You're the one who changed me...

By DiTara2712

868 96 12

Just my imagination!So,don't blame my idols.(Burmese not english) More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15(Final)

Part 7

49 4 0
By DiTara2712

Flash back........,

Treasure High Schoolဆိုသည့် ဆိုင်းဘုတ်ကြီးကဝင့်ထည်စွာဖြင့် ကျောင်းသားကျောင်းသူများကိုကြိုဆိုနေသည်။
ကျောင်းရဲ့အဝင်ဝနားလွယ်အိတ်လေးလွယ်ကာ မလာသေးတဲ့သူငယ်ချင်းနှစ်ယောက်ကိုစောင့်နေတဲ့ အလယ်တန်းနောက်ဆုံးနှစ်ကျောင်းသားလေး Park JeongWooလေးက ပါးစပ်ကလဲပွစိပွစိပြောနေကာ နောက်ကျနေတဲ့သူငယ်ချင်းတွေကိုစိတ်တိုနေသည်။

"ဒီလောက်ဖုန်းဆက်ပြီး စောစောလာပါပြောထားလဲ ခုထိရောက်မလာကြသေးဘူး "
ထိုစဥ်အနားကိုရောက်လာတဲ့ ကောင်မလေးက

"Jjeong Jjeong စောင့်နေတာကြာပြီလား"JeongWooလှည့်ကြည့်လိုက်တော့ သူငယ်ချင်းမလေး Yoon Mi Hyun...

"ကြာပြီပေါ့ ၈နာရီလောက်လာပါဆိုတာကို အခုကြည့်..၈နာရီခွဲတော့မယ် ငါကနင်တို့နဲ့အတူကန်တင်းမှာ မနက်စာစားမို့ပါဆို"-JeongWoo

''အေးပါဟာ sorry sorry "-MiHyun

''ဟွန့်''-JeongWoo

''"DoYoungie ရော မရောက်သေးဘူးလား"-MiHyun

''မရောက်သေးဘူး ဟော..ဟိုမှာလာပါပြီ ပြောရင်းဆိုရင်းနဲ့"-JeongWoo
ကားပေါ်ကနေ တလှုပ်လှုပ်ဆင်းလာလေတဲ့ အနည်းငယ်ပြည့်ဖောင်းဖောင်းကောင်လေးတစ်ယောက်

"ဟီး..ဟီး Jjeong Jjeong.. ''DoYoung သူငယ်ချင်းအားမျက်နှာချိုသွေးကာ သူ့ရဲ့မူပိုင်အပြုံးလှလှလေးဖြင့်ပြုံးပြလိုက်သည်။

"ဘာလဲ နောက်ကျလိုက်တာ DoYoungieရယ်
မှန်မှန်ပြော မင်းအိပ်ရာမနိုးဘူးမလား"-JeongWoo

"မင်းလဲသိနေတာပဲကို''-DoYoung

"ကဲပါ.. ငါတို့တွေကန်တင်းသွားရအောင်လေ
Jjeong Jjeongနင်ပဲ မနက်စာအတူတူစားမယ်ဆို"-MiHyun

''ဒါဆိုလဲသွားကြမယ်လေ ''ဆိုကာ ကျောင်းဝန်းထဲသုံးယောက်သားဝင်လာကြကာ ကန်တင်းဆီဦးတည်လိုက်သည်။
သူတို့သူငယ်ချင်းသုံးယောက်မှာ DoYoung က Kim JunKyuဆိုသည့်အကိုတစ်ယောက်ရှိသည်။
JeongWooကတစ်ဦးတည်းသောသားဖြစ်တဲ့အလျောက် အဖော်မက်သည်။
MiHyun ကတော့ Yoon JaeHyukဆိုသည့်အကိုတစ်ယောက်ရှိသည်။
DoYoung ရဲ့အစ်ကိုနဲ့ MiHyun ရဲ့အစ်ကိုကလဲ လည်ပင်းဖက်ပေါင်းကြတဲ့ ငယ်ပေါင်းသူငယ်ချင်းတွေဖြစ်ကြပြန်သည်။

သူတို့တွေကန်တင်းကိုရောက်လို့ စားချင်တာတွေယူလို့ လွတ်တဲ့စားပွဲမှာဝင်ထိုင်ရင်း စားနေကြတုန်း ရုတ်တရက် ဆူညံလာတဲ့ မိန်းကလေးတွေရဲ့အသံများ...

"ချောလိုက်တာ...မောင်လေးရယ်"

''အား...ငါ့crushလေး "
ထိုသို့သော စကားသံတွေရဲ့ အကြောင်းအရင်းကတော့ အလယ်တန်းနောက်ဆုံးနှစ်ကျောင်းသား So JungHwanပင်ဖြစ်သည်။
So JungHwanဟာ So Group ရဲ့တစ်ဦးတည်းသောဆက်ခံသူဖြစ်သည့်အပြင် ရုပ်ရည်ကလဲပြောစရာမလိုအောင်ချောမောခန့်ညားနေတာမို့ ပျိုတိုင်းကြိုက်နှင်းဆီခိုင်ဖြစ်ကာ ရုပ်ရှိရေလျှံ ဥစ္စာပေါ ရုပ်ချော SKB ဘွဲ့ခံတစ်ဦးဖြစ်လေသည်။

DoYoung တို့သူငယ်ချင်းတစ်သိုက် အသံတွေရဲ့အရင်းအမြစ်ကိုကြည့်လိုက်တော့ ကန်တင်းထဲကိုဝင်လာနေတဲ့ So JungHwanနဲ့ သူ့သူငယ်ချင်းအုပ်စုကိုတွေ့လိုက်ရသည်။
JeongWooနဲ့MiHyunက JungHwanကိုတွေ့တာနဲ့ DoYoung အား ပြုံးစိစိဖြင့်လာကြည့်ကြသည်။
ဘာလို့ဆို DoYoung ကJungHwanကိုကြိတ်ချစ်နေတာကိုသိနေကြတာကြောင့်ပင်။

JungHwanတို့အုပ်စု DoYoung တို့ဝိုင်းနားကအဖြတ်တွင် DoYoung မှာ JungHwanအားခိုးငေးနေစဥ် ဘေးကJeongWooနဲ့MiHyunက
"အဟမ်း အဟမ်း အဟွတ် "လုပ်ချောင်းကြီးများထဆိုးကြတော့ JungHwanကလှည့်အကြည့်နဲ့ JungHwanကိုငေးနေသော DoYoung အကြည့်ချင်းဆုံသွားလေသည်။
JungHwanကတစ်ချက်သာကြည့်ပြီး ထွက်သွားပေမဲ့ DoYoung မှာတော့ crushနဲ့အကြည့်ချင်းဆုံလိုက်ရတာမို့ ရင်တွေအခုန်လွန်ကုန်သည်။
Crushကြီးရဲ့ စူးရှတဲ့အကြည့်ကြောင့် ရှက်သွေးဖြာသွားကာ မျက်နှာလေးပင်ရဲလာချေပြီ။

"DoYoungie..သူငယ်ချင်း နေမကောင်းဘူးလား
မင်းမျက်နှာရဲနေတယ်"JeongWooသိသိရက်နဲ့စလိုက်လေတော့

''နေ..နေကောင်းပါတယ် မင်း မင်းကလဲ"

"မသိပါဘူး နေများမကောင်းလို့လားလို့..''

''ဟာ..Jjeong Jjeongကလဲ DoYoungie ကနေမကောင်းတာမဟုတ်ပါဘူး
Hwanရဲ့အကြည့်တစ်ချက်မှာ feel တက်သွားတာပါဟ...ဟားဟားဟား"MiHyun ကပြောရင်းရယ်လေတော့ JeongWooကပါလိုက်ရယ်တော့သည်။

"စားစရာရှိတာသာစားကြစမ်းပါ ကျောင်းတက်တော့မယ်"DoYoung သူ့ကိုလိုက်စ,နေတဲ့သူငယ်ချင်းနှစ်ယောက်အား ရုပ်တည်နဲ့ဟောက်လိုက်သော်လည်း နှစ်ကောင်သားကအရယ်ရပ်သွားပေမဲ့ မျက်နှာပိုးမသေကြသေး။
သူတို့ပြောလဲပြောချင်စရာပါပဲလေ တကယ်လဲ ကိုယ်ကHwanရဲ့အကြည့်တွေကြောင့် ရင်ခုန်နေမိတာ။

DoYoung တို့တွေ မုန့်စားပြီးတော့ အတန်းထဲဝင်လာလိုက်ကြသည်။
သူတို့ဒီနေ့ထိုင်ရမဲ့နေရာက middle rollဖြစ်ကာ အရှေ့ကရေရင် သုံးတန်းမြောက်ဖြစ်သည်။
Roll သုံးခုလုံးရဲ့ အရှေ့ဆုံးနှစ်တန်းက မျက်မှန်သမားတွေရယ် စာလိုက်မလုပ်တဲ့ကျောင်းသားတွေကို ဆရာမကနေရာချထားတာဖြစ်ကာ ကျန်တဲ့အတန်းတွေကနေ့တိုင်း rorateလှည့်ရပေမဲ့ ထိုအတန်းနှစ်တန်းကတော့ ပုံသေထားတာဖြစ်သည်။

DoYoungနေရာမှာ ဝင်ထိုင်လိုက်ကာ ကိုယ့်အရှေ့တန်းကခုံဆီအကြည့်ရောက်မိတော့ ရင်းနှီးနေတဲ့ လွယ်အိတ်ကြောင့် ရင်ထဲဒိန်းကနဲ။
သူဒီလွယ်အိတ်ပိုင်ရှင်ကိုကောင်းကောင်းသိသည်လေ ထိုသူက...

သူ့အတွေးမဆုံးခင် ထိုလွယ်အိတ်ပိုင်ရှင်က အတန်းထဲဝင်လာကာ သူ့နေရာသူဝင်ထိုင်သည့်အခါ DoYoung ရင်အခုန်လွန်လို့ ခြေတွေလက်တွေပင်အေးလာရသည်။
ဘုရားရေ...သူအခု Hwanနောက်မှာထိုင်နေရပါလား။
အာ..သူမေ့သွားတာပဲ အလယ်roll ဒုတိယတန်း ညာဘက်ခုံက So JungHwanရဲ့မူပိုင်နေရာဆိုတာ....

DoYoung တို့နောက်ကပ်လျက်ခုံက MiHyunက ကျောကိုတို့တာမို့ လှည့်ကြည့်တော့

"crushကြီးနဲ့ရှေ့ဆင့်နောက်ဆင့်ထိုင်ရတော့ ဘယ်လိုနေလဲ?''-MiHyunကမျက်စပစ်ပြကာ ပြုံးစိစိနဲ့ပြောလာလေလျှင် DoYoungဘာမှပြန်မပြောရသေးခင် ဘေးကJeongWooကပါ နောက်လှည့်လာပြီး

"နင်ကလဲ..ဘယ်ပြောကောင်းမလဲ ကျေနပ်ပီတိဂွမ်းဆီထိနေတော့မပေါ့ဟ..ဟားဟားဟား "-JeongWoo

"ရား Park JeongWoo !''-JeongWooပြောတာက အသံကျယ်နေတာမို့ DoYoungမှာလှမ်းဟန့်ရသည်။
Hwanကြားသွားရင် ပြဿနာမဟုတ်ပါလား။
DoYoung ဟန့်လိုက်တော့ ဇက်ကလေးပုကာ လျှာတစ်လစ်လေးလုပ်ပြနေတဲ့ JeongWooက မျက်နှာအဖြီးသားဖြင့် အရှေ့ပြန်လှည့်သွားကာ ပထမဦးဆုံးသင်ရမယ့်ဘာသာရပ်စာအုပ်ကိုထုတ်နေသည်။
DoYoung လဲ ဘာမှဆက်မပြောတော့ဘဲ စာအုပ်ထုတ်ကာ စာပြန်ကြည့်နေလိုက်သည်။
သူတို့သူငယ်ချင်းသုံးယောက်လုံးက စာတော်တဲ့စာရင်းထဲပါသည်မို့ ဘာသာရပ်ခေါင်းဆောင်အဖြစ်လဲ ဆရာမကခန့်အပ်ထားသေးသည်။
အဲ့တော့ ကိုယ့်ဘက်က စာကိုသေချာပိုကြိုးစားဖို့လိုသည်လေ။

"Ting Ting Ting ''
DoYoung ရဲ့အတွေးစတွေက ကျောင်းတက်ခေါင်းလောင်းသံကြားမှပဲ ရပ်တန့်သွားတော့သည်။
အရှေ့ခုံက ကျောပြင်ကျယ်ကိုတော့ တိတ်တိတ်လေးငေးကြည့်နေမိသေးသည်။
မျက်နှာမှာလဲ အပြုံးပန်းတွေပွင့်လန်းလို့ပေါ့...








Flash back........,

Treasure High Schoolဆိုသည့္ ဆိုင္းဘုတ္ႀကီးကဝင့္ထည္စြာျဖင့္ ေက်ာင္းသားေက်ာင္းသူမ်ားကိုႀကိဳဆိုေနသည္။
ေက်ာင္းရဲ႕အဝင္ဝနားလြယ္အိတ္ေလးလြယ္ကာ မလာေသးတဲ့သူငယ္ခ်င္းႏွစ္ေယာက္ကိုေစာင့္ေနတဲ့ အလယ္တန္းေနာက္ဆုံးႏွစ္ေက်ာင္းသားေလး Park JeongWooေလးက ပါးစပ္ကလဲပြစိပြစိေျပာေနကာ ေနာက္က်ေနတဲ့သူငယ္ခ်င္းေတြကိုစိတ္တိုေနသည္။

"ဒီေလာက္ဖုန္းဆက္ၿပီး ေစာေစာလာပါေျပာထားလဲ ခုထိေရာက္မလာၾကေသးဘူး "
ထိုစဥ္အနားကိုေရာက္လာတဲ့ ေကာင္မေလးက

"Jjeong Jjeong ေစာင့္ေနတာၾကာၿပီလား"JeongWooလွည့္ၾကည့္လိုက္ေတာ့ သူငယ္ခ်င္းမေလး Yoon Mi Hyun...

"ၾကာၿပီေပါ့ ၈နာရီေလာက္လာပါဆိုတာကို အခုၾကည့္..၈နာရီခြဲေတာ့မယ္ ငါကနင္တို႔နဲ႕အတူကန္တင္းမွာ မနက္စာစားမို႔ပါဆို"-JeongWoo

''ေအးပါဟာ sorry sorry "-MiHyun

''ဟြန့္''-JeongWoo

''"DoYoungie ေရာ မေရာက္ေသးဘူးလား"-MiHyun

''မေရာက္ေသးဘူး ေဟာ..ဟိုမွာလာပါၿပီ ေျပာရင္းဆိုရင္းနဲ႕"-JeongWoo
ကားေပၚကေန တလႈပ္လႈပ္ဆင္းလာေလတဲ့ အနည္းငယ္ျပည့္ေဖာင္းေဖာင္းေကာင္ေလးတစ္ေယာက္

"ဟီး..ဟီး Jjeong Jjeong.. ''DoYoung သူငယ္ခ်င္းအားမ်က္ႏွာခ်ိဳေသြးကာ သူ႕ရဲ႕မူပိုင္အၿပဳံးလွလွေလးျဖင့္ၿပဳံးျပလိုက္သည္။

"ဘာလဲ ေနာက္က်လိဳက္တာ DoYoungieရယ္
မွန္မွန္ေျပာ မင္းအိပ္ရာမနိုးဘူးမလား"-JeongWoo

"မင္းလဲသိေနတာပဲကို''-DoYoung

"ကဲပါ.. ငါတို႔ေတြကန္တင္းသြားရေအာင္ေလ
Jjeong Jjeongနင္ပဲ မနက္စာအတူတူစားမယ္ဆို"-MiHyun

''ဒါဆိုလဲသြားၾကမယ္ေလ ''ဆိုကာ ေက်ာင္းဝန္းထဲသုံးေယာက္သားဝင္လာၾကကာ ကန္တင္းဆီဦးတည္လိုက္သည္။
သူတို႔သူငယ္ခ်င္းသုံးေယာက္မွာ DoYoung က Kim JunKyuဆိုသည့္အကိုတစ္ေယာက္ရွိသည္။
JeongWooကတစ္ဦးတည္းေသာသားျဖစ္တဲ့အေလ်ာက္ အေဖာ္မက္သည္။
MiHyun ကေတာ့ Yoon JaeHyukဆိုသည့္အကိုတစ္ေယာက္ရွိသည္။
DoYoung ရဲ႕အစ္ကိုနဲ႕ MiHyun ရဲ႕အစ္ကိုကလဲ လည္ပင္းဖက္ေပါင္းၾကတဲ့ ငယ္ေပါင္းသူငယ္ခ်င္းေတြျဖစ္ၾကျပန္သည္။

သူတို႔ေတြကန္တင္းကိုေရာက္လို႔ စားခ်င္တာေတြယူလို႔ လြတ္တဲ့စားပြဲမွာဝင္ထိုင္ရင္း စားေနၾကတုန္း ႐ုတ္တရက္ ဆူညံလာတဲ့ မိန္းကေလးေတြရဲ႕အသံမ်ား...

"ေခ်ာလိုက္တာ...ေမာင္ေလးရယ္"

''အား...ငါ့crushေလး "
ထိုသို႔ေသာ စကားသံေတြရဲ႕ အေၾကာင္းအရင္းကေတာ့ အလယ္တန္းေနာက္ဆုံးႏွစ္ေက်ာင္းသား So JungHwanပင္ျဖစ္သည္။
So JungHwanဟာ So Group ရဲ႕တစ္ဦးတည္းေသာဆက္ခံသူျဖစ္သည့္အျပင္ ႐ုပ္ရည္ကလဲေျပာစရာမလိုေအာင္ေခ်ာေမာခန့္ညားေနတာမို႔ ပ်ိဳတိုင္းႀကိဳက္ႏွင္းဆီခိုင္ျဖစ္ကာ ႐ုပ္ရွိေရလွ်ံ ဥစၥာေပါ ႐ုပ္ေခ်ာ SKB ဘြဲ႕ခံတစ္ဦးျဖစ္ေလသည္။

DoYoung တို႔သူငယ္ခ်င္းတစ္သိုက္ အသံေတြရဲ႕အရင္းအျမစ္ကိုၾကည့္လိုက္ေတာ့ ကန္တင္းထဲကိုဝင္လာေနတဲ့ So JungHwanနဲ႕ သူ႕သူငယ္ခ်င္းအုပ္စုကိုေတြ႕လိုက္ရသည္။
JeongWooနဲ႕MiHyunက JungHwanကိုေတြ႕တာနဲ႕ DoYoung အား ၿပဳံးစိစိျဖင့္လာၾကည့္ၾကသည္။
ဘာလို႔ဆို DoYoung ကJungHwanကိုႀကိတ္ခ်စ္ေနတာကိုသိေနၾကတာေၾကာင့္ပင္။

JungHwanတို႔အုပ္စု DoYoung တို႔ဝိုင္းနားကအျဖတ္တြင္ DoYoung မွာ JungHwanအားခိုးေငးေနစဥ္ ေဘးကJeongWooနဲ႕MiHyunက
"အဟမ္း အဟမ္း အဟြတ္ "လုပ္ေခ်ာင္းႀကီးမ်ားထဆိုးၾကေတာ့ JungHwanကလွည့္အၾကည့္နဲ႕ JungHwanကိုေငးေနေသာ DoYoung အၾကည့္ခ်င္းဆုံသြားေလသည္။
JungHwanကတစ္ခ်က္သာၾကည့္ၿပီး ထြက္သြားေပမဲ့ DoYoung မွာေတာ့ crushနဲ႕အၾကည့္ခ်င္းဆုံလိုက္ရတာမို႔ ရင္ေတြအခုန္လြန္ကုန္သည္။
Crushႀကီးရဲ႕ စူးရွတဲ့အၾကည့္ေၾကာင့္ ရွက္ေသြးျဖာသြားကာ မ်က္ႏွာေလးပင္ရဲလာေခ်ၿပီ။

"DoYoungie..သူငယ္ခ်င္း ေနမေကာင္းဘူးလား
မင္းမ်က္ႏွာရဲေနတယ္"JeongWooသိသိရက္နဲ႕စလိုက္ေလေတာ့

''ေန..ေနေကာင္းပါတယ္ မင္း မင္းကလဲ"

"မသိပါဘူး ေနမ်ားမေကာင္းလို႔လားလို႔..''

''ဟာ..Jjeong Jjeongကလဲ DoYoungie ကေနမေကာင္းတာမဟုတ္ပါဘူး
Hwanရဲ႕အၾကည့္တစ္ခ်က္မွာ feel တက္သြားတာပါဟ...ဟားဟားဟား"MiHyun ကေျပာရင္းရယ္ေလေတာ့ JeongWooကပါလိုက္ရယ္ေတာ့သည္။

"စားစရာရွိတာသာစားၾကစမ္းပါ ေက်ာင္းတက္ေတာ့မယ္"DoYoung သူ႕ကိုလိုက္စ,ေနတဲ့သူငယ္ခ်င္းႏွစ္ေယာက္အား ႐ုပ္တည္နဲ႕ေဟာက္လိုက္ေသာ္လည္း ႏွစ္ေကာင္သားကအရယ္ရပ္သြားေပမဲ့ မ်က္ႏွာပိုးမေသၾကေသး။
သူတို႔ေျပာလဲေျပာခ်င္စရာပါပဲေလ တကယ္လဲ ကိုယ္ကHwanရဲ႕အၾကည့္ေတြေၾကာင့္ ရင္ခုန္ေနမိတာ။

DoYoung တို႔ေတြ မုန့္စားၿပီးေတာ့ အတန္းထဲဝင္လာလိုက္ၾကသည္။
သူတို႔ဒီေန႕ထိုင္ရမဲ့ေနရာက middle rollျဖစ္ကာ အေရွ႕ကေရရင္ သုံးတန္းေျမာက္ျဖစ္သည္။
Roll သုံးခုလုံးရဲ႕ အေရွ႕ဆုံးႏွစ္တန္းက မ်က္မွန္သမားေတြရယ္ စာလိုက္မလုပ္တဲ့ေက်ာင္းသားေတြကို ဆရာမကေနရာခ်ထားတာျဖစ္ကာ က်န္တဲ့အတန္းေတြကေန႕တိုင္း rorateလွည့္ရေပမဲ့ ထိုအတန္းႏွစ္တန္းကေတာ့ ပုံေသထားတာျဖစ္သည္။

DoYoungေနရာမွာ ဝင္ထိုင္လိုက္ကာ ကိုယ့္အေရွ႕တန္းကခုံဆီအၾကည့္ေရာက္မိေတာ့ ရင္းႏွီးေနတဲ့ လြယ္အိတ္ေၾကာင့္ ရင္ထဲဒိန္းကနဲ။
သူဒီလြယ္အိတ္ပိုင္ရွင္ကိုေကာင္းေကာင္းသိသည္ေလ ထိုသူက...

သူ႕အေတြးမဆုံးခင္ ထိုလြယ္အိတ္ပိုင္ရွင္က အတန္းထဲဝင္လာကာ သူ႕ေနရာသူဝင္ထိုင္သည့္အခါ DoYoung ရင္အခုန္လြန္လို႔ ေျခေတြလက္ေတြပင္ေအးလာရသည္။
ဘုရားေရ...သူအခု Hwanေနာက္မွာထိုင္ေနရပါလား။
အာ..သူေမ့သြားတာပဲ အလယ္roll ဒုတိယတန္း ညာဘက္ခုံက So JungHwanရဲ႕မူပိုင္ေနရာဆိုတာ....

DoYoung တို႔ေနာက္ကပ္လ်က္ခုံက MiHyunက ေက်ာကိုတို႔တာမို႔ လွည့္ၾကည့္ေတာ့

"crushႀကီးနဲ႕ေရွ႕ဆင့္ေနာက္ဆင့္ထိုင္ရေတာ့ ဘယ္လိုေနလဲ?''-MiHyunကမ်က္စပစ္ျပကာ ၿပဳံးစိစိနဲ႕ေျပာလာေလလွ်င္ DoYoungဘာမွျပန္မေျပာရေသးခင္ ေဘးကJeongWooကပါ ေနာက္လွည့္လာၿပီး

"နင္ကလဲ..ဘယ္ေျပာေကာင္းမလဲ ေက်နပ္ပီတိဂြမ္းဆီထိေနေတာ့မေပါ့ဟ..ဟားဟားဟား "-JeongWoo

"ရား Park JeongWoo !''-JeongWooေျပာတာက အသံက်ယ္ေနတာမို႔ DoYoungမွာလွမ္းဟန့္ရသည္။
Hwanၾကားသြားရင္ ျပႆနာမဟုတ္ပါလား။
DoYoung ဟန့္လိုက္ေတာ့ ဇက္ကေလးပုကာ လွ်ာတစ္လစ္ေလးလုပ္ျပေနတဲ့ JeongWooက မ်က္ႏွာအၿဖီးသားျဖင့္ အေရွ႕ျပန္လွည့္သြားကာ ပထမဦးဆုံးသင္ရမယ့္ဘာသာရပ္စာအုပ္ကိုထုတ္ေနသည္။
DoYoung လဲ ဘာမွဆက္မေျပာေတာ့ဘဲ စာအုပ္ထုတ္ကာ စာျပန္ၾကည့္ေနလိုက္သည္။
သူတို႔သူငယ္ခ်င္းသုံးေယာက္လုံးက စာေတာ္တဲ့စာရင္းထဲပါသည္မို႔ ဘာသာရပ္ေခါင္းေဆာင္အျဖစ္လဲ ဆရာမကခန့္အပ္ထားေသးသည္။
အဲ့ေတာ့ ကိုယ့္ဘက္က စာကိုေသခ်ာပိုႀကိဳးစားဖို႔လိုသည္ေလ။

"Ting Ting Ting ''
DoYoung ရဲ႕အေတြးစေတြက ေက်ာင္းတက္ေခါင္းေလာင္းသံၾကားမွပဲ ရပ္တန့္သြားေတာ့သည္။
အေရွ႕ခုံက ေက်ာျပင္က်ယ္ကိုေတာ့ တိတ္တိတ္ေလးေငးၾကည့္ေနမိေသးသည္။
မ်က္ႏွာမွာလဲ အၿပဳံးပန္းေတြပြင့္လန္းလို႔ေပါ့...

Continue Reading

You'll Also Like

3K 76 37
" Don't even try to touch me, otherwise you can't even imagine what I will do ".....................................
1M 38.7K 91
๐—Ÿ๐—ผ๐˜ƒ๐—ถ๐—ป๐—ด ๐—ต๐—ฒ๐—ฟ ๐˜„๐—ฎ๐˜€ ๐—น๐—ถ๐—ธ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๐—ณ๐—ถ๐—ฟ๐—ฒ, ๐—น๐˜‚๐—ฐ๐—ธ๐—ถ๐—น๐˜† ๐—ณ๐—ผ๐—ฟ ๐—ต๐—ฒ๐—ฟ, ๐—”๐—ป๐˜๐—ฎ๐—ฟ๐—ฒ๐˜€ ๐—น๐—ผ๐˜ƒ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๏ฟฝ...
6.9K 659 6
Huening Kai X Kang Taehyun Cover by _KimAlice_
5.8K 466 16
แ€€แ€ญแ€ฏแ€šแ€บแ€ทแ€แ€…แ€บแ€˜แ€แ€œแ€ฏแ€ถแ€ธ แ€†แ€ญแ€ฏแ€ธแ€žแ€ฝแ€™แ€บแ€ธแ€แ€ฒแ€ทแ€žแ€™แ€ปแ€พแ€แ€ฑแ€Ÿแ€ฌ แ€™แ€„แ€บแ€ธแ€œแ€ฑแ€ธแ€€แ€ญแ€ฏแ€šแ€บแ€ทแ€˜แ€แ€‘แ€ฒแ€€แ€ญแ€ฏ แ€…แ€แ€„แ€บแ€œแ€ฌแ€แ€ฒแ€ทแ€กแ€แ€ปแ€ญแ€”แ€บแ€€แ€…แ€•แ€ผแ€ฎแ€ธ แ€•แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€œแ€ฒแ€€แ€ฏแ€”แ€บแ€แ€ฌแ€˜แ€ฒ แ€”แ€แ€บแ€žแ€ฌแ€ธแ€œแ€ฑแ€ธแ€œแ€ญแ€ฏ แ€–แ€ผแ€ฐแ€…แ€„แ€บแ€œแ€พแ€•แ€แ€ฒแ€ท แ€™แ€„แ€บแ€ธแ€€แ€ญแ€ฏ แ€€แ€ญแ€ฏแ€šแ€บแ€€ แ€‘แ€ฌแ€แ€›แ€แ€ปแ€…แ€บแ€™แ€ผ...