သူကြီးသားကကျွန်တော့်အပိုင်[ပု...

Autorstwa Shinn-0813

300K 13.9K 675

ပုံတိုင်းဆောင် +ရာချီဒွေး သူကြီးသားလေးနဲ့ အပေါင်ဆိုင်သားလေးတို့ကိုဖတ်ပေးကြပါအုန်းရှင့် တောရွာပုံစံလေးကိုမှ ကြ... Więcej

intro
1(ZawGyi)
2(Unicode)
2(ZawGyi)
3(Unicode)
3(ZawGyi)
4(Unicode)
4(ZawGyi)
5(Unicode)
5(ZawGyi)
6(Unicode)
6(ZawGyi)
7(Unicode)
7(ZawGyi)
8(Unicode)
8(ZawGyi)
9(Unicode)
9(ZawGyi)
10(Unicode)
10(ZawGyi)
11(Unicode)
11(ZawGyi)
12(Unicode)
12(ZawGyi)
13(Unicode)
13(ZawGyi)
14(Unicode)
14(ZawGyi)
15(Unicode)
15(ZawGyi)
16(Unicode)
16(ZawGyi)
17(Unicode)
17(ZawGyi)
18(Unicode)
18(ZawGyi)
19(Unicode)
19(ZawGyi)
20(Unicode)
20(ZawGyi)
21(Unicode)
21(ZawGyi)
22(Unicode)
22(ZawGyi)
23(Unicode)
23(ZawGyi)
24(Unicode)
24(ZawGyi)
25(Unicode)
25(ZawGyi)
26(Unicode)
26(ZawGyi)
27(Unicode)
27(ZawGyi)
28(Unicode)
28(ZawGyi)
29(Unicode)
29(ZawGyi)
Final part(Unicode)
Final Part (ZawGyi)
အသိပေးခြင်း

1(Unicode)

19.1K 832 56
Autorstwa Shinn-0813

(ဂွက်ထော်ရွာတောင်ပိုင်း)
မရုံးခင်ဆွေးအပေါင်ဆိုင်လေး၌ လူနှစ်ယောက်အချေအတင်ဖြစ်နေကြ၏

"ပုံတိုင်းဆောင် မင်းမလွန်လာနဲ့နော်"

"ဒါဆို မပေါင်နဲ့ပေါ့ဗျာ လာပေါင်တဲ့ ပုဆိုးက သန့်လားမသိ မသန့်လားမသိနဲ့ လိုချင်တော့
၅၀၀၀ ...ကုန်းလိုက်လေ ဖင်အရှည်ကြီးကုန်းလိုက် "

ပုဆုံးပုံစံလေးက အိတ်လေးနဲ့ကို မထုတ်ရသေးသည့် ပုံစံ ဒါကိုဈေးကိုင်နေတာ သူ့အဖေ အတိုင်းပါလေ။

"ဒီပုဆိုးက ၁၂၀၀၀ ကွ ငါဝတ်တောင်မဝတ်ရသေးဘူး ၁၀၀၀၀ မပေးရင်တောင် ထက်ဝက်ဈေးတော့ပေး "

"မရဘူး ၅၀၀၀ ဘဲရမယ် ယူချင်ယူမယူချင်သွား မတားဘူး "

ပုံတိုင်းဆောင် တစ်ယောက် လာပေါင်တဲ့ သူ၏ မျက်နှာတောင်မကြည့်ဘဲ ချောင်းတစ်ဟန့်ဟန့်နဲ့ သာ ခပ်ပြတ်ပြတ်ပြော၏

"မယူဘူး ကွာ ဟိုမှာ မင်းအဘတစ်ခိုင်စွန်း လာပြီသူ့ဆီမှာပေါင်မယ် "

"ပေါင်ပေါ့ "

"ပုံတိုင်းဆောင် ဘာတွေ ဖြစ်နေတာလဲ မင်းကရော ဘာလာပေါင်တာလဲ "

"ဦးကြီးကျုပ်က ပုဆိုးလာပေါင်တာ ဒါကို
ပုံတိုင်းဆောင်က ဈေးဖြတ်နေတာ ကျုပ် ပုဆိုးက ၁၂၀၀၀ တန်တာကို ၅၀၀၀ ဘဲယူတဲ့"

"ပြစမ်း ပုဆိုး "

ပုဆိုးကို ကိုယ်တိုင်ဖွင့်ကြည့်ပြီး အနံ့ပါရူလိုက်သေး၏

"ငါ့သား မှန်တယ် ၅၀၀၀ ပေးတာတောင်များတယ် မင်းဟာကကော်နံ့တွေနဲ့ စက္ကူကလဲ ဆွေးနေတာ ဖုံတွေလည်းတက် ဘာကိုအသစ်လဲ ၄၀၀၀ ဘဲယူ "

"ပေး ပေး ပေးပါတော့ ကျုပ်ထန်းရည်သောက်ချင်နေပြီ"

"အဘ သူ့ကို ၄၀၀၀ ဘဲပေးလိုက်တော့ "

"ပုံတိုင်းဆောင် အခုနကကျ ၅၀၀၀ ဆို"

"ကျုပ်ဈေးဖြတ်‌တုန်းက ခင်များမှ မယူတာ အခု အဘ ဖြတ်တဲ့အတိုင်းဘဲယူတော့ "

"မရဘူးကွာ ၅၀၀၀ လောက်တော့ပေး"

ပုံတိုင်းဆောင် မျက်နှာ ရူံ့ပြီး ၅၀၀၀ တန်လေးထုတ်ပေးလိုက်ပေမယ့် ဦးတစ်ခိုင်စွန်းကတော့ ၅၀၀၀ တန်ကို ဆွဲယူလိုက်ပြီး

"ငါ့နမည်ဘာလဲ မင်းပြော"

"တစ်ခိုင်စွန်းလေ ဘာလို့လဲ "

"တစ်ခိုင်စွန်းတော့ "

"တစ်ခွန်းဆိုင်ပေါ့ "

"အေ အဲ့ဒါကြောင့်တစ်ခွန်းဘဲပြောမယ် ၄၀၀၀ ဘဲယူ ဒါဘဲ"

"ခင်ဗျာ....."

ဂွက်ထော်ရွာလေးမှာ အပေါင်ဆိုင်က တစ်ခုထဲမို့လို့အားလုံးက ဒီအပေါင်ဆိုင်ကိုဘဲ လာရောက်ပေါင်ကြ‌၏ ဒါပေမယ့် အဆင်ပြေတဲ့သူတစ်ယောက်မှမရှိ မရုံးခင်ဆွေး အပေါင်ဆိုင်သည် ဘိုးဘွားဆင်ဆက်အဆင်အလာကို ထိန်းသိမ်းထားသည်မို့...။

"ပုံတိုင်းဆောင် ထမင်းပြန်စားတော့သွား"

"အဘ ကရောစားပြီးခဲ့ပြီလား "

"အေငါပြီးပြီ အခုမင်းနားတော့ ငါဆက်ပြီးဆိုင်စောင့်နေပေးမယ် "

"ဟုတ်ကဲ့အဘ ဒါဆို ကျွန်တော် ပြန်ပြီ အဘလည်းနားချင်ရင်ပြောအုန်း "

"အေအေ"

ဆိုင်က တစ်ယောက်တစ်လှည့်စောင့်တာမို့
တစ်ယောက်ထမင်းစားချိန်ဆို တစ်ယောက်ဆိုင်စောင့်ရ၏ အခုအဘက စားပြီးခဲ့ပြီဆိုတော့ ပုံတိုင်းဆောင်လှည့်ဘဲကျန်တော့၏

"သူကြီးရေ သူကြီး"

"ဘာတုန်းကွ သောင်းတင် ရ "

"သူကြီးသားတို့အဖွဲ့ ရွာလယ်မှာ ရန်ဖြစ်နေကြလို့"

"ဘယ်လိုဖြစ်ကြတာလဲကွ "

"ကြက်တိုက်ရင်းနဲ့အချေအတင်ဖြစ်ကြတာ ကျန်တာတော့ ကျုပ်လဲမသိဘူး"

"အေငါအခုလိုက်ခဲ့မယ်ခနစောင့်
မိန်းမရေ မင်းသားဆီ ငါသွားလိုက်အုန်းမယ်"

သားတစ်ယောက် သမီးတစ်ယောက်ရှိပါတယ် သမီးက အိမ်အလုပ်တွေအားကိုးမရလို့
သားဖြစ်သူကိုလဲ အပြင်အလုပ်များအားကိုရမယ်ထင်နေတာ ဒီပုတ်ထဲက ဒီပဲ ဘဲ..။

"ရာချီ မင်းကြက်ကစောက်ကျင့်မကောင်းလို့
မကောင်းဘူးပြောတာလေ မင်းကရော မင်းကြက်ကို လူကောင်းလို့ထင်လို့လား"

ကျန်စစ်က ပြောတာမို့ ရာချီ မခံမရပ်နိုင်စွာဘဲ ထပြောပြန်၏

"ငါ့ကြက်က မိကောင်းဖခင် သားသမီးကွ
မင်းကြက်ကသာ သန္ဓေယုတ်တာ "

"ဘာကွမင်းကြက်က ငါ့ကြက်ကိုအပေါ်က တက်အုပ်နေတာလေ ဒါရာဇဝတ်မှုမြှောက်တယ်ကွ "

"မကျေနပ်ရင် မင်းပြန်အုပ်လိုက်လေ ငါလိုးမသားရဲ့ "

ခွပ်!!!

"ရာချီ မင်းငါ့ကိုအရင်ဆဲတာနော် "

ခွပ်!!!

"ဆဲတော့ ဘောဖြစ်လားကွာ "

ခွပ်!!!

"ဟျောင့်တွေ တော်တော့ကွ အရင်ထဲကသူကြီးသားကညစ်မှန်းသိလျှက်နဲ့ဘာလို့ဆော့နေလဲ"

"ဘာ!!!သာလှမင်းငါ့ဘက်ကလားသူ့ဘက်ကလား"

"မဟုတ်ပါဘူး အကိုလေး"

သာလှဆိုသည်မှာ သူကြီးရဲ့ မွေးစားတူဖြစ်သလို သူကြီးသားနဲ့လဲ တစ်ပူးပူးတစ်တွဲတွဲ
အခုတော့ သူမတူသလို ကျန်စစ်ဘက်က ပါနေတာကြောင့် ရာချီ ပိုလို့တောင်သွေးဆူသွားရ၏...

ခွပ်!!!

"ငါလိုးမ မင်းကြက်က မိမဆုံးမ ဖမဆုံးမကြက်"

ခွပ်!!!

"မင်းကြက်ကကျတော့ရော မိမနိုင်ဖမနိုင်လေ"

ခွပ်!!!!

"မင်းငါ့ကြက်ကို မပြောနဲ့နော် ကျန်စစ်"

"မင်းအရင်ပြောတာလေ လီးလား"

ခွပ်!!!!

နှစ်ယောက်သား မြေကြီးပေါ်မှာ အပြန်အလှန် တစ်ယောက်က အပေါ်ကနေထိုးလိုက် နောက်တစ်ယောက်က အောက်ကနေပြန်ထိုးလိုက်‌ဖြစ်နေတာ
နောက်ဆုံးမှာတော့ သူကြီးရောက်လာခဲ့တော့သည်။

"ရာချီ ပြောစမ်း မင်းမှန်လား "

"သား မမှားပါဘူး အဲ့ကောင်ကျန်စစ်ရဲ့ကြက်က အကျင့်ယုတ်တာ"

"ဘာကွ မင်းကြက်ကအရင်ငါ့ကိုတက်အုပ်တာနော် "

"တော်တော့ ငါ့ရှေ့လာပြီး မလေးမစားနဲ့အခုတော့ ကြားလို့မှကောင်းရဲ့လား"

"ကောင်းပါတယ်ဗျ"

"ကောင်းတယ် "

"ဘာကွ! ထိပ်တုံး တစ်ရက်ထပ်တိုးမယ်"

"အဖေ!!"

"သူကြီး!!!"

နှစ်ယောက်သားရဲ့ အသံကတစ်ညီတည်း
အခုထိ သူတို့လုပ်ပုံကိုသူတို့မှန်တယ်ထင်နေတာ..

"ရာချီ မင်းကိုလဲ ငါခနခနပြောတယ်
ဒီကြက်ကို သွားသွားမတိုက်ပါနဲ့လို့
အလောင်းကစား မလုပ်ရရင် မနေနိုင်ဘူးလား"

"အလောင်းကစားလို့မပြောပါနဲ့ အဖေရဲ့ ဒါက ကြက်သွေးပူလေ့ကျင်ခန်းလုပ်ပေးနေတာဗျ "

"ဒါတော့ ကျွန်တော်လည်း ထောက်ခံတယ် "

"မင်းငါပြောတိုင်းလိုက်မပြောနဲ့ "

"ပြောတော့ဘာဖြစ်လဲ "

ဒီလောက်ထိ ထိပ်တုံးခတ်ခံထားရတာကိုတောင် မမှတ်တဲ့အပြင် သူကြီးရှေ့မှာတင်
မျက်နှာကို လက်နဲ့ တစ်ယောက်တစ်ချက်ဆီ တွန်းထုတ်ပြီး ရန်ထောင်နေလိုက်သေး၏

"ထိပ်တုံး သုံးရက်ထပ်တိူးတယ် "

"ဗျာ.."

"ခင်ဗျာ.."

ရွာထဲမှာတော့ ရက်ကျော်ရွာကျော်က
သူ့တို့နှယောက်အပြင်မရှိ ဒါတောင်မှ ငယ်ငယ်ထဲက အတူတူမွေးပြီးအတူတူကြီးပြင်းလာတဲ့သူတွေ..
ငယ်ပေါင်းကြီးဖော် ဖြစ်မည့်နေနေသာသာ ငယ်သတ်ကြီးသတ်သာဖြစ်နေ၏
သူကြီးသား ရာချီဒွေးက မဟုတ်မခံ ဟုတ်လည်းမခံ ဆိုတာမို့ စွာတေးကိုလန်နေတာ...
ကျန်စစ်ဆိုသည်မှာဘဲ ဘယ်သူတွေဘယ်လောက်မှားမှားသူမမှား ဖြစ်နေတာကြောင့် ပိုလို့တောင်မတည့်..

"ဒီမှာ အကိုတို့ ထမင်းလာကျွေးတာ ငတ်နေမှန်းသိလို့ "

ရာချီရဲ့ ညီမ နှင်းရည်က ထမင်းလာကျွေးတာမို့ ရာချီကျေနပ်မိ၏ သို့ပေမယ့် အကိုတို့တဲ့ ဒါဆိုနှစ်ယောက်စာပေါ့

"နှင်းရည် ကျေးဇူးဘဲနော် "

"ရပါတယ် အမေ ကျွေးခိုင်းတာဘဲ "

"နှင်းရည် ဘာလို့ အဲ့ကောင်အတွက်ပါယူလာတာလဲ ငါနင့်အကို ငါ့ကိုဘဲပေး "

"နှစ်ယောက်လုံး ငတ်နေတာချင်းအတူတူ စမန်ခုတ်မနေနဲ့ စားစရာရှိစား"

"ဒါနဲ့ ဘာဟင်းလဲ ညီမလေး"

"အာလူးဟင်းလေ အကိုရဲ့ "

ရာချီ သူတို့နှစ်ယောက်ကြည့်ရင်း
မျက်နှာရူံးမိ၏ သာယာနေတာလား
ဘယ်သူက သူ့အကိုလဲမသဲကွဲ

"တကယ်တော့ အမေက အိမ်မှာချက်တဲ့
ကြက်ကာလသားဟင်း ကိုထည့်လာခိုင်းတာ နှင်းရည်ကိုက အကိုတို့ကို မသက်ထာလို့အာလူးဟင်းဘဲယူလာပေးတာ"

ကျန်စစ်ပါ မချိပြုံးနဲ့ပြုံးလိုက်‌၏
စောက်ကျင့်ယုတ်ချက်က သူ့အကိုအတိုင်းဘဲ
ဒါပေမယ့်လည်း အိမ်က အမေကစိတ်ဆိုးပြီးလာမပို့တော့ ပို့ပေးတာဘဲစားရတော့မည်။

<><><><>

"နေစမ်းပါ သာလှရာ ငါအဲ့ကောင်ကြောင့် ထိပ်တုံးခတ်ခံရတာကွ"

"ဒါပေမယ့် ကျွန်တော်တို့အခုလုပ်လို့ မိသွားရင် ထပ်ခတ်ခံရမှာလို့"

"မင်းမပြောရင် မမိဘူး ပါးစပ်လေးသာ ပိတ်ထား "

သာလှလည်း တားမရတာနဲ့လွှတ်ထားလိုက်တော့၏
ရာချီကတော့ ညဘက်အချိန်မတော်
သောင်းတင် ရဲ့ ခြံထဲကိုဝင်ပြီး သူလိုချင်တာကိုရှာနေပေမယ့်အခုထိမတွေ့ ဟိုနေ့က
ဒီကောင်သောင်းတင် တိုင်လိုက်လို့ ထိပ်တုံးခတ်ခံရတာကို အခုထိ မကြေမအေးနိုင်တာမို့ သူ့ခြံထဲက ကြက်ကိုခိုးချင်နေ၏
သို့ပေမယ့် ခြံထဲမှာ သူနဲ့သာလှနဲ့တင်မဟုတ်ဘဲ တစ်စုံတစ်ယောက်ကလည်းရောက်နေသေးသည်။

"ကျန်စစ်??"

"ရာချီ??မင်း မင်းသူများခြံထဲကို "

"ငါ့ဘဲပြောမနေနဲ့ မင်းလဲ သူများခြံထဲကို ရောက်နေတာလေ အခုဘာလာလုပ်တာလဲ"

"မင်းနဲ့မဆိုင်ပါဘူး "

ရာချီ့စကားကို လျှစ်လျူရူပြီး တစ်ခုခုကိုအသည်းအသန်ရှာနေတဲ့ ကျန်စစ်ကိုလည်းသတိထားမိ၏

"မင်းမဟုတ်မှ ဘာလာခိုးတာလဲ "

"လီးကိုခိုးရမှာလား "

"မင်း သောင်းတင်ကိုမကျေနပ်ဘူးမလား ငါတို့နှစ်ယောက်ကိုတိုင်လိုက်လို့လေ ငါလည်းမကျေနပ်ဘူး ဒါကြောင့်သူ့အိမ်က ကြက်ကိုလာခိုးတာ မင်းရောအတူတူဘဲလား"

"အကိုလေး ဘာလို့သွားပြောတာလဲ"

သာလှကတော့ ကြားထဲကနေ ကြောက်ချီးပန်းနေရော...

ကျန်စစ် လူမိသွားတာကြောင့်ချောင်းတစ်ချက် ဟန့်ပြီး

"အဟက် ဟုတ်တယ်ကွာဘာဖြစ်လဲ အတူတူခိုးမယ်လို့မပြောနဲ့နော် ငါကချက်စားချင်တာ"

"အတူတူခိုးပြီး ထန်းရည်နဲ့ ‌မြည်းကြမလား"

"အကိုလေးတို့နှစ်ယောက် ဟုတ်မှလုပ်နော်"

ကျန်စစ် စဉ်းစားမိ၏ အခုသူတစ်ယောက်ထဲသာခိုးရင် ဒီကောင်ရာချီက ချွန်တွန်းလုပ်မှာ
နှစ်ယောက်သာ အတူတူခိုးရင်တော့ မမိလောက်ဘူး

"အိုခေ ငါတို့ပူးပေါင်းကြမယ် "

သုံးယောက်သား ကြက်ကိုသာ ယူပြီးပြေးထွက်သွားကြ၏ ..

အော် အိ အိ အွတ်!!!!!

ကျန်စစ်ကအရင်ကြက်ကို ဦးဆောင်ပြီးဖမ်းသွားတော့ ကျန်စစ်ရဲ့ အမေကလည်း ဟင်းကို ချက်ပေးရ၏
ရာချီကတော့သူမဟုတ်သလိုနဲ့ အိမ်လည်စားနေတာများ

"ကောင်းလိုက်တာ ဂျီးတော်ရာ ဘယ်‌လိုတောင်ချက်ထားတာလဲ "

"ကျန်စစ်ဒီကြက်က တကယ်ဝယ်လာတာပါနော် "

"အမေကလဲဗျာ ကျွန်တော့်ကိုမယုံဘူးလား
ကျွန်တော်သာ ခိုးလာရင် ရာချီလိုက်စားပါ့မလား"

"ဝယ်လာရင်လည်း သူကြီးသားက ဘယ်တုန်းကလိုက်စားဖူးလို့လဲ "

ကျန်စစ်အမေက မယုံသလို စစ်နေပေမယ့်
ရာချီနဲ့သာလှကတော့ ဂရုမစိုက်ဘဲ အကုန်သာထိုးသွင်းနေ၏ ။အလကားရတဲ့အသားစားကောင်း၏ဆိုတဲ့အတိုင်း။

"ဟျောင့် ရာချီ မင်းကြက်ပေါင်တစ်ချောင်းလဲ ကိုက်ပြီးပြီ ကျန်တာငါ့အတွက်ကို ဘာလို့အကုန်စားနေတာလဲ"

"မင်းအတွက် ကြက်ခြေထောက်ချန်ထားပါတယ်နော် နော့်သာလှ "

"ဟုတ်တယ်ဟုတ်တယ် ကြက်ခြေထောက်စားရင်ခြေထောက်ခိုင်တယ် အကိုကျန်ရစ်ရဲ့"

"ဘောကို အကိုကျန်ရစ်လား"

တားလို့လည်းမရနိုင်တော့ ကြက်ပေါင်က သူအကုန်ဆွဲစားနေတာ ဘယ်ဘဝက ငတ်ပြတ်လာလဲမသိ ဒါတောင် သူကြီးသားဖြစ်လို့
သူကြီးက စားရသမျှအကုန်ကျွေးထားတာကိုတောင်ငတ်ပြတ်နေတာများ အခုတော့သူ့အတွက် ရင်ပုံလေးဘဲရှိတော့၏

"ကျန်စစ်!!!ရာချီ!!!သာလှ!!!"

"အဖေ!!!"

"သူကြီး!!!"

"ဘဘ!!"

သူကြီးက အရှေ့တည့်တည့်ပေါ်လာတာကြောင့် ရာချီတစ်ယောက် ကျန်စစ်ရဲ့နောက်မှ ဝင်ပုန်းသွားတာများ မသိရင်သူမဟုတ်တဲ့အတိုင်းး

"သူကြီးတွေ့တာ ကျုပ်ပြောသားဘဲ ကျုပ်ကြက်ကို အဲ့ကောင်နှစ်ကောင်ခိုးသွားတာပါလို့ "

"ဟုတ်လားဖြေစမ်းနှစ်ယောက်သား "

"ကြက်မြင်တာနဲ့ မင်းကြက်ထင်နေတာလား"

"မင်းကြက်က ဘာစောက်ဆင့်ရှိလို့ငါတို့ချက်စားရမှာလဲ "

" ဟုတ်တယ်ငါတို့ကစားရင်တောင်စောက်ဆင့်ရှိတဲ့ကြက်ဘဲစားတာကွ"

နှစ်ယောက် ပြိုင်တူငြင်းနေပေမယ့်
သောင်းတင်က ကြက်ခြေထောက်သေချာကြည့်ပြီး မျက်ရည်တွေစို့တက်လာ၏

"အဖေ့သားလေး မင်းတို့တွေရက်စက်လိုက်တာကွာ ဟုတ်တယ်သူကြီး ဒါကျုပ်ကြက်ဘဲ ခြေထောက်မှာ မှဲ့လေးတောင်ပါသေးတယ်"

"....."

"မင်းကြက်ဆိုရင်တောင် အဲ့တာကျန်စစ်ခိုးတာ ငါကဒီတိုင်းသူဖိတ်လို့ အိမ်လည်စားရုံဘဲ ဟုတ်တယ်မလား သာလှပြောလိုက်လေ"

"ဟုတ်ပါတယ် ဘဘ အကိုလေးရာချီနဲ့
အကိုလေးကျန်စစ်ကခိုးတာမို့ ကျွန်တော်က အိမ်လိုက်စားတာပါ"

ရှေ့နေ့ငှားမှ ထောင်လုံးလုံးကျဆိုတာ သာလှနဲ့မှကွက်တိ

"သာလှ!!!"

"သာလှ!!!"

ဒီတခါတော့ ငမွေးထိုးနှစ်ယောက်လုံးက
သာလှကို ဦးတည်ပြီး အော်လိုက်တာကြောင့် သာလှ ကြောက်ကြောက်နဲ့သာတုန်နေ၏

<><><><>

တစ်ပတ်တိတိ ထိပ်တုံးစာမိထားတော့
ရာချီ တစ်ယောက်မမွှေနိုင်တော့
တကယ်ဆို မွှေမယ်ဆိုပြီးဆုံးဖြတ်ထားတာမဟုတ်ပေမယ့် ကိုယ်လုပ်နေတဲ့ပုံစံတွေကိုက
ငမွှေထိုး ပုံစံသွင်းနေတာ..

"ပျင်းလိုက်တာ သာလှရာ "

"အကိုလေးပုံတိုင်းက အရွယ်ရောက်လာလေ ချော‌လာလေဘဲ နော့် အကိုလေး"

သူပြောတာကို ဂရုမစိုက်ဘဲ တခြားတစ်ယောက်အကြောင်းထပြောတဲ့ သာလှရဲ့ အကြည့်ရှိရာကို လိုက်ကြည့်မိတော့
တကယ့်ကို အပေါင်ဆိုင်သားဘဲ

"ဘယ်နားကချောလို့လဲ ရုပ်ကိုက ဆရာကြီးစတိုင်နဲ့ "

"အကိုလေးမျက်စိမပါဘူးလား"

"ဘာကွ "

"အာ ကျွန်တော်ပြောတာကအကိုလေးပုံတိုင်းရဲ့မျက်နှာ ဆရာကြီးဆန်တဲ့ မျက်နှာတော့မဟုတ်ပါဘူး အပေါင်ဆိုင်မှာဇီဇာ ကြောင်တာကလွဲရင် ကျန်တဲ့နေရာမှာသူ့ကလုံးဝကိုပြည့်စုံတာဗျ ဗိုလ်လိုပြောရင်တော့ ပြာဖတ်ပြာဖတ်ပေါ့ "

"ဘောကို ပြာဖတ်လား ပါဖတ်ကွ!"

ပြည့်စုံတာတော့ မှန်ပေမယ့် ကျန်စစ်နဲ့ယှဉ်ရင်အမြဲ ကျန်စစ်ဘက်က ပါပေးနေတာကိုတော့ကြည့်မရ ငယ်ငယ်ထဲက သူလက်ထဲမှာဘဲ ကြီးပြင်းလာတော့ သူရှေ့မှာလဲဘာမှသွားပြောလို့မရ ။

"ငါ့လောက်တော့မချောပေမယ့်..."

"ရာချီနဲ့သာလှ မင်းတို့နှစ်ယောက်ဘာလုပ်နေတာလဲ "

ပြောလို့မှ မပြီးရောက်လာတဲ့ ပုံတိုင်းကြောင့်
ရာချီ မျက်လှန်ချိုးလိုက်၏

"သာလှပေါ့ မင်းအတင်းကိုပြောနေတာလေ"

"ဟမ် အကိုလေးရာချီ ကျွန်တော်ဘယ်တုန်းကပြောလို့လဲ "

"...."

"မင်းအခုပြောတာလေ ဘာလဲအကိုလေးပုံတိုင်းက ကြီးလေနူလေ ဆိုပြီးတော့ "

"အကိုလေး ကလိမ်ကကျစ်မလုပ်နဲ့ ကျွန်တော်တကယ်မပြောဘူး"

"ဘာလဲ မင်းငါ့ကိုကလိမ်ကကျစ်လို့ပြောနေတာလား "

"ဟုတ်တာလဲဟုတ်တာဘဲလေ "

ငယ်ငယ်ထဲက အတိုင်း ကလေးတွေကို ရန်ဖြစ်နေကြတဲ့ ရာချီနဲ့ သာလှကိုကြည့်ပြီး
၃နှစ်ကြီးတဲ့ ပုံတိုင်းကဘဲဦးဆောင်ပြီးထိန်းပေးရတော့မည်။

"ဟုတ်ပါပြီကွာ ထားပါပြောရင်လည်းအကိုကမင်းတို့ကို ဘယ်တုန်းကဗွေယူဖူးလို့လဲ
အခုတော့ အကိုလည်းဆိုင်သွားရအုန်းမှာမို့"

"ဟုတ်ကဲ့ကောင်းကောင်းသွားပါဗျ"

"နေအုန်း ဒါနဲ့လက်ကဘာလဲ"

လက်ထဲက ချိုင့်ကိုသတိထားမိတာကြာပြီ
အနံ့လည်းသင်းသင်းလေးကိုရနေတာကြောင့်ပိုလို့တောင်သိချင်၏

"ဒါက ကိုယ့်အဘအတွက်သွားပို့မယ့်ဟာပါ
သူ့ထမင်းမစားရသေးလို့လေ "

"ဘာဟင်းလဲ "

"ဟမ်"

"ဘာဟင်းလဲလို့ "

"ကြက်ကြော်လေ"

ကြက်ကြော်ဆို လုံးဝရာချီ့အကြိုက်‌ဖြစ်၏
အခုသာ နည်းနည်းကျွေးလို့တောင်းစားရင် မာနထိခိုက်မှာသေချာ၏ ဒါပေမယ့်လည်း
ရာချီ့ရဲ့အိမ်မှာ သူ့အဖေက စိတ်ဆိုးနေတာမို့ အားလူးဟင်းနဲ့သာ နှစ်ပါးသွားခိုင်းနေ၏
ပြီးတော့ ဒီအပေါင်ဆိုင်သားရဲ့ အမေက ဟင်းချက်စောက်ရမ်းကောင်းတာမို့ အိမ်ကဟင်းထက် ဂျီးတော်ရဲ့ဟင်းကိုပိုကြိုက်ရ၏
သူ့မှာညီမသာ ရှိရင် ဂျီးတော်ရဲ့ ဟင်းကိုစားချင်လို့ယူပြီးသာကြာပြီ။

"မင်း စိန်စိန်တို့ အိမ်ကခွေးကို စောက်ရမ်းချစ်တာမလား "

"ချစ်ပါတယ်ဘာလို့လဲ "

"အဲ့ခွေးဗိုက်ဆာနေလို့တဲ့ငါ့ကိုလာပြောတယ်"

"ခွေးကဘယ်လိုပြောတာလဲ "

"ဝုတ်ဝုတ်ဝုတ်တဲ့လေ "

".... "

စောက်ရှက်တွေ လေလွင့်ကုန်ပြီလားမသိတဲ့ အကိုလေးဖြစ်သူကြောင့် သာလှ မျက်နှာကိုလက်နဲ့သာအုပ်ထား၍ မျက်နှာပူနေရ၏

"ထားပါ ငါ‌အဲ့ခွေးကို သွားကျွေးပေးမှာမို့ ကြက်ပေါင်လေးတစ်တုံးလောက်ထားခဲ့"

"အင်းပါ"

ပုံတိုင်း ချက်ချင်းဘဲ နှစ်လုံးချိုင့်လေးကို ဖွင့်ပြီး ကြက်သားသုံးတုံးရှိရာ၌ ကြက်ပေါင်လေးကိုဘဲ ရာချီကိုပေးလိုက်တော့၏

"ကျေးဇူးဘဲ မင်းအဖေကတော့ကုသိုလ်ရတော့မှာဘဲ "

"ဟုတ်ပြီ ကျွေးဖြစ်အောင်ကျွေးလိုက်အုန်း"

"ငါကလုစားမယ်ထင်နေတာလား သူကြီးသားကွ ငါ့မှာလည်းသိက္ခာရှိတယ် "

"အင်းကိုယ်သွားပြီ"

"ဒိုး!!"

ပုံတိုင်းထွက်သွားတာကို သေချာကြည့်ပြီး
ကြက်ကြော်လေးတစ်ခုကိုလည်း အနံ့ရူလိုက်သေး၏

"အကိုလေးရာချီ မဟုတ်မှ "

"အေ ငါစားဖို့ "

"ဟာအကိုလေးရာချီဒါငရဲကြီးတယ်နော်"

"ငရဲက သေမှကြီးတာပါကွာ အခုတော့တော်တော်ကောင်းတယ်ကွ"

"ဟုတ်လား ကျွန်တော့်ကိုလည်းနည်းနည်းကျွေး"

"မကျွေးပါဘူး စားချင်ရင်မင်းလဲငါ့လိုတောင်းစားပေါ့"

ကျွေးရမည်ဆိုတာကြောင့် အတင်းကို ပါးစပ်ထဲထိုးထည့်နေတာများ စိန်စိန့်အိမ်ကခွေးတောင် သူ့လောက်မငတ်။

Czytaj Dalej

To Też Polubisz

7.8K 267 4
"ကျုပ်ကိုပြန်ချစ်လိုက်စမ်းပါ ကျောင်းဆရာလေးရာ။ ကျုပ်ကအပိုမဆိုတတ်ဘူး၊ ခင်ဗျားကိုမြင်ကတည်းက ကျုပ်ကစွဲလမ်းချစ်မိသွားတာဗျ ၊ ကျုပ်စဉ်းစားမိတယ်ဗျ ဟိုးနှစ်တစ...
189K 4.3K 66
imagines as taylor swift as your mom and travis kelce as your dad
236K 826 26
its all in the title babes 😋
1.2M 56.7K 83
"The only person that can change Mr. Oberois is their wives Mrs. Oberois". Oberois are very rich and famous, their business is well known, The Oberoi...