HANARY(S1+S2)
By greyvictor25
6.7M 437K 74.9K
Hanary Victor + Loon Tar Nay San More
01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
Ep-19(Uni/zg)
Ep-20(Uni/Zg)
Ep-21(Uni/Zg)
Ep-22(uni/zg)
Ep-23(Uni/Zg)
Ep-24(Uni/Zg)
Ep-25(Uni/Zg)
Ep-26(Uni/Zg)
Ep-27(Uni/Zg)
Ep-28(Uni/Zg)
Ep-29(uni/zg)
Ep-30(uni/zg)
Ep-31(Uni/Zg)
Ep-32(Uni/Zg)
Ep-33(Uni/Zg)
Ep-34( Uni/ Zg)
Ep-35(Uni/Zg)
Ep-36(Uni/Zg)
Ep-37(Uni/Zg)
memories 💌
Ep-38(Uni/Zg)
Ep-39(Uni/Zg)
Ep-40(Uni/Zg)
Ep-41(Uni/Zg)
Ep-42(Uni/Zg)
Ep-43(Uni/Zg)
Ep-44(Uni/Zg)
Ep-45(Uni/Zg)
Ep-46(Uni/Zg)
Ep-47(Uni/Zg)
Ep-48(Uni/Zg)
Ep-49(Uni/Zg)
Ep-50(Uni/Zg)
Ep-51(Uni/Zg)
Ep-52(Uni/Zg)
Ep -53 Final( Uni /Zg)
Happy Valentine's Day
Ch-1(Uni/Zg)
Ch-2(Uni/Zg)
Ch-3(Uni/Zg)
Ch-4(Uni/Zg)
Ch-5( Uni/ Zg)
Ch-6(Uni/Zg)
Ch-7(Uni/Zg)
Ch-8(Uni/Zg)
Ch-9( Uni/Zg)
Ch-10(Uni/Zg)
Ch-11(Uni/Zg)
Ch-12(Uni/Zg)
Ch-13(Uni/Zg)
Ch-14(Uni/Zg)
Ch-15(Uni/Zg)
Ch-16(Uni/Zg)
Ch-17(Uni/Zg)
Ch-18( Uni/Zg)
Ch -19( Uni/Zg)
Ch-20(Uni/Zg)
Ch-21(Uni/Zg)
Ch-22( Uni/Zg)
Ch-23(Uni/Zg)
Ch-24(Uni/Zg)
Ch-25(Uni/Zg)
Ch-26(Uni/Zg)
Ch-27(Uni/Zg)
Ch-28(Uni/Zg)
Ch-29 Final(Uni/Zg)
Extra-1
Extra-2
Extra-3
Hello
Birthday Extra
Extra (4)
Extra-5
Extra-6
Extra-8
Extra-7
20.7K 1.1K 286
By greyvictor25
" ဟီရို၀င်လာပါပြီ "
အဆောက်အဦးခြံ၀န်းထဲသို့ ၀င်ရောက်လာသည့်အနက်ရောင်ကားများစွာကြောင့် အဆောက်အဦးအတွင်းရှိလူများစွာမှာ ညီညာစွာတန်းစီရပ်ရင်း ခန်းမတံခါးပေါက်သို့လှမ်းမျှော်ကြည့်လိုက်၏။ယနေ့တွင် နှစ်စဥ်ကျင်းပလေ့ရှိသော ဂိုဏ်းပေါင်းချုပ်တွေ့ဆုံပွဲရှိတာကြောင့် အလွှာအမျိုးမျိုးမှခေါင်းဆောင်များနှင့် လက်အောက်ငယ်သားများက စုံစုံညီညီတက်ရောက်ကြတာဖြစ်သည်။
ခဏအကြာ၌ခန်းမအတွင်းသို့၀င်ရောက်လာသည့် ဟီရိုတို့မြေးအဘိုးကြောင့် ခန်းမအတွင်းရှိလူအားလုံးက ကိုယ်စီဦးညွှတ်ကာ ငြိမ်သက်သွားကြသည်။အာဏာအရှိဆုံးဖြစ်သည့်ဟီရိုဗစ်တာက ကြက်သွေးရောင်ကုတ်အင်္ကျီကိုရှပ်အဖြူနှင့်တွဲဖက်၀တ်ဆင်ထားပြီး သူ၏လက်မောင်း၌အနက်ရောင်သားရေပြားနှစ်ခုကိုစည်းနှောင်ထား၏။ထိုသားရေပြား၌ နဂါးပုံစံကိိုရွှေရောင်ကနုတ်များဖြင့် အလှဆင်ထားတာကြောင့် ထိုလူအားလုံးထဲတွင်ဟီရိုဗစ်တာက အာဏာအရှိဆုံးဖြစ်သည်။
ဟီရိုဗစ်တာ၏အနောက်တွင် ဒုတိယအာဏာအရှိဆုံးဖြစ်သည့်ဟန်နရီဗစ်တာက ကပ်လိုက်လာပြီးဟီရိုနှင့်အပြင်အဆင်တူညီသည့်၀တ်စုံကို ၀တ်ဆင်ထားတာဖြစ်သည်။ဟန်နရီ၏လက်မောင်း၌ အနက်ရောင်သားရေပြားအပတ်တစ်ခုပါရှိသည့်အပြင် ဗစ်တာဂိုဏ်း၏အမှတ်အသားဖြစ်သည့် နဂါးကနုတ်များပါရှိတာကြောင့် ထိုကောင်လေးကဟီရိုဗစ်တာ၏အမွေကိုဆက်ခံမည့်သူဖြစ်ကြောင်း ကြည့်ရုံနဲ့အကဲခတ်နိုင်သည်။
ဟန်နရီဗစ်တာ၏အနောက်တွင် ဂိုဏ်းသားများ,အားကျရလောက်တဲ့အထိ ဟန်နရီထံမှမျက်နှာသာပေးခြင်းခံထားရသော Samကကပ်ပါလာတာဖြစ်သည်။ဟန်နရီ၏အယုံကြည်ရဆုံးသက်တော်စောင့်ဖြစ်သည့် Samကမျက်နှာသာပေးခံထားရသည့်အလျှောက် ထူးချွန်ထက်မြတ်ကာ ဟန်နရီနည်းတူတိုက်ရည်ခိုက်ရည်ကျွမ်းကျင်သည့်သူဖြစ်တာကြောင့် လူအများကအထင်မသေးရဲပေ။ဟီရို၏ဂိုဏ်းသားအချို့ကSamကိုအမြင်မကြည်ကြသော်လည်း ထိုကောင်လေးကိုထိလျှင် ဟန်နရီဗစ်တာရဲ့အသေသတ်ခြင်းကိုခံရနိုင်တာကြောင့် ထိုလူတစ်ချို့ကSamကို အနည်းငယ်ရိုင်းပျသောအမူအယာနဲ့တောင်မဆက်ဆံရဲပေ။
" အခမ်းအနားအစပြုဖို့အဆင်သင့်ဖြစ်ပါပြီခေါင်းဆောင် "
ငယ်သားအချို့၏အချက်ပြမှုကြောင့် အာဏာအရှိဆုံးသူသာလျှင်တက်ခွင့်ရှိသောစင်မြင့်ထက်သို့ ဟီရိုဗစ်တာကတည်ငြိမ်စွာဖြင့်လျှောက်လှမ်းသွားသည်။ဟန်နရီနှင့်Samကတော့ စင်အောက်တွင်သာမတ်တပ်ရပ်နေပြီး ငြိမ်သက်နေ၏။
" ဗစ်တာ "
ဟီရိုက စင်ပေါ်မှသူ့နာမည်အားရေရွတ်လာတာမို့ ဟန်နရီကသူ့အဘိုးမျက်နှာအားလှမ်းကြည့်လိုက်သည်။ဟီရိုက မျက်စပစ်ပြကာစင်ပေါ်တက်လာဖို့အချက်ပြလိုက်တာမို့ အခြားဂိုဏ်းမှခေါင်းဆောင်များနှင့်ငယ်သားများက ဟန်နရီထံသို့အကြည့်ရောက်သွားတော့သည်။လူအများ၏စောင့်ကြည့်ခြင်းခံနေရတာကြောင့် အနည်းငယ်စိတ်လှုပ်ရှားမိသော်လည်း ဟန်နရီကမျက်နှာအမူအယာကိုထိန်းကာ စင်မြင့်ထက်သို့လျှောက်လှမ်းသွားတော့သည်။
" ဟီရို "
" အခုချိန်ကစပြီးငါလုပ်မယ့်အရာတွေကိုစောင့်ကြည့်ထား တစ်ချိန်ကျရင်ဒါတွေကိုမင်းကိုယ်တိုင်လုပ်ရမှာ "
ဟီရို၏အမိန့်ပေးမှုကြောင့် ဟန်နရီကငြိမ်သက်စွာဖြင့်သူ့အဘိုးဘေးတွင်သာကပ်နေပြီး ဟီရို၏အပြုအမူတွေကိုစောင့်ကြည့်နေ၏။အခမ်းအနားအစပြုဖို့စောင့်မျှော်နေကြတဲ့ ဂိုဏ်းသားတွေကိုဟီရိုကစင်မြင့်ထက်မှလှမ်းကြည့်ရင်း သူ့လက်ထဲမှသေနတ်ကိုမောင်းတင်လိုက်သည်။အဆောက်အဦးထက်တွင်ချိတ်ဆွဲထားသော ၀ိုင်ပုလင်းကမီးလုံးပမာဏလောက်သာမြင်ရတော့သော်လည်း ဟီရိုကသူ့လက်တစ်ဖက်ကိုဆန့်တန်းကာ ပစ်မှတ်ကိုချိန်ရွယ်လိုက်၏။စင်အောက်ထက်မှလူများစွာက စိတ်လှုပ်ရှားစွာဖြင့်စောင့်မျှော်နေပြီး ထိုပစ်မှတ်သာလွဲချော်ခဲ့ပါလျှင်လူအများအပြစ်ပြောစရာဖြစ်တော့မှာဖြစ်သည်။
ဒိုင်း~~
သေသပ်လှပစွာပစ်၀င်သွားသည့်ကျည်ဆံကြောင့် ထို၀ိုင်ပုလင်းကအစိတ်စိတ်အမွှာမွှာကွဲထွက်သွား၏။သို့မှသာ စင်အောက်မှဂိုဏ်းသားများစွာကလက်ခုပ်တီးကာ ချီးမြှောက်ကြသည်။ဟီရိုက၀ိုင်ခွက်ကိုမြှောက်ပြကာ ပွဲအခမ်းအနားအစပြုလိုက်တာမို့ ထိုခန်းမအတွင်း၌သီချင်းသံတစ်ချို့ပျံ့လွင့်လာပြီး အခမ်းအနားအစပြုခြင်းကလည်းအောင်မြင်သွားတာဖြစ်သည်။ဟန်နရီကတော့ ဟီရိုရဲ့ဘေးတွင်သာငြိမ်သက်နေပြီး ပျော်ရွှင်စွာအောင်ပွဲခံနေကြသောလက်အောက်ငယ်သားများကို စင်မြင့်ထက်မှလှမ်းကြည့်လိုက်၏။
" ဟီရို "
ဟန်နရီခေါ်လိုက်သည်နှင့် ဟီရိုကချက်ချင်းလှည့်ကြည့်လာကာ မေးငေါ့ပြသည်။
" ခုနကလူတွေကဟီရိုရဲ့အပြုအမူတွေကို စိတ်၀င်တစားစောင့်ကြည့်နေကြတာလေ။အဲ့အချိန်တုန်းက ဟီရိုနည်းနည်းလေးတောင်စိတ်မလှုပ်ရှားမိဘူးလား "
ဟန်နရီကသိလိုစိတ်နှင့်မေးလိုက်သော်လည်း ဟီရိုကအရယ်အပြုံးမရှိဟန်နရီအားစိုက်ကြည့်ရင်း ဟန်နရီရဲ့ပခုံးကိုလှမ်းဖက်ကာ စင်အောက်မှပျော်ရွှင်စွာအောင်ပွဲခံနေသာလူတွေထံသို့မေးငေါ့ပြလိုက်သည်။
" ဗစ်တာ "
" ...... "
" ဒီစင်အောက်မှာရှိနေတဲ့သူအကုန်လုံးက ငါ့အာဏာကြောင့်ငါ့ကိုရိုသေကြလိမ့်မယ် သစ္စာခံကြလိမ့်မယ်။ဒါပေမယ့် ငါ့ရဲ့မျက်နှာမှာ
စိုးရိမ်မှု၊စိတ်လှုပ်ရှားမှုတွေနဲ့အားနည်းခြင်းအရိပ်အယောင်တွေ မြင်လိုက်တာနဲ့သူတို့ငါ့ကိုအာခံဖို့ဆိုတာ အနှေးနဲ့အမြန်ပဲ "
ဟီရိုရဲ့စကားကိုဟန်နရီကငြိမ်သက်စွာနားထောင်ရင်း ထိုလူအုပ်ကြီးထံသို့ လှမ်းကြည့်လိုက်၏။
" ငါက(ကျလူ) မင်းက(တက်လူ)ဗစ်တာ။တစ်ချိန်ကျရင်ငါ့ရဲ့နေရာကို မင်းပဲဦးဆောင်ရမှာ။ခေါင်းဆောင်ဖြစ်တဲ့မင်းရဲ့မျက်နှာမှာ ကြောက်ရွံ့မှုနဲ့စိုးရိမ်မှုအရိပ်အယောင်တွေပြည့်နှက်နေတဲ့အခါ ဒီလူတွေကမင်းကိုအောက်ဆုံးထိဆွဲချသွားလိမ့်မယ်။အဲ့ဒီအခါ ဗစ်တာဂိုဏ်းဆိုတာလည်း ဒီလောက,ကနေမှေးမှိန်သွားမှာအသေအချာပဲ။ထောင်သောင်းပေါင်းမကတဲ့မျက်လုံးတွေက မင်းကိုစောင့်ကြည့်နေကြတာမို့ မင်းကအရာအားလုံးထက်သန်မာနေတဲ့သူဖြစ်မှပဲရမယ်ဗစ်တာ ငါပြောတာနားလည်လား "
ဟန်နရီကခေါင်းကိုအသာညိတ်ရင်း ဟီရိုရဲ့ဘေးတွင်သာအရယ်အပြုံးမရှိငြိမ်သက်နေ၏။သူ့အနေဖြင့်ဟီရိုအပေါ်  တရင်းတနှီးမနေခဲ့သော်လည်း ဟီရိုကသူ့အတွက်အလေးစားဆုံးပုဂ္ဂိုလ်နှင့် မိသားစု၀င်ထဲတွင်အချစ်ရဆုံးသူဖြစ်သည်။
ကလေးဆန်သောအတွေးမဟုတ်သော်လည်း မာကျောတဲ့ဟီရိုရဲ့နှလုံးသားထဲ၌ သူကရာခိုင်နှုန်းမည်မျှလောက် အရေးပါမလဲဆိုတာကိုလည်း သိချင်မိတာဖြစ်၏။
" ဟီရို "
" ...... "
" ကျွန်တော်က ဟီရိုအတွက်ဂုဏ်ယူရတဲ့မြေးတစ်ယောက်အဖြစ် တစ်ခါလောက်လေးများ ရှိခဲ့ဖူးသလား "
လောဘမပါသော အမေးမျိုးဖြစ်သည်။သူ့အနေဖြင့် အချိန်တိုင်းမဟုတ်ပဲ တစ်ခါလောက်လေးပဲဟီရိုအတွက်ဂုဏ်ယူစေနိုင်ခဲ့တယ်ဆိုရင်တောင် စိတ်ကျေနပ်နိုင်မည်ဖြစ်သည်။ဟန်နရီရဲ့အမေးကြောင့် ဟီရိုကချောင်းတစ်ချက်ဟန့်ရင်း ဟန်နရီရဲ့ပခုံးတစ်ဖက်ကိုသူ့လက်ဖ၀ါးဖြင့်ခပ်ဖွဖွပွတ်ပေးလိုက်၏။
" မင်းမွေးလာတဲ့အချိန်တည်းက မင်းကငါ့အတွက်ဂုဏ်ယူရတဲ့တစ်ဦးတည်းသောမြေးတစ်ယောက်ဖြစ်လာတော့တာပဲ "
ဟီရိုရဲ့တုံ့ပြန်ချက်ကြောင့် ဟန်နရီကခေါင်းငုံ့ကာကြိတ်ပြုံးလိုက်၏။တန်ဖိုးကြီးလက်ဆောင်မဟုတ်သော်လည်း ထိုစကားတစ်ခွန်းနဲ့တင် သူ့စိတ်အလုံးစုံကိုနွေးထွေးသွားစေတာဖြစ်သည်။
" ဟီရို "
" အင်း "
" ကျွန်တော်အဘိုးကိုချစ်တယ်ဗျ "
~~~~~
" အိမ်ကိုပဲပြန်မှာလား Boss "
" အိမ်ကလွဲပြီးဘယ်ပြန်စရာရှိသေးလို့လဲ "
" Bossကားမောင်းမလား "
အလုပ်သဘောအရဆိုရင် Samကဟန်နရီ၏သက်တော်စောင့်ဖြစ်တာကြောင့် Samကသာလျှင်ဟန်နရီရဲ့ဒါရိုက်ဘာလုပ်ရမှာဖြစ်သော်လည်း ယခုတွင်တော့ထိုကောင်လေးကသူ့အစ်ကိုအား အနည်းငယ်စျေးဆစ်လာတာဖြစ်သည်။တစ်ခုခုကိုပြောစရာရှိနေသည့်Samရဲ့မျက်နှာသွင်ပြင်ကြောင့် ဟန်နရီကအနည်းငယ်တောင်မေးခွန်းပြန်မထုတ်ပါပဲ Samရဲ့လက်ထဲမှကားသော့ကိုဆွဲယူလိုက်၏။
" ကားပေါ်တက် "
ဟန်နရီကကားပေါ်တက်ဖို့မေးငေါ့ပြလိုက်သည်နှင့် Samကချက်ချင်းကားထဲ၀င်ကာဟန်နရီအား စပ်ဖြဲဖြဲမျက်နှာနှင့်ပြုံးရယ်ပြလိုက်သည်။
.
.
.
.
" တစ်ခုခုပြောစရာရှိနေတယ်မလား "
လမ်းတစ်၀က်ရောက်သည့်တိုင် ဘာစကားတစ်ခွန်းမှမပြောသေးသည့်Samကြောင့် ဟန်နရီကပဲအစေဖော်ကာမေးလိုက်ခြင်းဖြစ်သည်။
" ကျွန်တော့်ကို တစ်ခုကူညီပါလားBoss "
Samကရှက်ကိုးရှက်ကန်းဖြစ်နေသည့်ပုံစံဖြင့် ဟန်နရီအားသေချာအကြည့်မဆုံပဲပြောလာတာဖြစ်၏။ဟန်နရီကတော့ ပုံစံအထူးအဆန်းဖြစ်နေသည့်သူ့တပည့်အားသေချာအကဲခတ်ကာ မျက်မှောင်ကြုတ်မိလိုက်သည်။ယခုကဲ့သို့လေသံပျော့နေသည့်အသံနှင့် ရှက်ကိုးရှက်ကန်းဖြစ်နေသောSamရဲ့ပုံစံကို လွန်ခဲ့သောအချိန်ကာလကပထမဆုံးအကြိမ်ဖြင့်မြင်ခဲ့ရဖူးသည်။ထိုအချိန်က Samရဲ့ခါးတွင်ဟန်နရီနည်းတူ တက်တူးထိုးလာသောအချိန်ကာလပင်ဖြစ်၏။ယခုလည်း ထိုကဲ့သို့ရှက်ကိုးရှက်ကန်းဖြစ်နေသည့်Samရဲ့ပုံစံကြောင့် ဟန်နရီကကားကိုလမ်းဘေးထိုးရပ်ရင်း စိတ်မရှည်စွာဖြင့်သက်ပြင်းချလိုက်သည်။
" Sam "
" ဗျာ "
" မင်းငါမသိပဲဘာလုပ်လာပြန်ပြီလဲ "
" ကျွန်တော်ဘာမှမလုပ်ဘူး "
" ဒါဆိုမင်းမျက်နှာကဘာဖြစ်နေတာလဲ "
ဟန်နရီက အသံကိုတင်းကာပြောလိုက်တာမို့Samက ချောင်းတစ်ချက်ဟန့်ရင်း သူ့ဆရာမျက်နှာအားရဲတင်းစွာဖြင့်လှည့်ကြည့်လာသည်။
" ကျွန်တော်အစ်ကို့ကို လက်ထပ်ခွင့်တောင်းတော့မလို့....အဲ့တာBossများကူညီပေးနိုင်မလားလို့ပါ  "
စကားဆုံးသည်နှင့် ရှက်ကိုးရှက်ကန်းပြန်ဖြစ်သွားသည့်Samကြောင့်ဟန်နရီက ဟက်ဟက်ပက်ပက်ပြုံးရယ်လိုက်တော့သည်။
" ပြစမ်း မင်းရဲ့သွားတောင်အစုံပေါက်သေးရဲ့လား "
ဟန်နရီကစနောက်လိုသောသဘောဖြင့် Samရဲ့ပါးစပ်ကိုအတင်းဟခိုင်းကာ လက်မောင်းကိုခပ်ဖွဖွလှမ်းထိုးလိုက်၏။
" ခွေးကောင်လေး အခုတည်းကအိမ်ထောင်ဦးစီးလုပ်ချင်နေပြီပေါ့ "
" ကျွန်တော်က အိမ်ထောင်တစ်ခုကိုကောင်းကောင်းမွန်မွန်ထိန်းချုပ်နေနိုင်ပါပြီဗျာ Bossကလူကိုအထင်သေးနေတာပဲ "
" ပြောစမ်းပါဦး မင်းကဘယ်တော့လက်ထပ်ခွင့်တောင်းချင်တာလဲ "
" ဘယ်ရက်မှန်းအတိအကျမတွက်ချက်ရသေးပေမယ့် မြန်ရင်တော့ပိုကောင်းတာပေါ့Bossရာ။အဲ့တာကြောင့်လည်း ကျွန်တော်ကBossဆီက အကြံဥာဏ်တွေတောင်းချင်လို့အကူအညီတောင်းနေတာလေ ဘယ်လိုပဲဖြစ်ဖြစ် လက်ထပ်ခွင့်တောင်းတဲ့ကိစ္စမှာ Bossကကျွန်တော့်ထက်စီနီယာကျနေပြီမဟုတ်လား "
Samကသူ့ကိုဆရာတင်ကာ အကူအညီတောင်းခံလာတာမို့ ဟန်နရီကမာန်တက်သွားသောပုံစံဖြင့် ချောင်းတစ်ချက်ဟန့်ကာ Samရဲ့မျက်နှာကို မျက်လုံးမှေးစင်းကာစိုက်ကြည့်လိုက်၏။
" ငါတစ်ခုပြောပြမယ် လက်ထပ်ခွင့်တောင်းတဲ့အခါမင်းရဲ့မျက်နှာက အရင်နေ့တွေကထက်ပိုကြည့်ကောင်းနေဖို့လိုတယ် မာန်ဟိန်းကိုကိုက မင်းကိုတွေ့လိုက်တာနဲ့အရင်နေ့တွေနေ့နဲ့မတူပဲ စိတ်လှုပ်ရှားသွားမယ့်ပုံစံမျိုးပေါ့ကွာ "
" သြော် အဲ့လိုလား ဒါဆိုအခုကျွန်တော့်မျက်နှာကကြည့်ကောင်းရဲ့လား "
" ကြည့်ရဆိုးတဲ့အထဲမပါပေမယ့် ငါ့လောက်တော့ကြည့်မကောင်းဘူးပေါ့ကွာ "
အချင်းချင်းကိုကပ်ဖဲ့နေတာကြောင့် Samကပခုံးလေးတွန့်သည်အထိပြုံးရယ်ရင်း ဟန်နရီဘက်သို့ခန္ဓာကိုယ်အတည့်လှည့်ကာ ကားမှန်ကိုခေါင်းမှီလိုက်၏။
" ကျွန်တော်က အစ်ကို့ရဲ့ဘ၀မှာအမှတ်တရတစ်ခုကျန်သွားအောင် Proposeလုပ်ချင်တာဗျာ ဒါပေမယ့်ဘယ်ကအစပြုရမှန်းမသိတော့ Bossကိုပဲအကူအညီတောင်းရမှာပဲ။လွန်းတုန်းကကော Bossကိုတစ်ခါတည်းနဲ့ လက်ခံခဲ့တာလား "
" နာမည်ငါးလုံးနဲ့ဟန်နရီဗစ်တာပါကွာ ငါတစ်ခွန်းဟလိုက်တာနဲ့လွန်းက ခေါင်းညိတ်ပြီးသားပဲ "
" ပိုင်လှချည်လား ပညာတွေမျှပါဦးBro "
" ငါ့ကိုသာယုံလိုက် ပညာတွေအကုန်ထုတ်ပြမယ် "
ဟန်နရီက သူ့ပါးစောင်ကိုလျှာနဲ့ထိုးရင်း မျက်စိတစ်ဖက်မှိတ်ပြ၏။
" ကျွန်တော်ကအဲ့နေ့မှာ သာမန်ပဲ၀တ်ထားသင့်လား ဒါမှမဟုတ်ခပ်မိုက်မိုက်၀တ်ထားသင့်လား Bossတုန်းကကောဘယ်လိုစတိုင်၀တ်ခဲ့တာလဲ "
"ငါကဘယ်တုန်းကများစတိုင်မကျပဲ၀တ်ဖူးတာရှိလို့လဲ
ဟီရိုရဲ့မြေးနော် အမြဲအထာကျကျပဲ၀တ်တာ "
" လွန်းပြောတာတော့ Bossရွာကိုသွားလည်တုန်းက ဓာတ်မြေသြဇာအင်္ကျီကြီး၀တ်ခဲ့တာဆို? "
Samကအတိတ်ကာလကို ပြန်လည်တွေးတောရင်းကြိတ်ရယ်လိုက်၏။သို့ပေမယ့် တစ်ဖက်ကောင်ကတော့မျက်နှာကြီးတည်ကာ Samအားစိုက်ကြည့်နေတာဖြစ်သည်။
" အဲ့တာက မဖြစ်မနေအခြေအနေမို့၀တ်လိုက်ရတာ။အဲ့ဒီအကြောင်းပြန်မပြောစမ်းနဲ့ကွာ "
" ဒါဆိုအခြားအရာဆက်ပြောပါဦး ကျွန်တော်ကလက်စွပ်ကြီးကိုင်ပြီး အစ်ကို့ကိုလက်ထပ်ချင်ပါတယ်လို့တန်းပြောလိုက်ရမှာလား ဒါမှမဟုတ်စကားခံရအုံးမလား "
" တန်းပြီးတော့လက်ထပ်ရအောင်လို့တော့သွားမပြောနဲ့လေကွာ နည်းနည်းပါးပါးကြွေသွားအောင် စကားအလှလေးတွေနဲ့ပြောအုံးမှပေါ့ "
" အဲ့တာကတော့ကျွန်တော့်တာ၀န်ထား ကျွန်တော်ကအဲ့ဒီအပိုင်းမှာBossထက်နည်းနည်းကျွမ်းတယ် "
Samကအခွင့်သာတုန်းပြန်ဖဲ့ကာ ဟန်နရီအားမျက်စိတစ်ဖက်ပြန်မှိတ်ပြ၏။
" လက်ထပ်မယ်လို့တွေးတောလိုက်တယ်ဆိုတည်းက မင်းကအိမ်ထောင်တစ်ခုကိုဦးစီးရတော့မှာနော်Sam။လူလွတ်တုန်းကလို နေချင်သလိုနေလို့မရတော့ဘူး နောက်ပြီးမင်းရဲ့လက်တွဲဖော်အပေါ် သစ္စာရှိပြီးအဆုံးထိကာကွယ်ပေးနိုင်မယ့် သတ္တိမျိုးရှိရမယ်။မာန်ဟိန်းကို မင်းတကယ်ပဲအဆုံးထိလက်တွဲသွားမယ်ဆိုတာသေချာလား "
ဟန်နရီက တည်ငြိမ်စွာဖြင့်မေးခွန်းထုတ်လာတာမို့ Samကခေါင်းအသာပြန်ညိတ်ရင်းပြုံးပြလိုက်၏။
" ဟန်နရီဗစ်တာရဲ့တပည့်ပါဗျာ ဘယ်အရာကိုမှလွယ်လွယ်နဲ့ဆုံးဖြတ်ချက်မချဘူး။အစ်ကိုက ကျွန်တော့်အတွက်မရှိမဖြစ်ဆိုတာသေချာသွားပြီမို့လို့ ကျွန်တော်ကအဆုံးထိသစ္စာရှိသွားမှာပါ "
" ဒါမျိုးကျ ရင့်ကျက်နေတာ။ခွေးကောင်လေး "
" နောက်ပြီးကျွန်တော်က အစ်ကို့ရှေ့မှာလက်စွပ်ကြီးပေါ်တင်ကိုင်ပြီး လက်ထပ်ခွင့်မတောင်းချင်ဘူးBossရာ စိတ်လှုပ်ရှားစရာလေးလည်းဖြစ်အောင်လုပ်ချင်သေးတာ "
" ခပ်မိိုက်မိုက်လေးပေါ့ "
" ဒါပေါ့ "
" ဒါဆိုမင်းလက်စွပ်၀ယ်ပြီးသွားပြီလား "
" အဆင်သင့်၀ယ်ထားပြီးသား ဒါပေမယ့်ကျွန်တော့်အိမ်မှာကျန်ခဲ့တယ် "
" ငါမင်းအိမ်ကိုလိုက်ခဲ့မယ် အဲ့လက်စွပ်တွေငါ့ကိုပေးလိုက်။လက်ထပ်ခွင့်တောင်းတဲ့နေ့ကျရင်မာန်ဟိန်းကိုကိုပါးစပ်အဟောင်းသားဖြစ်သွားစေရမယ် "
" Bossကအကောင်းဆုံးပဲ "
Samက ၀မ်းသာအားရဖြင့်ဟန်နရီရဲ့ပခုံးကိုလှမ်းဖက်ကာ မှီတွယ်လာ၏။ဆယ်ကျော်သက်အရွယ်တည်းက သူ့အပေါ်အစ်ကိုအရင်းတစ်ယောက်သဖွယ်ပြုစုလာသည့် ဟန်နရီရဲ့ချစ်ခြင်းမေတ္တာက ယခုတိုင်ပြောင်းလဲသွားခြင်းမရှိတာမို့ Samကမျက်ရည်၀ဲသည့်တိုင် ကြည်နူးမိသွားတာဖြစ်သည်။အလင်းတန်းလေးသဖွယ်လမ်းပြပေးခဲ့သည့်ဟန်နရီက တစ်စုံတစ်ယောက်အားလက်ထပ်ခွင့်တောင်းသည့်အချိန်အထိ သူ့ဘေးနားမှာမားမားမတ်မတ်ရပ်တည်ပေးခဲ့တာမို့ Samကပျော်ရွင်စွာဖြင့်ပြုံးရယ်လိုက်တော့၏။
မိသားစုဆိုသော အနက်အဓိပ္ပာယ်က Samအတွက်သေချာမသိနိုင်သောအရာတစ်ခုဖြစ်ခဲ့သော်လည်း သူ့အားနွေးထွေးစွာဖြင့်ကမ်းလင့်လာသည့် ဟန်နရီရဲ့လက်တွေက အဖေတစ်ယောက်(သို့)အစ်ကိုတစ်ယောက်သဖွယ် လုံခြုံသွားစေတာဖြစ်သည်။မိသားစုဆိုသောအသိုက်အမြုံလေးထဲ ယခုမှလူ၀င်ဆန့်သွားသောခံစားချက်မျိုးနဲ့ရင်ထဲသိမ့်ခနဲ~~~
" ကျွန်တော်Bossကိုချစ်လိုက်တာ "
~~~~~~
" ဘာတွေလုပ်နေတာလဲအစ်ကို "
ရောင်စုံစက္ကူလိပ်များနှင့် အလုပ်ရှုပ်နေသည့် မာန်ဟိန်းကိုကိုကြောင့် Samကမာန်ဟိန်းရဲ့ဘေးတွင်၀င်ထိုင်ရင်း ထိုစက္ကူလိပ်တစ်ချို့အား အရောင်တူရာစုပေးလိုက်၏။ဟန်နရီကတော့ မျက်နှာတည်ဖြင့် မာန်ဟိန်းအရှေ့မှဆိုဖာပေါ်တွင်ခြေချိတ်ကာထိုင်နေတာဖြစ်သည်။
" ဒီအပတ်သောကြာနေ့ကျရင် ဂေဟာမှာကလေးတွေအတွက်ပျော်ပွဲရွှင်ပွဲလေးရှိတယ်လေ အဲ့တာကြောင့်ကလေးအတွက်စက္ကူခေါင်းဆောင်းလေးတွေလုပ်ပေးနေတာ။ယောကျ်ားလေးဆိုရင် သရဖူ၊မိန်းကလေးဆိုရင် ပန်းပွင့်ခေါင်းပတ်လေး "
" ဒါဆိုအစ်ကိုအများကြီးခေါက်ရမှာပေါ့ အစ်ကိုတစ်ယောက်တည်းဘယ်လိုလုပ်နိုင်မှာလဲ"
" ကူညီပေးတဲ့သူရှိရင်တော့ ငါသက်သာမှာပေါ့ "
မာန်ဟိန်းက Samနှင့်ဟန်နရီကိုအဓိပ္ပာယ်ပါသောမျက်နှာဘေးနှင့်လှမ်းကြည့်ကာ စက္ကူတွေဆက်ခေါက်နေ၏။ဆိုလိုသည်က ထိုနှစ်ယောက်အားသူ့အလုပ်တွေကိုကူလုပ်စေချင်တာပင်။သို့ပေမယ့် ဟန်နရီကစိတ်မ၀င်စားသောမျက်နှာထားဖြင့် လျစ်လျူရှုနေ၏။သူ့အနေဖြင့် မျက်စိအညောင်းခံကာအာရုံစိုက်ရမည့်အလုပ်မျိုးတွေ စိတ်မ၀င်စားတာဖြစ်သည်။
" အစ်ကိုမျက်နှာလည်းသိပ်မကောင်းပါလား နေမကောင်းဘူးလား "
မအီမသာဖြစ်နေသည့်မာန်ဟိန်းကိုကိုကြောင့် Samကမာန်ဟိန်းရဲ့ကျောပြင်ကိုပွတ်ပေးရင်း စိုးရိမ်စွာဖြင့်မေးလိုက်၏။
" အင်း မနက်ကတည်းက ရင်ပြည့်သလိုဖြစ်နေတာ "
" အစ်ကိုဘာသောက်ထားလဲ "
" ဘာမှမသောက်ထားဘူး ဒါပေမယ့်ဟိုအရှေ့ကအံဆွဲထဲမှာ မဟာဖြေဆေးရှိတယ်ဆမ်မီ အဲ့တာလေးသွားယူပေးပါလား "
" မြန်မာဆေးတွေကဘာလုပ်မှာလဲ အင်္ဂလိပ်ဆေးကပိုကောင်းတာကို "
ငြိမ်သက်နေသည့်ဟန်နရီက မာန်ဟိန်းခေါက်ထားသည့်စက္ကူသရဖူလေးတွေအား စိတ်မ၀င်စားသောမျက်နှာဘေးဖြင့် ကိုင်ကြည့်ရင်းမာန်ဟိန်းအားရန်စလာ၏။Samကတော့ အကြောင်းသိနေတာမို့ခေါင်းငုံ့ကာကြိတ်ပြုံးရင်း မာန်ဟိန်းယူခိုင်းသည့်ဆေးဘူးအား အမြန်သွားယူပေးသည်။
" အညွှန်းဖတ်ကြည့်အုံးဆမ်မီ ရေအေးနဲ့သောက်ရမှာလား
ရေနွေးနဲ့သောက်ရမှာလား '
" ရေနွေးနှင့်သောက်လျှင်ပို၍သင့်တော်ပါသည်တဲ့ အစ်ကိုနဲ့ကျွန်တော့်လိုပေါ့။ဒါပေမယ့် အစ်ကိုကကျွန်တော့်အတွက် ရေနွေးမဟုတ်တဲ့ ရွှေရင်အေး "
" ဆမ်မီရာ လုပ်ပြန်ပြီကွာ "
ရုပ်တည်နှင့် ပိုပန်းလာသည့်Samကြောင့် မာန်ဟိန်းကအနေခက်သွားသည့်ပုံစံဖြင့် Samရဲ့လက်မောင်းကိုသူ့တံတောင်ဖြင့်ခပ်ဖွဖွလှမ်းတွတ်ရင်း ပြုံးရယ်လိုက်၏။ဟန်နရီကတော့ရုပ်တည်ဖြင့်အကဲပိုနေသောနှစ်ယောက်အား စူးစိုက်ကြည့်နေတာဖြစ်သည်။
" ဟန်နရီ "
မာန်ဟိန်းက အ၀ါရောင်စက္ဏူတစ်ရွက်အား ဟန်နရီထံသို့လှမ်းပေးကာမေးငေါ့ပြလိုက်၏။
" ငါပြောတဲ့အတိုင်းသရဖူလိုက်ခေါက်ကြည့် "
" ကျုပ်အဲ့တာတွေစိတ်မ၀င်စားဘူး "
" မင်းလက်နဲ့ကြိုးစားခေါက်ထားတဲ့ သရဖူလေးရလာတဲ့အခါ မင်းစိတ်ထဲဘယ်အရာနဲ့မှမတူအောင် ကြည်နူးမိသွားလိမ့်မယ်ဟန်နရီ။မင်းစိတ်မ၀င်စားတာသိပေမယ့် မင်းကိုယ်တိုင်ပုံဖော်ထားတဲ့အရာကို မင်းချစ်ရသူရဲ့ခေါင်းပေါ်မှာမြင်လိုက်ရတဲ့အချိန်က မင်းအတွက်တန်ဖိုးအရှိဆုံးအချိန်ကာလပဲဖြစ်လိမ့်မယ် "
မာန်ဟိန်းက ကလေးတွေအတွက်ရည်ရွယ်ကာပြောလိုက်ခြင်းဖြစ်သော်လည်း ဟန်နရီကသူ့အာရုံထဲပေါ်လာသည့် တစ်စုံတစ်ယောက်အားပြေးမြင်ကာ မာန်ဟိန်းလက်ထဲမှစာရွက်ကိုလှမ်းယူလိုက်၏။ထို့နောက်ဆိုဖာပေါ်မှဆင်းကာ စားပွဲရှေ့တွင်ထိုင်ချလိုက်သည်။Samကလည်း ဟန်နရီနည်းတူစာရွက်တစ်ရွက်ကောက်ကိုင်ကာ မာန်ဟိန်းသင်ပြမည့်အရာကိုအာရုံစိုက်ကြည့်နေတာဖြစ်သည်။
" အရင်ဆုံးမင်းတို့လက်ထဲကစာရွက်တွေကို ဒီလိုမျိုးတစ်၀က်တိတိခေါက်ချလိုက် "
မာန်ဟိန်းကအရှေ့မှဦးဆောင်ကာ လုပ်ပြနေတာမို့ ဟန်နရီနှင့်Samကထိုနည်းလမ်းအတိုင်း လိုက်ခေါက်ကြတာဖြစ်သည်။
" ပြီးရင် ဒီထောင့်လေးနှစ်ဖက်ကနေတြိဂံပုံစံလေးချိုးချလိုက် "
" ရှုပ်နေတာပဲ "
" ဒီသရဖူခေါက်နည်းကအလွယ်ဆုံးပဲဟန်နရီ "
" ပြီးရင်ဘာဆက်လုပ်ရမှာလဲ "
" ဒီအောက်ဖျားကပိုနေတဲ့စာရွက်သားကို ဟောဒီလိုလေးအပေါ်ကိုခေါက်တင်လိုက် "
" ဒီလိုလား "
" အေး ဟုတ်တယ် "
" ပြီးရင်ကောဘာဆက်လုပ်ရမှာလဲ "
" ဒီနားမှာပိုနေတဲ့စာရွက်သားကို ဟောဒီလိုလေးအနောက်ကိုခေါက်ထားလိုက် "
" ဒီလိုလား အစ်ကို "
" ဟုတ်တယ်ဆမ်မီ မင်းခေါက်တာလေးကသပ်ရပ်တယ် "
" ဒါဆို ကျုပ်ဟာကရော "
" မင်းခေါက်တာက သိပ်မသပ်ရပ်သေးဘူး နည်းနည်းလိုသေးတယ်"
" ဘယ်နားကလိုနေလဲ အဲ့တာပြန်ပြင်ပေး "
" ငါ့ကိုပေး ငါလုပ်ပြမယ် "
" မဟုတ်ဘူး ခင်ဗျားကိုပါးစပ်ကနေပဲကျုပ်မှားနေတဲ့အပိုင်းကို ပြန်ပြင်ပေးဖို့ပြောခိုင်းနေတာ ဒီဟာကကိုယ့်ဘာသာကိုယ်ပဲခေါက်မှာ "
ဟန်နရီက သူ့လက်ထဲမှစာရွက်ကို ဂရုတစိုက်ဖြင့်ပြန်ပြင်ဖို့ကြိုးစားနေတာကြောင့် မာန်ဟိန်းကဘေးနားကတွင်သာ မှားနေသည့်အပိုင်းကိုလက်ညှိုးထိုးရင်း ပါးစပ်ဖြင့်ပြင်ပေးသည်။
" ရပြီ မင်းခေါက်တာလည်းသပ်ရပ်သွားပြီ "
" ပြီးရင် ဘာဆက်လုပ်ရမှာလဲ "
" ခုနကခေါက်ထားတဲ့ပုံစံအတိုင်း နောက်ထပ်ခြောက်ခုထပ်ခေါက်ရမယ် အားလုံးပြီးရင်အဲ့ဒီခေါက်ထားတဲ့အပိုင်းအစလေးတွေကို တစ်ခုနဲ့တစ်ခုဆက်လိုက်ရုံပဲ အဲ့ဒီအခါသရဖူတစ်ခုထွက်လာလိမ့်မယ် "
ကျွမ်းကျင်စွာမခေါက်တတ်သေးသော်လည်း ကြိုးစားပန်းစားဖြင့်ခေါက်နေသည့်ဆရာတပည့်နှစ်ယောက်ကြောင့် မာန်ဟိန်းကမသိမသာလေးကြိတ်ပြုံးလိုက်သည်။ကြမ်းတမ်းသည်ဟုထင်ရသော်ငြား ယခုကဲ့သို့အလုပ်ကူလုပ်ပေးနေသည့်ပုံက မာန်ဟိန်းအတွက်လည်းပီတိဖြစ်စေသည်။
" ကျွန်တော်သရဖူတစ်ခုရသွားပြီအစ်ကို ဒီမှာကြည့်ပါဦး "
Samကသူခေါက်ထားသည့် သရဖူလေးကိုဂုဏ်ယူစွာဖြင့်မြှောက်ပြကာ မာန်ဟိန်းကိုကိုအားလှမ်းကြွား၏။ဟန်နရီကတော့ သူ့လက်ထဲမှသေသပ်စွာခေါက်ထားသည့် သရဖူရဲ့အလည်တွင် ( Hanary's Loon) ဆိုသောစာသားကို ဆော့ပင်ဖြင့်ရေးကာ သူ့ကုတ်အင်္ကျီထဲ မသိမသာထိုးထည့်လိုက်၏။
" ပြန်တော့မယ် "
" အခုမှတစ်ခုပဲခေါက်ပြီးသေးတာလေဟန်နရီ နောက်ထပ်အများကြီးခေါက်စရာကျန်သေးတယ် "
" မသိဘူးကွာ မခေါက်ချင်တော့ဘူး ပျင်းလာပြီ "
ပေကပ်ကပ်လုပ်နေသည့်ဟန်နရီကြောင့် မာန်ဟိန်းကမသိမသာသက်ပြင်းချကာ ခေါင်းရမ်းလိုက်၏။
" အကြင်နာတရားမရှိတဲ့လူကို ပြောရတာလည်းခက်သားပဲ "
မာန်ဟိန်းက သူ့အားအကြင်နာတရားမရှိဘူးဟုပြောဆိုလာတာမို့ သိပ်မကြိုက်ချင်ပေ။ဂေဟာမှကလေးတွေအတွက် မာန်ဟိန်းနှင့်Samကကြိုးစားပန်းစားလုပ်နေရတာမို့ သူ့အနေဖြင့်လည်းလျစ်လျူရှုကာ ထွက်မသွားချင်ပေ။စိတ်မ၀င်စားတာမှန်သော်လည်း ထိုနေ့ကသရဖူအခုနှစ်ဆယ်တိတိ မငြီးမငွေ့ထိုင်ခေါက်ပေးခဲ့ရတာဖြစ်သည်။
T. B. C
14.11.23
A/N Note
ဒီ Extraလေးက ဟန်နရီရဲ့မွေးနေ့မှတင်ပေးဖို့ရည်ရွယ်ခဲ့ပေမယ့် အပိုင်းအရမ်းရှည်သွားမှာစိုးလို့ နှစ်ပိုင်းခွဲတင်ပေးပါမယ်နော်။နောက်တစ်ပိုင်းကိုတော့ 24ရက်နေ့ကျရင်ထပ်ပေးပါမယ်ရှင့်။အလွမ်းပြေလေးပြန်လည်တင်ပေးတာမို့ 24ရက်နေ့တင်ပေးမယ့်အပိုင်းမှာ Birthdayနဲ့ပတ်သတ်တဲ့အကြောင်းအရာလေးတွေတော့မပါလောက်ပါဘူးနော်။Sam Proposeလုပ်တဲ့အပိုင်းလေးနဲ့ ဟန်နရီနဲ့လွန်းရဲ့Romanceအပိုင်းလေးတွေလောက်ပဲ ပါ,ပါမယ်ရှင့်><
BTW ဟီရိုလုပ်ဆောင်ခဲ့တဲ့အရာတွေကို ဟန်နရီကိုယ်တိုင်ဦးဆောင်ပြီးလက်လွှဲယူခဲ့တဲ့အပိုင်းကိုဖတ်ချင်ရင် Stivan and The Psychopath Ficထဲက အပိုင်း(39)မှာဖတ်နိုင်ပါတယ်။
~~~~~~~
" ဟီရိုဝင်လာပါပြီ "
" ဗစ်တာ "
" ဟီရို "
ဒိုင်း~~
" ဟီရို "
" ဗစ်တာ "
" ...... "
" ဟီရို "
" ...... "
" ဟီရို "
" အင်း "
~~~~~
" Bossကားမောင်းမလား "
" ကားပေါ်တက် "
.
.
.
.
" Sam "
" ဗျာ "