြောပါအုံး....

>>>>>>>
အိမ်မှာလည်းသားချစ်လေးက အဖေနဲ့အမေကိုမတွေ့တာနဲ့...
" ဖေကြီးနဲ့မေကြီး ဘယ်မှာလဲဗျ..."
" ဖေကြီးနဲ့မေကြီးက အပြင်ခဏသွားကြတာ မကြာခင်ပြန်လာမယ်တဲ့..."

အရီးပြုံးမှာလည်း သတင်းကြားကြားချင်းဥပုပ်ကျောင်းကနေအိမ်ကိုပြန်ပြေး၍ ခလေးကိုကြည့်ရသည်။
" ဘာလို့သားကိုမခေါ်တာလဲ..."
" သားလိုက်လို့မရတဲ့နေရာမို့လို့လေ ၊ မကြာခင်ပြန်လာလိမ့်မယ်။
သားကမငိုပဲ လိမ်လိမ်မာမာနေတဲ့..."

ညအထိပြန်မလာတော့ ခလေးကငိုသည်။ ဖအေ၊မအေနဲ့တစ်ညမှမခွဲဘူးတော့ပိုဆိုးသည်။

နောက်မနေ့ကြခလေးက ဟိုလူပြော၊ဒီလူပြောနဲ့တစ်စွန်းတစကြားပြီး ဉာဏ်ကောင်းတဲ့ခလေးမို့ နားလည်
သွားကာ..
" ဖွားပြုံးသားကို ညာတယ်...
သားမေကြီးကရန်ဖြစ်လို့တဲ့
သားဖေကြီးကနေမကောင်းဘူးတဲ့၊ အခုဆေးရုံမှာတဲ့
ဟိုဘက်အိမ်ကအဖိုးလည်း သေသွားပြီတဲ့...
ဟိုအဖွားက သားမေကြီးကြောင့် အဖိုးသေတာလို့
ပြောတယ်....အီး ဟီး "

သူကြားသမျှတစ်ခုချင်းဆီပြောပြီးငိုပါသည်။

" မြေးလေးရယ်..."
" သားဖေကြီးဆီသွားမယ်၊ ဖေကြီးကိုသွားကြည့်မယ်"
" မရဘူးလေ မြေးလေး၊ ဆေးရုံကိုလိုက်သွားလို့မရဘူး...
ဖေကြီးနဲ့မေကြီး ကတူတူပြန်လာလိမ့်မယ်နော်
မြေးလေးကအိမ်မှာ ဘုရားရှိခိုးပြီးစောင့်ရအောင် နော်"

>>>>>>>
ဟိုဘက်အိမ်မှာလည်း ဘာပြောကောင်းမလဲ၊နဂိုကတည်းကကွက်ကိုမုန်းပါတယ်ဆိုမှ.. ယောက်ျားကသေပြီး၊သားကဆေးရုံမှာသတိမရဖြစ်နေတော့
အဖွားကြီးကအရူးမီးဝိုင်းဖြစ်နေရှာတာပေါ့။

အသုဘရှုလာတဲ့သူတွေကို ငိုယိုပြီးပြောသည်။
သူ့သားနဲ့ သူ့ယောက်ျားဒီလိုဖြစ်ရတာ ရွှေဇီးကွက်ကြောင့်...ဟုတထစ်ချပြောဆိုတော့သည်။

ဒီအချိန်မှာတော့ လင်သေ၊ သားကမေ့မြောဖြစ်နေတဲ့
အဖွားကြီးကို လူတိုင်းကစာစာနာနာဖေးမပေးကြပါသည်။

တချို့က သူ့သားအကြီးဆီအကြောင်းကြားပေးသည်။
ဖြစ်ချင်တော့ သူ့သားအကြီးကလည်း မလေးရှားကနေပြန်ရောက်နေချိန်ဖြစ်ပါသည်။

အဖေဆုံးပြီဆိုတော့ အရင်ကဘာဖြစ်ဖြစ် ချက်ချင်းပင်သားအကြီးကပြေးလာပါသည်။

" အမေ... အဖေဘယ်လိုဖြစ်ရတာလဲဗျာ..."

သူ့အမေက သူ့ကိုတွေ့တာနဲ့မျက်လုံးများမီးတောက်ကာ...၊အနားကိုပြေးလာပြီး..
" နင် ဘာလာလုပ်တာလဲ... နင်အခုမှဘာလာလုပ်တာလဲ...၊
အဖေသေပြီဆိုတော့ အမွေဖြစ်ဖြစ်ခွဲမလို့လား ဟမ်
သားဆိုးသားမိုက်ရဲ့..."
" အမေ..."
" မခေါ်နဲ့... နင့်အဖေနဲ့ နင့်ညီ ဒီလိုဖြစ်ရတာနင့်ကြောင့်ပဲ..."
" ဗျာ ဘာလို့လဲ အမေ
ဘာလို့ကျွန်တော့်ကြောင့်လဲ..."

" မကောင်းတဲ့ကောင် ငါတို့လင်မယားကနင့်ကိုဘယ်လိုကျွေးမွေးစောင့်ရှောက်ခဲ့ရသလဲဟမ်
နင့်ညီထက် အစစအရာရာ ပိုခဲ့တယ်။
နင် တက္ကသိုလ်တတ်လို့ နင့်ညီက မတတ်ခဲ့ရဘူး...
ရောင်နီက နင့်ထက်အများကြီးတော်ခဲ့တာ.."

" ကျွန်တော်သိပါတယ်ဗျ၊ ကျွန်တော်သိပါတယ်.."
" အဲ့လိုသိတဲ့ကောင်က မကောင်းတဲ့မိန်းမနဲ့ယူပြီး
ငါတို့ကိုခြေစုံကန်ရသလား...ဟဲ့

နင့်အဖေ ခွဲစိတ်ရတာကော နင်သိလား
နင့်ညီက ‌လိုတဲ့ငွေကို နင့်မယားဆီအောက်ကျခံသွားတောင်းခဲ့တာကော သိလား၊
နင့်မယား မိန်းမယုတ်မက ငွေလေးငါးသောင်းတစ်ခါပေးပြီး ဆေးရုံကိုတစ်ခါပဲမျက်နှာလာပြတာကောသိလား။

ကျန်တဲ့ငွေတွေကို နင့်ညီက နင့်ဆီကရမယ်ထင်ပြီးချေးဌားခဲ့တာလေ...
နင်မယားကမပေးလို့ အကြွေးမဆပ်နိုင်ပဲ ငါ့သားက
အဲ့ဒီ့ချဲဒိုင်ကောင်မနဲ့ယူလိုက်ရတာဟဲ့...
သိပြီလား... နင်သိပြီလား...

အခု အဲ့ကောင်မကရန်ဖြစ်လို့ နင့်ညီကICU ထဲမှာသတိမရသေးဘူး၊ နင့်အဖေကသေပြီ...

ငါတို့နင့်ကိုကျွေးမွေးစောင့်ရှောက်ခဲ့တာ
မိဘနဲ့ညီ ကိုပစ်ပြီး အဲ့ဒီ့အိမ်မှာအလုပ်အကျွေးပြုဖို့လား... မကောင်းတဲ့ကောင်ရဲ့.."

သူ့အမေသည် မတွေ့တာကြာသောသားကြီးအား အနှစ်နှစ်အလလကမကျေနှပ်ချက်များကို ဖွင့်ထုတ်
ပြီး လက်ညိုးငေါ့ငေါ့ထိုးရင်းပြော‌ဆိုသည်။

အောင်ကိုဦးမှာ သူ့အမေပြောသမျှကိုနားထောင်ရင်း
မျက်နှာက ခရမ်းရောင်လုလုပြောင်းလဲခဲ့သည်။

မသိခဲ့ဘူး၊ သူဘာမှမသိခဲ့ဘူး။
ညီလေးငွေလာတောင်းမှန်းလည်း သူမသိဘူး။
သူ့မယားက အဖေ့ဆေးရုံတောင်သွားကြည့်သေးတယ် ဘာညာနဲ့သူ့ကိုညာတယ်လေ။
သူတစ်ခေါက် ပြန်လာတုန်းက ညီလေးနဲ့တွေ့တော့လည်း သူ့ကိုအဲ့အကြောင်းတွေဘာမှမပြောဘူး။

သူ့ညီလေးစိတ်ကအဲ့အတိုင်းပဲ သူ့အပေါ်ကိုမကောင်းရင်တောင် သူများကိုမကောင်းပြန်ပြောမှာမဟုတ်ဘူး။

ဒီလိုတွေဖြစ်ခဲ့တာလား ၊ သူ့မိန်းမကဒီလောက်တောင်ယုတ်မာခဲ့တာလား...

" သားမသိဘူးအမေရယ်၊ သားတကယ်မသိခဲ့ပါဘူး
ညီလေးနဲ့တွေ့ပေမယ့် သူကဘာမှမပြောဘူး..."

" နင့်ညီက အဲ့လိုပြောတတ်တဲ့လူလား...
သူ့အပေါ်မကောင်းရင်တောင် အရူးလိုငြိမ်ခံတဲ့သူ။
အခုလည်း အဲ့မကောင်းတဲ့ဟာတွေကြောင့် သူဒုက္ခ
တွေ့ရပြီလေ..
အမလေး....၊ ငါ့နှယ်ကံဆိုးလိုက်တာ ဟယ်
အဖိုးကြီးရယ် ရှင်ကလည်းကျူပ်ပါတစ်ခါထဲခေါ်သွားတာမဟုတ်ဘူး.... "

" အမေရယ် အဲ့လိုမပြောပါနဲ့ဗျာ
အခုချိန်မှာအမေပဲဖြစ်ဖြစ် ကျန်းမာမှဗျ..."

>>>>>
အောင်ကိုဦးကလည်းသူ့အဖေရက်လည်ကိုဦး‌ဆောင်၍လုပ်ပေးပြီးတာနဲ့ သူ့မိန်းမအိမ်ပြန်ကာ...
သောင်းကျန်းတော့သည်။

" ငါ့မိဘရဲ့သေရေးရှင်ရေးကိစ္စမှာတောင် မင်းဒီလိုယုတ်မာနိုင်ရလား ဟမ်...
ငါရှာထားတဲ့ငွေကိုတောင် ငါ့မိဘဆီပေးခွင့်မရအောင်မင်းယုတ်မာတာ...အယုတ်တမာမ.."

သူ့မိန်းမကလည်း သူအဲ့အိမ်သွားကတည်းကဒီလိုဖြစ်လာမယ်လို့ထင်သားပဲ...

" ယုတ်မာတယ်ပြောရအောင် ရှင့်မိဘတွေကကော
ကျွန်မအပေါ်ကောင်းလို့လား ဟမ်..ပြောပါအုံး"

" မင်းအပေါ်ကောင်းကောင်းမကောင်းကောင်း ဒါကသေရေးရှင်ရေးကွ...၊ ငါ့မိဘနဲ့ငါ့ညီ ရဲ့သေရေးရှင်ရေး...
‌ငါနိုင်ငံခြားမှာ ကျွန်ခံရှာလာတဲ့ပိုက်ဆံတွေကို ငါ့မိသားစုအတွက်နည်းနည်းတောင်မှ မင်းမသထာခဲ့ဘူးလားဟမ်...

ငါ့အမေက မင်းကိုအကျင့်မကောင်းတဲ့မိန်းမလို့ပြောတုန်းက ငါမယုံခဲ့ဘူး၊ ငါတွင်းတူးပြီးမိုက်ခဲ့မိတယ်

အခုတော့ ငါယုံသွားပြီ၊ မင်းကစောက်ကျင့်တစ်စက်မှမကောင်းတဲ့မိန်းမပဲ..."

" ကိုအောင်ကိုဦး ရှင်စကားပြောတာဆင်ခြင်ရင်ကောင်းမယ်နော်..."

" မဆင်ခြင်တော့ ဘာဖြစ်လဲ..
ငါ ငါးနှစ်ကျော်မလေးမှာကျွန်လိုသွားရုန်းခဲ့တယ်
အဲ့အချိန် ငါပို့သမျှနဲ့ မင်းတို့ဒီမှာသုံးဖြုန်းနေခဲ့တာလေ၊ ဟမ်
အဲ့ဒီ့အထဲက ငါ့မိဘအတွက်နည်းနည်းတောင်မပေးနိုင်ခဲ့ဘူးလား..."

သူ့ယောက္ခမကိုလည်းသွားခေါ်ပြီး..
" အမေ အမေ့သမီးလုပ်ရက်လေးကိုကြည့်ပါအုံး
အမေလည်းသိတယ်မှတ်လား..."
" ဟယ် ဟယ် ငါမသိပါဘူး.."

" ကျွန်တော် သူနဲ့ယူပြီးကတည်းက အမေတို့ကိုကျွန်တော့်မိဘအရင်းလိုသဘောထားပြီး ဆက်ဆံခဲ့တာ
မဟုတ်ဘူးလား..."
" အေးလေ ဟုတ်ပါတယ်.."
" သူကတော့ အဲ့လိုမဟုတ်ဘူးဗျ၊ တော်တော်ယုတ်မာတယ်၊ အမေကကောကိုယ့်သမီးကိုယ်မဆုံးမဘူးလား"

ဟယ်...! သူ့ယောက္ခမကဘာပြောရမှန်းမသိဖြစ်နေစဉ်။
သူ့မိန်းမမှ...
" ဒီမှာ ကိုအောင်ကိုဦး ကျွန်မအမေကိုရှင်ဘာ‌မှပြောစရာမလိုဘူး။ ရှင်ဘာဖြစ်ချင်နေတာလဲ..."

" ဟဲ့ တော်မပြောနဲ့..." (သူ့အမေကလှမ်းတား)

" ဘာဖြစ်ချင်လဲဟုတ်လား၊ မင်းလိုယုတ်မာတဲ့မိန်းမမျိုးနဲ့ဆက်မပေါင်းနိုင်တော့ဘူး ရွံလို့ .."

" အမလေး မပေါင်းနိုင်ရင်သွားလေ.."
" အေးသွားမှာ.. ငါရှာထားတာတွေလည်းမင်းကိုပေးခဲ့မယ်မထင်နဲ့..."
" ဘာ..."
" လိုချင်လား လိုချင်ရင်နောက်ထပ် နွားတစ်ကောင်
ရှာကြည့်လေ..."

အောင်ကိုဦးကလည်း ဘီဒိုထဲမှာ သိမ်းထားတဲ့လုပ်ငန်းလုပ်ဖို့စုထားတဲ့ပိုက်ဆံတွေကိုထုတ်ယူသည်။
သူ့မိန်းမကအတင်းပြန်လိုက်လုသည်။
အားကမညီမျှတော့မရသွားပေ။
" ရှင် ဒီလိုလုပ်လို့ရမလား..."

" ဟား မင်းကငွေကိုမက်တာပဲ ..
မင်းမက်လေ ပိုမပေးချင်လေပဲ
ငါ့သမီးအတွက်တော့ လတိုင်းထောက်ပံ့ပေးမယ်
မင်းကိုတော့ ကန်တော့ဆွမ်းပဲကွာ.."

အောင်ကိုဦးလည်း ယူစရာရှိတာယူပြီးမိန်းမအိမ်ကနေချက်ချင်းဆင်းလာခဲ့တော့သည်။
ဒီလောက်နှစ်အကြာကြီးပေါင်းခဲ့တဲ့မိန်းမကတောင်..
မိန်းမယုတ်ဖြစ်နေတာပဲ ၊ တောက်)))

ပြီးတော့ သူ့အမေအိမ်ကိုပြန်လာခဲ့သည်။
အခုချိန်မှာ အမေ့ဘေးနားသူမားမားမတ်မတ်ရှိနေပေးရမယ်ဆိုတာကိုနားလည်၍ဖြစ်သည်။

မနေ့ကငေါက်ငေါက်ထိုးရန်တွေ့တဲ့အမေကအခုကြ
ချုံးချုံးကြနေပါပြီ။
၇ ရက်တောင်လွမ်းခွင့်မရပဲ၊ ဒီညအဖေ့ကိုသွားခွင့်ပေးရတော့မှာမို့ ပိုစိတ်မကောင်းဖြစ်နေတာလဲ ဟုတ်
မှာပေါ့။

" အမေ....
ကျွန်တော်တို့ ဒီညအဖေ့ကိုပို့ပြီးရင်၊မနက်ဖြန်ညီလေးဆီသွားကြည့်ကြတာပေါ့ ..."

>>>>>>>>>
ကွက်ကလည်းအိမ်လုံးဝမပြန်ပဲ ဆေးရုံမှာပဲနေ့နေ့
ညညစောင့်သည်။ နောက်ရက်မှာ ကျောင်းဆရာရဲ့
အမေနဲ့သူ့အစ်ကိုတို့ ဆေးရုံကိုရောက်လာကြည့်ကြသည်။

ကွက်လည်းသူတို့ကိုဘာပြောရမှန်းမသိ၊ သူတို့ကလည်းကွက်ကိုလုံးဝမကြည်ပါဘူး။ဆေးရုံကြီးပေါ်မှာ
မို့တေးထားပုံရသည်။
သူတို့ဖာသာဆရာဝန်ကြီးကိုသွားမေးကြပါသည်။

ဒီလိုနဲ့ ၄ရက်မြောက်နေ့မှာတော့ ကွက်ကရဲစခန်းကိုသွားဖို့ရှိလာသည်။ ဟိုကောင်တွေကိုလည်းအကုန်မိပြီဆိုတော့ ရဲဘက်ကစွဲချက်တင်ဖို့ကွက်ကိုပါခေါ်တော့သည်။
ကိုယ်တိုင်ရန်ပွဲထဲပါဝင်သူလည်းဖြစ်ပြီး၊တရားလိုလည်းဖြစ်တာကြောင့် ကွက်အနေနဲ့မသွားလို့မရပါ။

" ဒါပေမယ့် ကျောင်းဆရာသတိကောင်းကောင်းရလာရင် ကျုပ်ရှိနေမှ..."
" အဲ့လူတွေကိုအပြစ်မပေးတော့ဘူးလား.."

အခုသွားပြီးမဖြေရှင်းရင် ကွက်ပါအမှုတွဲထဲပါသွားနိုင်သည်။
သဲမောင်ကအခုထိစခန်းမှာ၊ ချစ်ထွေးကတော့ခလေးမို့လွတ်လာပါပြီ။

အဲ့တာကြောင့် ကွက်လည်းသွားပြီးအစစ်ဆေးခံရပါသည်။

>>>>>>>>
" လူနာရှင်...လူနာကိုလာဝင်တွေ့ပေးပါ "
သူနာပြုဆရာမက လာခေါ်ပေးတော့ သူ့အမေနဲ့အစ်ကိုကဝင်တွေ့ကြသည်။

" ICUထဲမှာစကားကိုကျယ်ကျယ်မပြောပါနဲ့နော်၊
ပြီးတော့ လူနာကအခုထိ ကောင်း‌မွန်သေးတာမဟုတ်လို့ စကားကိုဖြေးဖြေးခြင်းပြောပါ..."
" ဟုတ်ကဲ့ ဆရာမ..."

အထဲဝင်သွားတော့ ရောင်နီကိုကုတင်ပေါ်ပက်လက်အနေအထားနဲ့ ခေါင်းမှာလည်းပတ်တီးဖြူကြီးကနည်းတာမဟုတ်။ လက်နှစ်ဖက်လုံးမှာဆေးချိတ်ပေးထားရသည်။
ခွဲစိတ်တုန်းကလည်းသွေးတွေအများကြီးသွင်းခဲ့ရသည်။
ရက်ပိုင်းအတွင်းပင် လူကချောင်ကျပြီးဖျော့တော့တော့ဖြစ်နေခဲ့သည်။

" သား သတိရပြီလားဟင်..."
" ညီလေး ကောင်းကောင်းသတိရပြီလား..."

မျက်လုံးသူငယ်အိမ်ကဖြေးညှင်းစွာရွေ့လာပြီးသူတို့ကိုကြည့်ပါသည်။
ဒါပေမယ့်သူ့အကြည့်တွေက ပုံမှန်အတိုင်းမဟုတ်၊
သူတို့အား အခုမှတွေ့ဖူးမြင်ဖူးသူလိုမျိုးကြည့်နေတာ
ဖြစ်သည်။
" သားလေး...ရောင်နီ..."
" ညီလေး..."
" အမေနဲ့ အစ်ကိုလေ သား...
မမြင်ရဘူးလား ဟင်..."
" စကားမပြောနိုင်ဘူးလား..."

သူကနှုတ်ခမ်းတွေကိုအတော်လေးအားယူပြီးဖွင့်ရသည်။ ပြီးတော့မှ တိုးတိုးလေးပြောလာသည်။
" ဘယ် သူလဲ.." တဲ့

ဟင်!...သူ့အမေနဲ့အစ်ကိုကကြောင်အမ်းနေပြီးမှ
" ရောင်နီ.. အမေလေ၊ အမေပါသား..."
" ဆရာမ...ဆရာမ လာပါအုံး..."

အလန့်တကြားအော်မိတော့သူနာပြုကပြေးလာပြီး..
" တိုးတိုးပြောပါဆို..."
" လူနာကထူးဆန်းနေတယ်၊ ဘယ်သူလဲတဲ့
သူ့အမေကိုတောင် ဘယ်သူလဲတဲ့..."

ဟင်! " လူနာ ...သူတို့ကိုမသိဘူးလား..."
ရောင်နီက သူတို့ကိုကြည့်ရင်းဖြေးညှင်းစွာပဲပြန်ဖြေပါသည်။
" မသိဘူး..."

" အမလေး တွေ့လား"
" တကယ်အမေနဲ့အစ်ကိုဟုတ်ပါတယ်နော်"
" ဟုတ်ပါတယ် ဆရာမရယ်
ဒါကိုညာရမှာလား..."

" ဒါဆို အပြင်ပြန်ထွက်လာပြီး ဆရာဝန်ကြီးလာတာကိုစောင့်ပါ...၊ လူနာကိုထပ်ပြောလို့မရဘူးရှင့်
လာပါ..."

တစ်နာရီလောက်ကြာမှဆရာဝန်ကြီးရောက်လာပြီးလူနာကိုဝင်ကြည့်သည်။
သူရဲ့မျက်လုံးသူငယ်အိမ်ကို လည်းစစ်ဆေးကြည့်ပြီး
လက်ထောင်ပြရင်း..
" ဒါ လက်ဘယ်နှစ်ချောင်းထောင်ထားလဲ သိလား"
" နှစ်..."
လေးချောင်းပြောင်းထောင်ပြသော်..
" လေး..."

" ဒါဆို ကိုယ့်နာမည်ကိုကောကိုယ်မှတ်လား..."
" နာမည်......."
" အင်း နာမည်က ဘယ်သူလဲ..."
သူကအတန်ကြာစဉ်းစားနေပြီးမှ..
" မသိဘူး ဗျ..."
" ကိုယ်နာမည်တောင်ကိုယ်မမှတ်မိဘူးပေါ့
ဒါဆို တခြားဘာမှတ်မိတာရှိလဲ
ဘယ်လိုဖြစ်ပြီး ဆေးရုံရောက်လာတာလဲကောသိလား"
" မသိပါဘူး..."

‌ဘုရားရေ! ဆရာဝန်ကြီးပင်ဘုရားတနေတော့သည်။
သူ့ဆရာဝန်သက်တမ်းတလျှောက်မှာ ခေါင်းထိပြီး
ကောင်းရင်ကောင်း၊ မကောင်းရင်သေပဲ ဒီလိုအတိတ်မေ့လူနာတော့မကြုံဖူးပါ။

" ဆရာ လူနာက..."
" ဦးခေါင်းဓာတ်မှန်ပြန်ရိုက်ပြီး အဖြေရှာရမယ်"

ဒါပေမယ့် အသက်အန္တရာယ်တော့ဖြတ်ကျော်လာပြီမို့
ICUထဲကထုတ်ပြီး လူနာဆောင်ကိုရွေ့ခိုင်းသည်။

တစ်နေ့အတွင်းမှာပဲ ဦးနှောက်နဲ့အာရုံကြောကဆရာဝန်တွေအများကြီးလာပြီး သူ့ကိုကြည့်ကြသည်။

" Amnesia လား..."
" ဟုတ်တယ် Retrograde amnesia ပဲ.."

နောက်ကြောင်းမေ့ခြင်း (Retrograde amnesia)။ မကြာသေးမီက မှတ်ဉာဏ်များ နဲ့ ကလေးဘဝ မှတ်ဉာဏ် တွေကိုဆုံးရှုံးခြင်းကို နောက်ကြောင်းမေ့သော အတိတ်မေ့ရောဂါဟုခေါ်သည်။
ဦးနှောက်ကိုသွေးစီးဆင်းမှု ခတ္တပြတ်တောက်သွားတာကြောင့် ဟု ဆေးသိပ္ပံပညာကယူဆသည်။

" ဒါဆို ကျွန်မသားလေးက ဘာမှမမှတ်မိတော့ဘူးလားဟင်..."
" ဘယ်လိုပြောရမလဲဆိုတော့ ဘယ်သူဝယ်ဝါ၊ သူဘာတွေဖြစ်ခဲ့တယ်ဆိုတာတွေကိုတော့ မှတ်မိမှာမဟုတ်ဘူး။
ဒီအခြေအနေ ခဏတဖြုတ်လည်းဖြစ်နိုင်ပြီး၊ တသက်လုံးလည်းဖြစ်သွားနိုင်ပါတယ်...

ဒီအခြေအနေကို ကုဖို့တော့နည်းလမ်းမရှိသေးဘူး။

ဒါပေမယ့် သူဒါတွေကိုမေ့နေပေမယ့်လည်း...
သိမြင်နားလည် ဆုံးဖြတ်နိုင်စွမ်းရည်ကိုတော့ မဆုံးရှုံးပါဘူး။
ဥပမာ- ဆရာဝန်ကိုဆရာဝန်မှန်းသိတယ်၊ ပုံမှန်မှာအဂ်လိပ်လိုပြောနိုင်ရင် အခုလည်းပြောနိုင်အုံးမှာပဲ..

လူနာက ရူးသွားတာမျိုးမဟုတ်လို့၊ သူ့ရဲ့လူနေမှုဘဝကိုတော့ လုံးဝမထိခိုက်နိုင်ပါဘူး။"

သူတို့မှာ ဘာပြောရမှန်းတောင်မသိဖြစ်သွားရသည်။
မှတ်ဉာဏ်တွေမရှိပဲနဲ့ ဘယ်လိုအသက်ရှင်မလဲ...

>>>>>>>>>
ကွက်လည်း အမှုကိစ္စတွေက တစ်ရက်ကုန်လုနီးပါးလိုက်ရသည်။

ဟိုကောင်တွေဘက်ကရှေ့နေလိုက်မယ့်သူပါလို့ စအခန့်မသင့် ကွက်ပါအချုပ်ကြမယ့်ကိန်းပင်။
ဒါပေမယ့်လည်း ရပ်မိရပ်ဖတွေနဲ့မျက်မြင်သက်သေတွေအများကြီးလိုက်လာလို့သာ တရားခံတွေကိုအချုပ်ထဲထည့်နိုင်တာပင်။
ရန်ဖြစ်ပေမယ့် ကွက်တို့ဘက်ကလက်နက်မပါ၍
သဲမောင်ကို ခံဝန်နဲ့လွှတ်ပေးသည်။
ကွက်က ဒီအတိုင်းကွင်းလုံးလွတ်သည်။

ဟိုကောင်တွေကိုတော့ တရားရုံးတင်ပြီးကြားနာရအုံးမည်။

ကွက်လည်းပြီးတာနဲ့ဆေးရုံကိုပြန်ပြေးရသည်။

ကွက်ရောက်တော့ညနေစောင်းနေပြီ။
" ဆရာမလေး လူနာကော..."
" လူနာကိုICUထဲကထုတ်လိုက်ပြီ၊ သတိရနေပြီလေ
ဒါပေမယ့်..."

ကွက်လည်းလူနာဆောင်မှာသူ့ကုတင်ကိုပြေးရှာပါသည်။သူကတော့ကုတင်ပေါ်မှာ ပက်လက်ပဲမှိန်းနေခဲ့သည်။

" သူသတိရလာပြီဆို ကျောင်းဆရာ၊ ကျောင်းဆရာ"
ကွက်ကအနားသွားပြီး သူ့ကိုခေါ်ကာ လက်ကိုကိုင်ပြီးနှိုးတော့ ..

" ဟဲ့ မခေါ်နဲ့ မခေါ်နဲ့..."

ဒါပေမယ့် လူနာကတော့မျက်လုံးဖွင့်ကြည့်လာပါသည်။
ကွက်လည်းဝမ်းသာအားရနဲ့...
" ကျောင်းဆရာ သတိရပြီလား၊ နာနေသေးလားဟင်"

ထုံးစံအတိုင်း မျက်နှာသေနဲ့ပြန်ကြည့်သောအခါ
" ဟင် ကျောင်းဆရာကျုပ်ကိုစိတ်ဆိုးနေတာလားဟင်...
အင်းပါ ကျုပ်မှားပါတယ် ....ကျုပ်တောင်းပန်ပါတယ်နော်၊ နောက် တစ်ခါရန်မဖြစ်တော့ပါဘူး..."

" ဘယ် သူလဲ ဗျ...."
" ဟင် ကျုပ်လေ ခင်ဗျားမနောက်နဲ့နော်
ကျုပ်ကိုမမှတ်မိဘူးလား.."

ကွက်ကိုသူ့အမေနဲ့အစ်ကိုက လူနာဘေးကနေဆွဲခေါ်ကာ ..
" ရောင်နီက အတိတ်မေ့နေပြီ..
ဘာမှမမှတ်မိဘူး..."

" မဖြစ်နိုင်တာ..."
" အဲ့တာ ညည်းတို့ကြောင့်ပဲလေ .."

" မဟုတ်ဘူး မဟုတ်ဘူး ကျောင်းဆရာ..."

ကွက်ကကုတင်နားပြန်ပြေးပြီး..
" ကျောင်းဆရာကျုပ်ကိုသိတယ်မှတ်လား...
ဒီဆေးရုံမှာပဲ ကျုပ်တတ်ပြီး သားချစ်လေးကိုမွေးတာလေ...
သားချစ်ကိုကော.. သားချစ်လေးကိုကောမမှတ်မိဘူးလား.... အောင်နိုင်သူလေ
ခင်ဗျားကိုယ်တိုင်ပဲပေးထားတာ..."

လူနာမှာဘာမှမသိသဖြင့် သူပြောသမျှကိုစဉ်းစားရင်း
ခေါင်းက မခံမရပ်နိုင်အောင်ဖြစ်လာခဲ့သည်။
" အား ဆရာမ ဆရာမ ..."

" ဖယ် ပါ၊ ဖယ်ပါ လူနာကိုဒီလိုမလုပ်ပါနဲ့လို့ပြောရဲ့သားနဲ့..."
ခွဲစိတ်ထားလို့အကိုက်အခဲပျောက်ဆေးတွေကိုအချိန်
တိုင်းထိုး၊သောက်နေတာလေ...။
" လူနာက ခံနိုင်ရည်မရှိသေးဘူး...
စိတ်အရမ်းရှုပ်ထွေးရင် ဦးနှောက်ပါပျက်သွားလိမ့်မယ်..."

ကွက်သည်သူ့ယောက်ျားရဲ့အခြေအနေမှန်ကိုသိပြီးနောက်တော့ ကြမ်းပေါ်ဖင်ထိုင်ချလိုက်မိသည်။
စိတ်ဓာတ်ကတော့ မဟာပထဝီမြေကြီးအောက်အထိထိုးကျသွားတော့တာပေါ့။
ဒါပေမယ့်လည်း သူအသက်တော့ရှင်နေ‌သေးတာပဲ..

>>>>>>>
ဆက်ရန်
(ဘာဆက်ဖြစ်ကြမလဲ???? )

Zawgi
သားေ႐ႊဥ .....25

                       အပိုင္း-၂၅

ေနာက္ရက္ကူးသြားေပမယ့္ ေရာင္နီကသတိရတစ္ခ်က္၊မရတစ္ခ်က္ျဖစ္ေနေတာ့ ICUထဲမွာထားသည္။သူနာျပဳသာဌားထားရၿပီး လူနာေစာင့္ကိုေပးမဝင္ပါ။

" အာ႐ုံေၾကာဆရာဝန္ႀကီးေတြကိုယ္တိုင္ေစာင့္ၾကည့္ေပးေနတယ္။
အခုခ်ိန္လူနာကို ဘာမွေျပာလို႔မရေသးဘူး...
လူနာက သတိေကာင္းေကာင္းရေသးတာမဟုတ္ဘူး"

ရန္ျဖစ္တုန္းက တဖက္ကတုတ္ေတြပါလာပါသည္၊
အဝတ္ေလွ်ာ္ရင္႐ိုက္တဲ့တုတ္မ်ိဳးပါ...
သစ္သားကႀကီးၿပီးေတာ့ထူသည္၊ အဲ့တာကိုေယာက်္ားအားနဲ႔႐ိုက္ေတာ့ ေခါင္းကိုထိၿပီး ဦးေခါင္းခြံပါအက္ကြဲသြားခဲ့ရသည္။
ဦးေခါင္းခြံနဲ႔ဦးေႏွာက္ၾကားထဲမွာ ေသြးယိုစိမ့္ၿပီးေသြးခဲလို႔ ၊ေက်ာင္းဆရာက တတ္ၿပီးသတိလစ္သြားရတာပါ။
အခုၾကခြဲစိတ္ၿပီး ဆရာဝန္ႀကီးေတြက သူ႕ကိုေစာင့္ၾကည့္ေနၾကသည္။

အျပင္မွာသာေစာင့္ေနရတဲ့ကြက္သည္ ရင္ထဲအေတာ္
ေမာဟိုက္၍မြန္းၾကပ္ေနခဲ့သည္။
တကယ္ေတာ့ ကြက္လည္းေက်ာနဲ႔လက္ေတြကို ႐ိုက္မိပါတယ္၊ ဒါေပမယ့္ သူ႕ဒဏ္ရာကိုသူလုံးဝသတိမရေပ။

တစ္ခ်ိန္လုံး ေက်ာင္းဆရာလို႔ေရ႐ြတ္လိုက္တာနဲ႔မ်က္ရည္ကအလိုလိုစီးကာ မကုန္ႏိုင္မခမ္းႏိုင္႐ွိလွသည္။
မနက္ၾကေဆး႐ုံကို လမ္းထဲကလူတခ်ိဳ႕လိုက္လာကာ
သတင္းေမးသည္၊ ၿပီးေတာ့ပိုမြန္းၾကပ္စရာသတင္းတစ္ခုပါသယ္လာေသးသည္။

" ဒီအခ်ိန္ႀကီးမေျပာသင့္ဘူးဆိုေပမယ့္လည္း သိထားရေအာင္လို႔ပါ၊ ‌မေန႔ညကပဲေက်ာင္းဆရာအေဖဆုံးသြားၿပီ..."
" ဟင္ ဘာ ဘယ္လိုျဖစ္တာလဲ..."

" ေဒၚေဌး ေျပာတာေတာ့ မေန႔ကသူ႕သားအေၾကာင္းၾကားၿပီး ‌ညေနေစာင္းမွာေလစျဖတ္တယ္
တဲ့ ၊ ညသန္းေခါင္မွာဆုံးတာပဲ...

ဒီေန႔အသုဘခ်ၿပီး၊ မနက္ျဖန္ရက္လည္ရမယ္ထင္တယ္။
သႀက္န္တြင္းမို႔ ႏွစ္မကူးပဲအဲ့လိုလုပ္ရမွာေလ..."

ကြက္လည္း ေယာကၡထီးသတင္းၾကားၿပီးေနာက္ ခႏၲာ
ကိုယ္ထဲကအားအင္တစ္စက္မွမ႐ွိေတာ့သလိုခံစားရ
သည္။

" အခုထိ ေက်ာင္းဆရာကမႏိုးေသးေတာ့ဘယ္လိုလုပ္မလဲ..."
" ႏိုးရင္လည္း ခ်က္ခ်င္းေျပာျပလို႔ဘယ္ျဖစ္မလဲ"
" အေရးေပၚခန္းထဲက လူနာက အသုဘကို မွီေတာ့ေကာဘာလုပ္လို႔ရမွာလဲ..."

ကြက္ေဘးနားမွာတစ္ေယာက္တစ္ေပါက္ေျပာဆိုေနၾကသည္၊ ကြက္နားထဲၾကားသလိုလို မၾကားရသလိုလိုပါပဲ....

ဒုကၡပဲ၊ အခုမွတကယ္ဒုကၡပဲ
ေက်ာင္းဆရာ အတြက္သူ႕အေဖကဘယ္လိုလူမို႔လဲ..

သူ႕ခႏၲာကိုယ္အစိတ္အပိုင္းတစ္ခုကိုေတာင္ မႏွေျမာပဲ
ထုတ္ေပးခဲ့တဲ့သူ၊ သူ႕လိုလူက ကြက္ဆီေအာက္က်ခံကာေငြေခ်းၿပီး ေနာက္ဆုံးသူ႕ဘဝပါဆုံးတာေတာင္အျပစ္မတင္ခဲ့တဲ့သူ...
အဲ့လိုကယ္တင္ခဲ့ရတဲ့အေဖက အခုလိုဆုံးသြားေတာ့
သူႏိုးလာရင္ ဘယ္လိုေျပာရမလဲ...…
သူ႕ကိုဘယ္လို‌မ်ားေျပာျပရမလဲ.......

ဘာလို႔လဲ ေက်ာင္းဆရာရယ္..က်ဳပ္ဟာက်ဳပ္ဘာျဖစ္ျဖစ္ခင္ဗ်ားဝင္မပါပဲေနမွေပါ့။ လူမိုက္ေတြကိုေ႐ွာင္ရမယ္လို႔ ခင္ဗ်ားသားကိုၾကအၿမဲေျပာေနၿပီး
ခင္ဗ်ားကိုယ္တိုင္ၾက ဘာလို႔ၾကားဝင္ခဲ့တာလဲ...
အခု ဘယ္လိုလုပ္ရမလဲ.. ထ ေျပာပါအုံး....

>>>>>>>
အိမ္မွာလည္းသားခ်စ္ေလးက အေဖနဲ႔အေမကိုမေတြ႕တာနဲ႔...
" ေဖႀကီးနဲ႔ေမႀကီး ဘယ္မွာလဲဗ်..."
" ေဖႀကီးနဲ႔ေမႀကီးက အျပင္ခဏသြားၾကတာ မၾကာခင္ျပန္လာမယ္တဲ့..."

အရီးျပဳံးမွာလည္း သတင္းၾကားၾကားခ်င္းဥပုပ္ေက်ာင္းကေနအိမ္ကိုျပန္ေျပး၍ ခေလးကိုၾကည့္ရသည္။
" ဘာလို႔သားကိုမေခၚတာလဲ..."
" သားလိုက္လို႔မရတဲ့ေနရာမို႔လို႔ေလ ၊ မၾကာခင္ျပန္လာလိမ့္မယ္။
သားကမငိုပဲ လိမ္လိမ္မာမာေနတဲ့..."

ညအထိျပန္မလာေတာ့ ခေလးကငိုသည္။ ဖေအ၊မေအနဲ႔တစ္ညမွမခြဲဘူးေတာ့ပိုဆိုးသည္။

ေနာက္မေန႔ၾကခေလးက ဟိုလူေျပာ၊ဒီလူေျပာနဲ႔တစ္စြန္းတစၾကားၿပီး ဉာဏ္ေကာင္းတဲ့ခေလးမို႔ နားလည္
သြားကာ..
" ဖြားျပဳံးသားကို ညာတယ္...
သားေမႀကီးကရန္ျဖစ္လို႔တဲ့
သားေဖႀကီးကေနမေကာင္းဘူးတဲ့၊ အခုေဆး႐ုံမွာတဲ့
ဟိုဘက္အိမ္ကအဖိုးလည္း ေသသြားၿပီတဲ့...
ဟိုအဖြားက သားေမႀကီးေၾကာင့္ အဖိုးေသတာလို႔
ေျပာတယ္....အီး ဟီး "

သူၾကားသမွ်တစ္ခုခ်င္းဆီေျပာၿပီးငိုပါသည္။

" ေျမးေလးရယ္..."
" သားေဖႀကီးဆီသြားမယ္၊ ေဖႀကီးကိုသြားၾကည့္မယ္"
" မရဘူးေလ ေျမးေလး၊ ေဆး႐ုံကိုလိုက္သြားလို႔မရဘူး...
ေဖႀကီးနဲ႔ေမႀကီး ကတူတူျပန္လာလိမ့္မယ္ေနာ္
ေျမးေလးကအိမ္မွာ ဘုရား႐ွိခိုးၿပီးေစာင့္ရေအာင္ ေနာ္"

>>>>>>>
ဟိုဘက္အိမ္မွာလည္း ဘာေျပာေကာင္းမလဲ၊နဂိုကတည္းကကြက္ကိုမုန္းပါတယ္ဆိုမွ.. ေယာက်္ားကေသၿပီး၊သားကေဆး႐ုံမွာသတိမရျဖစ္ေနေတာ့
အဖြားႀကီးကအ႐ူးမီးဝိုင္းျဖစ္ေန႐ွာတာေပါ့။

အသုဘ႐ႈလာတဲ့သူေတြကို ငိုယိုၿပီးေျပာသည္။
သူ႕သားနဲ႔ သူ႕ေယာက်္ားဒီလိုျဖစ္ရတာ ေ႐ႊဇီးကြက္ေၾကာင့္...ဟုတထစ္ခ်ေျပာဆိုေတာ့သည္။

ဒီအခ်ိန္မွာေတာ့ လင္ေသ၊ သားကေမ့ေျမာျဖစ္ေနတဲ့
အဖြားႀကီးကို လူတိုင္းကစာစာနာနာေဖးမေပးၾကပါသည္။

တခ်ိဳ႕က သူ႕သားအႀကီးဆီအေၾကာင္းၾကားေပးသည္။
ျဖစ္ခ်င္ေတာ့ သူ႕သားအႀကီးကလည္း မေလး႐ွားကေနျပန္ေရာက္ေနခ်ိန္ျဖစ္ပါသည္။

အေဖဆုံးၿပီဆိုေတာ့ အရင္ကဘာျဖစ္ျဖစ္ ခ်က္ခ်င္းပင္သားအႀကီးကေျပးလာပါသည္။

" အေမ... အေဖဘယ္လိုျဖစ္ရတာလဲဗ်ာ..."

သူ႕အေမက သူ႕ကိုေတြ႕တာနဲ႔မ်က္လုံးမ်ားမီးေတာက္ကာ...၊အနားကိုေျပးလာၿပီး..
" နင္ ဘာလာလုပ္တာလဲ... နင္အခုမွဘာလာလုပ္တာလဲ...၊
အေဖေသၿပီဆိုေတာ့ အေမြျဖစ္ျဖစ္ခြဲမလို႔လား ဟမ္
သားဆိုးသားမိုက္ရဲ႕..."
" အေမ..."
" မေခၚနဲ႔... နင့္အေဖနဲ႔ နင့္ညီ ဒီလိုျဖစ္ရတာနင့္ေၾကာင့္ပဲ..."
" ဗ်ာ ဘာလို႔လဲ အေမ
ဘာလို႔ကြၽန္ေတာ့္ေၾကာင့္လဲ..."

" မေကာင္းတဲ့ေကာင္ ငါတို႔လင္မယားကနင့္ကိုဘယ္လိုေကြၽးေမြးေစာင့္ေ႐ွာက္ခဲ့ရသလဲဟမ္
နင့္ညီထက္ အစစအရာရာ ပိုခဲ့တယ္။
နင္ တကၠသိုလ္တတ္လို႔ နင့္ညီက မတတ္ခဲ့ရဘူး...
ေရာင္နီက နင့္ထက္အမ်ားႀကီးေတာ္ခဲ့တာ.."

" ကြၽန္ေတာ္သိပါတယ္ဗ်၊ ကြၽန္ေတာ္သိပါတယ္.."
" အဲ့လိုသိတဲ့ေကာင္က မေကာင္းတဲ့မိန္းမနဲ႔ယူၿပီး
ငါတို႔ကိုေျခစုံကန္ရသလား...ဟဲ့

နင့္အေဖ ခြဲစိတ္ရတာေကာ နင္သိလား
နင့္ညီက ‌လိုတဲ့ေငြကို နင့္မယားဆီေအာက္က်ခံသြားေတာင္းခဲ့တာေကာ သိလား၊
နင့္မယား မိန္းမယုတ္မက ေငြေလးငါးေသာင္းတစ္ခါေပးၿပီး ေဆး႐ုံကိုတစ္ခါပဲမ်က္ႏွာလာျပတာေကာသိလား။

က်န္တဲ့ေငြေတြကို နင့္ညီက နင့္ဆီကရမယ္ထင္ၿပီးေခ်းဌားခဲ့တာေလ...
နင္မယားကမေပးလို႔ အေႂကြးမဆပ္ႏိုင္ပဲ ငါ့သားက
အဲ့ဒီ့ခ်ဲဒိုင္ေကာင္မနဲ႔ယူလိုက္ရတာဟဲ့...
သိၿပီလား... နင္သိၿပီလား...

အခု အဲ့ေကာင္မကရန္ျဖစ္လို႔ နင့္ညီကICU ထဲမွာသတိမရေသးဘူး၊ နင့္အေဖကေသၿပီ...

ငါတို႔နင့္ကိုေကြၽးေမြးေစာင့္ေ႐ွာက္ခဲ့တာ
မိဘနဲ႔ညီ ကိုပစ္ၿပီး အဲ့ဒီ့အိမ္မွာအလုပ္အေကြၽးျပဳဖို႔လား... မေကာင္းတဲ့ေကာင္ရဲ႕.."

သူ႕အေမသည္ မေတြ႕တာၾကာေသာသားႀကီးအား အႏွစ္ႏွစ္အလလကမေက်ႏွပ္ခ်က္မ်ားကို ဖြင့္ထုတ္
ၿပီး လက္ညိဳးေငါ့ေငါ့ထိုးရင္းေျပာ‌ဆိုသည္။

ေအာင္ကိုဦးမွာ သူ႕အေမေျပာသမွ်ကိုနားေထာင္ရင္း
မ်က္ႏွာက ခရမ္းေရာင္လုလုေျပာင္းလဲခဲ့သည္။

မသိခဲ့ဘူး၊ သူဘာမွမသိခဲ့ဘူး။
ညီေလးေငြလာေတာင္းမွန္းလည္း သူမသိဘူး။
သူ႕မယားက အေဖ့ေဆး႐ုံေတာင္သြားၾကည့္ေသးတယ္ ဘာညာနဲ႔သူ႕ကိုညာတယ္ေလ။
သူတစ္ေခါက္ ျပန္လာတုန္းက ညီေလးနဲ႔ေတြ႕ေတာ့လည္း သူ႕ကိုအဲ့အေၾကာင္းေတြဘာမွမေျပာဘူး။

သူ႕ညီေလးစိတ္ကအဲ့အတိုင္းပဲ သူ႕အေပၚကိုမေကာင္းရင္ေတာင္ သူမ်ားကိုမေကာင္းျပန္ေျပာမွာမဟုတ္ဘူး။

ဒီလိုေတြျဖစ္ခဲ့တာလား ၊ သူ႕မိန္းမကဒီေလာက္ေတာင္ယုတ္မာခဲ့တာလား...

" သားမသိဘူးအေမရယ္၊ သားတကယ္မသိခဲ့ပါဘူး
ညီေလးနဲ႔ေတြ႕ေပမယ့္ သူကဘာမွမေျပာဘူး..."

" နင့္ညီက အဲ့လိုေျပာတတ္တဲ့လူလား...
သူ႕အေပၚမေကာင္းရင္ေတာင္ အ႐ူးလိုၿငိမ္ခံတဲ့သူ။
အခုလည္း အဲ့မေကာင္းတဲ့ဟာေတြေၾကာင့္ သူဒုကၡ
ေတြ႕ရၿပီေလ..
အမေလး....၊ ငါ့ႏွယ္ကံဆိုးလိုက္တာ ဟယ္
အဖိုးႀကီးရယ္ ႐ွင္ကလည္းက်ဴပ္ပါတစ္ခါထဲေခၚသြားတာမဟုတ္ဘူး.... "

" အေမရယ္ အဲ့လိုမေျပာပါနဲ႔ဗ်ာ
အခုခ်ိန္မွာအေမပဲျဖစ္ျဖစ္ က်န္းမာမွဗ်..."

>>>>>
ေအာင္ကိုဦးကလည္းသူ႕အေဖရက္လည္ကိုဦး‌ေဆာင္၍လုပ္ေပးၿပီးတာနဲ႔ သူ႕မိန္းမအိမ္ျပန္ကာ...
ေသာင္းက်န္းေတာ့သည္။

" ငါ့မိဘရဲ႕ေသေရး႐ွင္ေရးကိစၥမွာေတာင္ မင္းဒီလိုယုတ္မာႏိုင္ရလား ဟမ္...
ငါ႐ွာထားတဲ့ေငြကိုေတာင္ ငါ့မိဘဆီေပးခြင့္မရေအာင္မင္းယုတ္မာတာ...အယုတ္တမာမ.."

သူ႕မိန္းမကလည္း သူအဲ့အိမ္သြားကတည္းကဒီလိုျဖစ္လာမယ္လို႔ထင္သားပဲ...

" ယုတ္မာတယ္ေျပာရေအာင္ ႐ွင့္မိဘေတြကေကာ
ကြၽန္မအေပၚေကာင္းလို႔လား ဟမ္..ေျပာပါအုံး"

" မင္းအေပၚေကာင္းေကာင္းမေကာင္းေကာင္း ဒါကေသေရး႐ွင္ေရးကြ...၊ ငါ့မိဘနဲ႔ငါ့ညီ ရဲ႕ေသေရး႐ွင္ေရး...
‌ငါႏိုင္ငံျခားမွာ ကြၽန္ခံ႐ွာလာတဲ့ပိုက္ဆံေတြကို ငါ့မိသားစုအတြက္နည္းနည္းေတာင္မွ မင္းမသထာခဲ့ဘူးလားဟမ္...

ငါ့အေမက မင္းကိုအက်င့္မေကာင္းတဲ့မိန္းမလို႔ေျပာတုန္းက ငါမယုံခဲ့ဘူး၊ ငါတြင္းတူးၿပီးမိုက္ခဲ့မိတယ္

အခုေတာ့ ငါယုံသြားၿပီ၊ မင္းကေစာက္က်င့္တစ္စက္မွမေကာင္းတဲ့မိန္းမပဲ..."

" ကိုေအာင္ကိုဦး ႐ွင္စကားေျပာတာဆင္ျခင္ရင္ေကာင္းမယ္ေနာ္..."

" မဆင္ျခင္ေတာ့ ဘာျဖစ္လဲ..
ငါ ငါးႏွစ္ေက်ာ္မေလးမွာကြၽန္လိုသြား႐ုန္းခဲ့တယ္
အဲ့အခ်ိန္ ငါပို႔သမွ်နဲ႔ မင္းတို႔ဒီမွာသုံးျဖဳန္းေနခဲ့တာေလ၊ ဟမ္
အဲ့ဒီ့အထဲက ငါ့မိဘအတြက္နည္းနည္းေတာင္မေပးႏိုင္ခဲ့ဘူးလား..."

သူ႕ေယာကၡမကိုလည္းသြားေခၚၿပီး..
" အေမ အေမ့သမီးလုပ္ရက္ေလးကိုၾကည့္ပါအုံး
အေမလည္းသိတယ္မွတ္လား..."
" ဟယ္ ဟယ္ ငါမသိပါဘူး.."

" ကြၽန္ေတာ္ သူနဲ႔ယူၿပီးကတည္းက အေမတို႔ကိုကြၽန္ေတာ့္မိဘအရင္းလိုသေဘာထားၿပီး ဆက္ဆံခဲ့တာ
မဟုတ္ဘူးလား..."
" ေအးေလ ဟုတ္ပါတယ္.."
" သူကေတာ့ အဲ့လိုမဟုတ္ဘူးဗ်၊ ေတာ္ေတာ္ယုတ္မာတယ္၊ အေမကေကာကိုယ့္သမီးကိုယ္မဆုံးမဘူးလား"

ဟယ္...! သူ႕ေယာကၡမကဘာေျပာရမွန္းမသိျဖစ္ေနစဥ္။
သူ႕မိန္းမမွ...
" ဒီမွာ ကိုေအာင္ကိုဦး ကြၽန္မအေမကို႐ွင္ဘာ‌မွေျပာစရာမလိုဘူး။ ႐ွင္ဘာျဖစ္ခ်င္ေနတာလဲ..."

" ဟဲ့ ေတာ္မေျပာနဲ႔..." (သူ႕အေမကလွမ္းတား)

" ဘာျဖစ္ခ်င္လဲဟုတ္လား၊ မင္းလိုယုတ္မာတဲ့မိန္းမမ်ိဳးနဲ႔ဆက္မေပါင္းႏိုင္ေတာ့ဘူး ႐ြံလို႔ .."

" အမေလး မေပါင္းႏိုင္ရင္သြားေလ.."
" ေအးသြားမွာ.. ငါ႐ွာထားတာေတြလည္းမင္းကိုေပးခဲ့မယ္မထင္နဲ႔..."
" ဘာ..."
" လိုခ်င္လား လိုခ်င္ရင္ေနာက္ထပ္ ႏြားတစ္ေကာင္
႐ွာၾကည့္ေလ..."

ေအာင္ကိုဦးကလည္း ဘီဒိုထဲမွာ သိမ္းထားတဲ့လုပ္ငန္းလုပ္ဖို႔စုထားတဲ့ပိုက္ဆံေတြကိုထုတ္ယူသည္။
သူ႕မိန္းမကအတင္းျပန္လိုက္လုသည္။
အားကမညီမွ်ေတာ့မရသြားေပ။
" ႐ွင္ ဒီလိုလုပ္လို႔ရမလား..."

" ဟား မင္းကေငြကိုမက္တာပဲ ..
မင္းမက္ေလ ပိုမေပးခ်င္ေလပဲ
ငါ့သမီးအတြက္ေတာ့ လတိုင္းေထာက္ပံ့ေပးမယ္
မင္းကိုေတာ့ ကန္ေတာ့ဆြမ္းပဲကြာ.."

ေအာင္ကိုဦးလည္း ယူစရာ႐ွိတာယူၿပီးမိန္းမအိမ္ကေနခ်က္ခ်င္းဆင္းလာခဲ့ေတာ့သည္။
ဒီေလာက္ႏွစ္အၾကာႀကီးေပါင္းခဲ့တဲ့မိန္းမကေတာင္..
မိန္းမယုတ္ျဖစ္ေနတာပဲ ၊ ေတာက္)))

ၿပီးေတာ့ သူ႕အေမအိမ္ကိုျပန္လာခဲ့သည္။
အခုခ်ိန္မွာ အေမ့ေဘးနားသူမားမားမတ္မတ္႐ွိေနေပးရမယ္ဆိုတာကိုနားလည္၍ျဖစ္သည္။

မေန႔ကေငါက္ေငါက္ထိုးရန္ေတြ႕တဲ့အေမကအခုၾက
ခ်ံဳးခ်ံဳးၾကေနပါၿပီ။
၇ ရက္ေတာင္လြမ္းခြင့္မရပဲ၊ ဒီညအေဖ့ကိုသြားခြင့္ေပးရေတာ့မွာမို႔ ပိုစိတ္မေကာင္းျဖစ္ေနတာလဲ ဟုတ္
မွာေပါ့။

" အေမ....
ကြၽန္ေတာ္တို႔ ဒီညအေဖ့ကိုပို႔ၿပီးရင္၊မနက္ျဖန္ညီေလးဆီသြားၾကည့္ၾကတာေပါ့ ..."

>>>>>>>>>
ကြက္ကလည္းအိမ္လုံးဝမျပန္ပဲ ေဆး႐ုံမွာပဲေန႔ေန႔
ညညေစာင့္သည္။ ေနာက္ရက္မွာ ေက်ာင္းဆရာရဲ႕
အေမနဲ႔သူ႕အစ္ကိုတို႔ ေဆး႐ုံကိုေရာက္လာၾကည့္ၾကသည္။

ကြက္လည္းသူတို႔ကိုဘာေျပာရမွန္းမသိ၊ သူတို႔ကလည္းကြက္ကိုလုံးဝမၾကည္ပါဘူး။ေဆး႐ုံႀကီးေပၚမွာ
မို႔ေတးထားပုံရသည္။
သူတို႔ဖာသာဆရာဝန္ႀကီးကိုသြားေမးၾကပါသည္။

ဒီလိုနဲ႔ ၄ရက္ေျမာက္ေန႔မွာေတာ့ ကြက္ကရဲစခန္းကိုသြားဖို႔႐ွိလာသည္။ ဟိုေကာင္ေတြကိုလည္းအကုန္မိၿပီဆိုေတာ့ ရဲဘက္ကစြဲခ်က္တင္ဖို႔ကြက္ကိုပါေခၚေတာ့သည္။
ကိုယ္တိုင္ရန္ပြဲထဲပါဝင္သူလည္းျဖစ္ၿပီး၊တရားလိုလည္းျဖစ္တာေၾကာင့္ ကြက္အေနနဲ႔မသြားလို႔မရပါ။

" ဒါေပမယ့္ ေက်ာင္းဆရာသတိေကာင္းေကာင္းရလာရင္ က်ဳပ္႐ွိေနမွ..."
" အဲ့လူေတြကိုအျပစ္မေပးေတာ့ဘူးလား.."

အခုသြားၿပီးမေျဖ႐ွင္းရင္ ကြက္ပါအမႈတြဲထဲပါသြားႏိုင္သည္။
သဲေမာင္ကအခုထိစခန္းမွာ၊ ခ်စ္ေထြးကေတာ့ခေလးမို႔လြတ္လာပါၿပီ။

အဲ့တာေၾကာင့္ ကြက္လည္းသြားၿပီးအစစ္ေဆးခံရပါသည္။

>>>>>>>>
" လူနာ႐ွင္...လူနာကိုလာဝင္ေတြ႕ေပးပါ "
သူနာျပဳဆရာမက လာေခၚေပးေတာ့ သူ႕အေမနဲ႔အစ္ကိုကဝင္ေတြ႕ၾကသည္။

" ICUထဲမွာစကားကိုက်ယ္က်ယ္မေျပာပါနဲ႔ေနာ္၊
ၿပီးေတာ့ လူနာကအခုထိ ေကာင္း‌မြန္ေသးတာမဟုတ္လို႔ စကားကိုေျဖးေျဖးျခင္းေျပာပါ..."
" ဟုတ္ကဲ့ ဆရာမ..."

အထဲဝင္သြားေတာ့ ေရာင္နီကိုကုတင္ေပၚပက္လက္အေနအထားနဲ႔ ေခါင္းမွာလည္းပတ္တီးျဖဴႀကီးကနည္းတာမဟုတ္။ လက္ႏွစ္ဖက္လုံးမွာေဆးခ်ိတ္ေပးထားရသည္။
ခြဲစိတ္တုန္းကလည္းေသြးေတြအမ်ားႀကီးသြင္းခဲ့ရသည္။
ရက္ပိုင္းအတြင္းပင္ လူကေခ်ာင္က်ၿပီးေဖ်ာ့ေတာ့ေတာ့ျဖစ္ေနခဲ့သည္။

" သား သတိရၿပီလားဟင္..."
" ညီေလး ေကာင္းေကာင္းသတိရၿပီလား..."

မ်က္လုံးသူငယ္အိမ္ကေျဖးညႇင္းစြာေ႐ြ႕လာၿပီးသူတို႔ကိုၾကည့္ပါသည္။
ဒါေပမယ့္သူ႕အၾကည့္ေတြက ပုံမွန္အတိုင္းမဟုတ္၊
သူတို႔အား အခုမွေတြ႕ဖူးျမင္ဖူးသူလိုမ်ိဳးၾကည့္ေနတာ
ျဖစ္သည္။
" သားေလး...ေရာင္နီ..."
" ညီေလး..."
" အေမနဲ႔ အစ္ကိုေလ သား...
မျမင္ရဘူးလား ဟင္..."
" စကားမေျပာႏိုင္ဘူးလား..."

သူကႏႈတ္ခမ္းေတြကိုအေတာ္ေလးအားယူၿပီးဖြင့္ရသည္။ ၿပီးေတာ့မွ တိုးတိုးေလးေျပာလာသည္။
" ဘယ္ သူလဲ.." တဲ့

ဟင္!...သူ႕အေမနဲ႔အစ္ကိုကေၾကာင္အမ္းေနၿပီးမွ
" ေရာင္နီ.. အေမေလ၊ အေမပါသား..."
" ဆရာမ...ဆရာမ လာပါအုံး..."

အလန္႔တၾကားေအာ္မိေတာ့သူနာျပဳကေျပးလာၿပီး..
" တိုးတိုးေျပာပါဆို..."
" လူနာကထူးဆန္းေနတယ္၊ ဘယ္သူလဲတဲ့
သူ႕အေမကိုေတာင္ ဘယ္သူလဲတဲ့..."

ဟင္! " လူနာ ...သူတို႔ကိုမသိဘူးလား..."
ေရာင္နီက သူတို႔ကိုၾကည့္ရင္းေျဖးညႇင္းစြာပဲျပန္ေျဖပါသည္။
" မသိဘူး..."

" အမေလး ေတြ႕လား"
" တကယ္အေမနဲ႔အစ္ကိုဟုတ္ပါတယ္ေနာ္"
" ဟုတ္ပါတယ္ ဆရာမရယ္
ဒါကိုညာရမွာလား..."

" ဒါဆို အျပင္ျပန္ထြက္လာၿပီး ဆရာဝန္ႀကီးလာတာကိုေစာင့္ပါ...၊ လူနာကိုထပ္ေျပာလို႔မရဘူး႐ွင့္
လာပါ..."

တစ္နာရီေလာက္ၾကာမွဆရာဝန္ႀကီးေရာက္လာၿပီးလူနာကိုဝင္ၾကည့္သည္။
သူရဲ႕မ်က္လုံးသူငယ္အိမ္ကို လည္းစစ္ေဆးၾကည့္ၿပီး
လက္ေထာင္ျပရင္း..
" ဒါ လက္ဘယ္ႏွစ္ေခ်ာင္းေထာင္ထားလဲ သိလား"
" ႏွစ္..."
ေလးေခ်ာင္းေျပာင္းေထာင္ျပေသာ္..
" ေလး..."

" ဒါဆို ကိုယ့္နာမည္ကိုေကာကိုယ္မွတ္လား..."
" နာမည္......."
" အင္း နာမည္က ဘယ္သူလဲ..."
သူကအတန္ၾကာစဥ္းစားေနၿပီးမွ..
" မသိဘူး ဗ်..."
" ကိုယ္နာမည္ေတာင္ကိုယ္မမွတ္မိဘူးေပါ့
ဒါဆို တျခားဘာမွတ္မိတာ႐ွိလဲ
ဘယ္လိုျဖစ္ၿပီး ေဆး႐ုံေရာက္လာတာလဲေကာသိလား"
" မသိပါဘူး..."

‌ဘုရားေရ! ဆရာဝန္ႀကီးပင္ဘုရားတေနေတာ့သည္။
သူ႕ဆရာဝန္သက္တမ္းတေလွ်ာက္မွာ ေခါင္းထိၿပီး
ေကာင္းရင္ေကာင္း၊ မေကာင္းရင္ေသပဲ ဒီလိုအတိတ္ေမ့လူနာေတာ့မၾကဳံဖူးပါ။

" ဆရာ လူနာက..."
" ဦးေခါင္းဓာတ္မွန္ျပန္႐ိုက္ၿပီး အေျဖ႐ွာရမယ္"

ဒါေပမယ့္ အသက္အႏၲရာယ္ေတာ့ျဖတ္ေက်ာ္လာၿပီမို႔
ICUထဲကထုတ္ၿပီး လူနာေဆာင္ကိုေ႐ြ႕ခိုင္းသည္။

တစ္ေန႔အတြင္းမွာပဲ ဦးေႏွာက္နဲ႔အာ႐ုံေၾကာကဆရာဝန္ေတြအမ်ားႀကီးလာၿပီး သူ႕ကိုၾကည့္ၾကသည္။

" Amnesia လား..."
" ဟုတ္တယ္ Retrograde amnesia ပဲ.."

ေနာက္ေၾကာင္းေမ့ျခင္း (Retrograde amnesia)။ မၾကာေသးမီက မွတ္ဉာဏ္မ်ား နဲ႔ ကေလးဘဝ မွတ္ဉာဏ္ ေတြကိုဆုံး႐ႈံးျခင္းကို ေနာက္ေၾကာင္းေမ့ေသာ အတိတ္ေမ့ေရာဂါဟုေခၚသည္။
ဦးေႏွာက္ကိုေသြးစီးဆင္းမႈ ခတၱျပတ္ေတာက္သြားတာေၾကာင့္ ဟု ေဆးသိပၸံပညာကယူဆသည္။

" ဒါဆို ကြၽန္မသားေလးက ဘာမွမမွတ္မိေတာ့ဘူးလားဟင္..."
" ဘယ္လိုေျပာရမလဲဆိုေတာ့ ဘယ္သူဝယ္ဝါ၊ သူဘာေတြျဖစ္ခဲ့တယ္ဆိုတာေတြကိုေတာ့ မွတ္မိမွာမဟုတ္ဘူး။
ဒီအေျခအေန ခဏတျဖဳတ္လည္းျဖစ္ႏိုင္ၿပီး၊ တသက္လုံးလည္းျဖစ္သြားႏိုင္ပါတယ္...

ဒီအေျခအေနကို ကုဖို႔ေတာ့နည္းလမ္းမ႐ွိေသးဘူး။

ဒါေပမယ့္ သူဒါေတြကိုေမ့ေနေပမယ့္လည္း...
သိျမင္နားလည္ ဆုံးျဖတ္ႏိုင္စြမ္းရည္ကိုေတာ့ မဆုံး႐ႈံးပါဘူး။
ဥပမာ- ဆရာဝန္ကိုဆရာဝန္မွန္းသိတယ္၊ ပုံမွန္မွာအဂ္လိပ္လိုေျပာႏိုင္ရင္ အခုလည္းေျပာႏိုင္အုံးမွာပဲ..

လူနာက ႐ူးသြားတာမ်ိဳးမဟုတ္လို႔၊ သူ႕ရဲ႕လူေနမႈဘဝကိုေတာ့ လုံးဝမထိခိုက္ႏိုင္ပါဘူး။"

သူတို႔မွာ ဘာေျပာရမွန္းေတာင္မသိျဖစ္သြားရသည္။
မွတ္ဉာဏ္ေတြမ႐ွိပဲနဲ႔ ဘယ္လိုအသက္႐ွင္မလဲ...

>>>>>>>>>
ကြက္လည္း အမႈကိစၥေတြက တစ္ရက္ကုန္လုနီးပါးလိုက္ရသည္။

ဟိုေကာင္ေတြဘက္ကေ႐ွ႕ေနလိုက္မယ့္သူပါလို႔ စအခန္႔မသင့္ ကြက္ပါအခ်ဳပ္ၾကမယ့္ကိန္းပင္။
ဒါေပမယ့္လည္း ရပ္မိရပ္ဖေတြနဲ႔မ်က္ျမင္သက္ေသေတြအမ်ားႀကီးလိုက္လာလို႔သာ တရားခံေတြကိုအခ်ဳပ္ထဲထည့္ႏိုင္တာပင္။
ရန္ျဖစ္ေပမယ့္ ကြက္တို႔ဘက္ကလက္နက္မပါ၍
သဲေမာင္ကို ခံဝန္နဲ႔လႊတ္ေပးသည္။
ကြက္က ဒီအတိုင္းကြင္းလုံးလြတ္သည္။

ဟိုေကာင္ေတြကိုေတာ့ တရား႐ုံးတင္ၿပီးၾကားနာရအုံးမည္။

ကြက္လည္းၿပီးတာနဲ႔ေဆး႐ုံကိုျပန္ေျပးရသည္။

ကြက္ေရာက္ေတာ့ညေနေစာင္းေနၿပီ။
" ဆရာမေလး လူနာေကာ..."
" လူနာကိုICUထဲကထုတ္လိုက္ၿပီ၊ သတိရေနၿပီေလ
ဒါေပမယ့္..."

ကြက္လည္းလူနာေဆာင္မွာသူ႕ကုတင္ကိုေျပး႐ွာပါသည္။သူကေတာ့ကုတင္ေပၚမွာ ပက္လက္ပဲမွိန္းေနခဲ့သည္။

" သူသတိရလာၿပီဆို ေက်ာင္းဆရာ၊ ေက်ာင္းဆရာ"
ကြက္ကအနားသြားၿပီး သူ႕ကိုေခၚကာ လက္ကိုကိုင္ၿပီးႏိႈးေတာ့ ..

" ဟဲ့ မေခၚနဲ႔ မေခၚနဲ႔..."

ဒါေပမယ့္ လူနာကေတာ့မ်က္လုံးဖြင့္ၾကည့္လာပါသည္။
ကြက္လည္းဝမ္းသာအားရနဲ႔...
" ေက်ာင္းဆရာ သတိရၿပီလား၊ နာေနေသးလားဟင္"

ထုံးစံအတိုင္း မ်က္ႏွာေသနဲ႔ျပန္ၾကည့္ေသာအခါ
" ဟင္ ေက်ာင္းဆရာက်ဳပ္ကိုစိတ္ဆိုးေနတာလားဟင္...
အင္းပါ က်ဳပ္မွားပါတယ္ ....က်ဳပ္ေတာင္းပန္ပါတယ္ေနာ္၊ ေနာက္ တစ္ခါရန္မျဖစ္ေတာ့ပါဘူး..."

" ဘယ္ သူလဲ ဗ်...."
" ဟင္ က်ဳပ္ေလ ခင္ဗ်ားမေနာက္နဲ႔ေနာ္
က်ဳပ္ကိုမမွတ္မိဘူးလား.."

ကြက္ကိုသူ႕အေမနဲ႔အစ္ကိုက လူနာေဘးကေနဆြဲေခၚကာ ..
" ေရာင္နီက အတိတ္ေမ့ေနၿပီ..
ဘာမွမမွတ္မိဘူး..."

" မျဖစ္ႏိုင္တာ..."
" အဲ့တာ ညည္းတို႔ေၾကာင့္ပဲေလ .."

" မဟုတ္ဘူး မဟုတ္ဘူး ေက်ာင္းဆရာ..."

ကြက္ကကုတင္နားျပန္ေျပးၿပီး..
" ေက်ာင္းဆရာက်ဳပ္ကိုသိတယ္မွတ္လား...
ဒီေဆး႐ုံမွာပဲ က်ဳပ္တတ္ၿပီး သားခ်စ္ေလးကိုေမြးတာေလ...
သားခ်စ္ကိုေကာ.. သားခ်စ္ေလးကိုေကာမမွတ္မိဘူးလား.... ေအာင္ႏိုင္သူေလ
ခင္ဗ်ားကိုယ္တိုင္ပဲေပးထားတာ..."

လူနာမွာဘာမွမသိသျဖင့္ သူေျပာသမွ်ကိုစဥ္းစားရင္း
ေခါင္းက မခံမရပ္ႏိုင္ေအာင္ျဖစ္လာခဲ့သည္။
" အား ဆရာမ ဆရာမ ..."

" ဖယ္ ပါ၊ ဖယ္ပါ လူနာကိုဒီလိုမလုပ္ပါနဲ႔လို႔ေျပာရဲ႕သားနဲ႔..."
ခြဲစိတ္ထားလို႔အကိုက္အခဲေပ်ာက္ေဆးေတြကိုအခ်ိန္
တိုင္းထိုး၊ေသာက္ေနတာေလ...။
" လူနာက ခံႏိုင္ရည္မ႐ွိေသးဘူး...
စိတ္အရမ္း႐ႈပ္ေထြးရင္ ဦးေႏွာက္ပါပ်က္သြားလိမ့္မယ္..."

ကြက္သည္သူ႕ေယာက်္ားရဲ႕အေျခအေနမွန္ကိုသိၿပီးေနာက္ေတာ့ ၾကမ္းေပၚဖင္ထိုင္ခ်လိုက္မိသည္။
စိတ္ဓာတ္ကေတာ့ မဟာပထဝီေျမႀကီးေအာက္အထိထိုးက်သြားေတာ့တာေပါ့။
ဒါေပမယ့္လည္း သူအသက္ေတာ့႐ွင္ေန‌ေသးတာပဲ..

>>>>>>>
ဆက္ရန္
(ဘာဆက္ျဖစ္ၾကမလဲ???? )

Continue Reading

You'll Also Like

352K 1K 10
Fun wlw sex. Different kinks and stuff, all about trying things. May even include potential plot lines and will definitely include some form after ca...
1.9M 113K 42
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
3.6M 152K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
668K 62.1K 36
She is shy He is outspoken She is clumsy He is graceful She is innocent He is cunning She is broken He is perfect or is he? . . . . . . . . JI...