နတ်နဂါးစစ်သည်

By purefeather199

17.2K 1.5K 21

နတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရ... More

အခန်း 1+2 (ငါ ပြန်လာခဲ့မယ်)
အခန်း 3+4 (အရင်းနှီးဆုံး သူစိမ်း)
အခန်း 5+6(အခန်းဖော်)
အခန်း 7+8(အလှနတ်သမီး၏အခြွေံအရံများ)
အခန်း 9+10(ရှောင်ဖို့ပဲတတ်တာလား)
အခန်း 11+12(အဓိပ္ပါယ်မရှိတဲ့ အောက်ဆုံးစည်း)
အခန်း 13+14(အားလုံးကို ထိန်းသိမ်း)
အခန်း 15+16(ရှေ့နေများ၏အဝိုင်းခံရခြင်း)
အခန်း 17+18(ပျားရည်ထောင်ချောက်များပင် အလုပ်မဖြစ်)
အခန်း 19+20(ဒီခန္ဓာကတော့တစ်ခုခုမှားနေပြီ)
အခန်း 21+22(ချောင်ပိတ်မိခြင်း)
အခန်း 23+24(လိမ္မာပါးနပ်တဲ့ရဲ)
အခန်း 25+26(ရုတ်တရက်ရောက်လာသောသတင်းထောက်များ)
အခန်း 27+28(အနည်းငယ်ခံစားသွားရခြင်း)
အခန်း 29+30(မထိန်းချုပ်နိုင်သောစွမ်းအားများ)
အခန်း 31+32(ဂိုဏ်းလေးဂိုဏ်း၏နောက်ခံ)
အခန်း 33+34(၅ မိနစ်တည်းနဲ့ အမှောက်သိပ်မယ်)
အခန်း 35+36 (သူ့ကို ခေါ်သွားချင်ရင် ငါတို့ စည်းကမ်းအတိုင်း လုပ် ))
အခန်း 37+38( ပြဿနာဒုတ်ထိုးရှာသူ )
အခန်း 39+40(အကြီးအကဲများ)
အခန်း 41+42(ခွန်အား စမ်းသပ်မှု )
အခန်း 43+44(အမှတ်မထင် တိုက်ပွဲတခု )
အခန်း 45+46(အမျိုးသမီး နှစ်ဦးကြားမှ အလောင်းအစား )
အခန်း 47+48 (ငါ မဖမ်းရဲတဲ့သူ မရှိဘူး )
အခန်း 49+50 ( ပန်းကလေး၏ စောင့်ရှောက်သူများ ဒေါသထွက်ခြင်း )
အခန်း 51+52( ရန်ငြိုးတွေ ရှိရင် အခုညပဲ အပြတ်ရှင်းရအောင် )
အခန်း 53+54 (သေမင်းတမန် ထိုးသတ်ပွဲ ဖိတ်ကြားလွှာ )
55+56 (သေမင်းတမန် ထိုးသတ်ပွဲအား လက်ခံခြင်း )
57+58( ကြိုတင်ပြင်ဆင်ခြင်း )
59+60( အကဲဖြတ်မှု ( ၁ ) ( တုံ့ပြန်မှု အမြန်နှုန်း )
61+62(မျက်လုံးအုပ်၍ ပစ်ခတ်ခြင်း )
63+64(အားကုန်သုံးပြီး ငါ့ကို ထိုးစမ်းပါ...)
65+66(လုံးဝ အကြံပြုတယ်...)
67+68( စောင့်နေရတာ တန်ရဲ့လား.... )
69+70(အခြေအနေ)
71+72(သူ ငါ့ရည်းစားဖြစ်လာရစေမယ်)
73+74( မတူညီသော အတွေးကိုယ်စီ )
75+76(မခူးဆွတ်ရက်သောပန်းတစ်ပွင့်)
77+78(ဒီအရူးကောင်ကတော့)
79+80(ကြောက်မက်ဖွယ်ရာတို့၏အစ)
အခန်း ၈၁ (ငါတို့ မစ်ရှင်ကို နင်ဘယ်လိုသိတာလဲ)
အခန်း ၈၂ (ငါမင်းနဲ့ကစားမယ်)
အခန်း ၈၃ (လှည့်စားမှု)
အခန်း ၈၄ - ငါ့မှာ သဘောကျတဲ့သူ ရှိပြီးသား
အခန်း ၈၅ ( ရှုချန်း လုပွဲ )
အခန်း ၈၆( လင်ချူရွယ်အား ပိုးပန်းနေသူ )
အခန်း ၈၇ ( တဲဗက်စ် မိသားစုပိုင် ကာစီနိုသို့ အလည်တခေါက် )
အခန်း ၈၈( လောင်းကစားဟူသည် အနုပညာတမျိုး...)
အခန်း ၈၉(အပျော်တမ်း ဖဲရိုက်ကြတာပေါ့... )
အခန်း ၉၀ (အလောင်းအစား)
အခန်း ၉၁ ( ဒီကောင်လေး ပြောင်းလဲသွားပြီ )
အခန်း ၉၂ (စာစဥ် ၇) (အချစ်လေး... ကိုယ့်ကို ဖဲဆော့ဖို့ ပိုက်ဆံ နည်းနည်းချေး )
အခန်း ၉၃ (မင်း တိုက်ပေါ်က ခုန်ခုချင်လည်း ပိုမြင့်တဲ့ တိုက်ကိုရှာ )
အခန်း ၉၄ ( အကြွင်းမဲ့ ပြောင်းလဲခြင်း တစ်ခု )
အခန်း ၉၅(ဒီခံစားချက်ကို လွမ်းတာ ကြာပြီ )
အခန်း ၉၆(ခေါင်းဆောင် ရဲ့ အမိန့်ကို နာခံ )
အခန်း ၉၇
အခန်း ၉၈ +၉၉
အခန်း ၁၀၀+၁၀၁
102+103
104+105
106+107
108+109
110+111
112+113
114+115
118+119
120+121
122+123
124+125
126+127
128+129
131+132
133+134
အခန်း ၁၃၅ ( သွေးကြွေးပြန်တောင်းရန် ရောက်လာသူများ )
အခန်း ၁၃၆ ( ပုန်းလျှိုးကွယ်လျှိုး )
အခန်း ၁၃၇ ( မယုံနိုင်ဖွယ် ဖြစ်ရပ် )
အခန်း ၁၃၈ ( ရှန်ဝမ်ဆန်း )
အခန်း ၁၃၉ ( အဲဒီ ရှုချန်း အစစ်ပဲ... )
အခန်း ၁၄၀
အခန်း ၁၄၁
၁၄၂( အထီးဖြစ်ဖြစ် အမ ဖြစ်ဖြစ် ဂရုမစိုက်ဘူး )
၁၄၃( ဒီကလေးက ငယ်လွန်းသေးပါတယ်... )
၁၄၄( အသန်မာဆုံး B အဆင့် )
၁၄၅( လင်လဲ့ နေထိုင်ခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက် )
၁၄၆( လီတ့ဟွမ်၏ အဆုံးသတ် )
၁၄၇( ကျုပ်မသွားခင် တံခါးဝဂိုဏ်း လေးခုလုံးကို ရှင်းသွားမယ်...)
၁၄၈( လုပ်ရိုးလုပ်စဥ် အတိုင်း စစ်ဆေးမယ် )
၁၄၉( ဟဲထျန်း ၏ ဗျူဟာ )
၁၅၀( အားလုံးကို ဖမ်းဆီးထိန်းသိမ်းခြင်း )
၁၅၁( ကျုပ်တို့ သူဌေးက ခင်ဗျားကို စကား တစ်ခွန်းလောက် ပြောချင်လို့တဲ့... )
၁၅၂( ကျုပ်ကို ခြိမ်းခြောက်ခဲ့တဲ့သူတွေ အခု ဘာဖြစ်နေလဲ သိလား... )
၁၅၃( ညီလေး... စားနော်...)
၁၅၄( စစ်ဒေသ ၃၆ ခု ပြိုင်ပွဲ )
၁၅၅( တကယ်ကို ထိုက်တန်ပါတယ်... )
၁၅၆(နောက်ယောင်ခံ လိုက်ခြင်း )
၁၅၇( ကျုပ် ရှာဖွေရေး ဝရမ်း လိုတယ် )
၁၅၈(ဖော်ထုတ်ခံရပြီ )
၁၅၉(အင်အားသုံး )
၁၆၀( ဟာကွက် အပြည့်နှင့် )
၁၆၁( ခေတ်တစ်ခေတ် အဆုံးသတ်ခြင်း )
၁၆၂( အနာဂတ်မှာ မင်းဘယ်လောက်ထိ အောင်မြင်မလဲဆိုတာ ငါ တကယ်ကိုမြင်ချင်ပါတယ်...)
၁၆၃( ပိုက်ကွန်ထဲမှ လွတ်သွားသော ငါးတစ်ကောင် )
၁၆၄
၁၆၅( သောက်ကျိုးတော့နည်းကုန်ပြီ ယောက်ဖရေ...)
၁၆၆( နင့်သူငယ်ချင်းက နင့် ယောက်ျားကို ဖွင့်ပြောလိုက်ပြီ...
၁၆၇( ရှန်ယောင် ချန်ခဲ့သော စာတစ်စောင် )
၁၆၈( ကတိ )
၁၆၉( ငါပြန်လာပြီ )
၁၇၀( မောက်မာသော လူသစ် )
၁၇၁( စီနီယာများနှင့် ဂျူနီယာများ အကြားမှ စစ်ရေးလေ့ကျင့်မှု )
၁၇၂( တစ်ကိုယ်တော် အစွမ်း )
၁၇၃( ဒီကောင် ဘာ အခွင့်အရေးမှ မရစေရဘူး )
၁၇၄( ပြည့်စုံသော လမ်းကြောင်း )
၁၇၅( မခုတ်တတ်တဲ့ကြောင် )
၁၇၆( စိတ်လှုပ်ရှားစရာ မရှိသလောက်ပါပဲ... )
၁၇၇( ငါတို့ TV အစီအစဥ် တစ်ခုမှ ပါရမယ် )
၁၇၈( ငါ လုပ်နိုင်တယ် )
၁၇၉( လင်ချူရွယ် )
၁၈၀( လေးလေးနက်နက် တွေးတောခြင်း )
အခန်း ၁၈၁( ထပ်ပြီးတော့ ရှုချန်းပဲလား... )
၁၈၂ + ၁၈၃( စစ်ဒေသ ငါးတွင် လူသစ်ကလေး ထင်တိုင်းကြဲရမည့် အလှည့် မရောက်သေးချေ...)
အခန်း ၁၈၄( အသက်တွေလည်း ကြီးပါပြီ... လှေကားက ဆင်းတာပဲ ကောင်းပါတယ်...)
အခန်း ၁၈၅ + ၁၈၆( မင်း မျက်ခွက် )
အခန်း ၁၈၇ + ၁၈၈(တစ်လောကလုံး နဲ့ စစ်ပြိုင်မယ် )
အခန်း ၁၈၉ + ၁၉၀( အရှက်မရှိ... )
အခန်း ၁၉၁ + ၁၉၂ + ၁၉၃( အမျိုးသမီး စစ်ယူနီဖောင်း )
အခန်း ၁၉၄ + ၁၉၅( ကံမကောင်းလွန်းသူကို ရန်ရှန်း ဟု ခေါ်သည်...)
၁၉၆ + ၁၉၇( ခင်ဗျား ရုပ်ရှင် ရိုက်ရင်လည်း ဒီလို အက်ရှင်ကားမျိုး ရိုက်စမ်းဗျာ... )
အခန်း ၁၉၈+၁၉၉( နဖူးပြင်ထက်မှ အနမ်းပန်း တစ်ပွင့် )
အခန်း ၂၀၀+၂၀၁( ခေါင်းမာသူ )
အခန်း ၂၀၂ + ၂၀၃( အဲဒါ ငါ့အိပ်မက်ပဲ... )
အခန်း ၂၀၄ (မင်းက ဆရာကြီးပဲ... )
အခန်း ၂၀၅+၂၀၆( ပြင်းထန်သော ပြိုင်ဆိုင်မှု )
အခန်း ၂၀၇+၂၀၈( ပြည့်စုံသော အစပြုခြင်း တစ်ခု )
အခန်း ၂၀၉+၂၁၀(ပစ်ချက် )
၂၁၁ + ၂၁၂( အသံမထွက်အောင် ဘယ်လို လျှောက်လာတာလဲ... )
အခန်း ၂၁၃ + ၂၁၄( တပ်တွင်း အပြေးချန်ပီယံပင် မလွတ်မြောက်နိုင်ခဲ့...)
အခန်း ၂၁၅ + ၂၁၆( သောက်ရမ်း မိုက်ချက်ပဲ )
အခန်း ၂၁၇ + ၂၁၈( ဒါဆို ငါ စ လှုပ်ရှားပြီ )
အခန်း ၂၁၉ + ၂၂၀( လူယုတ်မာ )
အခန်း ၂၂၁ + ၂၂၂(ခက်ခဲတဲ့ ပြိုင်ဘက် )
အခန်း ၂၂၃ + ၂၂၄(အရှက်မရှိ )
အခန်း ၂၂၅(မင်း ထပ်ပစ်ချင်သေးရင် ပစ်လေ )
အခန်း ၂၂၆ + ၂၂၇(မင်းအမေ ကိုယ်စား မင်းကို ခွင့်လွှတ်လိုက်မယ် )
အခန်း ၂၂၈ + ၂၂၉(ဖြစ်ချင်ရာကို အကောင်အထည် ဖော်ခြင်း )
အခန်း ၂၃၀ + ၂၃၁(ထိပ်တန်းအထူးအဖွဲ့ )
အခန်း ၂၃၂ + ၂၃၃(အဖွဲ့ နှစ်ခု အကြား ကွာြခားချက် )
အခန်း ၂၃၄ +​၂၃၅(ဆုပေးပွဲ )
အခန်း ၂၃၆ +​၂၃၇(ကျွန်မရဲ့ သခင်ကြီး ကာနယ် )
အခန်း ၂၃၈ +​၂၃၉ + ၂၄၀(ရည်ရွယ်ချက် ရှိရှိ )
အခန်း ၂၄၁ + ၂၄၂(ငါ သူ့ကို ယုံတယ် )
အပိုင်း - ၂၄၃ +၂၄၄(ဖယ်ရှားပစ်မယ် ( ၂ )
အပိုင်း - ၂၄၅ + ၂၄၆ + ၂၄၇( ငါ တောင်းပန်ဖို့ ရွေးချယ်တယ် )
အပိုင်း - ၂၄၈ + ၁၄၉(ငြင်းပယ်ခြင်း )
အပိုင်း - ၂၅၀ + ၂၅၁(ဒီကောင်လေး မဆိုးဘူးပဲ )
အပိုင်း ၂၅၂ + ၂၅၃( ကျုပ်က နဂါးတပ်ဖွဲ့ကို ကိုယ်စားပြုတယ် )
အပိုင်း ၂၅၄ + ၂၅၅( အရိပ်လက်သီး )
စာရေးသူ မှ ပြန်ကြားလွှာ
အပိုင်း ၂၅၆ + ၂၅၇( နှစ်လေး )
အခန်း ၂၅၈ + ၂၅၉( ငါ့ဇနီးလောင်းနဲ့ တစ်ခြားလူ လက်ထပ်သွားတော့ ငါဘယ်လို ခံစားရမလဲ )
အပိုင်း ၂၆၀ + ၂၆၁( တတိယမင်းသား၏ မဖြစ်စလောက် အကြံ )
အပိုင်း ၂၆၂ + ၂၆၃( စစ်ဆင်ရေးအောင်မြင်ခြင်း )
အပိုင်း ၂၆၄ + ၂၆၅( ကြားဖြတ်ခံရခြင်း )
အပိုင်း ၂၆၆ +​၂၆၇( ငါ ဒီမြို့က မပြန်တော့ဘူး )
အပိုင်း ၂၆၈ +​၂၆၉ + ၂၇၀( ဒီအချိန်မှာတော့ သေးပေါက်ချင်တာပဲ သိတယ် )
အပိုင်း ၂၇၁ + ၂၇၂( ငါ့ကို သောက်ရှက်ခွဲနေတာလား )
အပိုင်း ၂၇၃ + ၂၇၄ + ၂၇၅( အဘိုးကြီးတောင် မင်းလောက် ချော့မသွင်းတတ်ဘူး )
အပိုင်း ၂၇၆ + ၂၇၇ + ၂၇၈(သူ့ကို ဒီမှာ ထိန်းသိမ်းထား )
အပိုင်း ၂၇၉ + ၂၈၀ + ၂၈၁( ညစာစားပွဲ )
အခန်း ၂၈၂ + ၂၈၃( ခင်ဗျားတို့ ဘယ်လောက်ရောင်းမှာလဲ... ကျုပ် အကုန်ဝယ်မယ်... )
အခန်း ၂၈၄ + ၂၈၅( မင်းတို့အားလုံး အမှိုက်လိုကောင်တွေချည်းပဲ...)
အခန်း ၂၈၆ + ၂၈၇ + ၂၈၈(နောက်ဆုံး )
အခန်း ၂၈၉ + ၂၉၀( သူမကိုယ်သူမ အပြစ်တင်ခြင်း )
အခန်း ၂၉၁ + ၂၉၂(မင်း သန္ဓေပြောင်းလူသား ဖြစ်လာလိမ့်မယ် )
အခန်း ၂၉၃ + ၂၉၄ + ၂၉၅( ကျုပ်လက်သီး တွေကို လုံးဝ ရပ်မရတော့ဘူး... )
အခန်း ၂၉၆ + ၂၉၇ + ၂၉၈( ချောက်ချခြင်း.... )
အခန်း ၂၉၉ + ၃၀၀( လျှိုထားမယ်.... )
အခန်း ၃၀၁+၃၀၂( အားလုံးပဲ... ကျွန်မက ရှုချန်း မိန်းမပါ... )
အခန်း ၃၀၃ + ၃၀၄( ရင်ဆိုင်ရန် မဖြစ်နိုင်သော )
အခန်း ၃၀၅+၃၀၆( ရှုချန်း ခြေရာ လိုက်နင်းဖို့ဆိုတာ...)
အခန်း ၃၀၇+၃၀၈( ခြိမ်းခြောက်ခြင်း )
အခန်း ၃၀၉+၃၁၀( ပွဲပြီးသွားပြီ )
၃၁၁+၃၁၂+၃၁၃( ရှုံးသူ ချီးစားကြေး )
အခန်း ၃၁၄+၃၁၅( ကျေးဇူးနော် ချူရွယ် )

116+117

92 10 0
By purefeather199

နတ်နဂါးစစ်သည်
အခန်း ၁၁၆
(ဂျိုးဇက် ၏ အခွင့်အရေး )

ရှန်ယောင်ကို မျက်နှာရိပ် မျက်နှာကဲ ခတ်ရသည်မှာ လွယ်ကူလွန်းလှသည်။ ဖဲကောင်းသည့်အခါ သူမ၏ မျက်လုံးများက တောက်ပနေပြီး ဖဲညံ့လျှင်တော့ မျက်ခုံးများ တင်းတင်းကြုတ်ထားလေ့ ရှိသည်။

ရှုချန်းက ရှန်ယောင်၏ ထိုအားနည်းချက်ကို သတိပြုမိသော်လည်း ယခုအချိန်မှ ပြင်ခိုင်းရန် မဖြစ်နိုင်တော့ချေ။ သို့အတွက်ကြောင့် ချက်ချင်း မပြောသေးပဲ ထိုအားနည်းချက်ကို ထောင်ချောက်အဖြစ် သုံးရန်သာ စဉ်းစားလိုက်သည်။

သူတို့ ထိုင်၍ ပွဲပြန်စချိန်တွင်တော့ ဖဲဝေသူက ဖဲချပ်များ ဆက်ဝေ၏။ ရှန်ယောင်က သူမ၏ သက်တော်စောင့်ကို ဒိုးပြားများ အနောက်ဘက်ခြင်းထဲသို့ သိမ်းခိုင်းပြီးနောက် စားပွဲတွင် ပြန်ထိုင်သည်။

စင်အနောက်ဘက်တွင်တော့ ရှန်ယောင်၏ သတင်းအချက်လက်များက သခင်ကြီးချင်၏ စားပွဲပေါ် ရောက်ရှိနေပြီ ဖြစ်သည်။ သခင်ကြီးချင်က ရှန်ယောင်ကို ရင်းနှီးနေသည်ဟု ခံစားရခြင်းက မထူးဆန်းချေ။ ဆိုရသော် ရှန်ယောင်ဆိုသည်မှာ မစ္စတာရှန် မိသားစု၏ သမီးဖြစ်သည်။ ရှန်ယောင်တစ်ယောက် ငွေကြေး အများအပြား ထုတ်သုံး၍ ကစားနေနိုင်ခြင်းကလည်း မထူးဆန်းတော့ပေ။

ရှန်ယောင်၏ ဖခင်ဖြစ်သူမှာ ငွေကြေးသန်းပေါင်းများစွာ ဥစ္စာဓန ပိုင်ဆိုင်သည်။ ထို့အပြင် မစ္စတာရှန်းသည် သားဖြစ်သူ သေဆုံးပြီးနောက် ကျန်ရစ်သော သမီးဖြစ်သူ ရှန်ယောင်ကို သဲသဲလှုပ် ချစ်မြတ်နိုး၏။ ရှန်ယောင်က မိသားစုနှင့် ပဍိပက္ခ ဖြစ်ထားသော်လည်း ဖခင်ဖြစ်သူက သူလုပ်မိသော အရာအပေါ် အပြစ်တစ်ခု ခံစားရပြီး ရှန်ယောင်ကို လွန်စွာ ပ,စား ပေးထားသည်။

“သခင်မလေးရှန်က မဟုတ်မခံ ဆတ်ဆတ်ကြဲ ဆိုပေမယ့် ဒီကိုလာတာတော့ ပြဿနာ လာရှာတာ မဟုတ်လောက်ဘူး ထင်တယ်..” ရှန်ယောင်တစ်ယောက် ဆက်တိုက် ငွေများ ရှုံးနေသည်ကို ကြည့်ကာ သခင်ကြီးချင် လက်အောက်ငယ်သား ဖြစ်သူကို အမိန့်ပေးလိုက်သည်။

“သူ့ကို သတိထားစရာ မလိုတော့ဘူး.. တခြားသူတွေကို ပိုပြီး စောင့်ကြည့်.. အထူးသဖြင့် ဗီးဂတ်စ်ကလာတဲ့ နိုင်ငံခြားသား လောင်းကစား သမားတွေကို စောင့်ကြည့်..”

ရှန်ယောင်က နောက်ထပ် သန်းချီ၍ ထပ်ရှုံးသွားပြန်သည်။ ထိုငွေများ အားလုံးကို သူဌေးနှစ်ဦး နိုင်ထားခြင်း ဖြစ်သည်။ ပြောရမည်ဆိုလျှင် ရှုချန်းက ရှန်ယောင်ကို ရည်ရွယ်ချက် ရှိရှိဖြင့် အရှုံးခံ ခိုင်းထားခြင်းပင်။ ရှုံးတလှည့် နိုင်တလှည့်မှသာ လူအများ သံသယမဝင်ပဲ ပုံမှန်ဟု ထင်ကြမည် ဖြစ်သည်။

နောက်တစ်လှည့်တွင်တော့ ရှန်ယောင်က ဖဲချပ်များ ကြည့်ချိန်တွင် လက်ကို ပို၍ လှုပ်ရှားလိုက်မိရာ သူမ၏ ဖဲချပ်များကို ပြသလို ဖြစ်သွားခဲ့သည်။ ရှုချန်းက သက်တော်စောင့်ကို ပြောလိုက်၏။

“ရှန်ယောင်ရဲ့ အနောက် (၃၅) ဒီဂရီလောက်မှာ လျှို့ဝှက်ကင်မရာ သေးသေးလေး ရှိတယ်.. အဲ့ထောင့်ကနေ ကြည့်မယ် ဆိုရင် ရှန်ယောင်ရဲ့ ကတ်တွေကို တစ်ယောက်ယောက် မြင်သွားနိုင်တယ်.. မင်းရဲ့ခန္ဓာကိုယ်ကို ရှန်ယောင်ရဲ့ အနောက် စင်တီမီတာ(၃၀)လောက် တိုးလိုက်.. အဲ့တာဆို ကာထားပြီး ဖြစ်သွားလိမ့်မယ်..”

ရှုချန်း၏ စကားကြားပြီးနောက် သက်တော်စောင့်က ရှန်ယောင်နံဘေး အနည်းငယ် ပို၍ တိုးကပ်၍ လျှို့ဝှက်ကင်မရာ၏ မြင်ကွင်းကို ပိတ်ထားလိုက်သည်။

“သေစမ်း..” ဂျိုးဆက်၏ ငွေများ ပြန်ရရန် ကူညီပေးနေသော ဝန်ထမ်းလေးက ကင်မရာမြင်ကွင်း အပိတ်ခံလိုက်ရသောကြောင့် စိတ်ညစ်သွား၏။ သူက ချက်ချင်းပင် ဖဲဝေသူကို လှမ်းအကြောင်းကြားလိုက်သည်။

“ကင်မရာ အပိတ်ခံလိုက်ရတယ်.. ဧည့်သည်ရဲ့ ကတ်တွေကို မမြင်ရတော့ဘူး… ကိုယ့်ဘာသာပဲ ဆုံးဖြတ်တော့..”

ဖဲဝေသူက မျက်မှောင်ကြုတ်ရင်း ရှန်ယောင်အနောက်မှ သက်တော်စောင့်ကို လှမ်းကြည့်လိုက်မိသည်။ သက်တော်စောင့်က အမူရာကင်းမဲ့စွာဖြင့် မတ်တပ်ရပ်နေ၏။ ယခုတော့ ဖဲဝေသူက ရှန်ယောင်၏ ဖဲကို မသိနိုင်တော့ရာ ဂျိုးဆက်ကို အမူရာပြ၍ မရတော့။ ရှန်ယောင်ကတော့ ဤသည်များကို သတိမပြုမိချေ။

ရှုချန်းက ပွဲကိုအာရုံစိုက် ကြည့်ရင်း ဖဲဝေသူ ဖဲမဝေခင်ကတည်းကပင် အားလုံး လက်ထဲ ရောက်ရှိမည့် ဖဲချပ်များကို တွက်ချက်ပြီး ဖြစ်သည်။ ဖဲချပ်များ မဝေမီပင် ရှုချန်းက ရှန်ယောင်အား သတိပေးလိုက်၏။

“အမကြီး.. ကျေးဇူးပြုပြီုး မျက်နှာပေါ်က ခံစားချက်‌ အမူရာတွေ မပြပဲ နေလို့ မရဘူးလား.. နည်းနည်းပါးပါး သရုပ်ဆောင်တာလေး ဘာလေး လုပ်ပါဦး.. ပြီးတော့ စိတ်လည်း အေးအေးထား..  သန်းရာချီငွေကြေးတွေ နိုင်တဲ့အတွက် စိတ်လှုပ်ရှားနေမယ်ဆိုတာ ငါသိပါတယ်.. ဒါပေမယ့် နိုင်သွားရင်တောင် အဲ့တာက ငါ့ပိုက်ဆံတွေလေ.. မနက်ဖြန်သေရတော့မယ့် လူတစ်ယောက်ရဲ့ အမူရာမျိုး အမကြီး သရုပ်ဆောင်ထားလို့ မရဘူးလား..”

မှန်၏။ ရှုချန်း၏ စကား ကြားသည်နှင့် ရှန်ယောင်တစ်ယောက် ချက်ချင်းပင် မျှော်လင့်ချက် အားလုံး ပျောက်ဆုံးသွားခဲ့သည်။ သူမနိုင်ထားသော ငွေကြေးများက သူမအပိုင်မဟုတ်ပဲ ရှုချန်း၏ ငွေကြေးများ ဖြစ်ကြောင်း ပြန်သတိရသွားပြီးနောက် ရှန်ယောင်၏ မျက်နှာက စိတ်ပျက်လက်ပျက် အမူအရာ ဖြစ်သွားခဲ့သည်။

ရှုချန်းက ယခုမှ သတိပေးလိုက်ခြင်းမှာ နောက်ထပ်ဝေမည့် ဖဲချပ်များတွင် ရှန်ယောင် တစ်ယောက် ဖဲအလွန်ကောင်းတော့မည် ဆိုသည်ကို ကြိုတွက်မိ၍ပင်။

ဂျိုးဆက်နှင့် သူဌေးနှစ်ဦးက မျက်လုံးများ မှေးကျဉ်း၍ ရှန်ယောင်ကို တစ်ချက် ကြည့်လိုက်သည်။ ဖဲနှစ်ချပ် ရပြီးနောက် မျက်နှာပျက်သွားသော ရှန်ယောင်ကို ကြည့်ရင်း ဤကောင်မလေး ဖဲမကောင်းမှန်း သူတို့ချက်ချင်း တွက်ဆ လိုက်မိသည်။

“အပွင့်အသေးဆုံး ကနေ စ ကြတာပေါ့..” ဖဲဝေသူက ရှန်ယောင်ကို အချက်ပြရင်း ကြေးစဖွင့် လိုက်သည်။ ရှန်ယောင်၏ ဖဲချပ်က ထောင့်ငါး(diamond 5) ဖဲချပ်ဖြစ်ရာ ဝေလိုက်သော ဖဲချပ်များအတွင်း အသေးဆုံး အပွင့်ပင်။

“တစ်သိန်း..” ရှန်ယောင်က စိတ်မပါလက်မပါဖြင့် ကြေးစခေါ် လိုက်သည်။ ဂျိုးဆက်အလှည့်သို့ ရောက်ချိန်တွင် ဂျိုးဆက်က ကြေးထပ်မြှင့်လိုက်၏။

“တစ်သန်း…” သူဌေးနှစ်ဦးက လောင်းကြေး ဆက်လိုက်သည်။

ဒုတိယတစ်ကြိမ် ဖဲဝေချိန်တွင်တော့ ရှန်ယောင်က ထောင့်ရှစ် ဖဲချပ် ထပ်ရသည်။ ဂျိုးဆက်က သူ၏ လှန်ထားသော ဖဲချပ်နှစ်ချပ်ကို ကြည့်လိုက်သည်။ သူ၏ ဖဲချပ်များက ဟတ်လိုင်း(Heart) ဖြစ်ပြီး (၃) ဖဲနှင့် (၅) ဖဲများပင်။ မှောက်ထားသော ဖဲချပ်များကို ဂျိုးဆက် ပြန်ကြည့်လိုက်သည့်အခါ ဟတ်(၄)နှင့် ဟတ်(၆)။

ဂျိုးဆက်တစ်ယောက် လွန်မင်းစွာ စိတ်လှုပ်ရှား ပျော်ရွှင်ရင်း ဟတ်ဖဲများ ထပ်ကျစေရန် နှလုံးသားထဲမှ ကျိတ်ကာ ဆုတောင်းနေမိသည်။

နောက်ထပ် ဟတ်ဖဲတစ်ချပ် တက်လာသည်နှင့် အနည်းဆုံး ဖလက်ရှ် (အရောင်တူ ) ဖြစ်ပေတော့မည်။ ထို့အပြင် (၂)ဖဲ သို့မဟုတ် (၇) ဖဲသာ တက်လာမည် ဆိုပါက ရိုးရိုး ဖလက်ရှ်မဟုတ် တော်ဝင်ဖလက်ရှ်(စထွိုက်နှင့် ဖလက်ရှ်ပေါင်း)ပင် ဖြစ်သွား ပေလိမ့်မည်။

သို့သော် ဂျိုးဆက်၏ စိတ်ထဲ မတင်မကျ ဖြစ်နေသည်။ သူက ရှန်ယောင် တစ်ယောက် စိတ်မရှည်မှန်း သိ၏။ သူမက ဖဲမကောင်းသည်နှင့် တန်း အရှုံးပေး ပေလိမ့်မည်။ ဂျိုးဆက်အတွက် ဤကဲ့သို့ ဖဲကောင်းရန် ခက်ခဲရာ ဤအလှည့်တွင် သန်းရာချီ မယူနိုင်ပါက နှမြောစရာ ကောင်း၏။

သို့အတွက်ကြောင့် ဂျိုးဆက်က မည်သည့် စိတ်လှုပ်ရှားမှုကိုမျှ မပြချေ။ သူက အမူအရာ မပျက်စေပဲ ရသမျှ အလှည့်ထိ ပြိုင်ဘက်များ ဆက်လိုက်လာစေရန် ကြေးလျော့ခေါ်ပြီးမှ နောက်ဆုံး အချီနှင့် သိမ်းရန် စဉ်းစားလိုက်သည်။

ဂျိုးဆက်က ချောင်းဟန့်ကာ သက်ပြင်းချ လိုက်သည်။
“ကြည့်ရတာ ဒီနေ့ငါ ဘုရားမရှိခိုးလာလို့ထင်တယ်.. ငါ့ဖဲချပ်တွေက တော်တော် အဆင်မပြေလိုက်တာ.. ဒါပေမယ့် ငါက အရမ်း ရက်ရောတတ်တာ ငါ့စတိုင်လ်(ပုံစံ) ဖြစ်နေတယ်.. ကဲ.. ငါးသန်း..”

သူဌေးနှစ်ဦးက သူတို့လက်ထဲမှ ဖဲချပ်များကို ကြည့်၍ တလှည့် ရှန်ယောင်ကို ကြည့်၍ တလှည့် စဉ်းစားနေကြသည်။ သူတို့နှစ်ဦးလုံးက ဖဲအကောင်းကြီးတော့ မဟုတ်ချေ။ သူတို့က ဤတစ်လှည့် စွန့်စား၍ ထပ်ရမည့် ဖဲကို ကြည့်ချင်သည်။

“လိုက်မယ်..” “လိုက်မယ်..”

ထို့နောက် ဂျိုးဆက်က ရှန်ယောင်ကို ကြည့်ကာ ပြောလိုက်သည်။ “မင်းအလှည့်ပဲ မိန်းမလှလေး.. ဟိုအလှည့်မှာ မင်းနိုင်သွားတာ ငါတော်တော် အံ့ဩမိတယ်.. မိန်းမတစ်ယောက်က အဲ့လောက် မရဲတင်းဘူး ထင်ခဲ့တာ..”

ဂျိုးဆက်က ရှန်ယောင်ကို ချီးကျူးသလိုနှင့် နှက်ချ လိုက်ခြင်းဖြစ်သည်။ ရှန်ယောင်က ပြုံးရုံသာပြုံးလိုက်၏။
“ငါ ငွေတွေ အများကြီး နိုင်ထားပြီးပြီ.. ဒီအလှည့် ဖဲမကောင်းဘူး ဆိုပေမယ့်လည်း ပြန်လှူပေးရမှာပေါ့… ရော့ ငါးသန်း… လိုက်မယ်..”

ဖဲဝေသူက တတိယအလှည့် ဖဲထပ်ဝေချိန် ရှန်ယောင်က ထောင့်(၉) ဖဲချပ်ကို ရရှိလိုက်သည်။ သို့ကြောင့် စားပွဲပေါ် ရှန်ယောင် လှန်ပြထားသော ကတ်များမှာ ထောင့်ဖဲ(၅၊၈၊၉) ဖဲချပ်များ ဖြစ်သည်။

ထိုအချိန် ဂျိုးဆက်ကတော့ လက်သီးလက်မောင်းတန်း၍ ဒိုးပြားများ အကုန် တွန်းတင်ကာ ကြေးမြှင့်လိုစိတ်ကို မနည်းထိန်းထား လိုက်ရသည်။ သူဆုတောင်းနေသည့် အတိုင်း ဟတ်ဖဲ တက်လာသည် မဟုတ်ပါလား။ ထို့အပြင် ဟတ်(၇) ဖြစ်သည်။ သို့အတွက်ကြောင့် သူ၏ ဖဲအစဉ်က ဟတ်လိုင်း (၃၊၄၊၅၊၆၊၇) စထွိုင်ဖလက်ရှ် ဖြစ်သွားလေပြီ။

ထို့နောက် ဂျိုးဆက်က ရှန်ယောင်၏ ဖဲချပ်များကို လှမ်းကြည့်လိုက်သည်။ ရှန်ယောင်၏ ဖဲချပ်များက ထောင့်လိုင်း အရောင်တူများ ဖြစ်သော်လည်း ၅၊ ၈ နှင့် ၉ ဖဲတို့အကြား ၆နှင့် ၇ ခြားနေသေး၏။ ရှန်ယောင်က အရောင်တူ ဖဲချပ်များ ရရှိထားလျှင်ပင် ဖလက်ရှ်သာ ဖြစ်ပေဦးမည်။ ဂျိုးဆက်ကတော့ စထွိုက်ဖလက်ရှ် ဖြစ်နေသည် မဟုတ်ပါလား။

သူဌေးနှစ်ဦးက ဂျိုးဆက်နှင့် ရှန်ယောင်တို့ ကတ်များကို ကြည့်လိုက်သည်။ ရိုးရိုးသားသား ပြောရမည် ဆိုလျှင် သူတို့က အမှန်ပင် ကြောက်မိသည်။ သူဌေးနှစ်ဦး၏ လက်ထဲ ထောင့်လိုင်း ဟတ်လိုင်းဖဲချပ်များ မရှိရာ ရှန်ယောင်နှင့် ဂျိုးဆက်တို့ထံတွင် ဖလက်ရှ် ဖြစ်နိုင်ချေ များ၏။

သို့သော် ဂျိုးဆက်နှင့် ရှန်ယောင်တို့ မှောက်ထားသော ဖဲချပ်များတွင် မတူညီသော အရောင်များ ဖြစ်ပါက အစောကြီးကတည်းက နောက်ဆုတ် သွားမည် ဖြစ်သည်။ ယခုက မည်သူ သတ္တိပိုရှိသနည်းအပေါ် မူတည်နေ၏။

လောင်းကြေးထပ်ခြင်း မှန်ကန်ခဲ့လျှင် အချီကြီးနိုင်၍ မှားခဲ့လျှင်တော့ ခွေးကျ ဝက်ကျ ကျပေလိမ့်မည်။

“၇ဖဲ .. မစ္စတာဂျိုးဆက် ကြေးခေါ်ပါ..”

ဂျိုးဆက် တိုက်ရိုက်ပင် ၁၀ သန်း ပစ်တင်၍ ပြောလိုက်သည်။ “ငါးချက်လုံး ဝေပြီးပြီဆိုတော့ ဒီအတိုင်း အရှုံးပေးလိုက်တာ ငါ့စတိုင်လ် မဟုတ်ဘူး..”

သူဌေးနှစ်ဦးက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ရင်း ဂျိုးဆက်က ဟန်ဆောင်နေခြင်း ဟုတ်မဟုတ် စဉ်းစား အကဲခတ် လိုက်ကြသည်။

သူဌေးတစ်ဦးက သူ့လက်ထဲရှိ အမြင့်ဆုံးဖြစ်သော ၁ပူးကတ်ကို ကြည့်ရင်း နောက်ဆုံးတွင်တော့ ဆက်မလိုက်တော့ပဲ ဖဲမှောက်လိုက်သည်။ အခြား သူဌေးကတော့ လက်ထဲ စထွိုက်အစဉ် ဖြစ်နေရာ အံကြိတ်၍ ပြောလိုက်၏။

“လိုက်မယ်..”

ဂျိုးဆက်က ရှန်ယောင်ဘက်သို့ ကြည့်ရင်း ပြုံးစစဖြင့် ပြောလိုက်သည်။

“မင်းအလှည့်..”

ရှန်ယောင်က ဝေခွဲရ ခက်နေသည့်ပမာ မျက်မှောင်ကြုတ်ရင်း အသဲသန် စဉ်းစားနေသည်။ ရှုချန်းက ရှန်ယောင်၏ သရုပ်ဆောင်မှုကို ကြည့်ရင်း ချီးကျူး လိုက်မိ၏။

“ငါ မင်းရဲ့ သရုပ်ဆောင် အရည်ချင်းအတွက် အမှတ်(၁၀၀) ပေးရမယ်..”

အမှန်တော့ ရှန်ယောင်က ဂျိုးဆက်ထက် ပို၍ ခပ်စွာစွာ၊ ခပ်မာမာ စိတ်လှုပ်ရှား နေသင့်သည်။ သူမလက်ထဲရှိ ဖဲအစဉ်သည်လည်း ရှားမှရှား ဖဲအစဉ် ဖြစ်နေသည် မဟုတ်လော။ သို့သော်လည်း ဤတစ်ခေါက်က သူမအနိုင်ရရှိရန် အတွက် နောက်ဆုံး အခွင့်အရေးလည်း ဖြစ်နိုင်ရာ တလွဲလုပ်၍ မဖြစ်ချေ။

“မစ္စတာ ဂျိုးဆက်.. ဒီတစ်ခေါက် ကျွန်မ လက်ထဲ ဘာဖဲတွေ ရှိမလဲ ဆိုတာ ခန့်မှန်းနိုင်မလား..” ရှန်ယောင်က မေးလိုက်သည်။

ဂျိုးဆက်က ရယ်မောရင်း ဖြေ၏။ “စထွိုက် ဖလက်ရှ် ဖြစ်ဖို့ ၁ရာခိုင်နှုန်း ဖလက်ရှ်ဖြစ်ဖို့ ၇ ရာခိုင်နှုန်း ရှိတယ်.. ဒါပေမယ့် ငါ့ကို မေးရင်တော့ မင်းမှာ အလွန်ဆုံး ရှိမှ ဖလက်ရှ်ပေါ့.. ဒါမှ မဟုတ်လည်း တခြားကတ်တွေနဲ့ ရောပြီး စထွိုက်ဖြစ်နိုင်တယ်.. ဒါပေမယ့် ငါထင်တာ မင်းမှာ အများဆုံး ရှိမှ ၉ ပူးပဲ..”

ရှန်ယောင်က ရယ်မောရင်း ပြောလိုက်သည်။ “အဲ့တာဆို မစ္စတာ ဂျိုးဆက်… ရှင် ကြောက်တတ်လား..”

ဂျိုးဆက်က ရယ်မောရင်း ပြော၏။ “ငါ့ကို ဖြဲခြောက် ချင်လို့လား.. မင်းကို ပြောလိုက်မယ်.. ကြိုက်ကြေးတင်လိုက်.. မင်းနဲ့ ရင်ဖိုစရာ ကစားပွဲလေး လိုက်ဆော့ပေးဖို့ ကြေးမပယ်ဘူး..”

“အဲ့တာဆို ဘာစောင့်နေဦးမှာလဲ.. သန်း(၂၀)ပေါ့..” ရှန်ယောင်က တဲ့တိုးပင် ပြောရင်း ကြေးထပ်မြှင့်လိုက်သည်။

အခန်း ၁၁၆ ပြီး

နတ်နဂါးစစ်သည်
အခန်း ၁၁၇
(လည်လည်ဝယ်ဝယ် )

ဂျိုးဆက်က ရှန်ယောင် အပေါ်ပင် သနားမိသွားသည်။ ဂျိုးဆက် တွက်ချက်ပြသည့် အတိုင်းပင် ဖဲချပ်ပေါင်း ၅၄ ချပ်တွင် ထောင့်(၇) ဖဲချပ် ရနိုင်ခြေက အပုံ ၅၀ ပုံ ၁ပုံသာ ရှိသည်။ လိုအပ်နေသော ကြားမှ ထောင့်ဖဲ နှစ်ချပ်လုံးရရန်က အပုံ ၁၀၀ ပုံ ၁ပုံ မပြောလျှင် အပုံတစ်ထောင်ပုံ တစ်ပုံပင် မရှိချေ။ သို့အတွက်ကြောင့် ရှန်ယောင်၏ ဖဲအစဉ်က အကြီးဆုံးမှ ဖလက်ရှ်သာ ဖြစ်မည်ဟု ဂျိုးဆက် တွက်ဆသည်။

ဂျိုးဆက်၏ ဖဲအစဉ်ကတော့ စထရိတ်ဖလက်ရှ်(ဝါ) တော်ဝင်ဖလက်ရှ် ဖြစ်နေရာ ရှန်ယောင်နှင့် အဆုံးထိ သွားရန် စိတ်ပိုင်းဖြတ်ထား၏။

“သန်း ၂၀ ဆိုတော့လည်း သန်း ၂၀ပေါ့..” ဂျိုးဆက်၏ မျက်နှာက တောက်ပ လာသည်။ လောင်းကြေး ဆက်လိုက်လာသော သူဌေးတစ်ဦးက မျက်မှောင်ကြုတ် လိုက်သည်။ ရှန်ယောင်နှင့် ဂျိုးဆက်တို့ ကိုင်ထားသော ဖဲလိုင်းများက မတူညီချေ။ ရှန်ယောင်က ထောင့်လိုင်း၊ ဂျိုးဆက်က ဟတ်လိုင်းဖြစ်သည်။

ကိုင်ထားသော ဖဲလိုင်းတူလျှင်တော့ ထိုနှစ်ဦးထဲမှ တစ်ဦး ဖလက်ရှ် ဖြစ်နိုင်ချေ ရှိ၏။ ယခုတော့ နှစ်ဦးလုံး ဖလက်ရှ်ဖြစ်နိုင်ချေ ရှိသလို နှစ်ဦးလုံး မရှိသည်လည်း ဖြစ်နိုင်၏။ သူ၏ စိတ်ထဲတွင်လည်း ဒွိဟ ဖြစ်နေသည်။

ရှန်ယောင်တို့နှစ်ဦးလုံး ဖလက်ရှ်မဟုတ်လျှင် သူက စထရိတ်ဖဲစဉ်ဖြင့် နှစ်ဦးလုံးကို နိုင်မည် ဖြစ်သည်။ သို့သော် သူ၏ ဖဲချပ်များတွင် ထောင့်လိုင်းရော ဟတ်လိုင်း မပါရှိချေ။ ထို့အတွက်ကြောင့် ရှန်ယောင်နှင့် ဂျိုးဆက်တို့ မှောက်ထားသော ဖဲချပ်များတွင် ထောင့်လိုင်းနှင့် ဟတ်လိုင်းများ ရှိနေနိုင်စွမ်း များပေသည်။

ထိုသူဌေးက စွန့်စားသင့် မစွန့်စားသင့် တွေဝေနေ၏။ သန်း(၂၀) ပစ်ထည့်ပြီးသည်နှင့် ဆက်ခေါ်မည့် ကြေးများကို ထပ်လိုက်ရပေတော့မည်။ ရှုံးသွားလျှင် အထိနာပေလိမ့်မည်။ သူ၏ လက်ရှိ အခြေနေက စားဖို့ရာ သဲတရှပ်ရှပ်၊ ပစ်ဖို့ရာ အဆီတဝင်းဝင်း ဖြစ်နေ၏။

တွေးရင်းပင် ထိုသူဌေးက ဖဲချပ်များ အားလုံးကို မှောက်၍ လောင်းကြေး ဆက်မလိုက်တော့ပဲ လက်ရှောင်လိုက်တော့သည်။ 

“လိပ်လို ခေါင်းပြန်ဝင် ကြပြန်ပြီ.. မိန်းမလှလေး.. မင်းနဲ့ငါပဲ ထပ်ရင်ဆိုင်ရတာ ကံတရားထင်ရဲ့..” ဂျိုးဆက်က ရယ်မောလိုက်သည်။ ရှန်ယောင်က သန်းငါးဆယ်ဖိုး ချပ်စ်ပြား များ ပစ်တင်ရင်း ပြန်ပြော၏။

“ကံတရားတော့ ကံတရားပဲ.. မှန်လား မှားမလား မသိဘူး.. ရှင့်ကို သန်းငါးဆယ် ပေးရတာပေါ့..”

ဂျိုးဆက်တစ်ယောက် အတော်ကြီး စိတ်လှုပ်ရှားသွားခဲ့သည်။ သူက ရှန်ယောင်ခေါ်သမျှ ကြေးအားလုံးကို လိုက်၍ အဆုံးသတ်တွင်မှ အနိုင်နှင့် ပိုင်းမည် ဖြစ်သည်။ သူ၏ ငွေကြေးခဝါချသော ငွေများ ပြန်ရရုံမက ရှန်ယောင်၏ ငွေများကိုပါ အနိုင်ရရှိမည် ဆိုလျှင် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်နိုင်ခြင်း မဟုတ်ပါလား။

“ငါ ပြောပြီးပြီပဲ… မင်း ကြေးတင်ချင်သလောက် တင်လို့.. ယောကျာ်းတစ်ယောက် ဖြစ်ပြီး မိန်းကလေး တစ်ယောက်လောက်မှ သတ္တိမရှိရင် အဲ့ကောင်မလေးကို ဘယ်လိုလိုက်မလဲ…ဟုတ်တယ်မလား..” ဂျိုးဆက်က မထိတထိ ပြောသည်။

ရှန်ယောင်ကတော့ ထိုမထိတထိ စကားများကို ပြန်မတုန့်ပြန်ပဲ ဆက်ပြော၏။

“မစ္စတာဂျိုးဆက်… ကျွန်မ မလိမ်ချင်ဘူး.. ကျွန်မမှာ ရှင်ပြောသလို တကယ် ဖလက်ရှ် ရှိတယ်..” ထို့နောက် သူမက နောက်ထပ် သန်းတစ်ရာ ကြေးထပ်တင်လိုက်သည်။

ဂျိုးဆက်တွင် ချပ်စ်ပြားများ မရှိတော့ရာ ရွေးစရာ မရှိတော့ပဲ ကုမ္ပဏီ၏ ငွေများ ထုတ်သုံးရတော့သည်။ ယခု သူရှုံးသွားသော ငွေများက ကာစီနိုမှ သူ့အား တမင်ပေးထားသော ငွေများ ဖြစ်သည်။ သို့သော် မထင်မှတ်ထားသည်မှာ ရှန်ယောင်က ထိုငွေများ အားလုံး နိုင်သွားခြင်းပင်။

ယခု ဂျိုးဆက်က ကာစီနိုမှ ငွေထပ်တောင်း၍ မရတော့ရာ ကုမ္ပဏီ၏ ငွေများကို သုံးရပေတော့မည်။ သို့သော် ကိစ္စမရှိ မည်သို့ ဖြစ်စေ သူရှုံးမည် မဟုတ်ပေ။

“သန်းတစ်ရာလား.. ဒါပေါ့.. ငါလိုက်မယ်.. ဒါပေမယ့် ငါမင်းကို မယုံဘူး..” ဂျိုးဆက်က ရှန်ယောင်ကို ကြည့်ရင်း ဆက်ပြောသည်။ “တကယ်လို့ ငါ ရှုံးသွားရင်တောင် မကြောက်ဘူး..”

ရှန်ယောင်က ဂျိုးဆက်ကို ကြည့်လိုက်သည်။ သူမက တုံးအသူ မဟုတ်ရာ ဂျိုးဆက်၏ လက်ထဲမှ ဖဲကို တွက်ဆ မိသည်။ ဂျိုးဆက် ပြထားသော ဖဲများက ၃ဖဲ၊ ၅ဖဲ နှင့် ၇ဖဲများ ဖြစ်သည်။ မှောက်ထားသော ဖဲချပ်များက ၄ဖဲ ၆ဖဲ များ ဆိုလျှင် ဂျိုးဆက်တွင် စထရိတ်ဖလက်ရှ်(ဝါ) တော်ဝင်ဖလက်ရှ် ဖြစ်နိုင်ချေရှိသည်။

သို့သော် စထရိတ်ဖလက်ရှ်ခြင်း တူလျှင်ပင် ရှန်ယောင်တွင် ရှိနေသည်က ၉ဖဲအစဉ်နှင့် ပို၍ အပွင့်ကြီးပေသည်။ မည်သို့ဖြစ်စေ ရှန်ယောင်က ဂျိုးဆက်ကို ကြောက်ရွံ့ဟန်သာ ပုံဖမ်းထား၏။

“ရှင်က တကယ့်ကို ချမ်းသာတာပဲ မစ္စတာဂျိုးဆက်.. ဒီနေ့ ဘယ်လောက်ဖိုး ကစားပြီးပြီလဲ..”

“အမေရိကန်ဒေါ်လာ သန်း(၁၀၀) ကျော်ပြီထင်တယ်.. ဒါပေမယ့် ဒီလောက်က ငါ့အတွက် အကန့်သတ်မဟုတ်သေးဘူး..”

“အဲ့လိုဆိုမှတော့..” ရှန်ယောင်က ပြုံး၍ ဆက်ပြောသည်။ “မစ္စတာဂျိုးဆက်ရဲ့ အကန့်သတ်က ဘယ်လောက်များလဲ… ကျွန်မ သန်း(၂၀၀) ထပ်တင်မယ်..”

ဟား ဟား ဟား.. ဂျိုးဆက်တစ်ယောက် စိတ်ထဲ ဝမ်းသာလုံး ဆို့သွား၏။ သူက ဆုံးရှုံးသွားသမျှ ငွေကြေးများ ပြန်ဖာထေး နိုင်တော့မည် ဖြစ်သည်။ ဂျိုးဆက် စိတ်ထဲ တွေးလိုက်မိသည်။

.. ဘာကို စောင့်နေဦးမှာလဲ… ငါ့ကို ငွေတွေ လာပေး နေမှတော့ ယူပေးရမှာပေါ့..

“မင်း တင်သလောက် လိုက်မယ်..” ဂျိုးဆက်က ပြုံးရွှင်စွာ ပြောရင်း စီးကရက် နောက်တစ်လိမ် မီးထပ်ညှိလိုက်သည်။ သူက လွန်စွာ‌ ပျော်မြူးနေခဲ့သည်။ ရှုချန်းက ရှန်ယောင်၏ သက်တော်စောင့်ကို ပြောလိုက်၏။

“သူဆော့နေတာကို သွားဆွဲသလို ဟန်ဆောင်လိုက်..”

သက်တော်စောင့်က ရှန်ယောင်အနီး တိုးကပ်ရင်း တီးတိုး ပြောသည်။

“သခင်မလေး.. ပြန်ဖို့ သင့်ပြီ..”

ဂျိုးဆက်က ထိုသက်တော်စောင့်၏ လျှာကိုဖြတ်ပစ်လိုက် ချင်မိသည်။ သက်တော်စောင့်က တီးတိုး ပြောသည် ဆိုသော်လည်း တစ်ဝိုင်းထဲ ထိုင်နေသူများ ဖြစ်ရာ အားလုံး ကြားနိုင်ကြ၏။ ရှန်ယောင်က သက်တော်စောင့်ကို တီးတိုးပြန်ပြောသည်။

“ဒါပေမယ့် ငါ့ဖဲက အရင်တစ်ခေါက်ကထက် ပိုကောင်းနေတယ်လေ.. ငါနိုင်လောက်မယ် ထင်တယ်..”

ဂျိုးဆက်နှင့် ကျန်သူများ အားလုံး အခိုက်အတန့်မျှ ကြက်သေ သေသွား၏။ ယခင်ကထက် ပိုကောင်းသည်လော။ ယခင် အနိုင်ရခဲ့သော အခေါက်ကထက် ပိုကောင်းသည်ဟု ဆိုလိုခြင်းပင်လော။ ယခင်အခေါက်က စထရိတ် နှင့် နိုင်သွားခြင်း ဖြစ်ရာ ယခုက ဖလက်ရှ်ဟု ဆိုလိုခြင်း ဖြစ်နိုင်သည်။

ရှန်ယောင်က လေသံသဲ့သဲ့ဖြင့် ပြောခြင်း ဖြစ်သော်လည်း ဂျိုးဆက် ကြားလိုက်ရသည်။ သူ့မျက်နှာထက်မှ အပြုံးက ပို၍ ပီပြင်သထက် ပီပြင်လာ၏။

“ဖဲမှောက်တော့မှာလား.. မှောက်တော့မယ် ဆိုရင် အကုန် သိမ်းလိုက်တော့မယ်နော်..” ဂျိုးဆက်က ချက်ချင်း ဝင်ပြောသည်။

“ဘယ်သူ ပြောလဲ.. ကြေးမခေါ်ဘူးလို့..” ရှန်ယောင်က အံတင်းတင်းကြိတ်ရင်း ပြောသည်။ “သန်း ၅၀၀ ထပ်မြှင့်မယ်..”

ဂျိုးဆက်က ရုတ်တရက် ချောင်းပင် သီးသွားခဲ့သည်။ ရှန်ယောင်က မျက်ခုံးပင့် ကြည့်လိုက်၏။ “မစ္စတာဂျိုးဆက်.. ကြောက်သွားပြီလား.. ဒါရှင့် အကန့်သတ်လား..”

“မဟုတ်သေးဘူး..” ဂျိုးဆက်က ရင်ကော့ရင်း ပြောသည်။ “ငါ ကြောက်တာ မဟုတ်ဘူး.. မင်း ဖဲမကစား တတ်သေးဘူး ထင်တယ်..”

ရှန်ယောင်က မျက်မှောင်ကြုတ် လိုက်၏။
“ရှင် ကြေးထပ်မြှင့်မှာလား မမြှင့်ဘူးလား..”

ရူးနေမှပဲ မမြှင့်မှာပေါ့.. ဂျိုးဆက်က ထိုသို့ တွေးရင်း ပြောသည်။

“အမေရိကန်ဒေါ်လာ USD သန်း(၁၀၀)ဖိုး ဟုတ်လား..” (ယွမ်သန်း ၅၀၀က USD သန်း ၁၀၀နှင့် ညီမျှသည် - စကားချပ်)

ဂျိုးဆက်က ချက်ချင်းပင် အရှေ့အလယ်ပိုင်း ငွေလဲဘဏ်မှ USD သန်း ၂၀၀ဖိုး အာမခံလဲလှယ်၍ ယွမ်သန်း ၅၀၀ တင်လိုက်သည်။

“ငါမြှင့်မယ်..”

ရှန်ယောင်ထံတွင် ရှုချန်းပေးထားသော ငွေသန်းတစ်ထောင် ကျန်ရှိသေး၏။ ရှုချန်းပိုင်ဆိုင်သော ကွန်ဒိုနှင့် ပိုင်ဆိုင်မှုများကို အာမခံထားလျှင် အနည်ဆုံး သန်းတစ်ထောင့်ခြောက်ရာ သူမတွင် ရှိသည်ဟု ပြော၍ရသည်။ ရှန်ယောင် တွေဝေနေသည်ကို ကြည့်၍ ရှုချန်းက ပြောလိုက်သည်။

“လောင်းလိုက်.. မကြောက်နဲ့.. ရှုံးသွားရင်တောင် ငါတာဝန်ယူတယ်.. မင်းကိုယ့်ကိုယ်ကို အပြစ်မကင်းဘူး လို့ ခံစားရရင် ငါ့ကို နေ့တိုင်း ပေါက်စီ နည်းနည်းတော့ ကျွေးပေါ့..”

ရှန်ယောင်က စိတ်ထဲမှ တွေးလိုက်သည်။ “အင်း.. ကောင်းပြီလေ..”

ဤအခြေနေထိ ဖြစ်လာသည့်နောက် ရှန်ယောင်က ရှုချန်းမရှုံးဟုသာ မျှော်လင့်လိုက်သည်။

“သန်း ၅၀၀” ရှန်ယောင်က လောင်းကြေး တင်ပြီးနောက် ဂျိုးဆက်ကို ယုံကြည်မှု အပြည့်ရှိသော မျက်ဝန်းဖြင့် ကြည့်လိုက်သည်။ ဂျိုးဆက်က အနည်းငယ် တွေဝေ သွား၏။ ပြိုင်ဘက်က များပြားလှသော ငွေကြေးများဖြင့် ပစ်ပေါက်၍ ရေကုန်ရေခမ်း ဆော့နေသည် မဟုတ်ပါလား။

ထိုသို့ ယုံကြည်မှုမျိုး ရှိရန် လွန်စွာကောင်းသော ဖဲအစဉ် ရှိနေမှသာ ဖြစ်နိုင်ပေလိမ့်မည်။ ထိုသို့ တွေးမိသည့်အခါ ဂျိုးဆက်က မသိစိတ်မှ အလိုလိုပင် ဖဲဝေသူကို လှမ်းကြည့်လိုက်မိသည်။ သူက ဖဲဝေသူထံမှ အကြံဉာဏ်ကောင်းလေးများ ရရှိမည်လော မျှော်လင့်မိ၏။

ဖဲဝေသူက ရှန်ယောင်၏ ဖဲချပ်များကို စောင့်ကြည့်နေသူမှ တဆင့် သိရှိရာ ဂျိုးဆက်နှင့် အကြည့်ချင်း ဖလှယ်၍ သတိပေးနိုင်သေးသည်။ ယခုတော့ လျှို့ဝှက်ကင်မရာ မြင်ကွင်းကို ပိတ်ထားသော သက်တော်စောင့်ကြောင့် ဖဲဝေသူလည်း မည်သည့် သတင်းအချက်မှ မရချေ။

ဂျိုးဆက်၏ မျှော်လင့်တကြီး အကြည့်ကို ရင်မဆိုင်ရဲစွာပင် ဖဲဝေသူက မည်သည့် အဖြေမှ မပေးပဲ ခေါင်းငုံ့ထားလိုက်သည်။ မည်သို့ဖြစ်စေ ဂျိုးဆက်က စားပွဲကို လက်ဖြင့် ရိုက်ရင်း အော်ပြော၏။

“သန်း ၅၀၀”

ရှန်ယောင်က ချက်ချင်း ပင် ပြန်တုန့်ပြန်သည်။ “သန်းတစ်ထောင်..”

ဂျိုးဆက်၏ မျက်ခွံများ တဆတ်ဆတ် လှုပ်သွားခဲ့သည်။ သူက လက်ထဲရှိ ကတ်ကို ပြန်ကြည့်လိုက်သည့်အခါ ‘စထရိတ်ဖလက်ရှ်(ဝါ) တော်ဝင်ဖလက်ရှ်’ ။

… ငါဘာကို ကြောက်နေရမှာလဲ.. တစ်လျှောက်လုံး ဒုက္ခရောက်နေတဲ့ ကောင်မက ရုတ်တရက်ကြီး ရဲဝင့်လာလို့လား.. ငါက ဘာလို့ မိန်းမတစ်ယောက်ရဲ့ အရှိန်ဝါလောက်ကို ကြောက်နေရမှာလဲ..

“ငါက ဝေမိသားစုကပဲ.. သန်းတစ်ထောင်.. ငါ ဖဲဖွင့်တော့မယ်..” ဂျိုးဆက်က ထိုမျှလောက်နှင့် ရပ်သင့်ပြီဟု ထင်လိုက်သည်။ ဆက်၍ ရှေ့ဆက်ကာ လောင်းကြေးမြှင့်နေမည် ဆိုလျှင် ငွေအားလုံး ကုန်သွား ပေလိမ့်မည်။

ဂျိုးဆက်က သူ၏ မှောက်ထားသော ဖဲနှစ်ချပ်ကို လှန်ပြ လိုက်သည်။

“၃၊၄၊၅၊၆၊၇ စထရိတ်ဖလက်ရှ်… ငါမင်းကို ၇ရာခိုင်နှုန်းပဲ ရှိမယ့် ဖလက်ရှ်ပါ ပေးသေးတယ်.. ဘာဖြစ်လဲ.. ငါ့ကို နိုင်မှာလား... မိန်းမလှလေး.. ငါပြောပါတယ်.. မင်း ဖဲမကစားတတ်သေးပါဘူးလို့..”

ရှန်ယောင်က ထောင့်(၇) ဖဲချပ်ကို ဦးစွာ လှန်ပြပြီးမှ နောက်ဆုံး ဖဲချက်ကို လှန်ပြလိုက်သည်။

“အဲ့ ဖလက်ရှ်ကို စထရိတ်လေးပါ ထည့်ပေါင်းရင်ရော..”

စားပွဲပေါ်တွင်တော့ ထောင့်လိုင်းအရောင်တူ ၅၊၆၊၇၊၈၊၉ ဖဲချပ်များက အစဉ်လိုက် ရှိနေခဲ့သည်။ ဂျိုးဆက်၏ မျက်လုံးများက ပြုတ်ကျတော့မတတ် ပြူးကျယ်ရင်း ထိုင်ခုံပေါ်မှ နောက်လန် ပစ်လဲ၏။

ရှုချန်းက ချက်ချင်းပင် နားထဲမှ ဆက်သွယ်ရေး ကိရိယာကို ဆွဲဖြုတ်လိုက်သည်။ သူမျှော်လင့်ထားသည့် အတိုင်းပင် ဤမျှလောက် များပြားသော ငွေကြေးများ တစ်ခါမှ မနိုင်ဖူးသည့် ရှန်ယောင်တစ်ယောက် စိတ်လှုပ်ရှားလွန်း သဖြင့် ဝမ်းသာအားရ အသံကုန် အော်ဟစ်လိုက်သည် မဟုတ်ပါလား။

သူမ၏ အော်သံက လင်းပိုင်များအသံနှင့်ပင် နှိုင်းယှဉ်နိုင်လောက်အောင် စူးရှပြီး လူတိုင်း၏ နားထဲ တိုးဝင်သွားသည်။ သက်တော်စောင့်က ချက်ချင်းပင် ရှန်ယောင်ကို ကူညီ၍ ချပ်စ်ပြားများ သိမ်းဆည်းပေး၏။

ဂျိုးဆက်က ကြမ်းပေါ် ပစ်လဲနေရာမှ ခုန်ထရင်း ဖဲဝေသူကို အင်္ကျီကော်လံမှ ဆွဲကာ ဒေါသတကြီး ကြိမ်းမောင်းသည်။

“ငါ့ကို လာကစားရဲတယ်ပေါ့.. မင်းဆရာကို ခုချက်ချင်း သွားခေါ်စမ်း..” ထို့နောက် သူက ဒေါသမထိန်းနိုင်စွာပင် ဖဲဝေသူ၏ မျက်နှာကို ထိုးချလိုက်သည်။ ပြီးနောက် ချက်ချင်းပင် ငွေကြေးခဝါချခြင်း နောက်ကွယ်မှ ပုဂ္ဂိုလ်ကို တိုက်ရိုက် ဖုန်းခေါ်လိုက်၏။

ရှုချန်းကလည်း ဟက်ကာသမားကို အမိန့်ပေးလိုက်သည်။

“သူ ဘယ်သူ့စီ ခေါ်သလဲဆိုတာ ကြားဖြတ်နားထောင်..”

ဟက်ကာက ခေါင်းညိတ်၍ လှုပ်ရှားလိုက်သည်။ သူတို့စီစဉ် ထားသည့်အတိုင်း ဖြစ်လာလေပြီ။ ဖုန်းကြားဖြတ် နားထောင်ခံရသော ဂျိုးဆက်ကတော့ ဤသည်များကို သတိမပြုမိချေ။ ဖုန်းဝင်သွားသည်တွင် ဟက်ကာက အံ့အားတကြီး ပြော၏။

“ကပ္ပတိန်ရှု.. ဖုန်းက ချန်းချင်ရဲ့ ဖုန်းပဲ..”

ရှုချန်းက ခေါင်းညိတ်ရင်း အမိန့်ပေးသည်။ “အသံသွင်း ထားလိုက်..”

ဂျိုးဆက်က အိမ်သာထဲ သွားရင်း အော်ဟစ်ဖုန်းပြောနေ၏။
“လခွမ်းထဲမှ.. -ီးမှပဲ.. ငါ့ကို ရှင်းပြစမ်း…အခု ရှင်းပြ.. ငါ့ငွေမည်းတွေ ခဝါချဖို့ နေနေသာ ငါ့ကုမ္ပဏီက ဒေါ်လာသန်း ၂၀၀ ပါပါသွားပြီ.. မစ္စတာချန်း.. ကျုပ်ကို ခွင်ဆင်နေတာလား..”

တစ်ဖက်မှ ဖုန်းဖြေနေသော ချန်းချန်သည်လည်း မျက်နှာပျက်နေ၏။

“မစ္စတာဂျိုးဆက်.. ဒေါသမလွန်ပါနဲ့ဦး.. ကျုပ်တို့ ဒီနေ့ စောင့်ကြည့် ခံနေရတယ် ထင်တယ်.. ဒီလိုလုပ်ပါလား.. ဒီတစ်ခေါက် ခဝါချတာကို ရပ်လိုက်ပါ.. ခင်ဗျားရဲ့ ငွေတွေကို မြေအောက်ဘဏ်ကနေ ကျုပ် ပြန်လွှဲပေးမယ်..”

ဂျိုးဆက်က မပျော်ချေ။ “အဲ့တာဆို ကျုပ်ရှုံးသွားတဲ့ သန်း ၃၀၀ ကရော..”

“မစ္စတာဂျိုးဆက်.. ကာစီနိုမှာ အဲ့လောက် အများကြီး ခင်ဗျားကို ပြန်ပေးဖို့ မရှိဘူး. လောလောဆယ် ကျုပ်လူတွေနဲ့ အရင်လိုက်သွားလိုက်ပါ.. မြေအောက်ဘဏ် မှာ ခင်ဗျားငွေတွေကို ပြန်ပေးပါမယ်.. အဲ့မှာ စကားဆက်ပြောကြတာပေါ့.. ကျုပ်စောင့်နေမယ်..”

“ကောင်းပြီ..” များမကြာမီပင် ဂျိုးဆက်နှင့် ကာစီနို မန်နေဂျာတို့ အနက်ရောင် မာစီဒီးဘရန့် ကားနှင့် နောက်ပေါက်မှ ထွက်ခွာသွားတော့သည်။ ရှုချန်းက ဆက်သွယ်ရေး ကိရိယာကို နားတွင် ပြန်တပ်ရင်း အမိန့်ပေး၏။

“လီချောင်… ဝမ်ကန်း လှုပ်ရှားတော့.. ကားနံပါတ်( *****)နဲ့ မာစီးဒီးဘရန့် ကို စောင့်ကြည့်ထား..”

အသင့်စောင့်နေကြေသော လီချောင်နှင့် ဝမ်ကန်းတို့လည်း စိတ်လှုပ်ရှားစွာ ပြန်ဖြေသည်။
“အမိန့်အတိုင်းပါ..”

ထို့နောက် သူတို့က သာမန်ကားများပေါ် တက်လိုက်ပြီးနောက် ဟက်ကာ သမားပို့လိုက်သော ခြေရာပြ လမ်းကြောင်းမှ ဂြိုလ်တုအချက်ပေး စနစ်ကို လက်ခံရရှိလိုက်သည်။

ရှုချန်းက ရှန်ယောင်ကို ကာကွယ်ပေးရန် ရှိနေသည့် ကာစီနိုအတွင်းမှ မာဖီ(အရပ်ဝတ်) နှင့် ရဲသားကို ဆက်အမိန့်ပေး၏။

“သူ့ကို သေချာကာကွယ်.. တခုခု ဖြစ်ခဲ့ရင် မင်းတာဝန်ယူရမယ်.. သူ့ကိုခေါ်ပြီး ဒီနေရာကနေ လုံလုံခြုံခြုံ နဲ့ထွက်ခဲ့တော့..”

ပြီးနောက် ရှုချန်းက စခန်းမှ ရဲအရာရှိများကို သတင်းပို့လိုက်သည်။ “အခွန်ဘဏ္ဍာရေး ဝန်ကြီးချုပ်ကို ဆက်သွယ်လိုက်ပါ.. အားလုံးလှုပ်ရှားလို့ ရပြီ..”

“ဟုတ်ကဲ့ပါ ဆရာ..” နည်းပညာသမားက အခွန်ဘဏ္ဍာရေး ဌာနကို ဆက်သွယ်၍ ကာစီနိုသို့ ရှောင်တခင် ဝင်စစ်ဆေးရန် စီစဉ်ခိုင်းလိုက်သည်။ ယနေ့ ကာစီနိုမှ ငွေအများအပြားမှာ အရင်းမြစ် မသိရသော နေရာများမှ ဝင်ရောက်လာခြင်း ဖြစ်သည်။

ယခင် စုံစမ်းစစ်ဆေးခြင်းက ဟန်ပြသာဖြစ်ပြီး ထိုနေ့က စစ်ဆေးခဲ့သော ငွေပမာဏထက် ယနေ့ကာစီနိုတွင် အသုံးပြုနေသော ငွေပမာဏက များပြားနေလျှင် ထိုငွေများက အရင်းမြစ် မသိရသော နေရာများမှ စီးဝင်လာြခင်းဟု ယူဆနိုင်ပြီ မဟုတ်ပါလား။

အခန်း ၁၁၇ ပြီး

Continue Reading

You'll Also Like

49.9K 768 17
DELULU & GUILT PLEASURE
482K 69.8K 138
ဖုယွင်ရော့က ဝတ္ထုထဲကိုကူးပြောင်းခံလိုက်ရပြီး အမြောက်စာအရန်ဇာတ်ကောင်ဖြစ်လို့လာပြီး သူမရဲ့သားကလည်းဗီလိန်တစ်ယောက်ဖြစ်နေတာကို သိလိုက်ရတယ် ဒါ့အပြင်သူမရဲ့...
912K 31K 110
When Grace returns home from college, it doesn't go like she thought it would. With her past still haunting her everyday choices, she discovers a sid...
23.7K 539 15
what happens when the queen dies, causing tension within the royal family? HE becomes king [ ALL CHARACTERS BELONG TO CASEY MCQUISTON ]