ကျွန်တော့်ဘေးမှာအတူအိပ်နေတဲ့ Perth ကို
ရှင်းရှင်းလင်းလင်းမြင်နေရတယ် .....
ဖြောင့်ဆင်းနေတဲ့ နှာတံ .... ချောမောလွန်းတဲ့ရုပ်ရည်
အကြာကြီးငေးကြည့်ချင်မိတယ်
" ဘာတွေအဲ့လောက်ကြည့်နေတာလဲ ... "
" သရဲကျနေတာပဲ .... ဘယ်လိုသိတာလဲ
မကြည့်ပဲနဲ့ .... "
" သိတာပေါ့ .... ကို့ကောင်လေးမို့လေ "
နိုးနိုးချင်း သူ့အနမ်းကိုရလိုက်တာ ချိုမြိန်နေတာပဲ
Perth ကဒီလိုဆွဲဆောင်မှုရှိတဲ့ ယောကျာ်းပါလား ....
" ရေချိုးကြမယ် ..... ပြီးရင် မနက်စာစားကြမယ်"
" အင်း .... Perth အရင်ချိုးမလား "
" မဟုတ်တာပဲ .... အတူတူချိုးရမှာပေါ့
နောက်ကျနေပြီမလား "
ချက်ချင်းကုတင်ပေါ်ကနေ ကျွန်တော့်ကိုပွေ့ချီလိုက်
တယ် ....
" Perth ..... ရှက်ဖို့ကောင်းတယ် ချပေးပါ "
" ဘာကိုရှက်မှာလဲ .... ကိုအကုန်မြင်ပြီးပြီကို "
" မလုပ်ပါနဲ့ .... အောက်ပြန်ချပေးပါ "
" မရပါဘူးနော် .... "
ချက်ချင်း ရေချ်ိုးခန်းထဲအတင်းချီခေါ်သွားတော့တာ
ကျွန်တော်တို့ ရီသံတွေကို အပြင်ကတောင်ကြားရမလား .....
အရမ်းပျော်ရတဲ့ အခိုက်အတန့် .....
လောကမှာ နှစ်ယောက်ထဲရှင်သန်ရတဲ့ အခိုက်အတန့်
" အဲ့ဒါ ဘာကိုဆိုလိုတာလဲ ..... နှစ်ယောက်က ....
ခရီးအတူသွားပြီး လက်တွဲထားကြတယ်ပေါ့ "
" ဟုတ်ပါတယ် .... "
ထုတ်ပြလာတဲ့ ဓာတ်ပံုတွေမြင်တာတောင် ....
မယံုနိုင်ဘူး
ဒေါသအရမ်းဖြစ်ပြီး အရမ်းပူလောင်နေပြီ ....
Perth ကဒီလိုလူမျိုးမဟုတ်ဘူး .....
ငါ့ကိုသစ္စာဖောက်မယ့်သူမဟုတ်ဘူး .....
ဒေါက် ဒေါက် .....
ခွင့်ပြုချက်တောင်မစောင့်ပဲ ချက်ချင်းဝင်လာတဲ့
May ကြောင့်အံ့အားသင့်သွားတယ်
" ကြိုဆိုပါတယိ .... ကျွန်တော်နဲ့လာတွေ့တာ
လား .... Chimon နဲ့အလုပ်ကိစ္စပြောရမှာမဟုတ်ဘူး
လား .... "
Naron Wachirawit ရဲ့ခနဲ့သံ ရွဲ့သံကိုနားထောင်နေဖို့
အချိန်မရှိဘူးပဲ ....
အိတ်ထဲက သေနတ်တစ်လက်ကိုထုတ်ပြီးချိန်လိုက်
တာနဲ့ ကြောက်လန့်သွားတဲ့မျက်နှာက ....
ကလေးလေးလိုပဲ
" အခု .... အခု ဘာလုပ်တာလဲ "
" ရွေးချယ်ခွင့်ပေးမယ် .... ဒီနေရာမှာအသေခံ
မလား .... မဟုတ်ရင် ကျွန်မမေးတာတွေကိုအမှန်တိုင်း
ဖြေမလား "
" ခြိမ်းခြောက်နေတာလား .... Wachirawit မိသားစုကိုလွယ်လွယ်ထိလို့ရမယ်ထင်နေတာလား "
" မထင်ပါဘူး ဒါပေမယ့် GanHan ကိုသိလား "
တုန်လှုပ်နေတဲ့မျက်နှာကိုကြညိ့ရတာ သိပံုပဲ .....
" သိတဲ့ပံုပဲ ..... ဒါဆို မေးခွန်းစကြတော့မလား
Chimon ကရှင့်ညီအရင်းမဟုတ်ဘူးမလား "
" ဘယ်လိုသိတာလဲ .... ဟုတ်တယ်
သူကမယားပါသားလေ "
" ထင်ပါတယ် .... Mine ကိုသိလား "
" Mine ..... Mine ကိုဘယ်လိုလုပ် "
" မေးတာပဲဖြေ "
" Mine က Chimon သူငယ်ချင်း .... "
" ရှင့်ချစ်သူမလား "
" အင်း ..... "
" ကမ်းလှမ်းမှုလုပ်ကြရအောင် ..... ကျွန်မနဲ့
ကောင်းကောင်းပူးပေါင်းရင် .... Chimon ပိုင်တာတွေ
ရှင့်ကိုပေးမယ် .... အဲ့အစား အဲ့ပါတီတုန်းကရှင်သိသမျှအကုန်ပြောပြရမယ်
Mine ကိုသတ်တာဘယ်သူလဲ ..... ရှင်လား "
" ငါက .... အဲ့ဒါကိုဘာလို့ပြောရမှာလဲ "
သေနတိမောင်းကိုဆွဲတင်ပြီး သူ့ခေါင်းနားကိုပိုပြီးတေ့
ပေးထားလိုက်တယ်
" အခု ကျွန်မက .... ပံုမှန်စိတ်မဟုတ်နေဘူးနော် "
" ငါမင်းကိုဘယ်လိုယံုရမှာလဲ "
" Ganhan နာမည်နဲ့ကျိန်တယ် .... ကတိကိုမဖျက်
တတ်ဘူး ... အဲ့ညက ဘာဖြစ်ခဲ့တာလဲ "
အခန်းထဲကထွက်လာတာနဲ့ တစ်ပြိုင်နက် .....
" နင့်ရဲ့ Boss ကိုဆက်သွယ်လိုက် .... ငါချက်ချင်း
တွေ့ချင်နေတယ်လို့ပြောလိုက် ..... "
အိမ်ပြန်တဲ့လမ်းမှာတောင် ဒီလက်တွေကိုမဖြုတ်နိုင်
သေးဘူး ....
" Chimon .... ကိုခဏနေရင်သွားစရာလေးတစ်ခု
ရှိလို့ .... ကို့ကိုစောင့်နေပေးမယ်မလား "
" အင်း .... ဂရုစိုက်သွားလေ .... စောင့်နေမယ် "
ဒီလမ်းကိုပဲရဲရဲဝံ့ဝံ့ဆက်လျှောက်သွားဖို့ စဉ်းစားထား
တယ် ....
ဒါကြောင့် ဖြစိလာသမျှကိုလဲရင်ဆိုင်ဖို့ ဆံုးဖြတ်
ထားတယ် ....
" ရောက်လာပြီကို .... "
May ရဲ့ငိုကြွေးထားတဲ့မျက်နှာက အတိုင်းသားပေါ်
လွင်နေတယ် ....
" သိထားပြီးပြီမလား .... "
" ဝါး .... အဲ့စကားကိုလွယ်လွယ်လေးပြောထွက်
တယ်နော် .... ကြီးကျယ်ခမ်းနားတာပဲ GanHan "
" May .... တကယ်တောင်းပန်ပါတယ် "
" ဘယ်သူကတောင်းပန်ခိုင်းနေလို့လဲ .....
ဘယ်လိုလဲ ... ပျော်ဖို့ကောင်းလား ယောကျာ်းချင်း
အိပ်ရတာ "
" May !!!!! "
Perth ရဲ့ဒေါသသံကပေါက်ကွဲထွက်သွားပေမယ့်
စိတ်ကိုအတင်းပြန်ချုပ်တည်းခဲ့တယ်
" ငါ ... တောင်းပန်တယ် "
" ထားတော့ .... ဒါဆို ဘာဆက်လုပ်ကြမှာလဲ
ကလဲ့စားချေဖို့ လက်လျော့တော့မှာပေါ့ .... "
" Chimon နဲ့မဆိုင်ဘူးလေ ... သူအပြစ်မရှိဘူး "
" တကယ်လို့ ... သူလဲအပြစ်ရှိတဲ့သူဆိုရင်ရော "
May ရဲ့စကားက ထူးဆန်းတာထပ် သူ့အကြည့်တွေက
ပိုထူးဆန်းနေတာ .....
" အဲ့ဒါဘာကိုပြောချင်တာလဲ ..... "
" ပြသနာရဲ့အစက Chimon ဖြစ်ခဲ့မယ်ဆိုရင်ရော
Mine ရဲ့သေဆံုးမှုက သူနဲ့ပတ်သတ်နေမယ်ဆိုရင်
ရော .... !!!!! "
May ရဲ့စကားတွေက ပိုပိုပြီးအားပြင်းလာခဲ့တယ် ....
" မဖြစ်နိုင်တာ ..... "
" နင်သိလား .... Chimon အတိတ်မေ့နေတာကို
ငါနင့်ကိုအချိန်ပေးမယ် .... သူ့ဆီကသိအောင်လုပ်
ဘာကအမှန်တရားလဲဆိုတာကို .... "
" May .... ဘယ်ကသိလာတာတွေလဲ
ငါယံုကြည်မှာမဟုတ်ဘူး "
" ဒါကြောင့်အချိန်ပေးနေတယ်လေ ..... သိအောင်
လုပ်ခဲ့လို့ "
ကတိအတိုင်း သူက .... ငါ့ကုတင်ဘေးနားလေးမှာ
စောင့်ရင်း အိပ်ပျော်နေပါလား
နဖူးပြင်ပေါ်ကျနေတဲ့ ဆံသားလေးတွေက်ို ဖွဖွလေး
ပွတ်သပ်လိုက်မိတယ်
မဟုတ်ဘူးမလား .... ဒီလောက်အပြစ်ကင်းစင်တဲ့မင်း
က .... မဟုတ်ဘူးမလား
ငါမယံုဘူး .... လံုးဝမယံုနိုင်ဘူး .....
" ဟင် .... ပြန်ရောက်လာပြီလား "
အိပ်ချင်မူးတူးနဲ့နိုးထလာတဲ့ ကောင်လေးကိုပွေ့ချီ
လိုက်တယ် ....
" ကျွန်တော့်ကိုချီပြန်ပြီ .... "
" ပင်ပန်းလို့ အိပ်ချင်နေပြီမလား .... ဒီညတော့
ကို့ကုတင်ပေါ်မှာအိပ်သွားတော့ .... "
တစ်ယောက်ထဲကုတင်လေးက နှစ်ယောက်အတွက်
ကျပ်နေပေမယ့် ....
ဒီကောင်လေးသေးသေးလေးက ကျွန်တော့်ရင်ခွင်ထဲ
အတင်းတိုးဝှေ့ပြီး အိပ်နေလေရဲ့ ....
" အိပ်ကြမယ် ... စောင်သေချာခြံုထား "
" အင်း ... ကောင်းသောညပါ "
သူ့နဖူးလေးကို အနမ်းလေးညင်ညင်သာသာပေး
လိုက်တယ်
အပြံုးလေးနဲ့ အိပ်ပျော်သွားတာ ချက်ချင်းဆိုသလိုပဲ
ဒီညတော့ အပူအပင်မရှိ အိပ်ကြရအောင် ....
ဝုတ် .... ဝုတ်
ညဖက်ကြီး Happy ကဘာလို့အဲ့လောက်ဟောင်နေတာလဲ ....
မိုးတွေကလဲရွာနေလိုက်တာ .... ဒီလိုနဲ့ Chimon အိပ်
မောကျနေရာက နိုးသွားတော့မှာပဲ
မဖြစ်သေးဘူး ....
ချက်ချင်းထပြီး တံခါးဝကိုပြေးသွားလိုက်တယ်
" Happy .... ဘာဖြစ်တာလဲ ဘာလို့ဟောင်နေတာ
လဲ .... "
အပြင်ကိုကြညိ့ပြီး သညိးကြီးမည်းကြီးဟောင်နေတာ
လူစိမ်းများ ကပ်လို့လား ....
ဓာတ်မီးကိုယူပြီး အပြင်ဖက်ကိုထွက်လာလိုက်တယ်
လူခြေရာတွေ တွေ့တာပဲ ..... ဘယ်သူလဲ
ဘယ်သူကဒီအချိန်ကြီး အိမ်နောက်ဖေးကိုသွားတာလဲ
ချက်ချင်း အနောက်ဖက်ကိုလိုက်သွားပေမယ့် .....
" ဘယ်သူလဲ ..... "
" အော်.... Perth ..... "
အိမ်ကဝန်ထမ်းကောင်လေးပဲ .....
" မင်းကဒီအချိန်ကြီး ဘာလုပ်နေတာလဲ "
" သခင်လေးက စတိုခန်းထဲက ပစ္စည်းတွေရှင်း
ထုတ်ဖို့ မှာထားတာ ...ညဖက်မှလုပ်ဆိုလို့ ချက်ချင်းလုပ်ရမှာမို့လို့ပါ "
" စတိုခန်း .... "
အမြဲသော့ပိတ်ထားတဲ့ အခန်းပဲ .... ဒီအိမ်ရောက်ထဲက
ဒီအခန်းကိုမရောက်ဖူးတာ
ဘာလို့ Chimon ကချက်ချင်းရှင်းခိုင်းတာလဲ .....
" ဒါနဲ့ .... သခင်လေးခိုင်းထားတာဆိုတော့ ငါလဲ
ကူရှငိးပေးမယ် .... မင်းကရှင်းမယ်လဲပြောသေးတယ်
အမိှုက်အိတ်မယူလာဘူးလား "
" အာ ... ဟုတ်သားပဲ ချက်ချင်းသွားယူလိုက်မယ် "
သူထွက်သွားတာနဲ့ အခန်းထဲပြေးဝင်လိုက်တယ်
ဖုန်တွေကြီးပဲ .... ဒီတိုင်းပစ္စည်းအဟောင်းအစုတ်တွေ
ထားတဲ့ အခန်းသက်သက်ပါပဲ ....
" ဘာမှတော့မရှိပါလား .... "
ပြန်ထွက်သွားဖို့ ပြင်လိုက်ပေမယ့် .... ရုတ်တရက်
အကြည့်က တစ်နေရာစီရောက်သွားမိတယ်
အရမ်းရင်းနှီးနေတဲ့ အရာတစ်ခု .....
နည်းနည်းဟောင်းနွမ်းနေတဲ့ ပန်းချီကားတစ်ချပ်
" ဒီပံုက ..... ငါပဲ "
ဒါက .... ငါ့ပံုပဲ
ဒါဆိုရငိ Chimon က Mine ရဲ့အကို ....
ငါ့ကိုသိတယ်ဆိုတဲ့ သဘောပေါ့ .....
Coming