แ€Ÿแ€™แ€บแ€ธแ€…แ€แ€ฌแ€ธแ€œแ€ฑแ€ธ แ€แ€ฐแ€šแ€ญ (แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บ)

By _ImFoodie

83.4K 11.9K 135

TRANSLATION NOVEL HAMSTER More

Description ๐Ÿน
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5๐Ÿน
Chapter 6 ๐Ÿน
Chapter 7๐Ÿน
Chapter 8๐Ÿน
Chapter 9๐Ÿน
Chapter 10๐Ÿน
Chapter 11๐Ÿน
Chapter 12๐Ÿน
Chapter 13๐Ÿน
Chapter 14๐Ÿน
Chapter 15๐Ÿน
Chapter 16 ๐Ÿน
Chapter 17๐Ÿน
Chapter 18 ๐Ÿน
Chapter 19๐Ÿน
Chapter 20๐Ÿน
Chapter 21๐Ÿน
Chapter 22๐Ÿน
Chapter 23๐Ÿน
Chapter 24๐Ÿน
Chapter 25๐Ÿน
Chapter 26๐Ÿน
Chapter 27๐Ÿน
Chapter 29๐Ÿน
Chapter 30๐Ÿน
Chapter 31๐Ÿน
Chapter 32๐Ÿน
Chapter 33๐Ÿน
Chapter 34 ๐Ÿน
Chapter 35 ๐Ÿน
Chapter 36๐Ÿน
Chapter 37๐Ÿน
Chapter 38 ๐Ÿน
Chapter 39 ๐Ÿน
Chapter 40 ๐Ÿน
Chapter 41 ๐Ÿน
Chapter 42 ๐Ÿน
Chapter 43๐Ÿน
Chapter 43 ๐Ÿน
Chapter 44 ๐Ÿน
Chapter 45 ๐Ÿน
Chapter 46 ๐Ÿน
Chapter 47 ๐Ÿน
Chapter 48 ๐Ÿน
Chapter 49 ๐Ÿน
Chapter 50 ๐Ÿน
Chapter 51๐Ÿน
Chapter 52๐Ÿน
Chapter 53๐Ÿน
Chapter 54๐Ÿน
Chapter 55๐Ÿน
Promotion ๐Ÿ’ฅ
Chapter 56๐Ÿน
Chapter 57๐Ÿน
Chapter 58๐Ÿน
Chapter 59๐Ÿน
Chapter 60๐Ÿน
Chapter 61๐Ÿน
Chapter 62๐Ÿน
Chapter 63๐Ÿน
Chapter 64๐Ÿน
Chapter 65๐Ÿน
Chapter 66๐Ÿน
Chapter 67๐Ÿน
Chapter 68๐Ÿน
Chapter 69๐Ÿน
Chapter 70๐Ÿน
Chapter 71๐Ÿน
Chapter 72๐Ÿน
Chapter 73๐Ÿน
Chapter 74๐Ÿน
Chapter 75๐Ÿน
Chapter 76๐Ÿน
Chapter 77๐Ÿน
Chapter 78๐Ÿน
Chapter 79๐Ÿน
Chapter 80๐Ÿน
Chapter 81๐Ÿน
Chapter 82๐Ÿน
Chapter 83๐Ÿน
Chapter 84๐Ÿน

Chapter 28๐Ÿน

1.3K 178 2
By _ImFoodie


*၁*
🐹 အခန်း ၂၈
ဝူယိလေးက ကံကောင်းစေတဲ့ တိမ် စီးနင်းပြီး ရောက်ရှိလာတယ်

ကျန်းချိုး၏ သံတုတ် သူ့အား တိုက်ခိုက်လာချိန်တွင် နျဲ့ရှောင်သည် လက်ဆန့်ကာ သံတုတ်အား ဆုပ်ကိုင်လိုက်ပြီး သူ၏ နက်မှောင်သည့် မျက်လုံးများထဲတွင် ဒေါသခပ်ပါးပါး ပါဝင်နေသည်။

နျဲ့ရှောင်၏ ဒေါသနှင့်အတူ လေထုထဲတွင် အပြာရောင်လျှပ်စီးကြောင်းတစ်ခု ပေါ်လာသည်။ လေထဲတွင် မိုးကြိုးပစ်သံ ထွက်ပေါ်လာပြီး သံတုတ်မှတဆင့် အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ ကျန်းချိုးအား လျင်မြန်စွာနှင့် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လေသည်။

ကျန်းချိုးမှာ မျက်စိရှင်သည့်အတွက် သံတုတ်အား လက်ထဲမှ လျင်မြန်စွာ လွှတ်ချလိုက်သော်လည်း လက်မောင်းတစ်ခုလုံးမှာ ထုံထိုင်းပြီး ထိုးစွနေသကဲ့သို့ ခံစားနေရလေသည်။

“မင်းက စွမ်းရည်နှစ်ခု ပိုင်ရှင်လား..”

ကျန်းချိုး၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး နျဲ့ရှောင်၏လက်ထဲရှိ လျှပ်စီးကြောင်းအား စိုက်ကြည့်နေသည်။ နာကျင်နေသည့် လက်ချောင်းများအား လျက်လိုက်ပြီးနောက် မျက်လုံးထဲတွင် ပိုမိုစိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ထင်ဟပ်လာသည်။

ကျန်းချိုး ရှေ့တိုးရန် ပြင်ဆင်မှာပင် သူ၏ခြေထောက်အောက်တွင် အပြာဖျော့ရောင် လျှပ်စီးကြောင်းတစ်ခု ပေါ်လာပြီး သူ၏အရှေ့တွင် အန္တရာယ်ရှိသည့် မျဉ်းတစ်ကြောင်း ဆွဲသားလိုက်သည်။

လူးလွန့်နေသည့် လေလျှပ်စီးကြောင်းသည် လေထုထဲတွင် ပျံ့နှံ့နေပြီး တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်နေသည်။

နျဲ့ရှောင်၏ လေသံအား ကြားရသည်မှာ နှင်းကဲ့သို့ အေးစက်လျက်ရှိသည်။

“ငါက လျှပ်စီးကြောင်းရဲ့ ဗို့အားကို မထိန်းချုပ်နိုင်သေးဘူး.. မင်းစမ်းကြည့်ချင်တယ် ဆိုရင်‌တော့ လာလို့ရတယ်..”

ကျန်းချိုးသည် နျဲ့ရှောင်၏ ရိုးသားပုံရသည့် အသွင်အပြင်အား ကြည့်ပြီးနောက် ထိုလူမှာ အမှန်တကယ် ဒေါသထွက်နေကြောင်း နားလည်သွားလေသည်။ သူ၏မျက်လုံးထဲရှိ စိတ်လှုပ်၇ှားမှုမှာလည်း အနည်းငယ် လျော့ကျသွားသည်။

ပညာရှိသည် အခြေအနေပေါ် မူတည်၍ ပြုမူတတ်လေသည်။ ကျန်းချိုးသည် ချက်ချင်းပင် သူ၏ခြေထောက်အား ပြန်ရုတ်လိုက်ပြီး အဝေးတွင်ရှိသည့် ဇွန်ဘီများအား ကြည့်လိုက်သည်။

“ဒီနေ့တော့ ဒီလောက်ပဲပေါ့..”

နျဲ့ရှောင်သည် ကျန်းချိုး ခြေပြန်ရုတ်လိုက်သည်ကို မြင်လိုက်သည်။ ထို့ကြောင့် မကြာမီမှာပင် ကျန်းချိုးအား ပြောခဲ့သည့် စကားကို စိတ်ထဲမထားတော့ပေ။ နျဲ့ရှောင်သည် ဇွန်ဘီများအား သတ်ဖြတ်နေသည့် ဝူဝမ်ချီထို့အား ကူညီရန် လှည့်ထွက်သွားပြီး ဝိုင်းရံခံထားရခြင်းမှ လွတ်မြောက်နိုင်ရန် ကြိုးစားလျက်ရှိသည်။

ပိုင်မေ့သည် နံဘေးတွင် ရပ်နေရင်းဖြင့် ထိုလူနှစ်ယောက်၏ တိုက်ပွဲအား နှုတ်ခမ်းထောင့်များ မြင့်တက်ကာဖြင့် တစ်ချိန်လုံး အာရုံစိုက်နေသည်။ချ အတိုက်အခိုက် ရပ်စဲလိုက်သည်ကို မြင်တွေ့သည့်အခါ သူ၏ မျက်လုံးများထဲတွင် မမြင်နိုင်သည့် စိတ်ပျက်မှု အရိပ်အယောင်များ ယှက်သန်းသွားသည်။

နျဲ့ရှောင်၏လက်ထဲတွင်  ထပ်မံစုဆုံလာသည့် လျှပ်စီးကြောင်းများအားကြည့်ကာ ပိုင်မေ့မှာ ထိန်းချုပ်မရနိုင်ဘဲ မျက်လုံးများ တဖြတ်ဖြတ် တောက်ပလာပြီး မသိစိတ်ဖြင့် နှုတ်ခမ်းများအား သပ်လိုက်သည်။

ဝူဝမ်ချီတို့သည် အရူးကောင်ကျန်းချိုးအား အနိုင်ယူခဲ့သည့် နျဲ့ရှောင်ကိုမြင်သည့်အခါ ပျော်ရွှင်မိကြသည်။ ထို့နောက် နျဲ့ရှောင်တို့အဖွဲ့သည် အတူတကွ ပေါင်းစပ်ကာ ဇွန်ဘီများအား သတ်ဖြတ်ရင်း လမ်းဖောက်နေကြသည်။

သို့သော်လည်း ထိုအခိုက်အတံ့မှာပင် ဇွန်ဘီအုပ်ထဲမှ ဇွန်ဘီတစ်ကောင်သည် ရုတ်တရက်ဆိုသလို သွေးရူးသွေးတန်း အခြေအနေသို့ ရောက်ရှိသွားပြီး သူ၏ပတ်လည်ရှိ အဆင့်နိမ့်ဇွန်ဘီများအား စတင်ကိုက်ဖြတ်လေသည်။

ထို့နောက်တွင် ဇွန်ဘီများ တစ်ကောင်ပြီးတစ်ကောင် သွေးရူးသွေးတန်း အခြေအနေသို့ ရောက်ရှိသွားကြပြီး အဆင့်နိမ့်ဇွန်ဘီများအား စတင်ကိုက်ဖြတ်ကြသည့်အတွက် သူတို့၏ ခွန်အားမှာ သိသိသာသာ တိုးမြင့်သွားလေသည်။

နင်ဖုန်းတို့၏ မျက်နှာ အမူအရာများမှာ ချက်ပင်းပင် အလွန်ဆိုးဝါးလာကြသည်။

သွေးရူးသွေးတန်းဖြစ်သွားသည့် ဇွန်ဘီများအား မကြုံတွေ့ဖူးခြင်းကြောင့် မဟုတ်ဘဲ ထိုမျှ များပြားသည့် အရေအတွက်နှင့် မကြုံဖူးခြင်းသာ ဖြစ်သည်။

သူတို့နှင့် မျိုးနွယ်တူများအား ကိုက်ဖြတ်ခြင်းမှ ရပ်တံ့သွားသည်နှင့် ထိုဇွန်ဘီများသည် ဒုတိယအဆင်သို့ ပြီးပြည့်စုံစွာ တက်လှမ်းနိုင်ပြီဟု ဆိုလိုခြင်းဖြစ်သည်။ ဤနေရာတွင်ရှိသည့် မည်သူကမျှ ထိုမျှလောက် များပြားသည့် အဆင့် ၂ဇွန်ဘီများအား ရင်ဆိုင်နိုင်စွမ်း မရှိကြချေ။

နျဲ့ရှောင်၏ မျက်မှာမှာလည်း ပိုမိုလေးနက်လာသည်။ သူ၏ အဖွဲ့သားများအား ပူပန်စွာဖြင့် ပြောလေသည်။

“သူတို့ သွေးရူးသွေးတန်း ဖြစ်နေတုန်း မြန်မြန်လေး သတ်ပစ်ကြ.. အဆင့် ၂ဇွန်ဘီဖြစ်သွားရင် ငါတို့အတွက် မကောင်းတော့ဘူး..”

သို့သော်လည်း နျဲ့ရှောင်၏ စကားမဆုံးခင်မှာပင် ဇွန်ဘီများ၏ သွေးရူးသွေးတန်း အခြေအနေမှာ အဆုံးသတ်သို့ ရောက်ရှိလာပြီး ဒုတိယအဆင့်သို့ ‌စုပေါင်းကာ ဝင်ရောက်သွားကြလေသည်။

ဒုတိယအဆင့်သို့ ဝင်ရောက်သွားကြသည့် ဇွန်ဘီများသည် မျိုးတူများအား ကိုက်ဖြတ်ခြင်း မရှိတော့ဘဲနှင့် နက်မှောင်ကာ ဗလာဖြစ်နေသည့် မျက်လုံးများသည် သူတို့၏ အရှေ့တွင်ရှိသည့် လတ်လတ်ဆတ်ဆတ် အသားများကိုသာ ပစ်မှတ်ထားနေကြသည်။

လတ်ဆတ်သည့် အသွေးအသားရနံ့အား နီးနီးကပ်ကပ် ရနေသဖြင့် ဇွန်ဘီများ၏ စွမ်းအင်များ ဆူပွက်လာကြသည်။ သူတို့၏ ဗလာမျက်လုံးများထဲတွင် အနက်ရောင်အစက်အပြောက်များ ဖြစ်ပေါ်လာသည်။

လူတိုင်း ဦးခေါင်းများပင် ထုံကျဉ်လာကြသည်။

“ဖာ့.. ဇွန်ဘီတွေရဲ့ ဆင့်ကဲ့ပြောင်းလဲမှုနှုန်းက အရှိန်မြင့်လာတယ်..”

“ဘော့စ်.. ဘော့စ်ရဲ့ ကံကောင်းစေတဲ့ ပါးစပ်လေး ဖွင့်ဖို့အချိန်ကိုက် မဟုတ်တော့ဘူး..”

လူတိုင်း ခွန်းတုံ့ပြန်ရန် အချိန်မရှိပေ။ အဆင့်မြင့်တက်သွားသည့် ဇွန်ဘီများသည် ရုတ်တရက် လေထဲသို့ ခုန်တက်လိုက်ပြီးနောက် လူသားများအား အသည်းအသန် တိုက်ခိုက်ကြပြီး လေထုအလယ်တွင် အမြှောက်ဆန်များကဲ့သို့ တိုက်ရိုက်တိုက်ခိုက်နေခြင်းဖြစ်သည်။

ဇွန်ဘီများသည် သူတို့၏ သွေးဆာနေသည့် ပါးစပ်များအား ယစ်ပူဇော်သည့် ပန်းကန်လုံးသဖွယ် ကျယ်လောင်စွာ ဖွင့်ဟထားကြပြီး ပြည်များပြည့်နေသည့် အစွယ်များအား ထုတ်ဖော်ပြသလျက်ရှိသည်။

ကျန်းချိုးသည် အဆင့် ၂ဇွန်ဘီတစ်ကောင်၏ တိုက်ခိုက်ခြင်းခံရသော်လည်း ဇွန်ဘီသည် သူ၏ သတ္တုအရေပြားအား ထိုးဖောက်နိုင်ခြင်း မရှိပေ။ ကျန်းချိုးသည် သူ၏စွမ်းရည်အား အလွန်ယုံကြည်စိတ်ချစွာဖြင့် ရှိနေပြီး ကြေးရုပ်တုတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်လိုက်ပြီးနောက် ပျင်းရိစွာဖြင့် မလှုပ်မယှက် ရပ်နေရင်း လက်တစ်ချောင်းမျှပင် လှုပ်ရှားလိုခြင်း မရှိပုံရသည်။

“ကျန်းချိုး မအေပေးကောင်.. ကလိမ်ကကျစ် အယုတ်တမာကောင်.. မြန်မြန်လေး လှုပ်ရှားစမ်းပါ..”

ထိုမြင်ကွင်းအား မြင်ရသည့်အခါ နင်ဖုန်းသည် ဒေါသတကြီး ပျံသန်းတော့မတတ် ဖြစ်လာသည်။ သူ၏ ဖိနှိပ်၍ မရနိုင်တော့သော ဒေါသကြောင့် လက်ထဲရှိ မီးတောက်များအား ပိုမိုပြင်းထန်စွာ လောင်ကျွမ်းလာလေသည်။ သူ၏ ဆံပင်အဖျားမှားနှင့် အဝတ်အနားစများတွင်လည်း မီးစွဲလာသည်။

သို့သော်လည်း နင်ဖုန်းသည် ထိုအရာများအား သတိမပြုမိချေ။

ပိုင်မေ့သည် အဆင့် ၂ဇွန်ဘီတစ်ကောင်အား ခုခံရင်းဖြင့် နင်ဖုန်းခန္ဓာကိုယ်၏ ပြောင်းလဲမှုအား ဖျတ်ခနဲ မြင်လိုက်ရသဖြင့် မျက်ဆံများ ကျဉ်းမြောင်းသွားသည်။

အခြားသူများအား လှည့်ကြည့်သည့်အခါတွင် နျဲ့ရှောင်တို့အဖွဲ့ထဲတွင် ပြောင်းလဲမှု အရိပ်အယောင်များအား တွေ့လိုက်ရသည်။

ထိုအချိန်တွင် နျဲ့ရှောင်သည် အဆင့် ၂ဇွန်ဘီ ၃ ကောင်၏ ဝိုင်းထားခြင်း ခံနေရပြီး ခန္ဓာကိုယ်ပြောင်းလဲမှုအား ပထမဆုံး ကြုံတွေ့ရသူဖြစ်သည်။ သူ၏ လက်နှစ်ဘက်မှာ ရုတ်တရက်ဆိုသလို မိုးကြိုးနှင့် လေပြင်းမုန်တိုင်းအဖြစ် ပြောင်းလဲသွားကြသည်။

ဇွန်ဘီတစ်ကောင်သည် သူ၏လက်မောင်းအား ကိုက်ဖြတ်ရန် ကြိုးစားသော်လည်း လေထုကိုသာ ကိုက်ဖြတ်မိလေသည်။ အဆိုပါဇွန်ဘီသည် လေပြင်းကြောင့် ပြောင်းပြန်လှန်ဖိကြိတ်ခံရပြီး ဦးခေါင်မှာလည်း မိုးကြိုးပစ်ခြင်း ခံလိုက်ရသည်။ လျှပ်စီးကြောင်း ဖြတ်သန်းသွားရာတွင် ဆိုးဝါးသည့် မီးလောင်ကျွမ်းသည့် အနံ့အသက် ထွက်ပေါ်လာသည်။

ကြေးရုပ်တုအဖြစ်သို့ ပြောင်းလဲနေသည့် ကျန်းချိုးသည် နံဘေးတွင် ထိုင်နေရင်းဖြင့် သူ၏မျက်လုံးများ ဖွင့်လိုက်လေသည်။ နှုတ်ခမ်းထောင့်တွင် နတ်ဆိုးဆန်ဆန် အပြုံးတစ်ခုလည်း ရှိလို့နေသည်။

“ရို့... မဆိုးပါဘူး.. သူက နောက်ဆုံးတော့ သဘောပေါက်ပြီး ပြောင်းလဲလာပြီပဲ..”

သတ္တုစွမ်းရည်မှာ ထူးခြားသည့်အတွက် ကျန်းချိုးသည် မသိစိတ်၏ စေ့ဆော်မှုအရ စွမ်းရည်ရရှိပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သူ၏အရေပြားအား သတ္တုအဖြစ်ပြောင်းလဲကာ ခုခံမှုပြုသည်။ ထို့ကြောင့် သူ၏ ဉာဏ်အလင်းရချိန်မှာ အခြားသူများထက် စောလေသည်။

*သို့သော်လည်း အခြားစနစ်၏ စွမ်းရည်ပိုင်ရှင်များအတွက်မူ လူမည်မျှသည် သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများအား စွမ်းရည်အဖြစ်သို့ ပြောင်းလဲနိုင်ရန် စဉ်းစားနိုင်မည်နည်း။

ကျန်းချိုး၏ စိတ်ဝင်စားမှုနှင့် ဆွဲဆောင်မှုတို့နှင့် ဆန့်ကျင်စွာပင် ပိုင်မေ့သည် သူနှလုံးသားထဲရှိ စိတ်မရှည်မှုတို့အား ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ပေ။ သူ၏မျက်လုံးများ အရောင်လက်လာပြီး နှုတ်ခမ်းများအား တင်းတင်းစေ့လိုက်သည်။ သူ၏လက်အား လှုပ်ရှားလိုက်သည့်အခါ ခဲဖျော့ရောင် စွမ်းရည်အမြုတေတစ်ခု ထွက်ပေါ်လာသည်။

လူတိုင်း အာရုံစိုက်မနေကြစဉ်တွင် ပိုင်မေ့သည် သူ၏လက်အား ဆတ်ခနဲ လှန်လိုက်ပြီးနောက် အနီးတွင်ရှိသည့် သာမန်ဇွန်ဘီးတစ်ကောင်၏ ဝမ်းဗိုက်ထဲသို့ ရိုက်ထည့်လိုက်သည်။

နျဲ့ရှောင်သည် ခန္ဓာကိုယ်ရှိ ပြောင်းလဲမှုများအားကြည့်ကာ မျက်လုံးထဲတွင် အံ့အားသင့်မှုတို့ လျှပ်သန်းသွားသည်။ ထို့နောက်တွင် လျှင်မြန်စွာဖြင့် ထိုပြောင်းလဲမှုများအား အစွန်းရောက်သည်အထိ အသုံးပြုလိုက်သည်။ သူ၏ပတ်ဝန်းကျင်တွင်ရှိသည့် အဆင့် ၂ဇွန်ဘီနှစ်ကောင်အား လျှင်မြန်စွာ သတ်ဖြတ်လိုက်ပြီးနောက် ရှောင်ယန်နှင့် နင်ဖုန်းတို့အား ကူညီရန် လှည့်လိုက်သည်။

သွမ့်ဝမ်ယွီနှင့် ဝူဝမ်ချီတို့သည် နျဲ့ရှောင်၏ ခန္ဓာကိုယ်မှ ပြောင်းလဲမှုများအား မြင်သည့်အခါ မျက်လုံးများ အရောင်တောက်လာသည်။ ထို့နောက် နျဲ့‌ရှောင်နောက်မှလိုက်ကာ သူတို့နှစ်ဦးသည်လည်း အောင်မြင်စွာဖြင့် ပြောင်းလဲနိုင်သွားကြသည်။

“ခင်ဗျားတို့က ဘာတွေဖြစ်နေကြတာလဲ..”

နင်ဖုန်း၏ ခြေထောက်တစ်ဝက်မှာ ပြောင်းလဲမှုအဆုံးသို့ ရောက်နှင့်ပြီးဖြစ်သော်လည်း သူ၏ထုံထိုင်းသည့်စိတ်မှာ ဆန်းကြယ်မှုအား ယခုထိတိုင် နားလည်သဘောပေါက်ခြင်း မရှိသေးပေ။ နင်ဖုန်းသည် သူတို့၏ ခန္ဓာကိုယ်များအား သဲ၊ လေနှင့်လျှပ်စီး၊ မိုးရေ အဖြစ် အောင်မြင်စွာ ပြောင်းလဲထားကြသည့် လူ ၃ ယောက်အား  ကြောင်အစွာဖြင့် ကြည့်နေမိသည်။

ရှောင်ယန်သည်လည်း ငေးစိုက်ကာဖြင့် ကြည့်နေမိသည်။

ထို့နောက်တွင် နင်ဖုန်းနှင့် ရှောင်ယန်တို့သည် သူတို့၏ အံ့အားသင့်ဖွယ်ရာ ခွန်အားများကို ကြွားလုံးထုတ်နေသည့် လူ ၃ ယောက်အား နားမလည်နိုင်စွာဖြင့် ကြည့်နေကြသည်။ သူတို့ ၃ ဦးသည် အတူတကွဖြင့် ဇွန်ဘီအများစုအား ရှင်းလင်းပစ်ကြပြီး အဆင့် ၂ဇွန်ဘီ အနည်းငယ်သာ ကျန်ရစ်လေသည်။

ပိုင်မေ့သည် အောင်မြင်စွာ ပြောင်းလဲသွားနိုင်သည့် ဝူဝမ်ချီနှင့် သွမ့်ဝမ်ယွီတို့ နှစ်ဦးအားကြည့်ကာ သူ၏မျက်လုံးထဲရှိ စိတ်အားထက်သန်မှုအား ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့လုနီးနီး ဖြစ်လာသည်။ ထို့နောက် ယခုထိတိုင် ပြောင်းလဲခြင်း မရှိသေးသည့် ရှောင်ယန်နှင့် နင်ဖုန်းအား လှည့်ကြည့်ပြီးနောက် လက်သီးဆုပ်ကာ အကြိမ်နည်းငယ်ခန့် စိတ်ဖြေလျော့လိုက်နိုင်သည်။

နျဲ့ရှောင်သည် ကျန်နေသည့် အဆင့် ၂ ဇွန်ဘီ နှစ်ကောင်အား ကြည့်လိုက်ပြီးနောက် တုံ့ဆိုင်းခြင်း မရှိဘဲနှင့် ချက်ချင်း ရင်ဆိုင်တိုက်ခိုက်လိုက်သည်။ သူ၏ ပုံရိပ်မှာ လျှပ်စီးနှင့် လေကဲ့သို့ မြန်ဆန်လှသည်။ နင်ဖုန်းသည် ထိုမြင်ကွင်းအား မြင်သည့်အခါတွင် တိုက်ပွဲမှာ အဆုံးသတ်သို့ ရောက်လာပြီဟု ခံစားမိသည်။

သို့သော်လည်း ထိုအချိန်မှာပင် မမျှော်လင့်ထားသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။

အဆင့် ၂ ဇွန်ဘီ နှစ်ကောင်တွင် တစ်ကောင်သည် ရုတ်တရက် ကျန်ရှိသည့် အဆင့် ၂ ဇွန်ဘီထံသို့ ပြေးသွားလေသည်။ သူ၏ သွေးသံရဲရဲ ပါးစပ်အား ရက်စက်ကြမ်းကြုတ်သည့် သားရဲကဲ့သို့ ကျယ်လောင်စွာ ဖွင့်ဟပြီး ကျန်ဇွန်ဘီ၏ ဦးခေါင်း ထက်ဝက်ကျော်အား တိုက်ရိုက်ဝါးမြိုလိုက်သည်။

ထို့နောက်တွင် သာမန်ဇွန်ဘီအုပ်ထဲသို့ ခုန်ဝင်သွားသည်။ ထိုဇွန်ဘီ၏ မျက်လုံးများမှာ နီရဲနေပြီး အခြားဇွန်ဘီများအား ရူးသွပ်စွာ ဆွဲဖြဲလို့နေသည်။ ဆုတ်ဖြဲခံလိုက်ရသည့် ခြေလက်အစိတ်အပိုင်းများသည် နေရာအနှံ့ပျံသန်းရောက်ရှိလာသည်။

သိသိသာသာပင် ထိုဇွန်ဘီမှာ သွေးရူးသွေးတန်းအခြေအနေသို့ ထပ်မံရောက်ရှိသွားပြန်သည်။

“ဒီစောက်.. အဲဒီခွေးမသားက ထပ်ပြီးအဆင့်မြင့်လာတော့မယ်.. ဒီနေ့ကတော့ စောက်ရမ်းဆိုးဝါးတဲ့နေ့ပဲ..”

နင်ဖုန်းမှာ မကျိန်ဆဲဘဲ မနေနိုင်တော့ချေ။

ထိုစကားအား ကြားသည့်အခါတွင် နံဘေးတွင် ကြေးရုပ်တုသကဲ့သို့ ထိုင်နေသည့် ကျန်းချိုးမှာ မျက်စိ ဖွင့်မကြည့်ဘဲ မနေနိုင်ချေ။

ကမ္ဘာပျက်ကပ် စတင်သည့် အချိန်မှ ယခုအထိ အဆင့် ၃ ဇွန်ဘီများ မွေးဖွားလာခဲ့ဖူးခြင်း မရှိချေ။

ထိုမြင်ကွင်းအား မြင်သည့်အခါ ပိုင်မေ့သည် စိတ်ကျေနပ်စွာဖြင့် သက်ပြင်းချလိုက်နိုင်သည်။ ထို့နောက်တွင် သူ၏နှုတ်ခမ်းများ မြင့်တက်လာကာ စိတ်ချသည့် အမူအရာဖြင့် အနောက်သို့ ဆုတ်လိုက်သည်။

ထိုမြင်ကွင်းကြောင့် နျဲ့ရှောင် စိတ်ပျက်လာမိပြီး တုံ့ဆိုင်းမနေရဲဘဲ ရှေ့သို့ပြေးတက်သွားလေသည်။

ထိုဇွန်ဘီ၏ သွေးရူးသွေးတန်းအခြေအနေ မပြီးဆုံးသေးချိန်တွင် နျဲ့ရှောင်၊ သွမ့်ဝမ်ယွီနှင့် ဝူဝမ်ချီတို့ အားလုံး အတူပူးပေါင်းလိုက်ကြပြီး မွေးဖွားဆဲဖြစ်သည့် အဆင့် ၃ ဇွန်ဘီအား သတ်ဖြတ်ရန် ကြိုးပမ်းကြသည်။ အပြင်ဘက်ရှိ သာမန်ဇွန်ဘီများအား သတ်ဖြတ်ရန် တာဝန်ယူထားကြသည့် နင်ဖုန်းနှင့် ရှောင်ယန်သည် ချွေးအေးများ ထွက်လာကြသည်။

အဆင့် ၂ ဇွန်ဘီသည် သွေးရူးသွေးတန်း အခြေအနေမှ သူ၏ မျိုးနွယ်တူများအား ဝါးမျိုစားသောက်ရာတွင် အပြည့်အဝ နစ်မြုပ်လျက်ရှိသည်။ နျဲ့ရှောင်တို့ ၃ ဦး ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့် ချဉ်းကပ်လာခြင်းအား ရင်ဆိုင်ရာတွင် ထိုဇွန်ဘီသည် တုံ့ပြန်မှု မရှိသလောက်ပင် ဖြစ်သည်။ သူ၏ ချွန်ထက်သည့် လက်သည်းများဖြင့် နက်မှောင်နေသည့် နှလုံးတစ်ခုအား ထိုးဖောက်ထုတ်ယူကာ ပါးစပ်ဖြင့် ကြိတ်ချေလိုက်သည်။

နျဲ့ရှောင်တို့သည် အောင်မြင်မှု လက်တစ်ကမ်းသို့ ရောက်နေကြပြီဟု ခံစားနေရချိန်တွင် ဇွန်ဘီ၏ ဆင့်ကဲပြောင်းလဲမှု ပြီးမြောက်သွားလေသည်။ အဆင့် ၃ သို့ အောင်မြင်စွာ ဆင့်ကဲပြောင်းလဲသွားခဲ့သော ဇွန်ဘီသည် ရုတ်တရက်ဆိုသလို မော့ကြည့်လာပြီး သူ၏ မျက်လုံးများမှာ ကြောက်မက်ဖွယ် အနီရောင်အဖြစ်သို့ ပြောင်းလဲလျက်ရှိသည်။

ကောင်းကင်ပေါ်တွင် ရုတ်တရက် ကြီးမားသည့် အနက်ရောင်စက်ကွင်း.တစ်ခု ထွက်ပေါ်လာသည်။

“အားးးးးး သတိထားကြ..”

နင်ဖုန်းနှင့် ရှောင်ယန်သည် လေထုထဲတွင် ဖြစ်ပေါ်လာသည့် ထူးဆန်းသည့် မြင်ကွင်းအား မြင်သည့်အခါတွင် စိုးရိမ်စွာဖြင့် အော်ဟစ်လိုက်ကြသည်။

သို့သော်လည်း ခြေတစ်လှမ်း နောက်ကျနေဆဲဖြစ်သည်။

ကောင်းကင်မှ ကျဆင်းလာသည့် စက်ကွင်းသည် နျဲ့ရှောင်တို့ ၃ ဦးထံသို့ တိုက်ရိုက်ပျံသန်းလာသည်။ အနက်ရောင်ကွင်းသည် ရုတ်တရက် တင်းကြပ်လာပြီး နျဲ့ရှောင်တို့ ၃ ဦးမှာ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ စွမ်းအင်စက်ကွင်းထဲတွင် ပိတ်မိသွားကြသည်။

ထိုအရာအားလုံး ပြုလုပ်ပြီးသည့်နောက်တွင် အဆင့် ၃ ဇွန်ဘီသည် နင်ဖုန်းနှင့် ရှောင်ယန်တို့ ရှိရာသို့ ဦးတည်လိုက်သည်။ လက်တစ်ဘက်ဖြင့် စက်ကွင်းအား ထိန်းချုပ်ပြီး ကျန်လက်တစ်ဘက်သည် ချွန်ထက်သည့် အနက်ရောင်လက်သည်းများအား ထုတ်ဖော်ကာ ရှောင်ယန်နှင့် နင်ဖုန်းရှိရာသို့ တန်းတန်းမတ်မတ် သွားလေသည်။ အဆင့် ၃ ဇွန်ဘီသည် သူတို့နှစ်ဦး၏ ဦး‌ခေါင်းများအား ပစ်မှတ်ထားနေပုံပေါ်ပြီး ဦးခေါင်းခွံအား ဖွင့်ကာ အဆီအနှစ်များအား စုပ်ယူရန် စိတ်အားထက်သန်နေပုံပင်။

“၈.. ‌စောက်ရေးထဲမှ..”

ဝူဝမ်ချီ၏ အသားအရောင်မှာ မြင်မကောင်းအောင် ဖြစ်လာပြီး စက်ကွင်းထဲမှ လွတ်မြောက်နိုင်ရန် ကြိုးစားရုန်းကန်လျက်ရှိသည်။ နျဲ့ရှောင်သည်လည်း လျင်မြန်စွာဖြင့် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းများအား လေနှင့် လျှပ်စီးများအဖြစ်သို့ ပြောင်းလဲကာ လွတ်မြောက်ရန် ကြိုးပမ်းလေသည်။ သို့သော်လည်း ချုပ်နှောင်စွမ်းရည်မှာ သူတို့တွေးထင်ထားသည်ထက် ပိုမိုကာ အစွမ်းထက်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြချေ။

နျဲ့ရှောင်တို့သည် နင်ဖုန်းနှင့် ရှောင်ယန်တို့ထံ ကျရောက်လာတော့မည့် အန္တရာယ်အား ကြည့်နေရုံသာ တတ်နိုင်တော့သည်။

ဤမြင်ကွင်းအား ကြည့်နေသည့် ပိုင်မေ့သည်လည်း စိုးရိမ်ပူပန်လျက်ရှိသော်လည်း သူ၏မျက်လုံးထဲရှိ ပျော်ရွှင်မှုတို့အား ထိန်းချုပ်မထားနိုင်တော့ချေ။ အောင်မြင်တော့မည်ဟု တွေးထင်နေသော်လည်း မနီးမဝေးတွင် ရှိနေသည့် ကျန်းချိုးအား လုံးလုံးလျားလျား လျစ်လျူရှုထားမိခဲ့သည်။

ကျန်းချိုးသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ပြေးသွားပြီး နင်ဖုန်းနှင့် ရှောင်ယန်အား အဝေးသို့ ဆွဲကာ သူ၏ သံမဏိခြေထောက်ဖြင့် စွမ်းအင်စက်ကွင်းအား ကန်ထုတ်လိုက်သည်။

ပြီးပြည့်စုံတဲ့ ကြားဝင်မှု။ (•‌ᴗ•‌ )و

အဆင့် ၃ ဇွန်ဘီ၏ လက်သည်းများမှာ လေထုကိုသာ ထိမိသွားလေသည်။

“မင်းတို့နှစ်ယောက် မြန်မြန် သွားကြတော့..”

နျဲ့ရှောင်သည် အဆင့် ၃ ဇွန်ဘီ ငမ်းငမ်းတက် လိုချင်နေသည့် အရာအား အနည်းငယ် သတိပြုမိလိုက်သဖြင့် နင်ဖုန်းနှင့် ရှောင်ယန်အား လျင်မြန်စွာ အော်ဟစ်ပြောဆိုလိုက်သည်။

နင်ဖုန်းမှာ ထွက်သွားဖို့ရန် မလိုလားသော်လည်း ရှောင်ယန်သည် ချက်ချင်း တုံ့ပြန်ပြီးနောက် နင်ဖုန်းအား ဆွဲယူကာ ထွက်ပြေးလေသည်။ ပိုင်မေ့သည် အခြားသူများ၏ အရေးကိစ္စအား ဝင်ရောက်နှောင့်ယှက်သည့်အတွက် ကျန်းချိုးအား တိတ်တဆိတ် ဆဲရေးလိုက်ပြီး နင်ဖုန်းနှင့် ရှောင်ယန်တို့ ထွက်ပြေးသည့်နောက်သို့ လျင်မြန်စွာ လိုက်သွားလေသည်။

ကျန်းချိုးသည် အဆင့် ၃ ဇွန်ဘီအား ခေတ္တမျှ အချိန်ဆွဲလိုက်နိုင်သည်။ နင်ဖုန်းနှင့် အခြားသူ နှစ်ဦး လုံလောက်သည့် အကွာအဝေးသို့ ရောက်ရှိချိန်တွင် ကျန်းချိုးသည် ချက်ချင်းပင် အဆင့် ၃ ဇွန်ဘီ၏ စွမ်းရည်ဖြင့် ဖမ်းချုပ်ခံလိုက်ရပြီး နျဲ့ရှောင်တို့ ရှိရာသို့ ပစ်လွှတ်ခြင်း ခံလိုက်ရသည်။

“မင်းက တကယ်ကို စောက်သုံးမကျဘူး..”

ဝူဝမ်ချီသည် ကျန်းချိုးအား စိုက်ကြည့်ရင်း ပြောဆိုတော့သည်။

“မင်းက လူလိမ်လူညစ် တစ်ယောက်ဖြစ်နေတာ အံ့ဩစရာ မရှိတော့ဘူး.. ဘယ်အချိန်မှာ တိုက်ခိုက်ရမယ် ဆိုတာကိုလည်း မသိသလို အခြားသူတွေရဲ့ ခံစားချက်ကိုလည်း နားမလည်ဘူး..”

ကျန်းချိုးသည် သူ့ကိုယ်သူ ကြေးရုပ်တုအဖြစ် တိတ်တဆိတ် ပြောင်းလဲလိုက်ပြီး သူ၏ သတ္တုခေါင်းအား မနားမနေ ကိုက်ခဲနေသည့် ဇွန်ဘီအား ထိုင်ကြည့်နေလေသည်။

“မင်းရဲ့ ဇနီးလေးကို ကယ်လိုက်တာတောင် ငါ့ကို ကျေးဇူးမတင်သေးဘူးပေါ့..”

“မင်းကိုယ်မင်း ပြန်လုပ်နေလိုက်လေ..”

အခြားသူများသည်လည်း ခန္ဓာကိုယ်အား စွမ်းရည်အဖြစ်သို့ ပြောင်းလဲလိုက်ကြသည်။ ဖမ်းချုပ်ခံထားရသဖြင့် လှုပ်မရသည့်တိုင်အောင် ဇွန်ဘီများအနေဖြင့် သူတို့အား ထိခိုက်အောင် မလုပ်နိုင်ကြပေ။

သူတို့၏ ပါးစပ်များအားဖွင့်ကာ ကိုက်လိုက်သည့်အချိန်တွင် ပါးစပ်နှင့်အပြည့် သဲများ၊ ရေများ သို့မဟုတ် မာကြောသည့် သတ္တုကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် သွားများသာ ပြန်လည်ရရှိလေသည်။

ထိုအချိန်တွင် ဝူဝမ်ချီ၊ သွမ့်ဝမ်ယွီနှင့် ကျန်းချိုးတို့သည် ဇွန်ဘီများ၏ ချဉ်းကပ်ခြင်း ကိုက်ခဲခြင်း မခံရသည့် နျဲ့ရှောင်အား များစွာမနာလိုဖြစ်မိကြသည်။

မိုးကြိုးလျှပ်စီးယောင်ဆောင်နေသည့် နျဲ့ရှောင် : “……”

ဇွန်ဘီများ၏ အဆက်မပြတ် ကိုက်ခဲခြင်းခံနေရသည့် ကျန်းချိုးမှာ သူ၏ မနာလိုဖြစ်မှုအား မည်သည့်အခါတွင်မျှ ဝန်ခံလိမ့်မည် မဟုတ်ချေ။ အေးစက်သည့် လေသံဖြင့် ပြောလေသည်။

“ဪ.. ဇွန်ဘီတွေကတောင် အန္တရာယ်ကောင်တွေကို ရွံကြတာပဲ..”

“မင်းအမေကမှ စော-က်အန္တရာယ်ကောင်..”

Continue Reading

You'll Also Like

9.7K 945 32
Neil and Aarohi met in their siblings' wedding.Read the story to know how they fell for each other and realised their love.
160K 1.2K 54
vinnie hacker images/ imagines (no smuts) basically the title
252K 10K 32
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK๐ŸŒ๐ŸŒš
3.6K 539 6
แ€…แ€ฌแ€›แ€ฑแ€ธแ€žแ€ฐ : แ€šแ€ฎแ€ธแ€›แ€พแ€…แ€บแ€Ÿแ€ฝแ€ฌแ€ธแ€แ€ปแ€”แ€บ แ€กแ€™แ€ปแ€ญแ€ฏแ€ธแ€กแ€…แ€ฌแ€ธ : Comedy Romance School Life Shounen Ai Supernatural