ငါကနေ့တိုင်းအချိုတွေ ကျွေးနေတ...

L-ZeeU द्वारा

8.9K 1.1K 46

•Type Web Novel (CN) •Genre Comedy Mature Romance Yaoi •Author(s) Su Jingxian 苏景闲 •Status in COO 96 (Complete... अधिक

Description
Chaptet-1
Chapter-2
Chapter-3
Chapter-4
Chapter-5.1
Chapter-5.2
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11.1
Chapter-11.2
Chapter-12.1/.2
Chapter-13.1
Chapter-14
Chapter-15
Chapter-16
Chapter-17
ကြော်ငြာလေးတစ်ဖြတ်💫
Chapter-18
Chapter-19
Chapter-20 [ Uni ]
Chapter-21 [ Uni ]
Chapter-22 [ Uni ]
Chapter-23 [ Uni ]
Chapter-24 [ Uni ]
Chapter-25 [ Uni ]

Chapter-13.2

211 33 3
L-ZeeU द्वारा

[ Unicode ]

အခန်း-၁၃.၂။

------------

စားပွဲတစ်ခုလုံး တိတ်ဆိတ်သွားသည်။ သို့သော် ပထမဆုံးစကားပြောလာသည့်သူမှာ ရှစ်ယွမ်ဟောက်ဖြစ်နေလိမ့်မည်ဟု မည်သူမျှမထင်ခဲ့ကြပေ။

"အဲ့တော့ ငါတို့လုတော့ရော ဘာဖြစ်လဲ ဒါက မျှမျှတတတိုက်ခိုက်တာပဲ"

သူက ဝင်ရောက်လာကတည်းက သူ့ဒေါသအားထိန်းချုပ်ထားခဲ့ရသည်။

ပြော၍ပြီးသွားသည့်အခါ၊ သူက ရွှီလော့ယန်အား မလိုတမာစိတ်ဖြင့် အထင်သေးစွာကြည့်လိုက်ကာ "ဒီလောက်ထိ စိတ်ပျက်စရာအရှုံးသမားဖြစ်ပြမနေစမ်းပါနဲ့"

သူ့အစားအသောက်ကိုသာ အသေအချာစားသုံးနေတဲ့ ရွှီလော့ယန်က ထိုစကားများကိုကြားသည့်အခါ၊ ဝူပိအစားသူ့သွားများပင် နာကျင်လာရသည်။

ဒီရှစ်ယွမ်ဟောက်က ရူးများရူးနေတာလား...ချီချန်အန်းက သူ့ကို ပြဿနာရှာဖို့ ဒီကိုခေါ်လာတာ အသိသာကြီးပဲလေ...။ ပြီးတော့ မစ္စတာဝမ်နဲ့မစ္စတာဟယ်က့လည်း သူတို့သဘောထားကို သေချာပြပြီးပြီးလေ။ ဝူပိတောင်မှ ဇာတ်ကောင်အကြောင်းစကားမဟရဲတာကို...ရှစ်ယွမ်ဟောက်က စကားတစ်ခွန်းထဲနဲ့ မျက်နှာဖြတ်ရိုက်ပစ်လိုက်တယ်ပေါ့လေ...အံ့ပါ့။

ဝူပိမှာ ရင်ထဲမီးတောက်နေသော်ငြား၊ သု့အမူအရာက ယခင်အတိုင်း မပျက်မယွင်းရှိနေဆဲ။ ယခုလေးတင် သူကမည်ကဲ့သို့ပြန်ဖြေရမည်ကိုစဉ်းစားနေရကာ၊ ရှစ်ယွမ်ဟောက်အား တားရန်အချိန်မရလိုက်ပေ။ ပြီးတော့ ထိုသူက ပြဿနာရှာလိုက်ပြီဖြစ်သည်။

ထင်ထားသလိုပင်၊ ဝမ်လင်းရှန်က ချက်ချင်းပင်မျက်နှာပျက်သွားကာ သူ၏ဖော်ရွေသောအပြုံးကို ဆက်မပြုံးထားတော့ပေ။

"အစကတည်းက ဒီချင်းချောင်ရဲ့ဇာတ်ကောင်က မစ္စတာရွှီနဲ့ပဲသက်ဆိုင်တာ ဒီတော့ ကျေးဇူးပြုပြီး မင်းရဲ့စကားတွေကို ဂရုစိုက်ပေးပါ"

ရှစ်ယွမ်ဟောက်၏မျက်နှာမှာ ဖြူလျော်သွားသည်။ သူက ဆက်လက်ပြောဆိုချင်သေးသော်လည်း ဝူပိက သူ့အားဆွဲထားလေသည်။ ထို့နောက် ဝမ်လင်းရှန်၏စကားများအား ပြန်စဉ်းစားကာ သူတို့အပေါ် ထိုလူများရဲ့သဘောထားမှတဆင့် တစ်စုံတစ်ခုအား သတိထားမိလိုက်သည်။

သို့သော် ယခင်က ဤကဲ့သို့မဟုတ်သည်မှာ အသိသာကြီးပင်။ လွန်ခဲ့သည့်နှစ်ရက်က သူတို့အတူတကွ ညစာစားစဉ်က ထိုသူတို့က ဤသည်မှာ ဇာတ်ကောင်လေးတစ်ခုသာဖြစ်ပြီး ဝူပိနှင့်သူတို့ရဲ့ ရှည်ကြာသောသူငယ်ချင်းဆက်ဆံရေးကြောင့်၊ ပြဿနာရှိမည်မဟုတ်ကြောင်း အခိုင်အမာပြောခဲ့သည်။ ထို့နောက် သူတို့က သရုပ်ဆောင်အပြောင်းအလဲဖြစ်သည့်အပေါ် အခွင့်အခွင့်အရေးယူကာ ရုပ်ရှင်အား ပို၍ပင်ရေပန်းစားစေရန်ပြုလုပ်မည်ဟူ၍ပင်။

ရွှီလော့ယန်၏ခြေထောက်အပေါ်တက်နင်းရသည့် အတွေးလေးကပင် ရှစ်ယွမ်ဟောက်ရဲ့နှလုံးသားကို ကြည်နူးစိတ်ဖြင့် တစ်ဖျတ်ဖျတ်ခုန်စေသည်။ သို့သော် ယခုတွင်မူ၊ သူ့မန်နေဂျာက သူ့ခြေထောက်အား စားပွဲအောက်တွင်နင်းထားကာ သူ့အား ထပ်၍စကားတစ်ခွန်းမျှမပြောရန် တားဆီးထားလေ၏။

ဝူပိက ဝိုင်တစ်ခွက်ကိုငှဲ့ကာ ထရပ်၍ ရွှီလော့ယန်ထံ ခါးကိုင်းကာ ပြောလိုက်သည်။

"ကျွန်တော့်ရဲ့အရင်က မသိနားမလည်မှုနဲ့ အမှားတွေအတွက် မစ္စတာရွှီကခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်"

ထိုသို့ပြောပြီးနောက် သူကဝိုင်ဖြူတစ်ခွက်လုံးကို တစ်ကြိုက်တည်းဖြင့် သောက်ချလိုက်သည်။

ရွှီလော့ယန်က စကားတစ်ခွန်းမျှ မဆိုပေ။

ချီချန်အန်းက သူ့လက်ချောင်းများအား သစ်သားစားပွဲပေါ် တတောက်တောက်ခေါက်ကာ မေးခွန်းထုတ်လာ၏။

"ဘာ မသိနားမလည်မှုလဲ"

ဘေးသို့ချထားသည့် ဝူပိ၏လက်များက လက်သီးဆုတ်လိုက်မိသည်။ ရွှီလော့ယန်အား ချီချန်အန်းက အသေအချာကို ကူညီတော့မည်ကို သူသိလိုက်ရသည်။

"ကျွန်တော့်အနေနဲ့ နည်းမျိုးစုံသုံးပြီးတော့ ချင်းချောင်ရဲ့ဇာတ်ကောင်ကို ကျွန်တော့်လက်ထဲရောက်လာဖို့ ကြိုးစားခဲ့ပါတယ်"

လျန်ချိုးက သူ့ဘေးနားတွင်ရှိနေကာ သူ့စကားဆုံးသည်နှင့် ဝိုင်ဖြူပုလင်းအားမြှောက်ကာ သူ့ခွက်ထံ ကိုယ်တိုင်ကိုယ်ကျ ထပ်ဖြည့်ပေးလိုက်သည်။

"အင်း"

လက်ချောင်းများ၏ တတောက်တောက်ခေါက်နေသံက မရပ်တန့်သွားဘဲ ချီချန်အန်းက လေသံပျော့ပျော့ဖြင့် မေးလာသည်။

"နောက်ပြီးတော့ရော.."

သူက မျက်လုံးပင့်ကာ ဝူပိအားကြည့်လာသည်။ သူ့မျက်နှာမှာ မည်သည့်အမူအရာမျှမပြသော်လည်း သူ့အရှိန်အဝါမှာ အလွန်ပင် အထင်ကြီးစရာပင်။

"ရွှီလော့... မစ္စတာရွှီရဲ့ ကျော်ကြားမှုကို သတိထားမိပြီး တစ်ယောက်ယောက်ကို မစ္စတာရွှီပုံစံဟန်ဆောင်ခိုင်းပြီး ဓာတ်ပုံရိုက်ပြီးတော့ ရွှီလော့ယန်နဲ့ယွင်ရှုတို့ ချိန်းတွေ့တဲ့အဖြစ်အပျက်ကို စီစဉ်ခဲ့ပြီး အဲ့ဒီနည်းလမ်းကတစ်ဆင့် ယွင်ရှုကို နာမည်ရအောင်လုပ်ချင်ခဲ့ပါတယ်"

ချီချန်အန်း၏စူးရှသည့်မျက်လုံးများနှင့်ရင်ဆိုင်ရသည့်အခါ၊ ဝူပိရဲ့နောက်ကျောပြင်တစ်လျှောက် ချွေး‌စီးများ စိုရွဲလာရသည်။ အခန်းထဲသို့ လေအေးများတိုက်ခတ်လာသည့်အခါ ထိုအေးစက်မှုက သူ့နှလုံးသားအထိတိုင်အောင် နစ်ဝင်သွားသည်။ သူက မတတ်နိုင်ဘဲ ဆက်လက်ပြောလိုက်ရသည်။

"ကျွန်တော်.... အညှီအဟောက်ပုံအတုတွေကိုလည်း လုပ်ခဲ့ပြီး အခွင့်အရေးကောင်းကိုစောင့်ပြီး အဲ့ပုံတွေကို တင်မလို့လည်း ကြံစည်ခဲ့ပါတယ်"

"ပြီးတော့ လော့ယန်ကို ဖျက်ဆီးပစ်မယ်ပေါ့"

ချီချန်အန်း၏အသံက ရေခဲပန်း‌ဆွဲကဲ့သို့  စူးရှသည့်အေးစက်မှုများ ပါဝင်နေလေသည်။

သူက ခုံအနောက်‌သို့ မှီလိုက်ကာ "အကြောင်းပြချက်က"

ဝူပိက တိတ်ဆိတ်နေသည်။

"ဟက်..."

ချီချန်အန်းက အေးတိအေးစက်ရယ်လိုက်ပြီးနောက် မည်သည့်မေးခွန်းမျှမေးမလာတော့ပေ။

"လျန်ချိုး ဆက်ပြောလိုက်"

"ဟုတ်ကဲ့"

လျန်ချိုးက ခေါင်းငြိမ့်ကာ " ယွင်ရှု ပွဲဦးထွက်ကာစအချိန်တုန်းက ဒါရိုက်တာရွှီချွင်ချင်းရဲ့ ရိုက်ကူးရေးအဖွဲ့မှာ အမျိုးသမီးဇာတ်လိုက်အဖြစ် ပါဝင်ခွင့်ရခဲ့တယ်"

သူ့အဖေဖြစ်သူ၏အမည်အားကြားလိုက်ရသည့်အတွက် ရွှီလော့ယန်က သူ့တူအား အံ့အားသင့်စွာ ရပ်တန့်လိုက်မိသည်။

"အဖွဲ့ထဲဝင်ပြီးသိပ်မကြာခင်မှာဘဲ သူကလက်ထပ်ထားရင်တောင်မှ သူနဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ချင်ပါတယ်ဆိုပြီး ယွင်ရှုက ဒါရိုက်တာရွှီချွင်ချင်းကို ဝန်ခံခဲ့တယ် ဒါပေမယ့် အဲ့ဒီသဘောထားက ဒါရိုက်တာရွှီဆီက ပြတ်ပြတ်သားသားငြင်းဆိုခံလိုက်ရတယ်"

လျန်ချိုးက စာမျက်နှာနောက်တစ်ရွက်အား လှန်ကာ ဆက်လပ်ပြောလာသည်။

"လွန်ခဲ့တဲ့ငါးနှစ်လောက်တုန်းက ယွင်ရှုက ယို့လိအင်တာတိန်းမန့်နဲ့သူမရဲ့စာချုပ်ကို ဖျက်သိမ်းပြီး ဟိုင်ယန်မီဒီယာနဲ့လက်တွဲခဲ့ပြီး ဝူပိနဲ့ စာချုပ်ချုပ်ခဲ့တယ် အဲ့ဒီအချိန်မှာ ဝူပိနဲ့ယွင်ရှုတို့က လျှို့ဝှက်ဆက်ဆံရေးတစ်ခု ရှိနေပြီးပြီ"

နောက်ကွယ်ကဇာတ်လမ်းက တော်တော်လေးကို အံ့အားသင့်စရာကောင်းတာပဲ...။

ရွှီလော့ယန်တစ်ယောက် သူ့လက်ထဲကိုင်ထားသည့်ဟင်းချိုဇွန်းက ပန်းကန်လုံးထဲပြုတ်ကျသွားရကာ၊ သူ့ခေါင်းထဲတွက် ဒရာမာအကြီးစားတစ်ခုအား ဖန်တီးနေပြီဖြစ်သည်။

ယွင်ရှုက ပွဲဦးထွက်ကာစပဲရှိသေးတဲ့အချိန်မှာ နာမည်ကြီးဒါရိုက်တာတစ်ယောက်ရဲ့အောင်မြင်မှုကို မှီခိုချင်တဲ့အတွက်၊ သူ့ကိုယ်သူ အငယ်အနှောင်းအဖြစ် အသုံးချလိုခဲ့တယ်...။

သို့ပေမယ့် သူ့အဖေ...ရွှီချွင်ချင်းက သူ့မိန်းမကို သူ့ဘဝတစ်ခုလုံးနဲ့ယှဉ်ပြီးချစ်တဲ့အပြင် သူ့သားအရင်းကိုတောင် သဝန်တိုတတ်တဲ့လူဖြစ်တာကြောင့်၊ ထိုသို့အမှားအယွင်းမျိုးကို သူ့အနေဖြင့်လုပ်ဖို့က ဘယ်လိုမှမဖြစ်နိုင်တဲ့အရာမျိုး။

ယွင်ရှု ရုပ်ရှင်ဧကရီဆုကိုရသည့်အချိန်၊ သူမက ယို့လိအင်တာတိန်းမန့်နှင့် ကျန်းသုန့်တို့က သူမရဲ့တိုးတက်မှုကို အဟန့်အတားဖြစ်စေတယ်လို့ခံစားရတဲ့အတွက် သူမက ဝူပိနှင့်အလုပ်လုပ်ခဲ့သည်။ ဝူပိက သူမကိုသဘောကျနေတာကို သိရှိထားသည့်အတွက်၊ သူမက သူနှင့်အတူတူနေဖို့ ရိုးရှင်းစွာသဘောတူခဲ့သည်။ သို့သော် လျှို့ဝှက်ဆက်ဆံရေးတစ်ခုအနေနှင့်သာဖြစ်ပြီး လူသိရှင်ကြားတွဲမည်မဟုတ်ပေ။

ထို့နောက် ယွင်ရှုကဝူပိရဲ့အဆက်အသွယ်တွေနှင့် ထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ပြီး ချမ်းသာတဲ့မိသားစုတစ်စုထံ လက်ထပ်ဝင်ရောက်နိုင်ခဲ့သည်။ သို့သော် ထိုမိသားစုဒေဝါလီရခဲ့ရပြီး ကွာရှင်းပြတ်ဆဲမှုလုပ်ပြီးနောက်၊ သူမကိုချစ်နေဆဲဖြစ်သည့် ဝူပိထံ ပြန်ရောက်လာခဲ့သည်။ ထို့နောက် သူက သူမအား ကြယ်ပွင့်တစ်ပွင့်ပြန်လည်ဖြစ်လာစေရန် သူတတ်နိုင်သရွေ့ အကောင်းဆုံးပြုလုပ်ပေးတော့၏။

ထိုအကြောင်းအားစဉ်းစားပြီးနောက်၊ ယွင်ရှုနှင့်ဝူပိတို့ရဲ့ သူ့ထံရန်လိုနေမှုမှာ မည်သည့်အတွက်ကြောင့်ဆိုတာကို ရွှီလော့ယန်သဘောပေါက်သွားရသည်။

ဝူပိရဲ့ အံ့အားသင့်နေသည့်မျက်နှာအားကြည့်ပြီးနောက် ရွှီလော့ယန်က ဒေါသမထွက်မိပေ။ သူက ဖရဲသီးတစ်လုံးအား ဝယ်ယူကာ စားသောက်နေသည့် အရည်အချင်းပြည့်မီတဲ့ ဖရဲသီးစားသူတစ်ဦးသာ။

ဝူပိက တိတ်ဆိတ်နေဆဲပင်။

ချီချန်အန်းက သူ့ရဲ့အသုံးမပြုရသေးသည့်ဇွန်းအား ရွှီလော့ယန်ထံလှမ်းပေးကာ ဝူပိအားပြောလာသည်။

"ခင်ဗျားရဲ့အကြောင်းပြချက်နဲ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ကျွန်တော်ဂရုမစိုက်ဘူး ဒါပေမယ့် ခင်ဗျားရဲ့ နည်းလမ်းတွေကို လော့ယန်အပေါ် အသုံးမချသင့်ဘူး"

ဝူပိမျက်နှာမှာ ဖြူလျော်သွားရသည်။ ထိုအချိန်က ဖြစ်ပျက်ခဲ့သည်များကို တစ်ဖက်လူရှာတွေ့သွားတာကို သိရှိပြီး‌နောက်၊ သေချာပေါက်ကို ဒီအတိုင်းလွှတ်ထားတော့မည်မဟုတ်ပေ။

ထိုသို့ပြောပြီးနောက် ချီချန်အန်းက သူ့ခေါင်းကိုစောင်းကာ ရွှီလော့ယန်အား ကြည့်လိုက်သည်။

"မင်း စားလို့ဝပြီလား"

သူ၏အသံက ရုတ်ချည်းပင် နူးညံ့သွားရသည်။

ရွှီလော့ယန်က ခေါင်းညိတ်ကာ "ကျွန်တော်ဗိုက်ပြည့်ပြီ"

"အင်း အဲ့ဒါဆို သွားကြစို့"

Spire မှ သူတို့ထွက်လာသည့်အခါ၊ ညနက်နေပြီဖြစ်ပြီး ချင်းလီမြို့သို့ပြန်ရန်မှာ အင်မတန်မှ နောက်ကျနေပေပြီ။

သို့နှင့် ရွှီလော့ယန်က "ခင်ဗျား ညဘက်ကို ဘယ်မှာနေမှာလဲ" ဟု မေးလိုက်သည်။

ချီချန်အန်းက ခဏလောက်တွေးလိုက်ပြီး "ကိုယ် ဘီမြို့မှာနေဖို့ နေရာမရှိဘူး လျန်ချိုးကို ကိုယ့်အတွက် ဟိုတယ်တစ်ခုမှာ  ဘိုကင်တင်ခိုင်းမလားလို့"

သူတို့ စကားပြောတာကို နားထောင်နေသည့် လျန်ချိုးမှာ၊ ဟိုတယ်ထံမှ ခြေလှမ်းဝေးဝေးလှမ်းလိုက်‌ကာ၊ သခင်လေးချီရဲ့သရုပ်ဆောင်စွမ်းရည်က တော်တော်ကောင်းတာပဲဟု တွေးလိုက်မိသည်။

သူက ဟိုတယ်ကို ဘိုကင်လုပ်ထားပြီးပါပြီ‌နော်။

Brighton ဟိုတယ်က ချီမိသားစုအပိုင်ဖြစ်ပြီး penthouse မှာ ချီချန်အန်းအတွက် တစ်နှစ်ပတ်လုံး ထိန်းသိမ်းထားသော်လည်း အချိန်တော်တော်တော်များများ ထိုနေရာတွင် မနေဖြစ်သလောက်ပင်။

သို့သော် ရွှီလော့ယန်က ဤအခြင်းအရာကို မသိပေ။ သူက ချီချန်အန်းတစ်ယောက်တည်း ဟိုတယ်သို့သွားရမည်ကို သူအလွန်ပင် စိတ်မချမ်းမသာဖြစ်ရတာကိုသာ သူသိသည်။ လွန်ခဲ့သည့်တစ်ခေါက်ကကဲ့သို့ ညသန်း‌ခေါင်အလယ်ချီချန်အန်း မူးလဲနေမည်ကို စိုးရိမ်နေမိသည်။

သို့နှင့် ငါးစက္ကန့်မျှအချိန်ယူပြီးနောက် သူက ဆုံးဖြတ်ချက်ချကာ ချီချန်အန်းအား အလေးအနက်ထားမေးလိုက်၏။

"ခင်ဗျား ကျွန်တော်အိမ်လာပြီး ငါးလလောက် ကျွန်တော်စိုက်ထားတဲ့ ရှားစောင်းပင်ကို လိုက်ကြည့်ချင်လား"

ချီချန်အန်းက အပြုံးလေးဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။

"ဒါပေါ့"

________

Translated By IQ-Team.

[ Zawgyi ]

အခန္း-၁၃.၂။

------------

စားပြဲတစ္ခုလံုး တိတ္ဆိတ္သြားသည္။ သို႔ေသာ္ ပထမဆံုးစကားေျပာလာသၫ့္သူမွာ ရွစ္ယြမ္ေဟာက္ျဖစ္ေနလိမ့္မည္ဟု မည္သူမ်ွမထင္ခဲ့ၾကေပ။

"အဲ့ေတာ့ ငါတို႔လုေတာ့ေရာ ဘာျဖစ္လဲ ဒါက မ်ွမ်ွတတတိုက္ခိုက္တာပဲ"

သူက ဝင္ေရာက္လာကတည္းက သူ႔ေဒါသအားထိန္းခ်ဳပ္ထားခဲ့ရသည္။

ေျပာ၍ၿပီးသြားသၫ့္အခါ၊ သူက ရႊီေလာ့ယန္အား မလိုတမာစိတ္ျဖင့္ အထင္ေသးစြာၾကၫ့္လိုက္ကာ "ဒီေလာက္ထိ စိတ္ပ်က္စရာအရႈံးသမားျဖစ္ျပမေနစမ္းပါနဲ႔"

သူ႔အစားအေသာက္ကိုသာ အေသအခ်ာစားသံုးေနတဲ့ ရႊီေလာ့ယန္က ထိုစကားမ်ားကိုၾကားသၫ့္အခါ၊ ဝူပိအစားသူ႔သြားမ်ားပင္ နာက်င္လာရသည္။

ဒီရွစ္ယြမ္ေဟာက္က ရူးမ်ားရူးေနတာလား...ခ်ီခ်န္အန္းက သူ႔ကို ျပႆနာရွာဖို႔ ဒီကိုေခၚလာတာ အသိသာႀကီးပဲေလ...။ ၿပီးေတာ့ မစၥတာဝမ္နဲ႔မစၥတာဟယ္က့လည္း သူတို႔သေဘာထားကို ေသခ်ာျပၿပီးၿပီးေလ။ ဝူပိေတာင္မွ ဇာတ္ေကာင္အေၾကာင္းစကားမဟရဲတာကို...ရွစ္ယြမ္ေဟာက္က စကားတစ္ခြန္းထဲနဲ႔ မ်က္ႏွာျဖတ္ရိုက္ပစ္လိုက္တယ္ေပါ့ေလ...အံ့ပါ့။

ဝူပိမွာ ရင္ထဲမီးေတာက္ေနေသာ္ျငား၊ သု႔အမူအရာက ယခင္အတိုင္း မပ်က္မယြင္းရိွေနဆဲ။ ယခုေလးတင္ သူကမည္ကဲ့သို႔ျပန္ေျဖရမည္ကိုစဉ္းစားေနရကာ၊ ရွစ္ယြမ္ေဟာက္အား တားရန္အခ်ိန္မရလိုက္ေပ။ ၿပီးေတာ့ ထိုသူက ျပႆနာရွာလိုက္ၿပီျဖစ္သည္။

ထင္ထားသလိုပင္၊ ဝမ္လင္းရွန္က ခ်က္ခ်င္းပင္မ်က္ႏွာပ်က္သြားကာ သူ၏ေဖာ္ေရြေသာအၿပံဳးကို ဆက္မၿပံဳးထားေတာ့ေပ။

"အစကတည္းက ဒီခ်င္းေခ်ာင္ရဲ့ဇာတ္ေကာင္က မစၥတာရႊီနဲ႔ပဲသက္ဆိုင္တာ ဒီေတာ့ ေက်းဇူးျပဳျပီး မင္းရဲ့စကားေတြကို ဂရုစိုက္ေပးပါ"

ရွစ္ယြမ္ေဟာက္၏မ်က္ႏွာမွာ ျဖဴေလ်ာ္သြားသည္။ သူက ဆက္လက္ေျပာဆိုခ်င္ေသးေသာ္လည္း ဝူပိက သူ႔အားဆြဲထားေလသည္။ ထို႔ေနာက္ ဝမ္လင္းရွန္၏စကားမ်ားအား ျပန္စဉ္းစားကာ သူတို႔အေပၚ ထိုလူမ်ားရဲ့သေဘာထားမွတဆင့္ တစ္စံုတစ္ခုအား သတိထားမိလိုက္သည္။

သို႔ေသာ္ ယခင္က ဤကဲ့သို႔မဟုတ္သည္မွာ အသိသာႀကီးပင္။ လြန္ခဲ့သၫ့္ႏွစ္ရက္က သူတို႔အတူတကြ ညစာစားစဉ္က ထိုသူတို႔က ဤသည္မွာ ဇာတ္ေကာင္ေလးတစ္ခုသာျဖစ္ၿပီး ဝူပိႏွင့္သူတို႔ရဲ့ ရွည္ၾကာေသာသူငယ္ခ်င္းဆက္ဆံေရးေၾကာင့္၊ ျပႆနာရိွမည္မဟုတ္ေၾကာင္း အခိုင္အမာေျပာခဲ့သည္။ ထို႔ေနာက္ သူတို႔က သရုပ္ေဆာင္အေျပာင္းအလဲျဖစ္သၫ့္အေပၚ အခြင့္အခြင့္အေရးယူကာ ရုပ္ရွင္အား ပို၍ပင္ေရပန္းစားေစရန္ျပဳလုပ္မည္ဟူ၍ပင္။

ရႊီေလာ့ယန္၏ေျခေထာက္အေပၚတက္နင္းရသၫ့္ အေတြးေလးကပင္ ရွစ္ယြမ္ေဟာက္ရဲ့ႏွလံုးသားကို ၾကည္ႏူးစိတ္ျဖင့္ တစ္ဖ်တ္ဖ်တ္ခုန္ေစသည္။ သို႔ေသာ္ ယခုတြင္မူ၊ သူ႔မန္ေနဂ်ာက သူ႔ေျခေထာက္အား စားပြဲေအာက္တြင္နင္းထားကာ သူ႔အား ထပ္၍စကားတစ္ခြန္းမ်ွမေျပာရန္ တားဆီးထားေလ၏။

ဝူပိက ဝိုင္တစ္ခြက္ကိုငွဲ႔ကာ ထရပ္၍ ရႊီေလာ့ယန္ထံ ခါးကိုင္းကာ ေျပာလိုက္သည္။

"ကြၽန္ေတာ့္ရဲ့အရင္က မသိနားမလည္မႈနဲ႔ အမွားေတြအတြက္ မစၥတာရႊီကခြင့္လႊတ္ေပးမယ္လို႔ ေမ်ွာ္လင့္ပါတယ္"

ထိုသို႔ေျပာၿပီးေနာက္ သူကဝိုင္ျဖဴတစ္ခြက္လံုးကို တစ္ႀကိဳက္တည္းျဖင့္ ေသာက္ခ်လိုက္သည္။

ရႊီေလာ့ယန္က စကားတစ္ခြန္းမ်ွ မဆိုေပ။

ခ်ီခ်န္အန္းက သူ႔လက္ေခ်ာင္းမ်ားအား သစ္သားစားပြဲေပၚ တေတာက္ေတာက္ေခါက္ကာ ေမးခြန္းထုတ္လာ၏။

"ဘာ မသိနားမလည္မႈလဲ"

ေဘးသို႔ခ်ထားသၫ့္ ဝူပိ၏လက္မ်ားက လက္သီးဆုတ္လိုက္မိသည္။ ရႊီေလာ့ယန္အား ခ်ီခ်န္အန္းက အေသအခ်ာကို ကူညီေတာ့မည္ကို သူသိလိုက္ရသည္။

"ကြၽန္ေတာ့္အေနနဲ႔ နည္းမ်ိဳးစံုသံုးၿပီးေတာ့ ခ်င္းေခ်ာင္ရဲ့ဇာတ္ေကာင္ကို ကြၽန္ေတာ့္လက္ထဲေရာက္လာဖို႔ ႀကိဳးစားခဲ့ပါတယ္"

လ်န္ခ်ိဳးက သူ႔ေဘးနားတြင္ရိွေနကာ သူ႔စကားဆံုးသည္ႏွင့္ ဝိုင္ျဖဴပုလင္းအားေျမႇာက္ကာ သူ႔ခြက္ထံ ကိုယ္တိုင္ကိုယ္က် ထပ္ျဖၫ့္ေပးလိုက္သည္။

"အင္း"

လက္ေခ်ာင္းမ်ား၏ တေတာက္ေတာက္ေခါက္ေနသံက မရပ္တန႔္သြားဘဲ ခ်ီခ်န္အန္းက ေလသံေပ်ာ့ေပ်ာ့ျဖင့္ ေမးလာသည္။

"ေနာက္ၿပီးေတာ့ေရာ.."

သူက မ်က္လံုးပင့္ကာ ဝူပိအားၾကၫ့္လာသည္။ သူ႔မ်က္ႏွာမွာ မည္သၫ့္အမူအရာမ်ွမျပေသာ္လည္း သူ႔အရိွန္အဝါမွာ အလြန္ပင္ အထင္ႀကီးစရာပင္။

"ရႊီေလာ့... မစၥတာရႊီရဲ့ ေက်ာ္ၾကားမႈကို သတိထားမိၿပီး တစ္ေယာက္ေယာက္ကို မစၥတာရႊီပံုစံဟန္ေဆာင္ခိုင္းၿပီး ဓာတ္ပံုရိုက္ၿပီးေတာ့ ရႊီေလာ့ယန္နဲ႔ယြင္ရႈတို႔ ခ်ိန္းေတြ့တဲ့အျဖစ္အပ်က္ကို စီစဉ္ခဲ့ၿပီး အဲ့ဒီနည္းလမ္းကတစ္ဆင့္ ယြင္ရႈကို နာမည္ရေအာင္လုပ္ခ်င္ခဲ့ပါတယ္"

ခ်ီခ်န္အန္း၏စူးရွသၫ့္မ်က္လံုးမ်ားႏွင့္ရင္ဆိုင္ရသၫ့္အခါ၊ ဝူပိရဲ့ေနာက္ေက်ာျပင္တစ္ေလ်ွာက္ ေခြၽး‌စီးမ်ား စိုရြဲလာရသည္။ အခန္းထဲသို႔ ေလေအးမ်ားတိုက္ခတ္လာသၫ့္အခါ ထိုေအးစက္မႈက သူ႔ႏွလံုးသားအထိတိုင္ေအာင္ နစ္ဝင္သြားသည္။ သူက မတတ္ႏိုင္ဘဲ ဆက္လက္ေျပာလိုက္ရသည္။

"ကြၽန္ေတာ္.... အၫွီအေဟာက္ပံုအတုေတြကိုလည္း လုပ္ခဲ့ၿပီး အခြင့္အေရးေကာင္းကိုေစာင့္ၿပီး အဲ့ပံုေတြကို တင္မလို႔လည္း ႀကံစည္ခဲ့ပါတယ္"

"ၿပီးေတာ့ ေလာ့ယန္ကို ဖ်က္ဆီးပစ္မယ္ေပါ့"

ခ်ီခ်န္အန္း၏အသံက ေရခဲပန္း‌ဆြဲကဲ့သို႔  စူးရွသၫ့္ေအးစက္မႈမ်ား ပါဝင္ေနေလသည္။

သူက ခံုအေနာက္‌သို႔ မွီလိုက္ကာ "အေၾကာင္းျပခ်က္က"

ဝူပိက တိတ္ဆိတ္ေနသည္။

"ဟက္..."

ခ်ီခ်န္အန္းက ေအးတိေအးစက္ရယ္လိုက္ၿပီးေနာက္ မည္သၫ့္ေမးခြန္းမ်ွေမးမလာေတာ့ေပ။

"လ်န္ခ်ိဳး ဆက္ေျပာလိုက္"

"ဟုတ္ကဲ့"

လ်န္ခ်ိဳးက ေခါင္းၿငိမ့္ကာ " ယြင္ရႈ ပြဲဦးထြက္ကာစအခ်ိန္တုန္းက ဒါရိုက္တာရႊီခြၽင္ခ်င္းရဲ့ ရိုက္ကူးေရးအဖြဲ႔မွာ အမ်ိဳးသမီးဇာတ္လိုက္အျဖစ္ ပါဝင္ခြင့္ရခဲ့တယ္"

သူ႔အေဖျဖစ္သူ၏အမည္အားၾကားလိုက္ရသၫ့္အတြက္ ရႊီေလာ့ယန္က သူ႔တူအား အံ့အားသင့္စြာ ရပ္တန႔္လိုက္မိသည္။

"အဖြဲ႔ထဲဝင္ၿပီးသိပ္မၾကာခင္မွာဘဲ သူကလက္ထပ္ထားရင္ေတာင္မွ သူနဲ႔ဆက္ဆံေရးတစ္ခုတည္ေဆာက္ခ်င္ပါတယ္ဆိုၿပီး ယြင္ရႈက ဒါရိုက္တာရႊီခြၽင္ခ်င္းကို ဝန္ခံခဲ့တယ္ ဒါေပမယ့္ အဲ့ဒီသေဘာထားက ဒါရိုက္တာရႊီဆီက ျပတ္ျပတ္သားသားျငင္းဆိုခံလိုက္ရတယ္"

လ်န္ခ်ိဳးက စာမ်က္ႏွာေနာက္တစ္ရြက္အား လွန္ကာ ဆက္လပ္ေျပာလာသည္။

"လြန္ခဲ့တဲ့ငါးႏွစ္ေလာက္တုန္းက ယြင္ရႈက ယို႔လိအင္တာတိန္းမန႔္နဲ႔သူမရဲ့စာခ်ဳပ္ကို ဖ်က္သိမ္းၿပီး ဟိုင္ယန္မီဒီယာနဲ႔လက္တြဲခဲ့ၿပီး ဝူပိနဲ႔ စာခ်ဳပ္ခ်ဳပ္ခဲ့တယ္ အဲ့ဒီအခ်ိန္မွာ ဝူပိနဲ႔ယြင္ရႈတို႔က လ်ိႈ႔ဝွက္ဆက္ဆံေရးတစ္ခု ရိွေနၿပီးၿပီ"

ေနာက္ကြယ္ကဇာတ္လမ္းက ေတာ္ေတာ္ေလးကို အံ့အားသင့္စရာေကာင္းတာပဲ...။

ရႊီေလာ့ယန္တစ္ေယာက္ သူ႔လက္ထဲကိုင္ထားသၫ့္ဟင္းခ်ိဳဇြန္းက ပန္းကန္လံုးထဲျပဳတ္က်သြားရကာ၊ သူ႔ေခါင္းထဲတြက္ ဒရာမာအႀကီးစားတစ္ခုအား ဖန္တီးေနၿပီျဖစ္သည္။

ယြင္ရႈက ပြဲဦးထြက္ကာစပဲရိွေသးတဲ့အခ်ိန္မွာ နာမည္ႀကီးဒါရိုက္တာတစ္ေယာက္ရဲ့ေအာင္ျမင္မႈကို မွီခိုခ်င္တဲ့အတြက္၊ သူ႔ကိုယ္သူ အငယ္အေနွာင္းအျဖစ္ အသံုးခ်လိုခဲ့တယ္...။

သို႔ေပမယ့္ သူ႔အေဖ...ရႊီခြၽင္ခ်င္းက သူ႔မိန္းမကို သူ႔ဘဝတစ္ခုလံုးနဲ႔ယွဉ္ၿပီးခ်စ္တဲ့အျပင္ သူ႔သားအရင္းကိုေတာင္ သဝန္တိုတတ္တဲ့လူျဖစ္တာေၾကာင့္၊ ထိုသို႔အမွားအယြင္းမ်ိဳးကို သူ႔အေနျဖင့္လုပ္ဖို႔က ဘယ္လိုမွမျဖစ္ႏိုင္တဲ့အရာမ်ိဳး။

ယြင္ရႈ ရုပ္ရွင္ဧကရီဆုကိုရသၫ့္အခ်ိန္၊ သူမက ယို႔လိအင္တာတိန္းမန႔္ႏွင့္ က်န္းသုန႔္တို႔က သူမရဲ့တိုးတက္မႈကို အဟန႔္အတားျဖစ္ေစတယ္လို႔ခံစားရတဲ့အတြက္ သူမက ဝူပိႏွင့္အလုပ္လုပ္ခဲ့သည္။ ဝူပိက သူမကိုသေဘာက်ေနတာကို သိရိွထားသၫ့္အတြက္၊ သူမက သူႏွင့္အတူတူေနဖို႔ ရိုးရွင္းစြာသေဘာတူခဲ့သည္။ သို႔ေသာ္ လ်ိႈ႔ဝွက္ဆက္ဆံေရးတစ္ခုအေနႏွင့္သာျဖစ္ၿပီး လူသိရွင္ၾကားတြဲမည္မဟုတ္ေပ။

ထို႔ေနာက္ ယြင္ရႈကဝူပိရဲ့အဆက္အသြယ္ေတြႏွင့္ ထိပ္ဆံုးကို တက္လွမ္းႏိုင္ခဲ့ၿပီး ခ်မ္းသာတဲ့မိသားစုတစ္စုထံ လက္ထပ္ဝင္ေရာက္ႏိုင္ခဲ့သည္။ သို႔ေသာ္ ထိုမိသားစုေဒဝါလီရခဲ့ရၿပီး ကြာရွင္းျပတ္ဆဲမႈလုပ္ၿပီးေနာက္၊ သူမကိုခ်စ္ေနဆဲျဖစ္သၫ့္ ဝူပိထံ ျပန္ေရာက္လာခဲ့သည္။ ထို႔ေနာက္ သူက သူမအား ၾကယ္ပြင့္တစ္ပြင့္ျပန္လည္ျဖစ္လာေစရန္ သူတတ္ႏိုင္သေရြ့ အေကာင္းဆံုးျပဳလုပ္ေပးေတာ့၏။

ထိုအေၾကာင္းအားစဉ္းစားၿပီးေနာက္၊ ယြင္ရႈႏွင့္ဝူပိတို႔ရဲ့ သူ႔ထံရန္လိုေနမႈမွာ မည္သၫ့္အတြက္ေၾကာင့္ဆိုတာကို ရႊီေလာ့ယန္သေဘာေပါက္သြားရသည္။

ဝူပိရဲ့ အံ့အားသင့္ေနသည့္မ်က္ႏွာအားၾကၫ့္ၿပီးေနာက္ ရႊီေလာ့ယန္က ေဒါသမထြက္မိေပ။ သူက ဖရဲသီးတစ္လံုးအား ဝယ္ယူကာ စားေသာက္ေနသည့္ အရည္အခ်င္းျပၫ့္မီတဲ့ ဖရဲသီးစားသူတစ္ဦးသာ။

ဝူပိက တိတ္ဆိတ္ေနဆဲပင္။

ခ်ီခ်န္အန္းက သူ႔ရဲ့အသံုးမျပဳရေသးသၫ့္ဇြန္းအား ရႊီေလာ့ယန္ထံလွမ္းေပးကာ ဝူပိအားေျပာလာသည္။

"ခင္ဗ်ားရဲ့အေၾကာင္းျပခ်က္နဲ႔ရည္ရြယ္ခ်က္က ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ဂရုမစိုက္ဘူး ဒါေပမယ့္ ခင္ဗ်ားရဲ့ နည္းလမ္းေတြကို ေလာ့ယန္အေပၚ အသံုးမခ်သင့္ဘူး"

ဝူပိမ်က္ႏွာမွာ ျဖဴေလ်ာ္သြားရသည္။ ထိုအခ်ိန္က ျဖစ္ပ်က္ခဲ့သည္မ်ားကို တစ္ဖက္လူရွာေတြ့သြားတာကို သိရိွၿပီး‌ေနာက္၊ ေသခ်ာေပါက္ကို ဒီအတိုင္းလႊတ္ထားေတာ့မည္မဟုတ္ေပ။

ထိုသို႔ေျပာၿပီးေနာက္ ခ်ီခ်န္အန္းက သူ႔ေခါင္းကိုေစာင္းကာ ရႊီေလာ့ယန္အား ၾကၫ့္လိုက္သည္။

"မင္း စားလို႔ဝၿပီလား"

သူ၏အသံက ရုတ္ခ်ည္းပင္ ႏူးညံ့သြားရသည္။

ရႊီေလာ့ယန္က ေခါင္းညိတ္ကာ "ကြၽန္ေတာ္ဗိုက္ျပၫ့္ၿပီ"

"အင္း အဲ့ဒါဆို သြားၾကစို႔"

Spire မွ သူတို႔ထြက္လာသၫ့္အခါ၊ ညနက္ေနၿပီျဖစ္ၿပီး ခ်င္းလီၿမိဳ႔သို႔ျပန္ရန္မွာ အင္မတန္မွ ေနာက္က်ေနေပၿပီ။

သို႔ႏွင့္ ရႊီေလာ့ယန္က "ခင္ဗ်ား ညဘက္ကို ဘယ္မွာေနမွာလဲ" ဟု ေမးလိုက္သည္။

ခ်ီခ်န္အန္းက ခဏေလာက္ေတြးလိုက္ၿပီး "ကိုယ္ ဘီၿမိဳ႔မွာေနဖို႔ ေနရာမရိွဘူး လ်န္ခ်ိဳးကို ကိုယ့္အတြက္ ဟိုတယ္တစ္ခုမွာ  ဘိုကင္တင္ခိုင္းမလားလို႔"

သူတို႔ စကားေျပာတာကို နားေထာင္ေနသၫ့္ လ်န္ခ်ိဳးမွာ၊ ဟိုတယ္ထံမွ ေျခလွမ္းေဝးေဝးလွမ္းလိုက္‌ကာ၊ သခင္ေလးခ်ီရဲ့သရုပ္ေဆာင္စြမ္းရည္က ေတာ္ေတာ္ေကာင္းတာပဲဟု ေတြးလိုက္မိသည္။

သူက ဟိုတယ္ကို ဘိုကင္လုပ္ထားၿပီးပါၿပီ‌ေနာ္။

Brighton ဟိုတယ္က ခ်ီမိသားစုအပိုင္ျဖစ္ၿပီး penthouse မွာ ခ်ီခ်န္အန္းအတြက္ တစ္ႏွစ္ပတ္လံုး ထိန္းသိမ္းထားေသာ္လည္း အခ်ိန္ေတာ္ေတာ္ေတာ္မ်ားမ်ား ထိုေနရာတြင္ မေနျဖစ္သေလာက္ပင္။

သို႔ေသာ္ ရႊီေလာ့ယန္က ဤအျခင္းအရာကို မသိေပ။ သူက ခ်ီခ်န္အန္းတစ္ေယာက္တည္း ဟိုတယ္သို႔သြားရမည္ကို သူအလြန္ပင္ စိတ္မခ်မ္းမသာျဖစ္ရတာကိုသာ သူသိသည္။ လြန္ခဲ့သၫ့္တစ္ေခါက္ကကဲ့သို႔ ညသန္း‌ေခါင္အလယ္ခ်ီခ်န္အန္း မူးလဲေနမည္ကို စိုးရိမ္ေနမိသည္။

သို႔ႏွင့္ ငါးစကၠန႔္မ်ွအခ်ိန္ယူၿပီးေနာက္ သူက ဆံုးျဖတ္ခ်က္ခ်ကာ ခ်ီခ်န္အန္းအား အေလးအနက္ထားေမးလိုက္၏။

"ခင္ဗ်ား ကြၽန္ေတာ္အိမ္လာၿပီး ငါးလေလာက္ ကြၽန္ေတာ္စိုက္ထားတဲ့ ရွားေစာင္းပင္ကို လိုက္ၾကၫ့္ခ်င္လား"

ခ်ီခ်န္အန္းက အၿပံဳးေလးျဖင့္ေခါင္းၿငိမ့္ျပလိုက္သည္။

"ဒါေပါ့"

________

Translated By IQ-Team.

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

2.9M 83K 25
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
682K 36K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
260K 19.6K 58
Archana have everything that a girl could wish for, studying in one of the top universities of India, she have everything a human ever need, loving p...
224K 13.5K 15
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...