Announcement‼️

Av Hnaung511

137K 8.6K 1.1K

Attention Mer

Announcement
ဖတ်ပေးပါ
Genre(အနုပညာအမျိုးအစား)
Baby's Father Book Announcement
အစွမ်းထက်ဂါထာတော်
Attention❗

Fujoshi/BL Fan/LGBT Supporter

8.4K 834 75
Av Hnaung511

မောင်ဆိုပြီး‌ခေါ်တဲ့နာမ်စားလေးကလေ။ ကိုယ်ရေးတဲ့ထဲမှာ တစ်ပုဒ်ပဲပါဖူးတာ။ ဆယ်မဲအငယ်နဲ့ အူကဲအကြီးတွေရေးရတာ ကြိုက်ပေမဲ့ မောင်ဆိုတဲ့နာမ်စားကို စာရေးသူက မကြိုက်ဘူးထင်ပါတယ်။ ဒီတိုင်းနာမည်ခေါ်လိုက်တာကိုပဲ ပိုသဘောကျမိလို့ ထင်ပါရဲ့။ စာဖတ်သူတွေက မောင်ဆိုပြီး ခေါ်စေချင်ကြတာကိုလည်း နားလည်ပါတယ်ရှင်။ ကိုယ်ရေးတဲ့ အူကဲအမျိုးသား‌တွေထဲမှာ Body Strongဖြစ်တာလည်း သိပ်မပါတာတွေ့ရလိမ့်မယ်။ ကိုယ့်အကြိုက်က အူကဲ body strongတာတွေလည်း သိပ်မဟုတ်ဘူးထင်တယ်။
ဖူဂျိုရှီ အတွေးပေါ့။ LGBT community မှာတော့ အရပ်ရှည်တာ၊ခန္ဓာကိုယ် အချိုးအစား၊ အထက်အောက်ဆိုတာက တသပ်မတ်တည်းမရှိပါဘူး။ LGBT‌တွေကို Roleသွားခွဲတာမျိုးလေးတွေ မလုပ်တာက အကောင်းဆုံးဆိုတာကို သတိထားနိုင်ရင် ပိုကောင်းပါတယ်။

Genreတွေကို သိပြီဆိုရင် Genre တွေအောက်မှာ ရေးလေ့ရှိတာလေးတွေကို မျှဝေပေးပါရစေနော်။ (ဆရာလုပ်တာမဟုတ်ပါဘူးရှင့်။ဆရာလုပ်ရတာလည်းမကြိုက်ပါဘူး။ ကိုယ့်စာဖတ်သူလေးတွေထဲမှာ မသိသေးတဲ့သူရှိခဲ့ရင် အကြမ်းဖျင်း သိထားရအောင်လို့ပါနော်)။တစ်ခုခုတိုက်ဆိုင်လာတဲ့အခါ ပြန်ပြောပြလို့ရတာပေါ့နော်။

BL Genreနဲ့ Yaoi Genre အောက်မှာ ရေးလေ့ရှိတဲ့ Fic အများစုက Roleခွဲပြီး ရေးလေ့ရှိပါတယ်။ နားလည်လွယ်‌အောင်ပြောရရင် ဆယ်မဲက ဘယ်သူ၊ အူကဲက ဘယ်သူဆိုပြီး သတ်မှတ်ထားတာမျိုးပေါ့။ အများအားဖြင့် ခန္ဓာကိုယ်အချိုးအစားကိုလည်း ခွဲခြားပြီး ရေးလေ့ရှိကြပါတယ်။ Semeက Body Strong ဖြစ်ပြီး စိတ်လည်းမာမယ်။ Uke အမျိုးသားတွေက Body Weak ဖြစ်ပြီး စိတ်ကလည်း Semeတွေလောက် မကြံ့ခိုင်တာမျိုးပေါ့။ (ချွင်းချက်အနေနဲ့လည်း ရှိပါတယ်။ Semeက Weakဖြစ်ပြီး Uke Body Strongတာမျိုး။ စိတ်ပိုင်းဆိုင်ရာရောပေါ့)။

LGBT စာပေမှာကျတော့ Roleခွဲတာတို့။ ခန္ဓာကိုယ်အချိုးအစား၊ စိတ်ပိုင်းဆိုင်ရာ Strong ဖြစ်မှု မဖြစ်မှု အစရှိသဖြင့်။ Semeက ဘယ်လိုဖြစ်ရမယ်၊ Ukeကဘယ်လိုဖြစ်ရမယ် ဆိုပြီး ခွဲခြားမထားပါဘူး။ ခွဲခြားခွင့်လည်း မရှိပါဘူး။ တကယ့် LGBT community မှာလည်း အဲ့ဒီအတိုင်းပဲလို့ သိထားပေးရပါမယ်ရှင်။ ဒီခန္ဓာကိုယ်ကြီးက အောက်ကလား တို့။ ဒီသေးသေးက အပေါ်ကလားတို့ မပြောတာက ပိုကောင်းပါတယ်။(ဒါကကျင့်ဝတ်ပေါ့နော်)။ ခန္ဓာကိုယ် ဖွဲ့စည်းပုံထက် စိတ်ခံစားမှုအပေါ်မှာ မူတည်တာဆိုတော့လေ။

နောက်တစ်ခုက Supportပုံချင်း ကွဲတာလေးတွေလည်း ရှိပါသေးတယ်။ အခုပြောပြမဲ့ဟာလေးကို Personal Stylistရဲ့ Part 15မှာထည့်ရေးဖူးပါတယ်ရှင့်။

LGBT Communityကို Supportလုပ်ပေးတဲ့သူတွေကို LGBT Supportersလို့ခေါ်ပါတယ်။LGBT Communityထဲမှာပါတဲ့သူ အကုန်လုံးကိုSupportလုပ်ပေးတဲ့သူကိုပဲ LGBT Supporterလို့ခေါ်ဆိုရတာပါ။ ဥပမာ LGBTတစ်ယောက်က ရုပ်ချောသည်ဖြစ်စေ၊ရုပ်ဆိုးသည်ဖြစ်စေ။မိန်းမလျာပဲဖြစ်နေပါစေ LGBT Communityထဲမှာပါတဲ့သူ အကုန်လုံးကို Supportလုပ်ပေးတာမျိုးပါ။ တစ်ခုတော့ရှိတာပေါ့နော်။LGBTQ Communityဆိုတာ အနှိမ့်ချခံမဟုတ်သလို၊အခွင့်ထူးခံလည်း မဟုတ်တာကို သတိထားရပါမယ်။ သူက LGBTQ ဖြစ်နေလို့ မှားမှားမှန်မှန် Supportပေးရမယ်။ သူ့ဘက်က ရပ်တည်ရမယ်ဆိုတာမျိုးကို ရှောင်ကျဥ်ရပါမယ်ရှင့်။ စာရိတ္တမကောင်းသူတစ်ယောက်ကို ဘယ်အသိုင်းအဝိုင်းမှာမှ ထောက်ခံပေးဖို့ မလိုပါဘူး။ ဥပမာ (ယောင်္ကျားချင်းကြိုက်ရင်ပြီးရော အစစ်မရှရင်ရှပါစေ)ဆိုတဲ့သူတွေကိုကျတော့ LGBT Supporterလို့ သတ်မှတ်လို့မရပါဘူး။

ချောတဲ့လှတဲ့ BL Coupleတွေကိုပဲ Supportရွေးလုပ်တဲ့ မိန်းကလေးတွေကိုကျ LGBT Supportersတွေလို့ မခေါ်ပါဘူး။ သူတို့ကို LGBT supportersတွေနဲ့ သွားရောမြင်လို့မရပါဘူး။ သူတို့ကိုကျတော့ BL Fan၊ဒါမှမဟုတ် Fujoshiလို့ သတ်မှတ်လို့ရပါတယ်။ ဥပမာ BL Seriesထဲက Actorsနှစ်ယောက်ကို Supportလုပ်ပေးတာ။ ဒါမှမဟုတ်BL Fictionထဲက Characterနှစ်ယောက်ကို Supportလုပ်ပေးကြတာမျိုး။ Shipတာမျိုး။ တစ်ချို့ကတော့ Real Lifeက BL Coupleတွေကိုပါ Supportလုပ်ပေးကြပါတယ်။ သူတို့က LGBTQအကုန်လုံးကို Supportလုပ်ချင်မှလုပ်လိမ့်မယ်။ သူတို့သဘောကျတဲ့သူကိုပဲ ရွေးပြီး Supportလုပ်ပေးတဲ့သူမျိုးတွေပါ။ သူတို့ကို LGBT Supportersတွေလို့သွားသတ်မှတ်လို့မရပါဘူး။

Fujoshiရဲ့ အဓိပ္ပါယ်ကတော့ ဂျပန်ဝေါဟာရနဲ့ဆိုရင် အပုပ်မ လို့အဓိပ္ပါယ်ရတယ်ဆိုပြီး မှတ်သားဖူးပါတယ်။(ကိုယ်မှတ်သားဖူးတာကို ပြန်လည်မျှဝေတာပါရှင်)။ ယောကျ်ားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရဲ့ ကုတင်ပေါ်ကကိစ္စကို မိန်းကလေးအများစုက မြိန်ရေယှက်ရေ မပြောကြပါဘူး။ ပြောဖို့မသင့်တော်မှန်း သိနေကြလို့ပါ။ ဒါကြောင့် ယောကျ်ားနှစ်ယောက်ရဲ့ ကုတင်ပေါ်က ကိစ္စအဖြစ် ပြောင်းလဲပြောဆိုလိုက်ကြပါတယ်တဲ့။ ဒီလိုပြောလို့ရဖို့ကို Yaoiဆိုတဲ့ Genreအောက်က ဇာတ်လမ်းတွေကို ဖန်တီးလိုက်ကြတာမျိုးပေါ့။ ဒါကြောင့် ဖူဂျိုရှီတွေက အမှောင်ကြိုက်တဲ့သူတွေလို့ သတ်မှတ်လို့ရပါတယ်။

Fujoshiနဲ့ BL Fanက သိပ်မကွာဘူးလို့ မြင်ပါတယ်။ တစ်ခုသတိထားရမှာက ငါတို့က LGBT Supporterမဟုတ်လို့ ကောင်လေးတွေ တွေ့တာနဲ့ အထက်အောက်ခွဲမယ်။ ကုတင်ပေါ်တင်မယ်။ BL Fanဆိုရင်လည်း ငါတော့ သူတို့နှစ်ယောက်ကို Shipပစ်လိုက်မယ်ဆိုပြီး မြင်ရာ ဆွဲပေးစားလို့ မသင့်တော်ပြန်ပါဘူး။ (စည်းလေးတော့ ထားရပါမယ်ရှင်။ ကျင့်ဝတ်ရှိရပါမယ်။ ယောကျ်ားတိုင်း Gayမနေဘူးဆိုတာကလည်း သတိထားရမဲ့ အရာလေး ဖြစ်နေပြန်ပါတယ်)။ (BL Actorsတွေကတော့ ချွင်းချက်ပေါ့။ သူတို့က Fan Serviceပေးကြရတာမျိုး ရှိပါတယ်)

ကိုယ့်ကြောင့် သူတပါး ထိခိုက်နစ်နာစေမဲ့ စကားမျိုး၊ လုပ်ရပ်မျိုးကတော့ ရှောင်ကျဥ်နိုင်လေ ကောင်းလေပါပဲ။ ကိုယ်လည်း အမှားတွေ မလုပ်မိဖို့ အတတ်နိုင်ဆုံး ဆင်ခြင်ပါမယ်ရှင်။

Fortsett å les

You'll Also Like

243K 37.4K 97
ပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး
HUNTER Av HOPE

Romantikk

22.9K 718 4
RYAN👑 S-2 (Unicode) + (Zawgyi)
1.2M 56.5K 83
"The only person that can change Mr. Oberois is their wives Mrs. Oberois". Oberois are very rich and famous, their business is well known, The Oberoi...
188K 4.3K 66
imagines as taylor swift as your mom and travis kelce as your dad