Mr.S (Completed)

By 95blackcoffee95

18.2K 1.8K 175

ငါ့ယောကျာ်းကသောက်ရမ်းချမ်းသာတယ် More

အပိုင်း (၁) Unicode
အပိုင်း(၁) Zawgyi
အပိုင်း (၂) Unicode
အပိုင္း(၂)Zawgyi
အပိုင်း (၃) Unicode
အပိုင္း (၃)Zawgyi
အပိုင်း (၄) Unicode
အပိုင္း (၄)Zawgyi
အပိုင်း (၅) Unicode
အပိုင္း(၅)Zawgyi
အပိုင်း (၆) Unicode
အပိုင္း(၆)Zawgyi
အပိုင်း (၇) Unicode
အပိုင္း(၇)Zawgyi
အပိုင်း(၈)Unicode
အပိုင္း(၈)Zawgyi
အပိုင်း(၉)Zawgyi
အပိုင်း (၁၀) Unicode
အပိုင္း(၁၀) Zawgyi
အပိုင်း (၁၁) Unicode
အပိုင္း (၁၁) Zawgyi
အပိုင်း(၁၂) Unicode
အပိုင္း (၁၂) Zawgyi
အပိုင်း (၁၃) Unicode
အပိုင္း (၁၃) Zawgyi
အပိုင်း (၁၄) Unicode
အပိုင္း(၁၄) Zawgyi
အပိုင်း (၁၅) Unicode
အပိုင္း (၁၅)Zawgyi
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း

အပိုင်း (၉) Unicode

810 104 2
By 95blackcoffee95

တစ်မိနစ်ပဲဖက်ထားမယ်လို့ပြောပြီး ဟာအိုရင်ဘတ်တွေ
အောင့်လာတဲ့အထိမလွှတ်သေးတဲ့ ဟန်ဘင်းကြောင့်
ရင်ဘတ်တွေအောင့်လာပြီဖြစ်တဲ့အကြောင်း
ပြောပြီ အပြင်ကိုထွက်လာတော့ ဟာအိုရဲ့
ခေါင်မိုးထပ်ပေါ်မှာ ဘယ်ကဘယ်လိုလမ်းမှားလာမှန်းမသိ
တဲ့ လီအိမ်တော်အမျိုးသမီးထုကြီးကရောက်ရှိနေ၏။

"အားလုံး ဘာကိစ္စရှိလို့လဲ ?"

"အမယ်လေး ပြိုပဲကျတော့မယ့် ခေါင်မိုးထပ်မှာ
နေနေရတာတောင်မှ လေသံကမာလိုက်တာ
ငါတို့ကရော လာချင်တယ်များထင်နေလား ၊
နောက်တစ်ပတ်ကျရင် အဖေ့မွေးနေ့ရှိလို့ လူစုံတက်စုံ
မွေးနေ့ပွဲတက်ရမယ် အဲ့တာကြောင့်လာခေါ်တာ "

ထုံးစံအတိုင်း ဟာအိုနဲ့စကားဒိုင်ခံပြောတာကတော့
အငယ်ဆုံးဒေါ်လေးပဲပေါ့

"ဘာပဲဖြစ်ဖြစ် အဲ့ပွဲကိုကျွန်တော်တို့မလာနိုင်ပါဘူး
အားလုံးပဲပြန်လိုက်ကြပါတော့ ဟန်ဘင်းထွက်မလာခင်"

"ငါတို့က ကိုယ့်တူကိုယ်လာခေါ်တာလေ နင်နဲ့ဘာဆိုင်လို့
ဝင်ပြောနေတာလဲ "

"ဒီမှာဗျ ကျွန်တော်တို့ကို လီအိမ်တော်ကိုဘယ်တော့မှ
ပြန်မလာဖို့ပြောခဲ့တာကို ကျွန်တော့်နားနဲ့ဆက်ဆက်ကြား
ခဲ့တာပါ အခုမှ ဘာအကြောင်းနဲ့ အိမ်ပြန်လာဖို့
လာခေါ်နေလဲဆိုတာမသိပေမယ့် မလိုက်နိုင်ပါဘူး ။
ပြီးတော့ ဟန်ဘင်းက ကျွန်တော့်ယောကျာ်းမလို့
ဟန်ဘင်းရဲ့ကိစ္စက ကျွန်တော်နဲ့လုံးဝသက်ဆိုင်တယ် "

ပြောပြီး ဟာအိုက လှည့်ထွက်သွားကာ တစ်ခုခုကိုသွားယူနေသည်။

"မမဒီအတိုင်းငြိမ်မနေပဲတစ်ခုခုဝင်ပြောပါဦး
နေ...နေပါဦး ..ဒီရေတွေက ဘယ်က ? အား...!"

ရေတွေကျလာရတဲ့အဓိကလက်သည်ကကျန်းဟာအိုပါပေ။
ခုနကစကားပြောနေရင်းထွက်သွားပြီးတော့ သွားယူနေခဲ့တာကရေပိုက်ဖြစ်နေခဲ့သည်။ဟာအိုသည်ရေပိုက်ကိုတစ်ဆုံးဖွင့်ချရင်းအကုန်လုံးကိုစိတ်ရှိလက်ရှိဖြန်းပေးလိုက်တော့သည်။

ဟာအိုထွက်သွားပြီးတော့ ဟန်ဘင်းက ထမင်းစားခန်းထဲဝင်ပြီးချက်ပြုတ်နေချိန် အပြင်မှာအော်ဟစ်သံတွေကြားရတာကြောင့်မီးဖိုကိုပိတ်ပြီး အပြင်ထွက်ကြည့်လိုက်တော့
ရေပိုက်ကိုင်ပြီးဖြန်းနေတဲ့ ဟာအိုအပြင်
ဟာအိုရဲ့ရေပက်တဲ့ဒဏ်ကိုမရှူမလှခံနေရတဲ့
သူ့အဒေါ်တွေကိုပါတွေ့လိုက်ရသည်။

ဟန်ဘင်းအပြင်ရောက်တာတော်တော်ကြာတဲ့အထိ ဟာအိုကမရပ်ပေးပေ။ သူ့အဒေါ်တွေလည်း ပါးစပ်ကတစ်ခုခုပြောမယ်
ကြံလိုက်တိုင်း ရေတွေပါးစပ်ထဲဝင်လာတာမို့
ရေပိုက်ဒဏ်ကိုအတင်းရှောင်ပြီး အိမ်အောက်ကိုပြေးဆင်း
သွားကြတော့သည် ။အကုန်လုံးအောက်ရောက်သွားမှပဲ
ဟာအိုက ရေပိုက်ကိုပိတ်လိုက်ပြီး ဟန်ဘင်းဘက်လှည့်ကာ

"အမှိုက်တွေမို့လို့ရေနဲ့ဆေးလိုက်တယ် စိတ်မဆိုးဘူးမဟုတ်လား?"

ဟာအိုရဲ့ပုံစံကိုကြည့်ရတာ အဒေါ်တွေနဲ့ စကားများပြီးသွားပြီ
ထင်ပါသည်။ စိတ်တိုနေတဲ့ပုံစံလေးက အရမ်းချစ်ဖို့ကောင်းတာမို့ ဟန်ဘင်းနှုတ်ခမ်းတွေကိုဖိကြိတ်ပြီးအနောက်ကိုလှည့်လိုက်တော့သည်။

ဟာအိုက ဟန်ဘင်းရဲ့အဒေါ်တွေကို ရေနဲ့ပက်လိုက်တာ
ဟန်ဘင်းစိတ်မဆိုးလောက်ဘူးလို့ထင်ထားပေမယ့်
သူ့ကိုကြည့်ပြီး ဟိုဘက်လှည့်သွားတဲ့ဟန်ဘင်းကြောင့်
ကိုင်ထားတဲ့ရေပိုက်လေးက လွှတ်ကျသွားရသည်။
သူမျှော်လင့်ထားတာဒီလိုရလဒ်မျိုးမဟုတ်ဘူးလေ ။

အဲ့တာနဲ့သူ ဟန်ဘင်းရဲ့အနားကို ဖြည်းဖြည်းချင်းသွားပြီး
ပုခုံးကိုအသာလေးထိလိုက်ကာ

"စိတ်ဆိုးသွားတာလား ? တောင်းပန်ပါတယ် ငါကဒီအတိုင်း
မင်းကို အမြဲတမ်းအနိုင်ကျင့်နေတဲ့လူတွေဆိုတာကိုတွေးမိပြီး
ဒေါသထွက်လာတာနဲ့ "

"တော်တယ် "

"ဟင် "

ဟန်ဘင်းက ရုတ်တရက်ချီးမွမ်းလိုက်တာကြောင့်
ဟာအိုကြောင်သွားပြီး ဟန်ဘင်းကိုကြည့်လိုက်မိတော့
ပြုံးနေတဲ့ဟန်ဘင်းကိုတွေ့လိုက်ရသည်။

"ကျွန်တော့်အတွက်ရန်ဖြစ်ပေးနေတဲ့ ပုံစံကအရမ်းချစ်ဖို့ကောင်း
တာမို့ အသည်းယားလာတာနဲ့ "

ဟန်ဘင်းဆီကပြန်ဖြေသံကြားရပြီးနောက် ဟာအို ဟန်ဘင်းရဲ့
လက်မောင်းကိုအားပြင်းပြင်းနဲ့ တစ်ချက်ထိုးလိုက်ပါတော့သည်။

"Ya!! ငါကမင်းစိတ်ဆိုးသွားတယ်ထင်ပြီးလန့်သွားတာလေ!! "

"ကျေးဇူးပါပဲ ကျွန်တော့်ဘက်မှာရှိနေပေးလို့ "

"မင်းကငါ့ယောကျာ်းပဲကို မင်းဘက်ကမဟုတ်တော့
ဘယ်သူ့ဘက်ကဖြစ်ရမှာလဲ "

ပြောချင်ဇောနဲ့ ပါးစပ်ရှိန်လွန်သွားပြီး ဟန်ဘင်းကို
နမ်ဖြောင်း ဆိုပြီးသုံးလိုက်မိသွားကြောင်း သတိထားမိတော့
ဟာအိုသူ့ပါးစပ်ကို လက်နဲ့အုပ်လိုက်မိတော့သည်။
အဲ့ဒါကိုကြားလိုက်တဲ့ ဟန်ဘင်းမှာလည်း ဟာအိုနဲ့နီးကပ်
သွားအောင် ခြေလှမ်းကျယ်ကြီးတစ်လှမ်းတိုးလိုက်ပြီး
ဟာအိုရဲ့ ကိုယ်လုံးလေးကိုအင့်ခနဲနေအောင်ဖက်လိုက်တော့သည်။

***********
ဟန်ဘင်းရဲ့အဖိုးမှာ တစ်ကိုယ်လုံးကြွက်စုတ်ကဲ့သို့
စိုရွှဲကာပြန်လာတဲ့ သူ့သမီးလေးယောက်ကိုကြည့်ပြီး
တုတ်ကောက်နဲ့ ရိုက်မလို့ ပြင်လိုက်ပြီးမှ စိတ်ထိန်းကာ
ပြန်ချလိုက်တော့သည်။

ဟန်ဘင်းမင်္ဂလာဆောင်ပြီး အိမ်ကိုပြန်မလာတာ
သူတို့ညီအစ်မတွေရဲ့စနက်မှန်းမသိတာကြောင့်ဒီအတောတွင်း
ဟန်ဘင်းရဲ့အဖိုးက ဘာမှမပြောပဲနေနေတာဖြစ်သည်။
မနေ့ကမှ အိမ်ဖော်တွေက တိုးတိုး တိုးတိုးနဲ့ ဟန်ဘင်းတို့
ကြင်စမောင်နှံ အိမ်ကနေနှင်ချခံလိုက်ရကြောင်းကြား
တော့မှပဲ သူတို့ကိုစစ်မေးပြီး ဟန်ဘင်းတို့နှစ်ယောက်လုံး
ကို မွေးနေ့မတိုင်ခင်အိမ်ကိုအပါပြန်ခေါ်ခိုင်းခဲ့တာဖြစ်သည်။

"အဖေ  ဒီမှာကြည့်ပါဦး သမီးတို့ကိုကျန်းဟာအိုက
ရေပိုက်နဲ့ပက်လိုက်တာပါဆို !! ဘယ်လိုပဲကြည့်ကြည့်
အရိုင်းစိုင်းဖြစ်နေတာကို အဖေက ဘာလို့ပြန်ခေါ်ချင်နေလဲ
စဥ်းစားလို့မရဘူး "

"ဘာပြောတယ်!!! သူတို့နှစ်ယောက်ရဲ့ မင်္ဂလာဦးနေ့မှာ
အဝတ်တွေတောင် ယူသွားခွင့်မပြုဘဲ အိမ်ပေါ်က
နှင်ချပြီးတော့မှ ကောင်းကောင်းဆက်ဆံတာကိုမျှော်လင့်
နေသေးတာလား ၊ ရေနဲ့ပက်လိုက်တာပဲကျေးဇူးတင်
ငါသာဆိုရင် ဆားနဲ့ပက်တယ် "

"အဖေ!!!!"

"ဘာတွေတော်နေလို့အဲ့လောက်တောင်အော်နေရတာလဲ ?
ပြောထားပြီးသားနော် ဟန်ဘင်းတို့နှစ်ယောက် ဒီအိမ်ကို
ပြန်ပါအောင်မခေါ်နိုင်ခဲ့ရင် တစ်ယောက်မှအမွေရဖို့
မစဥ်းစားကြနဲ့ ငါပိုင်ဆိုင်သမျှအားလုံးကိုလှူပစ်လိုက်မယ်"

ဟန်ဘင်းရဲ့အဖိုးကအဲ့လိုပြောလိုက်တော့ အကုန်လုံးတိတ်သွားကြတော့သည်။ထို့နောက် အကြီးဆုံးအဒေါ်ဖြစ်သူက
မတ်တပ်ထရပ်လိုက်ပြီး

"အကုန်လုံး ဘာလုပ်နေကြတာလဲ အဝတ်တွေလဲပြီးတော့
ဟိုနှစ်ယောက်ကိုမဖြစ်ဖြစ်တဲ့နည်းနဲ့ပါအောင်ခေါ်လာဖို့မလုပ်
သေးဘူးလား ?"

အဲ့ဒီအခါကျမှပဲ အကုန်လုံးအသီးသီးထကာ အခန်းကိုယ်စီကို
ဝင်သွားပြီး အဝတ်အစားလဲကြတော့သည်။
ဘယလိုပဲဖြစ်ဖြစ် အမွေကတော့မရလို့မဖြစ်ပါ ။ သူတို့က
ဒီအမွေတွေကိုမျှော်ကိုးပြီးတော့ အိမ်ကနေတောင်ခွာကြတာ
မဟုတ်ဘူးလေ ။ အိမ်မှာပဲနေပြီး အဖေ့ဆီက အကောင်းမြင်
တာခံရအောင်လုပ်နေတာပင်။ သူတို့ကတော့
အမှတ်တွေရအောင် အဖေ့ရှေ့မှာကြိုးကြိုးစားစား
နေထိုင်နေပေမယ့် တစ်နေကုန်တနေခန်းအပြင်ထွက်ပြီး
စာတောင်သေချာမလုပ်တဲ့ ဟိုကလေးစုတ်ကြတော့
အဖေကဘာတွေအမြင်ကြည်နေမှန်းမသိ။

***********
ဟိုနေ့က စားသောက်ဆိုင်ကိစ္စကြောင့်အလုပ်လက်မဲ့ဖြစ်သွားတဲ့
ဟာအိုက အိမ်မှာပဲတစ်နေကုန်နေပြီး ဟန်ဘင်းချက်ကျွေး
သမျှကိုစားလိုက် ဟန်ဘင်းနဲ့နှစ်ယောက်အတူ အဝတ်လျှော်
လိုက်နဲ့ အလုပ်လက်မဲ့ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနေ
ပေသည်။ဆိုင်တာဝန်ခံကတော့ သူ့ပါးစပ်ကမှားပြော
လိုက်မိတာလို့ပြောပေမယ့် ဟာအိုကတော့ဆက်ပြီးမလုပ်
ချင်တော့တာကြောင့်ထွက်လိုက်ခြင်းပင်။
အလုပ်နားရင်းနဲ့ ဟန်ဘင်းရဲ့အကြောင်းတွေကို
တီးခေါက်ကြည့်လိုက်တော့ သူသနားနေခဲ့တဲ့
ဆောင်းဟန်ဘင်းက သောက်ရမ်းချမ်းသာနေတာကြောင့်
အကြီးကြီးအံ့သြသွားရသေးသည်။
ထို့ပြင်ဟိုနေ့ကတွေ့ခဲ့တဲ့ ကင်အတွင်းရေးမှူးကလည်း
အိမ်ကိုလာလည်ပြီး ဟင်းချက်စရာတွေလာပို့သွားပြီး
ကိစ္စတစ်ခုရှိလို့ဆိုကာ နှစ်ယောက်သားအပြင်ထွက်သွား
ကြသည်။

ဟန်ဘင်းက အပြင်ထွက်သွားတဲ့အချိန်
ဟန်ဘင်းရဲ့အဒေါ်တွေကအဝတ်အစားပြန်လဲပြီးထပ်ရောက်လာ
ပြန်သည်။မနက်က ဟာအို ရေနဲ့ပက်လိုက်တာကြောင့်
ထပ်ပြီးပေါ်မလာတော့ဘူးလို့ထင်ထားပေမယ့်
အဝတ်တွေလဲပြီးပြန်ရောက်တာကြောင့် ဟာအိုအလွန့်အလွန်
စိတ်ညစ်သွားရသည်။

"မဟုတ်သေးပါဘူး အဒေါ်ကြီးတို့ ဘာလို့ဒီလောက်
တောင်မှ ကြိုးစားပမ်းစားဖြစ်နေကြရတာလဲ ?
မွေးနေ့ပွဲကို ကျွန်တော်တို့မလာရင်ပိုကောင်းတာမလား
ဒီအတိုင်းပြန်လိုက်ပါတော့ ကျွန်တော့်ဆုံးဖြတ်ချက်ကိုမပြင်
တော့ပါဘူး"

"ဟဲ့ ငါတို့ကနင်နဲ့စကားပြောဖို့လာခဲ့တာမဟုတ်ဘူး
ဆောင်းဟန်ဘင်းကိုခေါ်ပေး သူနဲ့ပဲပြောမယ် "

"ဟန်ဘင်းက အခုမရှိဘူးအပြင်သွားတယ် "

"အဲ့တာဆိုလည်းဖုန်းဆက်ခေါ်ပေး "

"မခေါ်ပေးနိုင်ပါဘူး ၊ ဆက်စရာဖုန်းလည်းမရှိဘူး သူအလုပ်
ပြီးရင်ပြန်လာလိမ့်မယ် "

"အေးလေ ပြိုကျတော့မယ့်အခန်းမှာနေနေရတဲ့သူတွေက
ဖုန်းကိုဘယ်ဝယ်နိုင်ပါ့မလဲ စိတ်မပူပါနဲ့ အိမ်ကိုပြန်လိုက်
ခဲ့မယ်ဆိုရင် ဖုန်းကောင်းကောင်းလေးနှစ်လုံးလောက်တော့
လက်ဆောင်ပေးနိုင်ပါတယ် "

သူ့အဒေါ်တွေရဲ့စကားအသွားအလာအရ ဟန်ဘင်းအရမ်း
ချမ်းသာကြောင်းအိမ်ကသိသေးပုံမပေါ် ။ ဟန်ဘင်းက
တမင်ဖုံးကွယ်ထားပုံရတယ်။ဘာလို့လဲ ?။

"ဘာလို့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့
မောင်းထုတ်တုန်းကမောင်းထုတ်ပြီးတော့
အခုမှလီအိမ်တော်ကိုအတင်းပြန်ခေါ်နေတာလဲ။
မဟုတ်မှ အဖိုးက ကျွန်တော်တို့ပါမလာရင် အမွေတွေ
မပေးဘူးလို့ပြောလို့လား"

ဟာအိုက ဒီအတိုင်းပါးစပ်ထဲရှိရာပြောလိုက်တာဖြစ်ပေမယ့်
အရှိုက်ထိသွားပုံရတဲ့ အဒေါ်တွေကြောင့် သူ့စကားက
မှန်နေမှန်းသိသွားသည်။

"Wow.....ဘာမှပြန်မပြောနိုင်ပုံထောက်ရင် မှန်နေတဲ့ပုံပဲ
ဘာပဲဖြစ်ြဖစ်ကျွန်တော်က ဟန်ဘင်းကိုမခေါ်ပေးနိုင်ပါဘူး
တွေ့ချင်သပဆိုလည်း သူပြန်လာတဲ့အထိစောင့် "

ဟုဆိုကာ ဟာအိုအခန်းထဲပြန်ဝင်လိုက်တော့သည်။
ပြီးတော့ တစ်ညနေလုံးအပြင်ကိုယောင်လို့တောင်
မထွက်မိတော့ ။ထို့နောက် စားလိုက်သောက်လိုက်
ရုပ်ရှင်ကြည့်လိုက်နှင့် အချိန်ဖြုန်းလိုက်ပြီးနောက်
အခန်းအပြင်ကနေ အသံကြားရတာမို့ ထွက်ကြည့်လိုက်တော့
ဟန်ဘင်းကပြန်လာပြီဖြစ်သည် ။

"ငယ်ငယ်လေးကတည်းကနေကျွေးမွေးစောင့်ရှောက်လာတဲ့
အဒေါ်တွေကိုတွေ့တာတောင် မခေါ်မပြောနိုင်တော့ဘူးလား"

ဟန်ဘင်း အိမ်ပြန်ရောက်လာတာနဲ့ အခန်းရှေ့ကွစ်ပျစ်မှာ
ထိုင်နေတဲ့အဒေါ်ဖြစ်သူတွေကိုလျစ်လျူရှုပြီး
အထဲကိုဝင်ဖို့လုပ်တော့ အဒေါ်ငယ်ကလှမ်းပြောတော့
ဟန်ဘင်းခြေလှမ်းကိုရပ်လိုက်ပြီး သူတို့ဘက်ကိုလှည့်ကာ

"ကျွန်တော့်ကိုကျွေးမွေးခဲ့တာ အဖိုးပါ
ဒေါ်လေးတို့မဟုတ်ပါဘူး
အဲ့တာကြောင့် ကျွေးမွေးစောင့်ရှောက်ထားတယ်
ဆိုတဲ့စကားကိုမပြောလို့ရမလား "

"ဘာပြောတယ်!!! ငါတို့မွေးထားလို့လူဖြစ်လာတဲ့ကောင်ကများဒီမှာ မင်းအမေတို့ဆုံးသွားကတည်းက ငါတို့သာ
ခေါ်မလာရင် နင်အခုချိန်လူတောင်ဖြစ်မနေတော့ဘူး
လမ်းဘေးမှာပဲငတ်ပြီးသေနေလောက်ပြီသိရဲ့လား?"

"အဲ့တုန်းကသာ ခင်ဗျားတို့ခေါ်မထားခဲ့ရင်
အခုချိန်မှာ ခင်ဗျားတို့ကိုအခုလောက်ထိမုန်းနေမိမှာ
မဟုတ်ဘူး ၊ ကျွေးမွေးစောင့်ရှောက်တယ် ဟုတ်လား?
နေ့တိုင်းနေ့တိုင်း
မိဘနှစ်ပါးရဲ့ မကောင်းကြောင်းတွေကို ဆယ့်သုံးနှစ်
ကလေးရဲ့အရှေ့မှာအားရပါးရပြောပြီး ချိုးနှိမ်ခဲ့တာတွေက
စောင့်ရှောက်ခဲ့တာတွေလား?
ကျောင်းမှာ ခင်ဗျားတို့ရဲ့သားသမီးက နေ့တိုင်းကျွန်တော့်ကို
အရှက်ခွဲနေခဲ့တာတွေကိုလည်း နောက်ကွယ်ကနေ
အားပေးအားမြှောက်လုပ်နေခဲ့တာမလား ?
အားလုံးကို သည်းခံခဲ့တယ် ၊ အဲ့တာကြောင့် အခု
ကျွန်တော့်ကိုလာမပတ်သတ်ပါနဲ့တော့ ကျွန်တော်
အခုကိုယ့်ဘဝနဲ့ကိုယ်အဆင်ပြေနေပြီး ၊ ပြီးတော့အဖိုးကိုလည်းပြောပေးပါ အမွေပေးဖို့အတွက် ကျွန်တော့်ကို
ထည့်မစဥ်းစားလို့ရပါတယ်လို့ "

ဟန်ဘင်းက အမွေတွေကို မမက်ကြောင်းထည့်ပြောလိုက်တော့သူတို့ဝေစုတွေပိုလာမယ်ဆိုတာ သတိရသွားလို့ဝမ်းသာပေမယ့်ဟန်ဘင်းကိုသာအိမ်ခေါ်မလာနိုင်ရင် သူတို့အားလုံး
ကိုယ့်ရဲ့ရပိုင်ခွင့်ကိုတောင်မရနိုင်တော့မှန်းသိကြတာမို့
ဟန်ဘင်းကအိမ်မလိုက်မှန်းသိတော့ ပိုပြီးတော့တောင်
စိတ်ဆင်းရဲသွားကြတော့သည်။

TBC~~~~~

Continue Reading

You'll Also Like

278K 16K 44
ဝေ့ရင်း : လန်ကျန့်...ငါမင်းကိုချစ်ခဲ့တယ်အရင်ကရောအခုရောနောင်ရောပဲ ဒါပေမယ့် ငါ့ကိုမယုံကြည်မှုကြောင့် မင်ပန်းမယ်ဆို ငါနှုတ်ဆက်ခဲ့ပါပြီ လန်ကျန့် :ဝေ့ရင်း...
52K 3.7K 53
Completed / Start Date : May 15, 2020 (Unicode Ver.) ပြန်ဖတ်ဖို့ ယူနီကုတ်နဲ့တင်ပေးပါလို့ ပူဆာနေတဲ့သူတွေအတွက်ပါ 🙏🏽 အရင်တုန်းက အချစ်တွေနဲ့ပဲ Only One...
22.9K 1.5K 38
ဒါလေးက မင်းနှစ်ပါးရဲ့နင့်နင့်နဲနဲချစ်ခြင်းကိုဖော်ကြူးရေးသားထားတဲ့story‌လေးပါ #not translation #own creation #you can enjoy my story with both uni and...
874K 35.9K 30
"ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+) ကျွန်တော် တစ်ခါ နမ်းရင် ငါးသိန်း ထက်မနည်းရတယ်..သဘောပေါက်လား?"(18+)