:လွိုင်း ကို အဘိုးရဲ့ပိုင်ဆိုင်မှုတွေလွဲပေးချင်တာ
အိမ်ကသူတွေအားလုံးနဲ့တိုင်ပင်ပြီးပြီ သမီးလက်ခံပါ
စာချုပ်ကိုပေးလာသည့်အဘိုးလက်ကိုပြုံးပြီးငေးကြည့်နေရင်း အသာပြန်တွန်းဖယ်ပေးလိုက်သည်
:သမီး နိုင်ငံခြားမှာဘဲအပြီးနေတော့မယ် အဘိုး
ဒီမှာနေရာတာအရမ်းပင်ပန်းနေပြီ
:သမီး မဟုတ်သေးပါဘူး ဒါဆိုအဘိုးကရော်
သမီးကအဘိုးမြေးအရင်းမဟုတ်တော့တာနဲ့
ဘာမှမပြောင်းလဲသွားဘူးနော် ဒီအိမ်ကသမီးအိမ်ဘဲ
နွဲ့ရီ နဲ့ သမီးအဖေလဲ အရင်လိုဘဲ
သမီးကိုမျော်နေကြတုန်း
ဒီအိမ်ကသမီးအိမ်ဘဲ ဘာမှမပြောင်းလဲဘူးသမီး
:သမီးသိပါတယ် ဒါမဲ့ သမီးဒီမှာနေရတာ
မပျော်တော့ဘူး သမီး ဟိုက ကုမ္ပဏီတစ်ခု
အလုပ်ရပြီ အဲ့မှာဘဲနေတော့မယ်
:ကဲ ဒါဆိုလဲ သမီးသဘောဘဲ ဒါမဲ့
သီတင်းကျွတ်ရောက်တိုင်း
မြန်မာပြည်ပြန်လာမယ်လို့ ကတိပေး
:လွိုင်းကတိပေးပါတယ်
:ဒါဆိုလေဆိပ်ကိုအဘိုးလိုက်ပို့ရမလား
:ရတယ်အဘိုးကလဲ သမီးကိုမိုးလာခေါ်မှာ
:နှုတ်ဆက်မသွားတော့ဘူးလား စိမ်းကို
:လွိုင်းသွားတော့မယ် အဘိုး
:ကောင်းပြီ ကောင်းပြီ လမ်းခရီးဖြောင့်ဖြူးပါစေ
ပြီးတော့ လွိုင်းမြန်မာဆိုတဲ့နာမည်ကို
မစွန့်လွှတ်လိုက်လို့ အဘိုးဝမ်းသာရပါတယ်
:လွိုင်းကသာအဘိုးကိုကျေးဇူးတင်ရမှာပါ
လွိုင်းကိုမြေးအရင်းတစ်ယောက်လို
စောင့်ရှောက်ပေးခဲ့လို့
:ဟုတ်ပါပြီ ငယ်ငယ်ကလို
လေယာဥ်စီးရင်မကြောက်တော့ဘူးမလား
:မကြောက်ပါဘူး အဘိုးသာနေကောင်းအောင်နေပါ
နောက်နှစ်သီတင်းကျွတ် ကျရင် အဘိုးဆီ
လွိုင်းရောက်အောင်ပြန်လာမယ်
:ဟုတ်ပြီ good luck ငါ့မြေး
:ဟုတ် အဘိုး
....
ကိုယ်ဘယ်လိုလုပ်ရမလဲ ခင်
အခုကလေးတွေကတစ်နေရာဆီဖြစ်ကုန်ကြပြီ
မင်းပြောတော့ သူတို့တွေအတွက်
အကောင်းဆုံးနည်းကိုဆုံးဖြတ်ပေးပါဆို
အခုသူတို့တွေကတစ်ယောက်တစ်နေရာဆီ
ဖြစ်နေကြပြီ ကိုယ်ဘာဆက်လုပ်ရမလဲ ခင်
ဦးပင်လုံ တစ်ယောက် မိန်းမဖြစ်သူရဲ့ဓာတ်ပုံကိုကိုင်ရင်း ရင်ဖွင့်နေခဲ့လေသည်
......................................................
:လွိုင်းမြန်မာကအခုဘယ်မှာတဲ့လဲ
:ကျွန်တော်တို့သတင်းအစနကိုမရတော့တာပါ
:ကျစ် ငါဒယ်ဒီ့ကိုဘယ်လိုပြောရတော့မှာလဲ
:မင်းဘာမှပြောမနေနဲ့ သား
အခု သမီးငယ်ကိုသူ့အတိုင်း
သူ့စိတ်ကြိုက်ဘဲနေခိုင်းလိုက်ပါ
မင်းလဲထပ်ပြီးစုံစမ်းမနေနဲ့တော့
:ဒါမဲ့အန္တရာယ်ရှိနိုင်တယ်လေ ဒယ်ဒီ
:မင်းညီမကမင်း ထပ် ပိုပြီးလျင်တယ်ဆိုတာသိထား
.................................
:အဲ့တော့ နင်ကပြန်မလာတော့ဘူးလား
:အေး
အိမ့်မှူးနဲ့vc ပြောနေရင်း ဘေးနားကနေ
အရိပ်မိုးဖြတ်သွားသည်ကိုမြင်လိုက်သည့် လွိုင်း
:ငါနဲ့မိုးကတော့ အခု နင့်ထားခဲ့တဲ့အလုပ်တွေ
ဆက်လုပ်နေတယ် နင်အဲ့မှာအဆင်ပြေရဲ့လား
ပိုက်ဆံလိုလား
:ပိုက်ဆံကဘယ်နေရာဖြစ်ဖြစ်ရှာတတ်ရင်လွယ်တယ်
ပိုက်ဆံမက်နေတဲ့နင့်နောက်ကလူကိုဘဲ ပေးလိုက်
လူထပ်ပိုက်ဆံကိုပိုမက်မောနေတာ
:ငါကပိုက်ဆံကိုမက်တာမဟုတ်ဘူး
နင့်ရဲ့လူမဆန်တဲ့လုပ်ရက်တွေကိုစိတ်ပျက်တာ
အခုဒေါက်တာဘယ်လိုနေနေလဲနင်သိလား
ဒေါက်တာကသူ့အမေနဲ့စကားများပြီး
ဆင်ခြေဖုန်းရပ်ကွက်လေးမှာ
အိမ်ခွဲနေနေတာတွေကိုရော်နင်မသိဘူးမလား
အဘိုးပင်လုံရဲ့ကျန်းမာရေးကိုအခြေအနေကိုရော်
နင်သိလား ဟမ် နင်ကထွက်ပြေးရုံဘဲ
တတ်နိုင်တဲ့လူစားမျိုး
ပြဿနာကိုရင်ဆိုင်ရဲတဲ့သတ္တိနင့်မှာမရှိဘူး
:အေး ဟုတ်တယ် ငါကပြဿနာကိုရင်မဆိုင်ရဲဘူး
ရှောင်ပြေးတတ်တယ် သတ္တိမရှိဘူး
နင်ပြောသလိုဘဲ
:ကဲ တော်ကြပါတော့ နင်တို့ကလည်း
တွေ့တာနဲ့ ရန်ဖြစ်ပြီ
:ငါပြောတာမှားလား အိမ့်မှူး
သူ သူ့ကိစ္စကလွဲရင်ဘယ်သူ့အကြောင်းကိုမှ
စိတ်မဝင်စားဘူး
:တော်တော့လို့ မိုး
:နောက်ပြီး ဒေါက်တာမှာသူ့ကြောင့်
ဖြေရှင်းလိုက်ရတဲ့ပြဿနာတွေ
နာမည်ပျက်ရပေါင်းလည်းမနည်းတော့ဘူး
ပတ်ဝန်းကျင်ထိုးနှပ်တာတွေလည်း
သူတစ်ယောက်တည်းခံစားနေရတာ
ဒါကိုသူကအခုထိအပြစ်ကင်းချင်
ယောင်ဆောင်နေတုန်းဘဲ
လွိုင်းဘာမှမပြောဘဲဆက်နားထောင်နေလိုက်သည်
မိုး အပြစ်တင်သည်လဲမဆန်းပါဘူး ကိုယ့်ကတော်တော်ဆိုးခဲ့မိတာဘဲလေ
:မိုး တော်ပြီ
:မတော်နိုင်ဘူး ငါသူ့စိတ်ကိုအရမ်းအံ့ဩတယ်
သူတော်တော်တစ်ကိုယ်ကောင်းဆန်လွန်းတယ်
:မိုး တော်တော့လို့ နင်လဲနောက်တစ်ပတ်နေရင်
မင်္ဂလာဆောင်ရတော့မှာ စိတ်ကို
ကြည်ကြည်လင်လင်လေးဘဲထား
:အရိပ်မိုး က ဘယ်ကောင်နဲ့ယူမှာလဲ
:နင်အပိုတွေလာမေးမနေနဲ့ လွိုင်းမြန်မာ
:မိုး က သူ့မင်္ဂလာပွဲမှာနင့်ကိုရှိစေချင်နေတာ
:ဘာမှမဆိုင်တာတွေမပြောနဲ့ အိမ့်မှူး
ငါသူ့ကိုငါ့မင်္ဂလာပွဲကိုတက်ဖို့မဖိတ်ဘူး အိမ့်မှူး
:သေချာလား အရိပ်မိုး
ငါမလာဖို့ပြောတာ
:အေး နင့်လိုလူကို
ငါ့ရဲ့မင်္ဂလာပွဲနေ့မှာမမြင်ချင်ဘူး
:အေး ဟုတ်ပြီ ရပြီ ရောက်အောင် လာခဲ့မယ်
ပြောချင်ရာပြောပြီးဖုန်းချသွားသည့်လွိုင်း
...................................
မနက်က မိုးမင်္ဂလာပွဲကို လွိုင်းမြန်မာရောက်မလာခဲ့သည်ကြောင့် အိမ့်မှူးနဲ့ ဇေဇေတို့ထို့အကြောင်းကိုပြောနေကြသည်
နောက်တစ်ပွဲအဖြစ် လူပျိုည
dinner ပွဲ ကျင်းပနေစဥ် ဖြစ်သည်
:လွိုင်းနဲ့မဆုံဖြစ်တာ
၂နှစ်တောင်ပြည့်ရော်ပေါ့
:ဟုတ်တယ်နော် သူဒီပွဲကိုလာမလားမသိဘူး
:လာလို့မရဘူး ငါလုံခြုံရေးတွေကိုပြောထားတယ်
:သေချာလို့လား မိုး
နင့်လူတွေက ငါ့ဒေါ်လာတွေကို
တော်တော်မက်ကြပုံဘဲ
အင်္ကျီအဖြူshirt လေးနှင့် jeans pant အနက်လေးကို ပနံသင့်စွာဝတ်ထားသည့် လွိုင်း
မီးအရောင်ကြောင့် လက်ကcitizen ထုတ်နာရီအနက်ကလေးက လင်းကနဲ လက်သွားလေသည်
အရင်ကထပ်ပိန်သွားသည်မို့
သူ့မေးရိုးမှာပို၍ထင်းလာသလို
မိန်းမတွေသဘောကျတာလဲမဆန်းပါဘူး
ရင်ဘက်ကြယ်သီးကိုဟထားသည်မို့
သူ့လည်ပင်းတစ်ဝိုက်ကလက်စွပ်နှစ်ကွင်း
ဆွဲထားသည့်ဆွဲကြိုးကို ကြည့်ရင်ဖြင့်
နောက်ဇယားတွေကင်းနေပုံဘဲ
:နင် ငါ့ပွဲကိုလာဖြတ်တာလား လွိုင်းမြန်မာ
:အင်း ဆိုပါတော့ ပွဲဖြတ်ဖို့
:လွိုင်းမြန်မာ
:ငါနားညီးတယ် အရိပ်မိုး ငါ့ကိုခွက်ချပေး
:ဒီမယ် နင်
:ကဲပါ မိုးရယ် နင်ကလဲ
သူ့အကြောင်းမသိတာကြလို့
လွိုင်း နင် ခရီးပန်းလာမှာပေါ့ ခဏနားမလား
:ရတယ် အေးဆေးဘဲငါက
သူ့ကိုသာနားခိုင်းလိုက် မျက်စိနောက်လိုက်တာ
:နင်
သတို့သမီးမင်္ဂလာဆောင်ကိုလာပြီး
သတို့သမီးဖြစ်သူကိုမျက်စိနောက်သည်ဟုပြောတာလှိုင်းတစ်ယောက်တည်းရှိအုန်းမည်
:တောက်စ် !
တောက်စ် ခေါက်ကာ လှည့်ထွက်သွားသည့်မိုး
:ဟိတ် နေအုန်း အရိပ်မိုး
နင်သမီးမိန်းကလေးမွေးရင်
ငါ့ကိုပေးဖို့စဥ်းစားထား
:နင် နင်
ထိုအခါတော့ မိုး သည်းမခံနိုင်တော့ဘဲ
သူ့ကျောပြင်ကိုရိုက်ချပြစ်လိုက်သည်
:မ မ ဘာဖြစ်တာလဲ
:ဘာမှမဟုတ်ဘူး လာ သွားမယ်
:ကောင်လေး မင်းကငါမသိလိုက်ခင်မှာဘဲ
ငါ့လူယုံကိုယူသွားတယ်ပေါ့ ဟုတ်လား
:ဗျာ
:သူ့ပြောတာကိုနားမထောင်နဲ့ မောင် သွားမယ်
:မင်းကိုသိပ်မကျေနပ်ဘူး ညီနဒ္ဒ
:ကျွန်တော့နာမည်ကိုဘယ်လိုသိ
နဒ္ဒ လက်မောင်းကိုဆွဲခေါ်သွားသည့် မိုး
လွိုင်းမြန်မာဟာပြောသည့်အတိုင်းပင်
တကယ်မူးအောင်သောက်နေသည်မို့
အိမ့်မှူးနဲ့ မိုး မနည်းထိန်းနေရသည်
ကိုယ့်မှာကိုယ့်မင်္ဂလာပွဲမို့ ပျော်ရမယ်ထင်တာ
သူကလာနှောင့်ယှက်လို့ dinner ပွဲမှာတောင်
အဆုံးထိမကျင်းပနိုင်ဘဲ သူ့ကို
ဒေါက်တာဆီကိုလိုက်ပို့ရသည်
ဒါကိုတောင်သူက ပြောသေးတယ်
နင်တို့ကိုသိပ်မကျေနပ်သေးဘူးတဲ့လေ
:ချီးထုပ်ဘဲ
........................................
လွိုင်း အမူးပြေကာ တရေးနိုးလာတော့
အိမ်တစ်အိမ်အတွင်းရောက်နေသည်မို့
အိမ်ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်နေရင်း
အိမ်အတွင်းပိုင်းမှ
စကားသံတစ်ချို့ကြားလိုက်ရသည်မို့
အထဲကိုတစ်ဖြည်းဖြည်းဝင်လာတော့
လွိုင်းမှာလဲစားပွဲကိုမှီရပ်ကာမျက်နှာလွဲထားပြီး
စိမ်းမှာလဲသူ့ကိုကျောပေးကာရပ်နေသည်
:မုန်းစရာကောင်းတယ်
သူလို့အချိုးမပြေတဲ့သူကိုငါက
အချိန်ကုန်ခံပြီးရတွေ့ရမှာလား နဒီမောင်
နဒီမောင် မွန် နှင့် အိမ့်မှူးတို့မှာ
ထိုစိတ်ဆိုးနေသည့်နှစ်ယောက်ကိုကြည့်ရင်း
ဘာပြောရမည်မသိ
တစ်ဖက်ကမှန်သည်ဟုပြောလျှင်လဲ
တစ်ခြားတစ်ဖက်ကမျက်စောင်းထိုးပေအုန်းမည်ကိုသိသည်မို့အသာငြိမ်၍သာကြည့်နေကြလေသည်
:ဘယ်သူကရော်
ခင်ဗျား နဲ့တွေ့မယ်ပြောနေလို့လဲ
:လွိုင်းဘက်ကတော့
အရမ်းမုန်းတဲ့သူတစ်ယောက်နဲ့
ပြန်အဆင်ပြေဖို့မဖြစ်နိုင်ဘူး
:မင်းကို တို့ကပိုပြီး
မုန်းတယ်မှတ်ထားလိုက် လွိုင်းမြန်မာ
အခန်းထဲမှထွက်သွားသည့်
စိမ်းကိုကြည့်နေသည့်လွိုင်း
စိမ်းတာဝန်ကျသည့်နယ်မြို့လေးကို
ရောက်လာကြပင်မဲ့ အားလုံး
စိတ်ထဲတော့အေးချမ်းမနေပါ
:စိမ်း ဆီခဏလာလည်တာ လူစုံတုန်းလေးတော့အေးအေးဆေးဆေးလေးနေရအောင်လေ
လွိုင်းမြန်မာ တို့တွေလဲ ခရီးပန်းလာကြတော့
ခဏနားကြတာပေါ့
:အစ်မတို့ ကိုယ် လေယာဥ်ချိန်ရှိတာကို ဒါသပ်သပ်မဲ့ အနှောင့်အယှက်ပေးလိုက်တာဘဲ
မွန်ကိုစိတ်ဆိုးသလိုပြောလာသည်မို့
:မင်း နဲ့ စိမ်း က တို့နှစ်ယောက်ထပ်တစ်ယောက်တစ်ယောက်ပိုပြီးချစ်မြတ်နိုးကြတာ တို့တွေသိတယ် ကိုယ်ချင်းစာလို့ဘဲ မင်းတို့တွေပြန်နီးစပ်ရအောင်လို့
:ကိုယ် လုံးဝ သူနဲ့ပြန်ပြီးမပြေလည်ချင်ဘူး
သူကြောင့်ဘဲ တစ်သက်လုံးမမြင်ချင်တဲ့လူတွေနဲ့
တစ်နှစ်နီးပါး တစ်အိမ်ထဲမှာတူတူနေခဲ့ရပြီးပြီ
ကိစ္စတွေ ဒီလောက်ရှုပ်ထွေးနေလို့ထပ်ပြီးမဖြေရှင်းချင်တော့လို့ လွိုင်း ဟိုမှာအပြီးသွားနေမှာ
နောက်ပြီး......
:နင် ဒေါက်တာကိုစိတ်တကယ်ပြတ်နိုင်လို့လား
:အိမ့်မှူး နင်
: ဒေါက်တာမှာလဲသူ့အခက်အခဲနဲ့သူရှိနေတာဘဲ
နင်ထပ်ပြီးပြဿနာမရှာချင်စမ်းပါနဲ့
:အိမ့်မှူးပြောတာကိုတို့ထောက်ခံတယ် လွိုင်း
စိမ်း က မင်းအပေါ် အရာအားလုံး
လိုက်လျောပေးခဲ့ပြီးသား အလျော့ပေးပြီးသား
မင်းဒါကိုနားလည်သင့်တယ်
မွန့်စကားကြောင့်ငြိမ်သွားကာ
တစ်ခုခုကိုစဥ်းစားနေသည့်ပုံမို့
:အခုတို့တွေ စိမ်းဆီကိုလာကြတာက စိမ်းဒီမှာအဆင်ပြေရဲ့လား သိချင်ကြလို့ဘဲ
မင်းပါတစ်ခါတည်းပါခဲ့တော့
စိမ်းလဲပျော်သွားမယ်ထင်လို့
:ဒါမဲ့ သူအခုမပျော်ဘူးလေ
ကိုယ့်မျက်နှာကိုမြင်ချင်ရဲ့လားတောင်မသိဘူး
တစ်ဖက်မှနားထောင်နေသည့် စိမ်းမှာလဲ
တိတ်တဆိတ်ပင်မတ်တပ်ရပ်လျှက်
:စိမ်းကမိန်းကလေးလေ မင်းနဲ့စိတ်ဆိုးနေတာကို
ပြန်ပြီးစိတ်ဆိုးပြေရအောင်လဲ
မင်းဘာလုပ်သင့်တယ် ဆိုတာ
မင်းသိပါတယ် လွိုင်းမြန်မာ
မင်း အားလုံးအပေါ် ဆိုးနေတာတွေ
တော်သင့်ပြီလို့ အစ်မတို့ထင်တယ်
မွန့်စကားကြောင့် မျက်မှောင်လေးကြုတ်သွားကာ
ခုံကိုကျောမှီချလိုက်ပြီး စိတ်မလျော့ချင်ပင်မဲ့
စိတ်လျော့လိုက်ရသည့်ပုံမို့ နဒီမောင်မှာ ပြုံးသွားကာ
:မင်း ဒီမှာ စိမ်းအတွက် အဖော်အဖြစ်နဲ့နေခဲ့လိုက်ပါ
တကယ်လို့မင်းတို့ လုံးဝပြန်အဆင်မပြေနိုင်ဘူးဆိုရင် တို့တွေ မင်းကိုချက်ချင်းပြန်လာခေါ်ပေးမယ် နောက်ပြီးတော့ ဘယ်တော့မှ
စိမ်းနဲ့မင်းကိုပေးမတွေ့တော့ဘူး
ထပ်ပေးမတွေ့ဘူးဟုဆိုသည်မို့
နဒီမောင်ကိုဆက်ကနဲမော့ကြည့်လာပြီး
စိတ်ပျက်သွားသလို ကျစ်ကနဲ
အသံလေးထွက်လို့လာသည်
.......................................
:ကိုယ်ကိုယ်ကို ဂရုမစိုက်ဘူး
မုန်းဖို့ကောင်းအောင်လို့
ဆိုဖာပေါ်အိပ်နေသည့်လွိုင်းအပေါ်
စောင်ထပ်ခြုံပေးလိုက်သည့်စိမ်း
လွိုင်းနိုးလာတော့ကိုယ်ပေါ်မှာစောင်တစ်ထည်
ရောက်နေသည်မို့ခေါင်းထဲမှာပေါ်လာ
သူကတစ်ဦးတည်း...
:ဟုတ်တယ်အိမ့်မှူးဘဲဖြစ်မှာ
စောင်ကိုပြစ်ချလိုက်ကာမတ်တပ်ထရပ်ရင်း
အကျောဆန့်ကာအငြောင်းဖြေတုန်း
အိမ်ထဲဝင်လာသည့်စိမ်းကိုမြင်သွားသည်မို့
အင်္ကျီကိုဆွဲချလိုက်ကာ
စိမ်း:အမြင်ကပ်ဖို့ကောင်းတယ်
လွိုင်း*စိတ်ပျက်စရာဘဲ
အိမ်ပြင်ထွက်သွားသည့်သူကထွက်သွားပြီး
မီးဖိုချောင်ထဲဝင်သွားသူကဝင်သွားလေသည်
:လွိုင်းမြန်မာ မင်း က
တော်တော်မုန်းဖို့ကောင်းတာဘဲ
:သိ ပြီးတာဘဲ
:တို့ရှေ့မှာထပ်မတွေ့ရရင်ကောင်းမယ်သိလား
မင်းကိုမုန်းလွန်းလို့
စိမ်းရဲ့စကားကြောင့်လွိုင်းမှာငြိမ်သွားပြီး
စိမ်းကိုဘဲစိုက်ကြည့်နေပြီးခဏကြာတော့
:သဘောလေ ထွက်သွားပေးရုံပေါ့
:ဘာ
:ထွက်သွားပေးတာလိုချင်တယ်မလား
အခုထွက်သွားပေးမယ်
:ထွက်သွားစရာမလိုဘူး
:ဘာလို့လဲ မုန်းနေတယ်ဆို
ဟေး ဒါဘယ်သွားတာလဲ
မကြားချင်ယောင်ဆောင်ကာ
အခန်းထဲဝင်သွားသည့်စိမ်း
..................................
:ညစာဘာစားမှာလဲ
:မစားဘူး
: နေလေ ဒါဆိုလဲမစားနဲ့ပေါ့
:ဘယ်သူကမစားဘဲနေမှာလဲ
ရှင်ချက်တာမစားဘူးအပြင်သွားစားမှာ
ရှင်တစ်ယောက်တည်းနေခဲ့
:ကလေးဆန်လိုက်တာ မုန်းစရာကြီး
:မုန်း ဆက်မုန်းပေါ့ ကောင်းတယ်
မဲ့ပြကာအိမ်ပြင်ထွက်သွားသည့်လွိုင်းကိုမျက်စောင်းထိုးနေသည့် စိမ်း
:စိမ်း နင်ကလဲ သူကအငယ်ဘဲကို
:နဒီမောင် နင်ဘယ်တုန်းက
သူ့ဘက်ကဖြစ်သွားရတာလဲ
:မဟုတ်ဘူးလေ သူကအားလုံးကို
စိတ်ဆိုးနေတာအခုမှငါတို့စကားကိုနားထောင်ပြီး
နင်နဲ့အဆင်ပြေအောင်ကြိုးစားနေတာဘဲ
နင်နည်းနည်းတော့အလျော့ပေးလိုက်ပါ
:အလျော့မပေးနိုင်ပါဘူး ငါသူနဲ့တွဲ့ခဲ့သမျှကာလပတ်လုံး အားလုံးနီးပါးအလျော့ပေးခဲ့ရတာ
ကြာလာတော့ သူဆိုးလာတာကလွန်လာပြီ
............................................
မွန်တို့ပြန်သွားပြီးနောက်.....
:မုန်းစရာကောင်းတယ်
မင်းဘာလုပ်လုပ်တို့မုန်းတယ်မှတ်ထား
လွိုင်းကိုစေ့စေ့ကြည့်ကာပြောသည့်စိမ်း
ခါးထောက်ကာပြောနေသည့်စိမ်းကို
ရူတည်တည်ရုပ်ဖြင့် စိုက်ကြည့်နေပြီး
စိမ်းခါးကိုဆက်ကနဲဖက်လိုက်တော့
:လွှတ်
လွိုင်းကိုထုရိုက်လာသည့်စိမ်း
:ဖယ်လို့ပြောနေတယ်လေ
:မှတ်ထား လွိုင်းမြန်မာကလဲ
ရှင့်ကိုအရမ်းမုန်းတာ
:မင်း တို့လက်ကိုလွှတ်စမ်း
:မလွှတ်ပေးဘူး
:လွိုင်းမြန်မာ!
စိမ်းသူ့ရင်ဘက်ကိုထုရိုက်တော့
စိမ်းလက်တို့ကိုနံရံနှင့်ကပ်လျှက်ချုပ်ကာ
စိမ်းမျက်နှာနားကိုတိုးကပ်လာသည်မို့
စိမ်းမျက်လုံးစုံမှိုက်ကာသူ့ကိုတွန်းထုတ်သည်
သူ့နဲ့ထိတွေ့ရတဲ့အချိန်တိုင်း
စိတ်လှုပ်ရှားရသည့်ခံစားချက်တို့အပြင်
ရင်ခုန်အောင်လုပ်နိုင်လွန်းသည့်သူ့ကိုယ်ငွေ့တို့
စိမ်းခြေထောင့်နှစ်ဖက်ကြားက
သူ့ပေါင်တံတစ်လျှောက်....
:ပြောအုန်းလေ မုန်းတယ်လို့
အခုဘာလို့ငြိမ်နေလဲ မဟုတ်မှ
ကိုယ့်အထိအတွေ့မှာသာယာနေတာလား
မုန်းစရာကောင်းတဲ့သူ့ကိုခပ်ဆက်ဆက်ကြည့်ပြီး
စိမ်းနှုတ်ခမ်းကိုကိုက်လိုက်ကာ
မျက်နှာလွဲလိုက်မိတော့
သူ့နှုတ်ခမ်းနှင့်ထိခတ်သွားသည့်စိမ်းရဲ့ပါးပြင်
လွိုင်းမှာကြောင်သွားသလို
မျက်ခုံးပင်ပင့်တတ်လို့သွားပြီး
စိမ်းမှာလဲလက်သီးကို
ခပ်ကျစ်ကျစ်စုတ်လိုက်မိသေးသည်
:မင်းကသာတို့အပေါ်အသားအယူနေတာ
စိမ်းကိုကြည့်နေပြီးသူက
စိမ်းကိုလွှတ်ပေးကာ
:ကိုယ်သာအသားယူချင်ရင်
ခင်ဗျားအရင်လိုကုတင်ပေါ်ရောက်တာကြာပြီ
စိမ်းကိုခေါင်းအစခြေအဆုံးကြည့်ကာ
ပြောသည်မို့
စိမ်းသူပါးပြင်ကိုလက်ရွယ်လိုက်စဥ်
စိမ်းလက်ကိုသူကဆက်ကနဲဖမ်းလိုက်ကာ
စိမ်းဆီသို့သူရဲ့စိမ်းသပ်သပ်မျက်ဝန်းတွေဟာ
ကျရောက်လာသည်
:ကိုယ့်အသားကိုထိခွင့်ရှိတဲ့သူက
ကိုယ်သိပ်ချစ်တဲ့သူဘဲဖြစ်သင့်တယ်
ခင်ဗျားကိုကိုယ်သိပ်မုန်းတယ်ဆိုတာ
ခင်ဗျားသိထားလိုက် ဒေါ်နီလာစိမ်း
:မင်းကတို့ကိုသိပ်မုန်းနေတယ်ပေါ့
ရတယ်မင်းမုန်းလိုက်ပေါ့ မုန်းလိုက်
ပြီးရင်တို့ဆီ တစ်သက်လုံးပြန်မလာနဲ့
မင်းမျက်နှာကိုတို့မမြင်ချင်ဘူး
ထွက်သွား မင်းအခုထွက်သွား
လွိုင်းကိုတွန်းထုတ်လိုက်ကာ
ငိုသွားသည့်စိမ်းကိုကြည့်နေပြီး
:ထွက်သွား တို့ရှေ့ကနေထွက်သွား
မင်းကိုမုန်းတယ်
စိမ်းလက်ကိုဆွဲယူလိုက်သည်လွိုင်း
လွိုင်းလက်ကိုပုတ်ထုတ်လိုက်ကာ
အခန်းထဲဝင်သွားသည့်စိမ်း
.
.
.
ညစာထွက်မစားသည့်စိမ်းရဲ့
အခန်းရှေ့မှရပ်နေသည့်လွိုင်း
အခန်းတံခါးကိုအသာဖွင့်လိုက်ကာ
အခန်းထဲသို့ဝေ့ဝိုက်ကာကြည့်မိတော့
ကုတင်ပေါ်မှာတစ်ဖက်သို့စောင်းကာအိပ်နေသည့်စိမ်း
ငိုနေသည်ကိုသိသည်မို့
စိမ်းအနားသို့သွားလိုက်ကာ
:ညစာစားမယ်
:မင်းကိုထွက်သွားဖို့တို့ပြောထားတယ်
မဟုတ်ဘူးလား လွိုင်းမြန်မာ
*ခင်ဗျားကိုထားခဲ့ပြီး
ကိုယ်ကထွက်သွားစရာလား
စိတ်ထဲကပြောနေသည့်လက်တွေ့မှာ
ပြောသည်ကတစ်ခြားစီပင်ဖြစ်လေသည်
:ကိုယ်ဘာကိုယ်နေချင်နေမယ်
ထွက်သွားချင်သွားမယ်
ဒါကိုယ်အဘိုးပိုင်တဲ့အိမ်ကိုယ့်အိမ်ဘဲ
:အခုကိုယ်နဲ့ညစာစားဖို့လာခဲ့
:တို့မစားချင်ဘူး မင်းဘာမင်းစား
စိမ်းနဖူးကိုထိတွေ့လာသည့်သူ့လက်ဖဝါး
သူ့လက်ကိုဖယ်လိုက်ကာ
:တို့မင်းနဲ့စကားများချင်စိတ်မရှိဘူး လွိုင်းမြန်မာ
တို့အခန်းထဲကထွက်သွားပါ
:ဒါကိုယ့်အိမ်
:ဒါဆိုတို့ကထွက်သွားပေးရမှာလား
သူ့ကိုဆက်ကနဲလှည့်ကြည့်ကာရန်လုပ်တော့
သူ့မှာစိမ်းကိုဘဲငေးကြည့်နေကာ
ငိုထားသည်မို့ဖောင်းအစ်နေသည့်
မျက်ရစ်တို့ကိုကြည့်ရင်း
:ကိုယ်လွန်သွားတယ်
:မင်းနဲ့စကားမပြောချင်ဘူး
:ကိုယ်အခုအရှုံးပေးတယ် အဲ့တော့
ခင်ဗျားနိုင်တယ် အဲ့ဒါကြောင့်
အခုကိုယ်တောင်းဆိုတာ ညစာလာစားပေး
သူကိုသေချာကြည့်နေပြီးစိမ်းမယုံကြည်နိုင်
သူဘာဖြစ်ချင်နေတာလဲ
:ကိုယ်ထမင်းစားခန်းကစောင့်နေမယ်
.
.
.
ထမင်းစားနေသည့်စိမ်းကို
သူ့မှာစိမ်းကိုသာကြည့်နေသည်
သူ့ကိုကြည့်လိုက်တော့ မသိသလိုပင်
မျက်နှာလွဲသွားကာရေခွက်ကို
ယူကာသောက်နေလေသည်
ထိုင်ခုံမှထသွားကာ
သူညစာစားထားသည့်ပုံမပေါ်
ဘူးထဲမှတစ်ခုခုရှာနေသည့်လွိုင်း
လွိုင်းကိုဘာစကားမှမပြောဘဲ
အခန်းထဲမှထွက်သွားမည်လုပ်တော့
စိမ်းလက်ကိုလှမ်းဆွဲလိုက်ကာ
: ခဏ
လက်ထဲသို့ဆေးထည့်ပေးကာ
:ခင်ဗျား အကိုက်ခဲပျောက်ဆေးသောက်အုန်း
နောက်ပြီးဟိုမှာရေနွေးအိတ်ရှိတယ်
စိမ်းသူ့လက်ကိုဖယ်လိုက်ကာ
:မင်းနဲ့စကားမပြောချင်ဘူး
ဖယ် တို့လက်ကိုလွတ်
:ကိုယ်ပြောပြီးပြီလေ ကိုယ်အရှုံးပေးတယ်
အဲ့ကြောင့်ခဏလောက်ဖြစ်ဖြစ်အဆင်ပြေပြေလေးနေပေးလို့မရဘူးလား
:မင်းကိုမုန်းတယ်
:ရတယ်မုန်းလိုက်
အခုတော့ခင်ဗျားနေကောင်းအောင်
အရင်နေလိုက်အုန်း
စိမ်းလက်ထဲသို့ရေခွက်ကိုပေးကာ
ထွက်သွားသည့်လွိုင်း
.
.
ညဘက်စိမ်းဧည့်ခန်းမှာ
ဇာတ်ကားကြည့်ရင်းအိပ်ပျော်သွားစဥ်
မီးပျက်သွားသည်မို့
အခန်းထဲမှထွက်လာသည့်လွိုင်း
ဧည့်ခန်းထဲမှဆိုဖာပေါ်မှာအိပ်နေသည့်စိမ်းအနားသို့မီးအိမ်လေးကိုင်ကာရောက်လာသည်
မီးအိမ်ကိုစားပွဲပေါ်ချလိုက်ပြီး
စိမ်းကိုပွေ့ချီလိုက်ကာ
အိပ်ပျော်နေသည့်စိမ်းမှာ
လန့်သွားကာ ရုန်းလိုက်တော့
:မကြောက်နဲ့ ကိုယ်ရှိတယ်
စိမ်းကြောင်အစွာသူ့ကိုကြည့်မိတော့
မီးရောင်သဲ့သဲ့အောက်မှာ
သူ့မျက်နှာတို့ဟာတည်တံ့စွာပင်
သူ့ပခုံးပေါ်တင်မိထားသည့်လက်ကိုရုတ်လိုက်ကာ
:တို့ကိုအောက်ချပေး
အခန်းထဲရောက်နေသည်မို့မထူးတော့တာနဲ့
ကုတင်ဆီသို့ရောက်အောင်သွားကာစိမ်းကို
ကုတင်ပေါ်သို့ချလိုက်သည့်လွိုင်း
နီးကပ်သွားသည့်သူ့မျက်နှာကိုကြည့်မိတော့
သူ့မှာစိမ်းကိုခပ်တည်တည်ပင်ပြန်ကြည့်လာသည်
:ကိုယ်ခင်ဗျားကိုဘာမှမလုပ်ဘူး စိုးရိမ်မနေနဲ့
:တို့ တို့ကရော် ဘာပြောနေလို့တုန်း
အခန်းထဲမှမထွက်သွားသေးဘဲ
ဆိုဖာမှာထိုင်ကာကုတင်ပေါ်က
စိမ်းကိုထိုင်ကြည့်နေသည့်လွိုင်း
စိမ်းမှာလဲသူ့ကိုတစ်ချက်ကြည့်ပြီး
ေစာင်ကိုဆွဲယူပြီး
ကုတင်တစ်ဖက်သို့လဲအိပ်လိုက်သည်
စိမ်းရဲ့အသက်ရှုသံသဲ့သဲ့မှလွဲပြီး
တိတ်ဆိတ်သွားသည့်အခန်းအခြေအနေကြောင့်
လွိုင်းမှာလဲထိုနေရာမှပင်အိပ်ပျော်သွားလေသည်
လွိုင်းကိုအိပ်နေရာမှချောင်းကြည့်လိုက်ကာ
ကုတင်ပေါ်မှအသာထပြီးဗီဒိုထဲက
စောင်တစ်ထည်ကိုယူလိုက်ကာ
သူ့အနားသို့ခြေဖွနင်းပြီး
အပေါ်မှစောင်ခြုံပေးလိုက်သည့်စိမ်း
:မင်းကိုယ်မင်းဂရုမစိုက်ရင်
ဘယ်သူကဂရုစိုက်ပေးရမလဲ
ခပ်တိုးတိုးသာပြောလိုက်ပင်မဲ့
လွိုင်းမှာကြားနေရသည်
မျက်လုံးတို့ဖွင့်ကြည့်လာပြီး
စိမ်းလက်ကိုအသာဆွဲယူလိုက်သည်မို့
သူ့အပေါ်မှဆိုဖာကို
လက်ထောက်လျှက်သားဖြစ်သွားရသည်
စိမ်းကိုကြည့်လာသည့်သူ့မျက်နှာကိုစိမ်းကြည့်မိတော့
စိမ်းနှုတ်ခမ်းတို့ဆီရောက်နေသည့်သူ့အကြည့်တွေ
စိမ်းရဲ့ခါးကိုဖက်တွယ်လာပြီး
:ကိုယ်တို့ပြန်ခေါ်ကြမလား
စိမ်းသူ့ကိုကြည့်နေရင်းပြန်မဖြေတော့
:ကိုယ်ကတိပေးတယ် ခင်ဗျားကိုထပ်ထားမသွားဘူး
ခင်ဗျားစိတ်ချမ်းသာအောင်ထားပေးမယ်
ခင်ဗျားစိတ်ကြိုက်ကိုယ့်ကိုခြယ်လှယ်လို့ရတယ်
ကိုယ်တို့ပြန်အဆင်ပြေကြရအောင်နော်
ကိုယ်တောင်းဆိုတာပါ
ဒီနေ့ကိုယ်ပြောတာလွန်သွားတယ်
အဲ့ဒီအတွက်ကိုယ်တကယ်တောင်းပန်ပါတယ်
စိမ်းကိုကြည့်ကာတောင်းပန်နေသည့်သူ့ကိုကြည့်ကာ
:တို့အိပ်ချင်နေပြီ
:ကိုယ်တို့.....
သူ့နှုတ်ခမ်းကိုလက်ညိုးလေးဖြင့်ဖိကပ်လိုက်ကာ
:မနက်မှဆက်ပြော တို့အိပ်တော့မယ်
မင်း စောင်ခြုံအိပ်
.
.
.
မနက်ခင်းမိုးလင်းလာတော့
စိမ်းကိုအခန်းထဲ၌မတွေ့သည်မို့
အခန်းပြင်ကိုထွက်လာသည့်လွိုင်း
လည်ပင်းနာနေသည်မို့ဂုတ်ပိုးကိုပွတ်သပ်နေပြီး
မီးဖိုချောင်ရှေ့ရောက်တော့
စိမ်းမှာမနက်စာပြင်ဆင်နေပုံကို
ရပ်ကာကြည့်နေသည့်လွိုင်း
ဒီလိုကျတော့လဲအိမ်ရှင်မတစ်ယောက်လိုမျိုးပင်
ထမင်းဝိုင်းပြင်နေစဥ်ရပ်ကြည့်နေသည့်လွိုင်းကို
စိမ်းတစ်ချက်ကြည့်လိုက်ကာ
:လာလေ ဘာကြည့်နေတာလဲ
စိမ်းအနားသို့ရောက်လာပြီး
စားပွဲမှာထိုင်လိုက်သည့်လွိုင်း
ထမင်းကြော်ပန်းကန်ကိုချပေးလိုက်ပြီး
သူမနက်ဆိုစားတတ်သည့်အသီးတစ်ချို့ကို
စားပွဲပေါ်တင်ပေးထားပြီး
ကော်ဖီတစ်ခွက်ကိုဘေးမှာချပေးလိုက်သည်
စိမ်းကိုကြည့်မနေဘဲ
ထမင်းကြော်ကိုခေါင်းငုံ့ကာစားနေသည့်လွိုင်း
သူနဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်ကာ
သူ့ကိုထိုင်ကြည့်နေတော့
:ဘာဖြစ်လို့လဲ
:ဘာမှမဟုတ်ပါဘူး
:မစားဘူးလား
:ဟင့်အင်း တို့နွားနို့သောက်ထားလို့
:ထပ်ထည့်ပေးပါ
:အင်းအင်း ဟုတ်ပြီ
သူ့ပန်းကန်ကိုယူကာထပ်ထည့်ပေးရင်း
စိမ်းပြုံးလိုက်မိသည်
မနက်စာစားပြီးနောက်
သူ့မှာပန်းကန်ဆေးပေးနေရင်း
စိမ်းကိုမေးသည်မို့
:နေကောင်းပျောက်ပြီလား
:အင်း
:ရေခဲသေတ္တာပေါ်မှာဆေးတင်ပေးထားတယ်
ရေသောက်နေရင်း
သူပြောသည့်နေရာကိုကြည့်လိုက်တော့
:ဒီဆေးတွေကဒီမှာမှမရှိတာ
မင်းဘယ်ချိန်ကသွားဝယ်ထားတာလဲ
ဒီဆေးတွေကို
:ညက
သူ့ကကြည့်လိုက်တော့ခပ်တည်တည်လေးပင်
တည်တံ့နေတဲ့သူ့မျက်နှာထား
:လွိုင်းမြန်မာ မင်းညဘက်ကြီးကို
ဆိုင်ကယ်နဲ့အပြင်ထွက်တာလား
စိမ်းကိုမကြည့်ဘဲ
:ဒီလမ်းထိပ်ဘဲသွားတာ
:ဘာလို့ညဘက်အပြင်ထွက်တာလဲ
:မထွက်လို့ရမလား
ခင်ဗျားတစ်ခုခုဖြစ်သွားရင်
ကိုယ်ဘယ်လိုလုပ်ရမလဲ
ကိုယ်မှ ဆေးမကုတတ်တာ
စိမ်းကိုကြည့်လာသည်မို့
စိမ်းသူ့မျက်ဝန်းတို့ကိုကြည့်လိုက်တော့
သူကအကြည့်လွဲကာပန်းကန်တွေကို
ဆက်ဆေးနေသည်မို့
စိမ်းမှာမခို့တရို့ လေးပြုံးလိုက်မိသည်
............................
:လွိုင်းမြန်မာ
ပန်းပင်တွေကိုကြည့်နေရင်း
စိမ်းကိုလှည့်ကြည့်လာသည်
:မင်း တို့အဝတ်အစားတွေကိုလျှောထားတာလား
စိမ်းကိုမျက်နှာလွဲလိုက်ကာ
ပန်းပန်တွေဆီသာပြန်ကြည့်နေပြီး
:နေမကောင်းဘူးဆိုလို့ လျှော်ပေးထားတာ
သူ့ကြောင့်စိမ်းနှုတ်ခမ်းလေးကွေးရုံပြုံးလိုက်ကာ
:မင်းကိုဘယ်သူလျှော်ခိုင်းလို့လဲ
စိမ်းပြောသည်ကိုမကြားချင်ယောင်ဆောင်ကာ
သူ့ပန်းပင်တွေကိုကြည့်နေသည်
ပန်းပင်တွေအပေါ်မှာပျံဝဲနေသည့်
လိပ်ပြာလေးနှစ်ကောင်ကိုငေးကြည့်ရင်း
နောက်ကစကားပြောသည့်
စိမ်းကိုလှည့်ကြည့်ကာ
မတုန့်ပြန်ဘဲငြိမ်ငြိမ်လေးသာ
ထိုင်နေလေသည်
.........................................
:လွိုင်း မြေးလေး
:ဗျာ အဘိုး
:အေး ငါ့မြေးအဆင်ပြေရဲ့လား
:ဟုတ် ပြေပါတယ်
:အေးအေး စိမ်းရော် အနားမှာရှိလား
:ဟုတ်
ဘေးနားမှအိပ်နေသည့်စိမ်းကိုငုံ့ကြည့်လိုက်သည်
:အိပ်နေတုန်းလား စိမ်းက
:ဟုတ်တယ် အဘိုး အိပ်တုန်းဘဲ
:အေးပါ အေးပါ အိပ်ပါစေ
ငါ့မြေး အားရင်အဘိုးဆီလာတွေ့အုန်း
ဒီမှာ သမီး ဒယ်ဒီ ကလည်း တွေ့ချင်နေတယ်
အဖေ ဆိုပင်မဲ့ အဖေရင်းမဟုတ်တာကိုလွိုင်းသိသည်
သို့သော် နွေးထွေးသည့်မိသားစုပင်မလား
:ဟုတ် ဒယ်ဒီ နဲ့ အဘိုးကိုလွိုင်းအားတဲ့ချိန်
လာတွေ့မယ်နော်
:ကောင်းပြီ ကောင်းပြီ
ဖုန်းကိုစားပွဲပေါ်ပြန်တင်လိုက်ပြီး
ဘေးမှာအိပ်နေသည့်ဒေါ်နီလာစိမ်းကိုတစ်ချက်ကြည့်ကာပြုံးမိလေသည်
စောင်အတွင်းသို့ပြန်၀င်လာသည့်သူကစိမ်းကိုယ်လုံးလေးကိုဆွေ့ကနဲသူ့ဘက်သို့ဆွဲကာပွေ့ဖက်လိုက်သည်
:ခင်ဗျား နိုးပြီမလား
စိမ်းခေါင်းခါပြကာစောင်အတွင်းသို့
တစ်ဖန်ပြန်တိုး၀င်လေတော့သူကရယ်သည်
: မ
:မင်းကြောင့်တို့အိပ်ရေးပျက်ထားတာနော် လွိုင်း
နည်းနည်းလောက်တော့ညှာပါအုန်းလား
တို့အသက်ကြီးနေပြီကို
:အဲ့ဇာတ်လမ်းကိုဘယ်သူစတာလဲ ပြော
:ဒါမဲ့! ဒါမဲ့ မင်းစိတ်မပါလည်းဖြစ်တာဘဲလေ
ညကအ၀တ်တွေပြန်၀တ်ထားပင်မဲ့
အတားအဆီးများတော့မရှိသည်မို့
စိမ်းတစ်ကိုယ်လုံးဟာနူးညံ့နေသည်
စိမ်းကိုပိုတိုးလို့ဖက်ထားလိုက်ပြီး
နားနားသို့တိုးကပ်လာကာ
နှစ်ကိုယ်ကြားရုံလေးသာပြောမိသည်
:သိပ်ချစ်တယ် ဒေါ်နီလာစိမ်း
:ဒီတစ်ခါတော့ တို့ယုံလို့ရပါတယ်နော်
: တစ်သတ်လုံးအတွက်မို့ ယုံပါ
စိမ်းသူ့ကိုခေါင်းမော့ကာကြည့်လေတော့
သူဟာစိမ်းနဖူးဆီသို့အနမ်းပေးလာသည်
:ပင်ပန်းနေရင်လဲဆက်အိပ်မယ်လေ
ဒီနေ့ဆေးခန်းပိတ်လိုက်တော့
:အမယ် မရပါဘူး တို့ကတို့အလုပ်ကို
တို့လေးစားတယ် မင်းလိုအိပ်နေရင်တောင်ပိုက်ဆံ၀င်နေတာမဟုတ်ဘူး သဘောပေါက်လား
စိမ်းပခုံးတို့ကိုခပ်ဖွဖွကိုက်ခဲလာသည့် လွိုင်း
:အာ့ လွိုင်းမြန်မာ
:အသည်းယားအောင်လာမလုပ်နဲ့
နောက်တစ်ချီစပေးလိုက်ရမလား
:မင်းနော်
တစ်ညလုံးနယ်ထားသည်မို့
စိမ်းလည်းအတော်ပင်နွမ်းဖတ်နေလေပြီ
ဒါကိုသူ့သက်လုံကောင်းတိုင်းလူကို
ထပ်ပြီးပြုမူချင်နေသေးတာဘဲ
စိမ်း လည်ပင်းတို့ကိုတစ်ဖန်ပြန်ငုံ့နမ်းလာပြီး
လက်တို့ကလည်းလှုပ်ရှားလာပြန်သည်
:တော်ပြီ တော်ပြီ တို့ရေချိုးချင်နေပြီ
ဖယ် တော်သင့်ပြီ
စိမ်းပခုံးတို့ကိုပြန်လဲချလိုက်ပြီး
အပေါ်မှနေ၍
:ကိုယ့်ကို လက်ထပ်ဖို့စိတ်ကူးထား
ဒေါ်နီလာစိမ်း ခင်ဗျားကိုယ့်တာ၀န်ကိုယ်ယူရမယ်
:ဘယ်လို ဘယ်လို
အခု ခံရတဲ့သူကဘယ်သူလဲ ဟမ်
မင်းကများ ပြောရတယ်ရှိသေး
အိပ်ယာပေါ်မှဆက်ကနဲထထိုင်လာပြီး
လွိုင်းလက်မောင်းတို့ကိုဆွဲကိုင်လာသည်မို့
စိမ်းကိုတစ်ဖန်ပြန်လဲချလိုက်သည့် လွိုင်း
စိမ်းလက်တို့ကိုဖိချုပ်လာပြီး
မျက်ခုံးတို့ကိုကျုံကာကျုံကာဖြင့်
:ခင်ဗျား ကို အဘိုးနဲ့တိုင်မယ်
:အောင်မာ
စိမ်းရုန်းတော့သူကစိမ်းလက်တို့ကိုဖိချုပ်ပြီး
နှုတ်ခမ်းတို့ကိုအတင်းစုတ်ယူနမ်းရှိုက်လာသည်
အမြဲတမ်း စိမ်းကသာသူပြုမှုသမျှကို
ခါးစည်းခံနေရသည်
:ဖယ်တော့ကွာ တကယ်ပင်ပန်းလာပြီ
နှုတ်ခမ်းတို့မှာလည်းသူနမ်းလွန်းလို့
စပ်ဖြင်းဖြင်းခံစားလာရပြီး
စိမ်းတစ်ကိုယ်လုံးလဲသူ့လက်ရာတွေနှင့်အပြည့်ပင်
သူကိုပြန်တွန်းလဲချလိုက်ပြီး
ကုတင်ပေါ်ကထလိုက်သည့် စိမ်း
:တို့ရေချိုးတော့မယ် ၀င်မလာနဲ့ ကြားလား
:ပြောမရဘူး
စိမ်းသူ့ကိုလျှစ်လျှီရှုထားလိုက်ပြီး
ဆံပင်တို့ကိုသေချာစည်းနှောင်က မျက်စောင်းတစ်ချက်ထိုးကြည့်ပြီး ရေချိုးခန်းထဲ၀င်သွားလေသည်
အငယ်လေးတစ်ယောက်ကိုချစ်မိပါတယ်
ကိုယ်ကကြည့် ခံစစ်ဖြစ်နေတာတော့
မဟုတ်သေးပါဘူး
...............................................
:ဒေါက်တာကောင်မလေး က
အမေရိက က ပြန်လာတာ ဆို
ဟုတ်လားဒေါက်တာ
:ဟယ် သတင်းကလည်းမြန်လိုက်တာ
:ဒေါက်တာလျှိုထားတာပေါ့
:မလျှိုပါဘူး သူကပြန်ရောက်တာ
လပိုင်းဘဲရှိသေးတယ်
:ဒေါက်တာ အငယ်လေးကိုအနိုင်ကျင့်နေတာဆို
ညီမလေးတွေကိုအနိုင်ကျင့်ရင် လိမ့်နေအောင်
ပြန်ခံရတာနော် ဒေါက်တာ သတိထား
သူပြောမှ ဟိုတစ်နေ့ကအကြောင်းတွေ
ခေါင်းထဲပြန်ပေါ်လာပြီ စိမ်းမျက်နှာလေး
ရှိုန်းကနဲ ရဲတက်သွားတော့သည်
ဒီမယ် ခင်ဗျား ကိုယ့်ကိုဘယ်တော့လက်ထပ်မှာလဲ
ဆိုပြီး မနက်တိုင်းရန်လုပ်ခံရသလို လူကိုမထင်ရင်
မထင်သလို ပြုမူသွားသည့်သူ့လုပ်ရပ်တွေ က
တကယ်ကြမ်းတမ်းလွန်းသည်
အဘိုး က ဒါတွေကိုမသိဘဲ
ဟိုကနေတောင် ဒီဆေးရုံအထိ
သတင်းတွေလွင့်လိုက်တယ်ပေါ့
သူ့မြေးအရင်းထပ် မွေးစားမြေးကို
ပိုချစ်နေတာအသိသာကြီး
:မုန်းဖို့ကောင်းလိုက်တာ
:ဟင် ဒေါက်တာဘယ်သူ့ကိုပြောတာလဲ
:အိမ်ကဟိုလူကိုပြောတာ အိမ်ကလူ
:ဪ ဟီးဟီး
အရိုးအထူးကုဆိုပင်မဲ့မြို့ငယ်လေးမို့
လူနာတော့သိပ်မများပေ
လူနာတွေကိုတစ်ချက်လိုက်ကြည့်ပြီး
ခဏနားဖို့ ရုံးခန်းဆီပြန်လာတော့
ဖုန်းထဲကဓာတ်ပုံကြောင့် ဒေါသကထောင်းကနဲပင်
:ဒီညတော့ မင်းနဲ့တို့တွေ့ကြသေးတာပေါ့
..............................................
:ဘာဖြစ်လာတာလဲ မ
ခရီးကပြန်ရောက်လာကတည်းက
ဘုကြည့်ကြည့်နေသည့် ဒေါ်နီလာစိမ်းကြောင့်
လွိုင်းမြန်မာ ကြောင်ကြောင်လေးရပ်၍နေလေသည်
စားပွဲပေါ်ကဖုန်းဆီအကြည့်ရောက်သွားတော့
မျက်လုံးပြူးမျက်စံပြူးပင်ဖြစ်သွားကာ
ခုံမှာထိုင်နေသည့် ဒေါ်နီလာစိမ်းအနားသို့
တိုးကပ်လိုက်ပြီး
:မ
:ဘာမှလာမပြောနဲ့!
:မဟုတ်ဘူး ပြောတာလေးတော့ နားထောင်ပါအုန်း
အဲ့ဒါကလေ အဲ့ဒါ အရိပ်မိုးလုပ်တာ
:မင်း၀တ်သွားတဲ့အင်္ကျီ ကို
တို့မသိဘူးထင်နေတာလား
:ဟုတ်တယ် အဲ့ဒါကိုယ်၀တ်သွားတာ
ဒါမဲ့ အဲ့ဒါ အရိပ်မိုးတို့လက်ချက်ပါ
ကိုယ်ပြောတာကိုယုံပါ တကယ်ပြောနေတာ
:မင်းကြောင့် တို့မေမေနဲ့လဲ ပြဿနာဖြစ်ခဲ့ရတယ်
ဖေဖေကိုလည်းမျက်နှာမပြရဲလောက်အောင်လဲ
အဘိုးကိုဆို အမြဲစိတ်ထဲကတောင်းပန်နေခဲ့ရတာ
မင်းကိုအလိုလိုက်မိခဲ့လို့ တို့မှာဖြေရှင်းလိုက်ရတဲ့ပြဿနာတွေဆိုတာ လက်ချိုးရေလို့တောင်မရဘူး
:ကိုယ်သိတယ် ကိုယ်နားလည်တယ်နော်
:ဘာကိုအခုမှနားလည်တာလဲ ဘာကိုသိတာလဲ ဟမ်
မင်းကလုပ်ချင်တာလုပ်ပြီး နိုင်ငံခြားကိုရှောင်ပြေးပြီး
အခုမှဘာကိုသိတာလဲ ဟမ်
ရိုက်ပုတ်နေသည့် မရဲ့လက်တွေကို
ဖမ်းချုပ်ပင်မဲ့ မရပါ
လွိုင်းရဲ့လက်မောင်းတွေကိုကိုက်ခဲလာပြီး
လက်ကလည်းဒုံးကျည်လားမှတ်ရလောက်အောင်
ရိုက်ပုတ်နေသေးသည်
:အဲ့ကြောင့်လက်ထပ်မယ်လို့
အမြန်ဆုံးလက်ထပ်ကြမယ်လို့
ကိုယ်မပြောဘူးလား
:ပြန်တွေ့တော့လည်း တို့ကိုမုန်းတယ်ပြောသေးတယ်
ပြီး သေလောက်အောင်မုန်းတာဆို မုန်းတာဆို
အဲ့ဒါဘယ်သူပြောခဲ့တာလဲ ဟမ်
:အ ကိုယ်တောင်းပန်တယ်လို့
အဲ့စကားတွေကသပ်သပ်အာချောင်ခဲ့တာ
:အဲ့ဒီနှုတ်ခမ်းနီရာကရော် ဘယ်သူလဲ
ဘယ်မိန်းမနဲ့လဲ ပြော အခုပြော
ဖြစ်စဉ်က ဒီလို
:လွိုင်းမြန်မာ နင်ဒေါက်တာကို
ကြိုက်သလိုပြုမူနေတာငါသိတယ်နော်
အေး နောက်ထပ်ဘာသံညာသံမကြားချင်ဘူး
:နင်သာနင့်ဘာနင်အဆင်ပြေအောင်အရင်နေအုန်း
လျှာရှည်လိုက်တာ
:ဟဲ့ နင်ဒီကိုရောက်တုန်း
တစ်ခွက်တစ်လေ မသောက်ချင်ဘူးလား
ငါ ပျင်းနေလို့ပါ
ဇေဇေ ရဲ့ အသံကြောင့် မိုးကမျက်စောင်းထိုးကာကြည့်နေသလို အိမ့်မှူးကလည်းစိတ်ပျက်လက်ပျက်ပင်ကြည့်နေပင်မဲ့ လွိုင်းကတော့ရယ်လျှက်သာ
:အိမ်ပြန်နောက်ကျလို့မဖြစ်လို့ပါ
နောက်မှလာသောက်မယ်
:အခုမှ မိန်းမလာကြောက်ပြနေ
လွိုင်းပုံစံဟာအရင်ကလိုမဟုတ်
အရပ်ခပ်မြင့်မြင့်နှင့်တီရှပ်အဖြူတွေသာ
၀တ်လာတာတွေ့ရပြီး ခပ်မိုက်မိုက် စတိုင်လ်လေးကြောင့် မိန်းကလေးအများစုကပင်
လည်ပြန်ငေးရသည့်အဆင့်
အရင်လိုကလေးဆန်ဆန်အင်္ကျီလေးတွေအစား
လူကြီးဒီဇိုင်းလေးပြောင်းလာတာတွေ့ရတော့
ဒေါ်နီလာစိမ်းပြန်ကြွေတာလဲမထူးစမ်းပါဘူးလေ
လွိုင်းကိုတစ်ချက်ကြည့်ပြီး
ညစ်ထက်ထက်အပြုံးနှင့်အိမ့်မှူးကို
လွိုင်းအနားသို့တွန်းလိုက်သည့် မိုး
:ဟယ် မိုး နင်ဘာလို့တွန်းတာလဲ
ဒီမှာလွိုင်းကိုထိကုန်ပြီ
ချလပ် !
ဖုန်းနဲ့ဓာတ်ပုံရိုက်လိုက်သည်မို့
လွိုင်း တစ်ချက်ကြောင်သွားကာ
ကိုယ်ပခုံးကိုယ်မမှီမကမ်းနှင့်ကြည့်တော့
ဟိဟိ !
:အရိပ်မိုး နင် နင်ဘာလုပ်တာလဲ
: နင်ငါ့ကိုပေးခဲ့တဲ့ဒုက္ခလောက်မကြီးပါဘူးဟာ
ဒေါက်တာကိုလည်းဒေါသ
ထွက်ခွင့်ပေးလိုက်ပါအုန်း
ဒေါက်တာလည်းနင့်ကြောင့်
စိတ်ဒုက္ခတွေရခဲ့တယ်မလား
: နင် အရိပ်မိုး
:မောင် ဒီမှာလာခေါ်တော့
လွိုင်းမြန်မာ မကိုရိုက်မယ်လုပ်နေတယ်
ချက်ချင်းပင်လေသံပြောင်းသွားသည့် အရိပ်မိုးကိုကြည့်ကာ လွိုင်းပါးစပ်ဟောင်းလောင်းပင်
:သူဘာဖြစ်သွားတာလဲ
:ရုံးပတီသီး
:ကောင်မရယ် ငါတောင်
အဲ့လောက်မနွဲ့ဘူး
ထိုကိစ္စကြောင့် စိမ်းသူ့ကိုရိုက်ပုတ်နေပြီး
စိတ်ပြေလောက်သည့်အချိန်ရောက်တော့
သူရင်ခွင်ထဲမှာခို၀င်နေပြီး မျက်မှောင်ကြုတ်ကာမော့ကြည့်နေသည့် စိမ်း
သူရှင်းပြသည်ကိုနားထောင်ပြီး
စိမ်းမျက်မှောင်တို့တော့ကြုတ်ထားဆဲ
ထိုညကတော့ လွိုင်းမြန်မာ တစ်ညလုံး
စိတ်မထင်ရင်မထင်သလို ရိုက်ခံနေခဲ့ရလေသည်
#SxinNatNwe
:လွိုင်းကတိပေးပါတယ်
:ဟုတ်ပါပြီ ငယ်ငယ်ကလို
:ဟုတ် အဘိုး
....
......................................................
.................................
:အေး
ပိုက်ဆံလိုလား
နင်ပြောသလိုဘဲ
တွေ့တာနဲ့ ရန်ဖြစ်ပြီ
စိတ်မဝင်စားဘူး
:တော်တော့လို့ မိုး
ယောင်ဆောင်နေတုန်းဘဲ
:မိုး တော်ပြီ
:သေချာလား အရိပ်မိုး
ငါမလာဖို့ပြောတာ
:အေး နင့်လိုလူကို
...................................
:သေချာလို့လား မိုး
တော်တော်မက်ကြပုံဘဲ
:လွိုင်းမြန်မာ
:ဒီမယ် နင်
:ကဲပါ မိုးရယ် နင်ကလဲ
:ရတယ် အေးဆေးဘဲငါက
:နင်
:တောက်စ် !
:နင် နင်
:မ မ ဘာဖြစ်တာလဲ
:ဗျာ
:ချီးထုပ်ဘဲ
........................................
အိမ်အတွင်းပိုင်းမှ
:မုန်းစရာကောင်းတယ်
ဘာပြောရမည်မသိ
:ဘယ်သူကရော်
:လွိုင်းဘက်ကတော့
:မင်းကို တို့ကပိုပြီး
ခဏနားကြတာပေါ့
နောက်ပြီး......
:အိမ့်မှူး နင်