My Husband is U Min Yaung [ C...

Par Yawngal_418

271K 9.2K 341

" လူတစ်ယောက်ဟာလူတစ်ယောက်ကိုအကြိမ်ကြိမ်အခါခါချစ်နိုင်တယ် ဒါပေမယ့် သူ့ရဲ့နှလုံးသားထဲကနေအမြစ်ကုတ်တွယ်နိုင်လောက်အ... Plus

Thet Paing Shann
Min Yaung Htin
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
No Update
°°°
Chapter 8
Hello
💜💜
Chapter 9
Chapter 10
Happy Birthday Min Yaung Htin
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24 🤣🤣
Chapter 24
ပါဝင်ပေးကြပါ
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Final
Comeback
Character Art

Extra

3.7K 115 2
Par Yawngal_418

" ဦးရေ ဦး "

သက်ပိုင်လက်ထဲတွင်အဖြူရောင်အိတ်လေးကိုကိုင်လာပြီးအိမ်ထဲသို့ဝင်လာလိုက်သည်။ဘာအသံမှမကြာတာဖြစ်တဲ့အတွက်ကြောင့်သက်ပိုင်သက်ပြင်းချလိုက်မိသည်။နှစ်ယောက်တည်းအိမ်တွင်ထားခဲ့ရသည်ကိုစိတ်မချပေ။စိတ်မချဖြစ်ရသည်မှာသက်ပိုင်အကဲပိုလွန်းသည်မဟုတ်...

ဒီသားအဖနှစ်ယောက်ကမတည့်ရင်လည်းသူတို့တည့်ပြန်ရင်လည်းနှစ်ယောက်ပေါင်းကာအိမ်ကိုဗြောင်းဆန်လန်နေအောင်လုပ်တတ်တာသက်ပိုင်သာလျှင်အသိဆုံးဖြစ်သည်။ဦးမင်းရောင်ကလည်းကလေးနှင့်အပြိုင်တအာဆော့လွန်းသည်။သူ့ကိုယ်သူအခုထိကလေးလို့ထင်နေသေးသလားပင်မသိ။အခုဆိုသူတို့ကသာကလေးသက်ပိုင်ကသာလူကြီးဖြစ်နေသည်။

ယခုလည်းအပြင်လေးခဏသွားကာအိမ်တွင်နှစ်ယောက်တည်းထားခဲ့ရသည်ကိုစိတ်မချပါလေ ...ထို့ကြောင့်ခပ်သွက်သွက်သာပြန်လာရသည်။ဆူညံနေမည်ဟုထင်ထားပေမယ့်ဘာအသံကိုမျှမကြားရသည်ဖြစ်တာကြောင့်အနည်းငယ်စိတ်သက်သာရာရသွားသည်။

သက်ပိုင်အိမ်ထဲသို့ဝင်လိုက်သည်နှင့်မြင်လိုက်ရသောမြင်ကွင်တို့ကျပါးစပ်အဟောင်းသားဖြစ်သွားကာထိုနေရာမှာတင်ပဲ​ကြပ်သေသေကာရပ်နေမိသည်။

ပြီးနောက်...

" ဦးမင်းရောင်ထင်!!! "

သက်ပိုင်သည်းမခံနိုင်တော့သည့်အဆုံးငယ်သံပါတဲ့အထိအော်ဟစ်ပစ်လိုက်လေတော့သည်။သက်ပိုင်၏မြင်ကွင်းရှေ့တွင်ရှိနေသည့်ကြက်ဥအကွဲများနှင့်ပြန့်ကျဲနေသောကောက်ညှင်းဆန်မှုန့်များကသရော်နေသယောင်...

°°°°

" ဟင့် ပါပါး "

" တော် တန် တိတ် ထင်လင်းသက်ပိုင် ! "

မျက်ရည်လေးတစမ်းစမ်းလုပ်ကာချွဲဖို့ပြင်နေလေသောသားတော်မောင်ကိုသက်ပိုင်အော်ပစ်လိုက်သည်။ထင်လင်းသက်ပိုင်ကတော့အသံပင်မထွက်တော့ဘဲဇက်ကလေးပုသွားသည်။

" ကလေးကလည်း သားသားကိုမအော်ပါနဲ့ "

" ​ေဩာ်.. သားသားကိုမအော်တော့ ခင်ဗျားကိုအော်ရမှာပေါ့လေ ဦးမင်းရောင်ထင် "

" ဟဲဟဲ ကလေးကလည်းကွာ "

" တော်တော် လက်ကိုမြှောက်ထားကြ လုံးဝမချနဲ့နော် မဟုတ်ရင် ဒီလက်ထဲမှာရှိနေတဲ့ကြိမ်လုံးက နှစ်ယောက်လုံးအတွက်ဖြစ်သွားမယ် "

သက်ပိုင်သူတို့ရှေ့ကဆိုဖာပေါ်မှာခြေကိုချိတ်ကာဟန်ပါပါဖြင့်ထိုင်နေလိုက်သည်။လက်ထဲကကြိမ်လုံးကိုဟန်ပြကာတင်းတင်းဆုတ်ကိုင်ထားသည်။အရှေ့တွင်လက်ကိုမြှောက်ထားလျက်ငိုမဲ့မဲ့လေးဖြစ်နေသောသားသားကချစ်စရာမို့သက်ပိုင်စချင်လာသည်။

" ထင်လင်းသက်ပိုင်! "

" ဂျာ ပါပါး "

" မင်းအသက်ဘယ်နှနှစ်ရှိနေပြီလဲဟမ်! ပြောရင်သိနားလည်တဲ့အရွယ်ရောက်နေပြီ အခုထိဆိုးသွမ်းနေမှာလားပြော "

" ဟင့် ပါပါးကလည်း "

" ကလေးကလည်း သားသားကိုမဆူပါနဲ့ သားသားကအခုလည်းကလေးပဲလေကလေးဆိုတော့ဆော့တာလောက်တော့ရှိ... "

" ဦးမင်းရောင်ထင် !! "

" ဗျာ "

" ခင်ဗျားကကောလူကြီးဖြစ်ပြီးကလေးကိုမထိန်းဘူးလား.. ဟမ် ခင်ဗျားပါဝင်ပြီးသောင်းကျန်းထားတာအမြဲ ကျွန်တော်မပြောချင်ဘူးနော်တကယ်မောတယ် ပြီးတော့သားသားကဆော့တာကဆော့တာပေါ့အခုကသူကဆော့တာမဟုတ်ဘူးလေ တစ်အိမ်လုံးကိုဗြောင်းဆန်အောင်လုပ်နေတာ "

" ကလေးရယ် ဖြေးဖြေးပြောပါ "

" တော် တန် တိတ် !! ခင်ဗျားတို့နဲ့ကျွန်တော်ရင်လေးတယ် အဲ့တော့ အခုလုပ်ထားတာတွေခင်ဗျားတို့သားအဖရှင်း ဒါပဲ ကျွန်တော် နားတော့မယ် "

သက်ပိုင်တစ်ယောက်ပြောပြောဆိုဆိုဖြင့်အရှေ့တွင်မျက်နှာငယ်လေးနှင့်သူ့အားကြည့်နေသောသားအဖကိုတစ်ချက်မျက်စောင်းထိုးလိုက်ကာသူ့အခန်းထဲသို့ဝင်သွားသည်။

ကျန်ရှိနေခဲ့သောသားအဖနှစ်ယောက်ကတော့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာသက်ပြင်းပြိုင်တူချလိုက်ကြသည်။

****

" ပါပါး သားသား ဘယ်ယိုနေလဲ "

" ချောလိုက်တာပါပါးသားသားလေးက "

" ဟီးဟီး အာ့က ပါးပါးနဲ့တူယို့ "

" အံမယ်လေး အတတ်လေး ပါပါးသားလေးက ခန့်ချောလေး "

သက်ပိုင်သားသား၏ပါးနှစ်ဖက်ကိုအသည်းတယားယားဖြင့်ဆွဲညှစ်လိုက်ကာနမ်းရှိုက်လိုက်သည်။

" ကလေး ကိုယ်ဝတ်ပြီးပြီဘယ်လိုနေလဲ "

သက်ပိုင်အိမ်ထဲမှထွက်လာသော ခန့်ညားတင့်တယ်လွန့်လှသည့်သူ၏ယောက်ျားဖြစ်သူကိုကြည့်ပြီးဘာမှမပြောနိုင်လောက်အောင်မင်သက်သွားရသည်။

" ဝါး ပါးပါး မိုက်လိုက်တာ ချောရယ်ချောရယ် "

" ဟားဟား ဟုတ်ပါပြီကွာ ကလေး ကိုယ်ဘယ်လိုနေလဲလို့ "

နောက်တစ်ကြိမ်ခေါ်သံကြားကာမှသက်ပိုင်အသိပြန်ဝင်လာလေသည်။

" အဟမ်း ကျွန်တော့်ယောက်ျားကချောပြီးသား "

" ဟား နှစ်ယောက်လုံးအတတ်လေးတွေကွာ... အဲ့ဒါဆိုသွားရအောင် "

သက်ပိုင်ခေါင်းငြိမ့်ပြလိုက်ပြီး သားသားကိုပွေ့ချီကာ ဦးမင်းရောင်၏လက်ကိုချိတ်လိုက်ပြီး ကားပေါ်သို့တက်လိုက်သည်။

ဦးတည်ရာသည်ဦးမင်းရောင်ထင်၏အသိမိတ်ဆွေpartyသို့ဖြစ်ပေလိမ့်မည်။

°°°°°

" ကလေး ဖြေးဖြေးဆင်း "

သက်ပိုင်ကိုလာတွဲပေးသည့်ဦးမင်းရောင်၏လက်ကိုကိုင်လိုက်ကာသားသားကိုပွေ့ချီလျက်သားကားပေါမှဆင်းလိုက်သည်။

" မောင်မင်းရောင်ထင်တို့ရောက်လာပြီလား"

Hotel ထဲမှ ခပ်မြန်မြန်ထွက်လာသော အသက်အကြီးပိုင်းအရွယ်ဦးလေးကြီးတစ်ယောက်ကခေါင်းကိုငြိမ့်ကာကြိုဆိုသည်။ဦးမင်းရောင်ကခေါင်းပဲငြိမ့်ပြကာရုပ်ကိုတည်ထားမြဲဖြစ်တာကြောင့်သက်ပိုင်အားနာပါးနာဖြင့်ထိုဦးလေးကြီးအားပြုံးပြလိုက်သည်။ဦလေးကြီးကမင်းရောင်ထင်၏အမူအရာကြောင့်မျက်နှာပျက်သွားသော်လည်းချက်ချင်းပင်ပြုံးကာပြာပြာသလဲလဲဖြင့်ကြိုဆိုလေသည်။

ဦးမင်းရောင်ကသက်ပိုင်လက်ထဲကသားသားကိုသူ့လက်ထံသို့လွှဲပြောင်းယူလိုက်သည်။သက်ပိုင်ဦးမင်းရောင်၏လက်ကိုချိတ်လိုက်ပြီးသုံးယောက်အတူHotelအတွင်းသို့ဝင်လာကြသည်။

Happy Family ဖြစ်တာကြောင့် သက်ပိုင်တို့မိသားစုကဘယ်လိုကြည့်ကြည့်အမြဲပျော်ရွှင်ကာကြည်နူးစရာကောင်းတာတော့အမှန်။ခန်းမကျယ်အတွင်းသို့ဝင်လိုက်သည်နှင့်လူအတော်အများ၏အကြည့်များကသက်ပိုင်တို့ထံကျရောက်လာသည်။ဦးမင်ရောင်ထင်ဆိုတာအဲ့လိုလူတွေအာရုံစိုက်ခံရတဲ့အရှိန်အဝါကြီးနဲ့နေတဲ့သူမျိုးပဲ....

မင်းရောင်ထင်ကတော့မည်သူ့အရာကိုမျှဂရုစိုက်ပုံမပေါ်။ထို့နောက်ထိုအနီးအနားမှလွတ်နေသောစားပွဲခုံတွင်ဝင်ထိုင်ရန်ပြင်လိုက်သည်။သားသားကိုတော့အလယ်မှာထိုင်ခိုင်းလိုက်သည်။

ခဏအကြာတွင် မင်းရောင်ထင်၏လုပ်ဖော်ကိုင်ဖက်များအနားသို့ရောက်လာကြပြီးစကားစမည်ပြောကြသည်။သက်ပိုင်တစ်ယောက်သားသားကိုမုန့်ခွံ့ကျွေးကာသူတို့ပြောနေကြသည့်သူနားမလည်သည့်အလုပ်ကိစ္စများအကြောင်းကိုနားထောင်နေမိသည်။

" ပါပါး... ဟိုဟာသောက်ချင်တယ် "

စားပွဲခုံပေါ်တွင်တင်ထားသည့်အအေးပုလင်းကိုလက်ညှိုးထိုးပြတာကြောင့်သက်ပိုင်ပုလင်းကိုယူကာဖန်ခွက်ထဲသို့အအေးကိုငဲ့ပြီးထည့်လိုက်သည်။သားသားကိုအအေးခွက်ပေးမည်အပြုရုတ်တရပ်အနောက်မှထိုင်ခုံသို့ဝင်တိုက်လာသူဝန်ထမ်းမလေးတစ်ယောက်ကြောင့်သက်ပိုင်လက်ထဲမှအအေးခွက်သည်ဖိတ်ကျကာသက်ပိုင်ဝတ်ထားသောအင်္ကျီပေါ်သို့ကျဆင်းလေသည်။

" တောင်းပန်ပါတယ် တောင်းပန်ပါတယ်ရှင် "

ဝန်ထမ်းမလေးကပြာပြာသလဲလဲဖြင့်သူ၏လက်ကိုင်ပဝါကိုထုတ်ကာသက်ပိုင်ကိုပေးသည်။ဦးမင်းရောင်ကလည်းထိုဝန်ထမ်းမလေးကိုမျက်ထောင့်နီဖြင့်စိုက်ကြည့်လေသည်။

" ရတယ် ရတယ် ဘာမှမဖြစ်ဘူး အစ်မ ဦး ကျွန်တော်သားသားနဲ့သန့်စင်ခန်းသွားဦးမယ် "

" ကိုယ်လိုက်ခဲ့ရမလား "

" ရတယ် ဦး စကားဆက်ပြောနေလိုက်ပါ လာသားသားသွားမယ် "

သက်ပိုင်သားသားလက်ကိုဆွဲကာသန့်စင်ခန်းဘက်သို့လျှောက်လာသည်။လူအတော်ရှင်းပြီးတိတ်ဆိတ်နေတာကြောင့်အနည်းကျောချမ်းမိသည်။အင်္ကျီတွင်စွန်းထင်းသွားသည့်လိမ္မာ်ရောင်အရည်များကိုပဝါဖြင့်သုတ်ရင်းတစ်ချက်ဆုတ်သတ်လိုက်မိသည်။

" သားသား ပါပါးနဲ့ အထဲလိုက်ဝင်မလား "

သက်ပိုင် သန့်စင်ခန်းထဲဝင်၍အပေါ့သွားရန် သားသားကိုစိတ်မချတာကြောင့်မေးလိုက်သည်။

" အာ...ပါပါးပဲသွားပါ သားသားအပြင်မှာစောင့်နေပေးမယ် "

" ဟုတ်ပြီဟုတ်ပြီ အဲ့ဒါဆို ဘယ်မှလျှောက်မသွားနဲ့နော်... ပြီးတော့ဘယ်သူခေါ်ခေါ်နဲ့လိုက်မသွားနဲ့ကြားလား "

" ဟုတ်ပါပါး "

သက်ပိုင်သားသားကိုသေချာမှာပြီးသန့်စင်ခန်းအတွင်းသို့ဝင်လိုက်သည်။

ထင်လင်းသက်ပိုင် ဘေစင်ဘက်သို့သွားကာလက်ဆေးရန်ပြင်လိုက်သည်။ကလေးအရွယ်မှီအောင်ဘေစင်ထားပေးထားတာမို့ထင်လင်းသက်ပိုင်အရပ်နှင့်ကွက်တိပင်။ထင်လင်းသက်ပိုင်လက်ဆေးပြီးသော်လည်းပါပါးထွက်မလာသေးသဖြင့် အပြင်ထွက်ကာရပ်စောင့်နေလိုက်သည်။

ထင်လင်းသက်ပိုင်ပါပါးကိုစောင့်နေတုန်းသူ၏အရှေ့ရှိ အမျိုးသမီးသန့်စင်ခန်းသို့ဝင်ရန်ပြင်နေသည့်အသက်ခပ်လတ်ပိုင်းအရွယ်အမျိုးသမီးဆီသို့အကြည့်ကရောက်သွားသည်။ထိုအမျိုးသမီးကလည်းသူ့ကိုမြင်မှသူ့အနားသို့ရောက်လာလေသည်။

" ကိုမင်းရောင်ရဲ့သားလေးမလား ဒီမှာဘာလုပ်နေတာလဲ "

" ပါပါးကိုစောင့်နေတာ "

" ​ေဩာ်... ဟုတ်လား.... သားပါပါးကသားကိုအခုလိုတစ်ယောက်တည်းထားထားတာလား "

" မဟုတ်ပါဘူး ပါပါးကခေါ်တယ် ကိုယ့်ဘာသာကိုယ်မလိုက်သွားတာ "

" ​ေဩာ်...သားသိလား သူများတွေမှာကလေ အဖေအေမေကောရှိတယ်သားရဲ့ သားလိုအဖေနှစ်ယောက်မဟုတ်ဘူး သားကကောသူတို့လိုအမေမလိုချင်ဘူးလား "

" သူတို့ကသူတို့ သားကသားမတူဘူး "

" ​ေဩာ်...ဘယ်ဟုတ်မလဲသားရယ်...လူတိုင်းမှာအမေရှိတယ်လေ သားမှာလည်းအမေရှိသင့်တာပေါ့သားရဲ့ အန်တီ​ကသားအတွက်ပြောတာနော် သားဒယ်ဒီကိုမေမေရှာခိုင်း "

" သားသား "

" ပါပါး "

သက်ပိုင်သားသားအနားသို့သွားလိုက်သည်။သားသားဘေးနားကအမျိုးသမီးကိုသူ့ကိုမြင်တော့ချက်ချင်းသားသားနားကခွာလိုက်ကာသူ့အားပြုံးပြလာသည်။

" သားသား သိလို့လား "

" ဟင့်အင်း သိပါပူးပါပါးရယ် သားကိုဘာသွေလာရောင်းနေယဲမသိပူး "

" ဟုတ်လားသားသား Sorry နော်အစ်မ မဝယ်သေးဘူး "

" ဘာနင်!! "

သက်ပိုင်ဟန်ပါပါဖြင့်ရွဲ့ပြောလိုက်ကာသားသားလက်ကိုကိုင်ဆွဲကာထိုအစ်မကိုမျက်စောင်းထိုးလိုက်ပြီးထိုနေရာမှထွက်လာလိုက်သည်။အနောက်ကအစ်မကြီးတစ်ယောက်ကတော့ဒေါသတွေထွက်ကာကျန်ခဲ့လေရဲ့....

Zg Code

" ၪီးေရ ၪီး "

သက္ပိုင္လက္ထဲတြင္အျဖဴေရာင္အိတ္ေလးကိုကိုင္လာၿပီးအိမ္ထဲသို႔ဝင္လာလိုက္သည္။ဘာအသံမွမၾကာတာျဖစ္တဲ့အတြက္ေၾကာင့္သက္ပိုင္သက္ျပင္းခ်လိုက္မိသည္။ႏွစ္ေယာက္တည္းအိမ္တြင္ထားခဲ့ရသည္ကိုစိတ္မခ်ေပ။စိတ္မခ်ျဖစ္ရသည္မွာသက္ပိုင္အကဲပိုလြန္းသည္မဟုတ္...

ဒီသားအဖႏွစ္ေယာက္ကမတည့္ရင္လည္းသူတို႔တည့္ျပန္ရင္လည္းႏွစ္ေယာက္ေပါင္းကာအိမ္ကိုေျဗာင္းဆန္လန္ေနေအာင္လုပ္တတ္တာသက္ပိုင္သာလ်ွင္အသိဆံုးျဖစ္သည္။ၪီးမင္းေရာင္ကလည္းကေလးႏွင့္အၿပိဳင္တအာေဆာ့လြန္းသည္။သူ႔ကိုယ္သူအခုထိကေလးလို႔ထင္ေနေသးသလားပင္မသိ။အခုဆိုသူတို႔ကသာကေလးသက္ပိုင္ကသာလူႀကီးျဖစ္ေနသည္။

ယခုလည္းအျပင္ေလးခဏသြားကာအိမ္တြင္ႏွစ္ေယာက္တည္းထားခဲ့ရသည္ကိုစိတ္မခ်ပါေလ ...ထို႔ေၾကာင့္ခပ္သြက္သြက္သာျပန္လာရသည္။ဆူညံေနမည္ဟုထင္ထားေပမယ့္ဘာအသံကိုမ်ွမၾကားရသည္ျဖစ္တာေၾကာင့္အနည္းငယ္စိတ္သက္သာရာရသြားသည္။

သက္ပိုင္အိမ္ထဲသို႔ဝင္လိုက္သည္ႏွင့္ျမင္လိုက္ရေသာျမင္ကြင္တို႔က်ပါးစပ္အေဟာင္းသားျဖစ္သြားကာထိုေနရာမွာတင္ပဲ​ၾကပ္ေသေသကာရပ္ေနမိသည္။

ၿပီးေနာက္...

" ၪီးမင္းေရာင္ထင္!!! "

သက္ပိုင္သည္းမခံႏိုင္ေတာ့သည့္အဆံုးငယ္သံပါတဲ့အထိေအာ္ဟစ္ပစ္လိုက္ေလေတာ့သည္။သက္ပိုင္၏ျမင္ကြင္းေရ႔ွတြင္ရိွေနသည့္ၾကက္ဥအကြဲမ်ားႏွင့္ျပန္႔က်ဲေနေသာေကာက္ၫွင္းဆန္မႈန္႔မ်ားကသေရာ္ေနသေယာင္...

°°°°

" ဟင့္ ပါပါး "

" ေတာ္ တန္ တိတ္ ထင္လင္းသက္ပိုင္ ! "

မ်က္ရည္ေလးတစမ္းစမ္းလုပ္ကာခြၽဲဖို႔ျပင္ေနေလေသာသားေတာ္ေမာင္ကိုသက္ပိုင္ေအာ္ပစ္လိုက္သည္။ထင္လင္းသက္ပိုင္ကေတာ့အသံပင္မထြက္ေတာ့ဘဲဇက္ကေလးပုသြားသည္။

" ကေလးကလည္း သားသားကိုမေအာ္ပါနဲ႔ "

" ​ေဩာ္.. သားသားကိုမေအာ္ေတာ့ ခင္ဗ်ားကိုေအာ္ရမွာေပါ့ေလ ၪီးမင္းေရာင္ထင္ "

" ဟဲဟဲ ကေလးကလည္းကြာ "

" ေတာ္ေတာ္ လက္ကိုေျမႇာက္ထားၾက လံုးဝမခ်နဲ႔ေနာ္ မဟုတ္ရင္ ဒီလက္ထဲမွာရိွေနတဲ့ႀကိမ္လံုးက ႏွစ္ေယာက္လံုးအတြက္ျဖစ္သြားမယ္ "

သက္ပိုင္သူတို႔ေရ႔ွကဆိုဖာေပၚမွာေျခကိုခ်ိတ္ကာဟန္ပါပါျဖင့္ထိုင္ေနလိုက္သည္။လက္ထဲကႀကိမ္လံုးကိုဟန္ျပကာတင္းတင္းဆုတ္ကိုင္ထားသည္။အေရ႔ွတြင္လက္ကိုေျမႇာက္ထားလ်က္ငိုမဲ့မဲ့ေလးျဖစ္ေနေသာသားသားကခ်စ္စရာမို႔သက္ပိုင္စခ်င္လာသည္။

" ထင္လင္းသက္ပိုင္! "

" ဂ်ာ ပါပါး "

" မင္းအသက္ဘယ္ႏွႏွစ္ရိွေနၿပီလဲဟမ္! ေျပာရင္သိနားလည္တဲ့အရြယ္ေရာက္ေနၿပီ အခုထိဆိုးသြမ္းေနမွာလားေျပာ "

" ဟင့္ ပါပါးကလည္း "

" ကေလးကလည္း သားသားကိုမဆူပါနဲ႔ သားသားကအခုလည္းကေလးပဲေလကေလးဆိုေတာ့ေဆာ့တာေလာက္ေတာ့ရိွ... "

" ၪီးမင္းေရာင္ထင္ !! "

" ဗ်ာ "

" ခင္ဗ်ားကေကာလူႀကီးျဖစ္ၿပီးကေလးကိုမထိန္းဘူးလား.. ဟမ္ ခင္ဗ်ားပါဝင္ၿပီးေသာင္းက်န္းထားတာအၿမဲ ကြၽန္ေတာ္မေျပာခ်င္ဘူးေနာ္တကယ္ေမာတယ္ ၿပီးေတာ့သားသားကေဆာ့တာကေဆာ့တာေပါ့အခုကသူကေဆာ့တာမဟုတ္ဘူးေလ တစ္အိမ္လံုးကိုေျဗာင္းဆန္ေအာင္လုပ္ေနတာ "

" ကေလးရယ္ ေျဖးေျဖးေျပာပါ "

" ေတာ္ တန္ တိတ္ !! ခင္ဗ်ားတို႔နဲ႔ကြၽန္ေတာ္ရင္ေလးတယ္ အဲ့ေတာ့ အခုလုပ္ထားတာေတြခင္ဗ်ားတို႔သားအဖရွင္း ဒါပဲ ကြၽန္ေတာ္ နားေတာ့မယ္ "

သက္ပိုင္တစ္ေယာက္ေျပာေျပာဆိုဆိုျဖင့္အေရ႔ွတြင္မ်က္ႏွာငယ္ေလးႏွင့္သူ႔အားၾကည့္ေနေသာသားအဖကိုတစ္ခ်က္မ်က္ေစာင္းထိုးလိုက္ကာသူ႔အခန္းထဲသို႔ဝင္သြားသည္။

က်န္ရိွေနခဲ့ေသာသားအဖႏွစ္ေယာက္ကေတာ့တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာသက္ျပင္းၿပိဳင္တူခ်လိုက္ၾကသည္။

****

" ပါပါး သားသား ဘယ္ယိုေနလဲ "

" ေခ်ာလိုက္တာပါပါးသားသားေလးက "

" ဟီးဟီး အာ့က ပါးပါးနဲ႔တူယို႔ "

" အံမယ္ေလး အတတ္ေလး ပါပါးသားေလးက ခန္႔ေခ်ာေလး "

သက္ပိုင္သားသား၏ပါးႏွစ္ဖက္ကိုအသည္းတယားယားျဖင့္ဆြဲၫွစ္လိုက္ကာနမ္းရိႈက္လိုက္သည္။

" ကေလး ကိုယ္ဝတ္ၿပီးၿပီဘယ္လိုေနလဲ "

သက္ပိုင္အိမ္ထဲမွထြက္လာေသာ ခန္႔ညားတင့္တယ္လြန္႔လွသည့္သူ၏ေယာက္်ားျဖစ္သူကိုၾကည့္ၿပီးဘာမွမေျပာႏိုင္ေလာက္ေအာင္မင္သက္သြားရသည္။

" ဝါး ပါးပါး မိုက္လိုက္တာ ေခ်ာရယ္ေခ်ာရယ္ "

" ဟားဟား ဟုတ္ပါၿပီကြာ ကေလး ကိုယ္ဘယ္လိုေနလဲလို႔ "

ေနာက္တစ္ႀကိမ္ေခၚသံၾကားကာမွသက္ပိုင္အသိျပန္ဝင္လာေလသည္။

" အဟမ္း ကြၽန္ေတာ့္ေယာက္်ားကေခ်ာၿပီးသား "

" ဟား ႏွစ္ေယာက္လံုးအတတ္ေလးေတြကြာ... အဲ့ဒါဆိုသြားရေအာင္ "

သက္ပိုင္ေခါင္းၿငိမ့္ျပလိုက္ၿပီး သားသားကိုေပြ့ခ်ီကာ ၪီးမင္းေရာင္၏လက္ကိုခ်ိတ္လိုက္ၿပီး ကားေပၚသို႔တက္လိုက္သည္။

ၪီးတည္ရာသည္ၪီးမင္းေရာင္ထင္၏အသိမိတ္ေဆြpartyသို႔ျဖစ္ေပလိမ့္မည္။

°°°°°

" ကေလး ေျဖးေျဖးဆင္း "

သက္ပိုင္ကိုလာတြဲေပးသည့္ၪီးမင္းေရာင္၏လက္ကိုကိုင္လိုက္ကာသားသားကိုေပြ့ခ်ီလ်က္သားကားေပါမွဆင္းလိုက္သည္။

" ေမာင္မင္းေရာင္ထင္တို႔ေရာက္လာၿပီလား"

Hotel ထဲမွ ခပ္ျမန္ျမန္ထြက္လာေသာ အသက္အႀကီးပိုင္းအရြယ္ၪီးေလးႀကီးတစ္ေယာက္ကေခါင္းကိုၿငိမ့္ကာႀကိဳဆိုသည္။ၪီးမင္းေရာင္ကေခါင္းပဲၿငိမ့္ျပကာရုပ္ကိုတည္ထားၿမဲျဖစ္တာေၾကာင့္သက္ပိုင္အားနာပါးနာျဖင့္ထိုၪီးေလးႀကီးအားၿပံဳးျပလိုက္သည္။ဦေလးႀကီးကမင္းေရာင္ထင္၏အမူအရာေၾကာင့္မ်က္ႏွာပ်က္သြားေသာ္လည္းခ်က္ခ်င္းပင္ၿပံဳးကာျပာျပာသလဲလဲျဖင့္ႀကိဳဆိုေလသည္။

ၪီးမင္းေရာင္ကသက္ပိုင္လက္ထဲကသားသားကိုသူ႔လက္ထံသို႔လႊဲေျပာင္းယူလိုက္သည္။သက္ပိုင္ၪီးမင္းေရာင္၏လက္ကိုခ်ိတ္လိုက္ၿပီးသံုးေယာက္အတူHotelအတြင္းသို႔ဝင္လာၾကသည္။

Happy Family ျဖစ္တာေၾကာင့္ သက္ပိုင္တို႔မိသားစုကဘယ္လိုၾကည့္ၾကည့္အၿမဲေပ်ာ္ရႊင္ကာၾကည္ႏူးစရာေကာင္းတာေတာ့အမွန္။ခန္းမက်ယ္အတြင္းသို႔ဝင္လိုက္သည္ႏွင့္လူအေတာ္အမ်ား၏အၾကည့္မ်ားကသက္ပိုင္တို႔ထံက်ေရာက္လာသည္။ၪီးမင္ေရာင္ထင္ဆိုတာအဲ့လိုလူေတြအာရံုစိုက္ခံရတဲ့အရိွန္အဝါႀကီးနဲ႔ေနတဲ့သူမ်ိဳးပဲ....

မင္းေရာင္ထင္ကေတာ့မည္သူ႔အရာကိုမ်ွဂရုစိုက္ပံုမေပၚ။ထို႔ေနာက္ထိုအနီးအနားမွလြတ္ေနေသာစားပြဲခံုတြင္ဝင္ထိုင္ရန္ျပင္လိုက္သည္။သားသားကိုေတာ့အလယ္မွာထိုင္ခိုင္းလိုက္သည္။

ခဏအၾကာတြင္ မင္းေရာင္ထင္၏လုပ္ေဖာ္ကိုင္ဖက္မ်ားအနားသို႔ေရာက္လာၾကၿပီးစကားစမည္ေျပာၾကသည္။သက္ပိုင္တစ္ေယာက္သားသားကိုမုန္႔ခြံ႔ေကြၽးကာသူတို႔ေျပာေနၾကသည့္သူနားမလည္သည့္အလုပ္ကိစၥမ်ားအေၾကာင္းကိုနားေထာင္ေနမိသည္။

" ပါပါး... ဟိုဟာေသာက္ခ်င္တယ္ "

စားပြဲခံုေပၚတြင္တင္ထားသည့္အေအးပုလင္းကိုလက္ၫွိုးထိုးျပတာေၾကာင့္သက္ပိုင္ပုလင္းကိုယူကာဖန္ခြက္ထဲသို႔အေအးကိုငဲ့ၿပီးထည့္လိုက္သည္။သားသားကိုအေအးခြက္ေပးမည္အျပဳရုတ္တရပ္အေနာက္မွထိုင္ခံုသို႔ဝင္တိုက္လာသူဝန္ထမ္းမေလးတစ္ေယာက္ေၾကာင့္သက္ပိုင္လက္ထဲမွအေအးခြက္သည္ဖိတ္က်ကာသက္ပိုင္ဝတ္ထားေသာအက်ႌေပၚသို႔က်ဆင္းေလသည္။

" ေတာင္းပန္ပါတယ္ ေတာင္းပန္ပါတယ္ရွင္ "

ဝန္ထမ္းမေလးကျပာျပာသလဲလဲျဖင့္သူ၏လက္ကိုင္ပဝါကိုထုတ္ကာသက္ပိုင္ကိုေပးသည္။ၪီးမင္းေရာင္ကလည္းထိုဝန္ထမ္းမေလးကိုမ်က္ေထာင့္နီျဖင့္စိုက္ၾကည့္ေလသည္။

" ရတယ္ ရတယ္ ဘာမွမျဖစ္ဘူး အစ္မ ၪီး ကြၽန္ေတာ္သားသားနဲ႔သန္႔စင္ခန္းသြားၪီးမယ္ "

" ကိုယ္လိုက္ခဲ့ရမလား "

" ရတယ္ ၪီး စကားဆက္ေျပာေနလိုက္ပါ လာသားသားသြားမယ္ "

သက္ပိုင္သားသားလက္ကိုဆြဲကာသန္႔စင္ခန္းဘက္သို႔ေလ်ွာက္လာသည္။လူအေတာ္ရွင္းၿပီးတိတ္ဆိတ္ေနတာေၾကာင့္အနည္းေက်ာခ်မ္းမိသည္။အက်ႌတြင္စြန္းထင္းသြားသည့္လိမၼာ္ေရာင္အရည္မ်ားကိုပဝါျဖင့္သုတ္ရင္းတစ္ခ်က္ဆုတ္သတ္လိုက္မိသည္။

" သားသား ပါပါးနဲ႔ အထဲလိုက္ဝင္မလား "

သက္ပိုင္ သန္႔စင္ခန္းထဲဝင္၍အေပါ့သြားရန္ သားသားကိုစိတ္မခ်တာေၾကာင့္ေမးလိုက္သည္။

" အာ...ပါပါးပဲသြားပါ သားသားအျပင္မွာေစာင့္ေနေပးမယ္ "

" ဟုတ္ၿပီဟုတ္ၿပီ အဲ့ဒါဆို ဘယ္မွေလ်ွာက္မသြားနဲ႔ေနာ္... ၿပီးေတာ့ဘယ္သူေခၚေခၚနဲ႔လိုက္မသြားနဲ႔ၾကားလား "

" ဟုတ္ပါပါး "

သက္ပိုင္သားသားကိုေသခ်ာမွာၿပီးသန္႔စင္ခန္းအတြင္းသို႔ဝင္လိုက္သည္။

ထင္လင္းသက္ပိုင္ ေဘစင္ဘက္သို႔သြားကာလက္ေဆးရန္ျပင္လိုက္သည္။ကေလးအရြယ္မွီေအာင္ေဘစင္ထားေပးထားတာမို႔ထင္လင္းသက္ပိုင္အရပ္ႏွင့္ကြက္တိပင္။ထင္လင္းသက္ပိုင္လက္ေဆးၿပီးေသာ္လည္းပါပါးထြက္မလာေသးသျဖင့္ အျပင္ထြက္ကာရပ္ေစာင့္ေနလိုက္သည္။

ထင္လင္းသက္ပိုင္ပါပါးကိုေစာင့္ေနတုန္းသူ၏အေရ႔ွရိွ အမ်ိဳးသမီးသန္႔စင္ခန္းသို႔ဝင္ရန္ျပင္ေနသည့္အသက္ခပ္လတ္ပိုင္းအရြယ္အမ်ိဳးသမီးဆီသို႔အၾကည့္ကေရာက္သြားသည္။ထိုအမ်ိဳးသမီးကလည္းသူ႔ကိုျမင္မွသူ႔အနားသို႔ေရာက္လာေလသည္။

" ကိုမင္းေရာင္ရဲ့သားေလးမလား ဒီမွာဘာလုပ္ေနတာလဲ "

" ပါပါးကိုေစာင့္ေနတာ "

" ​ေဩာ္... ဟုတ္လား.... သားပါပါးကသားကိုအခုလိုတစ္ေယာက္တည္းထားထားတာလား "

" မဟုတ္ပါဘူး ပါပါးကေခၚတယ္ ကိုယ့္ဘာသာကိုယ္မလိုက္သြားတာ "

" ​ေဩာ္...သားသိလား သူမ်ားေတြမွာကေလ အေဖေအေမေကာရိွတယ္သားရဲ့ သားလိုအေဖႏွစ္ေယာက္မဟုတ္ဘူး သားကေကာသူတို႔လိုအေမမလိုခ်င္ဘူးလား "

" သူတို႔ကသူတို႔ သားကသားမတူဘူး "

" ​ေဩာ္...ဘယ္ဟုတ္မလဲသားရယ္...လူတိုင္းမွာအေမရိွတယ္ေလ သားမွာလည္းအေမရိွသင့္တာေပါ့သားရဲ့ အန္တီ​ကသားအတြက္ေျပာတာေနာ္ သားဒယ္ဒီကိုေမေမရွာခိုင္း "

" သားသား "

" ပါပါး "

သက္ပိုင္သားသားအနားသို႔သြားလိုက္သည္။သားသားေဘးနားကအမ်ိဳးသမီးကိုသူ႔ကိုျမင္ေတာ့ခ်က္ခ်င္းသားသားနားကခြာလိုက္ကာသူ႔အားၿပံဳးျပလာသည္။

" သားသား သိလို႔လား "

" ဟင့္အင္း သိပါပူးပါပါးရယ္ သားကိုဘာေသြလာေရာင္းေနယဲမသိပူး "

" ဟုတ္လားသားသား Sorry ေနာ္အစ္မ မဝယ္ေသးဘူး "

" ဘာနင္!! "

သက္ပိုင္ဟန္ပါပါျဖင့္ရြဲ႔ေျပာလိုက္ကာသားသားလက္ကိုကိုင္ဆြဲကာထိုအစ္မကိုမ်က္ေစာင္းထိုးလိုက္ၿပီးထိုေနရာမွထြက္လာလိုက္သည္။အေနာက္ကအစ္မႀကီးတစ္ေယာက္ကေတာ့ေဒါသေတြထြက္ကာက်န္ခဲ့ေလရဲ့....

Continuer la Lecture

Vous Aimerez Aussi

161K 8.5K 20
ဘယ်လိုပြိုင်ပြိုင် ကိုကို အနိုင်ပါ.. ဒီလူသားက ခေါင်းကျကျ ပန်းကျကျ အရှုံးပေးနေပြီးသားမို့ နိုင်တော်မူပါ ကိုကိုရယ်..... Start date-June 10.2021 End dat...
287K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
292K 7.3K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
367K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."