နတ်နဂါးစစ်သည်

By purefeather199

17.2K 1.5K 21

နတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရ... More

အခန်း 1+2 (ငါ ပြန်လာခဲ့မယ်)
အခန်း 3+4 (အရင်းနှီးဆုံး သူစိမ်း)
အခန်း 5+6(အခန်းဖော်)
အခန်း 7+8(အလှနတ်သမီး၏အခြွေံအရံများ)
အခန်း 9+10(ရှောင်ဖို့ပဲတတ်တာလား)
အခန်း 11+12(အဓိပ္ပါယ်မရှိတဲ့ အောက်ဆုံးစည်း)
အခန်း 13+14(အားလုံးကို ထိန်းသိမ်း)
အခန်း 15+16(ရှေ့နေများ၏အဝိုင်းခံရခြင်း)
အခန်း 17+18(ပျားရည်ထောင်ချောက်များပင် အလုပ်မဖြစ်)
အခန်း 19+20(ဒီခန္ဓာကတော့တစ်ခုခုမှားနေပြီ)
အခန်း 21+22(ချောင်ပိတ်မိခြင်း)
အခန်း 23+24(လိမ္မာပါးနပ်တဲ့ရဲ)
အခန်း 25+26(ရုတ်တရက်ရောက်လာသောသတင်းထောက်များ)
အခန်း 27+28(အနည်းငယ်ခံစားသွားရခြင်း)
အခန်း 29+30(မထိန်းချုပ်နိုင်သောစွမ်းအားများ)
အခန်း 31+32(ဂိုဏ်းလေးဂိုဏ်း၏နောက်ခံ)
အခန်း 33+34(၅ မိနစ်တည်းနဲ့ အမှောက်သိပ်မယ်)
အခန်း 35+36 (သူ့ကို ခေါ်သွားချင်ရင် ငါတို့ စည်းကမ်းအတိုင်း လုပ် ))
အခန်း 37+38( ပြဿနာဒုတ်ထိုးရှာသူ )
အခန်း 39+40(အကြီးအကဲများ)
အခန်း 41+42(ခွန်အား စမ်းသပ်မှု )
အခန်း 43+44(အမှတ်မထင် တိုက်ပွဲတခု )
အခန်း 45+46(အမျိုးသမီး နှစ်ဦးကြားမှ အလောင်းအစား )
အခန်း 47+48 (ငါ မဖမ်းရဲတဲ့သူ မရှိဘူး )
အခန်း 49+50 ( ပန်းကလေး၏ စောင့်ရှောက်သူများ ဒေါသထွက်ခြင်း )
အခန်း 51+52( ရန်ငြိုးတွေ ရှိရင် အခုညပဲ အပြတ်ရှင်းရအောင် )
အခန်း 53+54 (သေမင်းတမန် ထိုးသတ်ပွဲ ဖိတ်ကြားလွှာ )
55+56 (သေမင်းတမန် ထိုးသတ်ပွဲအား လက်ခံခြင်း )
57+58( ကြိုတင်ပြင်ဆင်ခြင်း )
59+60( အကဲဖြတ်မှု ( ၁ ) ( တုံ့ပြန်မှု အမြန်နှုန်း )
61+62(မျက်လုံးအုပ်၍ ပစ်ခတ်ခြင်း )
63+64(အားကုန်သုံးပြီး ငါ့ကို ထိုးစမ်းပါ...)
65+66(လုံးဝ အကြံပြုတယ်...)
67+68( စောင့်နေရတာ တန်ရဲ့လား.... )
69+70(အခြေအနေ)
71+72(သူ ငါ့ရည်းစားဖြစ်လာရစေမယ်)
73+74( မတူညီသော အတွေးကိုယ်စီ )
75+76(မခူးဆွတ်ရက်သောပန်းတစ်ပွင့်)
77+78(ဒီအရူးကောင်ကတော့)
79+80(ကြောက်မက်ဖွယ်ရာတို့၏အစ)
အခန်း ၈၁ (ငါတို့ မစ်ရှင်ကို နင်ဘယ်လိုသိတာလဲ)
အခန်း ၈၂ (ငါမင်းနဲ့ကစားမယ်)
အခန်း ၈၃ (လှည့်စားမှု)
အခန်း ၈၄ - ငါ့မှာ သဘောကျတဲ့သူ ရှိပြီးသား
အခန်း ၈၅ ( ရှုချန်း လုပွဲ )
အခန်း ၈၆( လင်ချူရွယ်အား ပိုးပန်းနေသူ )
အခန်း ၈၇ ( တဲဗက်စ် မိသားစုပိုင် ကာစီနိုသို့ အလည်တခေါက် )
အခန်း ၈၈( လောင်းကစားဟူသည် အနုပညာတမျိုး...)
အခန်း ၈၉(အပျော်တမ်း ဖဲရိုက်ကြတာပေါ့... )
အခန်း ၉၀ (အလောင်းအစား)
အခန်း ၉၁ ( ဒီကောင်လေး ပြောင်းလဲသွားပြီ )
အခန်း ၉၂ (စာစဥ် ၇) (အချစ်လေး... ကိုယ့်ကို ဖဲဆော့ဖို့ ပိုက်ဆံ နည်းနည်းချေး )
အခန်း ၉၃ (မင်း တိုက်ပေါ်က ခုန်ခုချင်လည်း ပိုမြင့်တဲ့ တိုက်ကိုရှာ )
အခန်း ၉၄ ( အကြွင်းမဲ့ ပြောင်းလဲခြင်း တစ်ခု )
အခန်း ၉၅(ဒီခံစားချက်ကို လွမ်းတာ ကြာပြီ )
အခန်း ၉၆(ခေါင်းဆောင် ရဲ့ အမိန့်ကို နာခံ )
အခန်း ၉၇
အခန်း ၁၀၀+၁၀၁
102+103
104+105
106+107
108+109
110+111
112+113
114+115
116+117
118+119
120+121
122+123
124+125
126+127
128+129
131+132
133+134
အခန်း ၁၃၅ ( သွေးကြွေးပြန်တောင်းရန် ရောက်လာသူများ )
အခန်း ၁၃၆ ( ပုန်းလျှိုးကွယ်လျှိုး )
အခန်း ၁၃၇ ( မယုံနိုင်ဖွယ် ဖြစ်ရပ် )
အခန်း ၁၃၈ ( ရှန်ဝမ်ဆန်း )
အခန်း ၁၃၉ ( အဲဒီ ရှုချန်း အစစ်ပဲ... )
အခန်း ၁၄၀
အခန်း ၁၄၁
၁၄၂( အထီးဖြစ်ဖြစ် အမ ဖြစ်ဖြစ် ဂရုမစိုက်ဘူး )
၁၄၃( ဒီကလေးက ငယ်လွန်းသေးပါတယ်... )
၁၄၄( အသန်မာဆုံး B အဆင့် )
၁၄၅( လင်လဲ့ နေထိုင်ခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက် )
၁၄၆( လီတ့ဟွမ်၏ အဆုံးသတ် )
၁၄၇( ကျုပ်မသွားခင် တံခါးဝဂိုဏ်း လေးခုလုံးကို ရှင်းသွားမယ်...)
၁၄၈( လုပ်ရိုးလုပ်စဥ် အတိုင်း စစ်ဆေးမယ် )
၁၄၉( ဟဲထျန်း ၏ ဗျူဟာ )
၁၅၀( အားလုံးကို ဖမ်းဆီးထိန်းသိမ်းခြင်း )
၁၅၁( ကျုပ်တို့ သူဌေးက ခင်ဗျားကို စကား တစ်ခွန်းလောက် ပြောချင်လို့တဲ့... )
၁၅၂( ကျုပ်ကို ခြိမ်းခြောက်ခဲ့တဲ့သူတွေ အခု ဘာဖြစ်နေလဲ သိလား... )
၁၅၃( ညီလေး... စားနော်...)
၁၅၄( စစ်ဒေသ ၃၆ ခု ပြိုင်ပွဲ )
၁၅၅( တကယ်ကို ထိုက်တန်ပါတယ်... )
၁၅၆(နောက်ယောင်ခံ လိုက်ခြင်း )
၁၅၇( ကျုပ် ရှာဖွေရေး ဝရမ်း လိုတယ် )
၁၅၈(ဖော်ထုတ်ခံရပြီ )
၁၅၉(အင်အားသုံး )
၁၆၀( ဟာကွက် အပြည့်နှင့် )
၁၆၁( ခေတ်တစ်ခေတ် အဆုံးသတ်ခြင်း )
၁၆၂( အနာဂတ်မှာ မင်းဘယ်လောက်ထိ အောင်မြင်မလဲဆိုတာ ငါ တကယ်ကိုမြင်ချင်ပါတယ်...)
၁၆၃( ပိုက်ကွန်ထဲမှ လွတ်သွားသော ငါးတစ်ကောင် )
၁၆၄
၁၆၅( သောက်ကျိုးတော့နည်းကုန်ပြီ ယောက်ဖရေ...)
၁၆၆( နင့်သူငယ်ချင်းက နင့် ယောက်ျားကို ဖွင့်ပြောလိုက်ပြီ...
၁၆၇( ရှန်ယောင် ချန်ခဲ့သော စာတစ်စောင် )
၁၆၈( ကတိ )
၁၆၉( ငါပြန်လာပြီ )
၁၇၀( မောက်မာသော လူသစ် )
၁၇၁( စီနီယာများနှင့် ဂျူနီယာများ အကြားမှ စစ်ရေးလေ့ကျင့်မှု )
၁၇၂( တစ်ကိုယ်တော် အစွမ်း )
၁၇၃( ဒီကောင် ဘာ အခွင့်အရေးမှ မရစေရဘူး )
၁၇၄( ပြည့်စုံသော လမ်းကြောင်း )
၁၇၅( မခုတ်တတ်တဲ့ကြောင် )
၁၇၆( စိတ်လှုပ်ရှားစရာ မရှိသလောက်ပါပဲ... )
၁၇၇( ငါတို့ TV အစီအစဥ် တစ်ခုမှ ပါရမယ် )
၁၇၈( ငါ လုပ်နိုင်တယ် )
၁၇၉( လင်ချူရွယ် )
၁၈၀( လေးလေးနက်နက် တွေးတောခြင်း )
အခန်း ၁၈၁( ထပ်ပြီးတော့ ရှုချန်းပဲလား... )
၁၈၂ + ၁၈၃( စစ်ဒေသ ငါးတွင် လူသစ်ကလေး ထင်တိုင်းကြဲရမည့် အလှည့် မရောက်သေးချေ...)
အခန်း ၁၈၄( အသက်တွေလည်း ကြီးပါပြီ... လှေကားက ဆင်းတာပဲ ကောင်းပါတယ်...)
အခန်း ၁၈၅ + ၁၈၆( မင်း မျက်ခွက် )
အခန်း ၁၈၇ + ၁၈၈(တစ်လောကလုံး နဲ့ စစ်ပြိုင်မယ် )
အခန်း ၁၈၉ + ၁၉၀( အရှက်မရှိ... )
အခန်း ၁၉၁ + ၁၉၂ + ၁၉၃( အမျိုးသမီး စစ်ယူနီဖောင်း )
အခန်း ၁၉၄ + ၁၉၅( ကံမကောင်းလွန်းသူကို ရန်ရှန်း ဟု ခေါ်သည်...)
၁၉၆ + ၁၉၇( ခင်ဗျား ရုပ်ရှင် ရိုက်ရင်လည်း ဒီလို အက်ရှင်ကားမျိုး ရိုက်စမ်းဗျာ... )
အခန်း ၁၉၈+၁၉၉( နဖူးပြင်ထက်မှ အနမ်းပန်း တစ်ပွင့် )
အခန်း ၂၀၀+၂၀၁( ခေါင်းမာသူ )
အခန်း ၂၀၂ + ၂၀၃( အဲဒါ ငါ့အိပ်မက်ပဲ... )
အခန်း ၂၀၄ (မင်းက ဆရာကြီးပဲ... )
အခန်း ၂၀၅+၂၀၆( ပြင်းထန်သော ပြိုင်ဆိုင်မှု )
အခန်း ၂၀၇+၂၀၈( ပြည့်စုံသော အစပြုခြင်း တစ်ခု )
အခန်း ၂၀၉+၂၁၀(ပစ်ချက် )
၂၁၁ + ၂၁၂( အသံမထွက်အောင် ဘယ်လို လျှောက်လာတာလဲ... )
အခန်း ၂၁၃ + ၂၁၄( တပ်တွင်း အပြေးချန်ပီယံပင် မလွတ်မြောက်နိုင်ခဲ့...)
အခန်း ၂၁၅ + ၂၁၆( သောက်ရမ်း မိုက်ချက်ပဲ )
အခန်း ၂၁၇ + ၂၁၈( ဒါဆို ငါ စ လှုပ်ရှားပြီ )
အခန်း ၂၁၉ + ၂၂၀( လူယုတ်မာ )
အခန်း ၂၂၁ + ၂၂၂(ခက်ခဲတဲ့ ပြိုင်ဘက် )
အခန်း ၂၂၃ + ၂၂၄(အရှက်မရှိ )
အခန်း ၂၂၅(မင်း ထပ်ပစ်ချင်သေးရင် ပစ်လေ )
အခန်း ၂၂၆ + ၂၂၇(မင်းအမေ ကိုယ်စား မင်းကို ခွင့်လွှတ်လိုက်မယ် )
အခန်း ၂၂၈ + ၂၂၉(ဖြစ်ချင်ရာကို အကောင်အထည် ဖော်ခြင်း )
အခန်း ၂၃၀ + ၂၃၁(ထိပ်တန်းအထူးအဖွဲ့ )
အခန်း ၂၃၂ + ၂၃၃(အဖွဲ့ နှစ်ခု အကြား ကွာြခားချက် )
အခန်း ၂၃၄ +​၂၃၅(ဆုပေးပွဲ )
အခန်း ၂၃၆ +​၂၃၇(ကျွန်မရဲ့ သခင်ကြီး ကာနယ် )
အခန်း ၂၃၈ +​၂၃၉ + ၂၄၀(ရည်ရွယ်ချက် ရှိရှိ )
အခန်း ၂၄၁ + ၂၄၂(ငါ သူ့ကို ယုံတယ် )
အပိုင်း - ၂၄၃ +၂၄၄(ဖယ်ရှားပစ်မယ် ( ၂ )
အပိုင်း - ၂၄၅ + ၂၄၆ + ၂၄၇( ငါ တောင်းပန်ဖို့ ရွေးချယ်တယ် )
အပိုင်း - ၂၄၈ + ၁၄၉(ငြင်းပယ်ခြင်း )
အပိုင်း - ၂၅၀ + ၂၅၁(ဒီကောင်လေး မဆိုးဘူးပဲ )
အပိုင်း ၂၅၂ + ၂၅၃( ကျုပ်က နဂါးတပ်ဖွဲ့ကို ကိုယ်စားပြုတယ် )
အပိုင်း ၂၅၄ + ၂၅၅( အရိပ်လက်သီး )
စာရေးသူ မှ ပြန်ကြားလွှာ
အပိုင်း ၂၅၆ + ၂၅၇( နှစ်လေး )
အခန်း ၂၅၈ + ၂၅၉( ငါ့ဇနီးလောင်းနဲ့ တစ်ခြားလူ လက်ထပ်သွားတော့ ငါဘယ်လို ခံစားရမလဲ )
အပိုင်း ၂၆၀ + ၂၆၁( တတိယမင်းသား၏ မဖြစ်စလောက် အကြံ )
အပိုင်း ၂၆၂ + ၂၆၃( စစ်ဆင်ရေးအောင်မြင်ခြင်း )
အပိုင်း ၂၆၄ + ၂၆၅( ကြားဖြတ်ခံရခြင်း )
အပိုင်း ၂၆၆ +​၂၆၇( ငါ ဒီမြို့က မပြန်တော့ဘူး )
အပိုင်း ၂၆၈ +​၂၆၉ + ၂၇၀( ဒီအချိန်မှာတော့ သေးပေါက်ချင်တာပဲ သိတယ် )
အပိုင်း ၂၇၁ + ၂၇၂( ငါ့ကို သောက်ရှက်ခွဲနေတာလား )
အပိုင်း ၂၇၃ + ၂၇၄ + ၂၇၅( အဘိုးကြီးတောင် မင်းလောက် ချော့မသွင်းတတ်ဘူး )
အပိုင်း ၂၇၆ + ၂၇၇ + ၂၇၈(သူ့ကို ဒီမှာ ထိန်းသိမ်းထား )
အပိုင်း ၂၇၉ + ၂၈၀ + ၂၈၁( ညစာစားပွဲ )
အခန်း ၂၈၂ + ၂၈၃( ခင်ဗျားတို့ ဘယ်လောက်ရောင်းမှာလဲ... ကျုပ် အကုန်ဝယ်မယ်... )
အခန်း ၂၈၄ + ၂၈၅( မင်းတို့အားလုံး အမှိုက်လိုကောင်တွေချည်းပဲ...)
အခန်း ၂၈၆ + ၂၈၇ + ၂၈၈(နောက်ဆုံး )
အခန်း ၂၈၉ + ၂၉၀( သူမကိုယ်သူမ အပြစ်တင်ခြင်း )
အခန်း ၂၉၁ + ၂၉၂(မင်း သန္ဓေပြောင်းလူသား ဖြစ်လာလိမ့်မယ် )
အခန်း ၂၉၃ + ၂၉၄ + ၂၉၅( ကျုပ်လက်သီး တွေကို လုံးဝ ရပ်မရတော့ဘူး... )
အခန်း ၂၉၆ + ၂၉၇ + ၂၉၈( ချောက်ချခြင်း.... )
အခန်း ၂၉၉ + ၃၀၀( လျှိုထားမယ်.... )
အခန်း ၃၀၁+၃၀၂( အားလုံးပဲ... ကျွန်မက ရှုချန်း မိန်းမပါ... )
အခန်း ၃၀၃ + ၃၀၄( ရင်ဆိုင်ရန် မဖြစ်နိုင်သော )
အခန်း ၃၀၅+၃၀၆( ရှုချန်း ခြေရာ လိုက်နင်းဖို့ဆိုတာ...)
အခန်း ၃၀၇+၃၀၈( ခြိမ်းခြောက်ခြင်း )
အခန်း ၃၀၉+၃၁၀( ပွဲပြီးသွားပြီ )
၃၁၁+၃၁၂+၃၁၃( ရှုံးသူ ချီးစားကြေး )
အခန်း ၃၁၄+၃၁၅( ကျေးဇူးနော် ချူရွယ် )

အခန်း ၉၈ +၉၉

111 13 0
By purefeather199

နတ်နဂါးစစ်သည်
အခန်း ၉၈
(တစ်ရုံးလုံးကို သြဇာလွှမ်းမိုး )

ရုတ်ချည်းဆိုသလိုပင် အဖွဲ့(၂)၏ အဖွဲ့သား ဆယ်ဦးလုံးက တစ်ဦးမျက်နှာ တစ်ဦးကြည့်ပြီးနောက် ‘ဤသကောင့်သား ဦးနှောက်ချောင်နေသလော’ ဟူသော အကြည့်မျိုးဖြင့် ရှုချန်း၏ မျက်နှာကို ပြန်ကြည့်လိုက်ကြသည်။

‘အနောက်ဘက် တံခါးဝ’ အမှုတွဲက အဖွဲ့(၅) တစ်နှစ်ပတ်လုံး လိုက်နေခဲ့သော အမှုတွဲမဟုတ်ပေလော။ အဖွဲ့(၅) တစ်ဖွဲ့လုံးက မှုခင်းရေးရာ ဌာနတစ်ခုလုံး၏ ရနိုင်သမျှ အရင်းမြစ်(အင်အား) အစုံသုံး၍ စုံစမ်းနေသည့်တိုင် အနောက်ဘက်တံခါးဝကို စွဲချက်တင်နိုင်မည့် သက်သေသက္ကာရ မရသေးချေ။

ယခု ရှုချန်းကဲ့သို့ အသစ်ရောက်ရှိလာသူက ထိုအနောက်ဘက်တံခါးဝဂိုဏ်း တစ်ခုလုံးကို ချေမှုန်းမည်ဟု ကြိမ်းဝါးနေ၏။ ဤသည်က အနောက်ဘက် တံခါးဝကို ပြဿနာရှာခြင်း မဟုတ်ပေ။ ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်ပေလိမ့်မည်။

ဂိုဏ်းလေးဂိုဏ်း တံခါးဝ လေးခု တွင် မြောက်ဘက်တံခါးဝဂိုဏ်းမှ လွဲလျှင် ကျန်ဂိုဏ်းသုံးခုက အင်အားကြီးဂိုဏ်းများ ဖြစ်သည်။ ဗန်းစကားနှင့် ပြောရမည် ဆိုလျှင် ဧရာမငါးကြီးများပင်။ ထိုဧရာမငါးကြီးများကို ဖမ်းမိရန်က ငါးလေးများကို ဖမ်းသည့် နည်းလမ်းသုံး၍ မရနိုင်ချေ။ အဝင်မှားသည်နှင့် အမြိုခံရမည် မဟုတ်ပါလား။ သို့အတွက်ကြောင့် ထိုဧရာမငါးကြီးများကို ဖမ်းဆီးရန် မဟာဗျူဟာ နည်းဗျူဟာများဖြင့် တွက်ချက်၍ ချည်းကပ်ရမည် ဖြစ်သည်။

“ငါပြောတာ မှန်တယ်.. မြောက်ဘက်တံခါးဝ ဆရာကြီးနဲ့ ရင်ဆိုင်တိုက်ခိုက်ရဲတဲ့ မင်းလိုလူက ကာယသမား ဉာဏစွမ်းရည် မရှိတဲ့ လူကြမ်းပဲ..” ဝူကန်းက ပျစ်ပျစ်နှစ်နှစ် ဝေဖန်၏။

“ကာယအားသုံးတာ ဘာဖြစ်လဲ.. အနည်းဆုံးတော့ ခင်ဗျားလို သူရဲဘောကြောင်တဲ့ လူမျိုးထက် ပိုသာသေးတယ်လေ..” ထို့နောက် ရှုချန်းကလည်း မနှစ်မြို့စွာဖြင့် ဆက်ပြောသည်။ “ငါတို့ စစ်တပ်ထဲမှာဆို ခင်ဗျားလို လူမျိုး.. ဆင်ခြေဆင်လက်ပဲ ပေးတတ်တဲ့ သူမျိုးက ဘယ်တော့မှ တပ်သားကောင်း ဖြစ်လာမှာမဟုတ်ဘူး.”

လီချောင်ကလည်း ဝင်ပြောသည်။ “ရှည်ရှည်ဝေးဝေး ပြောမနေတော့နဲ့.. ကျေးဇူးပြုပြီး လိုရင်းကိုပဲ ပြောလိုက်ပါ.. အမြင်ခြင်း မတူကြဘူးဆိုတော့.. မင်းက အနောက်ဘက် တံခါးဝကို ချေမှုန်းဖို့ ဆိုတာ လွယ်တယ် ထင်နေသလား.. မင်းပြန်ပြီး ချေမှုန်းမခံရဖို့သာ ဂရုစိုက်..”

ကျန်သူများ အားလုံးကလည်း သံယောင်လိုက်ကြသည်။

“ဟုတ်တယ်.. ဟုတ်တယ်.. အနောက်ဘက် တံခါးဝကို ပြဿနာရှာချင်ရင် အရင်ဆုံး အဖွဲ့(၅) စီကပဲ အမှုတွဲ လက်လွှဲယူလို့ ရအောင် ကြိုးစားပါဦး.. အဖွဲ့(၂) ကို ဘာလို့ ထင်နေတာလဲ.. အဖွဲ့(၂) ဆိုတာ ဒီဌာနမှာ လူအိုရုံကြီး(သက်ကြီးဂေဟာ) ပဲ..”

“လူအိုရုံ ဆိုတာတော့ ခင်ဗျားတို့ သိကြသေးတာပဲ..” ရှုချန်းက ခနဲ့ရင်း ရှေ့နောက်လျှောက်ကာ တစ်ဦးချင်းစီ၏ မျက်နှာများကို စိုက်ကြည့်ပြီး ရုတ်တရက် လေသံမြှင့်ကာ မေးလိုက်သည်။

“ဒါပေမယ့် ဘာလို့ လူအိုရုံ ဖြစ်ရသလဲ သိလား.. ခင်ဗျားတို့ တွေးဖူးကြလား..”

လူဆယ်ဦးလုံးက စကားပြန်မပြောသော်လည်း သူတို့မျက်နှာပေါ်မှ ဒေါသအရိပ်ယောင်များကို  အထင်းသား တွေ့မြင်နိုင်ပေသည်။

“ဘာလို့လဲ ဆိုတော့ ခင်ဗျားတို့ကြောင့်ပဲ..” ရှုချန်းက သူတို့တစ်ဦးချင်းစီကို ကြည့်ကာ ဆူပူကြိမ်းမောင်းလိုက်သည်။
“အသုံးမဝင်တဲ့ အမှိုက်တွေကို ဘေးဖယ်ထုတ်လိုက်တာ မဆန်းဘူး.. ဒါပေမယ့် အမှိုက်တွေ အကုန်လာစု တဲ့နေရာကို အမှိုက်တွင်းလို့ ခေါ်တယ်.. စိတ်ပျက်ဖို့ ကောင်းတာဘာလဲ သိလား.. အဲ့အမှိုက်တွင်းထဲက အမှိုက်တွေက အမှိုက်ဖြစ်ရတာကို ဂုဏ်ဆာနေကြတာပဲ.. ကျုပ်သာ ခင်ဗျားတို့နေရာမှာ ဆိုရင် အမှိုက်မဟုတ်ကြောင်းကို ကြိုးစားပြီး ကိုယ့်ကိုယ်ကို သက်သေပြမှာ.. လူတစ်ယောက်က ကိုယ့်နှလုံးသားကိုတောင် နိုင်အောင် မတိုက်နိုင်ရင် တခြားဘာကို ပြန်တိုက်ခိုက်နိုင်မှာလဲ.. ခင်ဗျားတို့မှာ အခွင့်ရေး မရှိတာလဲ မဟုတ်ဘူး.. အဲ့အခွင့်ရေးတွေကို မဖမ်းဆုပ်နိုင်ခဲ့ကြလို့သာ ခင်ဗျားတို့ အားလုံး ဒီရောက်နေကြတာ..”

ရှုချန်းက ခဏရပ်တန့်၍ ဆက်ပြောသည်။ “ရိုးရိုးသားသား ဝန်ခံရရင် အဖွဲ့(၂) အကြောင်း ကျုပ်သိရပြီးတော့ တကယ်ပဲ စိတ်ညစ်သွားရတယ်.. အထူးသဖြင့် ကိုယ့်ကိုယ်ကို မှန်တယ်လို့ ထင်နေတဲ့ ခင်ဗျားတို့ကို မြင်ပြီး ပိုစိတ်ပျက်မိတယ်.. ခင်ဗျားတို့ကို သနားတောင် သနားမိတယ်.. အသက်ကြီးပြီး အချိန်မစီးဘူး ဆိုတဲ့ စကား ကြားဖူးလား.. အဲ့တာ ခင်ဗျားတို့ကို ပြောတာပဲ..”

“မင်း ဘာစကား ပြောတာလဲ..” ဝူကန်းက ထိုစကားများကို သည်းမခံနိုင်တော့ချေ။ သို့သော် လီချောင်က ဝူကန်းကို လှမ်းဆွဲ၏။ အထက်လူကြီး တစ်ဦးကို ကိုယ်ထိလက်ရောက် ထိပါးခြင်းက ပြင်းထန်လွန်းသော စည်းကမ်းချိုးဖောက်မှု ဖြစ်သည်။ သို့သော် အားလုံးကလည်း ရှုချန်းကို စားမတတ်ဝါးမတတ် ဒေါသတကြီး စိုက်ကြည့် နေကြ၏။

လီချောင်ကလည်း ဒေါသူပုန်ထကာ အံကြိတ်ရင်း တီးတိုး ကြိမ်းဝါးလိုက်သည်။
“ငါ အလုပ်ပြုတ်ခံပြီး ဒီကောင့်ကို ပညာပေးလိုက် ရရင်တော့..”

ရှုချန်းက သူတို့ ဆယ်ဦးလုံးကို ကြည့်ကာ ခေါင်းတဆတ်ဆတ် ညိတ်၍ ပြောသည်။ “ကောင်းပြီလေ.. ကျုပ် ခင်ဗျားတို့ တောင်းဆိုတာကို လိုက်လျောပေးမယ်.. လာစမ်း.. ကျုပ်နဲ့ ချရဲတဲ့သူ ထွက်လာခဲ့..”

လီချောင်တစ်ယောက် ချက်ချင်းပင် ပြောစရာစကား ပျောက်ဆုံးသွား၏။ သူက ရှုချန်းကို စကားယှဉ်မပြောနိုင်သလို ယှဉ်ပြိုင် တိုက်ခိုက်လျှင်လည်း နိုင်မည် မဟုတ်ပေ။

ကျန်သူများကတော့ ရယ်သွမ်းသွမ်း၍ ပြောလိုက်သည်။
“မင်းလည်း အဖွဲ့(၂) ကို ပြောင်းခံရတယ်ဆိုတော့ ငါတို့နဲ့ အတူတူ ဖြစ်မှာပဲ.. ကိုယ့်ကိုယ်ကို သိပ်တော်တယ် ထင်မနေနဲ့..”

“ကျုပ် ခင်ဗျားတို့နဲ့ အပုံကြီး ကွာတာပေါ့… အနည်းဆုံးတော့ ကျုပ်က ခင်ဗျားတို့လို အသုံးမကျတဲ့သူ မဟုတ်ဘူး.. သောက်မြောက်ဘက်တံခါးဝ သခင်ကြီးကို ကျုပ်သတ်ပေးခဲ့လို့ အစိုးရ အနေနဲ့ မြောက်ဘက်တံခါးဝကို ဖြိုချ ရှင်းလင်းနိုင်လိုက်တယ်.. ခင်ဗျားတို့ကရော .. သောက်ရေးမပါတာတွေက လွဲရင် တခြားဘာလုပ်တတ် သေးလဲ.. အခု ကျုပ် အဖွဲ့(၂) ကို ပြောင်းရွှေ့ခံရတယ်.. မှန်တယ်.. ကျုပ်သာ ခင်ဗျားတို့ အခြေနေကို မပြောင်းလဲ ပေးနိုင်ဘူးဆိုရင် ခေါင်းဆောင်အရည်ချင်း မမှီဘူး… အဲ့တာကြောင့် ခင်ဗျားတို့ ဒီပုံအတိုင်း ဆက်နေချင်နေ.. ကျုပ်ကတော့ ဒီပုံစံ ဒီအချိုးနဲ့လူတွေကို မလိုချင်ဘူး.. အဲ့တော့ ခင်ဗျားတို့ ဆက်နေချင်တယ် ဆိုရင် ကျုပ်စည်းကမ်းတွေကို လိုက်နာ..” ရှုချန်းက အားလုံးကို ကြည့်ရင်း အလေးအနက် လေသံဖြင့် ပြောလိုက်သည်။

လီချောင်က နှုတ်ခမ်းသပ်ရင်း ဖြေးဖြေးချင်း ပြောသည်။ “မေးခွန်းတွေ အများကြီး မမေးတော့ပါဘူး.. မေးချင်တာ တစ်ခုတည်း .. ကျုပ်တို့ကို စုံစမ်း စစ်ဆေးခိုင်းချင်တဲ့ အမှုတွဲ တစ်ခုတောင် မရှိဘူးဆိုရင် တခြားအဖွဲ့တွေရဲ့ အမှုကြီးတွေကို လက်လွှဲပေးမယ့် ယုံကြည်ချက်မျိုး ဘယ်ကနေ ရမလဲ..”

“ကျုပ်တို့ကိုင်ဖို့ အမှုကြီးကြီးမားမား မရှိဘူး ဆိုရင်လည်း အမှုသေးသေးလေးတွေကို ဖြေရှင်းရင်း ကျုပ်တို့ရဲ့ အစွမ်းအစကို သက်သေပြရမှာပေါ့..  လမ်းလျှောက်ဖို့တောင် စိတ်မရှည်ရင် ပြေးနိုင်ဖို့ စိတ်ကူး မနေတော့နဲ့.. စိတ်မကောင်းပေမယ့် အဲ့လိုလူမျိုးကို ကျုပ်ငှားမှာ မဟုတ်ဘူး..” ရှုချန်းက လက်ခုပ်တဖြောင်းဖြောင်း တီး၍ အားလုံး၏ အာရုံစူးစိုက်မှုကို ဆွဲယူကာ ဆက်ပြောသည်။

“အခု ကျုပ်တို့စုံစမ်းလို့ ရမယ့် အမှုငယ်လေးတွေကို အရင်ဆွဲထုတ်ကြစို့… ဘာပဲဖြစ်ဖြစ် ဒီအတိုင်းဘာမှ လုပ်စရာမရှိပဲ အငုတ်ထိုင်တည် နေတာမျိုးထက် တက်တက်ကြွကြွ ရှိနေတာ ပိုကောင်းတယ်.. ပြီးတော့ ဒါက  အလုပ်သက်သက် မဟုတ်ဘူး.. ကျုပ်တို့ မှုခင်းအရာရှိတွေ ဆိုတာ ပြည်သူကို အလုပ်အကျွေးပြုနေကြတာပဲ.. ဒါကြောင့် အဖွဲ့(၂) အနေနဲ့ ကိုင်တွယ်လို့ ရမယ့် အမှုတွဲတွေ ရှိရင် ထုတ်လာခဲ့ကြပါ..”

လီချောင်က စိတ်မပါ လက်မပါဖြင့် ထသွားရင်း ကွန်ပျူတာထဲမှ အမှုတွဲ တချို့ကို ထုတ်ယူလာခဲ့သည်။ ရှုချန်းက ထုတ်ယူလာသော အမှုတွဲများကို ကြည့်ပြီးနောက် မျက်မှောင်ကြုတ် သွား၏။ အချို့သော အမှုတွဲများက နောက်ခံကြီးကြီးမားမားနှင့် ပက်သက်နေသော အမှုတွဲများ ဖြစ်ပြီး ကျန်အမှုများက လူသတ်မှုများ ဖြစ်နေသည် မဟုတ်လော။

“ဒါ အမှုသေးသေးလေးတွေ တဲ့လား.. ဘာလို့ ခင်ဗျားတို့တတွေ အခုထိ အကောင်းမမြင်နိုင်ကြသေးတာလဲ..” ရှုချန်းက စိတ်ရှုပ်ထွေး စွာဖြင့် မေးလိုက်သည်။

ဝူကန်းက နှာခေါင်းရှုံ့ရင်း ပြန်ဖြေ၏။ “အမှုသေးသေးလေးတွေတော့ မဟုတ်ပါဘူး.. ဒါပေမယ့် ဒီအမှုတွဲတွေကို ဖြေရှင်းနိုင်မယ် ဆိုရင် အထက်အရာရှိတွေ ကောင်းကောင်းကြီး ချူးကျူး ဂုဏ်ပြု ကြလိမ့်မယ်.. ပြီးတော့ ဒီအမှုတွဲတွေက မပိတ်သိမ်းနိုင်တဲ့ အမှုတွဲတွေ.. ရှေ့မှာကိုင်သွားတဲ့ အဖွဲ့တွေက ဒီအမှုတွေကို မဖြေရှင်းနိုင်လို့ ကျုပ်တို့ အဖွဲ့စီ ကျလာတာပဲ.. ပြောရမယ်ဆိုရင် သူတို့လုပ်ရမယ့် တာဝန်တွေကို ကျုပ်တို့စီ လွှဲချ လိုက်တယ်လို့ ပြောနိုင်တယ်… ပြီးတော့ ဒီအမှုတွေက အကျိုးသက်ရောက်မှု ကြီးကြီးမားမား ဖြစ်စေမှာမို့ ဒီအတိုင်း ပိတ်သိမ်းရုံ ဖြေရှင်းလိုက်ရုံနဲ့လည်း မပြီးသွားဘူး.. ဒါပေမယ့် အရင်အဖွဲ့(၂) ခေါင်းဆောင်ဟောင်း ပြောတာတော့ ဒီအမှုက ဘယ်ကနေ အစရှာရမလဲ မသိဘူးတဲ့.. ဒါကြောင့်လည်း ဘယ်တော့မှ အမှုမပိတ်နိုင်တာ..”

“အမှန်တရားဆိုတာ ဘယ်တော့မှ ပျောက်ကွယ်မသွားဘူး.. အနှေးနဲ့ အမြန် ထွက်ပေါ်လာရမှာပဲ.. ဖြေရှင်းလို့ မရတဲ့ အမှုဆိုတာ မရှိဘူးလို့ ကျုပ်ယုံကြည်တယ်..” ရှုချန်းက ထိုသို့ ပြောလိုက်သည်။

ကျန်သူများ အားလုံးက ချက်ချင်းပင် နှာခေါင်းရှုံ့ချိန် ဝူကန်းက ခနဲ့လိုက်သည်။ “အပြောလွယ် အလုပ်ခက်တယ်.. အဲ့အမှုတွဲ သုံးခုထဲက အမှုတွဲတစ်ခုကို ပိတ်သိမ်းနိုင်ရင် မင်းကိုယ်မင်း ဒုတိယပါလို့ ပြောရင်တောင် မင်းအထက်မှာ ဘယ်ဆရာကြီးမှ ရှိတော့မှာ မဟုတ်ဘူး..”

ရှုချန်းက ဝူကန်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို ဒုတိယဖြစ်ခွင့် ပေးလိုက်မယ်.. ကျုပ်ကတော့ ဆရာကြီးပေါ့..”

ထို့နောက် ရှုချန်းက ကွန်ပျူတာ ရှိရာသို့ သွားရောက်၍ အမှုသုံးခုနှင့် သက်ဆိုင်သော သတင်းအချက်လက်များကို ကြည့်ရှုလိုက်သည်။ ကျန်သူများ ကတော့ ရှုချန်း၏ စကားကို ဂရုမစိုက်ဟန်ဖြင့် ဆေးလိပ်ထုတ်သောက်ရန် ပြင်လိုက်ကြ၏။ သို့သော် ရှုချန်းထံမှ စကားသံ ထွက်ပေါ်လာခဲ့သည်။

“အခုကစပြီး ရုံးခန်းထဲ ဆေးလိပ်သောက်ခွင့် လုံးဝ မရှိတော့ဘူး.. ဆေးလိပ်သောက်ချင်ရင် အပြင်မှာထွက်သောက်.. ခင်ဗျားတို့ရဲ့ ခေါင်းဆောင် အနေနဲ့ ဒါကျုပ်ရဲ့ ပထမဆုံး စည်းကမ်းပဲ..”

လီချောင်က နှာခေါင်းရှုံ့ရင်း ဆေးလိပ်တစ်ဖွာ ရှိုက်၍ မီးခိုးငွေ့များ  ဖူးခနဲ မှုတ်ထုတ်လိုက်သည်။ မီးခိုးငွေ့ ထွက်ပေါ်လာသည်တွင် ရှုချန်း၏ လက်ထဲမှ ဘောပင်က ဝှီးခနဲ လွင့်ပျံ၍ လီချောင်၏ နှုတ်ခမ်းကြားမှ ဆေးလိပ်ကို ထိမှန်ကာ လွင့်ထွက်သွားစေ၏။

လီချောင်တစ်ယောက် ထိတ်လန့်တကြားဖြင့် ပါးစပ်ကို လက်ဖြင့် ပြန်စမ်းကြည့်ရာတွင်တော့ မည်သည့် ဒဏ်ရာမှ မရရှိခဲ့ချေ။ သို့သော် ကြမ်းပြင်ထက်မှ ကျိုးပဲ့နေသော ဆေးလိပ်နှင့် ဘောပင်တို့ကတော့ အိမ်မက် မဟုတ်ကြောင်း သက်သေပြနေ၏။

လီချောင်က ရှုချန်းထံသို့ ထိတ်လန့် အံ့အားတကြီး လှမ်းကြည့်ရာတွင် ရှုချန်းက ပြန်လှည့်၍ပင် မကြည့်ပဲ ပြောလိုက်သည်။

“ကျုပ် ဘောပင် ပြန်ကောက်ခဲ့ပေး..”

ရှုချန်းက သူ့ကို တွဲဖက်အဖွဲ့ဝင်များ ရှေ့မှောက်၌ အရှက်ခွဲသလို ဖြစ်နေရာ လီချောင်တစ်ယောက် မကျေမနပ် ဒေါသဖြစ်မိသည်။ ထိုအခါမှ ရှုချန်းက သူ့ကို လှမ်းကြည့်ရင်း ပြောသည်။ “နောက်တစ်ခါ ဘယ်သူပဲ အခန်းထဲ ဆေးလိပ်သောက်သောက် ကျုပ်ဘောပင်က ဆေးလိပ်ကို ထိတော့မှာ မဟုတ်ဘူးနော်.. အဲ့ပါးစပ်တွေစီ ရောက်လာလိမ့်မယ်.. အဲ့အခါကျမှ ကျုပ် သတိမပေးဘူး မပြောနဲ့..”

လီချောင်က ဟိုကြည့် ဒီကြည့် လုပ်ပြီးမှ ဘောပင်ကို ကောက်ယူ၍ ရှုချန်း၏ စားပွဲပေါ် တင်ပေးလိုက်သည်။ ရှုချန်းက ဆက်ပြော၏။

“ခင်ဗျားတို့ အတိတ်မှာ ဘယ်လို အကျင့်ဆိုးတွေ ရှိခဲ့ရှိခဲ့ ကျုပ်စိတ်မဝင်စားဘူး.. ဒါပေမယ့် အခုကစပြီး အဲ့အကျင့်တွေ စရိုက်တွေကို ပြင်ပါ.. ဒီနေရာကို လူအိုရုံ ဆက်မဖြစ်စေနဲ့တော့.. အလုပ်ထွက်ချင်တဲ့ သူတွေ ရှိရင်လည်း ကျုပ်ကို တိုက်ရိုက် လာပြောနိုင်တယ်.. တကယ့် လူအိုရုံကို ကျုပ်ပို့ပေးမယ်.. ပြီးတော့ ဝှီးချဲ တစ်ခုပါ လက်ဆောင် ပေးလိုက်မယ်..”

နတ်နဂါးစစ်သည်
အခန်း ၉၉

ရှုချန်းနှင့် အဖွဲ့(၂) အကြားမှ ပထမဆုံး အစည်းဝေးက ပျော်စရာတော့ မကောင်းခဲ့။ သို့သော် ရှုချန်း၏ ကြမ်းတမ်း ခေါင်းမာသော စရိုက်ကိုတော့ အဖွဲ့(၂) တစ်ခုလုံးအကြား အခိုင်အမာ စွဲမြဲစေခဲ့သည်။

အဖွဲ့သားများနှင့် တွေ့ဆုံပြီးနောက် ရှုချန်းက ရုံးခန်းထဲမှ တိုက်ရိုက်ပင် လှည့်ထွက်လာလိုက်သည်။ “အားလုံးပဲ နေ့လည်စာအတွက် ကန်တင်းသွားနိုင်ပြီ..”

ရှုချန်းထွက်ခွာ သွားပြီးနောက် ကျန်ရစ်ခဲ့သော အဖွဲ့သားများက တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။ ဝူကန်းက ရှုချန်း၏ ကျောပြင်ကို ငေးရင်း ပြော၏။ “အရင်ဆုံး စောင့်ကြည့်ကြတာပေါ့.. အပြင်ပိုင်းမှာ မာချင်ယောင်ဆောင် နေတဲ့သူ ဆိုရင်တော့ ငါတို့ သူ့နောက်မလိုက်ဘူး.. မဟုတ်ရင်တော့ ငါတို့ ကိုယ့်ရှူးကိုယ်ပတ် သွားလိမ့်မယ်..”

သို့နှင့် အဖွဲ့သား ဆယ်ဦးလုံးက ရှုချန်းနောက်မှ လိုက်ပါလာခဲ့ကြသည်။ ထိုကန်တင်းက ရဲဌာနမှ လူများ ‌ဈေးသက်သက်သာသာဖြင့် ဝယ်စားနိုင်ရန် စာချုပ်ချုပ်ဆိုထားသော စားသောက်ဆိုင် တစ်ခုပင်။ ထိုဆိုင်က ရှုချန်းတစ်ယောက် ယန်ကျင်းနှင့် ပထမဆုံး ရောက်လာခဲ့သော စားသောက်ဆိုင်လည်း ဖြစ်သည်။

ရှုချန်း ဆိုင်ထဲသို့ ဝင်ရောက်လာသည်နှင့် နေ့လည်စာ စားသောက် နေကြသော အခြားအဖွဲ့အသီးသီးမှ မှုခင်းအရာရှိများက သူ့ကို ကြည့်ကာ အချင်းချင်း တီးတိုး ပြောလိုက်ကြ၏။

“သူပဲ.. မြောက်ဘက်တံခါးဝ ဆရာကြီးရန်နဲ့ တိုက်ခိုက်ခဲ့တဲ့သူ…”

“ပြောကြတာ သူဓားထိုးခံရတယ်ဆို.. ဘယ်လိုဖြစ်ပြီး အခု အလတ်ကြီး(အကောင်းတိုင်း) ရှိနေရသေးတာလဲ..”

“သူတကယ် နိုင်သွားတယ်လို့ မင်းတို့ ထင်လား..”

“ဟုတ်တယ်.. မြောက်ဘက်တံခါးဝ ဆရာကြီးရန်က နောက်ဆုံးမှာ ခိုးပြီး ဓားနဲ့ အနောက်က ချောင်းထိုးလို့သာ သူဓားထိုးခံရတာ.. ပြောရမယ်ဆိုရင် ရှုချန်းနိုင်တာ အသေအချာပဲ..”

“ငါကြားတဲ့ ကောလဟာလ အရဆို သူက ခေါင်းဆောင်ယန်ရဲ့ ချစ်သူဆိုလား..” အတင်းပြောနေသော မှုခင်းအရာရှိ ရဲမေများက စိတ်လှုပ်ရှား သွားကြသည်။

“ဒီမနက်.. ခေါင်းဆောင်ယန်ကျင်းပဲ သူ့ကို ခေါ်လာတာလေ.. ငါမှတ်မိသေးတယ်.. သူ လှည့်ကင်းရဲလေး ဖြစ်နေတုန်းကလည်း အရာရှိယန်ပဲ ဒီနေရာမှာ‌ နေ့လည်စာစားဖို့ ခေါ်လာခဲ့တာ..”

“လီတ့ဟွမ်က ယန်ကျင်းကို လိုက်နေတာ မဟုတ်ဘူးလား.. သူအငြင်းခံလိုက် ရပြီလား..”

“ဖြစ်နိုင်တယ်.. လီတ့ဟွမ်က အပြင်ပိုင်းပဲ သန်မာချင်ယောင် ဆောင်နေတာ..”

ထိုနေရာသို့ ရောက်လာသည့်အခါ နေ့လည်စာ စားနေသော လီတ့ဟွမ် တစ်ယောက် သည်းမခံနိုင်တော့ချေ။ သူက စားပွဲကို ဒုန်းခနဲ လက်ဖြင့် ရိုက်လိုက်သည်။ အသံက ကျယ်လွန်းရာ ကင်တန်းတစ်ခုလုံး ရုတ်ချည်း တိတ်ကျသွား၏။

လီတ့ဟွမ်၏ တွဲဖက်တချို့က သူ့ကို ဆွဲထားရင်း အသံနှိမ့်၍ တား၏။

“မင်း ဘာလုပ်နေတာလဲ..”

လီတ့ဟွမ်က အံတင်းတင်းကြိတ်၍ နောက်လှည့်ကာ ရှုချန်းကို ကြည့်လိုက်သည်။ ပြီးနောက် ရှုချန်းထံ တိုက်ရိုက်ပင် ထသွားပြီး တစ်လုံးချင်း ပြောလိုက်၏။ “အရင်ကတော့ ငါ သိပ်ဂရုမစိုက်ဘူး.. ဒါပေမယ့် အခု မင်းဒီမှာ ရောက်နေပြီ ဆို‌တော့.. ကျင်းအာနဲ့ ခပ်ဝေးဝေး နေပေးပါ.. မဟုတ်ရင် မိန်းကလေး တစ်ယောက် အကပ်နဲ့ ဝင်လာတဲ့သူလို့ တခြားသူတွေ မင်းကို ထင်လိမ့်မယ်..”

“ဦးနှောက်ပါတဲ့ သူတိုင်း စဉ်းစားတတ်တယ်.. ငါ့အရည်ချင်းနဲ့ ငါ ဒီနေရာကို ရခဲ့တယ် ဆိုတာ..” ရှုချန်းက ခွန်းတုန့်ပြန်ကာ ဆက်ပြော၏။

“ပြီးတော့ မင်းမကျေနပ်ဘူး ဆိုရင် မင်းသုံးနေကျ ပြကွက်တွေသုံးပြီး ယှဉ်ကြည့်ပေါ့.. ဘယ်သူက ပိုသာလည်း ဆိုတာ.. ရှည်ရှည်ဝေးဝေး စကားတွေ လိုက်ပြောမနေနဲ့..” ထိုသို့ပြောပြီးနောက် ရှုချန်းက လီတ့ဟွမ်ကို တိုက်ရိုက်ပင် ဖြတ်လျှောက်၍ နေ့လည်စာ မှာယူရာသို့ ထွက်လာခဲ့သည်။

လီတ့ဟွမ်က ရှုချန်းကို ဘာမှ မလုပ်နိုင်ချေ။ သို့သော် ရှုချန်းကို  မလုပ်နိုင်သော်လည်း ရှုချန်း၏ နောက်လိုက်များကို ဒုက္ခမပေးရဲဟု မဆိုလို။ လီတ့ဟွမ်က ရှုချန်း၏ နောက်မှပါလာသော ဝူကန်းကို ခြေထိုးခံလိုက်သည်။

လီချောင်က လီတ့ဟွမ်နှင် ရင်ဆိုင်ရန် ရှေ့တိုးလိုက်စဉ် လဲကျသွားသော ဝူကန်းက ဖုတ်ဖတ်ခါ ထရင်း လီချောင်ကို လှမ်းတားလိုက်သည်။ ပြီးနောက် ဝူကန်းက မည်သည့် ပြဿနာမှ မရှာပဲ ဆက်သွားမည် ပြုစဉ် ရှုချန်းက သူ့ရှေ့ ပိတ်ရပ်နေသည်ကို တွေ့လိုက်ရ၏။

ပြန်လှည့်လာသော ရှုချန်းက လီတ့ဟွမ်ကို ကြည့်ကာ ခနဲ့ရင်းပြောသည်။

“အပေါ်ဖား အောက်ဖိ ဆိုတာ မင်းလိုလူမျိုးကို ပြောတာ ဖြစ်မယ်.. မင်းမကျေနပ်ရင် ငါနဲ့ ဒဲ့ရှင်း.. ငါ့လူတွေကို ပြဿနာ မရှာနဲ့..”

လီတ့ဟွမ်က ထူးဆန်းသော လေသံဖြင့် ပြောလိုက်သည်။ “မတော်တဆဖြစ်သွားတာ..”

ရှုချန်းက ပြော၏။ “အဲ့တာဆို ပြန်တောင်းပန်..”

လီတ့ဟွမ်က ဝူကန်းကို မထီမဲ့မြင်ကြည့်ရင်း မေးလိုက်သည်။ “ပြန်တောင်းပန် ရမလား..”

လီတ့ဟွမ် ဆိုသည်မှာ အသစ်ဝင်လာသော ရဲသားများကို တိုက်ခိုက်ရေး သင်ပြပေးရသော နည်းပြဖြစ်သည်။ မြို့တော်၏ နှစ်ပတ်လည် ‘SWAT’ တိုက်ခိုက်ရေး ပြိုင်ပွဲ၏ ချန်ပီယံလည်း ဖြစ်သည်။ သို့အတွက်ကြောင့် တိုက်ခိုက်ရေးနှင့် လက်နက်များတွင် အတွေ့ကြုံ ကြွယ်ဝသလို ဌာနတွင်လည်း အနေထား တစ်ခု ရှိ၏။

ဝူကန်း ‘ဟင့်အင်း  မလိုပါဘူး’ ဟု ပြောချင်ခဲ့သည်။ သို့သော် ရှုချန်းက ဝူကန်းကိုယ်စား ဝင်ပြော၏။ သူက လီတ့ဟွမ်ကို စိုက်ကြည့်ရင်း မည်သည့် ညှိနှိုင်းခွင့်မှ မပေးခဲ့ချေ။ “သူ့ကို ပြန်တောင်းပန် လိုက်လို့ ငါပြောနေတယ်..”

လီတ့ဟွမ်၏ မိတ်ဆွေများ အားလုံးက ထိုစကားလုံးများကို ရင်းနှီးနေသည်ဟု ခံစားလိုက်ကြရ၏။ အတိတ်တွင် လီတ့ဟွမ်က ရှုချန်းကို ယန်ကျင်းအား တောင်းပန်ခိုင်းခဲ့ပြီး ရှုချန်းက ယန်ကျင်းကို တောင်းပန်ရန် လိုအပ်သလောဟု ပြန်မေးခဲ့သည်။ ထိုစဉ်က လီတ့ဟွမ်တစ်ယောက် ရှုချန်းကို အတင်းအကျပ် တောင်းပန်ခိုင်း ခဲ့သည် မဟုတ်လော။

ယခုတော့ အခြေနေက လုံးဝပြောင်းပြန် ဖြစ်သွားချေပြီ။ လီတ့ဟွမ်က မျက်ခုံးပင့်ရင်း ရှုချန်းကို ကြည့်ကာပြောသည်။ “မင်းကဘယ်သူလဲ.. သူ့ကိုယ်စားလှယ်လား.. ကိုယ့်ကိုယ်ကို အရင်မေးလိုက်ဦး..”

“ငါ သူ့ခေါင်းဆောင်..” ရှုချန်းက မျက်လုံးမှေးကျဉ်းရင်း လီတ့ဟွမ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “နောက်ကျရင် ငါတို့က တစ်ဖွဲ့တည်း ဖြစ်လာမှာ.. သူ့ကို စော်ကားထိပါးတာက ငါ့ကို စော်ကားထိပါးတာနဲ့ အတူတူပဲ ဆိုတာ မှတ်ထားပါ.. လုပ်ငန်းခွင်မှာ အဆင်ပြေပြေ ညီညီညွတ်ညွတ် ဖြစ်ချင်ရင် တစ်ယောက်မကြိုက်တာ တစ်ယောက်  မလုပ်နဲ့..”

ထို့နောက်ရှုချန်းက ဝူကန်း၏ ပုခုံးကို ပုတ်ရင်း စားသောက်တန်းသို့ လျှောက်လာခဲ့လိုက်သည်။ ရှုချန်းထံမှ ထွက်ပေါ်နေသော ကာကွယ်ပေးမှုက ပတ်ဝန်းကျင်မှ လူများထံ အလိုအလျောက် သက်ရောက်နေရာ အဖွဲ့(၂) မှ လူများ အားလုံးက အနည်းငယ် ထူးဆန်းသည့် ခံစားချက်မျိုး ခံစားလိုက်ရသည်။ ဆိုင်ထဲမှ ကျန်သူများ အားလုံးကလည်း တွေးလိုက်မိကြသည်။ အဖွဲ့(၂)၏ ခေါင်းဆောင်သစ်က သန်မာအားကောင်း၍ လွှမ်းမိုးနိုင်လွန်းသည် ဟူ၍။

စားသောက်တန်း၏ ဒုတိယထပ်တွင် ရဲအရာရှိအဘိုးအို တစ်ဦးက လက်ရန်းကို မှီရင်း အောက်ဘက်မှ မြင်ကွင်းကို ကြည့်နေခဲ့သည်။ သူက စပ်စပ်စုစုပင် နံဘေးမှ ပုဂ္ဂိုလ်အား မေးလိုက်၏။

“သူ့ကို မမြင်ဖူးဘူး.. အသစ်ပြောင်းလာတဲ့ သူလား..”

ထိုအဘိုးကြီး၏ နောက်ဘက်တွင် နေ့လည်စာ စားနေသော တွဲဖက်ဖြစ်သူက ခေါင်းညိတ်ရင်း ဖြေသည်။ “မြောက်ဘက်တံခါးဝ ဆရာကြီးရန် ကို ချေမှုန်းခဲ့တာ သူပေါ့..”

ရဲသားအိုကြီးက မျက်ခုံးပင့်ကာ ပြောသည်။ “သူ သတိလွတ်ပြီး လျော့လျော့ပေါ့ပေါ့ နေမယ် ဆိုရင် သိပ်အဆင်ပြေမှာ မဟုတ်ဘူး..”

စားသောက်နေသော ပုဂ္ဂိုလ်က ရယ်မောရင်း ပြော၏။ “ကြမ်းပါတယ်ဆိုတဲ့ နဂါး တောင် မြစ်ကို ကန့်လန့်ဖြတ် မကူးဘူး.. ရောက်လာတဲ့ ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျ ဖြစ်ဖို့အရင် ကြိုးစားသင့်တယ်.. ပြီးတော့ သူ့ရဲ့ မြောက်ပိုင်းတံခါးဝကို ထင်ရာစိုင်း ချေမှုန်းသွားတာက တချို့အဖွဲ့တွေရဲ့ မူလ အကြံစည်ကို ပျက်စီးသွား စေတယ်လေ.. အဖွဲ့(၇) နှစ်နဲ့ချီ ချိန်နေတဲ့ ပစ်မှတ်ကို သူသိမ်းပိုက်သွားတာလို့လည်း ပြောလို့ရတယ်.. ပြီးတော့ သူ့ရဲ့ လှည့်ကင်းရဲသား အဆင့်တုန်းကလည်း တချို့ သခင်လေးတွေနဲ့ ပြဿနာ ဖြစ်ခဲ့သေးတယ်လို့ ကြားတယ်… ပြီးတော့ သူ့ကြောင့် ရဲဌာနနဲ့ စီးပွားရေး အဖွဲ့စည်းတွေကြားက ဆက်ဆံရေး တချို့လည်း ကတောက်ကဆ ဖြစ်ခဲ့ရသေးတယ်.. သူ့ကို သဘောမကျတဲ့သူတွေ တော်တော် များများ ရှိနေပြီ..”

ရဲသားအိုကြီးက ခနဲ့ပြုံးပြုံးရင်း ပြောလိုက်သည်။ “လောင်းကြမလား.. သူက အဖွဲ့(၂)မှာပဲ အချိန်တွေကုန် အလဟဿ ဖြစ်သွားမလား.. ဒါမှမဟုတ် အဖွဲ့(၂)ကို ပြောင်းလဲလိုက်နိုင်မလား ဆိုတာ..”

စားသောက်နေသော ပုဂ္ဂိုလ်က ချက်ချင်းပင် သဘောတူလိုက်သည်။ “ငါလောင်းမယ်.. ငါကြားထားရသလောက်ဆို သူ့ကို ခက်ခဲအောင် လုပ်တော့မယ့် လူတစ်ယောက် ရှိနေတယ်ဆိုပဲ..”

“ဟုတ်လား.. ငါ့လည်း ပြောပြပါဦး..”

“ လောလောဆယ် ဒါက လျှို့ဝှက်ချက်.. ဒီနေ့ အစည်းဝေးပြီးရင် သိရမှာပါ..”

စားသောက်ပြီးနောက်တွင် ရဲသားတစ်ဦးက ရှုချန်းကို အစည်းဝေးရှိသည့် အကြောင်း လာခေါ်ခဲ့သည်။ အစည်းဝေးခန်းမသို့ ရှုချန်းရောက်ချိန်တွင် အခန်းထဲထိုင်နေသော ယန်ကျင်းက ခပ်ဖျော့ဖျော့ ပြုံးပြရင်း ပြောလိုက်သည်။

“ဒီနေ့ အဖွဲ့(၂)ကို ရှင်ကန်တင်းခေါ်သွားတာ တွေ့လိုက်တယ်.. ကြည့်ရတာ လက်လွှဲယူပြီးကတည်းက အဆင်ပြေနေပုံပဲ..”

ရှုချန်းက ချောင်းဟန့်လိုက်၏။ “စစ်တပ်မှာတုန်းကလိုပေါ့.. ဒီလူတွေရဲ့ စိတ်နှလုံးကို အရင်ကိုင်လှုပ်ရမယ်လေ..”

သူတို့နှစ်ဦး စကားပြောနေချိန် များမကြာမီ အခြားသော အဖွဲ့ခေါင်းဆောင်များလည်း ရောက်ရှိလာကြသည်။ ယန်ကျင်းမှ လွဲ၍ ကျန်ခေါင်းဆောင်များ အားလုံးက အမျိုးသားများ ဖြစ်သည်။ ထို့ကြောင့်ပင် ယန်ကျင်းက ရှုချန်းကို ပို၍ ဂုဏ်ယူဝင့်ကြွားသော အပြုံးမျိုး ပြုံးပြလိုက်၏။

မှုခင်းရေးရာ ဌာနမှူးက စာရွက်စာတမ်းများနှင့် အတူ အခန်းထဲ ဝင်ရောက်လာပြီးနောက် ရှုချန်းကို အခြားသူများနှင့် မိတ်ဆက်ပေး လိုက်သည်။

“ဒါ ခေါင်းဆောင် ရှုချန်းပါ.. အခုကစပြီး  အဖွဲ့(၂)ကို တာဝန်ယူလိမ့်မယ်… အားလုံးပဲ နောက်ကျရင် ပူးပေါင်းဆောင်ရွက် ပေးကြပါဦး..”

ရင်းနှီးပြီးသော ယန်ကျင်းမှလွဲ၍ ကျန်ခေါင်းဆောင် ရှစ်ဦးကို ရှုချန်းက တစ်ဦးချင်းစီ လက်ဆွဲနှုတ်ဆက်လိုက်သည်။ ဤသည်က ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ရာ ခေါင်းဆောင်များကလည်း ရှုချန်းကို နွေးထွေးစွာ ပြုံးပြ၏။

ပြီးနောက်တွင်တော့ ဌာနမှူးက ဆက်ပြောသည်။ “ကောင်းပြီ.. ဒီနေ့ ပြောစရာ တချို့ရှိတယ်.. ယန်ကျင်းက အနောက်ဘက် တံခါးဝ အမှုတွဲကို ခဏနားထားပြီး အရှေ့ဘက်တံခါးဝ အမှုတွဲကိုပဲ အာရုံစိုက်ပေးပါ..”

မူလက စိတ်ကောင်းဝင်နေသော ယန်ကျင်းတစ်ယောက် ချက်ချင်းပင် မျက်နှာပျက်ယွင်း သွားခဲ့သည်။ သူမက ဌာနမှူးကို ကြည့်ကာ ပြောလိုက်၏။

“လက်ထောက် ဌာနမှူး.. အရှေ့ဘက်တံခါးဝ ဖြစ်ဖြစ် အနောက်ဘက် တံခါးဝ ဖြစ်ဖြစ် ကျွန်မ လိုက်နေတာ နှစ်ချီနေပြီလေ..  အခုမှ ဘာလို့ရပ်လိုက်ရင် ဘယ်ကောင်းပါ့မလဲ…”

ဌာနမှူး၏ အမူရာကတော့ ပြောင်းလဲခြင်းမရှိပဲ ဆက်ပြော၏။ “ဘာလို့လဲ ဆိုတော့ မြောက်ဘက်တံခါးဝ မှာ ဖြစ်သွားတာနဲ့ ပက်သက်လို့ပဲ.. ကျန်ဂိုဏ်းသုံးဂိုဏ်းလုံးက သတိအနေထား ဖြစ်နေကြပြီ.. ပြီးတော့ ဒီအမှုတွဲနှစ်ခုကို မင်းတာဝန်ယူထားတဲ့ သတင်းကလည်း ဟိုဘက်မှာ အနည်းနဲ့အများ သိနေလောက်ပြီ.. ဒီအတိုင်း ဆက်စုံစမ်းနေမယ် ဆိုရင် ရန်သူကို တပ်လှန့်ပေး သလို ဖြစ်သွားလိမ့်မယ်.. ဒါကြောင့် အနောက်ဘက် တံခါးဝရဲ့ ငွေကြေးခဝါချတဲ့ အမှုကို ကိုင်ဖို့ တခြားအဖွဲ့ကို လက်လွှဲပေးချင်တယ်..”

ယန်ကျင်းက စိတ်မပျော်တော့ချေ။ သို့သော်လည်း ခေါင်းဆောင်၏ စကားက အမိန့်ဖြစ်ရာ မပျော်သော်လည်း သဘောတူရမည်သာ။ သူမက ထပ်မေးလိုက်သည်။ “အဲ့တာဆို ဘယ်အဖွဲ့က ဆက်တာဝန်ယူမှာတုန်း..”

“ဒီလိုဆိုရင်ရော.. အဖွဲ့(၂)ခေါင်းဆောင် ရှုက အနောက်ဘက် တံခါးဝရဲ့ ငွေကြေးခဝါချတဲ့ အမှုတွဲကို ယာယီတာဝန်ယူ ပေးပေါ့..”

“မဖြစ်ဘူး.. ခေါင်းဆောင်.. သူ့ရဲ့ အခြေနေက လောလောဆယ်မှာ အထိမခံတဲ့ အခြေနေ ဖြစ်နေတာကို.. ဂိုဏ်းလေးဂိုဏ်းနဲ့ ပက်သက်တဲ့ ဘယ်အမှုတွဲကို သူကိုင်ကိုင် ထောင်ချောက်ဆင်ခံရလိမ့်မယ်.. ပြီးတော့ သူက မြောက်ဘက်တံခါးဝကို တကိုယ်တော် ချေမှုန်းခဲ့တာဆိုတော့ တချို့လူတွေက သူ့ကို ကျားရဲတွင်းထဲ ပို့စေချင်နေကြလိမ့်မယ်..”

ယန်ကျင်းက ရှုချန်းကို ထိုအမှုတွဲများ အကြား ကြားညှပ်၍ မသေဆုံး စေချင်ပေ။ ယခု ဂိုဏ်းသုံးဂိုဏ်းလုံးကလည်း ရှုချန်းကို ပစ်မှတ်ထားနေ ပေလိမ့်မည်။

Continue Reading

You'll Also Like

306K 4.6K 59
Harley James lived on the Ark, put in jail for stealing mechanical parts. Harley's 18th birthday was coming up and she knew what that meant. She had...
33.3K 490 16
Heidi Calvin hasn't had a fun Christmas since she was 10. She tries to act like Christmas was fun for her little brother Charlie. But then, one night...
3K 187 25
ဘာသာပြန်ရင်း အတွေးထဲရောက်လာတဲ့ စာကြွင်းတစ်ချို့။
284K 13.7K 61
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...