Jeon အိမ်တော်သို့ ဘယ်လို ပြန်ရောက်လာမှန်းပင် Seokjin မသိတော့... စကားတစ်ခွန်းမှ မပြောနိုင်တော့သောသူ့ကို ကိုကိုကြီးက အိပ်ခန်းရှေ့ထိ တွဲလာရသည်ကိုသာ မှတ်မိလိုက်သည်...
အကြိမ်ကြိမ်ထိခိုက်ရလွန်းလို့လဲ သူ့ရင်ဘတ်က အကောင်းမှမကျန်တော့ပဲ...
ကျစရာမျက်ရည်တောင် မရှိတော့သောကြောင့် မျက်လုံးအကြောင်သားနှင့်သာ အိပ်ယာထက်တွင် သူလှဲနေမိသည်...
ငါ Jungkookနဲ့ ဝေးရာကိုထွက်သွားမှပဲ ခုလိုခံစားရတာတွေ သက်သာမှာပါ...
သူ ရုတ်တရက်အိပ်ယာထက်မှ ငေါက်ခနဲထကာ အ၀တ်စားတချို့ကို Luggageထဲ ထည့်နေမိသည်...
ဟုတ်တယ် သူ့ကိုမမြင်ရရင်၊ သူ့အသံမကြားရရင် ငါ အသက်ရှင်နေနိုင်ကောင်းပါရဲ့...
Seokjin အရူးတစ်ယောက်လိုပင် နှုတ်မှတတွတ်တွတ်ရွတ်နေကာ အ၀တ်များကိုလုံးထွေးထည့်နေမိသည်...
ထို့နောက် Luggage ကို အသံမကြားအောင်ဆွဲကာ အိပ်ခန်းထဲမှ ထွက်လိုက်သည်... မျက်နှာချင်းဆိုင်ရှိ Jungkook တို့၏အခန်းကိုတော့ ယောင်လို့တောင် မကြည့်မိချေ...
Luggageကို မနိုင်မနင်းဆွဲကာ သူ အိမ်လှေခါးအောက်ကိုဆင်းလာရင်း အိမ်အောက်ထပ်တွင် လူရှိမရှိကြည့်လိုက်သည်...
ညဥ့်နက်နေပီမို့ အကုန်လုံးအိပ်နေကြသည့်အပြင် တိတ်ဆိတ်မှုက ဒီညမှာ ထူးထူးခြားခြားပိုကြီးစိုးနေ...
သူ အိမ်တံခါးမကြီးကို အသံမကြားအောင်ဖွင့်ကာ အသာထွက်လိုက်သည်... အိမ်ပြင်ရောက်မှ အသက်၀၀ရှူကာ Luggageကို သမံတလင်းပေါ် ချပီး ဆွဲလာရင်း Jeon အိမ်တော်၏ အရှေ့တံခါးဂိတ်၀နား ရောက်လာသည်...
အနောက်ကို တချက်လေးတောင် လှည့်မကြည့်တော့ပဲ သူ လူ၀င်ပေါက်တံခါးသေးသေးကိုဖွင့်ကာ ထွက်ရန်ပြင်တော့ သူ့လက်ကောက်၀တ်ကို လာဆုပ်ကိုင်သောအထိအတွေ့ကြောင့် အရမ်းလန့်သွားရသည်...
ရုန်းကန်ရင်းအော်မည်ပြင်သော သူ့နှုတ်ခမ်းကို လက်ဖြင့်ပိတ်ကာ အနီးကခြုံများကြားဆွဲသွင်းလိုက်သူက ...
"မအော်နဲ့.. ငါ Jeon Jungkook"
လရောင်မလင်းတလင်းအောက်တွင် ညအိပ်၀တ်စုံနှင့် Jungkook...
Seokjin မအော်တော့ပဲ Jungkook၏ လက်များကို အတင်းဖယ်ချလိုက်သည်... Seokjin ၏နှုတ်ခမ်းများကို အုပ်ထားသည့်လက်ကို Jungkook ဖယ်ပေးလိုက်သော်လည်း သူ့လက်ကောက်၀တ်များကို ဆုပ်ကိုင်ထားသည့် လက်ကိုတော့မလွတ်ပေ...
ဆက်မရုန်းတော့သောSeokjin သည် သူ့ရှေ့မှ Jungkook ကို စိုက်ကြည့်နေသည်...
Seokjin ၏လက်ထဲမှ Luggage ကို Jungkook ဆွဲဖြုတ်ကာ တွန်းဖယ်လိုက်ရင်း..
"ငါသိနေတယ် Kim Seokjin.. မင်းဒီလိုလုပ်မှာ ငါသိနေလို့ကို အိပ်တောင်မအိပ်ရဲပဲ ဂိတ်၀မှာ ကင်းစောင့်သလို လာစောင့်နေရတယ်"
ဘာမှပြန်မပြောပဲ တိတ်ဆိတ်နေသော Seokjin သည် သူ့ရင်ထဲမှ ပြောနေသည်များကို Jungkook သာကြားနိုင်ရင် သိပ်ကောင်းမှာပဲဟု တွေးနေသည်...
"ငါ ဒါတွေကိုဖြေရှင်းသွားမှာမို့ ငါ့ကို ခဏအချိန်ပေးပါ Seokjin"
သူ့လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ထားရင်းမှ သူ့မျက်၀န်းများကို လိုက်ဖတ်၍ ပြောလာသော Jungkook ကို...
"မင်းနဲ့ငါက ဘာဆိုင်လို့ ငါက ဘာဖြစ်ရမှာလဲ"
အေးစက်စက်ထွက်လာသော Seokjin ဆီမှအသံကြောင့် သူ့လက်မောင်းများကို ဆုပ်ကိုင်ထားသည့် Jungkook၏ လက်များပိုတင်းကျပ်လာသည်...
"Jimin မှာ တကယ်ပဲ ငါ့ကလေးရှိနေရင်တောင် သူက ငါ့ရဲ့Omega ဘယ်တော့မှ မဖြစ်စေရဘူး"
"ဟက်"
ခြောက်ကပ်ကပ်ရယ်သံက Seokjin ထံမှ...
"ပြီးသွားပြီ Jeon Jungkook ရဲ့.. အကုန်ပြီးသွားပြီ.. ငါ့၀ဋ်ကြွေးတွေလဲ ဒီမှာကုန်ပြီထင်တာပဲ"
Seokjin ထံမှ တုံ့ပြန်မှုကြောင့် Seokjin၏ မျက်၀န်းများကို Jungkook ထပ်မံ ကြိုးစား၍ဖတ်နေသည်..
သို့ရာတွင် စိတ်ဆိုးနေတာလား၊ ၀မ်းနည်းနေတာလား၊ ရွံ့ရှာနေတာလား၊ ကြောက်ရွံ့နေတာလား၊ ထိတ်လန့်နေတာလား ဘာမှ မှန်းမရသော မျက်၀န်းများကြောင့် သူ စိုးရွံ့လာမိသည်...
"ကျေးဇူးပဲ Jungkook.. ငါ့ရဲ့မပြတ်မသားဖြစ်နေတဲ့စိတ်ကို ဖြတ်တောက်ပေးနိုင်လို့၊ ငါ့ကို ဒီ၀ဋ်ကြွေးကနေ လွတ်မြောက်ခွင့်ပေးလို့"
Jungkook ရုတ်တရက် Seokjinကို ဆွဲဖက်ကာ သူ့ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ် ပိုက်ထွေးထားလေသည်...
Seokjin ဘယ်ခြေလှမ်း လှမ်းတော့မလဲဆိုတာသိနေတော့ သူ့နှလုံးသားသည် အသံတိတ်ငိုကြွေးနေပြီ....
"ငါထင်တာက ငါ့ကိုမင်းက လှောင်ပိတ်ထားတာလို့.. တကယ်တမ်းတော့ ငါ့ကိုငါကလှောင်ပိတ်ထားခဲ့တာပဲ"
သူ တင်းတင်းကျပ်ကျပ်ဖက်ထားသည်ကို မရုန်းပဲ Seokjin တိုးတိတ်စွာ ပြောနေသည်...
"ငါ့ရဲ့ခန္ဓာကိုယ်ဆိုတာ အပေါ်ယံပဲ.. တကယ်တော့ ငါ့စိတ်ကိုက လွတ်မြောက်ချင်စိတ်မရှိခဲ့တာ... ဒါပေမဲ့.. ဒါပေမဲ့ ခုတော့ ငါလွတ်မြောက်သွားပြီပဲ"
Jungkook သူဖက်ထားသည့်Seokjin ကို ရင်ခွင်ထဲမှခွာပြီး ငုံ့ကြည့်ရင်း..
"မဟုတ်ဘူး.. အဲ့လိုမဟုတ်ဘူး.. ငါ ဒါတွေကို အကုန်ဖြေရှင်းမှာမို့ ငါ့ကို အချိန်နည်းနည်းပေးပါ Seokjin"
သူ Seokjin၏ မျက်၀န်းများကို အလန့်တကြားကြည့်ရင်း ပြောတော့..
"ဘာကို ရှင်းမှာလဲ Jeon Jungkook ... မင်းမှာ မင်းမိသားစုနဲ့မင်း ဖြစ်လာတော့မှာ.. ငါ.. ငါက ဘယ်လိုနှလုံးသားနဲ့ ထိုင်ကြည့်နေရမလဲ"
"မဟုတ်ဘူး.. ငါ ဒီလိုမဖြစ်လာအောင်အမြဲသတိထားခဲ့တာ.. ဘယ်လိုမှ Park Jimin ကကိုယ်၀န်မရှိနိုင်ဘူး"
နာကျင်စပြုလာသော Seokjin၏မျက်၀န်းများကိုသူကြည့်ကာ တုန်လှုပ်ချောက်ချားစွာပြောတော့...
"တော်ပါပီ Jungkook ရယ်.. ခု Park Jiminမှာ ကိုယ်၀န်မရှိဘူးဆိုရင်တောင် နောင်ရှိနိုင်တယ်.. တကယ်တော့ ငါက အစကတည်းက ဘေးလူသက်သက်ပဲ"
မျက်ရည်တချို့ ရစ်သိုင်းစပြုလာသော Seokjin ၏ မျက်၀န်းများသည် လရောင်အောက်တွင် ကြယ်ပွင့်များလို တလက်လက်...
သူ ဘယ်လိုမှမကြည့်နိုင်တော့ Seokjin၏ခေါင်းလေးကို အုပ်ကိုင်ကာ ရင်ခွင်ထဲဆွဲဖက်မိရာ အင့်ခနဲ ရှိုက်သံနှင့်အတူ..
"ငါက မင်းငယ်ငယ်တုန်းကပြောဖူးတဲ့ ငါ့ကိုချစ်တယ်ဆိုတာကို ယုံနေခဲ့မိတာ"
"Seok.. Seokjin...."
သူ တုန်ယင်နေသောလက်များဖြင့် Seokjin ၏မျက်နှာလေးကို မေးဖျားမှပင့်ကိုင်ကာမော့စေရင်း ငုံ့ကြည့်မိတော့..
"ငါ့ကို ကျွန်လိုဆက်ဆံတာ၊ ငါ့ကို သွေးစိမ်းရှင်ရှင်ကျအောင် ရိုက်ခဲ့ဖူးတာ၊ မင်းအဖော်တွေနဲ့အိပ်ပြီး ငါ့ရင်ကို နေ့ရောညပါခွဲနေခဲ့တာ... ဒါတွေအားလုံးကို ငါလူးလိမ့်ခံခဲ့တာAppa တစ်ယောက်တည်းကြောင့်လို့ ငါ့ကိုငါလိမ်နေတာ.. တကယ်တော့ ငါ.. ငါ.."
ပြောနေရင်း မျက်ရည်များ တလိမ့်လိမ့်ကျဆင်းလာသော Seokjin သည် Jungkook နဲ့ပတ်သက်ပြီးငိုရတာ ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေကြောင်း ဆုတောင်းနေရင်း...
"ငါ မင်းကိုအရမ်းချစ်လို့"
Seokjin ၏မျက်နှာလေးကို အုပ်၍ကိုင်ထားသည့်သူ့လက်များ ဘေးကို အားလျော့စွာကျသွားချိန်တွင်..
"ငါမင်းကိုချစ်တယ် Jungkook ရယ်.. ငါ.. ငါလေ.. မင်းတစ်ယောက်တည်းကိုပဲ ချစ်တာပါ"
"..............."
"ဟိုးအရင်ကလဲ မင်းကိုပဲချစ်တာ.. ခုလဲနာကျင်လွန်းရပေမဲ့ မင်းကိုပဲချစ်တယ်.. နောင်.. နောင်လဲ ငါဆက်ချစ်နေဦးမယ် ထင်တာပဲ"
စကားတစ်ခွန်းမှ မပြောနိုင်တော့သောJungkook၏ လက်ကို Seokjin ဆွဲယူကာ သူ့ရင်ဘတ် နှလုံးခုန်နေရာဆီသို့ တင်ပေးရင်း..
"ငါ့ရင်ခုန်သံတွေ ခံစားမိလားဟင် Jungkook... ဒီနှလုံးသားက မင်းအတွက်ပဲခုန်တာ"
ရှိုက်ကြီးတငင်ငိုရင်း Seokjin ပြောနေရာမှ ရင်ဘတ်များပင် နာကျင်လာရသည်...
သူ ဘယ်တုန်းကမှ Jungkook နဲ့ မဆုံခဲ့ဖူးရင်သိပ်ကောင်းမယ်ထင်ပါတယ်... အဲ့လိုဆိုရင် ခုလို ဆုပ်လဲစူး၊ စားလဲရူး အခြေအနေရောက်မယ်မထင်...
"မင်းအမြင်မှာငါက အရူးနဲ့တူကောင်းတူနေမယ်.. ဒါပေမဲ့ အချစ်နဲ့ပတ်သက်လာရင် လူတိုင်း ရူးကြတာပဲလေ...ပိုဆိုးတာက ၀ဋ်ကြွေးပါလာရင် ပြေးလို့မှမလွတ်တာ"
"ဒါဆိုရင် မပြေးနဲ့"
တိတ်ဆိတ်နေရာမှ ပထမဦးဆုံးထွက်လာသည့် Jungkook ၏ စကားသံသည် ခြောက်ခြောက်ကပ်ကပ်...
သူ့ကိုပြန်မဖြေပဲ သူ့မျက်၀န်းများကိုသာလိုက်ကြည့်နေသော Seokjin ကို ထပ်မံ၍...
"ဘယ်မှထွက်မပြေးနဲ့... ငါဖြေရှင်းမှာမို့ ငါ့ကိုယုံပြီးစောင့်ပေး"
"ဟင့်အင်း"
"ဘာ"
"တော်လောက်ပြီလေ... ချိန်ကိုက်ဗုံးတစ်လုံးကို ပိုက်ထားရသလို ငါ ရင်တထိတ်ထိတ်နဲ့ မနေနိုင်တော့ဘူး"
"ငါ့ကိုမယုံဘူးလား"
သူ့ကိုငုံ့ကြည့်ရင်း ပြောလာသော Jungkook သည် သူ့ထံမှ စကားတစ်ခွန်းသာ လိုနေပုံ...
"ယုံကြည်မှုနဲ့ လက်ရှိပကတိအမှန်တရားက တစ်လမ်းစီမှာ Jungkook"
နောက်သို့ အနည်းငယ်ယိုင်သွားသော Jungkook သည် ဒီတခါ သူ၏ စိတ်ပြတ်သားမှုကို သိနေပုံ...
"မင်း..မင်း ငါ့ကိုယုံဖို့ပဲလိုတယ်"
"မင်းကိုယုံလိုက်ရုံနဲ့ အမှန်တရားကြီးကပြောင်းလဲသွားမှာမှ မဟုတ်တာ"
မဲ့ပြုံးလေးပြုံးကာ Seokjin ပြောအပီး ဘေးတွင်လဲနေသော သူ၏ Luggageကို ဆွဲယူလိုက်ကာ...
"မင်းကြောင့်နဲ့ ငါပျော်ရွှင်ခဲ့ဖူးတာမို့ အရာရာအတွက် ကျေးဇူးပါ Jungkook.. Good Bye"
ကျောခိုင်းကာ လှည့်ထွက်သွားမည်ပြင်တော့..
"Seokjin"
သူ့ကို အနောက်မှ သိုင်းဖက်လိုက်သော Jungkook ...
"ငါ့ကိုမထားသွားပါနဲ့"
Seokjin လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ..
"ငါတို့ရေစက်က ဒီမှာတင်ကုန်ပီ"
သို့ရာတွင် Jungkook က Seokjin ကို ပိုတင်းကျပ်အောင်ဖက်ကာ...
"ငါ့... ငါ့ကို ဒီ Jeon အိမ်တော်ကြီးမှာ တစ်ယောက်တည်း မထားခဲ့ပါနဲ့ Seokjin"
"ငါ့ကို လွတ်မြောက်ခွင့်ပေးပါတော့ Jungkook"
သူ ဖက်တွယ်ထားသည့်လက်များကို ဖြုတ်ချကာ သူ့ဖက်လှည့်ကြည့်လာရင်း ပြောလိုက်သော Seokjin သည် သူ့ကို တောင်းဆိုနေသလိုပြောနေပေမဲ့ ဒါဟာ ဆုံးဖြတ်ပြီးသားအကြောင်းအရာကို သူ့အား အသိပေးနေခြင်းသာ...
"ငါ့မျက်စိရှေ့ကနေ ဘယ်တော့မှ မပျောက်သွားရဘူးနော်လို့ ငါတောင်းဆိုခဲ့ဖူးတယ်လေ"
သူဆောက်တည်ရာမရစွာပြောတော့..
"တောင်းပန်ပါတယ်.. ငါ ကတိမတည်နိုင်တော့လို့"
Seokjin ဘာမှထပ်မပြောတော့ပဲ သူ့ရှေ့မှတကယ်လှည့်ထွက်မည်ပြင်တော့ သူအသက်ပြင်းပြင်းရှူကာ..
"မင်းဒီအိမ်ကထွက်သွားရင် မင်း Appaရဲ့ Oxygen ပိုက်ကို ငါဖြုတ်ခိုင်းလိုက်မှာ"
သူ့ကို ကျောပေးလျက်သားဖြင့် Seokjin က..
"ငါ Appa ကို စောင့်ရှောက်နေနိုင်ပါပီ... ဒီအိမ်မှာနေတယ်ဆိုတာ တကယ်တော့ မင်းနဲ့မခွဲနိုင်သေးလို့ပါ"
သူအံတင်းတင်းကြိတ်ကာ..
"ဟင့်အင်း.. မင်း သူ့ကိုခေါ်သွားချိန်တောင်မရှိအောင် ငါချက်ချင်း Oxygenပိုက်ကို ဖြုတ်ခိုင်းမှာ.. ငါမလုပ်ဘူးမထင်နဲ့"
သူ့ဖက်ကိုလှည့်ကြည့်လာသော Seokjin၏ မျက်၀န်းများသည် တခါမှ ဒီလောက်မျှော်လင့်ချက်မဲ့နေတာမျိုး မမြင်ဖူးချေ...
"လုပ်လိုက်"
"ဘာ"
"လုပ်လိုက်လို့"
"ငါ့ကိုလာစိန်မခေါ်နဲ့ Kim Seokjin"
"Appaရဲ့ Oxygenပိုက်ကို မင်းဖြုတ်ခိုင်းလိုက်တဲ့အချိန်မှာ မင်းတခုပဲသိထားလိုက်"
အသက်မဲ့နေသူလို သူ့ဆီလျှောက်လာသော Seokjinသည် သူ့ရှေ့ရောက်တော့...
"ငါလည်း ထာ၀ရပျောက်ကွယ်သွားပေးမယ်"
Jungkook ဝိညာဉ်နှုတ်ခံရသလို ခံစားလိုက်ရသည်...
"မင်းလက်နဲ့ နှုတ်ယူလိုက်တာ အသက်တစ်ချောင်းမဟုတ်ဘူး၊ နှစ်ချောင်းဆိုတာပဲ မင်းသိထားပေး"
ထို့နောက် အမှောင်ရိပ်ထဲ တရွေ့ရွေ့တိုး၀င်သွားသော Seokjin ကို သူ ဒီတခါတော့ ဘာအကြောင်းနှင့်မှ မဆွဲထားနိုင်တော့ချေ...
ဒူးထောက်လျက်သား ထိုင်ကျသွားသော Jungkook သူ ချုပ်တည်းထားသမျှ ပွင့်ကျလာသည်က မျက်ရည်များအဖြစ်သာ..
"ငါ့ကို မထားခဲ့ပါနဲ့ Seokjin"
~~~~~~~~~~~××××××××××~~~~~~~~~~~
Seokjin သူ ယခု စုထားသောငွေတချို့နှင့်တိုက်ခန်းလေးငှားနေ,နေသည်...
သူ့ Appaကို တခြားဆေးရုံသို့ ပြောင်းမည်ဆိုသော်လည်း CEO Jeonက သူတို့ Jeon ဆေးရုံ၌သာ ဆက်ထားရန် သူ့ကိုပြောလာသလို Appa အတွက် ဆေးကုသစရိတ်ကိုလဲ သူ၏ အနုပညာကြေးမှ ဖြတ်ယူသွားမှာမို့ စိတ်ပူစရာမလိုကြောင်း၊ အကြွေးတင်နေသလို မခံစားနေရန် နှစ်သိမ့်လာသည်...
Appa အတွက် သိပ်စိတ်မပူရတော့သည်မို့သူ အလုပ်ကိုသာ စိတ်နှစ်ပီးလုပ်ရန် ဆုံးဖြတ်ထားလိုက်သည်...
Jeon အိမ်တော်မှ ထွက်လာသည့်တစ်ပတ်သည် သူ့အတွက်တော့ အတော်ကြာလွန်းလှသည်... ဒီအတောတွင်း သူရှိရာသို့ Jungkook လည်း မလာသည်မို့ သူ အတော်လေးကို စိတ်သက်သာရာရမိသည်...
အချိန်က ကုစားပေးသွားမှာမို့ အဆင်ပြေသွားမှာပါ...
"Jin shi.. စာလာတယ်.. Seoul St. Mary's Hospital ကပဲ.. ဟိုတခါ accident ဖြစ်တုန်းက Jin shi တို့ရဲ့ဆေးစစ်ချက် resultနေမယ်"
"သြော်..ဟုတ်"
သူတို့ အ၀တ်လဲရာအခန်းထဲရှိ ခုံပုလေးပေါ်တွင် လာတင်ထားပေးသောစာအိတ်၂လုံး... အရွယ်အစားက A4 size ထက်တောင် နည်းနည်းကြီးတာမို့ ဓါတ်မှန်ရိုက်ထားတာတွေပါ Originalတွေ ပို့လာတာဖြစ်မယ်...
အဲ့နေ့က သူရော Park Jiminက ၂ယောက်အတူတူ ဆေးရုံတခုတည်းမှာ တက်ခဲ့ရတာမို့ ဆေးစစ်ချက် result တွေကို အတူတူပို့လိုက်တာ...
Follow up လိုက်စရာရှိတာ လိုက်လို့ရအောင် သူ့နာမည်ပါသည့်စာအိတ်ကို ဆွဲယူလိုက်သည်...
ရှုတင်ကလဲ မပီးသေးတော့ ပြန်လို့မရသေးမဲ့အတူတူ ကုမ္မဏီ Rooftopဆီ ခဏတက်ပီးလေညှင်းသွားခံမှပါ... ဒီမှာနေရတာ မွန်းကျပ်လိုက်တာ...
သူ ဆေးစစ်ချက်စာအိတ်လေးကိုင်ကာ Rooftop ရှိရာ ပန်းခြံလေးသို့ တက်လာလိုက်သည်...
Rooftopဆီသို့ရောက်တော့ တိုက်ခတ်လာသော လေပြေလေညင်းများက သူ၏၀မ်းနည်းစရာများကို ခဏတော့ အဝေးကိုနှင်ပေးလိုက်သလို...
ထို့နောက် သူ ဆေးစစ်ချက် result ကို စာအိတ်ထဲမှ ထုတ်ကြည့်လိုက်ရာ..
"ဟင်"
မှားများကြည့်မိသလားလို့ စာအိတ်အပြင်ကလိပ်မူထားသည့်နာမည်ကို ကြည့်ရသေးသည်...
Kim Seokjin တဲ့.. သူ့နာမည်ပါ..
ဒါပေမဲ့ ဘာလို့ စာအိတ်ထဲက အချက်အလက်တွေက သူ့နာမည်နဲ့ မဟုတ်တာပါလိမ့်...
စာရွက်တွေနဲ့စာအိတ်ကို မှားထည့်လိုက်မိပုံပဲ... ဒါဆို ခု သူ့ဆီရောက်နေတာ Park Jimin ရဲ့အချက်အလက်တွေပေါ့..
သေချာအောင် သူ စာရွက်ပါအကြောင်းအရာအချို့ကို အနည်းငယ်ဖတ်ကြည့်တော့..
အင်း.. သွေးအမျိုးအစား၊ အလေးချိန်ကအစ ကွဲပြားနေတာ သေချာတာက ဒါ Park Jimin ရဲ့ ဆေးစစ်ချက် result ပဲ..
ခဏနေ အောက်ပြန်ဆင်းတော့မှအကျိုးအကြောင်းပြောပီး စာအိတ်ချင်း ပြန်လဲလိုက်မယ်..
🦋 ကုန်သွားပြန်ပီနော် တနင်္ဂနွေ နောက်တစ်ရက်...
ဒီ JAO ကို ရေးနေတာ ၂လတောင် ရှိလာပီ... ခုထိ Kookjin အခန်း မရောက်သေးပေမဲ့ ဖတ်နေတဲ့သူတွေက စိတ်ရှည်လက်ရှည် စောင့်နေပေးလို့ ကျေးဇူးတင်ပါတယ်...
မှားလို့.. စိတ်ရှည်လက်ရှည် စောင့်နေတာမဟုတ်ဘူး၊ Kookjin အခန်းပူဆာဖို့ သူတို့မှာ အာရုံမရဖြစ်နေတာ...
ကိုကိုကြီးနဲ့ရှို့ရင် ပြေးငြိမ်းရ၊ Jiminie နဲ့ရှို့ရင် လောင်ရ၊ ဒီကြားထဲ Mr Jeonကြီးက တချက်ချက် ၀င်ဖောက်သေးဆိုတော့ Kookjin ပါတော့ဗျို့လို့ အော်ချိန်မရှိ ဖြစ်နေတာ ငိငိ 🤭...
Intro မှာကတည်းက ပြောထားတယ်လေနော်၊ ဒီလိုပဲ ပျော်စရာကြီးလို့ဆို.. အဲ့ဒါကိုမှအသဲကောင်းလို့ ပွဲတောင်းခဲ့တာရှင်တို့ပဲ 😪...
အဲ့ဒါမို့ အော်ရင်း၊ ပြုရင်း ဆက်လိုက်လာကြပါဦးလို့...
⚠️ ပီးတော့ ခုနေလက်နက်ချဖို့ ကြံနေတဲ့သူတွေရှိရင် အဲ့အတွေးကို လုံး၀စွန့်လွတ်လိုက်ပါနော်... ဒါလေး Final တင်ပီးရင် Un ချင်ရင် Un ပစ်မှာမို့ အကုန်တင်ပီးမှ လာဖတ်မယ်မကြံပါနဲ့... ရယ်လိုက်ငိုလိုက် အတူပါလာစေချင်တာပါဆို...
အစောကြီးကတည်းပြောပီးသား If I burn, you all burn with me ပဲ 😕... တူတူလောင်ကြစို့ 🥺 .. အားလုံးပဲ ဂွတ်ညပါ 🦋