သခင့်ခြေတော်ရင်း [Completed]

By Ennia_Yawn

141K 5.4K 1.5K

Title - သခင့်ခြေတော်ရင်း (သခင့္ေျခေတာ္ရင္း) Type - Own Creation, Myanmar BL, Mpreg မင်းရဲ့ခန္ဓာကိုယ... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Final
Extra (1)
Extra (2)

Chapter 14

3.4K 151 57
By Ennia_Yawn

ပုဂံမြို့၏ လမ်းမကျယ်ကြီးပေါ်၌ ရိပ် မောင်းနှင်နေသည့်ကားက မြားတစ်စင်းကဲ့သို့ တရှိန်ထိုး မောင်းနှင်နေလျက်ရှိသည်။

သာမန်ထက် အရှိန်များလွန်း‌ကာ မောင်းနေခဲ့သော ရိပ်ကို တေဇတစ်ယောက် လက်ပိုက်ပြီးသာ နောက်က ထိုင်ကြည့်လျက်ရှိ၏။ ထိုကဲ့သို့ ကြည့်မိနေရင်းနဲ့မှ သူ ဒီကလေးကို ဘယ်လောက်တောင် လွမ်းနေခဲ့ရလဲ အံ့ဩစွာ သတိထားလိုက်မိသည်။

ခုနကထက် အရှိန်ပိုမြှင့်ပြီး မောင်းနှင်နေချိန်၌ တေဇ ထပြောလိုက်မိတော့၏။

"တော်ရုံမောင်းစမ်း၊ ငါ ကားမှောက်မသေချင်သေးဘူး၊ ငါ ထွက်ပြေးနေတာလည်း မဟုတ်တာကို ဘာလို့အဲ့လောက်အသည်းအသန် မောင်းနေတာလဲ၊ အရှိန်ပြန်လျှော့ပေး"

ထိုကောင်လေး ကားအရှိန်အနည်းငယ် လျှော့လိုက်မှ တေဇ စိတ်အေးသွားသည်။ ထိုမျှလောက် အရှိန်ကြီးနှင့် မတော်တဆ တစ်ခုခုဖြစ်လာလျှင် အထိအခိုက် အများနိုင်ဆုံးသူက ကားမောင်းသူ ဖြစ်သည်။ သူ ရိပ် တစ်ခုခုဖြစ်သွားမှာကို မလိုချင်သေးပါပေ။ သူ ဒီကလေးကို နှိပ်စက်ရဦးမှာ ဖြစ်၏။

ဘေးဘီဝဲယာနှင့် ရိပ်ကို လိုက်ကြည့်‌နေရင်း တေဇ နေရထိုင်ရခက်လာပြန်၏။

"ကားခဏရပ်ပေးဦး၊ ငါ အိမ်သာတက်ချင်လို့"

ရိပ် ကားကို အရှိန်မနည်းမများဖြင့် မောင်းနေရင်း တစ်လမ်းလုံး သူ သတိအနေအထားဖြင့် ရှိနေရတာမို့ အသက်တောင် ရှူဖို့ မေ့ချင်ချင်။ သူ့ကိုယ်သူ အတော်ဆုံး ထင်ခဲ့ဖူးသော်လည်း ဒီကောင်က သူ့ထက် ပိုတော်နေတာကို ရိပ် သေချာသိခဲ့ရပြီးပြီမို့ ဒီကောင် ဉာဏ်များပြီး သူ့လက်ထဲက လွတ်သွားမှာ စိုးရိမ်သည်။ ဒီကောင် သူ့ကို တစ်ခုခု ရန်ပြုလာမှာကိုလည်း သတိထားနေရသည်။

"ဟေ့၊ ကားခဏရပ်ပေး၊ ငါ ရှူးပေါက်ချင်နေတာ မအောင့်နိုင်တော့ဘူး၊ ငါ ဒီကားပေါ်မှာပဲ ပေါက်ချလိုက်ရမှာလား"

"မင်း ဉာဏ်များမနေနဲ့၊ ငါ သွားမယ့်နေရာရောက်မှ ပေါက်"

တေဇ သူ့ခြေနှစ်ချောင်းကို ချိတ်ထားလိုက်ရကာ ပေါင်ကို တင်းတင်းစေ့ထားနေရသည်။ မင်္ဂလာပွဲအတွက် ပြင်ဆင်ခြယ်သမှုများ စတင်ပြုလုပ်နေကတည်းက သူ အပေါ့သွားချင်ချင်ဖြစ်နေသော်လည်း ဘာမှကို လုပ်ချင်ကိုင်ချင်စိတ် ရှိမနေတာမို့ အရုပ်ကြိုးပြတ်သာ ထိုင်အပြင်ခံနေခဲ့မိ၏။ အခုတော့ ထိုကောင်လေးက ကားကို လူးနေအောင် မောင်းနေတာမို့ ကားဆောင့်သည့် အရှိန်ကြောင့်ရော၊ အဲကွန်းအအေးကြောင့်ပါ သူ မအောင့်ထားနိုင်တော့ပေ။

"Please Please. .ငါ တကယ် မရတော့ဘူး၊ ရပ်ပေးပါ"

ရိပ် နောက်ကိုလှည့်ကြည့်လိုက်သည်။ တေဇ၏ မျက်နှာအမူအရာကြောင့် တွေးဆဆဖြစ်သွားရပြီး ရပ်ရမလား၊ ဆက်မောင်းရမလား တိုင်ပတ်နေရသည်။

"နည်းနည်းတော့ အောင့်ထားလိုက်ဦး၊ မရပ်ပေးနိုင်ဘူး"

"ကိုကို တကယ် မရတော့လို့ပါ ကလေးရာ"

ရိပ်တစ်ယောက် ကားမောင်းနေရင်းမှ ကြက်သီးများ တဖြန်းဖြန်းထသွားမိ၏။ ထိုကောင် သူ့ကိုယ်သူ ကိုကိုဟု နာမ်စားသုံးလာချိန်၌ ရိပ်တစ်ယောက် သူ့နှလုံးပင် ဒုတ်ခနဲ တစ်ချက်ခုန်မိသွားသည်။

"ထွက်ပြေးရင်တော့ ငါ မင်းကို လုပ်မှာနော်၊ ရှေ့ကျရင် ရပ်ပေးမယ်၊ ခဏစောင့်"

တေဇ လှစ်ခနဲ ပြုံးလိုက်မိ၏။ ဒီကောင်လေးကို သူ ဘယ်လိုကိုင်တွယ်ရမလဲ သိလိုက်ပြီဖြစ်၏။

အများသုံးသန့်စင်ခန်းရှိနိုင်မည့် ဆိုင်တစ်ဆိုင်ရှေ့၌ ရိပ် သူ့ကားကို ရပ်လိုက်သည်။ ပြေးဆင်းသွားသည့် တေဇနောက်ကိုလည်း ထပ်ကြပ်မကွာ လိုက်ပါသွားရတာမို့ ထိုကောင် အပေါ့သွားနေရာ နေရာထိ သူ ရောက်လာခဲ့၏။

ကြွေခွက်ထဲသို့ မတ်တပ်ရပ် အပေါ့စွန့်နေသည့် တေဇအား ရိပ် မျက်တောင်မခတ် ကပ်ကြည့်နေရင်း ဒီကောင် တကယ်ဆီးသွားချင်နေတာပဲဆိုတာကို သူ မြင်လိုက်ရတော့သည်။

"ဘာလို့ ငါ့ဟာကို အဲ့လောက်လိုက်ကြည့်နေတာလဲ၊ ဟိုညက သေချာမမြင်လိုက်ရလို့လား"

တေဇ အပေါ့သွားနေရင်း သူ့နားကပ်ရပ်နေသည့် ရိပ်ပခုံးကို တစ်ချက်တိုက်လိုက်ပြီး စပ်ဖြီးဖြီးမေးလိုက်မိချိန် သူ့ကျော အုန်းခနဲ အထုခံလိုက်ရသည်။

"ပေါက်စရာရှိတာ မြန်မြန်ပေါက်၊ တစ်စက်မှ မကျန်စေနဲ့၊ လမ်းမှာ ထပ်မရပ်ပေးဘူး"

"ဟက်၊ အခု အဝကြည့်ထားနော်၊ ငါ့ညီလေးက မကြာခင် မင်းပါစပ်ထဲ ရောက်လာမှာ"

သန့်စင်ခန်းထဲ၌ သူတို့နှစ်ယောက်တည်းရှ်ိနေတာမဟုတ်သလို ထိုကောင်ကလည်း တိုးတိုးတိတ်တိတ် ပြောနေခြင်း မဟုတ်တာမို့ လက်ဆေးနေသည့် ကောင်လေးတစ်ယောက်ပင် သူတို့အား ကွက်ကြည့်ကွက်ကြည့်လုပ်လာသေး၏။ ရိပ်၏ မျက်နှာတစ်ခုလုံးလည်း ရဲတက်သွားခဲ့ကာ သူ ထိုကောင့်လက်မောင်းကို လိမ်ဆွဲလိုက်မိသည်။

"ဘယ်လိုဖြစ်လို့ မင်း အဲ့လောက်အရှက်မရှိတာလဲ၊ မင်းရဲ့အညစ်အကြေးစွန့်တဲ့နေရာကို ငါက ငုံစရာလား၊ ထွီ"

ရိပ် ထိုကောင် အပေါ့စွန့်နေရာ ကြွေခွက်ထဲသို့ တံတွေးထွေးထည့်လိုက်ကာ သန့်စင်ခန်းထဲက တခြားလူတွေကို မျက်နှာပူလွန်းလို့ သူ အပြင်ပဲ ထွက်စောင့်တော့သည်။ သူ ဆယ့်ရှစ်ယောက်စုကြည့်ရသည့် မဟုတ်ကဟုတ်က ဗီဒီယိုတွေကိုကြည့်ဖြစ်ရင်တောင် ထိုကဲ့သို့ အခန်းမျိုးပါလျှင် ရွံလွန်းလို့ ထိုနေရာကို ကျော်ကြည့်တတ်သူ ဖြစ်၏။

တေဇ ထွက်လာပြီမို့ ရိပ် ထိုကောင့်နောက်ကထပ်ကြပ်မကွာ ကပ်လိုက်နေရင်း ဒီကောင် ပြေးတာနဲ့ ဇက်ပိုးအုပ်ဖို့ ရယ်ဒီပြင်ထားသည်။ သို့ပေသိ ဒီကောင် ဘယ်အချိန် ပြေးဖို့အရှိန်ယူနေလဲတော့ မသိ၊ အခုထိတော့ သူခေါ်ရာနောက်သာ လိုက်နေသေးကာ ကားနားထိ အသာတကြည် ပြန်ပါလာသည်။

တေဇ သူ့နောက်က ကောင်လေးကို မသိမသာအကဲခတ်နေရာမှ ဆတ်ခနဲ သူ့ခန္ဓာကိုယ်ကို လှည့်လိုက်ကာ ရိပ်နှင့် မျက်နှာချင်းဆိုင်ရပ်လိုက်ရင်း-

"မင်းခြေထောက်က ဒဏ်ရာရထားတာလား"

ဂျာကင်အမည်းရောင်အိတ်ကပ်ထဲသို့ လက်နှစ်ဖက်ထည့်ထားသည့် ထိုကောင်လေး အနည်းငယ် မျက်လုံးဝိုင်းသွားကာ ခေါင်းခါပြလာချိန် တေဇ ရိပ်ရှေ့ ဖျတ်ခနဲ ဒူးတစ်ဖက်ထောက်ထိုင်လိုက်ရင်း ရိပ်၏ စတိုင်ပန်ဘောင်းဘီအား ဖျတ်ခနဲ ဆွဲ,မကြည့်လိုက်မိသည်။

ဘောင်းဘီ‌ရှည်အောက်၌ ပတ်တီးအဖွေးသားကို မြင်လိုက်ရချိန်၌ တေဇ၏ မျက်မှောင်များ ကြုတ်သွား၏။ ဒီကောင်လေး လမ်းသိပ်လျှောက်နိုင်ပုံမရဖြစ်နေသလိုပဲဟု သူ သန့်စင်ခန်းက ထွက်လာကတည်းက သတိထားမိသော်လည်း စိတ်ထင်နေတာဟုသာ ထင်ခဲ့သည်။

တေဇ မတ်တပ်ပြန်ရပ်လိုက်ရင်း-

"ငါ့အဖိုးပို့လိုက်တဲ့နေရာကနေ ရခဲ့တာလား"

ရိပ်ပင် တေဇ၏ အမေးကို အနည်းငယ် အူကြောင်ကြောင် ဖြစ်သွား၏။

သူ လမ်းသိပ်မလျှောက်နိုင်သေးသော်ငြား ဟန်မပျက် သတိထား လျှောက်နေခဲ့တာတောင်မှ ဒီကောင်က မျက်လုံးလျင်လွန်းတာကိုလည်း သူ သိလိုက်သည်။ သူ့အားနည်းချက်ကို သိသွားချိန်၌ ထိုကောင် ‌ပြေးတော့မလား သူ ပိုစိတ်ပူသွားသည်။

တေဇ သူ့အဖိုးနှင့်အ‌ဖေကို အနည်းငယ် စိတ်ဆိုးသွားသည်။ သူ့လူကို အခုလို ဒဏ်ရာရလာအောင်အထိ အန္တရာယ်များလွန်းသော နေရာကို ပို့ခဲ့တာအတွက် သူ မကျေမနပ်ဖြစ်သွားသည်။

ဆိုင်ရှေ့၌ ကြာကြာရပ်နေလျှင် သူတို့ကို တစ်ယောက်ယောက် သတိထားမိသွားနိုင်တာမို့ တေဇ စကားဆက်မရှည်တော့။

"ကားပေါ်တက်တော့၊ ငါ အိမ်ပြန်ချင်ပြီ"

သူ့ကို ခိုးပြေးလာတာအား ရိပ် မေ့သွားမှာစိုးလို့ တေဇ မသိမသာ သတိပြန်ပေးလိုက်ရသည်။ ထို့အတွက် သူ ချက်ချင်း ကားရှေ့ခန်းထဲ တွန်းထည့်ခံလိုက်ရကာ ထိုကောင်လေးပါ ကားပေါ်တက်လာပြီး ကားတစ်ကားလုံးလော့ချခံလိုက်ရ၏။

"ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်လိုက်ခဲ့တော့"

တေဇ တစ်လမ်းလုံး ငြိမ်ငြိမ်လေးသာ လိုက်ခဲ့မိတော့သည်။ သူ ရိပ်ကို အခုလို ကားအကြာကြီး မမောင်း‌‌စေချင်တော့တာမို့ သူတို့လိုရာခရီးကို အမြန်ရောက်ဖို့သာ သူ ပူးပေါင်းပါဝင်ပေးသည့်အနေဖြင့် ရိပ် စိတ်ရှုပ်အောင် စကားထပ်မများတော့။ သူ အခုချိန် ပွဲထဲ၌ ဗျာများနေကြတော့မည့် သူ့သတို့သားလောင်းနှင့် လူကြီးတွေကို စိတ်မပူမိဘဲ ရိပ် ခြေထောက်ကိုသာ စိတ်ပူနေမိသည့် သူ့ကိုယ်သူ အံ့ဩလျက်ရှိသည်။

နာရီဝက်ခန့် ကားမောင်းပြီးချိန်၌ ရိပ်၏ကားရပ်တန့်သွားသည်။ ရိပ် သူ့ဘေးက တံခါးကို ဆွဲဖွင့်လာပြီး ဆင်းလာဖို့ မျက်ရိပ်ပြသည်။

ဒီလူက အခုထိ လိမ်လိမ်မာမာရှိနေသေးပြီး ထွက်ပြေးဖို့ မကြိုးစားသေးတာမို့ ရိပ် ပိုလို့ပင် သတိထားရ၏။ သူ့သူငယ်ချင်းတစ်ယောက်ငှားပေးထားသည့် အိမ်အလွတ်ထဲသို့ ရိပ် တေဇအား ခေါ်လာခြင်းဖြစ်သည်။ ဒီနေရာက ပုဂံမြို့ထဲမှာပင် ချောင်ကျသည့် နေရာဖြစ်တာမို့ ချက်ချင်းမတွေ့နိုင်လောက်သော်လည်း ဒီကောင်တို့ ကြီးစိုးထားရာ နယ်မြေမို့ သူ အကြာကြီး ပုန်းနိုင်မှာမဟုတ်။ ရက်များစွာ ပုန်းခိုဖို့လည်း မရည်ရွယ်ပါပေ။ သူ ဒီကောင့်မင်္ဂလာပွဲပျက်သွားရင်ကို ကျေနပ်ပြီဖြစ်သည်။

တေဇ ရိပ်နှင့်အတူ အိမ်ထဲဝင်လာပြီး အဆင်သင့်‌ တွေ့လိုက်ရသည့် ကုတင်ပေါ် တက်ထိုင်လိုက်ကာ ရိပ် တံခါးတွေ အသည်းအသန်လိုက်ပိတ်နေတာအား မဲ့ပြုံးပြုံးကြည့်နေမိ၏။ ရိပ် သူ့နားသို့ အောင်နိုင်သူအပြုံးဖြင့် လျှောက်လာချိန်၌ တေဇ သူ့ဘေးကို လက်ပုတ်ပြလိုက်ရင်း ထိုင်ဖို့ မျက်စပစ်ပြလိုက်သော်လည်း ထိုကောင်လေးက မထိုင်။

ထို့ကြောင့် တေဇ ရိပ်၏ လက်ချောင်းများကို လှမ်းဖမ်းလိုက်ကာ အရှိန်ဖြင့် သူ့ဘေးဆွဲချလိုက်သည်။ ထို့နောက် နှစ်ပတ်ကျော်လောက် မတွေ့ခဲ့ရသည့် ရိပ်ကို သူ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်မိပြီး ရိပ်၏လည်တိုင်လေးကို တရှိုက်မတ်မတ် ဖိကပ်နမ်းလိုက်မိသည်။

ရိပ် သူ့ကို ပြန်တွန်းထုတ်လာချိန်၌ တေဇ ထိုကလေးကို ကုတင်ပေါ်သို့ လှဲချလိုက်ပြီး ဖိထားလိုက်ကာ အုပ်မိုးထားလိုက်ရင်း နှစ်ပတ်အတွင်း ပိန်ကျသွားသည့် ရိပ်၏ ပါးပြင်ထက်သို့ လက်ချောင်းများဖြင့် ထိတွေ့နေမိ၏။ ထို့နောက် လက်ကို အောက်ရွှေ့လိုက်ပြီး သူ ထိုကလေး၏ ခြေသလုံးကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်သည်။

"နာသေးလား၊ ဆေးရော သေချာကုခဲ့ရဲ့လား"

ရိပ်၏မျက်ဝန်းများ အနည်းငယ် စိုစွတ်လာခဲ့ပြီး သူ အခု ငိုမိတော့မည်ပင်။ သူ့အား ဒီနှစ်ပတ်လုံး နာသေးလားဟု မေးမည့်သူ တစ်ယောက်တောင် မရှိခဲ့၊ ဆေးသောက်ရန်အတွက်သာ စားခဲ့ရသည့် တစ်နေ့တစ်နပ်စာနှင့် ထိုအချိန်၌ သောက်ရသည့် ရေကသာလျှင် သူ စားသောက်ခဲ့ရသည့် အစားအစာ ဖြစ်သည်။

သူ့အပေါ် အုပ်မိုးထားသည့် အမျိုးသား၏လည်တိုင်ကို ရိပ် သူ့လက်နှစ်ဖက်ဖြင့် တွယ်ချိတ်လိုက်မိရင်း တေဇ၏ ဘယ်ဖက်ရင်အုံနားသို့ သူ့မျက်နှာအပ်လိုက်မိကာ-

"အများကြီးနာတယ်၊ စဖြစ်ကာစက ကျိုးသွားပြီလို့တောင် ထင်လိုက်တာ၊ အခုလည်း နာနေတုန်းပဲ၊ ကျွန်တော် အများကြီး ပင်ပန်းခဲ့ရတယ်သိလား၊ သူတို့တွေ မကောင်းဘူး၊ ထမင်းလည်း ကောင်းကောင်းမကျွေးကြဘူး"

သူ့အား ဆက်တိုက် ရင်ဖွင့်လာသည့် ရိပ်ကို တေဇ အလွန်အသည်းယားသွားခဲ့ကာ ကရုဏာလည်း အလွန်သက်သွားခဲ့မိသည်။ သူ့နှလုံးရှိရာနား၌ တိုးဝှေ့နေသည့် ရိပ်က သူ့အား နောင်ရိုးရိပ်အဖြစ် အစားထိုးနေမှန်းတော့ ရိပ်မိလိုက်တာမို့ တေဇ စိတ်မကြည်ဖြစ်သွား၏။ ထို့ကြောင့် ဒေါသထွက်လာကာ ရိပ်ကို အနိုင်မကျင့်ရတာလည်း ကြာပြီမို့ သူ့လက်များက ထိုကောင်လေး၏ ကြယ်သီးများပေါ်၌ ရစ်ဝဲလာခဲ့ပြီး ဖြုတ်ဖို့ပြင်လျက်ရှိသည်။

သို့ပေသိ သူ့လက်များက အားမရှိတော့သည့်အလား မလုပ်နိုင်။ သူ့စိတ်က ရိပ်ကို ထပ်ပြီး ဒဏ်ရာတွေပေးချင်နေသော်လည်း သူ့လက်က ထိုကောင်လေး၏ ဆံနွယ်များပေါ်သာ ရောက်သွားခဲ့ပြီး ခေါင်းလေးကို ပုတ်ပေးနေခဲ့မိသည်။

"အင်း၊ မင်း ပင်ပန်းသွားခဲ့တာပဲ၊ ‌ဒါဆို အခု အိပ်လိုက်ဦး၊ ကိုယ် မင်းအတွက် ညနေစာ လုပ်ထားပေးမယ်"

ရိပ် မျက်လုံးမမှိတ်ဘဲ တောင့်ခံထားသည်။ ဒီလူ ထွက်ပြေးဖို့ ကြံနေပြီဆိုတာလည်း သတိပြန်ကပ်သွားသည်။ သို့သော် ဒီလူ သူ့အား ကလေးလို လာချော့သိပ်နေချိန်၌ သူ ကိုကို့ကို လွမ်းလာသည့်စိတ်ကြောင့် မျက်လုံးခဏမှိတ်ထားလိုက်ရ၏။ သူ အိမ်ပေါ်က ဆင်းသွားရပြီးကတည်းက အခုလို နူးညံ့နွေးထွေးမှုမျိုးကို ကိုကို့ဆီက ရဖို့ပင် ခက်သွားခဲ့တာမို့ နှစ်များစွာကြာပြီးမှ သူ့ကို အခုလို ချော့သိပ်မည့်သူ ပေါ်လာတာကြောင့် သူ သတိထားနေရင်းမှနေ တဖြည်းဖြည်းချင်း မျက်လုံးတွေ မှေးစင်းကျလာခဲ့သည်။

အမြဲတမ်းထိုးအိပ်နေတတ်သည့် ရိပ်က အခုလည်း ခဏအတွင်း အိပ်ပျော်သွားခဲ့သည်။ တေဇ ရိပ်ပေါ်မှ ဖယ်လိုက်ပြီး ထိုကလေး၏ ခြေထောက်က ဒဏ်ရာကို သေချာစစ်ကြည့်လိုက်မိသည်။ သူ ဆရာဝန် မဟုတ်တာမို့ ဘာလုပ်ပေးရမလဲ မသိသော်ငြား သူဆိုသည်မှာ သူ့ရောဂါကြောင့် အမြဲနာကျင်ခံစားခဲ့ရသူမို့ နာရတဲ့ခံစားချက်ကြီးကို သူ မုန်းသည်။

တေဇ သူ့သတို့သားဝတ်စုံက ကုတ်ကို ချွတ်လိုက်ပြီး ရှပ်ကြယ်သီးများကို ဆွဲချွတ်လိုက်ရင်း မီးဖိုချောင်ထဲကို ဝင်ကြည့်လိုက်သည်။ အသင့်စား ဟင်းချက်စရာအထုပ်များကို တွေ့လိုက်တာမို့ သူ ရိပ် စားလို့ အဆင်ပြေနိုင်အောင် ပြင်ဆင်လျက်ရှိသည်။

မီးဖိုချောင်ဝင်စရာမလိုခဲ့သည့် သူက အိပ်ရာပေါ်က သခင်လေး စားလို့ရအောင် တစ်နာရီလောက် ကြိုးစားပြင်ထားခဲ့သော်လည်း ထိုသခင်လေးက အိပ်သွားပြီးလျှင် သူ့အပေါ် တက်လုပ်သွားလည်း မသိလောက်အောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့သည်။

ရေနွေးဇလုံနှင့် အဝတ်ကို ယူပြီးနောက် တေဇကုတင်နားသို့ ပြန်လျှောက်လာကာ ကုတင်ခြေရင်း၌ တက်ထိုင်လိုက်ရင်း ရိပ်၏ ခြေသလုံးတဝိုက်ကို ရေခပ်နွေးနွေးဖြင့် လိုက်‌ကပ်ပေးလျက်ရှိသည်။ 

"ဟက်၊ ခိုးပြေးချင်တဲ့သူက တော်တော့်ကိုမှ နိုးနိုးကြားကြား ရှိနေတာပဲ"

ကြည့်ရတာ အဖိုးပို့လိုက်သည့်နေရာ၌ ဒီကလေး တော်တော်ပင်ပန်းခဲ့ရရှာပုံပါပင်။

တေဇ ကုတင်ခြေရင်း၌ ခြေပစ်လက်ပစ် ထိုင်နေရင်း အခုချိန်လောက်ဆို နေဆက်ပိုင် သူ့ကို စိတ်ပူနေတော့မလား တွေးမိတော့လည်း သူ စိတ်မကောင်းမိ။

နေဆက်ပိုင်က သူ့ငယ်ဘဝကို တော်တော်လေး လွှမ်းမိုးနိုင်ခဲ့သော ကလေးဖြစ်သည်။ အခုတော့ စိတ်မကောင်းဖြစ်မိသည်ဆိုသော်ငြား သူ့စိတ်ကို မလွှမ်းမိုးနိုင်တော့ပုံပါပင်။

တေဇ ရိပ်ဘေး၌  တစောင်းလှဲချလိုက်ပြီး ရိပ်ကို ငေးကြည့်နေမိ၏။ သူ အခု ထပြန်လိုက်လျှင်ပင် ပွဲကို ဆက်လုပ်လို့ရနိုင်ဦးမှာကို သူ့ခြေထောက်တွေက ရိပ်နား၌သာ ခဲဆွဲထားသလို ငြိတွယ်နေသည်။

Flashback. . .

ရွှေနှင့်ယိုးမှား ပန်းစံကား

သိုးကလေ
ပုပ္ပားနတ်တောင်၊ အခေါင်မြင့်ဖျား
စုံတောပြား၌၊ နံ့ရှားကြိုင်လွင့်
ခါတန်ပွင့်သည်၊ ရွှေနှင့်ယိုးမှား
ပန်းစံကား။

သိုးကလေ
စကားပွင့်နှင့်၊ နှိုင်းတင့်နိုးသည်
ရဲမျိုးသမီး၊ မောင်ကြီးနှမ
ညက်လှပြာစင်၊ မယ့်သည်ပင်သည်
ခရီးသား။

ပုပ္ပားတောင်ကလပ်ပေါ်၌ တေဇဓိရာဇ် တစ်ယောက်တည်း ထိုင်နေရင်း သူ့ခပ်လှမ်းလှမ်း၌ စာအုပ်ကြည့်ပြီး ဖင်ကုန်းအော်နေသော ပေါက်စလေးကို ပြုံးကြည့်နေမိသည်။

ထိုအချိန်က သူ့အသက် 15 နှစ်၊ ထိုကလေးက အများဆုံးရှိမှ 10 နှစ်မကျော်တာ သေချာပါ၏။

ငယ်ငယ်ကတည်းက ရောဂါသည်လေးဖြစ်ခဲ့ရသည့် တေဇက အမြဲမှိုင်တွေနေတတ်ကာ ဘယ်သူ့ကိုမှလည်း စကားသိပ်မပြောတတ်ပေ။ သူ့ထံ၌ သူငယ်ချင်းဆိုလို့လည်း ယံ တစ်ယောက်သာ ရှိသည်။ သူ့နေရက်တိုင်းက သေမည့်နေ့ကို ထိုင်စောင့်နေခဲ့ရသလိုပင်။

တေဇ ထိုပေါက်စလေးအား လှမ်းမေးလိုက်သည်။

"မင်း ဘယ်နှစ်တန်းရှိပြီလဲ၊ ဆယ်တန်းစာကို ကျော်ကျက်နေတာလား"

ထိုအချိန်က တေဇက ဆယ်တန်းမို့ ထိုကလေး သူ့ဖတ်စာအုပ်ထဲက စာတွေကို ထိုင်ဆိုနေတာအား သူ သတိထားမိသွားတာဖြစ်သည်။

ပါးဖောင်းဖောင်းလေး၊ မျက်ဝန်းနက်နက်လေး၊ နှာတံပေါ်ပေါ်လေး၊ အသားဖြူဖြူလေးနှင့် ရုပ်သန့်သန့်လေးဖြစ်သည့် ထိုကလေး သူ့ကို လှည့်ကြည့်လာကာ စာအုပ်ကိုင်ပြီး သူ့နား ပြေးလာသည်။

"ကိုကိုရော ဘယ်နှစ်တန်းလဲ"

"ဆယ်တန်း"

ထိုပေါက်စလေး ဖျတ်ခနဲ သူ့ပေါင်ပေါ် တွယ်တက်လာပြီး အကျအန နေရာယူလာတာမို့ တေဇ အံ့ဩသွားသည်။ စံအိမ်က သခင်လေးမို့ သူ့နား ဘယ်သူမှ မကပ်ရဲဖူးပေ။ ထိုကလေးကတော့ သူ့ပေါင်ပေါ်တက်ထိုင်ပြီးသကာလ သူ့ရင်ခွင်ထဲမှာပင် အကျအန ကျောမှီလိုက်သေး၏။ ကြည့်ရတာ လူစိမ်းကို မကြောက်သည့် ကလေးလား၊ လူကပ်တတ်သည့် ကလေးလား မသိ။

"ကိုကို ကျွန်တော့်ကို ဒါ ဆက်ဖတ်ပြ"

တေဇ ထိုကလေးခေါင်းပေါ် မေးတင်လိုက်ပြီး စာအုပ်ကို ငုံ့ကြည့်လိုက်ကာ လက်ညှိုးထောက်ပြထားရာနေရာကို ဆက်ဖတ်ပြပေးလိုက်သည်။

သိုးကလေ
မြိတ်လွတ်စုလည်း၊ အငယ်တည်းက
ကျွမ်းဝင်ကြသည်၊ မွေးဖတူရင်း
မျိုးသည်မင်းနှင့်၊ ချစ်ခြင်းစုရုံး
သက်ထက်ဆုံးသည်၊ နှလုံးမခြား
စောင့်တရား။

ဆွေမိမင်း
မျက်သုတ်နီစင်၊ ရထည်းဖျင်နှင့်
ကျိုင်းစင်မြဝါ၊ မတ်ကြီးလျာကို
မယ်သာကြိုက်မိ၊ တုမရှိ။

"ဝိုး၊ ကိုကို အရမ်းတော်"

"ဟက်၊ မင်းတစ်ယောက်ထဲလား၊ ဖေဖေနဲ့မေမေရော"

"ဟင့်အင်း၊ ကျွန်တော် ဒီနားမှာပဲ နေတာ၊ ဖေဖေနဲ့ မေမေ မရှိတော့ဘူး၊ ဆုံးသွားပြီ"

"သြော်" ဟုသာ တေဇ ပြောလိုက်နိုင်ပြီး ကလေးလေးအစား စိတ်မကောင်းဖြစ်မိသွားတာမို့ ဘာမှဆက်မမေးမိတော့သလို ဘာပြောရမလဲလည်း မသိချိန် ထိုကလေးကလည်း သူ့ပေါင်ပေါ်က မဆင်းဘဲ ရွှေနှင့်ယိုးမှား ပန်းစံကား ကဗျာကို အစအဆုံး ပြန်ရွတ်နေတာမို့ သူ အသည်းယားစွာပင် ပေါင်ပေါ်က ကလေးလေး၏ ပါးဖောင်းဖောင်းလေးကို သူ့နှာခေါင်းနစ်ဝင်သွားအောင်ထိ မွှေးကြူလိုက်မိ၏။

ထိုကလေး သူ့အား မော့ကြည့်လာပြီး ရယ်ပြသည်။ ထို့နောက် သူ့ပါးကိုလည်း ပြန်နမ်းလာပြီး ပေါင်ပေါ်က လျှောဆင်းသွားသည်။ ပုပ္ပားတောင်ကလပ်ပေါ်၌မူ သူ့နား ပတ်ဆော့နေသည့် ထိုကလေးလေးထံမှ ကဗျာရွတ်သံကတော့ မနားတမ်းထွက်ပေါ်နေဆဲပင်။

တေဇ ထိုအချိန်က အလွန်စိတ်ဝင်စားခဲ့မိ၏။ ဒီကလေး ဘာလို့များ သူနဲ့မဆိုင်သည့် ဆယ်တန်းစာတွေကို အော်ရွတ်နေတာလဲဆိုတာကိုပင်။ သို့ပေသိ သူဆိုသည်မှာ သူစိမ်းလူကို စကားလိုက်မပြောတတ်ခဲ့သူမို့ ထိုပေါက်စလေးအား ဒီကဗျာကို ကြိုက်လို့ရွတ်နေတာလားဟုပင် မမေးခဲ့မိပါပေ။

________________________

11.12.2023

[Zawgyi]

ပုဂံၿမိဳ႕၏ လမ္းမက်ယ္ႀကီးေပၚ၌ ရိပ္ ေမာင္းႏွင္ေနသည့္ကားက ျမားတစ္စင္းကဲ့သို႔ တရွိန္ထိုး ေမာင္းႏွင္ေနလ်က္ရွိသည္။

သာမန္ထက္ အရွိန္မ်ားလြန္း‌ကာ ေမာင္းေနခဲ့ေသာ ရိပ္ကို ေတဇတစ္ေယာက္ လက္ပိုက္ၿပီးသာ ေနာက္က ထိုင္ၾကည့္လ်က္ရွိ၏။ ထိုကဲ့သို႔ ၾကည့္မိေနရင္းနဲ႕မွ သူ ဒီကေလးကို ဘယ္ေလာက္ေတာင္ လြမ္းေနခဲ့ရလဲ အံ့ဩစြာ သတိထားလိုက္မိသည္။

ခုနကထက္ အရွိန္ပိုျမႇင့္ၿပီး ေမာင္းႏွင္ေနခ်ိန္၌ ေတဇ ထေျပာလိုက္မိေတာ့၏။

"ေတာ္႐ုံေမာင္းစမ္း၊ ငါ ကားေမွာက္မေသခ်င္ေသးဘူး၊ ငါ ထြက္ေျပးေနတာလည္း မဟုတ္တာကို ဘာလို႔အဲ့ေလာက္အသည္းအသန္ ေမာင္းေနတာလဲ၊ အရွိန္ျပန္ေလွ်ာ့ေပး"

ထိုေကာင္ေလး ကားအရွိန္အနည္းငယ္ ေလွ်ာ့လိုက္မွ ေတဇ စိတ္ေအးသြားသည္။ ထိုမွ်ေလာက္ အရွိန္ႀကီးႏွင့္ မေတာ္တဆ တစ္ခုခုျဖစ္လာလွ်င္ အထိအခိုက္ အမ်ားနိုင္ဆုံးသူက ကားေမာင္းသူ ျဖစ္သည္။ သူ ရိပ္ တစ္ခုခုျဖစ္သြားမွာကို မလိုခ်င္ေသးပါေပ။ သူ ဒီကေလးကို ႏွိပ္စက္ရဦးမွာ ျဖစ္၏။

ေဘးဘီဝဲယာႏွင့္ ရိပ္ကို လိုက္ၾကည့္‌ေနရင္း ေတဇ ေနရထိုင္ရခက္လာျပန္၏။

"ကားခဏရပ္ေပးဦး၊ ငါ အိမ္သာတက္ခ်င္လို႔"

ရိပ္ ကားကို အရွိန္မနည္းမမ်ားျဖင့္ ေမာင္းေနရင္း တစ္လမ္းလုံး သူ သတိအေနအထားျဖင့္ ရွိေနရတာမို႔ အသက္ေတာင္ ရႉဖို႔ ေမ့ခ်င္ခ်င္။ သူ႕ကိုယ္သူ အေတာ္ဆုံး ထင္ခဲ့ဖူးေသာ္လည္း ဒီေကာင္က သူ႕ထက္ ပိုေတာ္ေနတာကို ရိပ္ ေသခ်ာသိခဲ့ရၿပီးၿပီမို႔ ဒီေကာင္ ဉာဏ္မ်ားၿပီး သူ႕လက္ထဲက လြတ္သြားမွာ စိုးရိမ္သည္။ ဒီေကာင္ သူ႕ကို တစ္ခုခု ရန္ျပဳလာမွာကိုလည္း သတိထားေနရသည္။

"ေဟ့၊ ကားခဏရပ္ေပး၊ ငါ ရႉးေပါက္ခ်င္ေနတာ မေအာင့္နိုင္ေတာ့ဘူး၊ ငါ ဒီကားေပၚမွာပဲ ေပါက္ခ်လိဳက္ရမွာလား"

"မင္း ဉာဏ္မ်ားမေနနဲ႕၊ ငါ သြားမယ့္ေနရာေရာက္မွ ေပါက္"

ေတဇ သူ႕ေျခႏွစ္ေခ်ာင္းကို ခ်ိတ္ထားလိုက္ရကာ ေပါင္ကို တင္းတင္းေစ့ထားေနရသည္။ မဂၤလာပြဲအတြက္ ျပင္ဆင္ျခယ္သမႈမ်ား စတင္ျပဳလုပ္ေနကတည္းက သူ အေပါ့သြားခ်င္ခ်င္ျဖစ္ေနေသာ္လည္း ဘာမွကို လုပ္ခ်င္ကိုင္ခ်င္စိတ္ ရွိမေနတာမို႔ အ႐ုပ္ႀကိဳးျပတ္သာ ထိုင္အျပင္ခံေနခဲ့မိ၏။ အခုေတာ့ ထိုေကာင္ေလးက ကားကို လူးေနေအာင္ ေမာင္းေနတာမို႔ ကားေဆာင့္သည့္ အရွိန္ေၾကာင့္ေရာ၊ အဲကြန္းအေအးေၾကာင့္ပါ သူ မေအာင့္ထားနိုင္ေတာ့ေပ။

"Please Please. .ငါ တကယ္ မရေတာ့ဘူး၊ ရပ္ေပးပါ"

ရိပ္ ေနာက္ကိုလွည့္ၾကည့္လိုက္သည္။ ေတဇ၏ မ်က္ႏွာအမူအရာေၾကာင့္ ေတြးဆဆျဖစ္သြားရၿပီး ရပ္ရမလား၊ ဆက္ေမာင္းရမလား တိုင္ပတ္ေနရသည္။

"နည္းနည္းေတာ့ ေအာင့္ထားလိုက္ဦး၊ မရပ္ေပးနိုင္ဘူး"

"ကိုကို တကယ္ မရေတာ့လို႔ပါ ကေလးရာ"

ရိပ္တစ္ေယာက္ ကားေမာင္းေနရင္းမွ ၾကက္သီးမ်ား တျဖန္းျဖန္းထသြားမိ၏။ ထိုေကာင္ သူ႕ကိုယ္သူ ကိုကိုဟု နာမ္စားသုံးလာခ်ိန္၌ ရိပ္တစ္ေယာက္ သူ႕ႏွလုံးပင္ ဒုတ္ခနဲ တစ္ခ်က္ခုန္မိသြားသည္။

"ထြက္ေျပးရင္ေတာ့ ငါ မင္းကို လုပ္မွာေနာ္၊ ေရွ႕က်ရင္ ရပ္ေပးမယ္၊ ခဏေစာင့္"

ေတဇ လွစ္ခနဲ ၿပဳံးလိုက္မိ၏။ ဒီေကာင္ေလးကို သူ ဘယ္လိုကိုင္တြယ္ရမလဲ သိလိုက္ၿပီျဖစ္၏။

အမ်ားသုံးသန႔္စင္ခန္းရွိနိုင္မည့္ ဆိုင္တစ္ဆိုင္ေရွ႕၌ ရိပ္ သူ႕ကားကို ရပ္လိုက္သည္။ ေျပးဆင္းသြားသည့္ ေတဇေနာက္ကိုလည္း ထပ္ၾကပ္မကြာ လိုက္ပါသြားရတာမို႔ ထိုေကာင္ အေပါ့သြားေနရာ ေနရာထိ သူ ေရာက္လာခဲ့၏။

ေႂကြခြက္ထဲသို႔ မတ္တပ္ရပ္ အေပါ့စြန႔္ေနသည့္ ေတဇအား ရိပ္ မ်က္ေတာင္မခတ္ ကပ္ၾကည့္ေနရင္း ဒီေကာင္ တကယ္ဆီးသြားခ်င္ေနတာပဲဆိုတာကို သူ ျမင္လိုက္ရေတာ့သည္။

"ဘာလို႔ ငါ့ဟာကို အဲ့ေလာက္လိုက္ၾကည့္ေနတာလဲ၊ ဟိုညက ေသခ်ာမျမင္လိုက္ရလို႔လား"

ေတဇ အေပါ့သြားေနရင္း သူ႕နားကပ္ရပ္ေနသည့္ ရိပ္ပခုံးကို တစ္ခ်က္တိုက္လိုက္ၿပီး စပ္ၿဖီးၿဖီးေမးလိုက္မိခ်ိန္ သူ႕ေက်ာ အုန္းခနဲ အထုခံလိုက္ရသည္။

"ေပါက္စရာရွိတာ ျမန္ျမန္ေပါက္၊ တစ္စက္မွ မက်န္ေစနဲ႕၊ လမ္းမွာ ထပ္မရပ္ေပးဘူး"

"ဟက္၊ အခု အဝၾကည့္ထားေနာ္၊ ငါ့ညီေလးက မၾကာခင္ မင္းပါစပ္ထဲ ေရာက္လာမွာ"

သန႔္စင္ခန္းထဲ၌ သူတို႔ႏွစ္ေယာက္တည္းရွ္ိေနတာမဟုတ္သလို ထိုေကာင္ကလည္း တိုးတိုးတိတ္တိတ္ ေျပာေနျခင္း မဟုတ္တာမို႔ လက္ေဆးေနသည့္ ေကာင္ေလးတစ္ေယာက္ပင္ သူတို႔အား ကြက္ၾကည့္ကြက္ၾကည့္လုပ္လာေသး၏။ ရိပ္၏ မ်က္ႏွာတစ္ခုလုံးလည္း ရဲတက္သြားခဲ့ကာ သူ ထိုေကာင့္လက္ေမာင္းကို လိမ္ဆြဲလိုက္မိသည္။

"ဘယ္လိုျဖစ္လို႔ မင္း အဲ့ေလာက္အရွက္မရွိတာလဲ၊ မင္းရဲ႕အညစ္အေၾကးစြန႔္တဲ့ေနရာကို ငါက ငုံစရာလား၊ ထြီ"

ရိပ္ ထိုေကာင္ အေပါ့စြန႔္ေနရာ ေႂကြခြက္ထဲသို႔ တံေတြးေထြးထည့္လိုက္ကာ သန႔္စင္ခန္းထဲက တျခားလူေတြကို မ်က္ႏွာပူလြန္းလို႔ သူ အျပင္ပဲ ထြက္ေစာင့္ေတာ့သည္။ သူ ဆယ့္ရွစ္ေယာက္စုၾကည့္ရသည့္ မဟုတ္ကဟုတ္က ဗီဒီယိုေတြကိုၾကည့္ျဖစ္ရင္ေတာင္ ထိုကဲ့သို႔ အခန္းမ်ိဳးပါလွ်င္ ႐ြံလြန္းလို႔ ထိုေနရာကို ေက်ာ္ၾကည့္တတ္သူ ျဖစ္၏။

ေတဇ ထြက္လာၿပီမို႔ ရိပ္ ထိုေကာင့္ေနာက္ကထပ္ၾကပ္မကြာ ကပ္လိုက္ေနရင္း ဒီေကာင္ ေျပးတာနဲ႕ ဇက္ပိုးအုပ္ဖို႔ ရယ္ဒီျပင္ထားသည္။ သို႔ေပသိ ဒီေကာင္ ဘယ္အခ်ိန္ ေျပးဖို႔အရွိန္ယူေနလဲေတာ့ မသိ၊ အခုထိေတာ့ သူေခၚရာေနာက္သာ လိုက္ေနေသးကာ ကားနားထိ အသာတၾကည္ ျပန္ပါလာသည္။

ေတဇ သူ႕ေနာက္က ေကာင္ေလးကို မသိမသာအကဲခတ္ေနရာမွ ဆတ္ခနဲ သူ႕ခႏၶာကိုယ္ကို လွည့္လိုက္ကာ ရိပ္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ရပ္လိုက္ရင္း-

"မင္းေျခေထာက္က ဒဏ္ရာရထားတာလား"

ဂ်ာကင္အမည္းေရာင္အိတ္ကပ္ထဲသို႔ လက္ႏွစ္ဖက္ထည့္ထားသည့္ ထိုေကာင္ေလး အနည္းငယ္ မ်က္လုံးဝိုင္းသြားကာ ေခါင္းခါျပလာခ်ိန္ ေတဇ ရိပ္ေရွ႕ ဖ်တ္ခနဲ ဒူးတစ္ဖက္ေထာက္ထိုင္လိုက္ရင္း ရိပ္၏ စတိုင္ပန္ေဘာင္းဘီအား ဖ်တ္ခနဲ ဆြဲ,မၾကည့္လိုက္မိသည္။

ေဘာင္းဘီ‌ရွည္ေအာက္၌ ပတ္တီးအေဖြးသားကို ျမင္လိုက္ရခ်ိန္၌ ေတဇ၏ မ်က္ေမွာင္မ်ား ၾကဳတ္သြား၏။ ဒီေကာင္ေလး လမ္းသိပ္ေလွ်ာက္နိုင္ပုံမရျဖစ္ေနသလိုပဲဟု သူ သန႔္စင္ခန္းက ထြက္လာကတည္းက သတိထားမိေသာ္လည္း စိတ္ထင္ေနတာဟုသာ ထင္ခဲ့သည္။

ေတဇ မတ္တပ္ျပန္ရပ္လိုက္ရင္း-

"ငါ့အဖိုးပို႔လိုက္တဲ့ေနရာကေန ရခဲ့တာလား"

ရိပ္ပင္ ေတဇ၏ အေမးကို အနည္းငယ္ အူေၾကာင္ေၾကာင္ ျဖစ္သြား၏။

သူ လမ္းသိပ္မေလွ်ာက္နိုင္ေသးေသာ္ျငား ဟန္မပ်က္ သတိထား ေလွ်ာက္ေနခဲ့တာေတာင္မွ ဒီေကာင္က မ်က္လုံးလ်င္လြန္းတာကိုလည္း သူ သိလိုက္သည္။ သူ႕အားနည္းခ်က္ကို သိသြားခ်ိန္၌ ထိုေကာင္ ‌ေျပးေတာ့မလား သူ ပိုစိတ္ပူသြားသည္။

ေတဇ သူ႕အဖိုးႏွင့္အ‌ေဖကို အနည္းငယ္ စိတ္ဆိုးသြားသည္။ သူ႕လူကို အခုလို ဒဏ္ရာရလာေအာင္အထိ အႏၲရာယ္မ်ားလြန္းေသာ ေနရာကို ပို႔ခဲ့တာအတြက္ သူ မေက်မနပ္ျဖစ္သြားသည္။

ဆိုင္ေရွ႕၌ ၾကာၾကာရပ္ေနလွ်င္ သူတို႔ကို တစ္ေယာက္ေယာက္ သတိထားမိသြားနိုင္တာမို႔ ေတဇ စကားဆက္မရွည္ေတာ့။

"ကားေပၚတက္ေတာ့၊ ငါ အိမ္ျပန္ခ်င္ၿပီ"

သူ႕ကို ခိုးေျပးလာတာအား ရိပ္ ေမ့သြားမွာစိုးလို႔ ေတဇ မသိမသာ သတိျပန္ေပးလိုက္ရသည္။ ထို႔အတြက္ သူ ခ်က္ခ်င္း ကားေရွ႕ခန္းထဲ တြန္းထည့္ခံလိုက္ရကာ ထိုေကာင္ေလးပါ ကားေပၚတက္လာၿပီး ကားတစ္ကားလုံးေလာ့ခ်ခံလိုက္ရ၏။

"ပါးစပ္ပိတ္ၿပီး ၿငိမ္ၿငိမ္လိုက္ခဲ့ေတာ့"

ေတဇ တစ္လမ္းလုံး ၿငိမ္ၿငိမ္ေလးသာ လိုက္ခဲ့မိေတာ့သည္။ သူ ရိပ္ကို အခုလို ကားအၾကာႀကီး မေမာင္း‌‌ေစခ်င္ေတာ့တာမို႔ သူတို႔လိုရာခရီးကို အျမန္ေရာက္ဖို႔သာ သူ ပူးေပါင္းပါဝင္ေပးသည့္အေနျဖင့္ ရိပ္ စိတ္ရႈပ္ေအာင္ စကားထပ္မမ်ားေတာ့။ သူ အခုခ်ိန္ ပြဲထဲ၌ ဗ်ာမ်ားေနၾကေတာ့မည့္ သူ႕သတို႔သားေလာင္းႏွင့္ လူႀကီးေတြကို စိတ္မပူမိဘဲ ရိပ္ ေျခေထာက္ကိုသာ စိတ္ပူေနမိသည့္ သူ႕ကိုယ္သူ အံ့ဩလ်က္ရွိသည္။

နာရီဝက္ခန႔္ ကားေမာင္းၿပီးခ်ိန္၌ ရိပ္၏ကားရပ္တန႔္သြားသည္။ ရိပ္ သူ႕ေဘးက တံခါးကို ဆြဲဖြင့္လာၿပီး ဆင္းလာဖို႔ မ်က္ရိပ္ျပသည္။

ဒီလူက အခုထိ လိမ္လိမ္မာမာရွိေနေသးၿပီး ထြက္ေျပးဖို႔ မႀကိဳးစားေသးတာမို႔ ရိပ္ ပိုလို႔ပင္ သတိထားရ၏။ သူ႕သူငယ္ခ်င္းတစ္ေယာက္ငွားေပးထားသည့္ အိမ္အလြတ္ထဲသို႔ ရိပ္ ေတဇအား ေခၚလာျခင္းျဖစ္သည္။ ဒီေနရာက ပုဂံၿမိဳ႕ထဲမွာပင္ ေခ်ာင္က်သည့္ ေနရာျဖစ္တာမို႔ ခ်က္ခ်င္းမေတြ႕နိုင္ေလာက္ေသာ္လည္း ဒီေကာင္တို႔ ႀကီးစိုးထားရာ နယ္ေျမမို႔ သူ အၾကာႀကီး ပုန္းနိုင္မွာမဟုတ္။ ရက္မ်ားစြာ ပုန္းခိုဖို႔လည္း မရည္႐ြယ္ပါေပ။ သူ ဒီေကာင့္မဂၤလာပြဲပ်က္သြားရင္ကို ေက်နပ္ၿပီျဖစ္သည္။

ေတဇ ရိပ္ႏွင့္အတူ အိမ္ထဲဝင္လာၿပီး အဆင္သင့္‌ ေတြ႕လိုက္ရသည့္ ကုတင္ေပၚ တက္ထိုင္လိုက္ကာ ရိပ္ တံခါးေတြ အသည္းအသန္လိုက္ပိတ္ေနတာအား မဲ့ၿပဳံးၿပဳံးၾကည့္ေနမိ၏။ ရိပ္ သူ႕နားသို႔ ေအာင္နိုင္သူအၿပဳံးျဖင့္ ေလွ်ာက္လာခ်ိန္၌ ေတဇ သူ႕ေဘးကို လက္ပုတ္ျပလိုက္ရင္း ထိုင္ဖို႔ မ်က္စပစ္ျပလိုက္ေသာ္လည္း ထိုေကာင္ေလးက မထိုင္။

ထို႔ေၾကာင့္ ေတဇ ရိပ္၏ လက္ေခ်ာင္းမ်ားကို လွမ္းဖမ္းလိုက္ကာ အရွိန္ျဖင့္ သူ႕ေဘးဆြဲခ်လိဳက္သည္။ ထို႔ေနာက္ ႏွစ္ပတ္ေက်ာ္ေလာက္ မေတြ႕ခဲ့ရသည့္ ရိပ္ကို သူ တင္းက်ပ္စြာ ေပြ႕ဖက္ထားလိုက္မိၿပီး ရိပ္၏လည္တိုင္ေလးကို တရွိုက္မတ္မတ္ ဖိကပ္နမ္းလိုက္မိသည္။

ရိပ္ သူ႕ကို ျပန္တြန္းထုတ္လာခ်ိန္၌ ေတဇ ထိုကေလးကို ကုတင္ေပၚသို႔ လွဲခ်လိဳက္ၿပီး ဖိထားလိုက္ကာ အုပ္မိုးထားလိုက္ရင္း ႏွစ္ပတ္အတြင္း ပိန္က်သြားသည့္ ရိပ္၏ ပါးျပင္ထက္သို႔ လက္ေခ်ာင္းမ်ားျဖင့္ ထိေတြ႕ေနမိ၏။ ထို႔ေနာက္ လက္ကို ေအာက္ေ႐ႊ႕လိုက္ၿပီး သူ ထိုကေလး၏ ေျခသလုံးကို ခပ္ဖြဖြ ဆုပ္ကိုင္လိုက္သည္။

"နာေသးလား၊ ေဆးေရာ ေသခ်ာကုခဲ့ရဲ႕လား"

ရိပ္၏မ်က္ဝန္းမ်ား အနည္းငယ္ စိုစြတ္လာခဲ့ၿပီး သူ အခု ငိုမိေတာ့မည္ပင္။ သူ႕အား ဒီႏွစ္ပတ္လုံး နာေသးလားဟု ေမးမည့္သူ တစ္ေယာက္ေတာင္ မရွိခဲ့၊ ေဆးေသာက္ရန္အတြက္သာ စားခဲ့ရသည့္ တစ္ေန႕တစ္နပ္စာႏွင့္ ထိုအခ်ိန္၌ ေသာက္ရသည့္ ေရကသာလွ်င္ သူ စားေသာက္ခဲ့ရသည့္ အစားအစာ ျဖစ္သည္။

သူ႕အေပၚ အုပ္မိုးထားသည့္ အမ်ိဳးသား၏လည္တိုင္ကို ရိပ္ သူ႕လက္ႏွစ္ဖက္ျဖင့္ တြယ္ခ်ိတ္လိုက္မိရင္း ေတဇ၏ ဘယ္ဖက္ရင္အုံနားသို႔ သူ႕မ်က္ႏွာအပ္လိုက္မိကာ-

"အမ်ားႀကီးနာတယ္၊ စျဖစ္ကာစက က်ိဳးသြားၿပီလို႔ေတာင္ ထင္လိုက္တာ၊ အခုလည္း နာေနတုန္းပဲ၊ ကြၽန္ေတာ္ အမ်ားႀကီး ပင္ပန္းခဲ့ရတယ္သိလား၊ သူတို႔ေတြ မေကာင္းဘူး၊ ထမင္းလည္း ေကာင္းေကာင္းမေကြၽးၾကဘူး"

သူ႕အား ဆက္တိုက္ ရင္ဖြင့္လာသည့္ ရိပ္ကို ေတဇ အလြန္အသည္းယားသြားခဲ့ကာ က႐ုဏာလည္း အလြန္သက္သြားခဲ့မိသည္။ သူ႕ႏွလုံးရွိရာနား၌ တိုးေဝွ႕ေနသည့္ ရိပ္က သူ႕အား ေနာင္ရိုးရိပ္အျဖစ္ အစားထိုးေနမွန္းေတာ့ ရိပ္မိလိုက္တာမို႔ ေတဇ စိတ္မၾကည္ျဖစ္သြား၏။ ထို႔ေၾကာင့္ ေဒါသထြက္လာကာ ရိပ္ကို အနိုင္မက်င့္ရတာလည္း ၾကာၿပီမို႔ သူ႕လက္မ်ားက ထိုေကာင္ေလး၏ ၾကယ္သီးမ်ားေပၚ၌ ရစ္ဝဲလာခဲ့ၿပီး ျဖဳတ္ဖို႔ျပင္လ်က္ရွိသည္။

သို႔ေပသိ သူ႕လက္မ်ားက အားမရွိေတာ့သည့္အလား မလုပ္နိုင္။ သူ႕စိတ္က ရိပ္ကို ထပ္ၿပီး ဒဏ္ရာေတြေပးခ်င္ေနေသာ္လည္း သူ႕လက္က ထိုေကာင္ေလး၏ ဆံႏြယ္မ်ားေပၚသာ ေရာက္သြားခဲ့ၿပီး ေခါင္းေလးကို ပုတ္ေပးေနခဲ့မိသည္။

"အင္း၊ မင္း ပင္ပန္းသြားခဲ့တာပဲ၊ ‌ဒါဆို အခု အိပ္လိုက္ဦး၊ ကိုယ္ မင္းအတြက္ ညေနစာ လုပ္ထားေပးမယ္"

ရိပ္ မ်က္လုံးမမွိတ္ဘဲ ေတာင့္ခံထားသည္။ ဒီလူ ထြက္ေျပးဖို႔ ႀကံေနၿပီဆိုတာလည္း သတိျပန္ကပ္သြားသည္။ သို႔ေသာ္ ဒီလူ သူ႕အား ကေလးလို လာေခ်ာ့သိပ္ေနခ်ိန္၌ သူ ကိုကို႔ကို လြမ္းလာသည့္စိတ္ေၾကာင့္ မ်က္လုံးခဏမွိတ္ထားလိုက္ရ၏။ သူ အိမ္ေပၚက ဆင္းသြားရၿပီးကတည္းက အခုလို ႏူးညံ့ေႏြးေထြးမႈမ်ိဳးကို ကိုကို႔ဆီက ရဖို႔ပင္ ခက္သြားခဲ့တာမို႔ ႏွစ္မ်ားစြာၾကာၿပီးမွ သူ႕ကို အခုလို ေခ်ာ့သိပ္မည့္သူ ေပၚလာတာေၾကာင့္ သူ သတိထားေနရင္းမွေန တျဖည္းျဖည္းခ်င္း မ်က္လုံးေတြ ေမွးစင္းက်လာခဲ့သည္။

အၿမဲတမ္းထိုးအိပ္ေနတတ္သည့္ ရိပ္က အခုလည္း ခဏအတြင္း အိပ္ေပ်ာ္သြားခဲ့သည္။ ေတဇ ရိပ္ေပၚမွ ဖယ္လိုက္ၿပီး ထိုကေလး၏ ေျခေထာက္က ဒဏ္ရာကို ေသခ်ာစစ္ၾကည့္လိုက္မိသည္။ သူ ဆရာဝန္ မဟုတ္တာမို႔ ဘာလုပ္ေပးရမလဲ မသိေသာ္ျငား သူဆိုသည္မွာ သူ႕ေရာဂါေၾကာင့္ အၿမဲနာက်င္ခံစားခဲ့ရသူမို႔ နာရတဲ့ခံစားခ်က္ႀကီးကို သူ မုန္းသည္။

ေတဇ သူ႕သတို႔သားဝတ္စုံက ကုတ္ကို ခြၽတ္လိုက္ၿပီး ရွပ္ၾကယ္သီးမ်ားကို ဆြဲခြၽတ္လိုက္ရင္း  မီးဖိုေခ်ာင္ထဲကို ဝင္ၾကည့္လိုက္သည္။ အသင့္စား ဟင္းခ်က္စရာအထုပ္မ်ားကို ေတြ႕လိုက္တာမို႔ သူ ရိပ္ စားလို႔ အဆင္ေျပနိုင္ေအာင္ ျပင္ဆင္လ်က္ရွိသည္။

မီးဖိုေခ်ာင္ဝင္စရာမလိုခဲ့သည့္ သူက အိပ္ရာေပၚက သခင္ေလး စားလို႔ရေအာင္ တစ္နာရီေလာက္ ႀကိဳးစားျပင္ထားခဲ့ေသာ္လည္း ထိုသခင္ေလးက အိပ္သြားၿပီးလွ်င္ သူ႕အေပၚ တက္လုပ္သြားလည္း မသိေလာက္ေအာင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနခဲ့သည္။

ေရေႏြးဇလုံႏွင့္ အဝတ္ကို ယူၿပီးေနာက္ ေတဇကုတင္နားသို႔ ျပန္ေလွ်ာက္လာကာ ကုတင္ေျခရင္း၌ တက္ထိုင္လိုက္ရင္း ရိပ္၏ ေျခသလုံးတဝိုက္ကို ေရခပ္ေႏြးေႏြးျဖင့္ လိုက္‌ကပ္ေပးလ်က္ရွိသည္။ 

"ဟက္၊ ခိုးေျပးခ်င္တဲ့သူက ေတာ္ေတာ့္ကိုမွ နိုးနိုးၾကားၾကား ရွိေနတာပဲ"

ၾကည့္ရတာ အဖိုးပို႔လိုက္သည့္ေနရာ၌ ဒီကေလး ေတာ္ေတာ္ပင္ပန္းခဲ့ရရွာပုံပါပင္။

ေတဇ ကုတင္ေျခရင္း၌ ေျခပစ္လက္ပစ္ ထိုင္ေနရင္း အခုခ်ိန္ေလာက္ဆို ေနဆက္ပိုင္ သူ႕ကို စိတ္ပူေနေတာ့မလား ေတြးမိေတာ့လည္း သူ စိတ္မေကာင္းမိ။

ေနဆက္ပိုင္က သူ႕ငယ္ဘဝကို ေတာ္ေတာ္ေလး လႊမ္းမိုးနိုင္ခဲ့ေသာ ကေလးျဖစ္သည္။ အခုေတာ့ စိတ္မေကာင္းျဖစ္မိသည္ဆိုေသာ္ျငား သူ႕စိတ္ကို မလႊမ္းမိုးနိုင္ေတာ့ပုံပါပင္။

ေတဇ ရိပ္ေဘး၌  တေစာင္းလွဲခ်လိဳက္ၿပီး ရိပ္ကို ေငးၾကည့္ေနမိ၏။ သူ အခု ထျပန္လိုက္လွ်င္ပင္ ပြဲကို ဆက္လုပ္လို႔ရနိုင္ဦးမွာကို သူ႕ေျခေထာက္ေတြက ရိပ္နား၌သာ ခဲဆြဲထားသလို ၿငိတြယ္ေနသည္။

Flashback. . .

ေ႐ႊႏွင့္ယိုးမွား ပန္းစံကား

သိုးကေလ
ပုပၸားနတ္ေတာင္၊ အေခါင္ျမင့္ဖ်ား
စုံေတာျပား၌၊ နံ႕ရွားႀကိဳင္လြင့္
ခါတန္ပြင့္သည္၊ ေ႐ႊႏွင့္ယိုးမွား
ပန္းစံကား။

သိုးကေလ
စကားပြင့္ႏွင့္၊ ႏွိုင္းတင့္နိုးသည္
ရဲမ်ိဳးသမီး၊ ေမာင္ႀကီးႏွမ
ညက္လွျပာစင္၊ မယ့္သည္ပင္သည္
ခရီးသား။

ပုပၸားေတာင္ကလပ္ေပၚ၌ ေတဇဓိရာဇ္ တစ္ေယာက္တည္း ထိုင္ေနရင္း သူ႕ခပ္လွမ္းလွမ္း၌ စာအုပ္ၾကည့္ၿပီး ဖင္ကုန္းေအာ္ေနေသာ ေပါက္စေလးကို ၿပဳံးၾကည့္ေနမိသည္။

ထိုအခ်ိန္က သူ႕အသက္ 15 ႏွစ္၊ ထိုကေလးက အမ်ားဆုံးရွိမွ 10 ႏွစ္မေက်ာ္တာ ေသခ်ာပါ၏။

ငယ္ငယ္ကတည္းက ေရာဂါသည္ေလးျဖစ္ခဲ့ရသည့္ ေတဇက အၿမဲမွိုင္ေတြေနတတ္ကာ ဘယ္သူ႕ကိုမွလည္း စကားသိပ္မေျပာတတ္ေပ။ သူ႕ထံ၌ သူငယ္ခ်င္းဆိုလို႔လည္း ယံ တစ္ေယာက္သာ ရွိသည္။ သူ႕ေနရက္တိုင္းက ေသမည့္ေန႕ကို ထိုင္ေစာင့္ေနခဲ့ရသလိုပင္။

ေတဇ ထိုေပါက္စေလးအား လွမ္းေမးလိုက္သည္။

"မင္း ဘယ္ႏွစ္တန္းရွိၿပီလဲ၊ ဆယ္တန္းစာကို ေက်ာ္က်က္ေနတာလား"

ထိုအခ်ိန္က ေတဇက ဆယ္တန္းမို႔ ထိုကေလး သူ႕ဖတ္စာအုပ္ထဲက စာေတြကို ထိုင္ဆိုေနတာအား သူ သတိထားမိသြားတာျဖစ္သည္။

ပါးေဖာင္းေဖာင္းေလး၊ မ်က္ဝန္းနက္နက္ေလး၊ ႏွာတံေပၚေပၚေလး၊ အသားျဖဴျဖဴေလးႏွင့္ ႐ုပ္သန႔္သန႔္ေလးျဖစ္သည့္ ထိုကေလး သူ႕ကို လွည့္ၾကည့္လာကာ စာအုပ္ကိုင္ၿပီး သူ႕နား ေျပးလာသည္။

"ကိုကိုေရာ ဘယ္ႏွစ္တန္းလဲ"

"ဆယ္တန္း"

ထိုေပါက္စေလး ဖ်တ္ခနဲ သူ႕ေပါင္ေပၚ တြယ္တက္လာၿပီး အက်အန ေနရာယူလာတာမို႔ ေတဇ အံ့ဩသြားသည္။ စံအိမ္က သခင္ေလးမို႔ သူ႕နား ဘယ္သူမွ မကပ္ရဲဖူးေပ။ ထိုကေလးကေတာ့ သူ႕ေပါင္ေပၚတက္ထိုင္ၿပီးသကာလ သူ႕ရင္ခြင္ထဲမွာပင္ အက်အန ေက်ာမွီလိုက္ေသး၏။ ၾကည့္ရတာ လူစိမ္းကို မေၾကာက္သည့္ ကေလးလား၊ လူကပ္တတ္သည့္ ကေလးလား မသိ။

"ကိုကို ကြၽန္ေတာ့္ကို ဒါ ဆက္ဖတ္ျပ"

ေတဇ ထိုကေလးေခါင္းေပၚ ေမးတင္လိုက္ၿပီး စာအုပ္ကို ငုံ႕ၾကည့္လိုက္ကာ လက္ညွိုးေထာက္ျပထားရာေနရာကို ဆက္ဖတ္ျပေပးလိုက္သည္။

သိုးကေလ
ၿမိတ္လြတ္စုလည္း၊ အငယ္တည္းက
ကြၽမ္းဝင္ၾကသည္၊ ေမြးဖတူရင္း
မ်ိဳးသည္မင္းႏွင့္၊ ခ်စ္ျခင္းစု႐ုံး
သက္ထက္ဆုံးသည္၊ ႏွလုံးမျခား
ေစာင့္တရား။

ေဆြမိမင္း
မ်က္သုတ္နီစင္၊ ရထည္းဖ်င္ႏွင့္
က်ိဳင္းစင္ျမဝါ၊ မတ္ႀကီးလ်ာကို
မယ္သာႀကိဳက္မိ၊ တုမရွိ။

"ဝိုး၊ ကိုကို အရမ္းေတာ္"

"ဟက္၊ မင္းတစ္ေယာက္ထဲလား၊ ေဖေဖနဲ႕ေမေမေရာ"

"ဟင့္အင္း၊ ကြၽန္ေတာ္ ဒီနားမွာပဲ ေနတာ၊ ေဖေဖနဲ႕ ေမေမ မရွိေတာ့ဘူး၊ ဆုံးသြားၿပီ"

"ေၾသာ္" ဟုသာ ေတဇ ေျပာလိုက္နိုင္ၿပီး ကေလးေလးအစား စိတ္မေကာင္းျဖစ္မိသြားတာမို႔ ဘာမွဆက္မေမးမိေတာ့သလို ဘာေျပာရမလဲလည္း မသိခ်ိန္ ထိုကေလးကလည္း သူ႕ေပါင္ေပၚက မဆင္းဘဲ ေ႐ႊႏွင့္ယိုးမွား ပန္းစံကား ကဗ်ာကို အစအဆုံး ျပန္႐ြတ္ေနတာမို႔ သူ အသည္းယားစြာပင္ ေပါင္ေပၚက ကေလးေလး၏ ပါးေဖာင္းေဖာင္းေလးကို သူ႕ႏွာေခါင္းနစ္ဝင္သြားေအာင္ထိ ေမႊးၾကဴလိုက္မိ၏။

ထိုကေလး သူ႕အား ေမာ့ၾကည့္လာၿပီး ရယ္ျပသည္။ ထို႔ေနာက္ သူ႕ပါးကိုလည္း ျပန္နမ္းလာၿပီး ေပါင္ေပၚက ေလွ်ာဆင္းသြားသည္။ ပုပၸားေတာင္ကလပ္ေပၚ၌မူ သူ႕နား ပတ္ေဆာ့ေနသည့္ ထိုကေလးေလးထံမွ ကဗ်ာ႐ြတ္သံကေတာ့ မနားတမ္းထြက္ေပၚေနဆဲပင္။

ေတဇ ထိုအခ်ိန္က အလြန္စိတ္ဝင္စားခဲ့မိ၏။ ဒီကေလး ဘာလို႔မ်ား သူနဲ႕မဆိုင္သည့္ ဆယ္တန္းစာေတြကို ေအာ္႐ြတ္ေနတာလဲဆိုတာကိုပင္။ သို႔ေပသိ သူဆိုသည္မွာ သူစိမ္းလူကို စကားလိုက္မေျပာတတ္ခဲ့သူမို႔ ထိုေပါက္စေလးအား ဒီကဗ်ာကို ႀကိဳက္လို႔႐ြတ္ေနတာလားဟုပင္ မေမးခဲ့မိပါေပ။

_______________________

11.12.2023

Continue Reading

You'll Also Like

50.1K 1.9K 28
မဟာကဝိ ဝေဟင်ကိုး သစ်ဆွေး (punishment type)ပါ ။ ကြိုက်မှ ဝင်ဖတ်ပါ။
17K 169 25
Alina lost her parents when she was 18. Shes on the road to becom a successful singer when she runs into 5 boys on the streets of LA. Her idols and i...
848K 29.3K 104
When Grace returns home from college, it doesn't go like she thought it would. With her past still haunting her everyday choices, she discovers a sid...
845 75 5
The Unearthly Community, a place we hope you call a safe haven. As the title says out community is hiring so feel free to pop in and take a look/ Hi...