🌓မောင်သည်သာ မေအရာရာ🌔
အပိုင်း..30..
...........!!..........!
"မေမေ .."
အိပ်ရာဝင်ချိန် သမီးလေးကို ချော့သိပ်ရင်း စန္ဒကူး ရင်ခွင်ထဲ ငြိမ့်သက်နေတဲ့
သမီး က မျက်ဝန်းလေး ဖွင့်ကာ
မျက်တောင့်ဖျားတစ်ဖျတ်ဖျတ် လှုပ်ခတ်ရင်း ခေါင်းမော့ ကြည့်လာသည်။
" ဘာပြောမှာလဲ ကူးငယ်လေးရဲ့.."
" ကူးငယ် တစ်ခု မေးချင်လို့ ...
မေမေ စိတ်မဆိုးဘူး မလား ဟင်.."
" တစ်ခုမဟုတ်ဘူး ဆယ်ခုလောက်မေး"
သမီး က စန္ဒကူး ကို မရဲတရဲ ကြည့်လာကာ ပြောချင်တဲ့ စကား ကို အားယူနေ၏။
ပြီးမှ..!
"ဖေဖေ က မေမေ ကို မချစ်ဘူးလားဟင်..ဖေဖေ နဲ့ မေမေ က ရန်ဖြစ်ထားကြလို့ အတူမနေကြဘူးလားဟင်...
ဒါကြောင့် ဖေဖေ က ကူးငယ်ကို
လာမတွေ့တာလား မေမေ.."
သမီး က နေ့လည် ကိစ္စကို ထပ်မေးလာတာမို့ သမီး ရဲ့ ဆံပင်ကို ပွတ်သပ်ပေးနေတဲ့ စန္ဒကူး လက် တွန့်သွား၏။
သမီး မေးခွန်း ကို ဘယ်လို့
အကောင်းဆုံး ဖြေမလဲဆိုတာ တွေးရသည်။
စန္ဒကူး စကားတစ်ခွန်းသာ မှားသွားရင်
နုနယ်ငယ်ရွယ်တဲ့ သမီးနှလုံးသားမှာ
ဖခင် ဖြစ်သူ အပေါ် အမုန်းပွားနိုင့်သည်။
"သမီးချစ်အံကူးငယ်လေး .."
"ရှင် မေမေ .."
"သမီး ဖေဖေ က မေမေ ကိုလဲ အရမ်းချစ်သလို့ သမီး ကို သူ့ချစ်ပါတယ်...
မေမေ နဲ့ ဖေဖေ က ရန်ဖြစ်ထားတာ
မဟုတ်ဘူးကွယ်..!
" ချစ်တယ် ဆို ကူးငယ်လေး တို့ကို
ဘာလို့ပစ်ထားရတာလဲ မေမေ ..
အိမ်သေးသေးလေး မှာ နေတည်းက
ဖေဖေ က လာမတွေ့ဘူးလေ .."
စကားတတ်သည့် သမီးက အချက်ကျ
လက်ကျ ပြန်ပြောတော့ စန္ဒကူး မှာ
လည်နင့်ရသည်။
" အဲ့ဒါ က ..အင်း သမီးဖေဖေ က မေမေ
မကြိုက်တာ လုပ်ထားလို့ လုံးဝ လာမတွေ့ရဘူးလို့ အပြစ်ပေးထားတာ ..."
" ဟင့် ..မေမေ ကလဲ ဖေဖေ သနားပါတယ်..ဘာလို့ အပြစ်ပေးရတာလဲ..
ဖေဖေ ကူးငယ်တို့ နဲ့အတူနေချင်ရှာမှာပေါ့ .."
မမြင်ရသေးတဲ့ ဖခင်ဖက် က သနားပြနေတဲ့ သမီးကြောင့် စန္ဒကူး မှာ ပြုံးရပြန်သည်။
" ဖေဖေ ကိုပြန်ခေါ်လိုက်ပါ မေမေရယ်နော်..ဒီလောက်အကြာကြီးအပစ်မပေးထားပါနဲ့ .ဖေဖေ သနားပါတယ်...
ကူးငယ် လဲ ဖေဖေ ကို တွေ့ချင်တယ်..နော် ..မေမေ .."
စန္ဒကူး လက်ကို ဆွဲလှုပ်ပြီး
မျက်နှာငယ်လေး နဲ့ သမီးတောင်းဆို
လာပြန်တော့သည်။
ပါးစပ် ထဲတွေ့ရာ လျှောက်ပြောမိပြန်တော့ သမီးက အဟုတ်ထင့်သွားသည်။
" အင်းပါ သမီးရယ် မေမေ ပြန်ခေါ်ပေးမယ် နော်."
ဒါဟာ သမီး ကို မုသားသုံးလိုက်တဲ့
စကားပါ။
စန္ဒကူး ဒီမှာ ရှိနေရင် မောင် အနေခက်ပြီး ၀မ်းနည်း နေမှာ မလို့လားပေ။
စန္ဒကူး နဲ့သမီးလေး မရရှိခဲ့တဲ့ ဘ၀ကို
မောင် ရစေချင်သည်။
မောင် ကို ပျော်စေချင်တယ်..
မောင်ချစ်တဲ့ မိသားစု လေး ပျော်ရွှင်ပါစေ လို့ မျှော်လင့်၏။
ဆုံးဖြတ်ချက်က အခိုင့်အမာ
ချထားပြီးသားမို့ ...
မောင် နားလည်ပါစေ။
......!!......!
လေယာဉ်က ဘန်ကောက်လေဆိပ်က
ထွက်လာတည်းက အံဥဿထူး ရင်ခုန်သံ တွေ ကဆုန်ပေါက်နေသည်။
သူရဲ့ နှစ်ခုံကျော်မှာ ကိုခွား နဲ့ သူအမျိုးသမီးက ခန့်ညားစွာ နေရာယူနေသည်။
ဘဏ်တစ်သိန်းလောက် အကုန်ကျခံပြီး
ကိုခွား တို့ဆီက အမှန်တရား ကို သိခဲ့ရသည်။
ဝတီပွင့်ဇော် တစ်ကယ့် ပင် ကိုယ်ဝန်မရှိခဲ့ဘူး ဆိုတာကိုးပင်။
ဒါကြောင့် အမှန်တရား ကို ချပြဖို့
ကိုခွားတို့ကို မြန်မာနိုင်ငံ အပါ ခေါ်လာခဲ့တာ ဖြစ်သည်။
ဒီပြသနာတွေ အားလုံးဖြေရှင်းပြီးသွား
ရင် မေ နဲ့ သမီး ဆီ ဒူးထောက်အခစား ၀င်ပြီး မှားခဲ့သမျှ တောင်းပန်မည်။
ပျော်ရွှင်တဲ့ မိသားစု ဘ၀ ကို တည်ဆောက်မည်။
တာဝန်တွေလှစ်ဟင်းခဲ့သမျှ
သူ့တစ်ဘ၀လုံး ပြန်ပေးဆပ်မည်။
အတွေးတွေထဲ ပေါ်လာတဲ့
မြင်ကွင်းတွေက သူရယ် မေရယ် သမီးလေးလက်ကို ဆွဲပြီး ပျော်ရွှင်စရာ
ပြေးလွှား ဆော့ကစား နေတာ ဖြစ်၏။
မျက်ဝန်းထဲပုံရိပ်ကြောင့်
သူနှုတ်ခမ်းတွေ ပြုံးရိပ်ထင်းလာ၏။
စောင့်နေပေးပါ..မေရယ် ..
မောင် မှားခဲ့တာတွေ အားလုံး ဒူးထောက်
အခစား ၀င်ပါမယ်...
မောင် မေ ကို မပြောင်းလဲပဲ ချစ်တယ်နော်...!
.....!!.....#
"အို့ မဟုတ်တာ သမီးရယ်..
ထပ်ပီး မသွားပါနဲ့တော့ကွယ် ..
မေမေ ခွင့်မပြုနိုင့်ဘူး ..."
ခါ့ခါ့သီးသီးငြင်းဆန် လိုက်တဲ့ မေမေ
စကားကြောင့် စန္ဒကူး ကိုယ်မတ်သွားသည်။
နဒီ လဲ ဘွဲယူတာ ပြီးသွားပြီး ဖြစ်သလို့
စန္ဒကူး တို့ သားအမိက မသူဇော် တို့
လင်မယား နဲ့ အညာကို ပြန်ဖို့ မိခင်ဖြစ်သူထံ ခွင့်တောင်းနေတာ ဖြစ်၏။
" သမီး ဟို မှာ စာသင်ပေးနေတဲ့
ကျောင်းသား တွေ ရှိသေးတယ် မေမေ ...ပြီးတော့ မေမေ တို့နဲ့လဲ
အဆက်သွယ် ဖြတ်မထားပါဘူး ...
ရန်ကုန်နဲ့ အညာ က နေ့ချင်းကူးသန်း
သွားလာလို့ ရတာပဲ .."
"အခုမှ အမေ သမီး နဲ့အတူ ပြန်နေရတာပြီးတော့ မြေးလေး နဲ့လဲ အမေ
မခွဲနိုင့်ဘူးကွယ်..အမေ မြေးနဲ့သမီးနဲ့
အတူတူ နေပေးပါဉီးကွယ်..5နှစ်ကြီး
များတောင် ခွဲထားရတာ တော်ရော့ပေါ့
သမီးရယ် ..."
သမီး ကို ရင်ခွင်ထဲ ဖက်ထားရင်း
မေမေ က စိတ်မကောင်းစွာ ဆိုလာသည်။
စန္ဒကူး ကလဲ ဆုံးဖြတ်ထားပြီးသား
မို့ နောက်ဆုတ်ဖို့ မတွေးချင်ပါ။
"သမီး ရဲ့ ကျောင်းသားလေးတွေ
ရှိသေးတယ် မေမေရဲ့ ..ယတိပြတ် ကြီး
ပြောင်းလာလို့ မရသေးဘူး ...
အခုလဲစာသင့်နှစ် ကုန်တဲ့အထိ နေမလို့ပါ..ပြီးရင် အိမ်ကိုပဲ ပြန်ပြောင်းလာမှာပါ..ဟိုမှာ လုပ်လက်စ ဖြစ်နေလို့...-
" ဟင်း ..သမီး က ဆုံးဖြတ်ထားပြီးမှ မေမေ တို့ကို ဖွင့်ပြောတာမလား ...
ဒါမှ မဟုတ် ပြသနာတွေ ကြားထဲက
ရှောင်ပြေး မလို့လား .."
"မဟုတ်ပါဘူး မေမေ ..
တစ်ကယ့်ကျောင်းသားတွေကို နှစ်ကုန်တဲ့ အထိ သင့်ပေးချင်လို့ပါ.."
"မေမေတော့ မခွဲချင်တော့ဘူးကွယ်.."
" မေမေ အားရင် နဒီနဲ့ ကိုကြီး ကိုခေါ်ပြီး လိုက်လာလို့ရပါတယ်.."
"ဘာတတ်နိုင့်မလဲ နော်...မေမေ မှ တားမရတော့တာ ..သမီးနဒီကတော့ အိမ်မှာပဲနေရမယ်နော် ...သားကြီး နဲ့ အတူ
ကုမ္ပဏီလိုက်သွားပြီး သင့်ယူ ရမယ် ..
နောက်ဆို သားနဲ့သမီး ကိုပဲ ကုမ္ပဏီလွဲထားမှာ.."
နဒီနဲ့ ကိုကြီး ကိစ္စကို ဖွင့်ပြောပြလိုက်ပြီး
ဖြစ်သလို့ မေမေကလဲ ၀မ်းသာအားရလက်ခံသလို့ မသူဇော် တို့လင်မယားကလဲ သမီး စိတ်တိုင်းကျ ခေါင်းညိတ်ပေး၏။
" မသူဇော်တို့ လင်မယား ကိုလဲ သမီးနဲ့ မြေး ကို အပ်ပါတယ် .ဆက်ပြီး ကြည့်ရှု့စောင့်ရှောက်ပေးပါဉီး..နဒီလေး အတွက်လဲ စိတ်ချပါ .."
" စိတ်ချပါ အန်တီ ..ကျမ တို့က စန္ဒကူး နဲ့ ကူးငယ် လေး ကို မိသားစု အရင်းလို့
ခင်တွယ်တာပါ .."
"၀မ်းသာပါတယ်ကွယ်..သမီးလဲ ဒီနှစ်ကုန်အထိပဲနော် ကလေးတွေ စာမေးပွဲဖြေပြီးတာနဲ့ ပြန်လာခဲ့နောါ မေမေ လာခေါ်မှာ.."
"ဟုတ်ကဲ့ပါ မေမေ .."
" မြေးလေး ကရော့ အဘွားဆီမှာ မကျန်ရစ်ချင်ဘူးလား .."
" ကူးငယ်က ဘွားဘွားကိုတော့ ချစ်ပါတယ် ..ဒါပေမဲ့ ကူးငယ် ကျန်ရစ်ရင်
မေမေ တစ်ယောက်တည်း ဖြစ်နေမှာပေါ့ .."
" ငါမြေး က သူအမေ အဖော်မဲ့မှာတော့ စိုးတယ် ဘွားဘွားက ငါမြေး ကို သတိရနေမှာ.."
" သတိရရင် လိုက်လာခဲ့လေ ဘွားဘွား ..ကူးငယ် တို့ကလဲ ဘွားဘွားဆီ နေ့တိုင်း ဖုန်းခေါ်ပါ့မယ်..
ဘွားဘွား အလွမ်းပြေအောင်လို့ ..."
" ဒါဆို ဘွားဘွားက နေ့တိုင်းဖုန်းခေါ်မှာနော် မြေးလေး .."
"ဟုတ်ကဲ့ပါ ဘွားဘွားရဲ့ .."
"သမီး တို့က ဘယ်နေ့ပြန်ဖို့ စီစဉ်ထားကြလဲ .."
" မနက်ဖြန်ပါ မေမေ ကျောင်းတွေလဲ
ပြန်ဖွင့်နေပြီးမို့ ..."
" သားနဲ့ နဒီ က အညာထိ သွားပို့ မလို့ပါ .."
"အင်း ကောင်းတာပေါ့ ဟိုမှာ တစ်ခုခု
လို့အပ်တာရှိရင်လဲ စီစဉ်ပေးခဲ့ပေါ့.."
"ဟုတ်ကဲ့မေမေ .."
" ကဲ့ မြေးလေး လာ ဘွားဘွားအခန်းထဲ
သွားရအောင် ..မြေးလေး အတွက်
ဘွားဘွား လက်ဆောင် ထည့်ပေး မလို့ .."
"ဟုတ်ဘွားဘွား .."
..........!!.......!!
ရန်ကုန်အပြည့်ပြည့်ဆိုင်ရာလေဆိပ်မှာ
လေယာဉ်ဆင်းသက်ပြီးတာနဲ့ လေယာဉ်ပေါ်က ဆင်းကာ ခရီးဆောင်အိတ်ထုတ်၍အံဥဿထူး ကိုခွား တို့ ဇနီးမောင်နှံကို ခေါ်ကာ လေဆိပ်ထဲက ထွက်လာခဲ့သည်။
ကိုခွားမိန်းမ က မြန်မာနိုင်ငံ မရောက်ဖူးတာကြောင့် မျက်စိတောင့်မှောက်တအံတ့သြလိုက်ကြည့်နေသည်။
" ကိုခွား .ခင်ဗျား တို့ကို အခုလက်ရှိနား
ဖို့ ကျနော် ဟိုတယ် ပို့ပေးခဲ့မယ်...
လို့အပ်မှ ကျနော် လာခေါ်လိုက်မယ်..
ခင်ဗျား တို့ အေးဆေး နားနေလိုက်ဉီးပေါ့ .."
"ဟုတ်ကဲ့ .."
လေဆိပ်ကနေ တက္ကစီးငှားကာ
သူ့အိမ်နဲ့ အနီးဆုံး ဟိုတယ်မှာ
ကိုခွားတို့ ဇနီးမောင်နှံ အတွက် အခန်းငှားပေးခဲ့ကာ လို့အပ်တာတွေ အားလုံးစီစဉ်ပေးခဲ့သည်။
ပြီးမှ ဟိုတယ် ကနေ သူ့ ပြန်ထွက်လာခဲ့ကာ အိမ် ပြန်လာခဲ့သည်။
.......!.......
ဝတီပွင့်ဇော် တစ်ညလုံး ကောင်းကောင်း
မအိပ်ပျော်တာကြောင့် အိပ်ရာက နိုးလာတော့ ၁၀နာရီ ထိုးနေပြီ ဖြစ်သည်။
မနေ့တည်းက ထိုင်းနိုင်ငံ ကို
သူ ဖုန်းခေါ်နေတာ လုံးဝ ဆက်သွယ်မရ
ဖြစ်နေသည်။
ဥဿ ဆီ လဲ အရင် စင်းကဒ် ကို ဖုန်းဆက် ကာ ခေါ်သေး၏။
ဆက်သွယ် လို့ မရပေ။
ဝတီ ရင်ပူနေပြီး ဖြစ်သည်။
ဥဿ တစ်ခုခု ကို သိသွားမှာ ကြောက်သည်။
အိပ်ရာထဲက လူးလဲထရင်း
ဖုန်း ထပ်ခေါ်ကြည့်ပေမဲ့ မရ။
အဲ့လင်မယားကလဲ ဘာတွေလုပ်နေမှန်း
မသိပေ။
သူ့တို့အတွက် လစဉ်ထောက်ပံ့ပေးထားလျက်နဲ့ တစ်ခုခု ဆို ဆက်သွယ်လို့မရ။
ဥဿ အခြေနေ တစ်ခုခု သိရဖို့
ဝတီ ညအိပ်ရင် ဖြုတ်ထားတဲ့
ဗိုက်တု ကို ပြန်စည်း လိုက်ပြီး
ဗိုက်ဖုံး အင်္ကျီအပွ ကို လဲ ၀တ်လိုက်သည်။
ကလေးမွေးဖို့က ဘယ်လောက်မှ
မကျန် တော့ပြီး ။
ကိုယ်ဝန် လရင့် လာတာနဲ့ ၀တီ
ဘန်ကောက် ကိုပြောင်းပြီး
ကလေး မွေး ဟန်ဆောင်ရမည်။
ပြီးရင် ..ကိုခွား မိန်းမ ရဲ့ ကလေး ကို
သူမ နဲ့ ဥဿ ကလေး အဖြစ် မွေးရမည်။
ကိုခွား မိန်းမက ကမ္ဘောဒီးယားလူမျိုး
ဖြစ်ပေမဲ့ မွေးထားတဲ့ ကလေး သုံးယောက်လုံးက ဖြူသန့်သန့် ဖြစ်သည်။
ထို့ထက် ပို အဆင်ပြေတာက
ဥဿ နဲ့ ကိုခွားက သွေးအမ်ျိုးအစား
တူသည်။
ဝတီ ဘန်ကောက် မှာ နေတုန်းက
ကိုခွား က ၀တီ တက်နေတဲ့ ကျောင်းက
ယမ်း (လုံခြုံရေး)ဖြစ်သည်။
မြန်မာလူမျိုး အချင်းချင်း ဖြစ်တာကြောင့် ခေါ်ပြော မျက်မှန်းတပ် မိရုံသာ ။
နောက်မှ ၀တီ နေတဲ့ တိုက်ခန်း ကို
သန့်ရှင်းရေး လို့အပ်တာကြောင့်
ကိုခွား နဲ့စကား စပ်မိရင်း
သူ့ မိန်းမ ကို အလုပ်ပေးဖို့ တောင်းဆိုလာတာကြောင့် အလုပ်ခေါ်ခိုင်းခဲ့တာ
ဖြစ်၏။
ဝတီ မှန်ထဲ သေချာ ပြန်ကြည့်ရင်း
ကိုယ်ဝန်ဆောင်သည် နဲ့ ပုံစံတူညီ ပြီးဆိုမှ အခန်းပြင်ထွက်လာခဲ့သည်။
" သမီး ၀တီ နိုးလာပြီးလား ..
ညက အိပ်မပျော်ဘူးလား .."
10နာရီကျော်နေပြီး ဆိုတာ ဒေါ်နန်းသဉ္ဇာ က မေးလာ၏။
" ကြီးမေ က မနက်စာ ထွက်မစားလို့
လာနှိုးဖို့ လုပ်နေတာ ..အိပ်ရေးပျက်မှာ
စိုးလို့ မနှိုးတော့တာ.."
" ဥဿ ဖုန်းဆက်သေးလား ကြီးမေ ..
ဝတီ သူကို ဆက်သွယ်တာ မရလို့.."
" တော်ကြာကပဲ သားဖုန်းဆက် လာတာ ..လေဆိပ် က ဆင်းလို့တဲ့
အိမ်ပြန်လာနေပြီး ပြောတယ် ...
ဟင် ပြောရင်းကားသံ ကြား..အဲ့ ..."
ဒေါ်နန်းသဉ္ဇာ စကား ပြောလို့ မဆုံး
ခြံထဲက ကားသံကြောင့် ၀တီပွင့်ဇော်
ဟန်မဆောင်နိုင့်အောင်ထွက်ပြေးလာ၏။
သူမ အရှေ့က ချာခနဲ့  ထွက်ပြေးသွားတဲ့ ၀တီ ကြောင့် ဒေါ်နန်းသဉ္ဇာ ပင်
ရင်ဘတ်ဖိသွားရသည်။
ကိုယ်ဝန်ဆောင်သည်က ဒီလို့ပြေးလို့ မရတာ။
ဗိုက်ထဲက ကလေး တစ်ခုခု ဖြစ်သွားရင် ဒုက္ခပါပဲအေ့ ..!
ဒေါ်နန်းသဉ္ဇာ ရင်ဘတ်ဖိရင်း
အနောက်က ထွက်လိုက်လာခဲ့သည်။
ဝတီပွင့်ဇော် ခြံဝ ထိ ထွက်ပြေးလာခဲ့ပြီးစိတ်လှုပ်ရှားစွာ အပြူးအပြဲ ကြည့်မိတော့ ဥဿ ကားပေါ်က ဆင်းလာပြီး
ပိုက်ဆံရှင်းပေးနေကာ သူမ ကို ပြုံးပြ လာသည်။
" ဘာဖြစ်လို့ ထွက်ပြေးလာတာလဲ .."
သူမ ကို လှမ်းမေးရင်း လျှောက်လာသည့် ဥဿ ရဲ့ မျက်နှာ ကို သေချာ အကဲခတ်ရ၏။
ဥဿ မျက်နှာက ပုံမှန်အတိုင်း
အေးအေးလူလူပါပဲ။
" နင် ဘန်ကောက်သွားတာ ငါကိုလဲ
အသိမပေးသွားဘူး ..ဘာသွားလုပ်တာလဲ ဥဿ ..."
" အလုပ်ကိစ္စလေး ပေါ်လာလို့
အလောတကြီးသွားရတာ ..."
" အော် ..အဆင်ပြေခဲ့ရဲ့လား .."
ဥဿ အခြေနေက ပုံမှန်အတိုင်း
ရိပ်မိဟန် မရှိတာမို့ ..စိတ်အခြေနေ အေး
သွားရသည်။
" သိပ်မပြီးပြတ်ခဲ့ဘူး ..မနက်ဖြန် နင်
ဆေးရုံ ရက်ချိန်း အမှီ ပြန်လာခဲ့တာ."
" ဒါများ ငါတစ်ယောက်တည်း သွားလဲ
ဖြစ်တာပဲ ဥဿ ရယ် .."
ဆေးရုံ ရက်ချိန်း ဆိုတာကြောင့်
ဝတီပွင့်ဇော် မျက်နှာ ပျက်သွားရသည် ...
မပျက်လဲ ဘယ်မျိုးမလဲ ...!
ဆေးရုံသွားတိုင်း ဥဿ ကို အပြင်မှာပဲ
စောင့်ခိုင်းကာ သူမတစ်ယောက်တည်း
OG နဲ့ ၀င်ပြရသည်။
ပြီးတော့ ခေါင်းမူး ခေါင်းကိုက်တာကို
အကြောင်းပြပြီး အားဆေး တောင်းကာ
ပြန်လာဖြစ်သည်။
ဥဿ ကို လဲ ကိုယ်ဝန်ဆောင် အားဆေး
ကလေး အခြေနေ ကောင်းကြောင်း
မုသား သုံးရသည်။
မနက်ဖြန်လဲ ဒီပုံစံ အတိုင်း ဆက်လိမ်ညာ ရဉီးမည်။
"နင်တစ်ယောက်တည်း လွှတ်လို့
ဘယ်ဖြစ်မလဲ ..ငါ လိုက်ပို့ပေးရမှာပေါ့ ..."
" အေး..အေးပါ .."
ဝတီပွင့်ဇော် ဘာမှမဖြစ်သလို့
ဟန်ဆောင်ခေါင်းညိတ်ပြရင်း ..
လ မြန်မြန်ပြည့်ဖို့ ဆုတောင်းသည်။
" ကဲ့ ငါခရီးပန်းလာလို့ ခဏ နားလိုက်ဉီးမယ် .."
" အင်း ငါ ဘာကူညီပေးရမလဲ .."
" ရတယ် နင်ဘာသာ အေးဆေး နားနေ .."
အံဥဿထူး ၀တီပွင့်ဇော် ကို
ဟန်မပျက်ပြုံးကာ ပြောနေရသော်လဲ
စိတ်ထဲ မသတီတော့ပေ။
ဝတီ အပေါ် သူငယ်ချင်း တစ်ယောက်လို့
သူမ မိဘတွေကလဲ သူအပေါ် ကျေးဇူးရှိဖူးတာကြောင့်ရော့ အလိုက်အထိုက် ပြောဆိုနေပေးခဲ့တာ သူ ကို ဒီလို့ လှည့်စားဖို့ အခွင့်အရေး ပေးခဲ့တာမှ မဟုတ်ပဲ။
ဝတီပုံစံ ကို မသင်္ကာ၍
သူမ အလစ် မှာ အခန်းထဲ ၀င်ကာ ရှာဖွေခဲ့တာ ဖြစ်သည်။
ကလေးကို အမွေစား အမွေခံ
မွေးစားဖို့ ချုပ်ဆိုထားတဲ့ စာချုပ်ကို
တွေ့လိုက်ရတာကြောင့် သူလူတွေနဲ့
ဆက်သွယ်ကာ လိပ်စာ စုံစမ်းခိုင်းခဲ့တာ
ဖြစ်သည်။
ဝတီပွင့်ဇော် ဘာလို့ သူအပေါ်
အဲ့လို့လုပ်ရတာလဲဆိုတာ နားလည်ပေမဲ့
သူ လက်မခံပေးနိုင့်ပါ။
သူမှာ ချစ်ရတဲ့ မိသားစု ဘ၀လေး ရှိနေပြီး။
ဒီမိသားစု လေး အတွက် သူ ဖြေရှင်းရမည်။
မနက်ဖြန် ဆေးရုံရောက်ရင် ၀တီရဲ့
အလိမ်အညာတွေ အားလုံး ပေါ် သွားအောင် သူ ဖော်ထုတ်ရမည်။
သူတွေး လိုက်ရင်း မေနဲ့သမီးလေး ကို
သတိရလာ၏။
.အခန်းထဲ ခဏလောက်နားဖို့ တွေးထားပေမဲ့ သမီးလေး ကို တွေ့ချင်လာတာကြောင့် အခန်းထဲက ကားသော့ယူ၍
ပြန်ထွက်လာ၏။
" သား ဘယ်သွားမလို့လဲ .
မနားဘူးလား ခရီးပမ်းလာတာ..."
" ကိစ္စရှိလို့ မယ် .."
" အော် .."
မယ် က ဘာမှဆက်မပြောတာကြောင့်
သူ ကား ရှိရာ ထွက်လာခဲ့သည်။
ဂိုဒေါင်ထဲက ကားကို ထုတ်ပြီး
မေ နဲ့ သမီး လေးရှိရာ မေတ္တာစံအိမ်ကို
မောင်းလာခဲ့သည်။
နေ့ခင်း ဖက် ဖြစ်တာကြောင့်
လူကုံတံ ရပ်ကွက် ဖြစ်တဲ့ မေ တို့
လမ်းက တိတ်ဆိတ် နေ၏။
အရိပ်ရတဲ့ မေ အိမ်ရှေ့ မှာ သူ့ကားရပ်ပြီး ခြံထဲ ချောင်းကြည့်ကာ သမီး နဲ့ မေ
ရဲ့ အရိပ်အယောင်ကို မျက်လုံးဝေ့ကာ
လိုက်ရှာသည်။
သမီး ရဲ့ အရိပ်အယောင်လေး ကို မတွေ့ရလောက်အောင် မေ တို့ ခြံ က တိတ်ဆိတ်နေသည်။
သမီး ကို တွေ့ချင်သည်။
"ကလင် ကလင် ကလင် .."
လမ်းထဲ ၀င်လာတဲ့ ဘေးတွဲဆိုင်ကယ် နဲ့
ရေခဲမုန့် လိုက်ရောင်းတဲ့ ခေါင်းလောင်း
သံကြောင့် အံဥဿထူး ခေါင်းထဲ အကြံ
လက် ခနဲ့ ၀င်လာ၏။
သူ့ မေ တို့ ခြံ ဖက် ခဏ ချောင်းကြည့်ပြီး ကား ပေါ်က ဆင်းလာ၏။
ပြီး မှ ရေခဲမုန်သည် ကို လက်လှမ်းခေါ်ကာ သူ့ လမ်းတစ်ဖက်ကူးသွား၏။
" ဆရာ ရေခဲမုန့် ၀ယ်ဖို့လား ."
" ခဏ .ခင်ဗျား ဒီလမ်းထဲအမြဲ လာရောင်းနေတာလား .."
" အင်းဆိုပါတော့ဗျာ .."
"အင်း ဒီအိမ်ထဲက ကလေးမလေး
တစ်ယောက် ထွက်လာဝယ်စားဖူးလား .."
"ဖြူဖြူကစ်ကစ် နဲ့ကလေးမလား ..
တစ်ခါတစ်လေ့ တော့ ၀ယ်စားပါတယ်."
" ကောင်းပြီ ရော့ ဒီ ပိုက်ဆံယူထား..
အိမ်ထဲ အဲ့ကလေး ရေခဲမုန့် လာမ၀ယ်
တကြား ခင်ဗျား ဒီခြံရှေ့မှာ ရပ်ပြီး
ခေါင်းလောင်းတီး နေပါ ..."
အံဥဿထူး ရေခဲမုန့်သည် လက်ထဲ
ပိုက်ဆံတစ်သောင်းတန်ဆယ်ရွက် ထည့်ပေးကာ တောင်းဆိုလိုက်သည်။
" ဆရာ သမား က .."
ရေခဲမုန့်သည် က မယုံသင်္ကာ ကြည့်လာတာကြောင့်..!
"ကျုပ်က သူအဖေ ဗျာ ..ကျနော် သမီး ကို တွေ့ချင်လို့ .."
" အော် ဟုတ် .."
" ကလင် ..ကလင် ..ကလင် .."
ခဏ အတွင်း ခေါင်းလောင်းအသံက
ညံညံစည် သွား၏။
အံဥဿထူးလဲ မျှော်လင့်ချက် ဖြစ်
ရေခဲမုန်သည် ဘေး လက်ပိုက်လျက်
ရပ်ကာ စောင့်နေလိုက်၏။
သမီး ကကလေးမို့ ကလေးသဘာဝ
ရေခဲမုန့် စားချင်နေမှာ အသေအချာပါပဲ။
"ကလင် ..ကလင် .ကလင် .."
ပတ်ဝန်းကျင် တစ်ခွင့် ခေါင်းလောင်းသံက ဆူညံနေသော်လဲ ...ထို့ အိမ်ထဲမှာတော့ တိတ်ဆိတ်နေသည်။
တစ်နာရီပါး ကြာသွားပြီးနောက်
မျှော်လင့်ချက် ရောင်ခြည်လေး လင်းသန်းသွား၏။
ခြံထဲက အမျိုးသမီး တစ်ယောက်လက်ကို ဆွဲကာ ထွက်ပြေးလာတဲ့ သမီးလေး။
"ကြီးကြီး အမြန်လာပါ ..
တော်ကြာ မေမေ စိတ်ပြောင်းသွားရင်
ကူးငယ် မစားရတော့ဘူး ..."
"လာပါပီး ကူးငယ် ရဲ့ ဖြေးဖြေးသွားပါ
လှဲကျ နေဉီးမယ် .."
သွက်လက်စွာ လမ်းကူးလာပြီး
ပြုံးရွှင်စွာ ရေခဲမုန့်သည် အနား ရောက်လာသည့် သမီး က သူကို မြင်တော့ အံသြသွားပုံ။
"ဉီးဉီး .."
" သမီးလေး ..ရေခဲမုန့်စားမလို့လား.."
"သမီးလေးကို တွေ့ခွင့်ရလို့
ဝမ်းသာပေမဲ့ ဉီးဉီး ဆိုတဲ့ နာမ်စားကြောင့် သူရင်နင့်ရသည်။
" ဟုတ် ကူးငယ် ရေခဲမုန့် လာဝယ် တာ ..ဉီးဉီး က ကူးငယ် တို့ အိမ်ရှေ့ ဘာလာလုပ်တာလဲ ဟင် .."
မျက်ဝန်း တဖျတ်ဖျတ်ခတ်ကာ
သူ့ကို ရင်းရင်းနှီးနှီး စကား ပြောလာသည့် သမီး အရှေ့ ထိုင့်ချကာ သမီး မျက်နှာကို သေသေချာ ချာ စိုက်ကြည့် လိုက်သည်။
" သမီးလေး ကိုတွေ့ချင်လို့လေ ..
ဉီးဉီး က သမီး ကို လွမ်းနေတာ ...
ဉီးဉီး ကို သတိမရဘူး လား သမီး ရဲ့ ..."
" ရပါတယ်ဉီးဉီး ရဲ့ ဘွားဘွား ရဲ့
အမဲသားကြော်လေး လဲ ကြိုက်တယ် .."
" သတိရရင် ဉီးဉီး ကို ဖက်ပါဉီး.."
" ကူးငယ်လေး .."
သူ့ လက်နှစ်ဖက် ဆန့်တန်းကာ
သမီး ကို ဖက်ဖို့ ပြင်တော့
သူ့ကို အကဲခတ်၍ ရပ်ကြည့်နေတဲ့
မိန်းမ ကြီး က အသံပြု လိုက်၏။
" ဉီးဉီး က သူစိမ်း မဟုတ်ပါဘူး
ကြီးကြီး ရဲ့ ..."
သမီး ကို စကား တတ်စွာ ပြောပြီး
သူ့ လည်ပင်း ကို သိုင်း ဖက်၏။
သူ့ ရင်ထဲ ငြိမ့်ခနဲ့ အေးမြ သွား၏။
သွေးက စကားပြောသည့်လို့ ဆိုရမလားပဲ သူ့ကို သမီး က စိမ်းသက် မနေပါ။
သမီး ကို ခပ်တင်းတင်း ဖက်ရင်း
သူ့ မျက်ရည် ဥ လာ၏။
တစ်ကယ့်ဆို သူ့ရဲ့ အသွေးအသား ကို
နွေးထွေး အေးမြတဲ့ ဖခင်တစ်ယောက်ရဲ့
မေတ္တာ ကို အပြည့်အ၀ ပေးသင့်တာပါ။
သူ အသုံးမကျလို့ မေ က သမီး ကို
တစ်ယောက်တည်း အင်းအား နဲ့
အားလုံးကို ဆန့်ကျင်ပြီး မွေး ခဲ့ သလို့
သမီး အတွက် အစစအရာရာ လဲ တာဝန်ကျေခဲ့သည်။
သူ့ကို ချစ်တဲ့စိတ်နဲ့ အရာအားလုံး
နားလည် ခွင့်လွှတ်ပေးခဲ့ပေမဲ့
မေ ရင်ထဲ ဒဏ်ရာတွေ ရှိသေးမှန်း
သူသိပါသည်။
မေ ရင်ထဲက ဒဏ်ရာတွေကို လဲ
သူ့ အခွင့်အရေး ရရင် ဆေးထည့်ပေး
ချင်ပါသည်။
" ဦးဦး က ငိုနတောလား .."
"ဟမ် ! ဟက် မဟုတ်ပါဘူး သမီး ရဲ့
မျက်လုံးထဲ အမှိုက် ၀င်သွားလို့ ..."
" မငိုပါနဲ့ ဉီးဉီး ရဲ့ ..မေမေ လဲ ငို ရင်
အဲ့လို့ပဲ ညာတတ်တယ် .."
" သမီး ရယ် .."
ပါးပြင်ပေါ် လှိမ့်ကျ လာတဲ့
မျက်ရည်စ တွေကို သမီး က သုတ်ပေးတော့ သူ့ ရင်ထဲ ပိုပြီး နေလို့ မသက်သာပါ။
သမီး ရဲ့ နဖူး ကို ဖခင်တစ်ယောက်ရဲ့
မေတ္တာ အပြည့်အ၀ နဲ့ ငုံ့နမ်း လိုက်သည်။
" မငိုနဲ့တော့နော် ဉီးဉီး ..
ကူးငယ် မုန့်ဝယ်ပြီး သွားတော့မယ်..
မေမေ သိရင် ဆူခံရမှာ ..
မေမေ က ကူးငယ် ရေခဲမုန် စားတာ
မကြိုက်ဘူး ..ရင်ကြပ်မှာစိုးလို့တဲ့ ..."
" ဟုတ်လား ..မေမေ က စိတ်ပူလို့
ပြောတာ နေမှာ သမီး အများကြီး
မစားရဘူးနော် ..."
" အများကြီး မစားပါဘူး ဉီးဉီး ရဲ့ .."
" အင်း သမီးမေမေ ရော့ နေ့ကောင်းလား .."
" ကောင်းပါတယ် ဉီးဉီး ..
မေမေ က တစ်ခါ့မှ နေ့မကောင်း
မဖြစ်တတ်ဘူး ..."
"အင်း သမီးမေမေ ကို ဂရုစိုက်နော်.."
"ဟုတ် ဉီးဉီး .."
ရေခဲမုန့်သည် ဆီက ကူးငယ် စားနေကျ
ရေခဲမုန့်ကို ၀ယ်ရင်း မသူဇော် ကူးငယ်လေး နဲ့ ရုပ်ချင်းဆင်သည့် ကောင်လေး
ကို ကြည့်ပြီး အလို့လို့ သဘောပေါက်သွသည်။
ဒါကြောင့်လဲ စန္ဒကူး က သူမကို လှမ်းခေါ်ပြီး သမီးလေး ကို ရေခဲမုန့် အတူ သွားဝယ်ပေးဖို့ အကူညီတောင်းတာပေါ့။
" ဉီးဉီး ကူးငယ် သွားတော့မယ်နော်
မေမေ သိသွားမှာစိုးလို့ နော် ..
နောက်မှ တွေ့မယ် ဉီးဉီး ..ဘိုင့်ဘိုင့်..."
"အင်း သမီးလေး .."
သမီးလေး နှုတ်ဆက်တာကိုး
ငေးကြည့်ရင်း သူရင်ထဲ ဟာ သွားရသည်။
ခဏလေးပဲ စောင့်ပေးပါ သမီးရယ်..
ဖေဖေ တို့ အတူနေရတော့မှာပါ ...
ဥဿ သမီးလေး ကို ငေးနေရင်း
မေတ္တာစံအိမ် က အခန်းတစ်ခုရဲ့
ပြတင်းပေါက် ခန်းစည်းစ ပြန်ပိတ်သွားတာကို သတိမထားမိလိုက်ပေ။
စန္ဒကူး မျက်ရည်စ ကို သုတ်ဖယ်ရင်း
အားတင်း ပြုံးသည်။
ခြံရှေ့ ခေါင်းလောင်းသံ အရမ်းဆူနေတာ ကြောင့် စန္ဒကူး ပြတင်းပေါက် က
ချောင်းကြည့် လိုက်တာ မောင် ရပ်နေတာ တွေ့ရသလို့ အိမ်ဖက်ကို တကြည့်ကြည့် မို့ သမီးလေး ကို တွေ့ချင်ရှာနေမှာသိတာကြောင့် သမီးလေး နဲ့အတူ
မသူဇော် ကို ရေခဲမုန် ၀ယ်ပေးဖို့ လွှတ်လိုက်တာ ဖြစ်သည်။
တောင်းပန်ပါတယ်. မောင်
ငါတို့ ဒီအတိုင်း ရပ်လိုက်ကြတာကောင်းပါတယ်..!
ငါတို့သားအမိ ကို မောင် အာရုံထဲ
ရှိနေသမျှ မောင်တို့ အိမ်ထောင်ရေး
မသာယာမှာ ငါစိုးရိမ်တယ်..
မိန်းမ တစ်ယောက် က ကိုယ်ရင်သွေး ကို
အသက်နဲ့လဲ ပြီး မွေးဖို့ အားတင်းနေတဲ့ အချိန်မှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ မဖြစ်စေချင်ဘူး ...
ငါကိုယ်တိုင့်လဲ ကြုံခဲ့ရတာမို့
သူကို ငါလို့ မခံစားစေချင်ဘူး မောင်ရယ်..!
(ဒီအတိုင်းလေး ထွက်သွားပေးပါလားတဲ့ ..မောင် ရဲ့ ဘ၀ ကနေ ငါတို့သားအမိကိုထွက်သွားပေးပါတဲ့ ..!
ငါတို့သားအမိသာ ပေါ်မလာခဲ့ရင်
သူတို့ ဘ၀လေးက အေးချမ်းနေပြီးသားတဲ့ ...
သူမတောင်းဆိုလဲ ငါက ထွက်သွားပေးမှာပါ ..မောင်ရယ် ...
စန္ဒကူး သိမ်းဆည်းထားတဲ့ ကွာရှင်းစာချုပ်ကို ထုတ်ကြည့်ပြီး ပါးပြက်ပေါ် မျက်ရည်စ က စီးဆင်းလာ၏။
ဘယ်တော့မှ ထိုးဖြစ်မှာ မဟုတ်ဘူး
လို့ ရည်ရွယ် ထားခဲ့တာပါ။
အခုတော့ . ငါပြတ်သားရတော့မယ်
မောင်ရယ်...
ပိုနေမြဲကျားနေမြဲ ပဲ ကောင်းပါတယ်
မောင်ရယ် ...!
ဘောပင် ယူပြီး ဟောင်းနွမ်းနေတဲ့
ကွာရှင်းစာချုပ်ပေါ် စန္ဒကူး မျက်ရည်စက်လက် နဲ့ လက်မှတ်ရေး
ထိုး လိုက်၏။
.......!..........!
တောင်းပန်ပါတယ် ...
မေ ဘယ်လို့မှရစာရေး မရလို့ပါ 😢😢
အရမ်းလဲ စိတ်မကောင်း ဖြစ်နေမိတယ်..
စာဖတ်သူ တွေကို ပစ်ထားမိပြီး ...