Light

By PhyoPhyo425

6K 509 39

I am only stand and I respect all of perth's Partners More

Introduce
Part 1 : Shadow
Part 2 : His Name
Part 3: First Kiss
Part 4: New Cast
Part 5: That Begin ....
Part 6: Past ...
Part 7: Feelings ....16+
Part 8: Home
Part 9: Confession
Part 10: Happiness
🙏🙏
Part 11: He
Part 12:Now I can see him
Part 13: LOVE
Part 14:Real Chimon.....
Part 15: Please Don't let me go
Part 17: Past
Part 18:
Next Fic
Part 19: His Pains
The End

Part 16:New Chapter

274 27 1
By PhyoPhyo425

         ရုံးခန်းထဲကို ယံုကြည်ချက်အပြည့်နဲ့လမ်း
လျှောက်လာတဲ့သူကို တစ်ရုံးလံုးက တအံ့တဩနဲ့
မှင်သေသေလိုက်ကြည့်နေကြတယ် .....
     " သူဒီကိုဘာလာလုပ်တာလဲ .... "
     " သူက ဟိုတစ်ယောက်မလား "
     " မဖြစ်နိုင်တာ ... ဘာလုပ်ဖ်ို့လဲ "

ဘုတ်အဖွဲ့အစည်းအဝေးခန်းထဲကို .... ဩဇာကြီးကြီး
နဲ့ ခွင့်ပြုချက်မရှိ ဝင်ရောက်လာတာနဲ့ တစ်ပြိုင်ထဲ
အစည်းအဝေးကို ဦးဆောင်နေတဲ့ Naron Wachirawit
ကိုတွေ့ရတယ်

       " မင်း ..... မင်းဘာလာလုပ်တာလဲ "
      " မဂ်လာပါ .... Chimon Wachirawit လို့ခေါ်ပါ
တယ် "

ခပ်တည်တည်နဲ့ CEO နေရာမှာဝင်ထိုင်လိုက်တယ်
တစ်ခန်းလံုးကရှယ်ယာရှင်တွေ ရုတ်ရုတ်သဲသဲတီး
တိုးစကားသံတွေထွက်ပေါ်လာတော့တယ်

      " နာမည်တော့ကြားဖူးကြမယ်ထင်ပါတယ် ....
ကျွန်တော့်အဖေက နိုင်ငံရေးနဲ့အလုပ်များနေတော့
CEO နေရာက ခဏတာလစ်ဟင်းနေတယ်ဆိုလို့ ....
ကျွန်တော်ရောက်လာတာပါ ....
ဆေးကုသပြီး ၃ လလောက်အနားထပ်ယူလိုက်တော့
ကောင်းကောင်း အဆင်ပြေသွားပါတယ်
ကျွန်တော်နေမကောင်းတဲ့အတောအတွင်း အကိုက
အများကြီးတာဝန်ယူထားတော့ ပင်ပန်းနေတော့မှာပဲ
အဲ့ဒါကြောင့် ... အကို့ကိုတရားဝင်ရာထူးကပယ်ချဖို့
ကမ်းလှမ်းပါတယ် "

အခုမှပေါ်လာတဲ့ လူငယ်လေးဆီက .... ဒီလိုစကား
ကြားရတော့ အကုန်လံုး အံ့အားသင့်ပြီးတစ်ခန်းလံုး
ကဆူညံနေလေရောပဲ

       " Chimon .... မင်းကဘာအာဏာနဲ့ ငါ့ကိုထုတ်
ပယ်မှာလဲ .... ငါကဒီလုပ်ငန်းကိုဘယ်လိုတိုးတက်
အောင်လုပ်ခဲ့တာလဲ သိရဲ့လား "
        " အကြောင်းရင်းရှိတာပေါ့ ... King Group နဲ့
စာချုပ်ပျက်သွားတယ်မလား "
        " ဘာ ...... "

May ရဲ့အကြောင်းကိုထုတ်ပြောခွင့်လဲမရှိ .....
ဒီနေရာကပယ်ချဖို့လဲ မခံနိင်ဘူး
ဒါ .... Chimon အတွက်အကောင်းဆံုးဆင်ခြေဖြစ်
သွားတာပဲ
   
       " ဒါဆို .... မင်းကရော .... သူတို့နဲ့စာချုပ်ချုပ်နိုင်
မယ်ထင်လား "
       " မထင်ပါဘူး .... စာချုပ်မချုပ်ပါဘူး ....
ကျွန်တော်တို့ဘာသာ ဒီလုပ်ငန်းကိုလည်ပတ်မှာပါ "
       " မဖြစ်နိုင်တာ .... "
       " အဲ့ဒါကိုတော့စောင့်ကြည့်ရမယ်မလား ....
လောလောဆယ်တော့ မဲပေးဖို့ ရက်ပြန်ချိန်းဆိုကြ
တာပေါ့ "

ကြည့်နေလိုက်ပါ .... ကျွန်တော်ဘယ်သူ့ကိုမှအားမကိုး
တော့ဘူး ....
ကျွန်တော်မပျော့ညံ့တော့ဘူး ... ဘာကိုမှလဲမကြောက်
တော့ဘူး
ရှင်သန်တော့မှာ .... ကိုယ်တိုင်

      " ကဲ .... ဒီနာရီကိုကြည့်နေပေးပါ "
နာရီလှုပ်ရာကိုကြည့်ရင်း ကျွန်တော်တစ်ဖြည်းဖြည်း
ချင်းအိပ်ပျော်သွားခဲ့တယ် ....
ဒီနေရာက ... အိမ်မက်ထဲမှာခဏခဏရောက်ခဲ့တဲ့
နေရာပဲ ....

       " Mine ..... "

Mine သွားတဲ့နောက်ကိုလိုက်သွားမိတယ်
မီးရောင်တွေအောက်မှာ ပျော်ရွှင်နေတဲ့သူ့ကို ခဏခဏ
မြင်ရပေမယ့် ဒီရင်ကနာကျင်နေတယ်

        " Mine ..... "
        " Chimon .... နင်ဘာလုပ်နေတာလဲ
ဟိုမှာငါတို့အတွက်အခန်းဖယ်ထားတယ် ... အဲ့မှာပဲ
ငါ့အကိုကိုစောင့်ကြရအောင် .... ဒီမှာဆူညံလွန်းတယ်"

ဒီအခန်းထဲမှာ သူဆံုးသွားတာတဲ့ ......
ဘာကြောင့်လဲ ..... ဘယ်ကစတင်ခဲ့တာလဲ

       " ငါသူတို့ကိုလိုက်ပြလိုက်ဦးမယ် ... နေနှင့်ဦး "
       " ရတယ် ..... ခဏနေ .... ကိုကိုလာတော့မှာ "
     
Chimon .... ပြန်လာခဲ့တော့...မျက်လံုးဖွင့်လိုက်တော့
ချက်ချင်းအိမ်မက်ကနေ အသက်ပြင်းပြင်းရှူပြီးနိုးထ
လာခဲ့တယ်

       " မင်း .... အသက်ရှူရခက်ပြန်ပြီမလား "
       " မတွေ့ခဲ့ရပြန်ဘူး ... ဘာလို့ အကြိမ်တိုင်းအဲ့လိုပဲ
ဖြစ်နေတာလဲ "
       " မင်းပြန်မမှတ်မိချင်တဲ့ အဖြစ်အပျက်ဖြစ်ခဲ့
တယ်ထင်တယ် .... နှစ်ပတ်တစ်ခါ ကုသမှုလုပ်တာ
တောင်မှတ်ညဏ်က ပြန်မရောက်လာဘူးမလား
မင်းပင်ပန်းရမယ့်အတူတူ ... မလုပ်နေပါနဲ့လား "
        " မဖြစ်ဘူး ... သိရမှဖြစ်မယ် ..... Mine ကို
ဘယ်သူသတ်ခဲ့တာလဲဆိုတာ ... တစ်ယောက်ယောက်
အတွက် ငါသိရမှဖြစ်မယ်
ငါမသိရမချင်း ငါဒါက်ိုဆက်လုပ်နေဦးမှာပဲ "

" ဘုတ်အဖွဲ့အစည်းအဝေးရဲ့ တရားဝင်မဲပေးမှုအရ
Chimon wachirawit ကအနိုင်ရရှိကြောင်းကြေငြာ
လိုက်ပါတယ် "

       " မင်း ...... "

ဒေါသတကြီးနဲ့ CEO ရုံးခန်းထဲကိုအတင်းဝင်လာတဲ့
အကို့ကို အစောင့်နှစ်ယောက်လောက်ကဝိုင်းဆွဲထား
လိုက်တယ် ....
       " ငါ့ဘဝကိုဖျက်ဆီးလိုက်လို့ မင်းအောင်မြင်သွား
ပြီထင်နေလား ..... "
      " လွှတ်လိုက်ပါ .... အခန်းထဲကထွက်သွားလို့ရပြီ "

ပူလောင်နေတဲ့ အကို့ကိုကြည့်ရတာ ငါဘယ်တုန်းက
အဲ့လောက်ပျော်တတ်သွားတာလဲ

       " အကို့ဘဝက အစထဲက ဒီနေရာမှာမရှိသင့်တာ
လေ .... အဖေကဒီနေရာရဲ့ပိုင်ရှင်မှမဟုတ်တာ
အမေကသာ ဒီလုပ်ငန်းကိုစတင်ခဲ့တာလေ
အခုထိနားမလည်သေးဘူးလား ....  ဘယ်သူက ပိုင်ရှင်အစစ်လဲဆိုတာကို "
       " ငါက .... မင်းအတွက် ဘယ်လောက်လုပ်ပေး
ခဲ့ရလဲ .... "
       " ဟားဟား .... ဘယ်လိုတောင် ... ဟာသတွေ
ပြောနေတာလဲ .... မျက်ကန်းတစ်ယောက်လိုပြစ်ပယ်
ထားပြီးတော့ "
      " အဲ့ဒါမင်းကြောင့်လေ ... မင်းကိုယ်တိုင်လုပ်ခဲ့
တာလေ .... ခွေးကောင်ရဲ့ "

ဆွဲထိုးဖို့ အကျီ်ကော်လံကိုသူပြေးဆွဲလိုက်တယ်

      " Perth Tanapon က .... မင်းကိုဘာလို့ပြစ်ချခဲ့
လဲသိလား "

Perth ရဲ့နာမည်ကိုကြားလိုက်တာနဲ့ ဒီရင်ထဲကိုဓားနဲ့
ထိုးစိုက်ထားသလို နာကျင်ရတယ် ....

      " မသိချင်ဘူး .... သူ့ကိုလဲ စိတ်ထဲမရှိဘူး
သူကဒီတိုင်း သက်တော်စောင့်ပဲ "
       " အင်း .... မင်းငါ့ကိုဒီလိုနင်းချေခဲ့တာမှတ်ထား
အခု .... ငါလဲမင်းဖက်ကို မကြည့်တော့ဘူး
တစ်နေ့နေ့ .... သူမင်းကိုထားခဲ့တဲ့အကြောင်းသိချင်
ရင် ငါ့ဆီလာမေးလိုက် "

အကိုထွက်သွားတာနဲ့ မျက်ရည်တွေကအဆက်မပြတ်
စီးကျလာခဲ့တယ်
အံဆွဲထဲက စိတ်ငြိမ်ဆေး ၂ လံုးလောက်ကို သောက်
ချလိုက်မိတယ်

      " သခင်လေး .... အဆင်ပြေရဲ့လား "
      " ဦးလေး .... "
      " အဆင်ပြေရဲ့လား ... အသက်ရှူရခက်နေတာ
လား "
     " Perth .... သူ .... သူ့အကြောင်းဘာသိရသေးလဲ "
     " သတင်းရသလောက်တော့ ဒီနိုင်ငံကထွက်သွား
ကြပါပြီ ... ဘယ်ကိုထွက်သွားလဲစံုစမ်းပေးရမလား "

ငါကအရူးလို ဘာလို့အဲ့ဒါကိုစံုစမ်းရမှာလဲ ....
သိချင်ရမှာလဲ .... သူကငါ့ကိုပြစ်သွားပြီ
အခုငါကတစ်ယောက်ထဲပဲ ... ငါနေနိုင်ရမယ်
ရပ်တည်နိုင်ရမယ် ....
ငါ့အကိုလို အကျင့်မကောင်းတဲ့လူရဲ့စကားကိုပဲယံု
ကြည်ပြီး သူချစိတဲ့သူကိုတောင်ပြစ်ထားခဲ့တာ ....
အဲ့ဒါအချစ်မဟုတ်ဘူး
အချစ်စစ်ရင် .... သူငါ့ကိုပဲယံုကြည်ရမှာ
ငါက Mine ကိုသတ်ခဲ့တာမဟုတ်မှန်းသူနားထောင်ပေးသင့်တာ ... သူသေချာသိသင့်တာ
မုန်းတယ် .... ချစ်ပေမယ့်လဲ မုန်းမိတယ် 
ပြီးတော့ ဘယ်တော့မှလဲ ပြန်မဆံုတွေ့ချင်ဘူး ....

      " ထားလိုက်ပါတော့ .... မသိချင်တော့ပါဘူး "

မျက်ရည်တွေကိုသုတ်ပြီး အလုပ်ကိုဆက်လုပ်နေမိတယ် .....
အဲ့လိုနဲ့ပဲ ကျွန်တော့်ကိုယ်ကိုကိုယ် အလုပ်တွေနဲ့ဖိအား
ပေးခဲ့တာ ၆ လတောင်ကြာခဲ့ပြီ
အရင်ကကလေးလေးက ...အခုဦးဆောင်သူဖြစ်နေပြီ

      " ဒိီတစ်ခေါက် နိုင်ငံခြားခရီးကဘယ်လိုလဲ "
      " ဟုတ်ကဲ့ CEO .... တင်သွင်းဖို့ စာချုပ်ချုပ်ဆိုဖို့
ပါပဲ .... ၂ ရက်လောက်ပဲကြာမှာပါ
ဒါပေမယ့် ... ဒီဖက်က Show ပွဲရှိနေတော့ ဘယ်လို
လုပ်ကြမလဲ "
       " ဒါဆို ငါပဲအရင်သွားနှင့်မယ် .... မင်း Show ပြီး
တာနဲ့ ချကိချင်းလိုက်ခဲ့ "
       " တစ်ယောက်ထဲအဆငိပြေရဲ့လား "
       " ပြေပါတယ် .... အလုပ်ကအရေးကြီးနေတာကို "

Hotel စားသောက်ဆိုင်အခန်းထဲကို ဝင်လာပေမယ့် ....
တစ်ဖက်က စာချုပ်ချုပ်ဆိုမယ့်သူက မရောက်လာ
သေးဘူးထင်တယ်

      " Sir .... ဘာမှာမလဲရှင့် "
      " Tea ပဲပေးထားပါ ... နောက်မှမှာပါမယ် "
      " ဟုတ်ကဲ့ "

အလုပ်ကိစ္စကို အချိန်လဲမလေးစားပါလား .....
နာရီဝက်လောက်နောက်ကျနေပြီ .....
ရောက်နှင့်တဲ့ Tea ကိုကြိုသောက်ရင်းနဲ့ .... အိပ်ချင်
လိုက်တာ .... ဘာလို့အဲ့လောက်အိပ်ချင်နေတာလဲ
မျက်လံုးတွေဖွင့်မရတော့ဘူး ....
ခဏလောက်ပဲ ... မျက်လံုးပိတ်ထားရင်ကောင်းမ
လား ....
ငါဘယ်လောက်တောင်အိပ်ပျော်သွားတာလဲ .....
ဒါက .... ဘယ်နေရာရောက်နေတာလဲ
ဒီနေရာက ......
လမ်းမတစ်ခုပေါ်မှာ .... လမ်းမတစ်ခုပေါ်မှာငါအိပ်
ပျော်နေတာ ...

တီ .....  ရုတ်တရက်ကားဟွန်းတီးသံနဲ့ အလင်းစူးစူး
တစ်ခုက ငါ့မျက်လံုးတည့်တည့်ကိုဝင်လာခဲ့တယ်
မဟုတ်သေးဘူး .... ငါအားတွေချိနဲ့နေတယ်
ငါမထနိုင်ဘူး ... လမ်းမလျှောက်နိုင်ဘူး
ဒီလမ်းမှာ ငါပဲရှိနေတာလား ....

     " ကူ .... ကူညီပေး ... ကြပါ
ဘယ်သူ ... ရှိလဲ "

စကားသံလဲကျယ်ကျယ်မထွက်နိုင်တော့ဘူး
ဒါ .... ဆေးခတ်ခံရတာပဲ
တီ ... တီ .... ရှေ့ကကားက ရပ်နေပြီးဆက်တိုက်တီး
နေတာ ....
ဒါက ... ငါ့ကိုတိုက်သတ်ဖို့စောင့်နေတာလား
အားအပြည့်နဲ့ ထဖို့ကြိုးစားပေမယ့် .... ဒူးထောက်ထားရုံလောက်ပဲ ရပ်နိုင်တော့တယ်
ကားကထလာတာနဲ့ တစ်ပြိုင်နက် အရှိန်ပြင်းပြင်းနဲ့
မောင်းထွက်လာခဲ့တယ် ....
ငါသေရတော့မှာလား .... ဒီလိုနဲ့ ငါသေရတော့မှာပေါ့

အား .... အားအပြည့်နဲ့ လူတစ်ယောက်ကဆွဲဖက်လိုက်ပြီး ကားလမ်းမဘေးကို .... နှစ်ယောက်လံုးပါ
အောင်ဆွဲလှည့်ချပြစ်လိုက်တယ်
အရမ်းကြောက်မိလို့ အဲ့လူကိုသေချာဆုပ်ကိုင်ထားမိ
တယ် ....
သူ့လက်မှာ .... သွေးတွေကိုစမ်းမိတယ် ....
ငါ့ကိုကယ်လိုက်လို့ လမ်းကကျောက်ခဲတွေနဲ့ သူပွန်းပဲ့
ကုန်တာပဲ ....
မျက်လံုးတွေကိုကောင်းကောင်းမဖွင့်နိုင်ပေမယ့်
အဲ့လူ နာကျင်နေတာကိုတော့ သိတယ် ....
ချက်ချင်း ကားပေါ်ကမျက်နှာဖံုးစွပ်ထားတဲ့ သူကို
မြင်လိုက်ရတယ်

    " ဓား ..... "

ကျွန်တော့်ကိုဓားနဲ့ ပြေးထိုးဖို့ရွယ်လိုက်ပေမယ့် ....
အောက်ကပိနေတဲ့သူက .... ကျွန်တော့်ကိုဆွဲလှည့်လိုက်ပြီး ဓားကိုသူ့လက်မောင်းနဲ့ ပြေးခံလိုက်တယ်
နက်လွန်းလို့ တစ်သွင်သွင်စီးကျနေတဲ့သွေးတွေကို
မြင်ရတယ်
ဓားကြီးစိုက်ဝင်နေရက်နဲ့ တစ်ဖက်ကလူဗိုက်ကို ခြေထောက်နဲ့ပိတ်ကန်လိုက်တယ် .....

     " မျက်လံုးပိတ် ... အသက်ဝဝရှူထား "

Perth ..... ငါမြင်လိုက်ရတာ Perth လား
ဒါက ... ငါထင်ယောင်ထင်မှားဖြစ်နေတာလား
အိမ်မက်လား ....
စကားတစ်ခွန်းပြောတဲ့အချိန် ၂ စက္ကန့်လောက်ပဲ အဲ့လူ
ကိုမြင်လိုက်ရပေမယ့် .... Perth ပဲ
ချက်ချင်း ကျွန်တော့်ကိုဆွဲချပြီး တံတားပေါ်ကနေ
ရေအောက်ကို အတူခုန်ချလိုက်တယ် .......

      " Chimon .... သတိမမေ့သွားနဲ့ ... ဟိုလူသွားတဲ့
အချိန်ထိတောင့်ခံထားဦး ....
ပြေးစရာ ဒီတစ်လမ်းပဲရှိတယ် .... သတိမေ့မသွားနဲ့ "

                               The end

       

Continue Reading

You'll Also Like

1.8M 60.5K 73
In which the reader from our universe gets added to the UA staff chat For reasons the humor will be the same in both dimensions Dark Humor- Read at...
182K 4.9K 42
" She is my wife, stay away from her!" " Keep trying she will remain mine. " " Show me your scars, I want to see how many times you needed...
190K 19K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...