First Frost [ ဘာသာပြန် ]

By xiaochong17

110K 6.9K 327

ဒီ​လောက်နှစ်​တွေအကြာကြီးကြာခဲ့တာ​​တောင် ကိုယ် အခုချိန်ထိ မင်းတစ်​ယောက်တည်းကိုပဲ သ​​​ဘောကျ​နေခဲ့တာပါ ... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43.1
Chapter 43.2
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85 ( Ending )
Special Chapter
Special Chapter 2
Extra 1
Extra 2
Extra 3
Extra ( From book )
Extra 4 ( The Last )
Translator ' Note

Chapter 18

842 58 0
By xiaochong17

ကျိန့်ခယ်ကျား၏ မည်သည့်အရာမှဖုံးဖိမထားတတ်သည့်အကျင့်စရိုက်အရ ဘာမှမဖြစ်သွားသည့်ပုံစံမျိုး ဟန်​ဆောင်၍မရမှန်း ဝိန်းရိဖန် သိ​နေပါ​သော်ငြား သူမ မထင်ထားမိသည့်အချက်မှာ နာရီဝက်ပင်မကြာလိုက်သည့်အချိန်အတွင်း ကျိန့်ခယ်ကျားက အ​ကြောင်းစုံသတင်းပို့ပြီးဖြစ်သည်။

​ဆေးရုံဝန်းထဲမှ ထွက်လာလာချင်းပင် ​ကျောက်ယွမ့်တုံဆီမှ ဖုန်း​ခေါ်ဆိုလာခဲ့သည်။

စက်ပစ္စည်းကိရိယာ၏တစ်ဖက်မှ ထွက်လာသည့်​ကျောက်ယွမ့်တုံအသံက အနည်းငယ်ချိတုံချတုံဖြစ်​နေပြီး

"အားကျန့်..ကျားကျားဆီက​နေကြားထားတာ သမီးကို မြို့​တော်​ဆေးရုံမှာ​တွေ့လိုက်တယ်တဲ့..သမီး နန်းဝူကို ပြန်​ရောက်​နေတာလား"

ဝိန်းရိဖန်က မျက်နှာချင်းဆိုင်ရှိ ဘတ်စ်ကားမှတ်တိုင်သို့ ​လျှောက်သွားရင်း 'အင်း' ဟုသာ အသံတစ်ချက်ပြုလိုက်၏။

ဤစကားတစ်ခွန်းအဆုံးတွင် နှစ်ဖက်စလုံး အသံတိတ် ငြိမ်သက်သွားခဲ့​တော့သည်။

​ကျောက်ယွမ့်တုံက သက်ပြင်းချလိုက်ကာ

"ပြန်​ရောက်​နေတာ ဘယ်​လောက်ကြာ​ပြီလဲ"

ဝိန်းရိဖန် ;

"သိပ်မကြာ​သေးပါဘူး"

​ကျောက်ယွမ့်တုံ ;

"​​နောက်​ရော နန်းဝူမှာပဲ အ​ခြေချဖို့စဥ်းစားထားတာလား"

ဝိန်းရိဖန် သုံး​လေးစက္ကန့်မျှငြိမ်​နေပြီးမှ

"မသိ​သေးဘူး"

"ဒါဆိုလည်း ​နောက်မှပဲ ဆုံးဖြတ်ပါ..နန်းဝူက ​တော်​တော်​လေး​ကောင်းပါတယ်..သမီးတစ်​ယောက်တည်း အပြင်မှာ​နေ​နေရင် ​မေ​မေလည်း စိတ်မချဘူး..ပြီး​တော့ နှစ်သစ်ကူးပိတ်ရက်ရရင် အိမ်ပြန်လာပြီး ​မေ​မေနဲ့အတူ နှစ်သစ်ကူးကိုဖြတ်သန်းရ​အောင်..နှစ်သစ်ကူးကို တစ်​ယောက်တည်း ​နေမ​နေနဲ့"

"အင်း"

​ကျောက်ယွမ့်တုံ ;

"အခုတ​လော နန်းဝူမှာ ရာသီဥတုအရမ်း​အေး​နေတာ..ထူထူထဲထဲ ဝတ်ဖို့မ​မေ့နဲ့ဦး..အမြဲတမ်းအလုပ်ပဲလုပ်​နေပြီး ထမင်းစားဖို့လည်း မ​မေ့နဲ့..ကိုယ့်ကိုကိုယ် ပိုပြီးဂရုစိုက်ဦး​နော်"

ဝိန်းရိဖန်က ဘတ်စ်ကားမှတ်တိုင်ရှိထိုင်ခုံ​ပေါ်တွင်ထိုင်ပြီး စိတ်လွင့်လွင့်ဖြင့်နား​ထောင်​နေမိ၏။

"အင်း"

​နောက်ထပ် တိတ်ဆိတ်သွားမှုကြီးတစ်ခု။

အချိန်မည်မျှပင်ကြာသွားခဲ့မှန်းမသိ ဖုန်းတစ်ဖက်ခြမ်းမှ ​ချောင်းဆိုးသံသဲ့သဲ့တစ်ခုအား ဝိန်းရိဖန်ကြားလိုက်ရကာ မျက်​တောင်များ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့၏။

"အားကျန့်"

​ကျောက်ယွမ့်တုံ၏အသံတို့က ​တဖြည်းဖြည်းနှင့်သိသိသာသာတုန်ယင်လာခဲ့ကာ

"သမီး ​မေ​မေ့ကိုအပြစ်တင်​နေမယ်မှန်း သိပါတယ်..ဒီနှစ်​တွေထဲမှာ ​အ​မေတစ်​ယောက်ရဲ့တာဝန်​တွေကို မ​ကျေခဲ့ဘူး..​မေ​မေ လွန်ခဲ့တဲ့နှစ်ရက်တုန်းက သမီးရဲ့အ​ဖေကို အိပ်မက်မက်တယ်..သူလည်း ​မေ​မေ့ကိုအပြစ်တင်..."

"ဘာ​စကားပဲပြော​ပြောအဆင်​ပြေတယ်ဆို​ပေမယ့်.."

ဝိန်းရိဖန်က ​ကျောက်ယွမ့်တုံအား စကားဖြတ်​ပြောလိုက်ကာ

"​ဖေ​ဖေ့အ​ကြောင်းကို ထည့်မ​ပြော​ပေးလို့ရမလား"

"...."

စိတ်ခံစားချက်များက ထိုးထွက်လာမှန်းသိလိုက်သည်နှင့် ဝိန်းရိဖန်က မျက်လွှာကိုချကာ ချက်ချင်းစိတ်ငြိမ်​အောင်ကြိုးစားလိုက်၏။

"မငိုနဲ့​တော့..သမီး ​နေရထိုင်ရတာအရမ်းအဆင်​​ပြေတယ်..အချိန်ရှိရင် ​အမေ့ဆီလာခဲ့မှာပါ"

​ကျောက်ယွမ့်တုံက အသံတစ်ချက်မထွက်လာ​၏။

ဝိန်းရိဖန်က ပြုံးလိုက်ရင်း

"ပြီး​တော့ ​အမေ့ရဲ့ အ​မေတစ်​ယောက်တာဝန်​တွေကိုလည်း ​ကောင်း​ကောင်း​ကျေပွန်ခဲ့ပါတယ်"

-- ဒီသမီးအတွက် မဟုတ်ခဲ့တာ​လေးတစ်ခုပဲ...

အချိန်ကိုက်​ရောက်လာခဲ့သည့်ဘတ်စ်​ကား​ကြောင့် ဝိန်းရိဖန်က ထိုင်​နေရာမှ မတ်တပ်ထရပ်လိုက်ပြီး ဖုန်းချပစ်လိုက်​တော့၏။ဘတ်စ်ကား​ပေါ်​ရောက်လာပြီး​​နောက်တွင် ထိုင်စရာ​တစ်​နေရာရှာ​လိုက်ပြီး တ​ရွေ့​ရွေ့သွား​နေသည့်ကားပြတင်းမှန်အပြင်ဘက်ဆီမှ တလက်လက်​ထနေသည့် အလင်း​ရောင်များအား ​ငေးကြည့်​နေမိလိုက်သည်။

အ​တွေးစများက ဝေဝါးသွားခဲ့ပြီး..

နည်းနည်းချင်း..​ဖြေး​ဖြေးချင်း..မ​ကောင်းသည့်စိတ်ခံစားချက်များအားလုံးက ချေဖျက်ဝါးမြိုခံလိုက်ရခဲ့​တော့၏။

မမြင်နိုင်သည့်လက်တစ်စုံက ထိုး​ဖောက်ဝင်​ရောက်ပြီး နှိုက်ယူသွားသည့်သဖွယ်..

ထပ်ပြီးတူ​နေပြန်သည်မှာ ထိုအရာများအားလုံးကို မမြင်နိုင်​တော့သည့်​နေရာတစ်ခု၌ သိမ်းဆည်းဖိချုပ်ထားသလိုမျိုးပင် ဖြစ်၏။

ကား​ပေါ်မှဆင်းလာသည့်အချိန်တွင်။

ဝိန်းရိဖန်၏စိတ်အ​ခြေအ​နေက ထိန်းညှိပြီးဖြစ်၏။

မနက်ခင်းအိပ်​ရေးဝထားခြင်း​ကြောင့်လည်း တစ်​နေ့တာလုံးအတွက် အင်အားများမယုတ်​လျော့သွားခြင်းမရှိ။

ရဲစခန်းမှ ပြန်ထွက်လာပြီး​နောက်တွင်​တော့ ဌာနဆီသို့သာပြန်လာခဲ့ပြီး ​နေ့လည်ခင်းတစ်ခုလုံးအား တည်းဖြတ်ခန်းထဲ၌ အသံတည်းဖြတ်ရင်းဖြင့် အချိန်ကုန်ဆုံးလိုက်၏။ထို့​နောက်တွင်​တော့ ရုံးခန်းသို့ပြန်လာပြီး လက်စသတ်ရမည့်စာမူများအား ​ရေးလိုက်သည်။

​ဘေးနားမှလူများ သွားသွားလာလာလုပ်​နေကြရင်း တဖြည်းဖြည်းနှင့် သူမ တစ်​ယောက်တည်းသာကျန်​တော့သည့်အချိန်တွင်​တော့ နာရီအား တစ်ချက်လှမ်းကြည့်လိုက်၏။အချိန်မှာ ည ၁၁နာရီ။

ဝိန်းရိဖန် ရုတ်တရက်​ကြောင်အမိသွား​ပြီး စက္ကန့်ပိုင်းအတွင်း ပစ္စည်းများကိုအလျင်အမြန်သိမ်းကာ ဌာနမှထွက်လာခဲ့​တော့၏။အချိန်​နောက်ကျ​​နေပြီဖြစ်​သော​ကြောင့် လမ်းမကြီးထက်တွင် လမ်းသွားလမ်းလာများသိပ်မရှိ​တော့ဘဲ သိသိသာသာတိတ်ဆိတ်​နေ​လေသည်။

​မြေ​အောက်ရထားဂိတ်သို့ အသည်းအသန်​ပြေးလာရပြီး ကံ​ကောင်း​ထောက်မစွာဖြင့် ​နောက်ဆုံးထွက်မည့်ရထား၏အသိ​ပေးသံအား မှီလိုက်၏။

ဝိန်းရိဖန် သက်ပြင်း​ရေး​ရေးချမိကာ လူနည်း​နေသည့်အတွက်လည်း လွတ်​နေသည့်ထိုင်ခုံ​နေရာတစ်​နေရာတွင် ဝင်ထိုင်လိုက်၏။

လက်ကိုင်ဖုန်းအားဖွင့်ကြည့်လိုက်လျှင် လွန်ခဲ့သည့်သုံးနာရီခန့်က ​ကျောက်ယွမ့်တုံမှ သူမအား ယွမ်၃၀၀၀ လွှဲထားသည့်အသိ​ပေးစာ ရုတ်တရက်မြင်လိုက်ရကာ ဝိန်းရိဖန်က နှုတ်ခမ်းကိုတင်းတင်း​စေ့ထားပြီး တိုက်ရိုက်​ငွေပြန်လွှဲ​ပေးလိုက်သည်။

----

အိမ်​ရောက်သည့်အချိန်တွင် ည ၁၁နာရီခွဲ​နေပြီဖြစ်သည်။

အိမ်ထဲသို့ဝင်လာပြီး ​ခေါင်းငုံ့ကာဖိနပ်ချွတ်လိုက်၏။ဧည့်ခန်းထဲသို့ ဝင်ဝင်ချင်းပင် ဆိုဖာ​ပေါ်လှဲ​နေသည့် စန်းရန်အား ​​တွေ့လိုက်ရသည်။

ရုတ်တရက်ဆိုသလို ဝိန်းရိဖန်တစ်​ယောက် စန်းရန်၏ဘဝအား နည်းနည်းမနာလိုဖြစ်မိသွားခဲ့၏။သူမ အပြင်ထွက်သွားသည့်အချိန်တုန်းကလည်း သူက ဆိုဖာ​ပေါ်တွင် လှဲ​နေပြီး သူမ တစ်​နေ့လုံးအလုပ်လုပ်ပြီးပြန်လာသည့်အချိန်တွင်လည်း ထိုသူက ဆိုဖာ​ပေါ်၌ လှဲ​နေဆဲပင်။

ဘာအလုပ်မှလုပ်စရာမလိုဘဲ ပိုက်ဆံအမြဲရှိ​နေသည့် အိမ်​ခြေရာမဲ့တစ်​ယောက်အတိုင်းပင်။

ဧည့်ခန်းထဲမှ ဖွင့်ထားသည့်တီဗွီထက်တွင် နာမည်ကြီး​နေသည့် မိသားစုဒရာမာကားတစ်ကား ပြသ​နေခြင်းဖြစ်သည်။

စန်းရန်က တီဗွီကြည့်​နေခြင်းမဟုတ် ၊ အသံများကိုသာ နား​ထောင်​နေခြင်းဖြစ်ပုံရပြီး လက်ထဲတွင်ကိုင်ထားသည့်ဖုန်းထဲမှအသံများအရလည်း ဂိမ်းကစား​နေမှန်း သိသာ၏။ ဖုန်းသံမှာလည်း ​တော်​တော်​လေးကိုကျယ်ထားသည့်အတွက် ဖုန်းသံ​ရော တီဗွီသံများပါ ​ရော​ထွေး​နေ​လေသည်။

ဝိန်းရိဖန်ဘက်မှ သူ့အား သတိထား​ပေးရန်​ပြောလိုက်ခြင်း​တော့မရှိ။

​ရေအရင်ချိုးရန် ဆုံးဖြတ်လိုက်ပြီး ၊ ထိုအချိန်​ရောက်သည်အထိ စန်းရန်က ယခုလိုအတိုင်း သူ့တည်ရှိမှုအား အစွမ်းကုန်​​ဖော်ပြ​နေ​သေး​လျှင်​တော့ wechat မှတဆင့် အသံ​လျော့​ပေးရန်​ပြောလိုက်​တော့မည်ဖြစ်သည်။ ဖုန်းမျက်နှာပြင်မှတဆင့်ဆိုလျှင်​တော့ အချင်းချင်း မျက်နှာသာ​ပေးရာ ရောက်လိမ့်မည်မဟုတ်လား။

ဝိန်းရိဖန် အိပ်ခန်းထဲ ဝင်သွား​တော့မည့်အချိန်တွင် စန်းရန်က မျက်လုံးပင့်ကြည့်လာပြီး သူမအား လှမ်း​ခေါ်လိုက်၏။

"​ဝေ့"

အနှီအကြီးဆုံးသခင်​လေးက ဘယ်လိုမ​ကောင်းဆိုးဝါးလုပ်ရပ်များကို မှာကြား​​တော်မူဦးမည်မှန်းမသိ ၊ ဝိန်းရိဖန်က ငြိမ်သက်၍ရပ်ကြည့်​နေရင်း

"ဘာဖြစ်လို့လဲ"

စန်းရန်က ရုတ်တရက် စကားတစ်ခွန်းကို အစချီလိုက်၏။

"ကိုယ်ဆိုတဲ့ ဒီလူကလေ.."

ဝိန်းရိဖန် ;

"အမ်?"

စန်းရန်က ဂိမ်းကစားမပျက်ဘဲ သူမအား စကားလှမ်း​ပြော​နေခြင်းဖြစ်ပြီး

"​ရောဂါတစ်မျိုးရှိတယ်"

"...."

ဝိန်းရိဖန် စိတ်ထဲမှ​နေပြီး ချက်ချင်းပြန်ပက်ပစ်လိုက်ချင်မိ၏ ; နင့်မှာရှိတာ တစ်ခုတည်း​ရော ​ဟုတ်လို့လား?

"ကိုယ့်ရဲ့ စိတ်မလုံခြုံမှုကိုခံစားတတ်တာက​လေ အရမ်းပြင်းတာ..အိပ်ရာမဝင်ခင် တံခါး​တွေကို​သော့ခတ်ရမှကိုဖြစ်မှာ"

စန်းရန်က သုံး​လေးစက္ကန့်မျှရပ်လိုက်ပြီး​နောက် သူမအား တည့်တည့်စိုက်ကြည့်၍

"မဟုတ်ရင် ကိုယ် အိပ်မ​ပျော်ဘူး"

သူ့အမူအရာ ၊ သူ့စကားအသွားအလာတို့က သူမအား အပြစ်တင်ချင်​နေသည့်သ​ဘောမျိုး။

အဘယ်​ကြောင့်ဆို​သော် သူမ​ကြောင့် သူ့ပုံမှန်အနားယူချိန်ပျက်ပြား​နေရခြင်း​ကြောင့်ပင်။

"ငါလည်းအိမ်ပြန်​ရောက်ပြီးရင် တံခါးကိုသော့ခတ်ထားတတ်တဲ့အကျင့်ရှိပါတယ်"

ဝိန်းရိဖန်က သူနှင့် ​ဆွေး​နွေးတိုင်ပင်လိုသည့်ဟန်ဖြင့်

"တကယ်လို့ နင် အိပ်ချင်​နေလို့ ​စော​စောအိပ်နှင့်လည်း အ​ဆင်​ပြေပါတယ်..ငါ နင့်ထက် အိမ်ပြန်​ရောက်တာ ​နောက်ကျတာမျိုးရှိရင် တံခါးကို​သေချာ​သော့ခတ်မှာပါ..နင် စိတ်မလုံမခြုံဖြစ်ရမှာကို မစိုးရိမ်နဲ့"

"ကိုယ်​ပြောချင်တာက..."

စန်းရန်က လှဲ​နေရင်းတစ်ဝက် ခန္ဓာကိုယ်ထလာရင်းတစ်ဝက်ဖြင့် ​ဝိန်းရိဖန်အား ​ခေါင်း​ထောင်ကြည့်လာကာ အမူအရာတို့က အနည်းငယ်ခက်ထန်ထန်မျိုးဖြစ်ပြီး

"မအိပ်ခင်"

"...."

ဝိန်းရိဖန်က ပြန်အသိပေးရင်း

"ငါတို့ အိမ်ခန်းကိုမျှမ​နေခင်တုန်းက ငါ့ဘက်က​နေ နင့်ကို ရှင်းရှင်းလင်းလင်း​ပြောပြခဲ့တယ်​လေ..ငါ့အလုပ်က မကြာခဏအချိန်ပိုဆင်းရပြီး အလုပ်ချိန်ပုံ​သေမရှိဘူးလို့..နင် လက်ခံ​​ပေးနိုင်တယ်​ဆို"

"ဟုတ်တယ်..ဒါ​ကြောင့်မလို့ ​နောက်ဆို ဆယ်နာရီမထိုးခင်ပြန်မလာနိုင်ရင် ​ကျေးဇူးပြုပြီး တစ်ချက်ကြို​ပြော​ပေး"

ဝိန်းရိဖန် ;

"ကြို​ပြော​တော့​ရော ဘာထူးမှာလဲ"

"​ထူးခြားတာ​တော့ ဘယ်ရှိပါ့မလဲ..ကိုယ်တို့နှစ်​ယောက် အချင်းချင်း ​လေးစားသမှုရှိတယ်လို့​ခေါ်တာ..မဟုတ်လို့ မင်း တစ်ညလုံးပြန်မလာရင် ကိုယ်က တစ်ညလုံး တံခါး​သော့မခတ်ဘဲ​ အ​ကြောက်တရား​တွေ စိတ်မလုံခြုံမှု​တွေနဲ့ နေ​နေရမှာလား"

"...."

ဝိန်းရိဖန် ​တွေးလိုက်မိ၏ - မိုးလင်းက​နေမိုးချုပ်တဲ့ထိ စန်းရန်ဖြစ်ချင်တဲ့ကိစ္စ​တွေက သိပ်များတာပဲ...

စကားတစ်ခွန်းဆိုလိုက်ရုံဖြင့် ပြီးဆုံးသွားမည့်ကိစ္စအား အချိန်မဆွဲချင်​တော့သလို သူနှင့်လည်း စကားမများလို​တော့သဖြင့် ဝိန်းရိဖန်က

"​ကောင်းပြီ​လေ..​နောက်ဆို ပြန်လာတာ​နောက်ကျမယ်ဆိုရင် ငါ နင့်ကို ကြို​ပြောလိုက်မယ်"

စကားဆုံးသည်နှင့် ဝိန်းရိဖန်က အိပ်ခန်းထဲပြန်ရန် ပြင်လိုက်​တော့၏။

စန်းရန်ကထပ်ပြီး

"ပြီး​တော့.."

ဝိန်းရိဖန် စိတ်ရှည်လက်ရှည်ဖြင့်

"ပြီး​တော့ ဘာကိစ္စရှိ​သေးလို့လဲ"

"စီးပွား​ရေး"

စန်းရန်က စကားအား တိုတိုတုတ်တုတ်သာဆို​လေ၏။

"အား​ပေးမှာလား"

"...."

ဤကိစ္စအား ဝိန်းရိဖန်က ကျုံးစစ်​ချောင်တို့နှင့် မတိုင်ပင်ရ​သေး ၊ သူမအ​နေဖြင့်ဆိုလျှင်​တော့ တိုက်ရိုက်ငြင်းလိုက်ချင်​သော်လည်း စန်းရန် ကူညီ​​ပေးခဲ့ဖူးသည့် ယွမ် ၂၀ ကိစ္စအား မဆီမဆိုင်​တွေးလိုက်မိကာ ​ပြောချင်သည့်စကားလုံးများကိုမြိုချရင်း

"တကယ်ကြီး ကိုးဆယ့်ကိုးလား"

"...."

အဆုံးတွင်​တော့ စန်းရန်ဘက်မှ အ​လျော့​ပေးသွားခဲ့ကာ...

သူမအား ဂိတ်ဆုံး​အောက်ထစ် သူငယ်ချင်းဒစ်စ​ကောင့်အဖြစ်...

ရှစ်ဆယ့်ကိုး (11% discount) သတ်မှတ်​ပေးလိုက်​တော့၏။

ဝိန်းရိဖန်လည်း ကိုယ့်ကိုကိုယ် ဘာဖြစ်သွားမှန်းမသိ ၊ စန်းရန်၏ကမ်းလှမ်းချက်ကို လက်ခံလိုက်​တော့သည်။

အိပ်ခန်းထဲသို့ ပြန်​ရောက်ပြီး​နောက် ဝိန်းရိဖန် ဖုန်းဖွင့်ကြည့်လိုက်၏။

တိုက်တိုက်ဆိုင်ဆိုင် သုံး​ယောက်ဖွဲ့ထားသည့် အုပ်စုလိုက်မက်​ဆေ့​ဘောက်စ်ထဲတွင် ကျုံးစစ်​ချောင်နှင့်ရှန့်လန်တို့က သဘက်ခါ​တွေ့ကြမည့်အစီအစဥ်အ​ကြောင်း ​ပြော​နေကြ၏။ ဝိန်းရိဖန်၏လက်​ချောင်းများက ဖုန်းမျက်နှာပြင်ထက်တွင် တစ်ခဏကြာကြာငြိမ်​နေမိရင်း ​ကျေးဇူးတင်လိုသည့်စိတ်နှင့်လက်ခံခဲ့မိ​သောကိစ္စကြီးအား အကြီးအကျယ်​နောင်တရ​နေ​လေ​တော့၏။

ဝိန်းရိဖန် ; [ 'Overtime' ကိုသွားကြမလား ]

ကျုံးစစ်​ချောင် ; [ အာ?..အဲ့ဒါက အရင်တစ်​ခေါက်က ငါတို့သွားခဲ့တဲ့ ဘားမလား ]

ကျုံးစစ်​ချောင် ; [ စန်းရန်ရဲ့ဘား​​လေ ]

ဝိန်းရိဖန် ; [ အင်း ]

ကျုံးစစ်​ချောင် ; [ ဘာလို့ သွားမှာလဲ..ငါတို့ တစ်​ခေါက်​ရောက်ဖူးပြီးပြီ​လေ ]

ကျုံးစစ်​ချောင် ; [ ဒီတစ်​ခေါက် ​နေရာ​ပြောင်းမှာ! ]

ရှန့်လန် ; [ စန်းရန်? ]

ရှန့်လန် ; [ သူ​ ဘားဖွင့်ထားတာလား ]

ဝိန်းရိဖန် ; [ ဘာဖြစ်လို့လဲဆို​တော့ ]

ဝိန်းရိဖန် ; [....]

ဝိန်းရိဖန် ; [ ငါ နင်တို့ကို ​ပြောပြစရာတစ်ခုရှိတယ် ]

ရှန့်လန် ; [ ဘာလဲ ]

ကျုံးစစ်​ချောင် ; [ ​ပြော ]

ဝိန်းရိဖန် ; [ ငါ နင်တို့ကို​ပြောပြထားတဲ့ ဟိုအိမ်ခန်းမျှ​နေတဲ့တစ်​ယောက်​လေ ]

ဝိန်းရိဖန် ; [ အဲ့လူက စန်းရန် ]

အုပ်စုလိုက်မက်​ဆေ့​ဘောက်စ်အတွင်း တစ်ခဏကြာ ငြိမ်သက်သွားသည့်အလား။

ရှန့်လန် ; [ ? ]

ကျုံးစစ်​ချောင် ; [ ? ? ? ]

ကျုံးစစ်​​ချောင် ; [ ငါလခွမ်း ? ? ? နင်တို့နှစ်​ယောက် အတူတူ​နေ​နေတယ်? ]

ကျုံးစစ်​ချောင် ; [ ငါ့မျက်စိထဲမှာ သူ နင့်ကို အမှတ်တရသိမ်းထားဆိုပြီး ကုတ်အင်္ကျီပစ်​ပေးတဲ့ကိစ္စကြီး​တောင် အခုထိမြင်​ယောင်​နေတုန်း ]

ကျုံးစစ်​ချောင် ; [ ဘာ! ​​တွေ! ဖြစ်! ​နေ! တာ! လဲ! ]

ကျုံးစစ်​ချောင် ; [ ​သေ​သေချာချာ ရှင်းပြစမ်း! ]

ဝိန်းရိဖန် ; [ ​တွေ့မယ့်အချိန်ကျမှပဲ နင်တို့ကို ​သေချာရှင်းပြ​တော့မယ် ]

ဝိန်းရိဖန် ; [ သွားမှာလား..သူ​ပြောတာ​တော့ ငါတို့ကို သူငယ်ချင်းဒစ်စ​ကောင့်​ပေးမယ်တဲ့ ]

ကျုံးစစ်​ချောင် ; [ ဒစ်စ​ကောင့်​ပေးမှာတဲ့လား..ဒါဆို ငါ သ​ဘောတူတယ် ]

ကျုံးစစ်​ချောင် ; [ ဘယ်​လောက်​ပေးမှာတဲ့လဲ ]

ဝိန်းရိဖန် ; [....]

ဝိန်းရိဖန် ; [ 11% ]

ကျုံးစစ်​ချောင် ; [....]

ရှန့်လန် ; [....]

ကျုံးစစ်​ချောင် ; [ နင် အဲ့​ကောင်ကို ထွက်သွားခိုင်းလိုက်​တော့ ]

ကျုံးစစ်​ချောင် ; [ ဘယ်သူ့ကိုလာပြီး အမြတ်ထုတ်​နေတာလဲ..သူ့ သူငယ်ချင်းဒစ်စ​ကောင့်ဆိုတာကြီးကို အရူးပဲယုံ ]

ဝိန်းရိဖန် ; [....]

ဝိန်းရိဖန် ; [ ငါ သ​​ဘောတူထားပြီးပြီ ]

ရှန့်လန် ; [....]

ကျုံးစစ်​ချောင် ; [....]

သူတို့အ​နေဖြင့် စန်းရန်၏ ကမ်းလှမ်းချက်ကို အထူးတလည်စိတ်ဝင်စားခြင်းမရှိပါ​သော်ငြား ဝိန်းရိဖန်မှာ​တော့ ​ပေးထားသည့်ကတိကို ဖျက်လိုက်ရန်မလွယ်သည့်အတွက် ​နောက်ဆုံးတွင် ​တွေ့ဆုံကြမည့်​နေရာအဖြစ် 'Overtime' ဘားကိုသာ ​ရွေးလိုက်ကြ၏။

ကြာသပ​တေး​နေ့ ည​နေတွင်။

ဝိန်းရိဖန် အိမ်ပြင်ထွက်ခါနီးတွင် စန်းရန်က အိပ်ခန်းထဲမှထွက်လာသည်နှင့် ကြုံကြိုက်သွားခဲ့ကာ သူက အနက်​ရောင်​လေကာဂျက်ကတ်ကိုဝတ်ထားပြီး လည်ပင်းနားထိ​ရောက်​အောင် ဇစ်ကိုဆွဲတင်​နေခြင်းဖြစ်သည်။

"ငါတို့ ညစာစားပြီးမှ လာဖြစ်​လောက်မှာ.."

စန်းရန်ဘက်မှ သူမတို့အတွက် ​နေရာစီစဥ်ထားပေးမ​ပေးကို မ​သေချာ​သော​​ကြောင့် ဝိန်းရိဖန်က စ၍

"အဲ့အချိန်ကျရင် စားပွဲထိုး​ကောင်​လေးကို ငါ့နာမည်​ပြောလိုက်ရမှာလား..ဟုတ်လား"

စန်းရန်က သူမအား လှမ်းကြည့်ပြီး

"ကိုယ့်ကို​လာ​ပြော"

ဝိန်းရိဖန် ;

"ဒါဆို ​ကျေးဇူးပါ"

ယခုအခိုက်အတန့်တွင် ရှန့်လန်က ဖုန်း​ခေါ်ဆိုလာခဲ့၏။

ဝိန်းရိဖန်က ဖုန်းလက်ခံ​ဖြေလိုက်ရင်း တံခါးဝဆီသို့​လျှောက်သွားကာ ဖိနပ်စီးလိုက်၏။

"နင်တို့ ​ရောက်​နေပြီလား"

"မင်းအိမ်ရာရဲ့​အောက်ဘက်ကို ​ရောက်​နေပြီ"

ရှန့်လန်၏စကားသံတို့ထဲတွင် ရယ်သံများက သိသိသာသာပါ​နေပြီး

"ကားနဲ့ဝင်လာလို့ မရလို့..မင်းဘာသာမင်းပဲ ထွက်လာလိုက်​လို့အဆင်​ပြေတယ်မလား..အပြင်​​ရောက်တာနဲ့ ငါတို့ကို​တွေ့လိမ့်မယ်"

"​ပြေတယ်..ဒါဆို ခဏ​လေး​စောင့်ဦး..ငါ အခုချက်ချင်းထွက်လာပြီ"

"ဘာမှမဖြစ်ဘူး..မ​လောမှမ​လောတာ..မင်း ဖြည်းဖြည်းပဲလာ"

"ဘာကို မ​လောဘူးလဲ!"

ဖုန်း၏တစ်ဖက်ခြမ်းမှ ကျုံးစစ်​ချောင်၏အသံက စူးခနဲထွက်လာပြီး

"ဝိန်းရိဖန်!..မြန်မြန်လာ!..ငါ ဗိုက်ဆာလို့​သေ​တော့မယ်! "

"ခဏ​လေးသည်းခံလိုက်ပါဦး..ငါ အခုချက်ချင်း နင့်အသက်ကို လာကယ်ပြီ"

ဝိန်းရိဖန် တံခါးပိတ်ပြီး အပြင်ထွက်သွားလုနီးနီးတွင် စန်းရန်သည်လည်း သူမ၏အ​နောက်တွင်ရပ်​နေပြီး အပြင်ထွက်တော့မည်ကို မြင်လိုက်ရ၏။သူမ တစ်ချက်​ခေါင်းငြိမ့်ပြလိုက်ပြီး​နောက် ဓါတ်​လှေကားဆီသို့​လျှောက်လာကာ ဓါတ်​လှေကားကို​စောင့်ရင်းဖုန်းချလိုက်၏။

အ​နောက်ဘက်ဆီမှ စန်းရန် တံခါးပိတ်လိုက်သည့်အသံအား ကြားလိုက်ရပြီး​နောက် နှစ်​ယောက်သားက ဓါတ်​လှေကားထဲ ဝင်လာခဲ့လိုက်သည်။

ဝိန်းရိဖန်က '1' အလွှာကို နှိပ်ပြီး​​နောက် စန်းရန်အား ​မေးလိုက်၏။

"​ '-1' ကိုနှိပ်​ပေးရမလား"

စန်းရန်က အိတ်ကပ်ထဲ၌လက်ထည့်ထားရင်း ​အေး​အေးလူလူရပ်​နေကာ

"မလိုဘူး"

တိတ်ဆိတ်မှုကတဖန် ကြီးစိုးသွားပြန်​တော့၏။

ပထမအလွှာသို့အ​ရောက်တွင် ဝိန်းရိဖန် ​လျှောက်ထွက်လာခဲ့လိုက်၏။

ယ​နေ့တွင် စန်းရန်က အဘယ်​ကြောင့်ကားဖြင့် အပြင်မသွားသည်ကို မသိ​သော်ငြား အထူးတလည်ဂရုစိုက်မိ​နေခြင်း​တော့မရှိ။ ကျုံးစစ်​ချောင်တို့ ထပ်​စောင့်​နေရမည်ကိုအားနာသဖြင့် အချိန်အားတစ်ချက်ကြည့်ကာ ​ခြေလှမ်းများကို ခပ်သွက်သွက်​လျှောက်ထွက်လာလိုက်သည်။

အိမ်ရာထဲမှအထွက်တွင်။

ရှန့်လန် ဖုန်းထဲတွင်​ပြောသွားသည့်အတိုင်း သူတို့အား လှမ်းမြင်လိုက်ရ၏။ ရှန့်လန်နှင့်မ​တွေ့ဖြစ်ခဲ့သည်မှာ နှစ်​တော်​တော်ကြာသွားသည့်တိုင် သူ့ပုံစံက များများစားစား​ပြောင်းလဲသွားခြင်းမျိုးမရှိ​ပေ။

ရှန့်လန်၏အသွင်အပြင်ပုံစံက သိမ်​မွေ့တတ်သည့်ပုံစံမျိုးဖြစ်ပြီး ဝတ်ထားသည့်အညို​ရောင်ကုတ်အင်္ကျီအပြင် မျက်နှာထက်ရှိခပ်ပါးပါးမျက်မှန်ကိုင်းတို့​ကြောင့် သိသိသာသာကိုနူးညံ့သည့်ဟန်မျိုး​ပေါက်​နေခဲ့သည်။

ကျုံးစစ်​ချောင်က သူ့​ဘေးနားတွင်ရပ်​နေပြီး သူတို့နှစ်ဦးစလုံးက လက်ရှိအချိန်တွင် ကားအပြင်ထွက်ရပ်​နေကြခြင်းဖြစ်၏။

သူတို့​ဘေးနားတွင် အရပ်ခပ်မြင့်မြင့် ခန္ဓာကိုယ်​တောင့်​တောင့်နှင့်​ယောက်ျားတစ်ဦး ရပ်​​နေ​သေး၏။

ဝိန်းရိဖန်၏မျက်ဝန်းများက ထိုလူအ​ပေါ်၌ ကျ​ရောက်သွားခဲ့ကာ...အခြားသူမဟုတ်...

စု​ဟောက်အန်း ပင်။

သုံး​ယောက်သားက စကားစမြည်​ပြော​နေကြပြီး အချင်းချင်းကြားရှိ​လေထုမှာ ရင်းရင်းနှီးနှီးပုံစံ။

ဝိန်းရိဖန်တစ်​ယောက် စု​ဟောက်အန်းက အဘယ်​ကြောင့်ဤ​နေရာသို့​ရောက်​နေ​ကြောင်း ​တွေးမိလိုက်သည့်အချိန် ရုတ်တရက်ဆိုသလို စန်းရန်က ကားမယူဘဲ အပြင်ထွက်မည့်ကိစ္စကို သတိရလိုက်​၏။ အလိုလို​နောက်လှည့်ကြည့်လိုက်မိသည့်အခါ သူတို့နှစ်ဦးကြားတွင် အကွာအ​ဝေးတစ်ခုက သိသိသာသာခြားနား​နေခဲ့သည်။

သူက အခုမှ တံခါးဂိတ်ဝမှ ထွက်လာ​နေဆဲ။

ရှန့်လန်က ဝိန်းရိဖန်အား အရင်ဆုံးမြင်လိုက်သည့်သူဖြစ်ပြီး ရင်းရင်းနှီးနှီးပြုံးကာ လက်​ဝေ့ရမ်းပြရင်း

"ရိဖန်..မြန်မြန်လာ​လေ"

သူမ၏အ​နောက်တွင်ရှိ​နေ​သော စန်းရန်ကို လှမ်းမြင်လိုက်သည့် စု​ဟောက်အန်းက

"မင်းတို့နှစ်​ယောက် အတူတူထွက်လာကြတာလား"

အ​ရှေ့ရှိလူသုံး​ယောက်၏မျက်လုံးများမှာ ဝိန်းရိဖန်​ပေါ်သို့ ကျ​ရောက်လာခဲ့​တော့သည်။

"...."

ဘယ်လိုပင်ဖြစ်​စေ သူတို့သုံး​ယောက်လုံးက သူမနှင့်စန်းရန် အိမ်ခန်းမျှ​နေသည့်အ​ကြောင်းကို သိပြီးကြသူများဖြစ်သည့်အတွက် ဝိန်းရိဖန်က အခြားတစ်စုံတစ်ရာ​လျှောက်​တွေးမ​နေ​တော့ဘဲ

"ဟုတ်တယ်"

"​​ဟေ့.."

စု​ဟောက်အန်းက စ၍ ဖိတ်​ခေါ်မှုပြုလာခဲ့၏။

"ငါတို့ ဆုံကြပြီဆိုမှ​တော့ အတူတူသွားစားရ​အောင်..ရှန့်လန်..မင်း မှတ်မိ​သေးလား..ငါတို့နှစ်​ယောက် အရင်တုန်းကတစ်ခုံတည်းတူတူထိုင်ဖူးတယ်​လေ"

ရှန့်လန် ;

"မှတ်မိတာ​ပေါ့"

ကျုံးစစ်​ချောင် ;

"ဒါဆိုလည်း အတူတူသွားကြစို့..ဘယ်လိုပဲဖြစ်ဖြစ် တစ်ခုခုသွားစားမှာပဲဟာ"

"​ကောင်းပြီ..အရင်ဆုံး ကား​ပေါ်တက်ကြ..အပြင်မှာ ​အရမ်းအေးတယ်"

စု​ဟောက်အန်းက သူ့ကားရပ်ထားသည့်ဘက်သို့ လှည့်ထွက်သွားရင်း ချက်ချင်းဆိုသလိုစိတ်​ပြောင်းသွားခဲ့ကာ

"ဒီလိုဆို ငါ ကားမ​ယူလာ​တော့ဘူး..ငါ အရက်​သောက်မယ်လို့လည်း ​တွေးထား​သေးတာ..ငါ့ကားကို ဒီမှာပဲရပ်ခဲ့လိုက်​​တော့မယ်..ရှန့်လန်..ငါ မင်းကားနဲ့ လိုက်ခဲ့ပြီ"

ရှန့်လန် ;

"ဖြစ်တယ်"

သူတို့စကား​ပြော​နေကြစဥ်အတွင်း စန်းရန်က အနားထိ​လျှောက်လာခဲ့ပြီးဖြစ်ကာ ဝိန်းရိဖန်​ဘေးမှ ဖြတ်သွားလုနီးနီးတွင် ရုတ်တရက်​ခြေလှမ်းများကိုရပ်လိုက်ပြီး အ​နောက်လှည့်ကြည့်လာ၍

"ဒီကိစ္စက အရမ်းကြွားလို့​ကောင်းတဲ့ကိစ္စမှန်း သိ​ပေမယ့်လည်း..."

ဝိန်းရိဖန် ; "?"

"ကိုယ်တို့ နှစ်​ယောက် အိမ်ခန်းကိုအတူတူမျှ​နေ​တဲ့ကိစ္စကို​တော့..."

စန်းရန်က စုတ်တစ်ချက်သပ်လိုက်ကာ စိတ်ရှုပ်သွားသည့်ဟန်ပန်ဖြင့်

"မင်း လူတိုင်းကို လိုက်​ပြောပြ​နေစရာ​မလိုပါဘူးကွာ"

"...."

တစ်ချိန်တည်းဆိုသလို ကားအ​နောက်ခန်းတံခါးကိုဖွင့်​နေသည့် စု​ဟောက်အန်းက ​နေရာ၌မတ်တပ်ရပ်​နေဆဲဖြစ်သည့် ဝိန်းရိဖန်နှင့်စန်းရန်ကို လှမ်းကြည့်လာပြီး

"မင်းတို့နှစ်​ယောက် အဲ့​​နေရာမှာမတ်တပ်ရပ်ပြီး ဘာလုပ်​နေတာလဲ..​ပြောစရာရှိရင် ကား​ပေါ်​ရောက်မှ ဆက်​ပြော"

ဝိန်းရိဖန်က အကြည့်လွှဲလိုက်၍

"လာပြီ"

ရှန့်လန်၏ကားမှာ ထိုင်ခုံငါး​နေရာစာသာရှိပြီး အခုချိန်တွင် အ​​နောက်ခန်းရှိ ခုံနှစ်ခုံသာလွတ်​တော့သည်။

ဝိန်းရိဖန်က သူမနှင့်အနီးဆုံးဖြစ်သည့် ကားအ​နောက်ဘက်တံခါးကို ဆွဲဖွင့်လိုက်ကာ သူမ ဝင်မထိုင်ရ​သေးခင်...

စန်းရန်က သူမထက်​ခြေတစ်လှမ်းဦး​အောင် ​လျှောက်သွားပြီး ကားပြတင်းမှန်​ဘောင်အား လက်ဖြင့်​ထောက်လျက်...

​ခြေလှမ်းကိုရပ် ၊ မျက်လွှာအား အသာချရင်း သူမအားစိုက်ကြည့်ကာ မျက်ခုံးများကို ပင့်​မြှောက်ပြ၍

"​ကျေးဇူး"

"...."

လုပ်ပြသွားသည့်ပုံက - သူမက ကားတံခါးလိုက်ဖွင့်​ပေး​နေတဲ့ဝန်ထမ်း?

***********

~~Zawgyi~~

က်ိန့္ခယ္က်ား၏ မည္သည့္အရာမွဖုံးဖိမထားတတ္သည့္အက်င့္စရိုက္အရ ဘာမွမျဖစ္သြားသည့္ပုံစံမ်ိဳး ဟန္ေဆာင္၍မရမွန္း ဝိန္းရိဖန္ သိေနပါေသာ္ျငား သူမ မထင္ထားမိသည့္အခ်က္မွာ နာရီဝက္ပင္မၾကာလိုက္သည့္အခ်ိန္အတြင္း က်ိန့္ခယ္က်ားက အေၾကာင္းစုံသတင္းပို႔ၿပီးျဖစ္သည္။

ေဆး႐ုံဝန္းထဲမွ ထြက္လာလာခ်င္းပင္ ေက်ာက္ယြမ့္တုံဆီမွ ဖုန္းေခၚဆိုလာခဲ့သည္။

စက္ပစၥည္းကိရိယာ၏တစ္ဖက္မွ ထြက္လာသည့္ေက်ာက္ယြမ့္တုံအသံက အနည္းငယ္ခ်ိတုံခ်တဳံျဖစ္ေနၿပီး

"အားက်န့္..က်ားက်ားဆီကေနၾကားထားတာ သမီးကို ၿမိဳ႕ေတာ္ေဆး႐ုံမွာေတြ႕လိုက္တယ္တဲ့..သမီး နန္းဝူကို ျပန္ေရာက္ေနတာလား"

ဝိန္းရိဖန္က မ်က္ႏွာခ်င္းဆိုင္ရွိ ဘတ္စ္ကားမွတ္တိုင္သို႔ ေလွ်ာက္သြားရင္း 'အင္း' ဟုသာ အသံတစ္ခ်က္ျပဳလိုက္၏။

ဤစကားတစ္ခြန္းအဆုံးတြင္ ႏွစ္ဖက္စလုံး အသံတိတ္ ၿငိမ္သက္သြားခဲ့ေတာ့သည္။

ေက်ာက္ယြမ့္တုံက သက္ျပင္းခ်လိဳက္ကာ

"ျပန္ေရာက္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ"

ဝိန္းရိဖန္ ;

"သိပ္မၾကာေသးပါဘူး"

ေက်ာက္ယြမ့္တုံ ;

"ေနာက္ေရာ နန္းဝူမွာပဲ အေျခခ်ဖိဳ႕စဥ္းစားထားတာလား"

ဝိန္းရိဖန္ သုံးေလးစကၠန့္မွ်ၿငိမ္ေနၿပီးမွ

"မသိေသးဘူး"

"ဒါဆိုလည္း ေနာက္မွပဲ ဆုံးျဖတ္ပါ..နန္းဝူက ေတာ္ေတာ္ေလးေကာင္းပါတယ္..သမီးတစ္ေယာက္တည္း အျပင္မွာေနေနရင္ ေမေမလည္း စိတ္မခ်ဘဴး..ၿပီးေတာ့ ႏွစ္သစ္ကူးပိတ္ရက္ရရင္ အိမ္ျပန္လာၿပီး ေမေမနဲ႕အတူ ႏွစ္သစ္ကူးကိုျဖတ္သန္းရေအာင္..ႏွစ္သစ္ကူးကို တစ္ေယာက္တည္း ေနမေနနဲ႕"

"အင္း"

ေက်ာက္ယြမ့္တုံ ;

"အခုတေလာ နန္းဝူမွာ ရာသီဥတုအရမ္းေအးေနတာ..ထူထူထဲထဲ ဝတ္ဖို႔မေမ့နဲ႕ဦး..အၿမဲတမ္းအလုပ္ပဲလုပ္ေနၿပီး ထမင္းစားဖို႔လည္း မေမ့နဲ႕..ကိုယ့္ကိုကိုယ္ ပိုၿပီးဂ႐ုစိုက္ဦးေနာ္"

ဝိန္းရိဖန္က ဘတ္စ္ကားမွတ္တိုင္ရွိထိုင္ခုံေပၚတြင္ထိုင္ၿပီး စိတ္လြင့္လြင့္ျဖင့္နားေထာင္ေနမိ၏။

"အင္း"

ေနာက္ထပ္ တိတ္ဆိတ္သြားမႈႀကီးတစ္ခု။

အခ်ိန္မည္မွ်ပင္ၾကာသြားခဲ့မွန္းမသိ ဖုန္းတစ္ဖက္ျခမ္းမွ ေခ်ာင္းဆိုးသံသဲ့သဲ့တစ္ခုအား ဝိန္းရိဖန္ၾကားလိုက္ရကာ မ်က္ေတာင္မ်ား လႈပ္လႈပ္ခတ္ခတ္ျဖစ္သြားခဲ့၏။

"အားက်န့္"

ေက်ာက္ယြမ့္တုံ၏အသံတို႔က တျဖည္းျဖည္းႏွင့္သိသိသာသာတုန္ယင္လာခဲ့ကာ

"သမီး ေမေမ့ကိုအျပစ္တင္ေနမယ္မွန္း သိပါတယ္..ဒီႏွစ္ေတြထဲမွာ အေမတစ္ေယာက္ရဲ႕တာဝန္ေတြကို မေက်ခဲ့ဘူး..ေမေမ လြန္ခဲ့တဲ့ႏွစ္ရက္တုန္းက သမီးရဲ႕အေဖကို အိပ္မက္မက္တယ္..သူလည္း ေမေမ့ကိုအျပစ္တင္..."

"ဘာစကားပဲေျပာေျပာအဆင္ေျပတယ္ဆိုေပမယ့္.."

ဝိန္းရိဖန္က ေက်ာက္ယြမ့္တုံအား စကားျဖတ္ေျပာလိုက္ကာ

"ေဖေဖ့အေၾကာင္းကို ထည့္မေျပာေပးလို႔ရမလား"

"...."

စိတ္ခံစားခ်က္မ်ားက ထိုးထြက္လာမွန္းသိလိုက္သည္ႏွင့္ ဝိန္းရိဖန္က မ်က္လႊာကိုခ်ကာ ခ်က္ခ်င္းစိတ္ၿငိမ္ေအာင္ႀကိဳးစားလိုက္၏။

"မငိုနဲ႕ေတာ့..သမီး ေနရထိုင္ရတာအရမ္းအဆင္ေျပတယ္..အခ်ိန္ရွိရင္ အေမ့ဆီလာခဲ့မွာပါ"

ေက်ာက္ယြမ့္တုံက အသံတစ္ခ်က္မထြက္လာ၏။

ဝိန္းရိဖန္က ၿပဳံးလိုက္ရင္း

"ၿပီးေတာ့ အေမ့ရဲ႕ အေမတစ္ေယာက္တာဝန္ေတြကိုလည္း ေကာင္းေကာင္းေက်ပြန္ခဲ့ပါတယ္"

-- ဒီသမီးအတြက္ မဟုတ္ခဲ့တာေလးတစ္ခုပဲ...

အခ်ိန္ကိုက္ေရာက္လာခဲ့သည့္ဘတ္စ္ကားေၾကာင့္ ဝိန္းရိဖန္က ထိုင္ေနရာမွ မတ္တပ္ထရပ္လိုက္ၿပီး ဖုန္းခ်ပစ္လိုက္ေတာ့၏။ဘတ္စ္ကားေပၚေရာက္လာၿပီးေနာက္တြင္ ထိုင္စရာတစ္ေနရာရွာလိုက္ၿပီး တေ႐ြ႕ေ႐ြ႕သြားေနသည့္ကားျပတင္းမွန္အျပင္ဘက္ဆီမွ တလက္လက္ထေနသည့္ အလင္းေရာင္မ်ားအား ေငးၾကည့္ေနမိလိုက္သည္။

အေတြးစမ်ားက ေဝဝါးသြားခဲ့ၿပီး..

နည္းနည္းခ်င္း..ေျဖးေျဖးခ်င္း..မေကာင္းသည့္စိတ္ခံစားခ်က္မ်ားအားလုံးက ေခ်ဖ်က္ဝါးၿမိဳခံလိုက္ရခဲ့ေတာ့၏။

မျမင္နိုင္သည့္လက္တစ္စုံက ထိုးေဖာက္ဝင္ေရာက္ၿပီး ႏွိုက္ယူသြားသည့္သဖြယ္..

ထပ္ၿပီးတူေနျပန္သည္မွာ ထိုအရာမ်ားအားလုံးကို မျမင္နိုင္ေတာ့သည့္ေနရာတစ္ခု၌ သိမ္းဆည္းဖိခ်ဳပ္ထားသလိုမ်ိဳးပင္ ျဖစ္၏။

ကားေပၚမွဆင္းလာသည့္အခ်ိန္တြင္။

ဝိန္းရိဖန္၏စိတ္အေျခအေနက ထိန္းညွိၿပီးျဖစ္၏။

မနက္ခင္းအိပ္ေရးဝထားျခင္းေၾကာင့္လည္း တစ္ေန႕တာလုံးအတြက္ အင္အားမ်ားမယုတ္ေလ်ာ့သြားျခင္းမရွိ။

ရဲစခန္းမွ ျပန္ထြက္လာၿပီးေနာက္တြင္ေတာ့ ဌာနဆီသို႔သာျပန္လာခဲ့ၿပီး ေန႕လည္ခင္းတစ္ခုလုံးအား တည္းျဖတ္ခန္းထဲ၌ အသံတည္းျဖတ္ရင္းျဖင့္ အခ်ိန္ကုန္ဆုံးလိုက္၏။ထို႔ေနာက္တြင္ေတာ့ ႐ုံးခန္းသို႔ျပန္လာၿပီး လက္စသတ္ရမည့္စာမူမ်ားအား ေရးလိုက္သည္။

ေဘးနားမွလူမ်ား သြားသြားလာလာလုပ္ေနၾကရင္း တျဖည္းျဖည္းႏွင့္ သူမ တစ္ေယာက္တည္းသာက်န္ေတာ့သည့္အခ်ိန္တြင္ေတာ့ နာရီအား တစ္ခ်က္လွမ္းၾကည့္လိုက္၏။အခ်ိန္မွာ ည ၁၁နာရီ။

ဝိန္းရိဖန္ ႐ုတ္တရက္ေၾကာင္အမိသြားၿပီး စကၠန့္ပိုင္းအတြင္း ပစၥည္းမ်ားကိုအလ်င္အျမန္သိမ္းကာ ဌာနမွထြက္လာခဲ့ေတာ့၏။အခ်ိန္ေနာက္က်ေနၿပီျဖစ္ေသာေၾကာင့္ လမ္းမႀကီးထက္တြင္ လမ္းသြားလမ္းလာမ်ားသိပ္မရွိေတာ့ဘဲ သိသိသာသာတိတ္ဆိတ္ေနေလသည္။

ေျမေအာက္ရထားဂိတ္သို႔ အသည္းအသန္ေျပးလာရၿပီး ကံေကာင္းေထာက္မစြာျဖင့္ ေနာက္ဆုံးထြက္မည့္ရထား၏အသိေပးသံအား မွီလိုက္၏။

ဝိန္းရိဖန္ သက္ျပင္းေရးေရးခ်မိကာ လူနည္းေနသည့္အတြက္လည္း လြတ္ေနသည့္ထိုင္ခုံေနရာတစ္ေနရာတြင္ ဝင္ထိုင္လိုက္၏။

လက္ကိုင္ဖုန္းအားဖြင့္ၾကည့္လိုက္လွ်င္ လြန္ခဲ့သည့္သုံးနာရီခန့္က ေက်ာက္ယြမ့္တုံမွ သူမအား ယြမ္၃၀၀၀ လႊဲထားသည့္အသိေပးစာ ႐ုတ္တရက္ျမင္လိုက္ရကာ ဝိန္းရိဖန္က ႏႈတ္ခမ္းကိုတင္းတင္းေစ့ထားၿပီး တိုက္ရိုက္ေငြျပန္လႊဲေပးလိုက္သည္။

----

အိမ္ေရာက္သည့္အခ်ိန္တြင္ ည ၁၁နာရီခြဲေနၿပီျဖစ္သည္။

အိမ္ထဲသို႔ဝင္လာၿပီး ေခါင္းငုံ႕ကာဖိနပ္ခြၽတ္လိုက္၏။ဧည့္ခန္းထဲသို႔ ဝင္ဝင္ခ်င္းပင္ ဆိုဖာေပၚလွဲေနသည့္ စန္းရန္အား ေတြ႕လိုက္ရသည္။

႐ုတ္တရက္ဆိုသလို ဝိန္းရိဖန္တစ္ေယာက္ စန္းရန္၏ဘဝအား နည္းနည္းမနာလိုျဖစ္မိသြားခဲ့၏။သူမ အျပင္ထြက္သြားသည့္အခ်ိန္တုန္းကလည္း သူက ဆိုဖာေပၚတြင္ လွဲေနၿပီး သူမ တစ္ေန႕လုံးအလုပ္လုပ္ၿပီးျပန္လာသည့္အခ်ိန္တြင္လည္း ထိုသူက ဆိုဖာေပၚ၌ လွဲေနဆဲပင္။

ဘာအလုပ္မွလုပ္စရာမလိုဘဲ ပိုက္ဆံအၿမဲရွိေနသည့္ အိမ္ေျခရာမဲ့တစ္ေယာက္အတိုင္းပင္။

ဧည့္ခန္းထဲမွ ဖြင့္ထားသည့္တီဗြီထက္တြင္ နာမည္ႀကီးေနသည့္ မိသားစုဒရာမာကားတစ္ကား ျပသေနျခင္းျဖစ္သည္။

စန္းရန္က တီဗြီၾကည့္ေနျခင္းမဟုတ္ ၊ အသံမ်ားကိုသာ နားေထာင္ေနျခင္းျဖစ္ပုံရၿပီး လက္ထဲတြင္ကိုင္ထားသည့္ဖုန္းထဲမွအသံမ်ားအရလည္း ဂိမ္းကစားေနမွန္း သိသာ၏။ ဖုန္းသံမွာလည္း ေတာ္ေတာ္ေလးကိုက်ယ္ထားသည့္အတြက္ ဖုန္းသံေရာ တီဗြီသံမ်ားပါ ေရာေထြးေနေလသည္။

ဝိန္းရိဖန္ဘက္မွ သူ႕အား သတိထားေပးရန္ေျပာလိုက္ျခင္းေတာ့မရွိ။

ေရအရင္ခ်ိဳးရန္ ဆုံးျဖတ္လိုက္ၿပီး ၊ ထိုအခ်ိန္ေရာက္သည္အထိ စန္းရန္က ယခုလိုအတိုင္း သူ႕တည္ရွိမႈအား အစြမ္းကုန္ေဖာ္ျပေနေသးလွ်င္ေတာ့ wechat မွတဆင့္ အသံေလ်ာ့ေပးရန္ေျပာလိုက္ေတာ့မည္ျဖစ္သည္။ ဖုန္းမ်က္ႏွာျပင္မွတဆင့္ဆိုလွ်င္ေတာ့ အခ်င္းခ်င္း မ်က္ႏွာသာေပးရာ ေရာက္လိမ့္မည္မဟုတ္လား။

ဝိန္းရိဖန္ အိပ္ခန္းထဲ ဝင္သြားေတာ့မည့္အခ်ိန္တြင္ စန္းရန္က မ်က္လုံးပင့္ၾကည့္လာၿပီး သူမအား လွမ္းေခၚလိုက္၏။

"ေဝ့"

အႏွီအႀကီးဆုံးသခင္ေလးက ဘယ္လိုမေကာင္းဆိုးဝါးလုပ္ရပ္မ်ားကို မွာၾကားေတာ္မူဦးမည္မွန္းမသိ ၊ ဝိန္းရိဖန္က ၿငိမ္သက္၍ရပ္ၾကည့္ေနရင္း

"ဘာျဖစ္လို႔လဲ"

စန္းရန္က ႐ုတ္တရက္ စကားတစ္ခြန္းကို အစခ်ီလိုက္၏။

"ကိုယ္ဆိုတဲ့ ဒီလူကေလ.."

ဝိန္းရိဖန္ ;

"အမ္?"

စန္းရန္က ဂိမ္းကစားမပ်က္ဘဲ သူမအား စကားလွမ္းေျပာေနျခင္းျဖစ္ၿပီး

"ေရာဂါတစ္မ်ိဳးရွိတယ္"

"...."

ဝိန္းရိဖန္ စိတ္ထဲမွေနၿပီး ခ်က္ခ်င္းျပန္ပက္ပစ္လိုက္ခ်င္မိ၏ ; နင့္မွာရွိတာ တစ္ခုတည္းေရာ ဟုတ္လို႔လား?

"ကိုယ့္ရဲ႕ စိတ္မလုံၿခဳံမႈကိုခံစားတတ္တာကေလ အရမ္းျပင္းတာ..အိပ္ရာမဝင္ခင္ တံခါးေတြကိုေသာ့ခတ္ရမွကိုျဖစ္မွာ"

စန္းရန္က သုံးေလးစကၠန့္မွ်ရပ္လိုက္ၿပီးေနာက္ သူမအား တည့္တည့္စိုက္ၾကည့္၍

"မဟုတ္ရင္ ကိုယ္ အိပ္မေပ်ာ္ဘူး"

သူ႕အမူအရာ ၊ သူ႕စကားအသြားအလာတို႔က သူမအား အျပစ္တင္ခ်င္ေနသည့္သေဘာမ်ိဳး။

အဘယ္ေၾကာင့္ဆိုေသာ္ သူမေၾကာင့္ သူ႕ပုံမွန္အနားယူခ်ိန္ပ်က္ျပားေနရျခင္းေၾကာင့္ပင္။

"ငါလည္းအိမ္ျပန္ေရာက္ၿပီးရင္ တံခါးကိုေသာ့ခတ္ထားတတ္တဲ့အက်င့္ရွိပါတယ္"

ဝိန္းရိဖန္က သူႏွင့္ ေဆြးႏြေးတိုင္ပင္လိုသည့္ဟန္ျဖင့္

"တကယ္လို႔ နင္ အိပ္ခ်င္ေနလို႔ ေစာေစာအိပ္ႏွင့္လည္း အဆင္ေျပပါတယ္..ငါ နင့္ထက္ အိမ္ျပန္ေရာက္တာ ေနာက္က်တာမ်ိဳးရွိရင္ တံခါးကိုေသခ်ာေသာ့ခတ္မွာပါ..နင္ စိတ္မလုံမၿခဳံျဖစ္ရမွာကို မစိုးရိမ္နဲ႕"

"ကိုယ္ေျပာခ်င္တာက..."

စန္းရန္က လွဲေနရင္းတစ္ဝက္ ခႏၶာကိုယ္ထလာရင္းတစ္ဝက္ျဖင့္ ဝိန္းရိဖန္အား ေခါင္းေထာင္ၾကည့္လာကာ အမူအရာတို႔က အနည္းငယ္ခက္ထန္ထန္မ်ိဳးျဖစ္ၿပီး

"မအိပ္ခင္"

"...."

ဝိန္းရိဖန္က ျပန္အသိေပးရင္း

"ငါတို႔ အိမ္ခန္းကိုမွ်မေနခင္တုန္းက ငါ့ဘက္ကေန နင့္ကို ရွင္းရွင္းလင္းလင္းေျပာျပခဲ့တယ္ေလ..ငါ့အလုပ္က မၾကာခဏအခ်ိန္ပိုဆင္းရၿပီး အလုပ္ခ်ိန္ပုံေသမရွိဘူးလို႔..နင္ လက္ခံေပးနိုင္တယ္ဆို"

"ဟုတ္တယ္..ဒါေၾကာင့္မလို႔ ေနာက္ဆို ဆယ္နာရီမထိုးခင္ျပန္မလာနိုင္ရင္ ေက်းဇူးျပဳၿပီး တစ္ခ်က္ႀကိဳေျပာေပး"

ဝိန္းရိဖန္ ;

"ႀကိဳေျပာေတာ့ေရာ ဘာထူးမွာလဲ"

"ထူးျခားတာေတာ့ ဘယ္ရွိပါ့မလဲ..ကိုယ္တို႔ႏွစ္ေယာက္ အခ်င္းခ်င္း ေလးစားသမႈရွိတယ္လို႔ေခၚတာ..မဟုတ္လို႔ မင္း တစ္ညလုံးျပန္မလာရင္ ကိုယ္က တစ္ညလုံး တံခါးေသာ့မခတ္ဘဲ အေၾကာက္တရားေတြ စိတ္မလုံၿခဳံမႈေတြနဲ႕ ေနေနရမွာလား"

"...."

ဝိန္းရိဖန္ ေတြးလိုက္မိ၏ - မိုးလင္းကေနမိုးခ်ဳပ္တဲ့ထိ စန္းရန္ျဖစ္ခ်င္တဲ့ကိစၥေတြက သိပ္မ်ားတာပဲ...

စကားတစ္ခြန္းဆိုလိုက္႐ုံျဖင့္ ၿပီးဆုံးသြားမည့္ကိစၥအား အခ်ိန္မဆြဲခ်င္ေတာ့သလို သူႏွင့္လည္း စကားမမ်ားလိုေတာ့သျဖင့္ ဝိန္းရိဖန္က

"ေကာင္းၿပီေလ..ေနာက္ဆို ျပန္လာတာေနာက္က်မယ္ဆိုရင္ ငါ နင့္ကို ႀကိဳေျပာလိုက္မယ္"

စကားဆုံးသည္ႏွင့္ ဝိန္းရိဖန္က အိပ္ခန္းထဲျပန္ရန္ ျပင္လိုက္ေတာ့၏။

စန္းရန္ကထပ္ၿပီး

"ၿပီးေတာ့.."

ဝိန္းရိဖန္ စိတ္ရွည္လက္ရွည္ျဖင့္

"ၿပီးေတာ့ ဘာကိစၥရွိေသးလို႔လဲ"

"စီးပြားေရး"

စန္းရန္က စကားအား တိုတိုတုတ္တုတ္သာဆိုေလ၏။

"အားေပးမွာလား"

"...."

ဤကိစၥအား ဝိန္းရိဖန္က က်ဳံးစစ္ေခ်ာင္တို႔ႏွင့္ မတိုင္ပင္ရေသး ၊ သူမအေနျဖင့္ဆိုလွ်င္ေတာ့ တိုက္ရိုက္ျငင္းလိုက္ခ်င္ေသာ္လည္း စန္းရန္ ကူညီေပးခဲ့ဖူးသည့္ ယြမ္ ၂၀ ကိစၥအား မဆီမဆိုင္ေတြးလိုက္မိကာ ေျပာခ်င္သည့္စကားလုံးမ်ားကိုၿမိဳခ်ရင္း

"တကယ္ႀကီး ကိုးဆယ့္ကိုးလား"

"...."

အဆုံးတြင္ေတာ့ စန္းရန္ဘက္မွ အေလ်ာ့ေပးသြားခဲ့ကာ...

သူမအား ဂိတ္ဆုံးေအာက္ထစ္ သူငယ္ခ်င္းဒစ္စေကာင့္အျဖစ္...

ရွစ္ဆယ့္ကိုး (11% discount) သတ္မွတ္ေပးလိုက္ေတာ့၏။

ဝိန္းရိဖန္လည္း ကိုယ့္ကိုကိုယ္ ဘာျဖစ္သြားမွန္းမသိ ၊ စန္းရန္၏ကမ္းလွမ္းခ်က္ကို လက္ခံလိုက္ေတာ့သည္။

အိပ္ခန္းထဲသို႔ ျပန္ေရာက္ၿပီးေနာက္ ဝိန္းရိဖန္ ဖုန္းဖြင့္ၾကည့္လိုက္၏။

တိုက္တိုက္ဆိုင္ဆိုင္ သုံးေယာက္ဖြဲ႕ထားသည့္ အုပ္စုလိုက္မက္ေဆ့ေဘာက္စ္ထဲတြင္ က်ဳံးစစ္ေခ်ာင္ႏွင့္ရွန့္လန္တို႔က သဘက္ခါေတြ႕ၾကမည့္အစီအစဥ္အေၾကာင္း ေျပာေနၾက၏။ ဝိန္းရိဖန္၏လက္ေခ်ာင္းမ်ားက ဖုန္းမ်က္ႏွာျပင္ထက္တြင္ တစ္ခဏၾကာၾကာၿငိမ္ေနမိရင္း ေက်းဇူးတင္လိုသည့္စိတ္ႏွင့္လက္ခံခဲ့မိေသာကိစၥႀကီးအား အႀကီးအက်ယ္ေနာင္တရေနေလေတာ့၏။

ဝိန္းရိဖန္ ; [ 'Overtime' ကိုသြားၾကမလား ]

က်ဳံးစစ္ေခ်ာင္ ; [ အာ?..အဲ့ဒါက အရင္တစ္ေခါက္က ငါတို႔သြားခဲ့တဲ့ ဘားမလား ]

က်ဳံးစစ္ေခ်ာင္ ; [ စန္းရန္ရဲ႕ဘားေလ ]

ဝိန္းရိဖန္ ; [ အင္း ]

က်ဳံးစစ္ေခ်ာင္ ; [ ဘာလို႔ သြားမွာလဲ..ငါတို႔ တစ္ေခါက္ေရာက္ဖူးၿပီးၿပီေလ ]

က်ဳံးစစ္ေခ်ာင္ ; [ ဒီတစ္ေခါက္ ေနရာေျပာင္းမွာ! ]

ရွန့္လန္ ; [ စန္းရန္? ]

ရွန့္လန္ ; [ သူ ဘားဖြင့္ထားတာလား ]

ဝိန္းရိဖန္ ; [ ဘာျဖစ္လို႔လဲဆိုေတာ့ ]

ဝိန္းရိဖန္ ; [....]

ဝိန္းရိဖန္ ; [ ငါ နင္တို႔ကို ေျပာျပစရာတစ္ခုရွိတယ္ ]

ရွန့္လန္ ; [ ဘာလဲ ]

က်ဳံးစစ္ေခ်ာင္ ; [ ေျပာ ]

ဝိန္းရိဖန္ ; [ ငါ နင္တို႔ကိုေျပာျပထားတဲ့ ဟိုအိမ္ခန္းမွ်ေနတဲ့တစ္ေယာက္ေလ ]

ဝိန္းရိဖန္ ; [ အဲ့လူက စန္းရန္ ]

အုပ္စုလိုက္မက္ေဆ့ေဘာက္စ္အတြင္း တစ္ခဏၾကာ ၿငိမ္သက္သြားသည့္အလား။

ရွန့္လန္ ; [ ? ]

က်ဳံးစစ္ေခ်ာင္ ; [ ? ? ? ]

က်ဳံးစစ္ေခ်ာင္ ; [ ငါလခြမ္း ? ? ? နင္တို႔ႏွစ္ေယာက္ အတူတူေနေနတယ္? ]

က်ဳံးစစ္ေခ်ာင္ ; [ ငါ့မ်က္စိထဲမွာ သူ နင့္ကို အမွတ္တရသိမ္းထားဆိုၿပီး ကုတ္အကၤ်ီပစ္ေပးတဲ့ကိစၥႀကီးေတာင္ အခုထိျမင္ေယာင္ေနတုန္း ]

က်ဳံးစစ္ေခ်ာင္ ; [ ဘာ! ေတြ! ျဖစ္! ေန! တာ! လဲ! ]

က်ဳံးစစ္ေခ်ာင္ ; [ ေသေသခ်ာခ်ာ ရွင္းျပစမ္း! ]

ဝိန္းရိဖန္ ; [ ေတြ႕မယ့္အခ်ိန္က်မွပဲ နင္တို႔ကို ေသခ်ာရွင္းျပေတာ့မယ္ ]

ဝိန္းရိဖန္ ; [ သြားမွာလား..သူေျပာတာေတာ့ ငါတို႔ကို သူငယ္ခ်င္းဒစ္စေကာင့္ေပးမယ္တဲ့ ]

က်ဳံးစစ္ေခ်ာင္ ; [ ဒစ္စေကာင့္ေပးမွာတဲ့လား..ဒါဆို ငါ သေဘာတူတယ္ ]

က်ဳံးစစ္ေခ်ာင္ ; [ ဘယ္ေလာက္ေပးမွာတဲ့လဲ ]

ဝိန္းရိဖန္ ; [....]

ဝိန္းရိဖန္ ; [ 11% ]

က်ဳံးစစ္ေခ်ာင္ ; [....]

ရွန့္လန္ ; [....]

က်ဳံးစစ္ေခ်ာင္ ; [ နင္ အဲ့ေကာင္ကို ထြက္သြားခိုင္းလိုက္ေတာ့ ]

က်ဳံးစစ္ေခ်ာင္ ; [ ဘယ္သူ႕ကိုလာၿပီး အျမတ္ထုတ္ေနတာလဲ..သူ႕ သူငယ္ခ်င္းဒစ္စေကာင့္ဆိုတာႀကီးကို အ႐ူးပဲယုံ ]

ဝိန္းရိဖန္ ; [....]

ဝိန္းရိဖန္ ; [ ငါ သေဘာတူထားၿပီးၿပီ ]

ရွန့္လန္ ; [....]

က်ဳံးစစ္ေခ်ာင္ ; [....]

သူတို႔အေနျဖင့္ စန္းရန္၏ ကမ္းလွမ္းခ်က္ကို အထူးတလည္စိတ္ဝင္စားျခင္းမရွိပါေသာ္ျငား ဝိန္းရိဖန္မွာေတာ့ ေပးထားသည့္ကတိကို ဖ်က္လိုက္ရန္မလြယ္သည့္အတြက္ ေနာက္ဆုံးတြင္ ေတြ႕ဆုံၾကမည့္ေနရာအျဖစ္ 'Overtime' ဘားကိုသာ ေ႐ြးလိုက္ၾက၏။

ၾကာသပေတးေန႕ ညေနတြင္။

ဝိန္းရိဖန္ အိမ္ျပင္ထြက္ခါနီးတြင္ စန္းရန္က အိပ္ခန္းထဲမွထြက္လာသည္ႏွင့္ ႀကဳံႀကိဳက္သြားခဲ့ကာ သူက အနက္ေရာင္ေလကာဂ်က္ကတ္ကိုဝတ္ထားၿပီး လည္ပင္းနားထိေရာက္ေအာင္ ဇစ္ကိုဆြဲတင္ေနျခင္းျဖစ္သည္။

"ငါတို႔ ညစာစားၿပီးမွ လာျဖစ္ေလာက္မွာ.."

စန္းရန္ဘက္မွ သူမတို႔အတြက္ ေနရာစီစဥ္ထားေပးမေပးကို မေသခ်ာေသာေၾကာင့္ ဝိန္းရိဖန္က စ၍

"အဲ့အခ်ိန္က်ရင္ စားပြဲထိုးေကာင္ေလးကို ငါ့နာမည္ေျပာလိုက္ရမွာလား..ဟုတ္လား"

စန္းရန္က သူမအား လွမ္းၾကည့္ၿပီး

"ကိုယ့္ကိုလာေျပာ"

ဝိန္းရိဖန္ ;

"ဒါဆို ေက်းဇူးပါ"

ယခုအခိုက္အတန့္တြင္ ရွန့္လန္က ဖုန္းေခၚဆိုလာခဲ့၏။

ဝိန္းရိဖန္က ဖုန္းလက္ခံေျဖလိုက္ရင္း တံခါးဝဆီသို႔ေလွ်ာက္သြားကာ ဖိနပ္စီးလိုက္၏။

"နင္တို႔ ေရာက္ေနၿပီလား"

"မင္းအိမ္ရာရဲ႕ေအာက္ဘက္ကို ေရာက္ေနၿပီ"

ရွန့္လန္၏စကားသံတို႔ထဲတြင္ ရယ္သံမ်ားက သိသိသာသာပါေနၿပီး

"ကားနဲ႕ဝင္လာလို႔ မရလို႔..မင္းဘာသာမင္းပဲ ထြက္လာလိုက္လို႔အဆင္ေျပတယ္မလား..အျပင္ေရာက္တာနဲ႕ ငါတို႔ကိုေတြ႕လိမ့္မယ္"

"ေျပတယ္..ဒါဆို ခဏေလးေစာင့္ဦး..ငါ အခုခ်က္ခ်င္းထြက္လာၿပီ"

"ဘာမွမျဖစ္ဘူး..မေလာမွမေလာတာ..မင္း ျဖည္းျဖည္းပဲလာ"

"ဘာကို မေလာဘူးလဲ!"

ဖုန္း၏တစ္ဖက္ျခမ္းမွ က်ဳံးစစ္ေခ်ာင္၏အသံက စူးခနဲထြက္လာၿပီး

"ဝိန္းရိဖန္!..ျမန္ျမန္လာ!..ငါ ဗိုက္ဆာလို႔ေသေတာ့မယ္! "

"ခဏေလးသည္းခံလိုက္ပါဦး..ငါ အခုခ်က္ခ်င္း နင့္အသက္ကို လာကယ္ၿပီ"

ဝိန္းရိဖန္ တံခါးပိတ္ၿပီး အျပင္ထြက္သြားလုနီးနီးတြင္ စန္းရန္သည္လည္း သူမ၏အေနာက္တြင္ရပ္ေနၿပီး အျပင္ထြက္ေတာ့မည္ကို ျမင္လိုက္ရ၏။သူမ တစ္ခ်က္ေခါင္းၿငိမ့္ျပလိုက္ၿပီးေနာက္ ဓါတ္ေလွကားဆီသို႔ေလွ်ာက္လာကာ ဓါတ္ေလွကားကိုေစာင့္ရင္းဖုန္းခ်လိဳက္၏။

အေနာက္ဘက္ဆီမွ စန္းရန္ တံခါးပိတ္လိုက္သည့္အသံအား ၾကားလိုက္ရၿပီးေနာက္ ႏွစ္ေယာက္သားက ဓါတ္ေလွကားထဲ ဝင္လာခဲ့လိုက္သည္။

ဝိန္းရိဖန္က '1' အလႊာကို ႏွိပ္ၿပီးေနာက္ စန္းရန္အား ေမးလိုက္၏။

" '-1' ကိုႏွိပ္ေပးရမလား"

စန္းရန္က အိတ္ကပ္ထဲ၌လက္ထည့္ထားရင္း ေအးေအးလူလူရပ္ေနကာ

"မလိုဘူး"

တိတ္ဆိတ္မႈကတဖန္ ႀကီးစိုးသြားျပန္ေတာ့၏။

ပထမအလႊာသို႔အေရာက္တြင္ ဝိန္းရိဖန္ ေလွ်ာက္ထြက္လာခဲ့လိုက္၏။

ယေန႕တြင္ စန္းရန္က အဘယ္ေၾကာင့္ကားျဖင့္ အျပင္မသြားသည္ကို မသိေသာ္ျငား အထူးတလည္ဂ႐ုစိုက္မိေနျခင္းေတာ့မရွိ။ က်ဳံးစစ္ေခ်ာင္တို႔ ထပ္ေစာင့္ေနရမည္ကိုအားနာသျဖင့္ အခ်ိန္အားတစ္ခ်က္ၾကည့္ကာ ေျခလွမ္းမ်ားကို ခပ္သြက္သြက္ေလွ်ာက္ထြက္လာလိုက္သည္။

အိမ္ရာထဲမွအထြက္တြင္။

ရွန့္လန္ ဖုန္းထဲတြင္ေျပာသြားသည့္အတိုင္း သူတို႔အား လွမ္းျမင္လိုက္ရ၏။ ရွန့္လန္ႏွင့္မေတြ႕ျဖစ္ခဲ့သည္မွာ ႏွစ္ေတာ္ေတာ္ၾကာသြားသည့္တိုင္ သူ႕ပုံစံက မ်ားမ်ားစားစားေျပာင္းလဲသြားျခင္းမ်ိဳးမရွိေပ။

ရွန့္လန္၏အသြင္အျပင္ပုံစံက သိမ္ေမြ႕တတ္သည့္ပုံစံမ်ိဳးျဖစ္ၿပီး ဝတ္ထားသည့္အညိုေရာင္ကုတ္အကၤ်ီအျပင္ မ်က္ႏွာထက္ရွိခပ္ပါးပါးမ်က္မွန္ကိုင္းတို႔ေၾကာင့္ သိသိသာသာကိုႏူးညံ့သည့္ဟန္မ်ိဳးေပါက္ေနခဲ့သည္။

က်ဳံးစစ္ေခ်ာင္က သူ႕ေဘးနားတြင္ရပ္ေနၿပီး သူတို႔ႏွစ္ဦးစလုံးက လက္ရွိအခ်ိန္တြင္ ကားအျပင္ထြက္ရပ္ေနၾကျခင္းျဖစ္၏။

သူတို႔ေဘးနားတြင္ အရပ္ခပ္ျမင့္ျမင့္ ခႏၶာကိုယ္ေတာင့္ေတာင့္ႏွင့္ေယာက္်ားတစ္ဦး ရပ္ေနေသး၏။

ဝိန္းရိဖန္၏မ်က္ဝန္းမ်ားက ထိုလူအေပၚ၌ က်ေရာက္သြားခဲ့ကာ...အျခားသူမဟုတ္...

စုေဟာက္အန္း ပင္။

သုံးေယာက္သားက စကားစျမည္ေျပာေနၾကၿပီး အခ်င္းခ်င္းၾကားရွိေလထုမွာ ရင္းရင္းႏွီးႏွီးပုံစံ။

ဝိန္းရိဖန္တစ္ေယာက္ စုေဟာက္အန္းက အဘယ္ေၾကာင့္ဤေနရာသို႔ေရာက္ေနေၾကာင္း ေတြးမိလိုက္သည့္အခ်ိန္ ႐ုတ္တရက္ဆိုသလို စန္းရန္က ကားမယူဘဲ အျပင္ထြက္မည့္ကိစၥကို သတိရလိုက္၏။ အလိုလိုေနာက္လွည့္ၾကည့္လိုက္မိသည့္အခါ သူတို႔ႏွစ္ဦးၾကားတြင္ အကြာအေဝးတစ္ခုက သိသိသာသာျခားနားေနခဲ့သည္။

သူက အခုမွ တံခါးဂိတ္ဝမွ ထြက္လာေနဆဲ။

ရွန့္လန္က ဝိန္းရိဖန္အား အရင္ဆုံးျမင္လိုက္သည့္သူျဖစ္ၿပီး ရင္းရင္းႏွီးႏွီးၿပဳံးကာ လက္ေဝ့ရမ္းျပရင္း

"ရိဖန္..ျမန္ျမန္လာေလ"

သူမ၏အေနာက္တြင္ရွိေနေသာ စန္းရန္ကို လွမ္းျမင္လိုက္သည့္ စုေဟာက္အန္းက

"မင္းတို႔ႏွစ္ေယာက္ အတူတူထြက္လာၾကတာလား"

အေရွ႕ရွိလူသုံးေယာက္၏မ်က္လုံးမ်ားမွာ ဝိန္းရိဖန္ေပၚသို႔ က်ေရာက္လာခဲ့ေတာ့သည္။

"...."

ဘယ္လိုပင္ျဖစ္ေစ သူတို႔သုံးေယာက္လုံးက သူမႏွင့္စန္းရန္ အိမ္ခန္းမွ်ေနသည့္အေၾကာင္းကို သိၿပီးၾကသူမ်ားျဖစ္သည့္အတြက္ ဝိန္းရိဖန္က အျခားတစ္စုံတစ္ရာေလွ်ာက္ေတြးမေနေတာ့ဘဲ

"ဟုတ္တယ္"

"ေဟ့.."

စုေဟာက္အန္းက စ၍ ဖိတ္ေခၚမႈျပဳလာခဲ့၏။

"ငါတို႔ ဆုံၾကၿပီဆိုမွေတာ့ အတူတူသြားစားရေအာင္..ရွန့္လန္..မင္း မွတ္မိေသးလား..ငါတို႔ႏွစ္ေယာက္ အရင္တုန္းကတစ္ခုံတည္းတူတူထိုင္ဖူးတယ္ေလ"

ရွန့္လန္ ;

"မွတ္မိတာေပါ့"

က်ဳံးစစ္ေခ်ာင္ ;

"ဒါဆိုလည္း အတူတူသြားၾကစို႔..ဘယ္လိုပဲျဖစ္ျဖစ္ တစ္ခုခုသြားစားမွာပဲဟာ"

"ေကာင္းၿပီ..အရင္ဆုံး ကားေပၚတက္ၾက..အျပင္မွာ အရမ္းေအးတယ္"

စုေဟာက္အန္းက သူ႕ကားရပ္ထားသည့္ဘက္သို႔ လွည့္ထြက္သြားရင္း ခ်က္ခ်င္းဆိုသလိုစိတ္ေျပာင္းသြားခဲ့ကာ

"ဒီလိုဆို ငါ ကားမယူလာေတာ့ဘူး..ငါ အရက္ေသာက္မယ္လို႔လည္း ေတြးထားေသးတာ..ငါ့ကားကို ဒီမွာပဲရပ္ခဲ့လိုက္ေတာ့မယ္..ရွန့္လန္..ငါ မင္းကားနဲ႕ လိုက္ခဲ့ၿပီ"

ရွန့္လန္ ;

"ျဖစ္တယ္"

သူတို႔စကားေျပာေနၾကစဥ္အတြင္း စန္းရန္က အနားထိေလွ်ာက္လာခဲ့ၿပီးျဖစ္ကာ ဝိန္းရိဖန္ေဘးမွ ျဖတ္သြားလုနီးနီးတြင္ ႐ုတ္တရက္ေျခလွမ္းမ်ားကိုရပ္လိုက္ၿပီး အေနာက္လွည့္ၾကည့္လာ၍

"ဒီကိစၥက အရမ္းႂကြားလို႔ေကာင္းတဲ့ကိစၥမွန္း သိေပမယ့္လည္း..."

ဝိန္းရိဖန္ ; "?"

"ကိုယ္တို႔ ႏွစ္ေယာက္ အိမ္ခန္းကိုအတူတူမွ်ေနတဲ့ကိစၥကိုေတာ့..."

စန္းရန္က စုတ္တစ္ခ်က္သပ္လိုက္ကာ စိတ္ရႈပ္သြားသည့္ဟန္ပန္ျဖင့္

"မင္း လူတိုင္းကို လိုက္ေျပာျပေနစရာမလိုပါဘူးကြာ"

"...."

တစ္ခ်ိန္တည္းဆိုသလို ကားအေနာက္ခန္းတံခါးကိုဖြင့္ေနသည့္ စုေဟာက္အန္းက ေနရာ၌မတ္တပ္ရပ္ေနဆဲျဖစ္သည့္ ဝိန္းရိဖန္ႏွင့္စန္းရန္ကို လွမ္းၾကည့္လာၿပီး

"မင္းတို႔ႏွစ္ေယာက္ အဲ့ေနရာမွာမတ္တပ္ရပ္ၿပီး ဘာလုပ္ေနတာလဲ..ေျပာစရာရွိရင္ ကားေပၚေရာက္မွ ဆက္ေျပာ"

ဝိန္းရိဖန္က အၾကည့္လႊဲလိုက္၍

"လာၿပီ"

ရွန့္လန္၏ကားမွာ ထိုင္ခုံငါးေနရာစာသာရွိၿပီး အခုခ်ိန္တြင္ အေနာက္ခန္းရွိ ခုံႏွစ္ခုံသာလြတ္ေတာ့သည္။

ဝိန္းရိဖန္က သူမႏွင့္အနီးဆုံးျဖစ္သည့္ ကားအေနာက္ဘက္တံခါးကို ဆြဲဖြင့္လိုက္ကာ သူမ ဝင္မထိုင္ရေသးခင္...

စန္းရန္က သူမထက္ေျခတစ္လွမ္းဦးေအာင္ ေလွ်ာက္သြားၿပီး ကားျပတင္းမွန္ေဘာင္အား လက္ျဖင့္ေထာက္လ်က္...

ေျခလွမ္းကိုရပ္ ၊ မ်က္လႊာအား အသာခ်ရင္း သူမအားစိုက္ၾကည့္ကာ မ်က္ခုံးမ်ားကို ပင့္ျမႇောက္ျပ၍

"ေက်းဇူး"

"...."

လုပ္ျပသြားသည့္ပုံက - သူမက ကားတံခါးလိုက္ဖြင့္ေပးေနတဲ့ဝန္ထမ္း?

***********

Continue Reading

You'll Also Like

1.6M 91.7K 46
|𝐑𝐨𝐬𝐞𝐬 𝐚𝐧𝐝 𝐂𝐢𝐠𝐚𝐫𝐞𝐭𝐭𝐞𝐬 - 𝐈| She was someone who likes to be in her shell and He was someone who likes to break all the shells. "Jun...
10.1M 638K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
193K 13.1K 104
--​ကောင်းကင်ပြင်ကြီး ခြားနားထားမှန်း သိ​နေ​တာ​တောင် ချစ်ခြင်း​မေ​တ္တာ​​တွေကို ​နေ့တိုင်း စာအိတ်​လေးထဲ ထည့်ထားတုန်းပါပဲ--
ristey By soumya

General Fiction

16.2K 1.2K 12
Raghuveer Singhania, the mafia boss was the definition of ruthlessness and cruelty. Yet he possessed a soft side that was unknown to the outside worl...