မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်...

By Moesattkha

136K 15.9K 262

ဟိုဘက် acc log ကျသွားလို့ဒီမှာပြန်တင်ပေးပါမယ်ရှင့် More

Description
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23) (Unicode)
Chapter (23) (Zawgyi)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chaptet (40)
Chapter (41.1)
Chapter (41.2)
Chapter (42.1)
Chapter (42.2) (Unicode)
Chapter (42.2) (Zawgyi)
Chapter (43) (Unicode)
Chapter (43) (Zawgyi )
Chapter (44) (Unicode)
Chapter (44) (Zawgyi)
Chapter (45.1)
Chapter (45.2)
Chapter (46)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chspter (59)
Chapter (60)
Chapter (61)
Chapter (62)

Chapter (47)

1.2K 147 4
By Moesattkha

( Unicode )

ကုယွမ်ကျိုး၏ ဒဏ်ရာအခြေအနေကြောင့် ဆေးရုံမှဆင်းလာသောအခါ မုရှင်းယုက သူ့ကို ဝှီးချဲလ်ပေါ်တွင် သာထိုင်ခိုင်းသည်။

ကုယွမ်ကျိုးက စိတ်ခံစားမှုအပြည့်နဲ့ပြောတယ်။

" အစကတော့ ကိုယ် ဝှီးချဲကို စွန့်လွှတ်နိုင်တော့မယ်ထင်တာ "

" ခဏလောက် သည်းခံလိုက်ပါ "

မုရှင်းယုက ပြုံးပြီး ပြောလိုက်တယ်။ ရုတ်တရက် ကုယွမ်ကျိုး အန်ဒရီကို ကိုင်တွယ်သောအခါက သူ့ရဲ့ လှုပ်ရှားမှုတွေက အရမ်းလျင်မြန်ပြီး သူ့ခြေထောက်တွေက အရမ်းသန်မာတာကို သူသတိရမိသွားတယ်။

" ခင်ဗျား ခြေထောက်တွေ ဘယ်လိုနေလဲ? နိုင်ငံခြားကို မသွားခင်တုန်းက ခင်ဗျားဒီလောက်ကောင်းလာတာကို ကျတော်မသိရပါလာ "

မုရှင်းယု၏စကားကိုကြားတော့ ကုယွမ်ကျိုးသည် အနည်းငယ်နောင်တရသွားသလို " ကိုယ် မင်းကို အံ့သြစရာတစ်ခုပေးချင်ခဲ့တာ..."

မုရှင်းယုက မရယ်ဘဲမနေနိုင်ခဲ့ပေ။ သူတို့ နှစ်ယောက်စလုံးကအချင်းချင်း စပရိုက်တွေ ပြင်ဆင်ထားပေမယ့် နှစ်ယောက်စလုံး မတော်တဆမှုကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ရသည်။

ကုယွမ်ကျိုး၏ တိုက်ခန်းသည် မြို့လယ်ခေါင်တွင် တည်ရှိသည်။ တန်ဖိုးကြီး လူနေအိမ်ဖြစ်ပြီး တစ်ထပ်တွင် နေထိုင်သူ တစ်ဦးတည်းသာရှိပြီး အထူးလုံခြုံမှုရှိသည်။

ကုယွမ်ကျိုးသည် တိတ်ဆိတ်ခြင်းကို နှစ်သက်သောကြောင့် သူသည် အပေါ်ဆုံးနှစ်ထပ်ကိုဝယ်ပြီးနောက် နှစ်ထပ်အိမ်တစ်လုံးအသွင်ပြင်ဆင်ခဲ့တယ်။

မုရှင်းယုသည် ကုယွမ်ကျိုး၏ သီးသန့်နေထိုင်ရာသို့ ရောက်ရှိလာသောအခါ သူ၏ ပထမဆုံးခံစားချက်မှာ အေးစက်ခြင်းဖြစ်သည်။ ၎င်းမှာ မည်သူမျှ အကြာကြီးနေထိုင်ခြင်းမရှိသောကြောင့် အေးစက်နေတာမျိုးမဟုတ်ဘဲ အလှဆင်မှုပုံစံနှင့်ပရိဘောဂ အပြင်အဆင်များမှအစ အေးစက်နေပုံရသည်။

အပြင်အဆင်မှာ မီးခိုးရောင်နှင့်အဖြူရောင် နှစ်ရောင်စပ် ခေတ်မီပြီးရိုးရှင်းသောပုံစံဖြစ်သည်။ ပရိဘောဂ အားလုံးသည် မီးခိုးရောင်ဖြစ်သည်။ နေရာကကျယ်ပြီး ပရိဘောဂ ပစ္စည်းများသိပ်မရှိသောကြောင့် ဟင်းလင်းပြင်ကြီးလိုဖြစ်နေသည်။

ပထမထပ်တွင် အခန်းလေးခန်းရှိသည်။ အန်တီချူနှင့် သက်တော်စောင့်များသည် ပထမထပ်တွင် နေထိုင်သည်။ မုရှင်းယုသည် ဓာတ်လှေကားဖြင့် ဒုတိယထပ်သို့  ကုယွမ်ကျိုးနှင့် လိုက်သွားခဲ့သည်။

ဒုတိယထပ်သည် ကုယွမ်ကျိုး၏ သီးသန့်နေရာဖြစ်ပြီး အများအားဖြင့် သူသည် လူများကို တက်ခွင့်မပြုပေ။

အိပ်ခန်းသည် အလွန်ကျယ်ဝန်းပြီး မြင်ကွင်းသည် အလွန်ပွင့်လင်းတယ်။ မုရှင်းယုသည် ကြမ်းပြင်မှမျက်နှာကြက်အထိ ထိနေတဲ့ပြတင်းပေါက်များမှတစ်ဆင့် လန်ဒန်မြို့၏ ရှုခင်းများစွာကို မြင်တွေ့နိုင်သည်။

ကုယွမ်ကျိုးသည် ဝှီးချဲလ်ပေါ်ကနေ မတ်တပ်ထရပ်ကာ သူ့နောက်ကျောကဒဏ်ရာကိုမပွင့်အောင် ဖြည်းညှင်းစွာ လမ်းလျှောက်လာတယ်။

" မင်းဒီနေရာကိုကြိုက်လား? " ကုယွမ်ကျိုးက မုရှင်းယုဆီကိုလာပြီး မေးတယ်။

" အွန်...ဒါပေမယ့် ကျတော် ကုအိမ်ကို ပိုကြိုက်တုန်းပဲ " မုရှင်းယုက ကုအိမ်သည် အိမ်နဲ့ ပိုတူတယ်လို့ ခံစားမိတာကြောင့် ​ပြောလိုက်တယ်။

" ဒါဆို စောစောပြန်ရအောင် "

မုရှင်းယုသည် ကုယွမ်ကျိုးက တရုတ်ကိုပြန်ရန် အလွန်ပင် စိတ်အားထက်သန်နေကြောင်း တွေ့ရှိခဲ့သည်။ ထို့အပြင် ကုယွမ်ကျိုးသည် မူလကတည်းက UK သို့ မလာချင်ခဲ့ပေ။

သို့သော် သူသည် ကုယွမ်ကျိုး၏ အထုံးကို ဖြေဖျောက်ရန် ကူညီမည်ဟု ဖိုးဖိုးကုကို ကတိပေးခဲ့တယ်။ ထို့ပြင် သူသည် ကုယွမ်ကျိုးတွင် ဝန်ထုပ်ဝန်ပိုးများလွန်းသည်ဟု ခံစားမိပြီး သူ့ကိုယ်သူ အရမ်းအပင်ပန်းခံနေတာမျိုးကို သူမလိုချင်ဘူး။

" နောက်တစ်ပတ်လောက်စောင့်ရအောင်။ ခင်ဗျား အမာရွတ်တွေ ပျောက်ပြီးရင် ကျတော်တို့ပြန်ကြမယ် " မုရှင်းယုကပြောတယ်။

ကုယွမ်ကျိုးက မျက်မှောင်ကြုတ်လိုက်မိတယ်။ သူတကယ်ကို လန်ဒန်မှာ ဆက်မနေချင်တော့ဘူး။

မုရှင်းယုက ပြုံးပြီးပြောတယ်။

" မစ္စတာကု အရမ်းကြီးလေးနက်မနေပါနဲ့၊ ကျတော်တို့ နှစ်ယောက်ထဲကမ္ဘာကို ပျော်ပျော်ပါးပါးနေကြမယ်လေ။ ဘယ်လိုလဲ ? "

" နှစ်ယောက်ထဲကမ္ဘာလား? " ကုယွမ်ကျိုးက ပြုံးလိုက်ပြီး " ဒါနဲ့ ကိုယ်တို့လက်ထပ်ပြီးပေမယ့် ဟန်းနီးမွန်းလည်း မထွက်ရသေးဘူးနော် "

" မစ္စတာကု ကျတော်တို့ တွေ့ဆုံမှုကနေ ကျတော်တို့ အိမ်ထောင်ရေးအထိ ဖြစ်စဉ်တစ်ခုလုံးက အရမ်းရှုပ်ထွေးနေတယ်ထင်တယ်။ ကျတော် ခင်ဗျားကို စေ့စပ်လက်စွပ်လေးဘဲ ပေးလိုက်ရသေးတယ်၊ ဘာလို့ ဟန်းနီးမွန်းကို ခုန်ကူးသွားတာလဲ? " မုရှင်းယုက အရွှန်းဖောက်လိုက်တယ်။

" အမှန်ဘဲ " ကုယွမ်ကျိုးသည် မုရှင်းယုကိုကြည့်ရင်း လေးလေးနက်နက် ခေါင်းညိတ်ပြပြီး " တချို့ခြေလှမ်းတွေက မှားနေတယ်လို့ ကိုယ်ခံစားရတယ်။ မင်းရဲ့ စေ့စပ်လက်စွပ်ကို ကိုယ်လက်ခံလိုက်ပြီ၊ ဒါပေမယ့် ကိုယ်တို့ ခုထိ မနမ်းရသေးဘူး "

" မဟုတ်ဘူးလေ တကယ်တော့ ကျတော် ...... "

မုရှင်းယုသည် နိုင်ငံမထွက်ခွာခင် ကုယွမ်ကျိုးကို နမ်းခဲ့တယ်လို့ ပြောချင်သော်လည်း ကုယွမ်ကျိုးသည် ရုတ်တရက် သူ့ထံသို့ ချဉ်းကပ်လာပြီး သူ့ခါးကို ပွေ့ဖက်ကာ သူ့နှုတ်ခမ်းကို နမ်းလိုက်သည်။

ဒါက သူတို့နှစ်ဦးကြားက ပထမဆုံးအနမ်းဖြစ်သည်။ ယခင်က မုရှင်းယု ကုယွမ်ကျိုးကို နမ်းခဲ့သည့် နဖူးမှအနမ်းနှင့်မတူဘဲ ကုယွမ်ကျိုးသည် မုရှင်းယု၏နှုတ်ခမ်းတွင် သူ့ကိုယ်ပိုင်အမှတ်အသားများကို ချန်ထားလိုသကဲ့သို့ ကုယွမ်ကျိုးသည် ပြင်းပြင်းထန်ထန်နမ်းနေသည်။

မုရှင်းယုသည် အစပိုင်းတွင် အနည်းငယ်တုန့်ဆိုင်းသွားပြီး သူ၏ ပထမဆုံးတုံ့ပြန်မှုသည် နောက်ဆုတ်ရန်ဖြစ်သော်လည်း ကုယွမ်ကျိုး၏ လက်များက သူ့ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားသောကြောင့် နောက်ဆုတ်ရန်မဖြစ်နိုင်ပေ။

နှုတ်ခမ်းချင်း ထိတွေ့မှုက မုရှင်းယုကို နမ်းတဲ့ ခံစားချက်ကို အမှန်တကယ်သိသွားစေတယ်။

ခဏတုန့်ဆိုင်းသွားပြီးနောက် သူသည် ကုယွမ်ကျိုးရဲ့ခါးကို လှမ်းကိုင်လိုက်ပြီး ကုယွမ်ကျိုးရဲ့ အနမ်းကို စတင်တုံ့ပြန်လိုက်တော့တယ်။

နေရောင်သည် ကြမ်းပြင်မှမျက်နှာကြက် ပြတင်းပေါက်များမှ တဆင့် အခန်းထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး ကုယွမ်ကျိုးနှင့် မုရှင်းယုတို့၏ မျက်နှာများပေါ်တွင် အလင်းရောင်များဖြာကျနေသည်။

နှစ်ယောက်သား ခွာလိုက်သောအခါ နေရောင်သည် မုရှင်းယုတို့၏ နှုတ်ခမ်းကြားရှိ အမျှင်တန်းလေးပေါ် ကျရောက်နေပြီး ဆွဲဆောင်မှုရှိသော တောက်ပမှုကို ထင်ဟပ်စေခဲ့သည်။

...

ညဘက်တွင် အနားယူသောအခါ မုရှင်းယုနှင့် ကုယွမ်ကျိုးတို့သည် အတူတူအိပ်ကြသည်မှာ သေချာသော်လည်း သူတို့၏ဆက်ဆံရေးသည် လျင်မြန်စွာ ပူနွေးလာသောကြောင့် မုရှင်းယုက ပတ်ဝန်းကျင်လေထုသည် ကွဲပြားသွားသည်ကို ခံစားလိုက်ရသည်။

မီးများပိတ်ပြီးနောက် လရောင်သည် အခန်းထဲသို့ တောက်ပလာကာ မုရှင်းယု၏ အေးချမ်းသောမျက်နှာကို လင်းလက်တောက်ပစေသည်။

မုရှင်းယုသည် မျက်လုံးများကိုမှိတ်ထားသော်လည်း အိပ်မပျော်နိုင်ဘဲ နမ်းလိုက်သည့်အထိအတွေ့သည် သူ့နှုတ်ခမ်းပေါ်တွင် ကျန်ရှိနေပုံရသည်။ ရုတ်တရက် သူ့ဘေးနားမှ ထွက်လာသောအသံကို ကြားလိုက်ရပြီး ထူးဆန်းစွာ ခံစားလိုက်ရကာ မျက်လုံးဖွင့်လိုက်သောအခါ ကုယွမ်ကျိုးသည် သူ့ဆီသို့ ရွေ့လျားလာသည်ကို သူမြင်လိုက်ရသည်။

" ခင်ဗျားဘာလုပ်နေတာလဲ? " မုရှင်းယုကမေးတယ်။

" ကိုယ် မင်းနဲ့ပိုနီးချင်လို့ " ကုယွမ်ကျိုးက ပြန်ဖြေတယ်။

မုရှင်းယုက ရယ်မောရင်း " ဒီလောက်က မနီးသေးဘူးလား? " သူတို့နှစ်ယောက်သည် ကုတင်တစ်ခုထဲတွင် အိပ်နေကြတာ​လေ။

ကုယွမ်ကျိုးက " မလုံလောက်သေးဘူ " ဟုပြောလိုက်တယ်။

ဒီအချိန်မှာ ကုယွမ်ကျိုးက အိပ်ရာက ကြီးမားနေရတာကို နောင်တရနေတယ်။ သူနှင့် မုရှင်းယုသည် အတူတူအိပ်ကြသော်လည်း အလယ်တွင် အလွန်ရှင်းလင်နေသည်။

" မလှုပ်နဲ့တော့! " မုရှင်းယုသည် ကုယွမ်ကျိုးနောက်တစ်ကြိမ် ထပ်ရွှေ့တော့မည်ကို မြင်လိုက်ရတော့ပြောလိုက်တယ်။

ကုယွမ်ကျိုး၏ ခန္ဓာကိုယ်မှ ဒဏ်ရာများကို သူစိတ်ပူသောကြောင့် ကုယွမ်ကျိုးကို တားဆီးရန်အစပြုခဲ့သည်။

လန်ဒန်မှာ ညက နည်းနည်းအေးတယ်။ ကုယွမ်ကျိုးနဲ့ မုရှင်းယုတို့က စောင် အသီးသီး ခြုံထားတယ်။ ဤအခိုက်အတန့်တွင် စောင်အောက်မှ ကုယွမ်ကျိုးသည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး မုရှင်းယု၏ စောင်ထဲသို့ ရောက်သွားသည်။

မုရှင်းယုသည် သူ့လက်ကို နွေးထွေးသောလက်ဖဝါးက ဆုပ်ကိုင်ထားသည်ကို ခံစားလိုက်ရပြီး နှလုံးတုန်သွားကာ ကုယွမ်ကျိုးကို ချက်ချင်းကြည့်လိုက်သည်။

" ဒီလိုဆို ပိုနီးတယ် " ကုယွမ်ကျိုးက လေးနက်စွာပြောသည်။

" မစ္စတာကု ခင်ဗျား ဒီလောက် ကလေးဆန်မှန်း ကျတော် ဘယ်တုန်းကမှ မသိခဲ့ဘူး " မုရှင်းယုက ရယ်လိုက်မိတယ်။

" ကလေးဆန်တယ်? မင်းအတွက်ဆို ကိုယ် ကလေးဆန်ဖို့ ဆန္ဒရှိတယ် " ကုယွမ်ကျိုးက အလေးအနက်ပြောပြီး မုရှင်းယုက စကားမပြောဘဲ နေလိုက်သည်။

" ကောင်းပြီ၊ ကလေးဆန်တဲ့ မစ္စတာကု မြန်မြန်အိပ်ရာဝင်တော့ ခင်ဗျား ဒဏ်ရာတွေ ရှိနေသေးပြီး ခန္ဓာကိုယ်ကို ကောင်းကောင်း ဂရုစိုက်ရမယ် "

မုရှင်းယုသည် မျက်လုံးများကိုမှိတ်ထားပြီး မကြာမီ အိပ်ပျော်သွားတယ်။ ကုယွမ်ကျိုးသည်လည်း မုရှင်းယု၏ အိပ်နေသောမျက်နှာလေးကိုကြည့်ရင် မကြာခင်မှာဘဲ အိပ်သွားခဲ့တယ်။

သို့သော် မုရှင်းယု၏ အသိစိတ်သည် အလွန်ရှင်းလင်းနေသည်။ သူသည် ဖိုးဖိုးကု ပြောသည့်စကားကို တွေးကာ ကုယွမ်ကျိုး၏ အထုံးကို ပြေအောင် မည်သို့ လမ်းညွှန်ရမည်ကို တွေးနေမိတယ်။

ခဏအကြာတွင် ကုယွမ်ကျိုးအိပ်ပျော်သွားပြီးနောက် သူသည် ကုယွမ်ကျိုး၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းညှင်းစွာ အသစ်စက်စက် ဝိညာဉ်မြူခိုးများကို ဆက်လက်ဖြည့်သွင်းပေးခဲ့သည်။

အရင်တုန်းကတော့ ကုယွမ်ကျိုး အိပ်နေတဲ့အချိန်မှာ ဝိညာဉ်မြူခိုးများ ပေးခဲ့ဖူးပေမယ့် ဒီညတော့ မတော်တဆမှု တစ်ခုခုဖြစ်သွားခဲ့တယ်။

ကုယွမ်ကျိုးက စိတ်မသက်မသာ ညည်းတွားလိုက်ပြီး မျက်လုံးဖွင့်လိုက်တယ်။

မုရှင်းယုက လန့်သွာတယ်....

" ခင်ဗျား အိပ်မပျော်ဘူးလား? "

" အိပ်ပျော်တော့မှာ ဒါပေမယ့်..." ကုယွမ်ကျိုးက သူ့ခန္ဓာကိုယ်မှာ နွေးထွေးပြီး သက်တောင့်သက်သာ ခံစားလိုက်ရပေမယ့် သူ့နောက်ကျောက ယားယံလာပြီး မှိန်းခနဲ လန့်နိုးလာတာဖြစ်တယ်။

" ဒါပေမယ့်? ဘာဖြစ်တာလဲ? " ကုယွမ်ကျိုး အဆင်မပြေဖြစ်တာကိုမြင်တော့ မုရှင်းယုက ကုတင်ဘေးက မီးအိမ်ကို အမြန်ဖွင့်လိုက်တယ်။

ကုယွမ်ကျိုးက ထထိုင်လိုက်ပြီး မုရှင်းယုအား သူ့နောက်ကျောကို ကြည့်ခွင့်ပေးလိုက်တယ်။

မုရှင်းယုသည် ကုယွမ်ကျိုး၏ ပိုးညဝတ်အင်္ကျီကို လှန်လိုက်တယ်။ သူသည် သန်မာသော်လည်း ယခုအခါ အမာရွတ်များ ဖုံးအုပ်နေတယ်။ မုရှင်းယုက သွေးထွက်သည့်အရိပ်အယောင် မတွေ့သဖြင့် " ဘာဖြစ်သွားတာလဲ? ဒဏ်ရာကတော့မပွင့်ဘူး " ဟုမေးလိုက်တယ်။

" နည်းနည်း ယားတယ် " ကုယွမ်ကျိုးရဲ့ ပြင်းထန်တဲ့ ချုပ်တည်းမှုကြောင့်သာ မဟုတ်ရင် သူက လက်ကို ဆန့်တန်းပြီး ကုတ်မိလိမ့်မယ်။

မုရှင်းယုသည် ဝိညာဉ်မြူခိုးကြောင့် အမာရွတ်များခြောက်သွားပြီး ကုယွမ်ကျိုး၏ နောက်ကျောက ယားယံလာခြင်းဖြစ်ကြောင်း ရိပ်မိသွားတယ်။

" ခဏစောင့်နော် " ပြောပြီးနောက် မုရှင်းယုသည် ကုတင်မှထကာ ဆရာဝန် ညွှန်ကြားသည့် ဆေးများရှိသည့် ဆေးပုံးကိုယူလိုက်တယ်။

မကြာမီ သူသည် ယားယံတာသက်သာစေသော ဖြန်းဆေးပုလင်းကို တွေ့ရှိပြီး ကုယွမ်ကျိုး၏ ယားယံသော နေရာကို ဂရုတစိုက် ဖြန်းပေးလိုက်တယ်။

ရေမှုန်ရေမွှားလေးက အရမ်းလန်းဆန်းပြီး လူတွေကို အေးမြတဲ့ခံစားမှုကိုပေးတယ်။ နောက်ဆုံးမှာတော့ ကုယွမ်ကျိက ပိုကောင်းလာပြီး အနားယူဖို့ ပြန်အိပ်လိုက်တယ်။

သို့သော် သူသည် မုရှင်းယုထံသို့ တမင်တကာနီးကပ်လာကာ မုရှင်းယုကိုယ်ပေါ်ရှိ အမျိုးသားရေမွှေးနံ့သည် သူ့နှာခေါင်းဖျားတွင် တဖျပ်ဖျပ် စွဲနေခဲ့တယ်။

" ဒီရက်ပိုင်း အမာရွတ်တွေ ယားယံပေမယ့် မကုတ်မိဖို့ သတိရနော် " မုရှင်းယုက ညွှန်ကြားသည်။

" စိတ်မပူပါနဲ့ ကိုယ်မလုပ်ဘူး " ကုယွမ်ကျိုးက ပြုံးပြတယ်။

ဒီတစ်ခါတော့ နှစ်ယောက်သား အိပ်ပျော်သွားကြသည်။

...

နောက်တစ်နေ့ မုရှင်းယုနိုးလာသောအခါတွင် ကုယွမ်ကျိုးက နိုးနေပြီး သူ့ကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။

" ကု..." မုရှင်းယုက ပြောခါနီးတွင် ကုယွမ်ကျိုးက သူ့ရဲ့နဖူးကို နမ်းလိုက်တယ်။

" morning kiss " ကုယွမ်ကျိုးက အံ့အားသင့်နေသော မုရှင်းယုကိုကြည့်ကာ ရယ်မောတယ်။

" ထတော့ မစ္စတာမု "

" အိုး! " မုရှင်းယုက သူ့အသိတွေ ပြန်ပေါ်လာပြီး ပြုံးကာ ရေချိုးဖို့ ထလိုက်တယ်။

သူ့အိမ်မှာပဲမလို့ ကုယွမ်ကျိုးက ဝှီးချဲကိုမသုံးဘူး။ သူက ဖြည်းဖြည်းချင်း လမ်းလျှောက်နေပြီ သူ့ခြေထောက်တွေက မသန်မစွမ်းတဲ့ လက္ခဏာကို မတွေ့ရပေ။

အဝတ်အစားလဲပြီးတာနဲ့ ပထမထပ်ကို ဓာတ်လှေကားနဲ့ သွားလိုက်ကြတယ်။ အဲဒီအချိန်မှာ အန်တီချူက မနက်စာပြင်ဆင်ပြီးသွားပြီ။

ကုယွမ်ကျိုး၏ ဒဏ်ရာကြောင့် အန်တီချူးဟာ အာဟာရပြည့်ဝပြီး ကော်လာဂျင် ဖြည့်စွက်ထားတဲ့ မနက်စာကို ပြင်ဆင်ပေးခဲ့တယ်။ အရသာက အရမ်းကောင်းတာကြောင့် မုရှင်းယုက ဂျုံယာဂု ပန်းကန်လုံးနှစ်လုံးကို သောက်လိုက်သည် ။

ကုယွမ်ကျိုးသည် လွန်ခဲ့သည့် ရက်အနည်းငယ်က မေ့မြောနေပြီး အလုပ်များစွာ ပုံနေသောကြောင့် ထမင်းစားပြီးနောက်တွင် သူသည် အလုပ်များရှုပ်လာပါတော့သည်။

မုရှင်းယုသည် ဗီဒီယိုမီတင် လုပ်နေသည့် ကုယွမ်ကျိုးကို ကြည့်ကာ အခန်းထဲသို့ ပြန်သွားခဲ့သည်။

သူသည် ကုယွမ်ကျိုး၏ အထုံးကို မည်ကဲ့သို့ဖြေရမည်ကို တွေးနေကာ ရုတ်တရက် အကြံတစ်ခုရလာသည်။

....

ကုယွမ်ကျိုး သူ့အလုပ်ပြီးသွားတဲ့အခါ မုရှင်းယုကိုမတွေ့တော့ပေ။ ချန်ဖန်ကိုမေးတဲ့အခါ မုရှင်းယုဟာ မီးဖိုချောင်ထဲမှာရှိနေတာကို သိလိုက်ရတယ်။

သူက မျက်မှောင်ကြုတ်ပြီး မူရှင်းယုကို အသေးအဖွဲအရာတွေ မလုပ်စေချင်ပေ။ သို့သော် အချိန်အတော်ကြာအောင်စောင့်ပြီးနောက် မူရှင်းယုကို မတွေ့ရသေးပေ။

ထိုချိန်တွင် သူသည် အန်တီချူဆီက ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့တယ်။ ချိတ်ဆက်ပြီးနောက်တွင် မုရှင်းယု၏အသံမှာ ဖုန်းထဲမှ ထွက်ပေါ်လာတယ် " ယွမ်ကျိုး ကျတော့်ဖုန်းကို အခန်းထဲမှာထားခဲ့မိတယ်၊ ကျေးဇူးပြုပြီး ကျတော့်ကို ယူလာပေးလို့ရမလာ? "

" ကောင်းပြီ " ကုယွမ်ကျိုးသည် ကုတင်ဘေးရှိ ဖုန်းကို ကြည့်ကာ မုရှင်းယု၏ ပေါ့ဆမှုကိုရယ်မောလိုက်ပြီး အောက်ထပ်သို့ ဖုန်းကိုယူကာ မီးဖိုခန်းဆီသို့ လျှောက်သွားလိုက်သည်။

ထိုအချိန်တွင် သူ မူရှင်းယု၏အသံကိုကြားလိုက်ရသည်​။

" အန်တီချူး အန်တီ့ရဲ့ကလေးက အထက်တန်းကျောင်းတက်နေပြီဆိုကျတော်ကြားတယ် "

" ဟုတ်တယ်၊ ငါသူနဲ့ အတူမနေနိုင်တာ ဝမ်းနည်းစရာပဲ " အဒေါ်ချူက သက်ပြင်းချလိုက်တယ်။

" အထက်တန်းက သင်ယူခြင်းရဲ့ အရေကြီးဆုံးအဆင့်ဘဲ။ အန်တီအနားမှာမရှိတော့ စိတ်ဆိုးလား? "

" ဟုတ်တယ်၊ တစ်ခါတလေကျသူ့ကိုခေါ်ရင် သူက ကျွန်မကိုဒေါသထွက်တယ် "

" ဒါဆို အန်တီသူ့ကို အပြစ်တင်လား? " မုရှင်းယုကမေးတယ်။

အန်တီချူက ရယ်တယ်။

" မိခင်တစ်ယောက်အနေနဲ့ ကိုယ့်ကလေးကို ဘယ်လိုအပြစ်တင်ရမှာလဲ၊ သူ့အတွက် အရာရာအဆင်ပြေဖို့ဘဲ မျှော်လင့်တယ် "

" ဟုတ်တယ် ကျတော့်အမေဆိုလည်း အမြဲတမ်းဒီလိုဘဲ အရမ်းကောင်းတယ် " မုရှင်းယုက စိတ်လှုပ်ရှားမှုနှင့် ပြောတယ်။ " ငယ်ငယ်တုန်းကဆို အဖေက ကျတော်နဲ့ မကစားဘူးဆိုပြီး ညည်းညူခဲ့တယ်၊ ဒါပေမယ့် သူ့မှာ ကိုယ်ပိုင်အလုပ်ရှိတယ်ဆိုတာ ကျတော် တဖြည်းဖြည်း သိလာတယ်။ သူတို့ကို နားလည်အောင် သင်ယူရမယ် "

" မုရှောင်က အရမ်းဉာဏ်ကောင်းတယ်၊ မစ္စတာမုနဲ့ မစ္စစ်မုလည်း စိတ်သက်သာရာရစေတယ် "

" ဘယ်ဟုတ်မလဲ " မုရှင်းယုကရယ်ပြီး " ကျွန်တော် ငယ်ငယ်တုန်းက အရမ်းဆိုးခဲ့တာကို ယောင်ဝါးဝါး မှတ်မိသေးတယ် "

...

ကုယွမ်ကျိုးသည် မီးဖိုချောင်အပြင်ဘက်တွင် ရပ်နေပြီး မုရှင်းယုနှင့် အန်တီချူး စကားပြောတာကို နားထောင်ရင်း မုရှင်းယု၏ဖုန်းကိုကြည့်ကာ နောက်ဆုံးတွင် သူလာတာကို မုရှင်းယုသိစေရန် ခြေလှမ်းများကို တိုးမြှင့်လိုက်သည်။

ကုယွမ်ကျိုးကိုမြင်တော့ မုရှင်းယုက ပြုံးပြီးပြောတယ် " ယွမ်ကျိုး ကျတော့်ဖုန်းမှာ လွတ်သွားတဲ့ ဖုန်းခေါ်ဆိုမှု ရှိမရှိကို ခင်ဗျားကြည့်ပေးလို့ရလား? "

" ကောင်းပြီ " ကုယွမ်ကျိုးက ဖုန်းကိုဖွင့်လိုက်ပြီး ခေါင်းယမ်းလိုက်ကာ " မရှိဘူး " ဟုပြောသည်။

" အိုး ကျ​တော့်အမေက ကျတော့်ကို ဖုန်းဆက်မယ်လို့ပြောပေမယ့် အခုထိမခေါ်သေးဘူး " မုရှင်းယုက စိတ်မကောင်းဟန်နဲ့ သူ့လက်တွေကို တစ်ချက်ကြည့်လိုက်ပြီး " ကျတော့်လက်ထဲမှာ ဂျုံမှုန့်တွေရှိနေတယ်၊ ဖုန်းကို အိတ်ကပ်ထဲထည့်ပေးနော် "

မုရှင်းယုက မုန့်လုပ်နေပြီး သူ့လက်တွေက ဂျုံမှုန့်နဲ့ပေနေတယ်။

ကုယွမ်ကျိုးက မျက်မှောင်ကြုတ်ပြီး " အန်တီချူး လုပ်ပါစေ "

" မဟုတ်ဘူး၊ ကျတော် ခင်ဗျားအတွက် ခေါက်ဆွဲတစ်ပန်းကန် ချက်ပေးချင်တယ်၊ ခင်ဗျားမွေးနေ့မှာ ဘာမှ မစားခဲ့ရဘူး "

မုရှင်းယုက ကုယွမ်းကျိုးရဲ့ မွေးနေ့ကို မကျင်းပပေးရတဲ့ အချက်အပေါ် ငြီးတွားနေသေးတာမို့ ဒီတစ်ကြိမ်တော့ ကုယွမ်ကျိုးကို ခေါက်ဆွဲတစ်ပန်းကန်ချက်ပေးဖို့ အခွင့်အရေးကို ယူလိုက်သည်။ 

ကုယွမ်ကျိုးက အရမ်းပျော်နေပေမယ့် မုရှင်းယုနဲ့ အန်တီချူးတို့ရဲ့ စကားစမြည်ကို တွေးကြည့်တော့ သူ ထပ်မပျော်နိုင်တော့ဘူး။

" ဒါဆို မင်းလုပ်အားရဲ့ အသီးအပွင့်တွေကို ကိုယ်စောင့်နေမယ် " သူသည် အတင်းပြုံးကာ ဖုန်းကို မုရှင်းယု၏ အိတ်ကပ်ထဲသို့ ထည့်ပေးကာ​ မီးဖိုချောင်မှ ထွက်သွားလေသည်။

မီးဖိုချောင်ထဲမှာ မုရှင်းယုက အန်တီချူးကို ကြည့်ပြီး လက်မထောင်ပြလိုက်တယ်။

ကုယွမ်ကျိုးသည် သူ့ကိုယ်သူ အပြစ်တင်နေပြီး သူ့မိဘများ သေဆုံးခြင်းမှ ရှောင်လွှဲနေသောကြောင့် မုရှင်းယုသည် ကုယွမ်ကျိုးရှေ့မှာ အန်တီချူကို ပြဇာတ်လုပ်ဖို့ တောင်းဆိုခဲ့သည်။

အရမ်းကြီး တမင်တကာမှန်း မသိသာစေရန်အတွက် မုရှင်းယုနှင့် အန်တီချူးသည် ဘဝ၏ အသေးအမွှား အကြောင်းအရာများကိုသာ ပြောနေသော်လည်း ကုယွမ်ကျိုးကဲ့သို့ ထက်မြက်သောသူသည် မုရှင်းယု၏ ရည်ရွယ်ချက်ကောင်းများကို မည်သို့မသိနိုင်မည်နည်း။

ဒုတိယထပ်က အခန်းကို ပြန်ရောက်တော့ ကုယွမ်ကျိုးက လေးလေးနက်နက် အတွေးထဲ ဝင်သွားတယ်။

အစပိုင်းတွင် သူသည် စိတ်မြန်ပြီး ကစားရန် ထွက်ခဲ့သော်လည်း မတော်တဆ ဖြစ်ကာ ခြေထောက်ကျိုးသွားခဲ့သည်။

သူ့မိဘတွေ အရမ်းစိုးရိမ်ပြီး သူ့ကိုတွေ့ဖို့အမြန် ပြန်လာရင် လေယာဉ်ပျက်ကျခဲ့တယ်။

ကုယွမ်ကျိုးဟာ သူသည် သူ့မိဘတွေကို သတ်ပစ်တယ်လို့ အမြဲခံစားခဲ့ရပြီး သူ့ကိုယ်သူ အရမ်းအပြစ်တင်မိတဲ့အတွက် လန်ဒန်ကို မပြန်ချင်ခဲ့ဘူး။

ငယ်စဉ်ကပင် မိဘများ၏ ရည်ရွယ်ချက်ကောင်းများကို နားမလည်ဘဲ မကြာခဏ ဆန့်ကျင်တယ်။ နောက်ပိုင်းတွင် သူသည် မိဘများ၏ အခက်အခဲများနှင့် အရွယ်ရောက်သူများလောက၏ တာဝန်များကို နားလည်ခဲ့သော်လည်း ကံမကောင်းသည်မှာ အချိန်နှောင်းသွားပြီး။

နေရာတိုင်းတွင် သူ့မိဘများ၏ အရိပ်များ ရှိနေသောကြောင့် သူတို့ကို မြင်ရင် သူ့ကို အပြစ်တင်မည်ကို ကြောက်၍ ဝင်ဆာလ်ရဲတိုက်တွင် မနေဝံ့တော့ပေ။ ထို့ကြောင့် သူသည် ပြင်းထန်သော အလုပ်ဖြင့် သူ့ကိုယ်သူ ဖိအားပေးကာ လက်ရှိ တိုက်ခန်းသို့ ထွက်ပြေးခဲ့သည်။

တခါတရံ သူတွေးမိသည်။ သူ့ခြေထောက်ကျိုးသွားတာက ဘုရားသခင်ထံမှ ပြစ်ဒဏ်တစ်ခုလား?

အသက်ကြီးလာသည်နှင့်အမျှ မိမိကိုယ်မိမိ အပြစ်တင်ခြင်းကို ပိုပို၍ ခံစားလာရသည်။ နောက်ဆုံးတွင်၊ လန်ဒန်၏ ဝမ်းနည်းစရာနေရာမှ လွတ်မြောက်ရန်အတွက် ကုအုပ်စု ဌာနချုပ်ကို တရုတ်နိုင်ငံသို့ ပြောင်းရွှေ့ခဲ့သည်။

ကံကောင်းထောက်မစွာ၊ သူ့နှလုံးသားထဲတွင် အလင်းရောင်တစ်ခုရှိနေခဲ့ပြီး ထိုအလင်းရောင်က သူ့ကို အမှောင်ထုထဲသို့ လုံးလုံးလျားလျား မကျရောက်စေရန် မျှော်လင့်ချက်ပေးခဲ့သည်။

...

မုရှင်းယု ပန်းကန်လုံးတစ်လုံးနှင့် ဝင်လာသောအခါ၊ ကုယွမ်ကျိုးသည် မျက်နှာကျက် ပြတင်းပေါက်ရှေ့တွင်  သူဘာတွေတွေးနေမှန်းမသိဘဲ ညှိုးငယ်သောအမူအရာဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ့နည်းလမ်းက အလုပ်ဖြစ်တယ်ဆိုတာ သူသိပေမယ့် သူလုံးဝမပျော်နိုင်ဘူး။ တချို့အရာတွေက အရမ်းနာကျင်လိမ့်မယ်၊ ဒါပေမယ့် သူလုပ်ရမယ်။

ဥပမာ ဒဏ်ရာက သိသိသာသာ အနာကျက်ပြီးသားနဲ့တူပေမယ့် အခုရုတ်တရက် စုတ်ပြဲသွားပြီ။ သာမာန်လူတွေက ဒီလိုဝေဒနာမျိုးကို ဘယ်လိုခံနိုင်မလဲ။ ဒါပေမယ့် မခွာရင် ဒဏ်ရာရဲ့နက်နဲတဲ့ အစိတ်အပိုင်းဟာ ရောင်ရမ်းပြီး ရောင်ရမ်းလာကာ နောက်ဆုံးမှာ အသက်အန္တရာယ်ရှိနိုင်တယ်။

ဒီထက်ပိုပြီး နာကျင်မှုတွေ မဖြစ်စေဖို့အတွက် မုရှင်းယုက ဗီလိန်ဖြစ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး။

" ယွမ်ကျိုး ကျတော်ခေါက်ဆွဲပြုတ်ပြီးပြီ၊ လာမြည်းကြည့်ဦး " မုရှင်းယုက တိတ်ဆိတ်မှုကို ချိုးဖျက်ကာ ပြောလိုက်သည်။

" ကောင်းပြီး " ကုယွမ်ကျိုးက စားပွဲဆီသို့ လျှောက်သွားကာ မုရှင်းယု ယူလာပေးသော ခေါက်ဆွဲကိုကြည့်ကာ " ဒါက မင်းတကယ်လုပ်ထားတာလား? " ဟု ပြုံးပြုံးလေးပြောတယ်။

ခေါက်ဆွဲဖြူ၏ အပေါ်တွင် ကြက်သွန်စိမ်းပါးပါးလှီးထား​ပြီးဖြူးထားကာ ဝက်သားပြားများကို အလှဆင်ထားတာက တကယ်ကို ကြည့်ကောင်းတယ်။

" ဟုတ်တယ် ကျတော်လုပ်ထားတာ။ ဒါပေမယ့်..." မုရှင်းယုက " ဒါပေမယ့် အားလုံးက အန်တီချူးရဲ့ လမ်းညွှန်မှုကနေတစ်ဆင့် "

ကုယွမ်ကျိုးကလည်း ပြုံးပြီး " ကျေးဇူးတင်ပါတယ် "

" အပိုမပြောနဲ့၊ မြန်မြန် မြည်းကြည့် "

ကုယွမ်ကျိုးက ခေါက်ဆွဲတစ်ဖဲ့ကို ယူစားလိုက်ပြီး " အရသာက အရမ်းကောင်းတယ်၊ ရှင်းယုက စားဖိုမှူးဖြစ်ဖို့ အလားအလာရှိမယ်လို့ ကိုယ်မမျှော်လင့်ထားဘူး "

" ကျတော့်ကို မြှောက်ပင့်နေတာ ရပ်လိုက် "

" မဟုတ်ဘူး အရသာက တကယ်ကောင်းတယ် " ကုယွမ်ကျိုးက သူပြောသလောက်တော့ ပုံကြီးချဲ့တာမဟုတ်ပေမယ့် မုရှင်းယု ဖန်တီးထားတယ်လို့ တွေးပြီး သူဘယ်လိုမှ မကြိုက်ဘဲ မနေနိုင်ဘူး။

ကုယွမ်ကျိုးက သူ့ခေါက်ဆွဲတစ်ပန်းကန်ကို မြန်မြန်စားလိုက်ပြီး အဆုံးမှာ ဟင်းရည်တစ်ငုံသောက်ပြီး မုရှင်းယုကို မျက်နှာသာပေးလိုက်တယ်။

မုရှင်းယုသည် နောင်အနာဂတ်တွင် ကုယွမ်ကျိုးမွေးနေ့တိုင်း သူ့အတွက် ခေါက်ဆွဲချက်ပြုတ်မည်ဟု တွေးကာ ပြီးမြောက်အောင်မြင်မှုကို ခံစားခဲ့ရသည်။

ထို့နောက် ပန်းကန်အလွတ်ကို ကောက်ယူကာ မီးဖိုချောင်သို့ ပြန်ယူရန် ကြံရွယ်ခဲ့သော်လည်း တံခါးဝသို့ ရောက်သောအခါ ကုယွမ်ကျိုးမှ ရုတ်တရက် ရပ်တန့်သွားစေခဲ့သည်။

" ရှင်းယု..."

" ဘာဖြစ်လို့လဲ? " မုရှင်းယုက လှည့်ပြီးမေးတယ်။

ကုယွမ်ကျိုးသည် ခဏမျှ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် " မနက်ဖြန်ဝင်ဆာလ်ရဲတိုက်ကို သွားကြမယ် "

" တကယ်လာ? " မုရှင်းယုက အံ့သြသွားသည်။

ကုယွမ်ကျိုးက ခေါင်းညိတ်ပြီး " သေချာတယ် ကိုယ့်မိဘတွေဆီ မလည်တာကြာပြီ၊ မင်းကို ကိုယ်နဲ့လိုက်စေချင်တယ် "

" ကောင်းပြီ " မုရှင်းယုသည် လျင်မြန်စွာ ခေါင်းညိတ်ပြပြီး သူထွက်သွားသောအခါတွင် သူ အလွန်ပျော်ရွှင်နေပါသည်။

နောက်တစ်နေ့တွင် သူတို့သည် အဖြူရောင် ဂန္ဓမာပန်းစည်းဝယ်ပြီး ဝင်ဆာလ်ရဲတိုက်သို့ သွားကြသည်။

တောင်ကုန်းက နူးညံ့သိမ်မွေ့ပြီး ကားက တောင်ကုန်းပေါ်ကို တိုက်ရိုက်တက်သွားတယ်။ ကုယွမ်ကျိုးက ချန်ဖန်နဲ့ တခြားသူတွေကို ထိုနေရာတွင် စောင့်ခိုင်းပြီး မုရှင်းယုနဲ့ အတူတူ သူ့မိဘအုပ်ဂူသို့ သွားခဲ့တယ်။

မုရှင်းယုသည် ကုယွမ်ကျိုးနဲ့ ဘေးချင်းကပ်လျက် လျှောက်လာခဲ့သည်။ ကုယွမ်ကျိုး၏ ခြေထောက်များ ပုံမှန်မဟုတ်သော ကြောင့် သူသည် ကုယွမ်ကျိုး၏ အခြေအနေကို အချိန်တိုင်း ဂရုတစိုက် အာရုံစိုက်ခဲ့သည်။

" စိတ်မပူပါနဲ့ ကိုယ့်ခြေထောက်တွေ အခုနေကောင်းနေပြီ " ကုယွမ်ကျိုးက ပြောတယ်။

" အခုမှပဲ လမ်းလျှောက်တာဆိုတော့ သတိထားရမယ် "

ကုယွမ်ကျိုး၏ မိဘများကိုအတူ မြှပ်နှံထားပြီး သုသာန်တဝိုက်တွင် သစ်ပင်များစွာ စိုက်ပျိုးထားသည်။ ကုယွမ်ကျိုးသည် အဖြူရောင် ဂန္ဓမာပင်များကို သူ့မိဘ၏ အုပ်ဂူရှေ့မှာထားကာ သူ့မိဘများ၏ ဓာတ်ပုံများကို ကြည့်ရင် အပြစ်ရှိသလို ခံစားလာရပြန်သည်။

" ရှင်းယု ကိုယ် သူတို့ကို တွေ့ဖို့ လာကြည့်ရတာ အမြဲတမ်း ရှက်ရွံ့နေခဲ့တယ်။ အစတုန်းကသာ သူတို့ကို ပိုငဲ့ညှာခဲ့မယ်ဆိုရင် နောက်ပိုင်းမှာ မတော်တဆမှုတွေ ဖြစ်လာမှာ မဟုတ်ဘူး "

မုရှင်းယုသည် ရှေ့သို့ တိုးလာကာ ကုယွမ်ကျိုး၏လက်ကို ကိုင်ကာ နှစ်သိမ့်လိုက်တယ် " ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့ လူကြီးနှစ်ယောက်သာ အသက်ရှင်နေသေးရင် ခင်ဗျားပျော်နေဖို့ သေချာပေါက် မျှော်လင့်နေမှာ "

" ကိုယ်သိပါတယ်၊ ကိုယ့်စိတ်ထဲမှာ ဒီအခက်အခဲကို အရင်က မကျော်ဖြတ်နိုင်ခဲ့ဘူး " ကုယွမ်ကျိုးက မုရှင်းယုကို တင်းတင်းကြပ်ကြပ်ဖက်ထားပြီး " ကံကောင်းထောက်မစွာ၊ ကိုယ့်အနားမှာ မင်းရှိနေတယ်၊ ​​ကိုယ့်မိဘတွေသာ ကိုယ်တို့အတူရှိတယ်ဆိုတာသိရင် အရမ်းပဲပျော်နေမှာ "

" ကောင်းပြီ၊ ခင်​ဗျားရဲ့ခြေထောက်တွေ အခုမှပြန်ကောင်းလာမှန်းသိလို့ သူတို့ပျော်နေလိမ့်မယ် "

အပြန်လမ်းတွင် မုရှင်းယုသည် ထိုအချိန်က သူ့မိဘများ ချုပ်ဆိုထားသော လက်ထပ်စာချုပ်ကို တွေးတောရင်း စူးစမ်းချင်စိတ်ကို မထိန်းနိုင်ဘဲ " ကျတော်တို့ ငယ်ငယ်တုန်းက လက်ထပ်စာချုပ် ရှိတယ်လို့ ပြောကြပေမယ့် အဲဒါကို ကျတော် အမှတ်ရတာမရှိဘူး "

" အဲဒီတုန်းက မင်းက ငယ်သေးတယ် "

" ဒါဆို ခင်ဗျားလည်းငယ်သေးတယ်လေ။ ခင်ဗျားရောအမှတ်ရတာရှိလာ? " မုရှင်းယုက စိတ်ဝင်တစား မေးသည်။

ကုယွမ်ကျိုးက ခေါင်းညိတ်သည် " အင် "

" ကျတော့်ကိုပြောပြ " မုရှင်းယုက အလျင်အမြန်ပြောပြီး စေ့စပ်ပွဲအကြောင်းကို သူအရမ်းသိချင်နေခဲ့တယ်။

" ကောင်းပြီ " ကုယွမ်ကျိုးက ပြုံးလိုက်သည်။

ကုယွမ်ကျိုးသည် ခုနစ်နှစ်မပြည့်မီ ** တွင်နေထိုင်ခဲ့ပြီး ကု၏မိခင်သည် တရုတ်နိုင်ငံတွင် မကြာခဏနေထိုင်ခဲ့သည်။ ပရဟိတလေလံပွဲတစ်ခုတွင် မားမားကုသည် မားမားမုနှင့်တွေ့ဆုံခဲ့ပြီး ၎င်းတို့နှစ်ဦးသည် သူငယ်ချင်းကောင်းများဖြစ်လာခဲ့သည်။

မားမားမုသည် မားမားကုကို တွေ့ရန်လာသောအခါတွင် သူမသည် သူမ၏ အဖိုးတန်သားလေးကို သဘာဝအတိုင်း ခေါ်ဆောင်လာသောကြောင့် ကုယွမ်ကျိုးသည် မုရှင်းယုကိုသိလာခဲ့သည်။

***************************************

ဖုတ်ကောင်လေးကို ပြန် edit ဖို့ Unpublish လုပ်လိုက်တာ အကုန် Unpublish ဖြစ်ကုန်တယ်ရှင်။ ပြန်တင်ရတာပျင်းနေလို့။  နည်းနည်းချင်းပြန်တင်ပေးပါ့မယ်။

*******

(Zawgyi)


( Unicode )

ကုယြမ္က်ိဳး၏ ဒဏ္ရာအေျခအေနေၾကာင့္ ေဆး႐ုံမွဆင္းလာေသာအခါ မုရွင္းယုက သူ႕ကို ဝွီးခ်ဲလ္ေပၚတြင္ သာထိုင္ခိုင္းသည္။

ကုယြမ္က်ိဳးက စိတ္ခံစားမႈအျပည့္နဲ႕ေျပာတယ္။

" အစကေတာ့ ကိုယ္ ဝွီးခ်ဲကို စြန့္လႊတ္နိုင္ေတာ့မယ္ထင္တာ "

" ခဏေလာက္ သည္းခံလိုက္ပါ "

မုရွင္းယုက ၿပဳံးၿပီး ေျပာလိုက္တယ္။ ႐ုတ္တရက္ ကုယြမ္က်ိဳး အန္ဒရီကို ကိုင္တြယ္ေသာအခါက သူ႕ရဲ႕ လႈပ္ရွားမႈေတြက အရမ္းလ်င္ျမန္ၿပီး သူ႕ေျခေထာက္ေတြက အရမ္းသန္မာတာကို သူသတိရမိသြားတယ္။

" ခင္ဗ်ား ေျခေထာက္ေတြ ဘယ္လိုေနလဲ? နိုင္ငံျခားကို မသြားခင္တုန္းက ခင္ဗ်ားဒီေလာက္ေကာင္းလာတာကို က်ေတာ္မသိရပါလာ "

မုရွင္းယု၏စကားကိုၾကားေတာ့ ကုယြမ္က်ိဳးသည္ အနည္းငယ္ေနာင္တရသြားသလို " ကိုယ္ မင္းကို အံ့ၾသစရာတစ္ခုေပးခ်င္ခဲ့တာ..."

မုရွင္းယုက မရယ္ဘဲမေနနိုင္ခဲ့ေပ။ သူတို႔ ႏွစ္ေယာက္စလုံးကအခ်င္းခ်င္း စပရိုက္ေတြ ျပင္ဆင္ထားေပမယ့္ ႏွစ္ေယာက္စလုံး မေတာ္တဆမႈေၾကာင့္ အႏွောင့္အယွက္ျဖစ္ခဲ့ရသည္။

ကုယြမ္က်ိဳး၏ တိုက္ခန္းသည္ ၿမိဳ႕လယ္ေခါင္တြင္ တည္ရွိသည္။ တန္ဖိုးႀကီး လူေနအိမ္ျဖစ္ၿပီး တစ္ထပ္တြင္ ေနထိုင္သူ တစ္ဦးတည္းသာရွိၿပီး အထူးလုံၿခဳံမႈရွိသည္။

ကုယြမ္က်ိဳးသည္ တိတ္ဆိတ္ျခင္းကို ႏွစ္သက္ေသာေၾကာင့္ သူသည္ အေပၚဆုံးႏွစ္ထပ္ကိုဝယ္ၿပီးေနာက္ ႏွစ္ထပ္အိမ္တစ္လုံးအသြင္ျပင္ဆင္ခဲ့တယ္။

မုရွင္းယုသည္ ကုယြမ္က်ိဳး၏ သီးသန႔္ေနထိုင္ရာသို႔ ေရာက္ရွိလာေသာအခါ သူ၏ ပထမဆုံးခံစားခ်က္မွာ ေအးစက္ျခင္းျဖစ္သည္။ ၎မွာ မည္သူမွ် အၾကာႀကီးေနထိုင္ျခင္းမရွိေသာေၾကာင့္ ေအးစက္ေနတာမ်ိဳးမဟုတ္ဘဲ အလွဆင္မႈပုံစံႏွင့္ပရိေဘာဂ အျပင္အဆင္မ်ားမွအစ ေအးစက္ေနပုံရသည္။

အျပင္အဆင္မွာ မီးခိုးေရာင္ႏွင့္အျဖဴေရာင္ ႏွစ္ေရာင္စပ္ ေခတ္မီၿပီးရိုးရွင္းေသာပုံစံျဖစ္သည္။ ပရိေဘာဂ အားလုံးသည္ မီးခိုးေရာင္ျဖစ္သည္။ ေနရာကက်ယ္ၿပီး ပရိေဘာဂ ပစၥည္းမ်ားသိပ္မရွိေသာေၾကာင့္ ဟင္းလင္းျပင္ႀကီးလိုျဖစ္ေနသည္။

ပထမထပ္တြင္ အခန္းေလးခန္းရွိသည္။ အန္တီခ်ဴႏွင့္ သက္ေတာ္ေစာင့္မ်ားသည္ ပထမထပ္တြင္ ေနထိုင္သည္။ မုရွင္းယုသည္ ဓာတ္ေလွကားျဖင့္ ဒုတိယထပ္သို႔ ကုယြမ္က်ိဳးႏွင့္ လိုက္သြားခဲ့သည္။

ဒုတိယထပ္သည္ ကုယြမ္က်ိဳး၏ သီးသန႔္ေနရာျဖစ္ၿပီး အမ်ားအားျဖင့္ သူသည္ လူမ်ားကို တက္ခြင့္မျပဳေပ။

အိပ္ခန္းသည္ အလြန္က်ယ္ဝန္းၿပီး ျမင္ကြင္းသည္ အလြန္ပြင့္လင္းတယ္။ မုရွင္းယုသည္ ၾကမ္းျပင္မွမ်က္ႏွာၾကက္အထိ ထိေနတဲ့ျပတင္းေပါက္မ်ားမွတစ္ဆင့္ လန္ဒန္ၿမိဳ႕၏ ရႈခင္းမ်ားစြာကို ျမင္ေတြ႕နိုင္သည္။

ကုယြမ္က်ိဳးသည္ ဝွီးခ်ဲလ္ေပၚကေန မတ္တပ္ထရပ္ကာ သူ႕ေနာက္ေက်ာကဒဏ္ရာကိုမပြင့္ေအာင္ ျဖည္းညွင္းစြာ လမ္းေလွ်ာက္လာတယ္။

" မင္းဒီေနရာကိုႀကိဳက္လား? " ကုယြမ္က်ိဳးက မုရွင္းယုဆီကိုလာၿပီး ေမးတယ္။

" အြန္...ဒါေပမယ့္ က်ေတာ္ ကုအိမ္ကို ပိုႀကိဳက္တုန္းပဲ " မုရွင္းယုက ကုအိမ္သည္ အိမ္နဲ႕ ပိုတူတယ္လို႔ ခံစားမိတာေၾကာင့္ ေျပာလိုက္တယ္။

" ဒါဆို ေစာေစာျပန္ရေအာင္ "

မုရွင္းယုသည္ ကုယြမ္က်ိဳးက တ႐ုတ္ကိုျပန္ရန္ အလြန္ပင္ စိတ္အားထက္သန္ေနေၾကာင္း ေတြ႕ရွိခဲ့သည္။ ထို႔အျပင္ ကုယြမ္က်ိဳးသည္ မူလကတည္းက UK သို႔ မလာခ်င္ခဲ့ေပ။

သို႔ေသာ္ သူသည္ ကုယြမ္က်ိဳး၏ အထုံးကို ေျဖေဖ်ာက္ရန္ ကူညီမည္ဟု ဖိုးဖိုးကုကို ကတိေပးခဲ့တယ္။ ထို႔ျပင္ သူသည္ ကုယြမ္က်ိဳးတြင္ ဝန္ထုပ္ဝန္ပိုးမ်ားလြန္းသည္ဟု ခံစားမိၿပီး သူ႕ကိုယ္သူ အရမ္းအပင္ပန္းခံေနတာမ်ိဳးကို သူမလိုခ်င္ဘူး။

" ေနာက္တစ္ပတ္ေလာက္ေစာင့္ရေအာင္။ ခင္ဗ်ား အမာ႐ြတ္ေတြ ေပ်ာက္ၿပီးရင္ က်ေတာ္တို႔ျပန္ၾကမယ္ " မုရွင္းယုကေျပာတယ္။

ကုယြမ္က်ိဳးက မ်က္ေမွာင္ၾကဳတ္လိုက္မိတယ္။ သူတကယ္ကို လန္ဒန္မွာ ဆက္မေနခ်င္ေတာ့ဘူး။

မုရွင္းယုက ၿပဳံးၿပီးေျပာတယ္။

" မစၥတာကု အရမ္းႀကီးေလးနက္မေနပါနဲ႕၊ က်ေတာ္တို႔ ႏွစ္ေယာက္ထဲကမၻာကို ေပ်ာ္ေပ်ာ္ပါးပါးေနၾကမယ္ေလ။ ဘယ္လိုလဲ ? "

" ႏွစ္ေယာက္ထဲကမၻာလား? " ကုယြမ္က်ိဳးက ၿပဳံးလိုက္ၿပီး " ဒါနဲ႕ ကိုယ္တို႔လက္ထပ္ၿပီးေပမယ့္ ဟန္းနီးမြန္းလည္း မထြက္ရေသးဘူးေနာ္ "

" မစၥတာကု က်ေတာ္တို႔ ေတြ႕ဆုံမႈကေန က်ေတာ္တို႔ အိမ္ေထာင္ေရးအထိ ျဖစ္စဥ္တစ္ခုလုံးက အရမ္းရႈပ္ေထြးေနတယ္ထင္တယ္။ က်ေတာ္ ခင္ဗ်ားကို ေစ့စပ္လက္စြပ္ေလးဘဲ ေပးလိုက္ရေသးတယ္၊ ဘာလို႔ ဟန္းနီးမြန္းကို ခုန္ကူးသြားတာလဲ? " မုရွင္းယုက အ႐ႊန္းေဖာက္လိုက္တယ္။

" အမွန္ဘဲ " ကုယြမ္က်ိဳးသည္ မုရွင္းယုကိုၾကည့္ရင္း ေလးေလးနက္နက္ ေခါင္းညိတ္ျပၿပီး " တခ်ိဳ႕ေျခလွမ္းေတြက မွားေနတယ္လို႔ ကိုယ္ခံစားရတယ္။ မင္းရဲ႕ ေစ့စပ္လက္စြပ္ကို ကိုယ္လက္ခံလိုက္ၿပီ၊ ဒါေပမယ့္ ကိုယ္တို႔ ခုထိ မနမ္းရေသးဘူး "

" မဟုတ္ဘူးေလ တကယ္ေတာ့ က်ေတာ္ ...... "

မုရွင္းယုသည္ နိုင္ငံမထြက္ခြာခင္ ကုယြမ္က်ိဳးကို နမ္းခဲ့တယ္လို႔ ေျပာခ်င္ေသာ္လည္း ကုယြမ္က်ိဳးသည္ ႐ုတ္တရက္ သူ႕ထံသို႔ ခ်ဥ္းကပ္လာၿပီး သူ႕ခါးကို ေပြ႕ဖက္ကာ သူ႕ႏႈတ္ခမ္းကို နမ္းလိုက္သည္။

ဒါက သူတို႔ႏွစ္ဦးၾကားက ပထမဆုံးအနမ္းျဖစ္သည္။ ယခင္က မုရွင္းယု ကုယြမ္က်ိဳးကို နမ္းခဲ့သည့္ နဖူးမွအနမ္းႏွင့္မတူဘဲ ကုယြမ္က်ိဳးသည္ မုရွင္းယု၏ႏႈတ္ခမ္းတြင္ သူ႕ကိုယ္ပိုင္အမွတ္အသားမ်ားကို ခ်န္ထားလိုသကဲ့သို႔ ကုယြမ္က်ိဳးသည္ ျပင္းျပင္းထန္ထန္နမ္းေနသည္။

မုရွင္းယုသည္ အစပိုင္းတြင္ အနည္းငယ္တုန့္ဆိုင္းသြားၿပီး သူ၏ ပထမဆုံးတုံ႕ျပန္မႈသည္ ေနာက္ဆုတ္ရန္ျဖစ္ေသာ္လည္း ကုယြမ္က်ိဳး၏ လက္မ်ားက သူ႕ကို တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္ထားေသာေၾကာင့္ ေနာက္ဆုတ္ရန္မျဖစ္နိုင္ေပ။

ႏႈတ္ခမ္းခ်င္း ထိေတြ႕မႈက မုရွင္းယုကို နမ္းတဲ့ ခံစားခ်က္ကို အမွန္တကယ္သိသြားေစတယ္။

ခဏတုန့္ဆိုင္းသြားၿပီးေနာက္ သူသည္ ကုယြမ္က်ိဳးရဲ႕ခါးကို လွမ္းကိုင္လိုက္ၿပီး ကုယြမ္က်ိဳးရဲ႕ အနမ္းကို စတင္တုံ႕ျပန္လိုက္ေတာ့တယ္။

ေနေရာင္သည္ ၾကမ္းျပင္မွမ်က္ႏွာၾကက္ ျပတင္းေပါက္မ်ားမွ တဆင့္ အခန္းထဲသို႔ ထိုးေဖာက္ဝင္ေရာက္လာၿပီး ကုယြမ္က်ိဳးႏွင့္ မုရွင္းယုတို႔၏ မ်က္ႏွာမ်ားေပၚတြင္ အလင္းေရာင္မ်ားျဖာက်ေနသည္။

ႏွစ္ေယာက္သား ခြာလိုက္ေသာအခါ ေနေရာင္သည္ မုရွင္းယုတို႔၏ ႏႈတ္ခမ္းၾကားရွိ အမွ်င္တန္းေလးေပၚ က်ေရာက္ေနၿပီး ဆြဲေဆာင္မႈရွိေသာ ေတာက္ပမႈကို ထင္ဟပ္ေစခဲ့သည္။

...

ညဘက္တြင္ အနားယူေသာအခါ မုရွင္းယုႏွင့္ ကုယြမ္က်ိဳးတို႔သည္ အတူတူအိပ္ၾကသည္မွာ ေသခ်ာေသာ္လည္း သူတို႔၏ဆက္ဆံေရးသည္ လ်င္ျမန္စြာ ပူႏြေးလာေသာေၾကာင့္ မုရွင္းယုက ပတ္ဝန္းက်င္ေလထုသည္ ကြဲျပားသြားသည္ကို ခံစားလိုက္ရသည္။

မီးမ်ားပိတ္ၿပီးေနာက္ လေရာင္သည္ အခန္းထဲသို႔ ေတာက္ပလာကာ မုရွင္းယု၏ ေအးခ်မ္းေသာမ်က္ႏွာကို လင္းလက္ေတာက္ပေစသည္။

မုရွင္းယုသည္ မ်က္လုံးမ်ားကိုမွိတ္ထားေသာ္လည္း အိပ္မေပ်ာ္နိုင္ဘဲ နမ္းလိုက္သည့္အထိအေတြ႕သည္ သူ႕ႏႈတ္ခမ္းေပၚတြင္ က်န္ရွိေနပုံရသည္။ ႐ုတ္တရက္ သူ႕ေဘးနားမွ ထြက္လာေသာအသံကို ၾကားလိုက္ရၿပီး ထူးဆန္းစြာ ခံစားလိုက္ရကာ မ်က္လုံးဖြင့္လိုက္ေသာအခါ ကုယြမ္က်ိဳးသည္ သူ႕ဆီသို႔ ေ႐ြ႕လ်ားလာသည္ကို သူျမင္လိုက္ရသည္။

" ခင္ဗ်ားဘာလုပ္ေနတာလဲ? " မုရွင္းယုကေမးတယ္။

" ကိုယ္ မင္းနဲ႕ပိုနီးခ်င္လို႔ " ကုယြမ္က်ိဳးက ျပန္ေျဖတယ္။

မုရွင္းယုက ရယ္ေမာရင္း " ဒီေလာက္က မနီးေသးဘူးလား? " သူတို႔ႏွစ္ေယာက္သည္ ကုတင္တစ္ခုထဲတြင္ အိပ္ေနၾကတာေလ။

ကုယြမ္က်ိဳးက " မလုံေလာက္ေသးဘူ " ဟုေျပာလိုက္တယ္။

ဒီအခ်ိန္မွာ ကုယြမ္က်ိဳးက အိပ္ရာက ႀကီးမားေနရတာကို ေနာင္တရေနတယ္။ သူႏွင့္ မုရွင္းယုသည္ အတူတူအိပ္ၾကေသာ္လည္း အလယ္တြင္ အလြန္ရွင္းလင္ေနသည္။

" မလႈပ္နဲ႕ေတာ့! " မုရွင္းယုသည္ ကုယြမ္က်ိဳးေနာက္တစ္ႀကိမ္ ထပ္ေ႐ႊ႕ေတာ့မည္ကို ျမင္လိုက္ရေတာ့ေျပာလိုက္တယ္။

ကုယြမ္က်ိဳး၏ ခႏၶာကိုယ္မွ ဒဏ္ရာမ်ားကို သူစိတ္ပူေသာေၾကာင့္ ကုယြမ္က်ိဳးကို တားဆီးရန္အစျပဳခဲ့သည္။

လန္ဒန္မွာ ညက နည္းနည္းေအးတယ္။ ကုယြမ္က်ိဳးနဲ႕ မုရွင္းယုတို႔က ေစာင္ အသီးသီး ၿခဳံထားတယ္။ ဤအခိုက္အတန႔္တြင္ ေစာင္ေအာက္မွ ကုယြမ္က်ိဳးသည္ သူ႕လက္ကို ဆန႔္ထုတ္လိုက္ၿပီး မုရွင္းယု၏ ေစာင္ထဲသို႔ ေရာက္သြားသည္။

မုရွင္းယုသည္ သူ႕လက္ကို ႏြေးေထြးေသာလက္ဖဝါးက ဆုပ္ကိုင္ထားသည္ကို ခံစားလိုက္ရၿပီး ႏွလုံးတုန္သြားကာ ကုယြမ္က်ိဳးကို ခ်က္ခ်င္းၾကည့္လိုက္သည္။

" ဒီလိုဆို ပိုနီးတယ္ " ကုယြမ္က်ိဳးက ေလးနက္စြာေျပာသည္။

" မစၥတာကု ခင္ဗ်ား ဒီေလာက္ ကေလးဆန္မွန္း က်ေတာ္ ဘယ္တုန္းကမွ မသိခဲ့ဘူး " မုရွင္းယုက ရယ္လိုက္မိတယ္။

" ကေလးဆန္တယ္? မင္းအတြက္ဆို ကိုယ္ ကေလးဆန္ဖို႔ ဆႏၵရွိတယ္ " ကုယြမ္က်ိဳးက အေလးအနက္ေျပာၿပီး မုရွင္းယုက စကားမေျပာဘဲ ေနလိုက္သည္။

" ေကာင္းၿပီ၊ ကေလးဆန္တဲ့ မစၥတာကု ျမန္ျမန္အိပ္ရာဝင္ေတာ့ ခင္ဗ်ား ဒဏ္ရာေတြ ရွိေနေသးၿပီး ခႏၶာကိုယ္ကို ေကာင္းေကာင္း ဂ႐ုစိုက္ရမယ္ "

မုရွင္းယုသည္ မ်က္လုံးမ်ားကိုမွိတ္ထားၿပီး မၾကာမီ အိပ္ေပ်ာ္သြားတယ္။ ကုယြမ္က်ိဳးသည္လည္း မုရွင္းယု၏ အိပ္ေနေသာမ်က္ႏွာေလးကိုၾကည့္ရင္ မၾကာခင္မွာဘဲ အိပ္သြားခဲ့တယ္။

သို႔ေသာ္ မုရွင္းယု၏ အသိစိတ္သည္ အလြန္ရွင္းလင္းေနသည္။ သူသည္ ဖိုးဖိုးကု ေျပာသည့္စကားကို ေတြးကာ ကုယြမ္က်ိဳး၏ အထုံးကို ေျပေအာင္ မည္သို႔ လမ္းၫႊန္ရမည္ကို ေတြးေနမိတယ္။

ခဏအၾကာတြင္ ကုယြမ္က်ိဳးအိပ္ေပ်ာ္သြားၿပီးေနာက္ သူသည္ ကုယြမ္က်ိဳး၏ ခႏၶာကိုယ္ထဲသို႔ ျဖည္းညွင္းစြာ အသစ္စက္စက္ ဝိညာဥ္ျမဴခိုးမ်ားကို ဆက္လက္ျဖည့္သြင္းေပးခဲ့သည္။

အရင္တုန္းကေတာ့ ကုယြမ္က်ိဳး အိပ္ေနတဲ့အခ်ိန္မွာ ဝိညာဥ္ျမဴခိုးမ်ား ေပးခဲ့ဖူးေပမယ့္ ဒီညေတာ့ မေတာ္တဆမႈ တစ္ခုခုျဖစ္သြားခဲ့တယ္။

ကုယြမ္က်ိဳးက စိတ္မသက္မသာ ညည္းတြားလိုက္ၿပီး မ်က္လုံးဖြင့္လိုက္တယ္။

မုရွင္းယုက လန့္သြာတယ္....

" ခင္ဗ်ား အိပ္မေပ်ာ္ဘူးလား? "

" အိပ္ေပ်ာ္ေတာ့မွာ ဒါေပမယ့္..." ကုယြမ္က်ိဳးက သူ႕ခႏၶာကိုယ္မွာ ႏြေးေထြးၿပီး သက္ေတာင့္သက္သာ ခံစားလိုက္ရေပမယ့္ သူ႕ေနာက္ေက်ာက ယားယံလာၿပီး မွိန္းခနဲ လန႔္နိုးလာတာျဖစ္တယ္။

" ဒါေပမယ့္? ဘာျဖစ္တာလဲ? " ကုယြမ္က်ိဳး အဆင္မေျပျဖစ္တာကိုျမင္ေတာ့ မုရွင္းယုက ကုတင္ေဘးက မီးအိမ္ကို အျမန္ဖြင့္လိုက္တယ္။

ကုယြမ္က်ိဳးက ထထိုင္လိုက္ၿပီး မုရွင္းယုအား သူ႕ေနာက္ေက်ာကို ၾကည့္ခြင့္ေပးလိုက္တယ္။

မုရွင္းယုသည္ ကုယြမ္က်ိဳး၏ ပိုးညဝတ္အကၤ်ီကို လွန္လိုက္တယ္။ သူသည္ သန္မာေသာ္လည္း ယခုအခါ အမာ႐ြတ္မ်ား ဖုံးအုပ္ေနတယ္။ မုရွင္းယုက ေသြးထြက္သည့္အရိပ္အေယာင္ မေတြ႕သျဖင့္ " ဘာျဖစ္သြားတာလဲ? ဒဏ္ရာကေတာ့မပြင့္ဘူး " ဟုေမးလိုက္တယ္။

" နည္းနည္း ယားတယ္ " ကုယြမ္က်ိဳးရဲ႕ ျပင္းထန္တဲ့ ခ်ဳပ္တည္းမႈေၾကာင့္သာ မဟုတ္ရင္ သူက လက္ကို ဆန႔္တန္းၿပီး ကုတ္မိလိမ့္မယ္။

မုရွင္းယုသည္ ဝိညာဥ္ျမဴခိုးေၾကာင့္ အမာ႐ြတ္မ်ားေျခာက္သြားၿပီး ကုယြမ္က်ိဳး၏ ေနာက္ေက်ာက ယားယံလာျခင္းျဖစ္ေၾကာင္း ရိပ္မိသြားတယ္။

" ခဏေစာင့္ေနာ္ " ေျပာၿပီးေနာက္ မုရွင္းယုသည္ ကုတင္မွထကာ ဆရာဝန္ ၫႊန္ၾကားသည့္ ေဆးမ်ားရွိသည့္ ေဆးပုံးကိုယူလိုက္တယ္။

မၾကာမီ သူသည္ ယားယံတာသက္သာေစေသာ ျဖန္းေဆးပုလင္းကို ေတြ႕ရွိၿပီး ကုယြမ္က်ိဳး၏ ယားယံေသာ ေနရာကို ဂ႐ုတစိုက္ ျဖန္းေပးလိုက္တယ္။

ေရမႈန္ေရမႊားေလးက အရမ္းလန္းဆန္းၿပီး လူေတြကို ေအးျမတဲ့ခံစားမႈကိုေပးတယ္။ ေနာက္ဆုံးမွာေတာ့ ကုယြမ္က်ိက ပိုေကာင္းလာၿပီး အနားယူဖို႔ ျပန္အိပ္လိုက္တယ္။

သို႔ေသာ္ သူသည္ မုရွင္းယုထံသို႔ တမင္တကာနီးကပ္လာကာ မုရွင္းယုကိုယ္ေပၚရွိ အမ်ိဳးသားေရေမႊးနံ႕သည္ သူ႕ႏွာေခါင္းဖ်ားတြင္ တဖ်ပ္ဖ်ပ္ စြဲေနခဲ့တယ္။

" ဒီရက္ပိုင္း အမာ႐ြတ္ေတြ ယားယံေပမယ့္ မကုတ္မိဖို႔ သတိရေနာ္ " မုရွင္းယုက ၫႊန္ၾကားသည္။

" စိတ္မပူပါနဲ႕ ကိုယ္မလုပ္ဘူး " ကုယြမ္က်ိဳးက ၿပဳံးျပတယ္။

ဒီတစ္ခါေတာ့ ႏွစ္ေယာက္သား အိပ္ေပ်ာ္သြားၾကသည္။

...

ေနာက္တစ္ေန႕ မုရွင္းယုနိုးလာေသာအခါတြင္ ကုယြမ္က်ိဳးက နိုးေနၿပီး သူ႕ကိုၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္။

" ကု..." မုရွင္းယုက ေျပာခါနီးတြင္ ကုယြမ္က်ိဳးက သူ႕ရဲ႕နဖူးကို နမ္းလိုက္တယ္။

" morning kiss " ကုယြမ္က်ိဳးက အံ့အားသင့္ေနေသာ မုရွင္းယုကိုၾကည့္ကာ ရယ္ေမာတယ္။

" ထေတာ့ မစၥတာမု "

" အိုး! " မုရွင္းယုက သူ႕အသိေတြ ျပန္ေပၚလာၿပီး ၿပဳံးကာ ေရခ်ိဳးဖို႔ ထလိုက္တယ္။

သူ႕အိမ္မွာပဲမလို႔ ကုယြမ္က်ိဳးက ဝွီးခ်ဲကိုမသုံးဘူး။ သူက ျဖည္းျဖည္းခ်င္း လမ္းေလွ်ာက္ေနၿပီ သူ႕ေျခေထာက္ေတြက မသန္မစြမ္းတဲ့ လကၡဏာကို မေတြ႕ရေပ။

အဝတ္အစားလဲၿပီးတာနဲ႕ ပထမထပ္ကို ဓာတ္ေလွကားနဲ႕ သြားလိုက္ၾကတယ္။ အဲဒီအခ်ိန္မွာ အန္တီခ်ဴက မနက္စာျပင္ဆင္ၿပီးသြားၿပီ။

ကုယြမ္က်ိဳး၏ ဒဏ္ရာေၾကာင့္ အန္တီခ်ဴးဟာ အာဟာရျပည့္ဝၿပီး ေကာ္လာဂ်င္ ျဖည့္စြက္ထားတဲ့ မနက္စာကို ျပင္ဆင္ေပးခဲ့တယ္။ အရသာက အရမ္းေကာင္းတာေၾကာင့္ မုရွင္းယုက ဂ်ဳံယာဂု ပန္းကန္လုံးႏွစ္လုံးကို ေသာက္လိုက္သည္ ။

ကုယြမ္က်ိဳးသည္ လြန္ခဲ့သည့္ ရက္အနည္းငယ္က ေမ့ေျမာေနၿပီး အလုပ္မ်ားစြာ ပုံေနေသာေၾကာင့္ ထမင္းစားၿပီးေနာက္တြင္ သူသည္ အလုပ္မ်ားရႈပ္လာပါေတာ့သည္။

မုရွင္းယုသည္ ဗီဒီယိုမီတင္ လုပ္ေနသည့္ ကုယြမ္က်ိဳးကို ၾကည့္ကာ အခန္းထဲသို႔ ျပန္သြားခဲ့သည္။

သူသည္ ကုယြမ္က်ိဳး၏ အထုံးကို မည္ကဲ့သို႔ေျဖရမည္ကို ေတြးေနကာ ႐ုတ္တရက္ အႀကံတစ္ခုရလာသည္။

....

ကုယြမ္က်ိဳး သူ႕အလုပ္ၿပီးသြားတဲ့အခါ မုရွင္းယုကိုမေတြ႕ေတာ့ေပ။ ခ်န္ဖန္ကိုေမးတဲ့အခါ မုရွင္းယုဟာ မီးဖိုေခ်ာင္ထဲမွာရွိေနတာကို သိလိုက္ရတယ္။

သူက မ်က္ေမွာင္ၾကဳတ္ၿပီး မူရွင္းယုကို အေသးအဖြဲအရာေတြ မလုပ္ေစခ်င္ေပ။ သို႔ေသာ္ အခ်ိန္အေတာ္ၾကာေအာင္ေစာင့္ၿပီးေနာက္ မူရွင္းယုကို မေတြ႕ရေသးေပ။

ထိုခ်ိန္တြင္ သူသည္ အန္တီခ်ဴဆီက ဖုန္းေခၚဆိုမႈကို လက္ခံရရွိခဲ့တယ္။ ခ်ိတ္ဆက္ၿပီးေနာက္တြင္ မုရွင္းယု၏အသံမွာ ဖုန္းထဲမွ ထြက္ေပၚလာတယ္ " ယြမ္က်ိဳး က်ေတာ့္ဖုန္းကို အခန္းထဲမွာထားခဲ့မိတယ္၊ ေက်းဇူးျပဳၿပီး က်ေတာ့္ကို ယူလာေပးလို႔ရမလာ? "

" ေကာင္းၿပီ " ကုယြမ္က်ိဳးသည္ ကုတင္ေဘးရွိ ဖုန္းကို ၾကည့္ကာ မုရွင္းယု၏ ေပါ့ဆမႈကိုရယ္ေမာလိုက္ၿပီး ေအာက္ထပ္သို႔ ဖုန္းကိုယူကာ မီးဖိုခန္းဆီသို႔ ေလွ်ာက္သြားလိုက္သည္။

ထိုအခ်ိန္တြင္ သူ မူရွင္းယု၏အသံကိုၾကားလိုက္ရသည္။

" အန္တီခ်ဴး အန္တီ့ရဲ႕ကေလးက အထက္တန္းေက်ာင္းတက္ေနၿပီဆိုက်ေတာ္ၾကားတယ္ "

" ဟုတ္တယ္၊ ငါသူနဲ႕ အတူမေနနိုင္တာ ဝမ္းနည္းစရာပဲ " အေဒၚခ်ဴက သက္ျပင္းခ်လိဳက္တယ္။

" အထက္တန္းက သင္ယူျခင္းရဲ႕ အေရႀကီးဆုံးအဆင့္ဘဲ။ အန္တီအနားမွာမရွိေတာ့ စိတ္ဆိုးလား? "

" ဟုတ္တယ္၊ တစ္ခါတေလက်သဴ႕ကိုေခၚရင္ သူက ကြၽန္မကိုေဒါသထြက္တယ္ "

" ဒါဆို အန္တီသူ႕ကို အျပစ္တင္လား? " မုရွင္းယုကေမးတယ္။

အန္တီခ်ဴက ရယ္တယ္။

" မိခင္တစ္ေယာက္အေနနဲ႕ ကိုယ့္ကေလးကို ဘယ္လိုအျပစ္တင္ရမွာလဲ၊ သူ႕အတြက္ အရာရာအဆင္ေျပဖို႔ဘဲ ေမွ်ာ္လင့္တယ္ "

" ဟုတ္တယ္ က်ေတာ့္အေမဆိုလည္း အၿမဲတမ္းဒီလိုဘဲ အရမ္းေကာင္းတယ္ " မုရွင္းယုက စိတ္လႈပ္ရွားမႈႏွင့္ ေျပာတယ္။ " ငယ္ငယ္တုန္းကဆို အေဖက က်ေတာ္နဲ႕ မကစားဘူးဆိုၿပီး ညည္းၫူခဲ့တယ္၊ ဒါေပမယ့္ သူ႕မွာ ကိုယ္ပိုင္အလုပ္ရွိတယ္ဆိုတာ က်ေတာ္ တျဖည္းျဖည္း သိလာတယ္။ သူတို႔ကို နားလည္ေအာင္ သင္ယူရမယ္ "

" မုေရွာင္က အရမ္းဉာဏ္ေကာင္းတယ္၊ မစၥတာမုနဲ႕ မစၥစ္မုလည္း စိတ္သက္သာရာရေစတယ္ "

" ဘယ္ဟုတ္မလဲ " မုရွင္းယုကရယ္ၿပီး " ကြၽန္ေတာ္ ငယ္ငယ္တုန္းက အရမ္းဆိုးခဲ့တာကို ေယာင္ဝါးဝါး မွတ္မိေသးတယ္ "

...

ကုယြမ္က်ိဳးသည္ မီးဖိုေခ်ာင္အျပင္ဘက္တြင္ ရပ္ေနၿပီး မုရွင္းယုႏွင့္ အန္တီခ်ဴး စကားေျပာတာကို နားေထာင္ရင္း မုရွင္းယု၏ဖုန္းကိုၾကည့္ကာ ေနာက္ဆုံးတြင္ သူလာတာကို မုရွင္းယုသိေစရန္ ေျခလွမ္းမ်ားကို တိုးျမႇင့္လိုက္သည္။

ကုယြမ္က်ိဳးကိုျမင္ေတာ့ မုရွင္းယုက ၿပဳံးၿပီးေျပာတယ္ " ယြမ္က်ိဳး က်ေတာ့္ဖုန္းမွာ လြတ္သြားတဲ့ ဖုန္းေခၚဆိုမႈ ရွိမရွိကို ခင္ဗ်ားၾကည့္ေပးလို႔ရလား? "

" ေကာင္းၿပီ " ကုယြမ္က်ိဳးက ဖုန္းကိုဖြင့္လိုက္ၿပီး ေခါင္းယမ္းလိုက္ကာ " မရွိဘူး " ဟုေျပာသည္။

" အိုး က်ေတာ့္အေမက က်ေတာ့္ကို ဖုန္းဆက္မယ္လို႔ေျပာေပမယ့္ အခုထိမေခၚေသးဘူး " မုရွင္းယုက စိတ္မေကာင္းဟန္နဲ႕ သူ႕လက္ေတြကို တစ္ခ်က္ၾကည့္လိုက္ၿပီး " က်ေတာ့္လက္ထဲမွာ ဂ်ဳံမႈန႔္ေတြရွိေနတယ္၊ ဖုန္းကို အိတ္ကပ္ထဲထည့္ေပးေနာ္ "

မုရွင္းယုက မုန႔္လုပ္ေနၿပီး သူ႕လက္ေတြက ဂ်ဳံမႈန႔္နဲ႕ေပေနတယ္။

ကုယြမ္က်ိဳးက မ်က္ေမွာင္ၾကဳတ္ၿပီး " အန္တီခ်ဴး လုပ္ပါေစ "

" မဟုတ္ဘူး၊ က်ေတာ္ ခင္ဗ်ားအတြက္ ေခါက္ဆြဲတစ္ပန္းကန္ ခ်က္ေပးခ်င္တယ္၊ ခင္ဗ်ားေမြးေန႕မွာ ဘာမွ မစားခဲ့ရဘူး "

မုရွင္းယုက ကုယြမ္းက်ိဳးရဲ႕ ေမြးေန႕ကို မက်င္းပေပးရတဲ့ အခ်က္အေပၚ ၿငီးတြားေနေသးတာမို႔ ဒီတစ္ႀကိမ္ေတာ့ ကုယြမ္က်ိဳးကို ေခါက္ဆြဲတစ္ပန္းကန္ခ်က္ေပးဖို႔ အခြင့္အေရးကို ယူလိုက္သည္။

ကုယြမ္က်ိဳးက အရမ္းေပ်ာ္ေနေပမယ့္ မုရွင္းယုနဲ႕ အန္တီခ်ဴးတို႔ရဲ႕ စကားစျမည္ကို ေတြးၾကည့္ေတာ့ သူ ထပ္မေပ်ာ္နိုင္ေတာ့ဘူး။

" ဒါဆို မင္းလုပ္အားရဲ႕ အသီးအပြင့္ေတြကို ကိုယ္ေစာင့္ေနမယ္ " သူသည္ အတင္းၿပဳံးကာ ဖုန္းကို မုရွင္းယု၏ အိတ္ကပ္ထဲသို႔ ထည့္ေပးကာ မီးဖိုေခ်ာင္မွ ထြက္သြားေလသည္။

မီးဖိုေခ်ာင္ထဲမွာ မုရွင္းယုက အန္တီခ်ဴးကို ၾကည့္ၿပီး လက္မေထာင္ျပလိုက္တယ္။

ကုယြမ္က်ိဳးသည္ သူ႕ကိုယ္သူ အျပစ္တင္ေနၿပီး သူ႕မိဘမ်ား ေသဆုံးျခင္းမွ ေရွာင္လႊဲေနေသာေၾကာင့္ မုရွင္းယုသည္ ကုယြမ္က်ိဳးေရွ႕မွာ အန္တီခ်ဴကို ျပဇာတ္လုပ္ဖို႔ ေတာင္းဆိုခဲ့သည္။

အရမ္းႀကီး တမင္တကာမွန္း မသိသာေစရန္အတြက္ မုရွင္းယုႏွင့္ အန္တီခ်ဴးသည္ ဘဝ၏ အေသးအမႊား အေၾကာင္းအရာမ်ားကိုသာ ေျပာေနေသာ္လည္း ကုယြမ္က်ိဳးကဲ့သို႔ ထက္ျမက္ေသာသူသည္ မုရွင္းယု၏ ရည္႐ြယ္ခ်က္ေကာင္းမ်ားကို မည္သို႔မသိနိုင္မည္နည္း။

ဒုတိယထပ္က အခန္းကို ျပန္ေရာက္ေတာ့ ကုယြမ္က်ိဳးက ေလးေလးနက္နက္ အေတြးထဲ ဝင္သြားတယ္။

အစပိုင္းတြင္ သူသည္ စိတ္ျမန္ၿပီး ကစားရန္ ထြက္ခဲ့ေသာ္လည္း မေတာ္တဆ ျဖစ္ကာ ေျခေထာက္က်ိဳးသြားခဲ့သည္။

သူ႕မိဘေတြ အရမ္းစိုးရိမ္ၿပီး သူ႕ကိုေတြ႕ဖို႔အျမန္ ျပန္လာရင္ ေလယာဥ္ပ်က္က်ခဲ့တယ္။

ကုယြမ္က်ိဳးဟာ သူသည္ သူ႕မိဘေတြကို သတ္ပစ္တယ္လို႔ အၿမဲခံစားခဲ့ရၿပီး သူ႕ကိုယ္သူ အရမ္းအျပစ္တင္မိတဲ့အတြက္ လန္ဒန္ကို မျပန္ခ်င္ခဲ့ဘူး။

ငယ္စဥ္ကပင္ မိဘမ်ား၏ ရည္႐ြယ္ခ်က္ေကာင္းမ်ားကို နားမလည္ဘဲ မၾကာခဏ ဆန႔္က်င္တယ္။ ေနာက္ပိုင္းတြင္ သူသည္ မိဘမ်ား၏ အခက္အခဲမ်ားႏွင့္ အ႐ြယ္ေရာက္သူမ်ားေလာက၏ တာဝန္မ်ားကို နားလည္ခဲ့ေသာ္လည္း ကံမေကာင္းသည္မွာ အခ်ိန္ႏွောင္းသြားၿပီး။

ေနရာတိုင္းတြင္ သူ႕မိဘမ်ား၏ အရိပ္မ်ား ရွိေနေသာေၾကာင့္ သူတို႔ကို ျမင္ရင္ သူ႕ကို အျပစ္တင္မည္ကို ေၾကာက္၍ ဝင္ဆာလ္ရဲတိုက္တြင္ မေနဝံ့ေတာ့ေပ။ ထို႔ေၾကာင့္ သူသည္ ျပင္းထန္ေသာ အလုပ္ျဖင့္ သူ႕ကိုယ္သူ ဖိအားေပးကာ လက္ရွိ တိုက္ခန္းသို႔ ထြက္ေျပးခဲ့သည္။

တခါတရံ သူေတြးမိသည္။ သူ႕ေျခေထာက္က်ိဳးသြားတာက ဘုရားသခင္ထံမွ ျပစ္ဒဏ္တစ္ခုလား?

အသက္ႀကီးလာသည္ႏွင့္အမွ် မိမိကိုယ္မိမိ အျပစ္တင္ျခင္းကို ပိုပို၍ ခံစားလာရသည္။ ေနာက္ဆုံးတြင္၊ လန္ဒန္၏ ဝမ္းနည္းစရာေနရာမွ လြတ္ေျမာက္ရန္အတြက္ ကုအုပ္စု ဌာနခ်ဳပ္ကို တ႐ုတ္နိုင္ငံသို႔ ေျပာင္းေ႐ႊ႕ခဲ့သည္။

ကံေကာင္းေထာက္မစြာ၊ သူ႕ႏွလုံးသားထဲတြင္ အလင္းေရာင္တစ္ခုရွိေနခဲ့ၿပီး ထိုအလင္းေရာင္က သူ႕ကို အေမွာင္ထုထဲသို႔ လုံးလုံးလ်ားလ်ား မက်ေရာက္ေစရန္ ေမွ်ာ္လင့္ခ်က္ေပးခဲ့သည္။

...

မုရွင္းယု ပန္းကန္လုံးတစ္လုံးႏွင့္ ဝင္လာေသာအခါ၊ ကုယြမ္က်ိဳးသည္ မ်က္ႏွာက်က္ ျပတင္းေပါက္ေရွ႕တြင္ သူဘာေတြေတြးေနမွန္းမသိဘဲ ညွိုးငယ္ေသာအမူအရာျဖင့္ ရပ္ေနသည္ကို ေတြ႕လိုက္ရသည္။ သူ႕နည္းလမ္းက အလုပ္ျဖစ္တယ္ဆိုတာ သူသိေပမယ့္ သူလုံးဝမေပ်ာ္နိုင္ဘူး။ တခ်ိဳ႕အရာေတြက အရမ္းနာက်င္လိမ့္မယ္၊ ဒါေပမယ့္ သူလုပ္ရမယ္။

ဥပမာ ဒဏ္ရာက သိသိသာသာ အနာက်က္ၿပီးသားနဲ႕တူေပမယ့္ အခု႐ုတ္တရက္ စုတ္ၿပဲသြားၿပီ။ သာမာန္လူေတြက ဒီလိုေဝဒနာမ်ိဳးကို ဘယ္လိုခံနိုင္မလဲ။ ဒါေပမယ့္ မခြာရင္ ဒဏ္ရာရဲ႕နက္နဲတဲ့ အစိတ္အပိုင္းဟာ ေရာင္ရမ္းၿပီး ေရာင္ရမ္းလာကာ ေနာက္ဆုံးမွာ အသက္အႏၱရာယ္ရွိနိုင္တယ္။

ဒီထက္ပိုၿပီး နာက်င္မႈေတြ မျဖစ္ေစဖို႔အတြက္ မုရွင္းယုက ဗီလိန္ျဖစ္ဖို႔ကလြဲၿပီး ေ႐ြးခ်ယ္စရာမရွိေတာ့ဘူး။

" ယြမ္က်ိဳး က်ေတာ္ေခါက္ဆြဲျပဳတ္ၿပီးၿပီ၊ လာျမည္းၾကည့္ဦး " မုရွင္းယုက တိတ္ဆိတ္မႈကို ခ်ိဳးဖ်က္ကာ ေျပာလိုက္သည္။

" ေကာင္းၿပီး " ကုယြမ္က်ိဳးက စားပြဲဆီသို႔ ေလွ်ာက္သြားကာ မုရွင္းယု ယူလာေပးေသာ ေခါက္ဆြဲကိုၾကည့္ကာ " ဒါက မင္းတကယ္လုပ္ထားတာလား? " ဟု ၿပဳံးၿပဳံးေလးေျပာတယ္။

ေခါက္ဆြဲျဖဴ၏ အေပၚတြင္ ၾကက္သြန္စိမ္းပါးပါးလွီးထားၿပီးျဖဴးထားကာ ဝက္သားျပားမ်ားကို အလွဆင္ထားတာက တကယ္ကို ၾကည့္ေကာင္းတယ္။

" ဟုတ္တယ္ က်ေတာ္လုပ္ထားတာ။ ဒါေပမယ့္..." မုရွင္းယုက " ဒါေပမယ့္ အားလုံးက အန္တီခ်ဴးရဲ႕ လမ္းၫႊန္မႈကေနတစ္ဆင့္ "

ကုယြမ္က်ိဳးကလည္း ၿပဳံးၿပီး " ေက်းဇူးတင္ပါတယ္ "

" အပိုမေျပာနဲ႕၊ ျမန္ျမန္ ျမည္းၾကည့္ "

ကုယြမ္က်ိဳးက ေခါက္ဆြဲတစ္ဖဲ့ကို ယူစားလိုက္ၿပီး " အရသာက အရမ္းေကာင္းတယ္၊ ရွင္းယုက စားဖိုမႉးျဖစ္ဖို႔ အလားအလာရွိမယ္လို႔ ကိုယ္မေမွ်ာ္လင့္ထားဘူး "

" က်ေတာ့္ကို ျမႇောက္ပင့္ေနတာ ရပ္လိုက္ "

" မဟုတ္ဘူး အရသာက တကယ္ေကာင္းတယ္ " ကုယြမ္က်ိဳးက သူေျပာသေလာက္ေတာ့ ပုံႀကီးခ်ဲ့တာမဟုတ္ေပမယ့္ မုရွင္းယု ဖန္တီးထားတယ္လို႔ ေတြးၿပီး သူဘယ္လိုမွ မႀကိဳက္ဘဲ မေနနိုင္ဘူး။

ကုယြမ္က်ိဳးက သူ႕ေခါက္ဆြဲတစ္ပန္းကန္ကို ျမန္ျမန္စားလိုက္ၿပီး အဆုံးမွာ ဟင္းရည္တစ္ငုံေသာက္ၿပီး မုရွင္းယုကို မ်က္ႏွာသာေပးလိုက္တယ္။

မုရွင္းယုသည္ ေနာင္အနာဂတ္တြင္ ကုယြမ္က်ိဳးေမြးေန႕တိုင္း သူ႕အတြက္ ေခါက္ဆြဲခ်က္ျပဳတ္မည္ဟု ေတြးကာ ၿပီးေျမာက္ေအာင္ျမင္မႈကို ခံစားခဲ့ရသည္။

ထို႔ေနာက္ ပန္းကန္အလြတ္ကို ေကာက္ယူကာ မီးဖိုေခ်ာင္သို႔ ျပန္ယူရန္ ႀကံ႐ြယ္ခဲ့ေသာ္လည္း တံခါးဝသို႔ ေရာက္ေသာအခါ ကုယြမ္က်ိဳးမွ ႐ုတ္တရက္ ရပ္တန႔္သြားေစခဲ့သည္။

" ရွင္းယု..."

" ဘာျဖစ္လို႔လဲ? " မုရွင္းယုက လွည့္ၿပီးေမးတယ္။

ကုယြမ္က်ိဳးသည္ ခဏမွ် တုံ႕ဆိုင္းသြားၿပီး ေနာက္ဆုံးတြင္ " မနက္ျဖန္ဝင္ဆာလ္ရဲတိုက္ကို သြားၾကမယ္ "

" တကယ္လာ? " မုရွင္းယုက အံ့ၾသသြားသည္။

ကုယြမ္က်ိဳးက ေခါင္းညိတ္ၿပီး " ေသခ်ာတယ္ ကိုယ့္မိဘေတြဆီ မလည္တာၾကာၿပီ၊ မင္းကို ကိုယ္နဲ႕လိုက္ေစခ်င္တယ္ "

" ေကာင္းၿပီ " မုရွင္းယုသည္ လ်င္ျမန္စြာ ေခါင္းညိတ္ျပၿပီး သူထြက္သြားေသာအခါတြင္ သူ အလြန္ေပ်ာ္႐ႊင္ေနပါသည္။

ေနာက္တစ္ေန႕တြင္ သူတို႔သည္ အျဖဴေရာင္ ဂႏၶမာပန္းစည္းဝယ္ၿပီး ဝင္ဆာလ္ရဲတိုက္သို႔ သြားၾကသည္။

ေတာင္ကုန္းက ႏူးညံ့သိမ္ေမြ႕ၿပီး ကားက ေတာင္ကုန္းေပၚကို တိုက္ရိုက္တက္သြားတယ္။ ကုယြမ္က်ိဳးက ခ်န္ဖန္နဲ႕ တျခားသူေတြကို ထိုေနရာတြင္ ေစာင့္ခိုင္းၿပီး မုရွင္းယုနဲ႕ အတူတူ သူ႕မိဘအုပ္ဂူသို႔ သြားခဲ့တယ္။

မုရွင္းယုသည္ ကုယြမ္က်ိဳးနဲ႕ ေဘးခ်င္းကပ္လ်က္ ေလွ်ာက္လာခဲ့သည္။ ကုယြမ္က်ိဳး၏ ေျခေထာက္မ်ား ပုံမွန္မဟုတ္ေသာ ေၾကာင့္ သူသည္ ကုယြမ္က်ိဳး၏ အေျခအေနကို အခ်ိန္တိုင္း ဂ႐ုတစိုက္ အာ႐ုံစိုက္ခဲ့သည္။

" စိတ္မပူပါနဲ႕ ကိုယ့္ေျခေထာက္ေတြ အခုေနေကာင္းေနၿပီ " ကုယြမ္က်ိဳးက ေျပာတယ္။

" အခုမွပဲ လမ္းေလွ်ာက္တာဆိုေတာ့ သတိထားရမယ္ "

ကုယြမ္က်ိဳး၏ မိဘမ်ားကိုအတူ ျမႇပ္ႏွံထားၿပီး သုသာန္တဝိုက္တြင္ သစ္ပင္မ်ားစြာ စိုက္ပ်ိဳးထားသည္။ ကုယြမ္က်ိဳးသည္ အျဖဴေရာင္ ဂႏၶမာပင္မ်ားကို သူ႕မိဘ၏ အုပ္ဂူေရွ႕မွာထားကာ သူ႕မိဘမ်ား၏ ဓာတ္ပုံမ်ားကို ၾကည့္ရင္ အျပစ္ရွိသလို ခံစားလာရျပန္သည္။

" ရွင္းယု ကိုယ္ သူတို႔ကို ေတြ႕ဖို႔ လာၾကည့္ရတာ အၿမဲတမ္း ရွက္႐ြံ႕ေနခဲ့တယ္။ အစတုန္းကသာ သူတို႔ကို ပိုငဲ့ညွာခဲ့မယ္ဆိုရင္ ေနာက္ပိုင္းမွာ မေတာ္တဆမႈေတြ ျဖစ္လာမွာ မဟုတ္ဘူး "

မုရွင္းယုသည္ ေရွ႕သို႔ တိုးလာကာ ကုယြမ္က်ိဳး၏လက္ကို ကိုင္ကာ ႏွစ္သိမ့္လိုက္တယ္ " ကိုယ့္ကိုယ္ကို အျပစ္မတင္ပါနဲ႕ လူႀကီးႏွစ္ေယာက္သာ အသက္ရွင္ေနေသးရင္ ခင္ဗ်ားေပ်ာ္ေနဖို႔ ေသခ်ာေပါက္ ေမွ်ာ္လင့္ေနမွာ "

" ကိုယ္သိပါတယ္၊ ကိုယ့္စိတ္ထဲမွာ ဒီအခက္အခဲကို အရင္က မေက်ာ္ျဖတ္နိုင္ခဲ့ဘူး " ကုယြမ္က်ိဳးက မုရွင္းယုကို တင္းတင္းၾကပ္ၾကပ္ဖက္ထားၿပီး " ကံေကာင္းေထာက္မစြာ၊ ကိုယ့္အနားမွာ မင္းရွိေနတယ္၊ ကိုယ့္မိဘေတြသာ ကိုယ္တို႔အတူရွိတယ္ဆိုတာသိရင္ အရမ္းပဲေပ်ာ္ေနမွာ "

" ေကာင္းၿပီ၊ ခင္ဗ်ားရဲ႕ေျခေထာက္ေတြ အခုမွျပန္ေကာင္းလာမွန္းသိလို႔ သူတို႔ေပ်ာ္ေနလိမ့္မယ္ "

အျပန္လမ္းတြင္ မုရွင္းယုသည္ ထိုအခ်ိန္က သူ႕မိဘမ်ား ခ်ဳပ္ဆိုထားေသာ လက္ထပ္စာခ်ဳပ္ကို ေတြးေတာရင္း စူးစမ္းခ်င္စိတ္ကို မထိန္းနိုင္ဘဲ " က်ေတာ္တို႔ ငယ္ငယ္တုန္းက လက္ထပ္စာခ်ဳပ္ ရွိတယ္လို႔ ေျပာၾကေပမယ့္ အဲဒါကို က်ေတာ္ အမွတ္ရတာမရွိဘူး "

" အဲဒီတုန္းက မင္းက ငယ္ေသးတယ္ "

" ဒါဆို ခင္ဗ်ားလည္းငယ္ေသးတယ္ေလ။ ခင္ဗ်ားေရာအမွတ္ရတာရွိလာ? " မုရွင္းယုက စိတ္ဝင္တစား ေမးသည္။

ကုယြမ္က်ိဳးက ေခါင္းညိတ္သည္ " အင္ "

" က်ေတာ့္ကိုေျပာျပ " မုရွင္းယုက အလ်င္အျမန္ေျပာၿပီး ေစ့စပ္ပြဲအေၾကာင္းကို သူအရမ္းသိခ်င္ေနခဲ့တယ္။

" ေကာင္းၿပီ " ကုယြမ္က်ိဳးက ၿပဳံးလိုက္သည္။

ကုယြမ္က်ိဳးသည္ ခုနစ္ႏွစ္မျပည့္မီ ** တြင္ေနထိုင္ခဲ့ၿပီး ကု၏မိခင္သည္ တ႐ုတ္နိုင္ငံတြင္ မၾကာခဏေနထိုင္ခဲ့သည္။ ပရဟိတေလလံပြဲတစ္ခုတြင္ မားမားကုသည္ မားမားမုႏွင့္ေတြ႕ဆုံခဲ့ၿပီး ၎တို႔ႏွစ္ဦးသည္ သူငယ္ခ်င္းေကာင္းမ်ားျဖစ္လာခဲ့သည္။

မားမားမုသည္ မားမားကုကို ေတြ႕ရန္လာေသာအခါတြင္ သူမသည္ သူမ၏ အဖိုးတန္သားေလးကို သဘာဝအတိုင္း ေခၚေဆာင္လာေသာေၾကာင့္ ကုယြမ္က်ိဳးသည္ မုရွင္းယုကိုသိလာခဲ့သည္။

***************************************

ဖုတ္ေကာင္ေလးကို ျပန္ edit ဖို႔ Unpublish လုပ္လိုက္တာ အကုန္ Unpublish ျဖစ္ကုန္တယ္ရွင္။ နည္းနည္းခ်င္းျပန္တင္ေပးပါ့မယ္။

*******

Continue Reading

You'll Also Like

141K 15.6K 52
မျက်ကွယ်ကရတနာ အပိုင်းဆက် 96ကနေ စပါတယ် အရှေ့အပိုဒ်တွေက မျက်ကွယ်ကရတနာ ဆိုပြီး ရှာဖတ်နိုင်ပါတယ်
191M 4.6M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
3.6K 650 131
《替身》လူစားထိုး 作者:北棠墨 မူရင္းေရးသားသူ -ေပထန္ေမာ့   အခုေခတ္ေနာက္ခံ 1 V 1 , HE   
1.1M 60.3K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...