ပန်းလေးလိုလှတဲ့ ရှစ်စွမ်း
By eithethmue
31.9K 4.3K 106
BL Novel အသစ်လေး Update ထားပါတယ်ရှင့် ❤️❤️ paid GP လေးဝင်ချင်ရင်လည်း အောက်ကလင့်လေးနှိပ်ပြီး ဝင်လို့ရပါတယ်ရှင့... More
Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 25
739 115 5
By eithethmue
Chapter 25
နောက်တစ်နေ့တွင်ကျင်းပမည့် ထိပ်ဆုံးနေရာအတွက်တိုက်ပွဲက ဂိုဏ်းထဲမှလူအားလုံး၏ အာရုံစိုက်မှုကို ရရှိထားသည်။ နှစ်ဖက်လုံးက အင်အားချင်းညီမျှသည့်အတွက် အချိန်အတန်ကြာအောင်  တိုက်ခိုက်နေပြီး ကြည့်ရှု့သူများကို အံ့အားသင့်သွားစေနိုင်သည့် များပြားလှသည့် မန္တန်များကို ထုတ်ပြနေသည်။
အကြီးအကဲများနေရာတွင်ထိုင်နေသော စုပိုင်ချယ့်၏ အကြည့်က အနည်းငယ်ပြောင်းလဲသွားသည်။
ထုံရှီးကပြောလိုက်သည်။
" ကျိုးရွှမ်လန် အမှားလုပ်တော့မယ်..."
[ ကိုယ့်စိတ်ထင်ပြောရရင် ထုံရှီးက ဝိညာဉ်လိုမျိုးပဲထင်တယ်၊ စုပိုင်ချယ့်တစ်ယောက်တည်းကပဲ သူ့အသံကိုကြားရမြင်ရတာမျိုးဖြစ်လောက်ပါတယ်၊ ပြီးတော့ ယောကျာ်းမိန်းမဆိုတာလည်း မပြောထားတဲ့အပြင် စုပိုင်ချယ့်ကလည်း သူခိုင်းတဲ့အတိုင်းလုပ်ပေမယ့် သူ့ကိုကြောက်နေရတာမျိုးမဟုတ်လို့ လောလောဆယ် မင်းနဲ့ငါ လို့ပဲ သုံးနှုန်းထားလိုက်ပါတယ် ]
" ဘယ်သူကမှ သူ အနိုင်ရမယ့်လို့မထင်တဲ့ ဒီလိုအင်အားကြီးပြိုင်ဘက်မျိုးနဲ့ တိုက်ခိုက်နေရတဲ့အချိန်မှာ မင်းက သူ့ကိုယုံကြည်ပြီး သူ့ဘက်ကရပ်တည်ပေးရမယ်၊ ဒီတစ်ကြိမ်တော့ မင်း သူ့ရင်ထဲကို ရောက်နိုင်မှာပါ..."
စုပိုင်ချယ့်က အေးတိအေးစက်ဖြင့် နှာမှုတ်လိုက်သည်။
" ရှင်းအောင်တော့ပြောထားမယ်နော် ဒီတစ်ခါက မင်းရဲ့စကားကိုနားထောင်တာ နောက်ဆုံးအကြိမ်ပဲ..."
သူ ချောင်းဟန့်လိုက်သည်။
ထိုအခိုက်အတန့်တွင် ရင်ပြင်ပေါ်မှ အံ့ဩတကြီး အော်သံတစ်သံ ထွက်ပေါ်လာသည်။
ကျိုးရွှမ်လန်က ရုတ်တရက် အမှားလုပ်လိုက်မိသောကြောင့် မရေမတွက်နိုင်သော ဓားချီဓာတ်များပါဝင်သည့် လက်ဖဝါးတစ်ချက်က သူ့ကိုထိသွားသည်။ သူ ဤတစ်ကြိမ်တွင် မရှောင်လိုက်နိုင်သောကြောင့် မြေပြင်ပေါ် ဘုန်းခနဲ လဲကျသွားသည်။
" အရှုံးကို လက်ခံပြီလား..."
လင်မူရှန်းက လက်ထဲတွင်ဓားကိုင်လျက် ချဉ်းကပ်လာသည်။
အကယ်၍ အရှုံးကို လက်မခံသေးပါက ကျိုးရွှမ်လန်ကို မထနိုင်တော့သည်အထိ တိုက်ခိုက်ပစ်မည်ဖြစ်သည်။
မန္တန်များစွာဖြင့် ဆက်လက်တိုက်ခိုက်လာသောကြောင့် ကျိုးရွှမ်လန်က ဘေးနားကို အသာဆုတ်လိုက်ပြီး ရိုက်ချက်တစ်ချက်ကို ရှောင်တိမ်းလိုက်သည်။ သို့သော် ထို့နောက်တွင် ရင်ဘတ်ကိုအုပ်ပြီး သွေးများအန်ထွက်လာတော့သည်။
သူ ဆက်မထိန်းထားနိုင်တော့၍ ကွင်းအလယ်တွင် လဲကျသွားသည်။
" ကြည့်ရတာတော့ ရလဒ်ကို ဆုံးဖြတ်ပြီးသွားပြီထင်တယ် အင်မော်တယ်ရှန်း ပြောထားသလိုပဲ..."
တစ်ယောက်ယောက်က မှတ်ချက်ပြုလိုက်သည်။
" လင်မူရှန်းက ငါတို့ထဲမှ တကယ်ကို ထိပ်ဆုံးနေရာမှာ ရှိနေတဲ့သူပဲ... သူ့ရဲ့ဓားသိုင်းကလည်း တော်တော်လေးထူးချွန်တယ်... ကျိုးရွှမ်လန်လိုလူမျိုးတောင် သူ့ကိုမယှဉ်နိုင်ဘူး..."
" ငါတော့ လောင်းကစားနိုင်သွားပြ္ ဝိညာဉ်ကျောက်တုံးတွေ ငါ့လက်ထဲ ရောက်လာတော့မယ်..."
ရှန်းလျိုရှန့်က တည်ငြိမ်အေးဆေးနေပုံရသော်လည်း အမှန်တွင် ပျာယာခတ်စပြုလာသည်။ သူ့အကြည့်က အကြီးအကဲများ၏ခုံရှိရာသို့ ရောက်သွားသည်။
ထင်တဲ့အတိုင်းပဲ စုပိုင်ချယ့်က ဒီတိုင်းရပ်ကြည့်မနေနိုင်တော့ဘူး...
ကျိုးရွှမ်လန် ရှုံးတော့မည်ဟု အားလုံးယုံကြည်နေချိန်တွင် နူညံ့ပိန်ပါးသော ပုံရိပ်တစ်ခုက မတ်တပ်ရပ်လာပြီး လှမ်းအော်လိုက်သည်။
" ကျိုးရွှမ်လန် မင်းနိုင်မယ်လို့ ငါယုံတယ်..."
လူအုပ်ကြီးက အုတ်အော်သောင်းနင်းဖြစ်သွားခဲ့သည်။
အကြီးအကဲစုက အားလုံးကိုကြင်နာစွာဆက်ဆံသော်လည်း ဤမျှပြင်းထန်သော စိတ်ခံစားချက် အတက်အကျမျိုးကို မပြသခဲ့ဖူးပေ။ တပည့်တစ်ယောက်ကို လူများစွာရှိနေသည့်အချိန်၌ အော်ဟစ်အားပေးသည်မှာ မမျှော်လင့်ထားသည့်အရာမျိုး ဖြစ်နေသည်။
ကျိုးရွှမ်လန်နဲ့ အကြီးအကဲစုတို့ကြားက ဆက်ဆံရေးက ဘယ်လိုမျိုးပါလိမ့်... သူက ဘာကိစ္စနဲ့ ဒီလောက်တောင် မျက်နှာသာပေးခံနေရတာလဲ...
လူပေါင်းမြောက်များစွာ၏ခေါင်းထဲတွင် မေးခွန်းများ ဝင်ရောက်လာသည်။
ကျိုးရွှမ်လန်သည်လည်း အများနည်းတူ ဇဝေဇဝါဖြစ်သွားရသည်။  ထိုစကားများကြားသည့်အခါ မနည်းမတ်မတ်ရပ်နေရသည့် သူ့ခန္ဓာကိုယ်က မြေပြင်ပေါ် တစ်ဖန်ပြန်လဲကျသွားသည်။
မရဘူး... မလုပ်နိုင်တော့ဘူးထင်တယ်...
တကယ်လို့ သူအခု ထရပ်လိုက်မယ်ဆိုရင် အကြီးအကဲစုကြောင့် သူ အားတက်သွားသလိုမျိုး ဖြစ်သွားလိမ့်မယ်... ရှစ်စွမ်းအထင်လွဲသွားရင် ဘယ်လ်ုလုပ်မလဲ...
ရှန်းလျိုရှန့် ယမန်နေ့ညကပြောခဲ့သည့် " အကြီးအကဲစုက ပြိုင်ပွဲကို အားပေးနေမှာပဲဆိုတော့ မင်း သေချာပေါက်..." ဟူသည့်စကားများကို ပြန်တွေးမိသည့်အခါကျိုးရွှမ်လန်၏ ရင်ထဲတွင် အေးစက်လာသည်။
ရှစ်စွမ်းက သူ့ကိုအကြီးအကဲစုနဲ့ အထင်လွဲလို့ ဒီလိုစကားမျိုးတွေ ပြောထွက်လာတာဖြစ်မယ်...
ပြီးတော့ အကြီးအကဲစု အော်လိုက်တဲ့ပုံစံကလည်း ဒွိဟဖြစ်စရာမျိုးကြီး ဖြစ်နေတယ်... ရှစ်စွမ်း အခြေအနေကို ဒီထက်ပိုပြီး အထင်လွဲသွားလို့ မဖြစ်ဘူး...ပထမနေရာကို ရဖို့ကလည်း အရေးကြီးတယ်ဆိုပေမယ့်ဘ ရှစ်စွမ်းအထင်လွဲသွားမှာနဲ့ ယှဥ်လိုက်ရင်‌တော့ အရေးမကြီးတော့ပါဘူး...
ကျိုးရွှမ်လန် ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ သူ မျက်လုံးများမှိတ်ကာ သတိမေ့ဟန်ဆောင်ပြီး မြေပြင်တွင် မလှုပ်မယှက် အိပ်နေလိုက်တော့သည်။
" ဟမ်..."
ရှန်းလျိုရှန့်၏ အပြုံးများ အေးခဲတောင့်တင်းသွားရသည်။ သူ တောင့်တောင့်ကြီးဖြင့် မျက်တောင်ခတ်လိုက်ပြီး သူ့မျက်နှာထက်မှ ယုံကြည်ချက်ရှိနေသော အမူအရာကလည်း တဖြည်းဖြည်းပျောက်ဆုံးသွားသည်။
သူ့ရဲ့အချစ်ကလေး စုပိုင်ချယ့်ရဲ့ အားပေးသံကို မကြားတာများလား... ဘာလို့ လဲကျသွားရတာလဲ... သူ့ရဲ့ ဖုံးကွယ်ထားတဲ့ အရည်အချင်းတွေကို ထုတ်ပြရမှာမလား...
ထ‌လာတော့လေ...
ကွင်းအပြင်တွင်ရပ်နေသည့် လင်ယွဲ့က နံပါတ်များကို စတင်ရေတွက်နေသည်။
" တစ်ဆယ် ကိုး ရှစ်..."
မဖြစ်သေးပါဘူး... ငါ ဒီပွဲမှာ ဝိညာဉ်ကျောက်တုံးတစ်သောင်းတောင် လောင်းထားတာ...
ရှန်းလျိုရှန့် ဘာကိုမှ မတွေးတောနိုင်တော့ပေ။ သူ့ပုံရိပ်က ကွင်းပြင်အလယ်တွင် ရုတ်ချည်းပေါ်လာပြီး ကျိုးရွှမ်လန်ကို ပွေ့ဖက်ထားကာ သူ့ပခုံးများကို လှုပ်ခါနေသည်။
" ထပါဦး... အကြီးအကဲစုက မင်းကို ယုံကြည်ထားတာလေ... ကျိုးရွှမ်လန် အကြီးအကဲစု ခေါ်နေတာကို မင်းမကြားဘူးလား..."
ကျိုးရွှမ်လန်၏မျက်လုံးများ အနည်းငယ်လှုပ်လာသည်။ သူ့ရှစ်စွမ်းရောက်လာသည်ကို အာရုံခံမိသောအခါ မျက်လုံးဖွင့်ကြည့်ရန် ပြင်လိုက်သော်လည်း " အကြီးအကဲစု" ဟူသည့်နာမည်ကိုကြားသည်နှင့် မျက်လုံးကို တင်းတင်းပိတ်ထားလိုက်တော့သည်။
ရှစ်စွမ်းက တကယ်ကြီး အထင်လွဲနေတာပဲ... သူ့ရဲ့ရိုးသားဖြူစင်မှုကိုပြဖို့ သတိမေ့ချင်ယောင်ဆောင်နေရမယ်...
လင်ယွဲ့ :  " ခြောက် ငါး..."
ပြိုင်ကွင်းထဲတွင် သူ့တပည့်လေးကို ဖက်ထားပြီး အသံကုန်အော်ဟစ်နေသည့် အင်မော်တယ်ရှန်းကိုကြည့်ကာ အားလုံး မျက်ရည်ဝဲလာကြသည်။
ဘယ်သူ ဝမ်းမနည်းပဲနေမှာလဲ... ဆရာတပည့်ကြားက။ သံယောဇဉ်က ကြီးမားနက်ရှိုင်းလိုက်တာ...
လင်ယွဲ့ : " နှစ်... တစ်... အနိုင်ရတဲ့သူက လင်မူရှန်းပါ..."
ခွက်...
ရှန်းလျိုရှန့်၏နှလုံးသားလေး အပိုင်းပိုင်းအစစ ကွဲကြေသွားတော့သည်။
🌸 ဘာသာမပြန်ခင် ဒီနေရာကို Engလို အကြမ်းဖတ်ကြည့်တုန်းက ဝမ်းနည်းရမယ်ထင်နေတာ ရေးနေရင်းနဲ့မှ အူတက်နေရတယ် 🤣
" ငါ အဲ့နေရာမှာသေတော့မလို့ နည်းနည်းပဲလိုတယ်..."
ရှန်းလျိုရှန့်က မက်မွန်ပင်ကြီးကိုမှီနေပြီး သူ၏ သွယ်လျသောလက်ချောင်းများက ဝိုင်ကရားကိုပိုက်ထားကာ မျက်ရည်များဝဲနေသည်။ သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး အလွန်အမင်း အသည်းကွဲနေပုံပေါ်သည်။
သူ မျက်ရည်များကျသည်အထိ ငိုယိုချင်စိတ်ပေါက်လာသည်။
" အမ်..."
လင်ဟွားက သူအဘယ်ကြောင့် ဝမ်းနည်းနေရသည်ကို နားမလည်သည့်ပုံဖြင့် ခဏစဉ်းစားနေလိုက်သည်။
" ကျိုးရွှမ်လန်ကို တိုက်ပွဲမှာကြည့်ရ‌သလောက်တော့ သူ့ပုံစံက တည်ငြိမ်ပြီး အလွယ်တကူ ယုံကြည်ချက်ပျက်ပြားသွားမယ့်ပုံ မဟုတ်ပါဘူး... မင်း စိတ်အေးလက်အေး နေလို့ရပါတယ်..."
" ငါ့ကို သူ့အကြောင်းလာမပြောနဲ့..."
ရှန်းလျိုရှန့် ဝိုင်တစ်ငုံသောက်လိုက်သည့်အခါ သူ့ပါးပြင်က ဝိုင်ကြောင့်လော ဒေါသကြောင့်လောမသိ နီမြန်းလာသည်။
သူ ခေါင်းငုံ့ပြီး စကားပြောနေစဉ်တွင် ငိုရှိုက်သံများ ပါဝင်လာလု ဖြစ်လာသည်။
" ငါ့အတွင်းဝတ်တွေတောင် ကုန်တော့မယ်ထင်တယ်..."
ငါ့မှာရှိသင့်ရှိထိုက်တဲ့ပစ္စည်းတွေ ဘယ်ရောက်ကုန်ပြီလဲ...
ယမန်နေ့မတိုင်မီတစ်ရက်က ဈေးကြီးသောဝတ်ရုံနှင့် ဖိနပ်များစွာ ဝတ်ခဲ့သည့်သူက ယခုအခါတွင် ငွေတစ်ပြားမှမရှိသော အခြေ‌အနေသို့ ရောက်ရှိသွားသည်။
ရှန်းလျိုရှန့် ငိုချင်သော်လည်း မျက်ရည်မထွက်လာခဲ့ပေ။ သူ အရက်မူးအောင်သောက်ပစ်ပြီး အားလုံးကို မေ့ပစ်ချင်စိတ်သာ ရှိနေသည်။ သူ သစ်ပင်အောက်ကို ငုံ့ကြည့်လိုက်သည့်အခါ လူငယ်လေးတစ်ယောက်က သူ့ကို စိုးရိမ်နေသည့် အမူအရာဖြင့် လှမ်းကြည့်နေသည်ကို မြင်လိုက်ရသည်။
" ရှစ်စွမ်း..."
ရှန်းလျိုရှန့် သွေးများဆူပွက်လာသည်။ ကျိုးရွှမ်လန်က အပြစ်ကင်းသူဖြစ်ကြောင်း သိသော်လည်းသူ့ ဝိညာဉ်ကျောက်တုံးများ ဆုံးရှုံးသွားရသည့်အတွက် ရိုက်နှက်ပစ်ချင်စိတ်များ ဖြစ်နေသေးသည်။
သူ ခဏတာ တောင့်ခွနေပြီးသည့်နောက်တွင် တစ်နေရာသို့ အမြန်ပျံထွက်သွားလိုက်သည်။
သစ်ပင်အောက်တွင်ကျန်ခဲ့သည့် ကျိုးရွှမ်လန်က ရှန်းလျိုရှန့်ထွက်သွားသည့်နေရာကိုလှမ်းကြည့်ပြီး သူ့မျက်နှာထက်တွင် စိတ်ရှုပ်ထွေးမှုနှင့် အပြစ်ကင်းစင်မှုတို့ ရှိနေသည်။
လမင်းကြီးက သစ်ကိုင်းများထက်အထိ ရောက်လာသည်။
ရှန်းလျိုရှန့်က ဝိုင်တစ်ကရားကိုကိုင်ထားပြီး ဟွာထျန်းတောင်ထွတ်မှ တဖြည်းဖြည်းချင်း ဆင်းလာသည်။တောင်နံဘေးမှ မက်မွန်သစ်တောကို ဖြတ်ကျော်လာစဉ်တွင် လူတစ်ယောက်ကိုမြင်သောကြောင့် ထိတ်လန့်သွားရသည်။
သူ့ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ မူးဝေနေခြင်းအချို့ကို ပျောက်ကွယ်အောင် လုပ်ထားသော်လည်း သူ့စိတ်ထဲ မူးနောက်နောက်ဖြစ်နေဆဲဖြစ်သည်။ သို့ရာတွင် ထိတ်လန့်မှုကြောင့် သူလုံးဝ အမူးပြေသွားသည်။
လူငယ်လေးတစ်ယောက်က အရိပ်ထဲမှ ထွက်လာသည်။ သူ ထိုနေရာတွင် စောင့်နေသည်မှာ မည်မျှကြာသည်ကို ရှန်းလျိုရှန့် မသိသော်လည်း သူ့ခေါင်းထက်တွင် မက်မွန်ပွင့်ဖတ်များဖြင့် ပြည့်နေသည်။ ပြိုင်ပွဲအတွင်း ဒဏ်ရာရခဲ့သောကြောင့် သူ့မျက်နှာကလည်း အနည်းငယ်ဖြူဖျော့နေသည်။
ရှန်းလျိုရှန့်ကိုမြင်သည့်အခါ သူ့၏ အနက်ရောင်မျက်ဝန်းများ တောက်ပသွားပြီး သွေးဆုတ်ဖြူရော်နေသည့်နှုတ်ခမ်းများ လှုပ်ရှားလာသည်။
" ရှစ်စွမ်း..."
ရှန်းလျိုရှန့်က ထိုမြင်ကွင်းကြောင့် လန့်သွားမိသည်။ သူ့တပည့်လေးက အလွန်လိမ္မာလွန်းသောကြောင့် ဒေါသကို သူ့အပေါ် မပုံချနိုင်ဖြစ်မိသွား၍ သူ့ကိုယ်သူ စိတ်ထဲတွင် ဆဲရေးလိုက်သည်။
ကျိုးရွှမ်လန်က သူ့ကိုလာတွဲပြီး အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
" ကျွန်တော် လင်မူရှန်းကိုရှုံးသွားလို့ ရှစ်စွမ်း စိတ်ဆိုးနေတာလား... ကျွန်တော် ရှစ်စွမ်းကို စိတ်ပျက်စေမိပြီ..."
တစ်နေကုန် ဒေါသပေါက်ကွဲနေပြီးသည့်နောက်တွင် ရှန်းလျိုရှန့်၏ ဒေါသများက ပျောက်ကွယ်လုနီးနီး ဖြစ်သွားသည်။ ကျိုးရွှမ်လန်၏စကားများကိုကြားသည့်အခါ ဇာမဏီမျက်တောင်များကို မှေးကျဉ်းလိုက်ပြီး လေသံအေးအေးဖြင့် ပြောလိုက်သည်။
" ငါ မင်းကို အပြစ်မတင်ပါဘူး မင်းလည်း ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့..."
ကျိုးရွှမ်လန် စိတ်ဓာတ်ကျနေသည်ကို မြင်သောအခါ ရှန်းလျိုရှန့်က သူ့တပည့်လေး၏ခေါင်းကို ပုတ်ပေးလိုက်သည်။ သူ့တပည့်လေးက သူနှင့် အရပ်ချင်းတူတူနီးပါးဖြစ်လာသည်အထိ အရပ်ရှည်လာပေသည်။
သူ့စိတ်ထဲတွင် ဆရာတစ်ယောက်၏ ဝမ်းသာပျော်ရွှင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။
ရှန်းလျိုရှန့်က စိတ်ကျေနပ်သွားပြီဖြစ်၍ သူ့ကို အားပေးစကားပြောလိုက်သည်။
" ပြိုင်ပွဲမှာ အနိုင်အရှုံးရှိတယ်ဆိုတာ ပုံမှန်ပါပဲ... မင်း အလေးအနက်ကြီး တွေးနေစရာ မလိုပါဘူး... ပြီးတော့ လင်မူရှန်းကလည်း လူငယ်မျိုးဆက်ထဲက ထူးချွန်တဲ့လူတစ်ယောက်ပဲလေ..."
ကျိုးရွှမ်လန် ငြိမ်သက်နေဆဲဖြစ်သည်။ သူတို့ မက်မွန်တောမှ ဖြတ်သွားပြီး ဟွာထျန်းတောင်ထွတ်မှ မထွက်ခွာမီအချိန်တွင် ကျိုးရွှမ်လန်က ရှန်းလျိုရှန့်၏လက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" တကယ်တော့ ကျွန်တော် လင်မူရှန်းကို အနိုင်ယူနိုင်ခဲ့ပါတယ် ရှစ်စွမ်း... ကျွန်တော့်အဆင့်က သူ့ထက်မနိမ့်ပါဘူး..."
ဟမ်...
ရှန်းလျိုရှန့် သွားနေသည်ကိုရပ်လိုက်ပြီး မျက်လုံးအနည်းငယ်ပြူးကျယ်သွားမိသည်။
" ငါ့ကို ထပ်ပြောလိုက်စမ်း..."
.......
ချင်းလင်ဂိုဏ်းက ကျယ်ပြန့်လှသည့် တောင်တန်းများကြားထဲတွင်တည်ရှိပြီး ဘေးပတ်ပတ်လည်တွင် သေမျိုးလူသားတို့၏မြို့များ အပိုင်းပိုင်းအစစ ပျံ့နှံ့နေသည်။
ဝမ်ရွှေမြို့ကလည်း ထိုမြို့များအနက်မှ တစ်မြို့အပါအဝင်ဖြစ်ပြီး အင်မော်တယ်ဂိုဏ်း၏ ကာကွယ်မှုအောက်တွင် ရှိနေခဲ့သည်မှာ နှစ်တစ်ရာခန့်ရှိပြီဖြစ်သည်။ နာမည်ကျော်ကြားပြီး စည်ကားသိုက်မြိုက်သည့်မြို့ဖြစ်သောကြောင့် ၎င်း၏ကြွယ်ဝမှုက အခြားသောမြို့များနှင့် နှိုင်းယှဉ်၍ ရပေသည်။
နေ့လယ်ခင်းအချိန်တွင် စားသောက်ဆိုင်ထဲ၌ ခုံအလွတ်တစ်ခုမှမရှိအောင် လူပြည့်နေသည်။
အခန်း၏အလယ်တွင် ပုံပြင်ပြောသူတစ်ယောက်က သစ်သားပြားတစ်ချပ်ကိုရိုက်ပြီး လက်ရှိ ချင်းလင်ဂိုဏ်း၏တပည့်များ ပြိုင်ပွဲအကြောင်းကို ပြန်လည်ပြောပြနေသည်။
" အကြီးအကဲစုဆီက ညင်သာတဲ့အားပေးသံ ထွက်လာပြီးတော့ ဂိုဏ်းထဲက အထူးချွန်ဆုံးတပည့်နှစ်ယောက်က စင်မြင့်ပေါ်မှာ ရပ်နေကြတယ်... တစ်ယောက်က ဆရာဖြစ်သူရဲ့ သင်ကြားပေးမှုအောက်မှာ အဆုံးမဲ့တဲ့စွမ်းအားကို ရရှိထားတယ်၊ နောက်တစ်ယောက်ကတော့ ဒေါသမီးတွေ လောင်ကျွမ်းနေပြီး ဘယ်သူကမှ သူ့ကို မဟန့်တားနိုင်တော့ဘူး... အစောပိုင်းတုန်းကတော့ သူတို့တွေက ထိပ်ဆုံးနေရာအတွက် ပြိုင်နေခဲ့ကြတယ်ဆိုပေမယ့် အခုကတော့ အကြီးအကဲစုအတွက် ယှဉ်ပြိုင်နေတာဖြစ်သွားပြီ... တစ်ခဏတွင်းချင်းမှာပဲ သူတို့နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် မကျေမချမ်းနိုင်တဲ့ ဒေါသတွေ၊ အမုန်းတရားတွေ ဖြစ်တည်လာပြီး စင်မြင့်ပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် အပြင်းအထန် တိုက်ခိုက်ကြတော့တာပဲ..."
ပုံပြောသူက ခဏရပ်လိုက်ပြီး လက်ဖက်ရည်ကြမ်းတစ်ခွက်သောက်လိုက်ချိန်တွင် ဒါဇင်နှင့်ချီသော ဝိညာဉ်ကျောက်တုံးများစွာက ဒုတိယထပ်ရှိ သီးသန့်ခန်းတစ်ခုမှနေ၍ သူ့ခြေထောက်နားသို့ ကျဆင်းလာသည်။
ပုံပြောသူက အလွန် အားရဝမ်းသာဖြစ်သွားပြီး လက်ဖက်ရည်ကြမ်းခွက်ကို အမြန်ချလိုက်သည်။
" အင်မော်တယ်အရှင်ရဲ့ ဆုလာဘ်တွေအတွက် ကျေးဇူးတင်ပါတယ်..."
သူက ပုံပြင်ဆက်ပြောနေသည်။
" ဆရာ ဒီမှာ ပုံတူကားချပ်တွေ ယူလာပါပြီ..."
လျိုရှန်းယွင်က ဦးညွှတ်လိုက်ပြီး စာလိပ်ပေါင်းများစွာကို ပေးလိုက်သည်။
" ဆရာ " ဟု အခေါ်ခံလိုက်ရသည့်လူက ခရမ်း‌ရင့်ရောင်ဝတ်ရုံနှင့် ခက်ထန်သော အမူအရာရှိသူတစ်ယောက်ဖြစ်သည်။ သူ၏ညာဘက်မျက်လုံးတွင် သွေးကဲ့သို့ ရဲရဲတောက်နေသည့် အမာရွတ်ကြီးတစ်ခု ထင်ထင်ရှားရှားရှိနေသည်။ ထိုအမာရွတ်က မီးတောက်များဖြင့် လောင်ကျွမ်းနေဟန်နှင့်တူ၍ သူ့ကို ကြမ်းတမ်းခက်ထန်သည့်အော်ရာမျိုး ပေးစွမ်းနေသည်။
သူက ကျစ်လျစ်သွယ်လျသော လက်ချောင်းများဖြင့် စာလိပ်တစ်ခုကို ယူလိုက်သည်။
စာလိပ်ကို သူ ဖြန့်ကြည့်လိုက်သည်။
ပန်းချီကားချပ်ထဲတွင် နှင်းတမျှဖြူဖွေးလှသည့် ဝတ်ရုံနှင့် ကျင့်ကြံသူတစ်ယောက်က ရေကန်နံဘေးတွင် ထိုင်နေပြီး နှုတ်ခမ်းထက်တွင်လည်း အပြုံးလေးတစ်ပွင့် ဆင်မြန်းထားသောကြောင့် အပြစ်အနာအဆာကင်းမဲ့ပြီး လှပသည့်သွင်ပြင်ကိုဆောင်နေသည်။
ထိုလူ၏ အသားမာတက်နေသည့် လက်ချောင်းများက ပန်းချီကားထဲမှ လူ၏မျက်နှာကို ညင်သာစွာ ထိတွေ့လိုက်သည်။ ရန်လိုရက်စက်မှုများဖြင့် ပြည့်နေခဲ့သော သူ့မျက်နှာက ယခုအခါတွင် အဆုံးမဲ့ နူးညံ့ညင်သာမှုများဖြင့် ပြည့်နေသည်မှာ ရှားပါးရတနာတစ်ခုကို ကြည့်ရှုနေသည့်သဖွယ်ပင်။
" ဆရာ့ညီလေးနဲ့ တစ်ပုံစံတည်းတူတာပဲ..."
လျိုရှန်းယွင်က တွေးတွေးဆဆဖြင့်ပြောလိုက်သည်။
" ကျွန်တော် ချင်းလင်ဂိုဏ်းကိုသွားပြီး သူ့ကိုခေါ်လိုက်ရမလား..."
ခန်းမဆောင်ထဲ လေပြင်းတစ်ချက်ဝှေ့သွား၍ သူ့ဝတ်ရုံက လေနှင့်အတူလွင့်သွားသည်။ သီးသန့်ခန်းထဲမှ ဩရှရှ အသံတစ်သံ ထွက်လာသည်။
" ငါကိုယ်တိုင် သူ့ကိုသွားခေါ်လိုက်မယ်..."
.....
ညအချိန် ကြွယ်ချွန်းမြစ်တစ်လျှောက်တွင် ‌ဓားသံ တချွင်ချွင်များက အဆက်မပြတ် ထွက်ပေါ်နေသည်။ လင်ကျင်းယဲ့က အရိပ်ထဲတွင် ပုန်းနေပြီး လင်မူရှန်းကို စူးစူးရှရှဖြင့် ကြည့်လိုက်သည်။
" သူ မအိပ်တာ သုံးရက်တောင်ရှိပြီနော်...  မင်း အညှာအတာကင်းကင်းနဲ့ သူ့ကိုတိုက်လိုက်မိလို့ သူလည်း အပြင်းအထန် လေ့ကျင့်နေတာများလား..."
လင်မူရှန်းက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။
" ငါသာ ခွန်အားကို ထိန်းထားခဲ့မယ်ဆိုရင် နိုင်ဖို့အခွင့်အရေးကို ရခဲ့မှာ မဟုတ်ဘူး... ‌ဒါပေမဲ့ ကြည့်ရတာ သူလည်း စိတ်ထိန်းထားခဲ့တာထင်တယ်..."
လင်ကျင်းယဲ့ တအံ့တဩဖြင့်မေးလိုက်သည်။
" သူ မင်းကို တမင်တကာအရှုံးပေးလိုက်တာလား... ဘာလို့လဲ..."
" ငါလည်း မသိဘူး..."
လင်မူရှန်း ပခုံးတွန့်ပြလိုက်သည်။
" ရှစ်ရှု့နဲ့တော့ တစ်ခုခုဆိုင်နေမယ်ထင်တယ်... မနေ့တုန်းက ငါ့ရှစ်စွမ်းက ရှစ်ရှု့ကို ဆုပေးပွဲအတွက် ပြင်ဆင်ခိုင်းတော့ သူ ငြင်းလိုက်တယ်..."
( သူတို့နှစ်ယောက်က အမှောင်ထဲမှာ ပုန်းပြီးတော့ ကျိုးရွှမ်လန်ကို ချောင်းကြည့်နေကြတာပါ )
နှစ်စဉ်နှစ်တိုင်း တပည့်များ၏ပြိုင်ပွဲပြီးဆုံးလျှင် ထိပ်ဆုံးသုံးယောက်ကို သူတို့၏ရှစ်စွမ်းများက လင်ရှောင်းခန်းမဆောင်တွင် ကိုယ်တိုင် ဆုပေးလေ့ရှိသည်။ အတိတ်တွင်မူ အင်မော်တယ်ရှန်းက သူ့တပည့်ကို လျစ်လျူရှု့ထားခဲ့သောကြောင့် လင်ယဲ့နှင့် လင်ဟွားက ကျိုးရွှမ်လန်ကို ကိုယ်စား ဆုပေးခဲ့ရသည်။ ထိုကိစ္စက ပုံမှန်ဟုသာ အားလုံးထင်နေကြပေသည်။
Continue Reading
You'll Also Like
1.7M 70K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1M 11K 101
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
2.4M 303K 63
Oh my god!!!!
1.1M 58.2K 48